Channel H
646K subscribers
102 photos
62 links
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

@khanthtookyaw2001
Download Telegram
တလွဲတွေပဲလုပ်တတ်တဲ့သက်တော်စောင့်‌ ကောင်လေးရဲ့စွန့်စားခန်း....

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဒီတစ်ခါ တင်ဆက်ပေးမဲ့ကားလေးက တကယ်တကယ် အရမ်းချစ်ဖိုကောင်းတဲ့ အာမခံပိုဆောင်ရေးဌာနက သက်တော်စောင့် ဉာဏ်ကြီးရှင်လေးရဲ့စွန့်စားခန်းလေးတွေကို ဟာသလေးတွေနှောပြီး ၊

ရိုက်ကူးထားလို့ ကြည့်ရတာ တန်စေမှာပါ ။ တကယ်ကောင်းတဲ့ ကားလေးမို့ အများကြီး
မပြောတော့ဘူး ။


ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw11/3135
Please open Telegram to view this post
VIEW IN TELEGRAM
G_I-J_o-e R_e-t_a-l_i-a_t-i_o-n (2013)

အညွှန်း*
🔽🔽🔽

GI Joe The Rise of Cobra ရဲ့ အဆက်အနေနဲ့ ထွက်ရှိလာခဲ့ပြီးပထမရုပ်ရှင်က မင်းသားတွေဖြစ်တဲ့Channing Tatum တို့ လီဗျောင်ဟွန်းတို့အပြင် ဒီရုပ်ရှင်မှာတော့ Dwayne Johnson တို့ Bruce Willis တို့လို ဖိုက်တာတွေပိုပါဝင်လာတာမို့ ပိုကြမ်းလာတယ်ပြောရမှာပေါ့…။တကယ့်ဖိုက်တာမင်းသားတွေ အပြိုင်အဆိုင်ကြမ်းထားကြတာမို့ဇာတ်လမ်းထက် သူတို့ကြမ်းတာကို မနည်းလိုက်ကြည့်ရမလိုဖြစ်နေရပါတယ်။ဇာတ်လမ်းကတော့…G.I.Joe အဖွဲ့ရဲ့ ကပ္ပတိန်ဒုခ်နဲ့ အဖွဲ့သားတွေ ထောင်ချောက်ဆင်သ!တ်ဖြတ်ခံရပီးတဲ့နောက် အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ ရုတ်ဘလော့ခ် ( The Rock) လေဒီဂျေး , ဖလင့် နဲ့ Snake eyes တို့တွေပူးပေါင်းပြီး
Cobra commander , Firefly , Zartan နဲ့ Storm Shadow တို့ရဲ့ကမ္ဘာကြီးကိုဖျက်ဆီးမဲ့အစီအစဉ်ကိုဘယ်လိုတွေတားဆီးကျမယ်…သူတို့အဖွဲ့အတွက် ဘယ်လိုလက်စားချေမယ်ဆိုတာကို Action ဇာတ်ဝင်ခန်းအလန်းစားတွေနဲ့ကြည့်ရှုခံစားရမှာပါ။



ဇာတ်ကားကြည့်ရန်
⬇️⬇️⬇️
https://t.me/khkkpppacw2022/3990
Please open Telegram to view this post
VIEW IN TELEGRAM
သူများအိမ်တက်ပွဲသွားစားရင်းတစ်အိမ်လုံးမြေကြီးအောက်ရောက်သွားခဲ့ရာ

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဇာတ်လမ်းကတော့ တိုက်ကြီးတစ်ခုလုံးမြေပြိုသွားပြီး မြေတွင်းကြီးထဲကျသွားတာဘယ်လိုဆက်အသက်ရှင်ကြမလဲ ဘယ်လိုပြန်ထွက်ကြမလဲဆိုတာကို ရိုက်ကူးပြသထားတာပါ.
ပတ်ဒုံဝန်း ဆိုတဲ့ ရုံးအလုပ်သမားတစ်ဦးက ၁၁နှစ်အကြာ ပိုက်ဆံစုဆောင်းပြီးမှာတော့ကိုယ်ပိုင်အိမ်လေးဝယ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဝယ်ပြီးဘယ်လောက်မှမကြာသေးဘူး။
အိမ်ကမြေပြိုသွားတော့တာပါပဲ.
သူနဲ့အိမ်နီးနားချင်းတွေဖြစ်တဲ့သူတွေနဲ့လည်း စစချင်းမတည့်ရာကနေအသက်အန္တရာယ်ကြုံလာကြတဲ့အခါ ဘယ်လိုဖြစ်ကြမလဲ.....
Lee Kwang Soo အပြင်ဝါရင့်မင်းသားတွေဖြစ်တဲ့ Cha Seung Won, Kim Sung Kyun တို့ကအိမ်နီးနားချင်းတွေအဖြစ် ပါဝင်ထားပြီး Kingdom ထဲက မိဖုရား Kim Hye Jun နဲ့နာမည်ကြီးမင်းသား Nam Da Reum တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
သည်းထိတ်စရာကောင်းတဲ့ သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးကိုဟာသလေးတွေ တစ်ဖြတ်တစ်ဖြတ် ထည့်သွင်းထားတာဖြစ်လို့ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းပါတယ်

ကြည့်ရန်
⬇️⬇️⬇️
https://t.me/movieworld6666/2165
Please open Telegram to view this post
VIEW IN TELEGRAM
ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်

Av*at*ar (၁+၂)
============

ဒါရိုက်တာကလူကြီးကော လူငယ်ပရိသတ်ကော နှစ်ခုလုံးအတွက် ရိုက်ထားပုံရပါတယ်။ဇာတ်ကားအဆင့်ကိုလည်း 12 A လို့ သတ်မှတ်ထားပါတယ်။နောက်ဆုံးတော့ ဇာတ်သိမ်းလိုက်ရင် ကောင်းတဲ့လူတွေသာနောက်ဆုံးမှာ အောင်ပွဲခံတယ်ဆိုတာကို ဒါရိုက်တာဂျိမ်းစ်ကင်မရွန်းကပြသွားပါတယ်။ လူအများနှစ်သက်တဲ့ဇာတ်သိမ်းမျိုးနဲ့ပဲ ဒါရိုက်တာက ဇာတ်လမ်းကို သိမ်းလိုက်ပါတယ်။ဒီကားကြည့်ပြီး ဘာရလိုက်သလဲဆိုတော့ ဘယ်လောက်ပဲအခက်တွေကြုံနေပါစေ၊ သူများနဲ့မတူဘဲ ပေါက်မြောက်အောင်သာထိထိရောက်ရောက် စွမ်းဆောင်ပါလေ၊ မုချအောင်မြင်မယ်ဆိုတာရယ်။လူတွေက အသစ်အဆန်းကို သိပ်စိတ်ဝင်စားတယ်ဆိုတာရယ်၊ ကြီးကျယ်တဲ့ အလုပ်မှန်သမျှ၊သမိုင်းဝင်အောင် လုပ်မယ်လို့ ကြံဆသမျှတွေရဲ့ အခြေခံဟာစိတ်ကူးတွေဖြစ်တယ်ဆိုတာကိုတွေကို ရလိုက်ပါတယ်။


ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်
⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
ကျိကျိတက် ချမ်းသာတဲ့ သူဌေးက သာမန်မိန်းကလေးတစ်ယောက်ကိုချစ်မိသွားသောအခါ...

➪➪➪➪➪➪➪➪➪➪➪➪➪➪

Singhania Group of Industries ရဲ့ပိုင်ရှင် Sanjay Singhania(Aimar Khan) ဟာ စိတ်သဘောထားပြည့်ဝြပီး အလွန်ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။

ပြီးတော့ သူ့မှာ ချောမောလှပတဲ့ ရုပ်ရှင်မင်းသမီး Kalpana ဆိုတဲ့ချစ်သူတစ်ယောက်လည်း ရှိပါတယ်။

တစ်နေ့မှာတော့ Gh*aj*i*ni လို့ခေါ်တဲ့လူတစ်ယောက်ကြောင့် ဘ၀ပျက်ခဲ့ရပါတယ်။

အဲဒီလူဟာ သူ့ချစ်သူကိုသတ်ခဲ့သလို သူကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့ပြီး ၂ နှစ်လောက် သေလုမြောပါးဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ သေမင်းကိုအံတုနိုင်ခဲ့ပြီး အသက်ဆက် ရှင်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ဦးနှောက်ကတော့ ဒဏ်ရာကြောင့် အကောင်းပကတိပြန်မဖြစ်ပဲ မှတ်ဥာဏ်ပျောက်ဆုံးတဲ့ရောဂါကို ခံစားခံရပါတယ်။

ဒါကြောင့် သူဟာ မှတ်စုရေးခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးရင်းနဲ့ သူဘာလုပ်ခဲ့တယ်ဆိုတာကို မှတ်သားထားရတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ အဲဒီအထောက်အထားတွေကို ပြန်အသုံးချပြီး Gh*aj*i*ni လို့ခေါ်တဲ့သူကို လက်စားချေဖို့ ကြိုးစားခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw25/8355
Please open Telegram to view this post
VIEW IN TELEGRAM
အင်ဒို Fan တွေ အတွက် ဇာတ်ကားကောင်းလေးတစ်ကားကို ထပ်မံတင်ဆက်လိုက်ပါပြီ
T/h/e D/e/vi/l/'
/s Bri/d/e (20/25/)


အစ္စလမ်ဘာသာဝင်အမျိုးသမီးတို့အတွက် ဂျင်န်နဲ့အိပ်မက်ထဲမှာချစ်ကြိုက်ပြီး အပြင်မှာချစ်သူရည်းစားထားမိတဲ့အခါ တစ်ဖက်ယောက်ျားလေးခိုက်တဲ့အပြင် နစ်နာသူမိန်းကလေးပါ သေဆုံးရတဲ့အဖြစ်တွေနဲ့ စိမ်းမှာမဟုတ်ပါဘူး။

ဂျင်န်တွေမှာ ကောင်းတဲ့ဂျင်န်ဆိုတာရှိသလို ဆိုးတဲ့ဂျင်န်တွေလည်းရှိပါတယ်။ ကောင်းတဲ့ဂျင်န်တွေက ဘာသာရေးအဆောက်အအုံတွေ၊ အိမ်တွေမှာ အစောင့်အရှောက်အနေနဲ့ရှိတတ်ကြပြီး ဆိုးတဲ့ဂျင်န်တွေကတော့ လူသားတွေကိုဖမ်းစားတတ်ကြပါတယ်။

ဒီဇာတ်ကားဟာလည်း ဂျင်န်ရဲ့ဖမ်းစားခြင်းကိုခံရပြီး အပြင်လောကမှာ အိမ်ထောင်ရေးအဆင်မပြေဖြစ်လာပြီး ထူးဆန်းအံ့ဩဖွယ်ရာ ခြောက်လှန့်မှုတွေနဲ့တွေ့ကြုံလာရတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
အင်အားအရမ်းကြီးတဲ့ဆော်ရွန်ကိုတားဆီးဖို့ လူပုံလေးတွေနဲ့ဟော့ဘစ်လေးတွေပေါင်းပြီး ကြိုးစားကြတဲ့အခါ...

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဟော့ဘစ် (၁+၂+၃)
***

အညွှန်း*
🔽🔽🔽

ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။
လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။
ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။
နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာနတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်……….



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
Br*oth*e*rs [2/0/1/5]
-------------------------

၂၀၁၅ ရဲ့ကားကောင်းတွေထဲက တစ်ကားပါ. IMDb 6.8 ရထားပါတယ်။

အမေကိုသတ်မှုနဲ့ထောင်ထဲဝင်သွားတဲ့ အဖေကို မုန်းတီးနေတဲ့ အလတ်တန်းစားတိုက်ခိုက်ရေးသမားဟောင်း ကျောင်းဆရာအစ်ကိုကြီးဟာ သူ့မိသားစုအတွက်မဖြစ်မနေငွေရှာရတော့မယ့်အခြေအနေမှာ ဘယ်လိုမှ နိုင်ဖို့ မျှော်လင့်ချက်မရှိတဲ့ ကြီးကျယ်တဲ့ တိုက်ခိုက်ရေးပြိုင်ပွဲကြီးကို ဝင်ပြိုင်ပါတော့တယ်။

တချိန်တည်းမှာပဲ ထောင်ကလွတ်လာတဲ့အဖေရဲ့ အကူအညီနဲ့ အဖေတူအမေကွဲ ညီငယ်လေးကပါ ပြိုင်ပွဲထဲမှာ ပါဝင်လာတဲ့အခါ…….

တကယ်ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေကြားထဲမှာ မေတ္တာတရားကို ပီပြင်အောင်ရိုက်ပြထားတာကိုတော့ တကယ်ချီးကျူးးမိပါတယ်ဗျာ။

ကြည့်ရန်
⬇️⬇️⬇️
https://t.me/khkbollywoodchannel1/3855
Please open Telegram to view this post
VIEW IN TELEGRAM
ဆူးခင်းလမ်းက ခြင်္သေ့သူရဲကောင်းလေး
I am What I am (2021)

အမြဲ အထင်သေးအနိုင်ကျင့်ခံရတဲ့ ဆက်ကျော်သက်ကောင်လေးသုံးယောက် မမျှော်လင့်ဘဲ သူတို့အိမ်မက်တွေဖြစ်တဲ့ ခင်္သြေ့အကကတဲ့လမ်းကြောင်းပေါ်ရောက်လာခဲ့ကြတဲ့အခါ ~
ဆရာဖြစ်သူ ရှန်ယွီချန်ရဲ့လေ့ကျင့်ပေးမှုအောက်မှာ အခက်အခဲတွေထစ်ငေါ့မှုတွေနဲ့လေ့ကျင့်ကြပြီးနောက်ဆုံး သူတို့ရဲ့သွေးသားထဲမှာ ဒီခင်္သြေ့အကကရတဲ့အနှစ်သာရကိန်းအောင်းလာတဲ့အခါမှာတော့ ~

အားကျွမ်းဟာသူ့သူငယ်ချင်း အားမောင်း အားကို တို့နဲ့ အတူခင်္သြေ့အသင်းကိုဖွဲ့စည်းလိုက်ပါတော့တယ် အရင်ကသူများတွေရဲ့အနိုင်ကျင့်ခံရပြီးရည်မှန်းချက်ပျောက်ဆုံးနေတဲ့အားကျွမ်းဟာ သူရဲ့သူငယ်ချင်းတွေအကူအညီနဲ့ပဲ ယုံကြည်မှုတွေကိုပြန်ရှာတွေ့လာပါတော့တယ်

ဒါပေမဲ့ အားကျွမ်းရဲ့ဘဝကံကြမ္မာလေးက ကံမကောင်းရှာပါဘူး သူဟာ သူ့အိမ်မက်ထက် မိသားစုရဲ့ဝမ်းရေးကို ပိုအရေးပေးခဲ့ရတာမို့ အိမ်မက်ကိုလက်လျှော့ကာ အပင်ပန်းခံ အနိမ့်ကျခံပြီး ရသမျှငွေကို စုဆောင်းပြီး မိသားစုကိုထောက်ပံ့နေခဲ့ရပါတယ်

ဆင်းရဲလှတဲ့သူ့ဘဝကံကြမ္မာ နဲ့ အောင်မြင်မှုဆီအရောက်လှမ်းချင်ခဲ့တဲ့သူ့အိမ်မက်

အားကျွမ်းနဲ့ သူတို့ သူငယ်ချင်းသုံးယောက်အတူတူ အခက်အခဲတွေကိုကျော်လွှားပြီးရည်မှန်းချက်တွေ


ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw11/3142
Please open Telegram to view this post
VIEW IN TELEGRAM
ဧရာမဝက်ကြီးနဲ့ ကလေးမလေးတို့ရဲ့မေတ္တာသံယောဇဉ်ကားလေးပါ...

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဆု7ဆုရထားတဲ့ကားပါ

ကိုရီးယားအမျိုးသမီးငယ်လေး မီဂျာနဲ့ သူ့ရဲ့မိတ်ဆွေထူးဆန်းတဲ့သတ္တဝါကြီး အုတ်ဂျာတို့ရဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတာပါ။

အသက်(၁၃)နှစ်အရွယ် မိဘမဲ့မိန်းကလေး မီဂျာဟာအဘိုးဖြစ်သူနဲ့ တောင်ကိုရီးယားက တောင်တန်းတစ်ခုမှာနေထိုင်ပြီး သူ့ရဲ့တစ်ဦးတည်းသော အဖော်လည်းဖြစ်၊သူငယ်ချင်းလည်းဖြစ်သူ အုတ်ဂျာဆိုတဲ့ အနေအေးပြီးထူးခြားကြီးမားတဲ့ဝက်ကြီးတစ်ကောင်ပါ။ မီဂျာနဲ့ အုတ်ဂျာဟာတောင်တန်းတွေ၊ တောတွေထဲ အတူလျှောက်သွားကစား ကြရင်း မခွဲအတူနေထိုင်ကြပြီး အိပ်ရင်တောင် အတူတူပါ။

တစ်ရက်မှာတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးစရာ ကမ္ဘာလေးပျက်သုဉ်းဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အုတ်ဂျာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားတာကြောင့်ပါ။ တကယ်တော့ အုတ်ဂျာကို မီရန်ဒိုစီးပွားရေးလုပ်ငန်းစုကြီးကနေ သူတို့သဘောနဲ့သူတို့ ဖမ်းဆီးသွားတာဖြစ်ပြီး နယူးယောက်ကို ပို့ဆောင်ခဲ့ပါတယ်။

အဲဒါနဲ့ မီဂျာဟာ အုတ်ဂျာရှိ တဲ့ မီရန်ဒိုကော်ပိုရေးရှင်းကို လိုက်သွားပြီး ကယ်ဆယ်နိုင်ဖို့ လုပ် ဆောင်ရင်း


ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw13/4313
Please open Telegram to view this post
VIEW IN TELEGRAM
ယောကျာ်းလေးဟန်ဆောင်ပြီး ဖခင်ဖြစ်သူအစား စစ်တပ်ထဲ၀င်ခဲ့တဲ့မိန်းကလေး...

မူလန် (၂၀၂၀)
*
➪➪➪➪➪➪➪➪➪➪➪➪➪➪

မူလန် နေရာမှာ အားလုံးသိကြတဲ့ မင်းသမီးလေး ဂူဂူး (လုရီဖေး) ကအကောင်းဆုံး လှလှ ပပ သရုပ်ဆောင်ထားပါတယ်…
မူလန် ဇတ်ကောင် အနေနဲ့ Animation ရုပ်ရှင်တွေ ထွက်ခဲ့သလို
ခနခန Reversion Live Action တွေ ပြန်ရိုက်လဲပရိတ်သက်တွေ အသဲစွဲပြီး ကြိုက်နှစ်သက်ရတဲ့ ဇတ်ကောင်တစ်ခုပါတရုတ်နိုင်ငံ စစ်တွင်းကာလ မှာ အိမ်တိုင်းက စစ်သည်တော်ဟောင်းတွေယောင်္ကျားသားတွေ ကို နန်းတွင်းက ပြန်ဆင့်ခေါ်တဲ့ အခါမကျန်းမာတဲ့ ဖခင် အစား နုနုငယ်ငယ် အမျိုးသမီးလေး မူလန် ကယောင်္ကျားလေး ဟန်ဆောင်ပြီး စစ်အတွင်းလိုက်ပါပြီးစစ်ဆင်နွဲခဲ့တဲ့ သမိုင်းကြောင်းကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်..



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ မှုခင်းကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် "Gu*m.r.a*ah"ဆိုတဲ့
အိန္ဒိယဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်

ဇာတ်လမ်းအစမှာဆိုရင် ရဲအရာရှိတွေကအာကတ်ရှ်ဆာဒါနာဆိုတဲ့ လူငယ်တစ်ယောက်အသတ်ခံရတာကို စုံစမ်းစစ်ဆေးနေတာနဲ့ စတင်ထားပါတယ်
ရဲတပ်ဖွဲ့တွေဟာ အခင်းနေရာနဲ့ မျက်မြင်သက်သေတွေကို စုံစမ်းပြီးတဲ့နောက်မှာ သေဆုံးသူအာကတ်ရှ်ရဲ့နေအိမ်ဝရံတာမှာ အာဂျွန်ဆေဂယ်ရှိနေတာကို
‌တွေ့ရှိရတဲ့အတွက် အာဂျွန့်ကိုတရားခံအဖြစ်ဖမ်းဆီးလိုက်ပါတယ် ဒါပေမယ့် တရားခံဖမ်းမိပြီးအမှုပိတ်တော့မယ့်အချိန်မှာပဲ အာဂျွန်ဆေဂယ်နဲ့
တစ်ထေရာတည်းတူတဲ့နောက်ထပ် ဆိုရာ့ဂ်ျရာနာဆိုတဲ့သူကို ထပ်ပြီးဖမ်းမိခဲ့ပါတော့တယ် ဒီလုံးဝကိုချွတ်စွတ်တူနေတဲ့လူနှစ်ယောက်ထဲမှာ
ဘယ်သူကတရားခံအစစ်ဖြစ်မလဲဆိုတာကို ရဲအရာရှိတွေခေါင်းစားရတော့တာပေါ့...

ကဲ...ရုပ်ချင်းခွဲမရအောင်တူနေတဲ့ အာဂျွန်နဲ့ဆိုရာ့ဂ်ျတို့ရဲ့ပတ်သက်မှုက ဘယ်လိုများဖြစ်မလဲ၊ လူသတ်မှုရဲ့ တရားခံအစစ်ကရော ဘယ်သူဖြစ်မလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်

ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw19/1738
Please open Telegram to view this post
VIEW IN TELEGRAM
သမုဒ္ဒရာထဲကို ဝေလငါးဖမ်းထွက်ရင်း အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရသောအခါ...

➪➪➪➪➪➪➪➪➪➪➪➪➪➪

IMDB (6.9/10)

ဒီကားဟာ စွန့်စားမှုတွေနဲ့ သမုဒ္ဒရာကိုအန်တုပြီး ဝေလငါးတွေကို လိုက်လံဖမ်းဆီးကြတဲ့ ဇာတ်လမ်းလေးပါ

ချေ့(သော်) ဟာ ကျွမ်းကျင်တဲ့ ဝေလငါးဖမ်းသမားတစ်ယောက်ဖြစ်သလို ကျွမ်းကျင်တဲ့ ကပ္ပတိန်ဖြစ်ပါတယ်

နောက်ဆုံးထွက်ခဲ့တဲ့ ဝေလငါးဖမ်းတဲ့ခရီးစဉ်မှာ သူ့ရဲ့ ကျွမ်းကျင်မှုတွေကြောင့် ဝေလငါးအဆီပုံး 1500 ကိုရှာဖွေပေးနိုင်ခဲ့လို့ မေဆန်က နောက်ခရီးစဉ်မှာကပ္ပတိန်ရာထူးပေးမယ်ပြောခဲ့ပါတယ်

ဒါပေမဲ့ ငွေရှိလူတန်းစားတွေရဲ့ ထုံးစံကြောင့် လက်ထောက်ကပ္ပတိန်အဖြစ်နဲ့သာ အက်ဆက်သင်္ဘောကို ဦးဆောင်ခဲ့ရပြီး သမုဒ္ဒရာထဲခရီးနှင်ခဲ့ရပါတယ်

အက်ဆက်သင်္ဘောနဲ့ အလုပ်သမားတွေဟာ ကျွမ်းကျင်မှုမရှိတဲ့ ကပ္ပတိန်တစ်ယောက်ရဲ့ မိုက်မဲစွာဦးဆောင်မှုကြောင့် မုန်တိုင်းထဲမှာ သေခါနီးအခြေအနေထိရောက်ခဲ့ရပါတယ်

အဲ့ဒီအခြေအနေကနေ ချေ့ကြောင့် လွတ်မြောက်ခဲ့ရပြီး မည်သို့မည်ပုံ ဝေလငါးနဲ့ အသက်လုပြိုင်ပွဲတွေဝင်ခဲ့၇တယ်ဆိုတာကို ဇာတ်ကားလေးမှာသာ ဆက်လက်ကြည့်ရှုစေချင်ပါတယ်

ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw1/2296
Please open Telegram to view this post
VIEW IN TELEGRAM
I Am What I Am 2 (2025)
***
ဒီတစ်ခါ တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2021 ခုနစ်လောက်က
ဝက်ဝက်ကွဲနာမည်ကြီးခဲ့တဲ့ ခြင်္သေ့အကနဲ့ သိုင်းပညာကို
ပေါင်းစပ်ထားတဲ့ I’m what I’m ဆိုတဲ့ ကားလေးရဲ့ ဒုတိယအတွဲပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကို ညွှန်းရမယ်ဆိုရင် နယ်မြို့လေးကနေ အဖေဆေးကုဖို့အတွက်
ရှန်ဟိုင်းမြို့ကိုတက်လာခဲ့တဲ့ အားကျွမ်းဆိုတဲ့လူငယ်လေးဟာ
ခြင်္သေ့အကမှာ တဖက်ကမ်းခတ်ကျွမ်းကျင်ပါတယ် သို့ပေမယ့်လည်း
ကျွမ်းကျင်ရာ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုလို့မရတာတစ်ကြောင်း
ဖခင်ဖြစ်သူအတွက် ဆေးကုသစရိတ်က ယွမ်သိန်းချီ
ကုန်ကျမှာဖြစ်တာတစ်ကြောင်း ကြုံရာကျပန်းအလုပ်ကိုဝင်လုပ်နေတာပါ

တစ်နေ့ သူ့ဆီကို သူငယ်ချင်းတွေဖြစ်တဲ့ အားမောင်းနဲ့ အားကို နှစ်ယောက်
ရောက်လာတဲ့အချိန် တိုက်ခန်းပိုင်ရှင်က လူများလို့ လက်မခံတာရယ်ကြောင့်
လမ်းဘေးမှာ အိပ်ရတော့မယ့်အခြေအနေကိုရောက်နေတဲ့အချိန်မှာပဲ
အချိန်ပိုင်းအလုပ်အဖိုးအခကို သွားတောင်းရင်း
လက်ဝှေ့ရုံပိုင်ရှင်ရဲ့ သမီးဝမ်‌ကျောင်းယွီနဲ့ဆုံပါတော့တယ်အားကျွမ်းလာတဲ့အချိန်က ဝမ်ကျောင်းယွီဆီကို လူလည်ကျတဲ့သူတွေက
ငွေညှစ်နေတဲ့အချိန်နဲ့တိုးတော့ ဝင်ကူပေးရာကနေ
အားကျွမ်းရဲ့ တိုက်ရည်ခိုက်ရည်ကို မြင်ပြီး လက်ဝှေ့ပြိုင်ပွဲဝင်ဖို့ ကမ်းလှမ်းပါလေရော
ချန်ပီယံဖြစ်ရင် ယွမ်သုံးသိန်းရမှာဆိုတော့
အားကျွမ်းတစ်ယောက် လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်ခြင်္သေ့အကသာ ကျွမ်းပေမယ့် လက်ဝှေ့ပညာကို မသင်ယူဖူးတဲ့
အားကျွမ်းတစ်ယောက် လက်ဝှေ့ကြိုးဝိုင်းထဲဝင်ဖို့ အခက်အခဲတွေကို
ဘယ်လိုကျော်ဖြတ်မှာလဲ………



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
အရမ်းကောင်းတဲ့ဇာတ်ကားပါ

2020 မှာ အတော်လေးအောင်မြင်လူကြိုက်များသွားတဲ့ကားဆိုလည်း မမှားပါဘူး

မင်းသားချော အဒီသ်ယားနဲ့ မင်းသမီးချော ဒေရှားတို့ကိုကတော့ ဘောလီဝုဒ်ဖန်တိုင်းသိကြမှာပါ

သီချင်းတွေကလည်း စောက်လန်းတွေချည်းပါပဲ

Romance, Thriller ကားကောင်းတစ်ကားပီပီ ဇာတ်လမ်းကလည်း မြုပ်ကွက်တွေနဲ့ စလည်အဆုံးဆွဲခေါ်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်

ဒါကြောင့် စပွိုင်းအမိမခံပါနဲ့ (ကြည့်ပြီးသူများလည်း ဇာတ်ကြောင်းမပြောကြဖို့ မေတ္တာရပ်ခံပါရစေ)

ဇာတ်လမ်းလေးကတော့”လူသတ်မှုတစ်ခု တိုင်ချက်ဖွင့်ချင်လို့ပါ ဆရာ””မင်းပတ်ဝန်းကျင်ဧရိယာက ရဲစခန်းမှာတိုင်လိုက်လေကွာ”

“မဖြစ်သေးပါဘူး ဆရာ အခုမှကျူးလွန်မှာမို့လို့ပါ” ဒီလိုဖုန်းကောလ်တစ်ခု စခန်းမှူး အာဂရှိစ်ထံဝင်လာခဲ့ပါတယ်

အာဂရှိစ်ဆိုတာကလည်း ရာဇဝတ်သားမှန်သမျှ ရင်ဆိုင်တိုက်ပွဲတွေ့လို့ဆိုပြီး  အသေချည်းဆော်တဲ့ရဲတစ်ယောက်ပါ ဆေးချပြီး အမြဲကောင်းနေသူပေါ့

တစ်ဖက်က သူ့ကို နောက်သလိုလို စိန်ခေါ်သလိုလိုနဲ့ ဝင်လာတဲ့ဖုန်းဆက်သမားနဲ့ အာဂရှိစ့်တို့ ထိပ်တိုက်တွေ့ကြလေသောအခါ

ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါ


ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw4/1670
Please open Telegram to view this post
VIEW IN TELEGRAM
T_h-e L_o-s_t C-i_t-y of Z  (2017)

အညွှန်း*
🔽🔽🔽

နယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။တျောက်လျောက်သူလိုချက်တဲ့ရည်မှန်းချက်မအောင်မြင်ခဲ့ပေမယ့်သူလုံးဝစိတ်မပျက်ခဲ့ပါဘူး။ဒါပေမယ့်သက်သေအထောက်အထားတွေတော့ပြနိုင်ခဲ့ပါတယ်။လူတယောက်ရဲ့ဇွဲလုံလ၊အဲဒီခေတ်အခါကရူးသွပ်မှုတွေစွန့်စားမှုတွေကိုမြင်တွေ့ရမှာပါ။

#Credit

ဇာတ်ကားကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw2011/906
Please open Telegram to view this post
VIEW IN TELEGRAM
T_h-e G_a-n_g-s_t-e_r, T-h_e C-o_p, T-h_e D-e_v-i_l  ( 2019 )

အညွှန်း*
🔽🔽🔽


၂၀၁၉ တုန်းက ထွက်ရှိခဲ့တဲ့ မာဒုန်ဆွတ်ရဲ့ဇာတ်လမ်းကောင်းတစ်ကားပါ Tr*a*in t*o Bu*s*an ထဲကလူသန်ကြိး မာဒုန်ဆွတ်ဆိုတာနဲ့ ဇာတ်လမ်းကကောင်းပြီးသားဆိုတာ ခန့်မှန်းမိမှာပါ အခုကားကတော့
ဇာတ်လမ်းနာမည်အတိုင်းပါပဲ ဂိုဏ်စတားတစ်ယောက်ရယ်ရဲတစ်ယောက်ရယ် မကော!င်းဆိုး!ရွားတစ်ကောင်ရဲ့ ဇာတ်လမ်းပါမှုခင်းဇာတ်လမ်းဖြစ်တဲ့အတွက် စလယ်ဆုံး လုံး၀စိတ်ဝင်စားဖို့
ကောင်းပါတယ် တစ်ကားလုံးကို အသည်းတယားယားရင်တဖိုဖိုနဲ့ ကြည့်ရမယ့်ကိုရီးယားကားကောင်းတစ်ကား ဖြစ်ပါတယ်ဗျာ...


ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/movieworld6666/2175
Please open Telegram to view this post
VIEW IN TELEGRAM
I Am What I Am 2 (2025)
***
ဒီတစ်ခါ တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2021 ခုနစ်လောက်က
ဝက်ဝက်ကွဲနာမည်ကြီးခဲ့တဲ့ ခြင်္သေ့အကနဲ့ သိုင်းပညာကို
ပေါင်းစပ်ထားတဲ့ I’m what I’m ဆိုတဲ့ ကားလေးရဲ့ ဒုတိယအတွဲပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကို ညွှန်းရမယ်ဆိုရင် နယ်မြို့လေးကနေ အဖေဆေးကုဖို့အတွက်
ရှန်ဟိုင်းမြို့ကိုတက်လာခဲ့တဲ့ အားကျွမ်းဆိုတဲ့လူငယ်လေးဟာ
ခြင်္သေ့အကမှာ တဖက်ကမ်းခတ်ကျွမ်းကျင်ပါတယ် သို့ပေမယ့်လည်း
ကျွမ်းကျင်ရာ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုလို့မရတာတစ်ကြောင်း
ဖခင်ဖြစ်သူအတွက် ဆေးကုသစရိတ်က ယွမ်သိန်းချီ
ကုန်ကျမှာဖြစ်တာတစ်ကြောင်း ကြုံရာကျပန်းအလုပ်ကိုဝင်လုပ်နေတာပါ

တစ်နေ့ သူ့ဆီကို သူငယ်ချင်းတွေဖြစ်တဲ့ အားမောင်းနဲ့ အားကို နှစ်ယောက်
ရောက်လာတဲ့အချိန် တိုက်ခန်းပိုင်ရှင်က လူများလို့ လက်မခံတာရယ်ကြောင့်
လမ်းဘေးမှာ အိပ်ရတော့မယ့်အခြေအနေကိုရောက်နေတဲ့အချိန်မှာပဲ
အချိန်ပိုင်းအလုပ်အဖိုးအခကို သွားတောင်းရင်း
လက်ဝှေ့ရုံပိုင်ရှင်ရဲ့ သမီးဝမ်‌ကျောင်းယွီနဲ့ဆုံပါတော့တယ်အားကျွမ်းလာတဲ့အချိန်က ဝမ်ကျောင်းယွီဆီကို လူလည်ကျတဲ့သူတွေက
ငွေညှစ်နေတဲ့အချိန်နဲ့တိုးတော့ ဝင်ကူပေးရာကနေ
အားကျွမ်းရဲ့ တိုက်ရည်ခိုက်ရည်ကို မြင်ပြီး လက်ဝှေ့ပြိုင်ပွဲဝင်ဖို့ ကမ်းလှမ်းပါလေရော
ချန်ပီယံဖြစ်ရင် ယွမ်သုံးသိန်းရမှာဆိုတော့
အားကျွမ်းတစ်ယောက် လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်ခြင်္သေ့အကသာ ကျွမ်းပေမယ့် လက်ဝှေ့ပညာကို မသင်ယူဖူးတဲ့
အားကျွမ်းတစ်ယောက် လက်ဝှေ့ကြိုးဝိုင်းထဲဝင်ဖို့ အခက်အခဲတွေကို
ဘယ်လိုကျော်ဖြတ်မှာလဲ………



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
T_h-e F_l-u ( 2013 )

အညွှန်း*
🔽🔽🔽

ဇာတ်လမ်းကတော့ တရုတ်
ဖိလစ်ပိုင်စတဲ့မတူတဲ့နိုင်ငံတွေကနေ
ကိုရီးယားကိုတရားမဝင်လူကုန်ကူးတဲ့ကွန်တိန်နာပေါ်ကပါလာတဲ့ နိုင်ငံခြားသားလူမျိုးတွေဆီမှာ
H5N1ဆိုတဲ့ဗိုင်းရပ်စ်အဖျားပိုးပါလာခဲ့တယ်....တောင်ကိုရီးယားဆိပ်ကမ်းကို ကွန်တိန်နာရောက်ရှိလာတဲ့အချိန်မှာ
ကိုးရက်တာကြာခဲ့ပြီး ကိုးရက်တာအတွင်း အလုံပိတ်ကွန်တိန်နာထဲမှာရှိတဲ့
အဖျားပိုးက ရောဂါအညစ်အကြေးဘာညာစတာတွေကြောင့်Avian Virus ဆိုတဲ့တုတ်ကွေးဗိုင်းရပ်စ်အဖြစ်သန္ဓေပြောင်းခဲ့တယ်.....နိုင်ငံတကာမှာ H5N1 ဝက်တုတ်ကွေးစတဲ့ဗိုင်းရပ်စ်တွေဖြစ်ပြီး
လူအသေပျောက်ရှိခဲ့ပေမယ့် ရာသီတုတ်ကွေးလောက်သာဖြစ်ပြီးကြီးကြီးမားမားဖြစ်ဖူးတာမျိုးမရှိတဲ့တောင်ကိုရီးယားနိုင်ငံ ဘူဒန်မြို့ကို ထိုဗိုင်းရပ်စ်ရောက်ရှိလာတဲ့အချိန်မှာတော့.....ကန်ဂျီဂူးဆိုတဲ့ ကယ်ဆယ်ရေးအဖွဲ့ကဝန်ထမ်းလေးနဲ့ ရောဂါရှာဖွေရေးကဆရာမကင်အင်ဟေးနဲ့သမီးဖြစ်သူကင်မီရီဆိုတဲ့ဇာတ်ကောင်တွေနဲ့ ဒီဇာတ်လမ်းကိုပိုအသက်ဝင်အောင်ပုံဖော်ထားပါတယ်


ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/horrorvscartoons2/1960
Please open Telegram to view this post
VIEW IN TELEGRAM
🔗သာမန်ကလေးတွေတက်တဲ့ကျောင်းကိုအပို့ခံခဲ့ရတဲ့ ရှောင်လင်ကျောင်းကကိုယ်တော်လေး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

The shaolin boy (2021)
**
ရှောင်လင်ကျောင်းကနေ ကျောင်းပြောင်းလာတဲ့ အသက်ရှစ်နှစ်အရွယ် ကိုရင်လေး ရှောင်ယွီ

အထက်တန်းကျောင်းတိုက်ကွမ်ဒိုပြိုင်ပွဲမှာ အမြဲလိုလိုနိုင်တတ်တဲ့ တိုက်ကွမ်ဒိုအဖွဲ့ခေါင်းဆောင် အသက် ၁၅ နှစ်အရွယ် ချုံနန်

အသက် ၁၀ နှစ်အရွယ် ချုံနန်ရဲ့ညီမလေးရှန်းရှန်းနဲ့ ရှောင်လန်ရဲ့မောင်လေးရှောင်ပါး

ချုံနန်တိုမောင်နှမနှစ်ယောက်နဲ့ရှောင်လန်တို မောင်နှမနှစ်ယောက်ဟာ အရမ်းကိုရင်းနှီးတဲ့ကျောင်းနေဖက်တွေဖြစ်ပြီး ရှောင်ယွီကတော့ ကျောင်းပြောင်းလာကာ ရှောင်လန်တိုအိမ်မှာ တည်းနေတဲ့ဧည့်သည်တစ်ယောက်ပါ

ရှောင်ယွီ ရှောင်လန်တိုအိမ်ကိုရောက်လာတဲ့နေ့မှာပဲရှောင်လန်ရဲ့အဖေ သိပ္ပံပညာရှင်ကျန်းရှန်းဟာ ထူလင်နံပါတ်ကိုးဆိုတဲ့ ပစ္စည်းတစ်ခုကြောင့် လူဆိုးတစ်သိုက်ရဲ့ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်

သူတိုလိုချင်တဲ့ပစ္စည်းက ရှောင်လန်တို မောင်နှမနှစ်ယောက်လက်ထဲ ရောက်နေတဲ့အခါမှာ လူဆိုးတွေ နည်းလမ်းမျိုးစုံနဲ့ ယူဖိုကြိုးစားပါတော့တယ်

ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw2011/911
Please open Telegram to view this post
VIEW IN TELEGRAM