Channel H
639K subscribers
117 photos
74 links
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

@khanthtookyaw2001
Download Telegram
နှစ်သုံးရာခေတ်ကဂြိုလ်သားများနဲ့ ရင်ဆိုင်ဖိုက်ကြရမဲ့ကို မန်ချီမုဆိုးများ...

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဒါကတော့ အခုခေတ်မဟုတ်ဘဲ ဟိုးအရင် ခေတ်တုန်းက ပရက်ဒေတာတွေ လူတွေကိုအမဲလိုက်တဲ့အကြောင်းကို တင်ဆက်ထားတာပါ။

ဒီတော့ သေနတ်တွေနဲ့တောင် မနည်းချရတဲ့ ဂြိုလ်သားကို လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကိုမန်ချီလူမျိုးတွေ ပြင်သစ်မုဆိုးတွေ ရင်ဆိုင်ကြပုံကို ပြသထားပါတယ်။အက်ရှင်အသားပေးမို တစ်ကားလုံးကြုံးနေကြတာပါပဲ။

ကြည့်လိုအတော်ကောင်းပါတယ်။ ရိုက်ချက်တွေရော အက်ရှင်တွေရောမိုက်တယ် အားလုံးကြိုက်ကြမှာပါ။

ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw11/3109
Please open Telegram to view this post
VIEW IN TELEGRAM
ဓာတ်ငွေ့အိုး ပေါက်ပြီး မြို့ပျက်သွားတဲ့ ကားလေး..

➪➪➪➪➪➪➪➪➪➪➪➪➪➪

အားကစားအလုပ်ကိုသာ စွဲမြဲ လုပ်ပြီး ဘယ်ကောင်မလေးကမှလဲမကြိုက်
အလုပ်လဲ မယ်မယ်ရရ မရှိ

အင်တာဗျူးတိုင်း မအောင် စိတ်ဓါတ်မကျအောင်နေပြီးအိမ်က အဖေ နဲ့ အမေ ဆီ ကပ်စားနေတဲ့ သူ တစ်ယောက်ပေါ့
ယောင်နမ် မှာ အစ်မ တွေ ရှိပြီး အကုန်အိမ်ထောင်ကျကုန်ပေမဲ့

ယောင်နမ် တစ်ယောက်သာ ဂေါ်မစွံ လူပျိုကြီး လုပ်နေပြီး အိမ်ကနေ မခွာနိုင် ဖြစ်နေခဲ့တာပါ….

တစ်ရက်မှာတော့ ယောင်နမ်တို့ အမေ ရဲ့ မွေးနေ့ အဖြစ် ဟိုတယ် တစ်ခုမှာ အခန်းငှားပြီး မွေးနေ့ ပါတီ ကျင်းပကြပါတယ်

အဲ့ဒီမှာ အလုပ်လုပ်နေတဲ့ အူဂျူ  ဆိုတဲ့ ယောင်နမ် နဲ့ အရင်က တောင်တက် လေ့ကျင့်နေကြ ကောင်မလေး နဲ့ ပြန်ဆုံပါလေရော..

ပျော်ရမယ် မကြံရသေးပါဘူး…

ယောင်နမ်တို့ ပါတီလုပ်နေတဲ့ နေရာနားမှာပဲ လူလုပ်တဲ့ သဘာ၀ ဘေး တစ်ခု ကျရောက်လာပါတော့တယ်…

ယောင်နမ် နှင့် မိသားစု အားလုံး အထဲမှာ ပိတ်မိနေပြီး မိသားစု တွေကို ဘေးကင်းရာ ပို့ဖို့ နဲ့ အသက်ဆက်ရှင်ဖို့
စီစဉ်ရသော အခါတွင်…..

ဒီရုပ်ရှင်ကားဟာ စ လယ် ဆုံး အသက်ရှုဖို့ မေ့ရလောက်တဲ့အထိ
အခန်းတွေ ပါဝင်ပြီး ကြည့်ရှုသူကို စိတ်အကျေနပ်ဆုံး ပေးစွမ်းနိုင်မှာပါ

ကြည့်ရန်
⬇️⬇️⬇️
https://t.me/movieworld6666/2133
Please open Telegram to view this post
VIEW IN TELEGRAM
လူသားတွေကိုကယ်ဖို့အတွက် အာကာသအချိန်ခရီးသွားတဲ့ အဖေကိုစောင့်နေခဲ့တဲ့ သမီးလေး....

I_n-t_e-r_s-t_e-l_l-a_r (2014)

IMDB (8.7/10)

အညွှန်း*
🔽🔽🔽

2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ..ဒါရိုက်တာကလည်း Christopher Nolan ဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး

Visual Effectsy ပိုင်းမှာ အော်စကာရရှိခဲ့ပြီး  အခြားဆု ၄၄ ဆုနဲ့ ဆန်ကာတင် ၁၄၄ ဆုစာရင်းဝင်ခဲ့ပါတယ်..2014ရဲ့အကောင်းဆုံး ၁၀ ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်..(Background Music တွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်ဇာတ်လမ်းကတော့ 21 ရာစုလယ်လောက်မှာ ကမ္ဘာပျက်ကိန်းဆိုက်လုပြီဖြစ်တဲ့အတွက် နာဆာပိုင်းလော့ဟောင်း ကူးပါးခမျာခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်
၁၀ နှစ်အရွယ် သမီးလေးမာ့ဖ်ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း အာကာသကြီးရဲ့ လှည့်ကွက် အမျိုးမျိုးကိုအန်တုရင်း ကူးပါးတစ်ယောက် မာ့ဖ်ဆီပြန်လာနိုင်ပါ့မလား..ကမ္ဘာကြီးကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့Visual Effects ကောင်းကောင်းလေးနဲ့ ဒီကား အရမ်းမိုက်တယ်။

ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/khanthtookyaw2233/442
Please open Telegram to view this post
VIEW IN TELEGRAM
Channel H pinned Deleted message
Ra***ees [2017]

မင်းသားကြီးရှရွတ်ခန်းကို  မှောင်ခိုဂိုဏ်းခေါင်း ဆောင်အဖြစ် တမူထူးခြားစွာ မြင်ရမှာပါ။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ဆိုတာ အရက်ကင်းစင်တဲ့နယ်မြေအဖြစ်သတ်မှတ်ထားပြီး အရက်ရောင်းဝယ်ရင် ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်ချမှတ်ထားပါတယ်….

ဒီလိုအခြေအနေတွေကြောင့် အရက်မှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းတွေ ကြီးထွားလာပါတော့တယ်

ဒီလိုဖြစ်လာရတာကလဲ ဂူဂျာရတ်ပြည်နယ်က ရာအီးစ်ဆိုတဲ့ ဒုစရိုက်သမားတစ်ယောက်ကြောင့်ဖြစ်လာတာ။

အချိန်က ၁၉၈၀ နဲ့ ၁၉၉၀ ကြားကာလ ငယ်ငယ်ကတည်းက မှောင်ခိုလောကနဲ့ ရင်းနှီးပြီး ရာအီးစ်ဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း မှောင်ခိုလောကမှာ လုပ် ငန်းအကြီးအကျယ်လုပ်ကိုင်သူ တစ်ယောက်ဖြစ်လာပါတယ်

သူများနဲ့မတူ ထူးခြားတာက သူဘယ်လောက်ပဲဆိုးသွမ်းပါစေ ဒေသခံတွေကတော့ သူ့ကို သဘောကျကြပါတယ်။

ဘာကြောင့်လဲဆိုရင် သူက သူ့မွေးရပ်မြေကို ထောက်ပံ့ကူညီမှုတွေပေးထားလို့ပဲ ဖြစ်ပါ တယ်။

ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့်သူကတော့ ရဲအရာရှိ ဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါ ဖြစ်ပြီး သူကတော့ အမှုမှန်ပေါ်ပေါက်ရေးအတွက် လူဆိုးဂိုဏ်းသားတွေကို အမှန်အကန်ဖော်ထုတ်ဖမ်းဆီးသူ ဖြစ်ပါတယ်။

မှောင်ခိုရာဇာ ရာအီးစ်က ပြည်နယ်အုပ်ချုပ်မှုပိုင်းမှာပါ ဝင်ဖို့ကြိုး ပမ်းလာတဲ့အခါမှာ ရဲအရာရှိဂျိုင်ဒီးပ်နဲ့ ရာအီးစ်တို့ ထိပ်တိုက်တွေ့ ဖို့ ဖြစ်လာပါတော့တယ်။

ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့် ရဲအရာရှိရဲ့လက်က ရာအီးစ်လွတ်မြောက်နိုင်ပါ့မလား၊ ဒေသခံတွေ ချစ်ကြတဲ့ ရာအီးစ်ရဲ့ အနာဂတ်က ဘယ်လို ဇာတ်သိမ်းရမှာလဲ၊ မှောင်ခိုလောကထဲက ရာအီးစ်ရဲ့ ငယ်စဉ်ကနေ အရွယ်ရောက်သည်အထိ ဖြတ်သန်းခဲ့ရတဲ့ အနေအထားတွေကို ကိုယ်တိုင်ကြည့်ရှုဖို့ ညွှန်းပေးလိုက်တယ်နော်။

ဒီဇာတ်ကားထဲမှာ အမှန်အကန် အက်ရှင်ဇာတ်ကွက်တွေနဲ့အတူ မင်းသားရှရွတ်ခန်းရဲ့ ဗီလိန်ဇာတ်ရုပ်ကိုပါ တစ်မူထူးပြီး ရှုစားရမှာမို့ ပရိသတ်တွေ သဘောကျမှာ သေချာပါတယ်။

ဒါတင်မက အိန္ဒိယဇာတ်လမ်းတွေရဲ့ ထုံးစံမပျက် သီဆိုကခုန်မှုတွေပါ ကြည့်ရမယ့် ဒီဇာတ်ကားမှာ ရာအီးစ်အဖြစ် ရှရွတ်ခန်း၊ အစီရာအဖြစ် မဟီရာခန်း၊ ရဲအရာရှိဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါအဖြစ် နာဝါဇူဒင်ဆင်ဒီကွီ စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

ဒီဇာတ်ကားက အပြင်မှာတကယ်ရှိတဲ့  ဂူဂျာရတ်ပြည်နယ်က လူဆိုးခေါင်းဆောင် အက်ဘ်ဒူလ်လာတစ်ဖ်ရဲ့အကြောင်းကို အခြေခံပြီး ဇာတ်အိမ်တည်ထားတယ်လို့ ဆိုကြပေမယ့်လည်း ရုပ်ရှင်ထုတ်လုပ်သူတွေကတော့ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ခုကိုသာ ပုံဖော်ထားတာလို့ ငြင်းဆိုထားပါတယ်။

ကြည့်ရန်
⬇️⬇️⬇️
https://t.me/movieworld20217/257
Please open Telegram to view this post
VIEW IN TELEGRAM
T_I-T_A-N_I-C (1/9/9/7)

အညွှန်း*
🔽🔽🔽

IMDb – 7.8/10

ဒီဇာတ်လမ်းမှာတော့အားလုံးသိတဲ့အတိုင်းပဲ မင်းသားလီယိုနာဒိုနဲ့ မင်းသမီးကိတ်ဝင်းစလက်တို့က ဂျက်ခ်နဲ့ ရို့စ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရုရှားရေငုပ်သင်္ဘောတွေဟာ ရေအောက်မှာနစ်မြုပ်နေတဲ့ တိုက်တန်းနစ်သင်္ဘောကြီးကိုလိုက်လံရှာဖွေကြရင်း သင်္ဘောပျက်ကြီးထဲကပန်းချီကားတစ်ချပ်ကြောင့် ရို့စ်ဆီကိုရောက်ရှိလာကြပါတယ်။

တိုက်တန်းနစ်နစ်မြုပ်မှုရဲ့ ရှင်ကျန်သူတစ်ယောက်အနေနဲ့ ရို့စ်ကိုအင်တာဗျူးကြရင်း အထက်တန်းလွှာမိန်းကလေးတစ်ဦးဖြစ်တဲ့ရို့စ်နဲ့ သင်္ဘောလက်မှတ်မဲပေါက်လို့ပါလာတဲ့ ဂျက်ခ်လို့ခေါ်တဲ့ပန်းချီဆရာပေါက်စလေးတစ်ယောက်ကြားက ဘယ်သူမှမသိခဲ့တဲ့အချစ်ပုံပြင်လေးတစ်ပုဒ် ပေါ်ထွက်လာပါတော့တယ်။

ဇာတ်ကားကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw2233/449
Please open Telegram to view this post
VIEW IN TELEGRAM
Holy Night: Demon Hunters (2025)
***

IMDb… 6.5

အကုန်လုံး စောင့်မျှော်နေကြတဲ့ Ho*ly ni*g*ht : De*m*on Hu*nt*ers ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလို့လာပါပြီ။

Cast တွေအနေနဲ့ကတော့ အားလုံး သိကြတဲ့ Ma Dong-seok, Seo Hyun, Lee David,Kyung Soo-jinနဲ့ Jung Ji-so တို့ ပါဝင်ထားကြပြီး နတ်ဆိုး၊ နတ်ဆိုးကို ကိုးကွယ်ကြတဲ့အစွန်းရောက်သူတွေနဲ့ အားပြိုင်ကြမဲ့ သဘာဝလွန်စွမ်းအားရှင် နတ်ဆိုးမုဆိုး ၃ဦးအဖွဲ့အကြောင်းကိုရိုက်ကူးထားတာတဲ့ Fantasy Horror movie အမျိုးအစားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း
🔽🔽🔽🔽

ဘာအူ, ရှာရွန်နဲ့ ဂင်ဂွန်းဆိုတဲ့သူ ၃ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Holy Night အဖွဲ့ဟာနတ်ဆိုးကိုးကွယ်တဲ့ ဂိုဏ်းတွေကို တိုက်ခိုက်နှိမ်နင်းကြတဲ့ အဖွဲ့ဖြစ်တယ်။ဘာအူရဲ့ ထူးခြားတဲ့ စွမ်းရည်ကတော့ အားကောင်းတဲ့ ကာယခွန်အားပဲဖြစ်ပြီး ရှာရွန်ကတော့နတ်ဆိုးတွေကို ခွဲခြားသိမြင်ကာ အပနှင်နိုင်စွမ်းရှိပြီး ဂင်ဂွန်းကတော့ ဘာအူနဲ့ ရှာရွန်တို့ကိုနောက်ကနေ လိုက်လံကူညီပေးတဲ့သူပေါ့။တစ်နေ့ စိတ်ရောဂါကုဆရာဝန် ဂျောင်ဝန်းဟာ Holy Night အဖွဲ့ဆီ ရောက်လာပြီးသူ့ရဲ့ ညီမဖြစ်သူ အွန်ဆောရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးတစ်ကောင်ဝင်ပူး‌နေတဲ့အတွက်ညီမဖြစ်သူကို ကယ်တင်ပေးဖို့ Holy Night အဖွဲ့ကို လာ‌ရောက် အကူအညီတောင်းခံတဲ့အခါမှာတော့…Holy Night အဖွဲ့က အွန်ဆောရဲ့ ခန္ဓာကိုယ်ထဲမှာ ပူးကပ်နေတဲ့ နတ်ဆိုးကို ဘယ်လိုနည်းလမ်းတွေသုံးပြီးဘယ်လိုနှင်ထုတ်သွားမလဲဆိုတာကိုတော့ မာဒုံဆော့ရဲ့ ဇာတ်ကားတွေ ထုံးစံအတိုင်းတိုက်ရည်ခိုက်ရည်ကောင်းကောင်း၊ အပနှင်နည်းမျိုးစုံနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရပြီးပရိသတ် စိတ်ကျေနပ်ရမဲ့ကားတစ်ကားဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။  (ဇာတ်လမ်းအညွှန်းကိုတော့ Miri မှ ရေးသားထားပေးပါတယ်။)

ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်
⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
Ra*ma*iya Va*st*av*ai*ya [2013]

တစ်နေ့ ညီမလုပ်သူရဲ့ သူငယ်ချင်း ညီမလုပ်သူ မင်္ဂလာပွဲတက်ဖို့ ဖိတ်တာကြောင့် အကိုလုပ်သူမှာ ညီမငယ်ကို စိတ်မချဘဲ ထည့်လိုက်ရတာပေါ့

အဲဒီတုန်းက သူ ထည့်ပေးလိုက်တာ ခဏလို့ သူထင်ခဲ့ပေမယ့် ညီမငယ်ရဲ့ နှလုံးသားကို ခွဲဝေပေးရမယ့်သူနဲ့ တွေ့ခဲ့မယ်ဆိုတာ သူ မသိနိုင်ခဲ့...

မင်္ဂလာပွဲမှာ သူငယ်ချင်းရဲ့အမျိုးမင်းသားလေး ရမ် ဟာ ချောမောလှပပြီး ရိုးသားအေးဆေးတဲ့ လယ်တောသူမလေး ဆိုနာကို အရူးအမူး စွဲလမ်းပါရောလား

ဂုဏ်တွေငွေကြေးတွေမြင့်တဲ့ ရွှေမင်းသားရဲ့မိဘတွေကတော့ လုံးဝ သဘောမတူပါဘူး အဆင့်အတန်းမတူတဲ့ ရိုးသားဖြူစင်လှတဲ့တောင်သူလယ်သမား မောင်နှမနှစ်ယောက် ကို အရှက်လှလှ ခွဲခဲ့ပြီး မောင်နှမနှစ်ယောက် နာကြည်းစွာနဲ့ ပြန်လာခဲ့ပါတယ်

အချစ်စစ်ကို လက်မလွှတ်နိုင်တဲ့ ရမ့် မှာတော့ သူချစ်တဲ့ မိဘတွေကော စည်းစိမ်ဥစ္စာတွေပါ စွန့်လွှတ်ထားခဲ့ပြီး သူချစ်မြတ်နိုးတဲ့ လယ်သူမိန်းကလေးဆီ အပြေးလာခဲ့ပါတော့တယ်

အရှက်ခွဲခံလိုက်ရတဲ့ အကိုတစ်ယောက်ရဲ့ ဒေါသကြောင့် ချစ်သူနှစ်ဦး ဒုက္ခအခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ဖြတ်ကျော်ခဲ့လဲဆိုတာ အချစ်စစ်တို့သွားရာလမ်းမှာ အခက်အခဲအတားအဆီးတွေ များနေပေမယ့်လည်း

နောက်ဆုံး တကယ်မေတ္တာမှန်ရင် မေတ္တာတရားသည်သာ အနိုင်ရစမြဲဆိုတာ ကြည့်ရှု့ရမှာပါ

ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw4/1634
Please open Telegram to view this post
VIEW IN TELEGRAM
F_u-r_i-e_s (2023)

အညွှန်း*
🔽🔽🔽

ဇာတ်လမ်းအကျဉ်းလေးကတော့ ဘီဟာသူ့အမေနဲ့သားအမိနှစ်ယောက်တည်း ဘဝကိုဆင်းရဲစွာနဲ့ရုန်းကန်ရင်းနေကြရတာဖြစ်ပါတယ်တစ်နေ့ဘီ့ကိုမကောင်းကြံဖို့လုပ်တဲ့သူကို ခုခံကြရင်းဘီ့အမေသေဆုံးသွားခဲ့ပါတယ်.... ဘီတစ်ယောက်တည်းဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရတဲ့အချိန်လင်းဆိုတဲ့အမျိုးသမီးတစ်ယောက်ရောက်လာပြီး ဘီ့ကို သူ့အိမ်မှာစောင့်ရှောက်ပေးခဲ့ပါတယ် အဲဒီအိမ်မှာ ဘီ့အပြင်ဟုန်နဲ့ထန်ရာဆိုတဲ့ကောင်မလေးနှစ်ယောက်ရှိပါသေးတယ် အဲဒီလင်းဆိုတဲ့အမျိုးသမီးဟာသူတို့သုံးယောက်ကိုသန်မာအောင်တိုက်ရေးခိုက်ရေးကိုယ်ခံပညာအားလုံးသင်ပေးပြီးသူတို့မြို့မှာရှိနေတဲ့အမျိုးသမီးတွေကိုရော!င်းစားနနေတဲ့ဂိုဏ်းတစ်ခုကိုတိုက်ခိုက်ဖို့အတွက်‌လေ့ကျင့်ပေးပါတယ်

ဇာတ်ကားကြည့်ရန်
⬇️⬇️⬇️
https://t.me/khkkpppacw2022/3968
Please open Telegram to view this post
VIEW IN TELEGRAM
လိုတရ မှော်စုတ်တံ

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဇာတ်လမ်းအကျဉ်းလေးကတော့-

ခဲဟွမ့်ဟာ ပါရမီရှိပြီး အိပ်မက်နောက်လိုက်နေတဲ့ ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။
ဒါပေမဲ့ အခုလို မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ခေတ်ကြီးမှာ ကြိုးစားပြီး
ပန်းချီဆွဲနေတဲ့ ခဲဟွမ့်ဟာ အားလုံးအထင်သေး
အနိုင်ကျင့်စရာလူတစ်ယောက် ဖြစ်နေပါတယ်။

သူဟာ အိမ်ငှားခမပေးနိုင်၊ လုပ်ငန်းထဲကလူတွေအနိုင်ကျင့်၊
ရည်းစားကို ပြိုင်ဖက်က လုသွားတဲ့ ဘဝအနိမ့်ဆုံးအချိန်မှာ မိုးပေါ်က
ကျလာတဲ့ စုတ်တံတစ်ချောင်းကြောင့် ဘဝကြီးက ပြောင်းလဲသွားခဲ့ပါတယ်။
အဲဒီစုတ်တံက ဆွဲသမျှ အရာအားလုံး အပြင်ကို ရောက်လာတယ်တဲ့။

စုတ်တံက ဆွဲလိုက်လို့ ထွက်လာတဲ့ အရာတွေကဘယ်က ရောက်လာတာလဲ......
အဲဒီစုတ်တံက ကောင်ခြင်းတွေ သယ်ဆောင်လာမလား
ဘေးအန္တရာယ်တွေ သယ်ဆောင်လာမလား......
ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
Ho*ly Ni*g*ht: De*m*on Hu*nt*ers (2/0/2/5)

IMDb… 6.5

အကုန်လုံး စောင့်မျှော်နေကြတဲ့ Ho*ly ni*g*ht : De*m*on Hu*nt*ers ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလို့လာပါပြီ။

Cast တွေအနေနဲ့ကတော့ အားလုံး သိကြတဲ့ Ma Dong-seok, Seo Hyun, Lee David,Kyung Soo-jinနဲ့ Jung Ji-so တို့ ပါဝင်ထားကြပြီး နတ်ဆိုး၊ နတ်ဆိုးကို ကိုးကွယ်ကြတဲ့အစွန်းရောက်သူတွေနဲ့ အားပြိုင်ကြမဲ့ သဘာဝလွန်စွမ်းအားရှင် နတ်ဆိုးမုဆိုး ၃ဦးအဖွဲ့အကြောင်းကိုရိုက်ကူးထားတာတဲ့ Fantasy Horror movie အမျိုးအစားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း
🔽🔽🔽🔽

ဘာအူ, ရှာရွန်နဲ့ ဂင်ဂွန်းဆိုတဲ့သူ ၃ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Holy Night အဖွဲ့ဟာနတ်ဆိုးကိုးကွယ်တဲ့ ဂိုဏ်းတွေကို တိုက်ခိုက်နှိမ်နင်းကြတဲ့ အဖွဲ့ဖြစ်တယ်။ဘာအူရဲ့ ထူးခြားတဲ့ စွမ်းရည်ကတော့ အားကောင်းတဲ့ ကာယခွန်အားပဲဖြစ်ပြီး ရှာရွန်ကတော့နတ်ဆိုးတွေကို ခွဲခြားသိမြင်ကာ အပနှင်နိုင်စွမ်းရှိပြီး ဂင်ဂွန်းကတော့ ဘာအူနဲ့ ရှာရွန်တို့ကိုနောက်ကနေ လိုက်လံကူညီပေးတဲ့သူပေါ့။တစ်နေ့ စိတ်ရောဂါကုဆရာဝန် ဂျောင်ဝန်းဟာ Holy Night အဖွဲ့ဆီ ရောက်လာပြီးသူ့ရဲ့ ညီမဖြစ်သူ အွန်ဆောရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးတစ်ကောင်ဝင်ပူး‌နေတဲ့အတွက်ညီမဖြစ်သူကို ကယ်တင်ပေးဖို့ Holy Night အဖွဲ့ကို လာ‌ရောက် အကူအညီတောင်းခံတဲ့အခါမှာတော့…Holy Night အဖွဲ့က အွန်ဆောရဲ့ ခန္ဓာကိုယ်ထဲမှာ ပူးကပ်နေတဲ့ နတ်ဆိုးကို ဘယ်လိုနည်းလမ်းတွေသုံးပြီးဘယ်လိုနှင်ထုတ်သွားမလဲဆိုတာကိုတော့ မာဒုံဆော့ရဲ့ ဇာတ်ကားတွေ ထုံးစံအတိုင်းတိုက်ရည်ခိုက်ရည်ကောင်းကောင်း၊ အပနှင်နည်းမျိုးစုံနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရပြီးပရိသတ် စိတ်ကျေနပ်ရမဲ့ကားတစ်ကားဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။  (ဇာတ်လမ်းအညွှန်းကိုတော့ Miri မှ ရေးသားထားပေးပါတယ်။)

ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်
⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
အီမူဂီ (မြွေနဂါး) နဲ့ နတ်ဆရာမလေးတို့ရဲ့ စိတ်ကူးယဉ် Rom-com ဇာတ်လမ်း

➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪

"ကျိန်စာသင့်နန်းတော်" 🔥
================

အပိုင်းသစ် ( ၁၃ )ရပါပြီ

စွမ်းအားပြည့်အမျိုးသမီးဝိညာဉ်တွေ၊ နတ်ဆိုးတွေ ပြည့်နှက်နေတဲ့ နန်းတော်ကြီးအတွင်း ဂုဏ်သိက္ခာရှိပြီး ရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရအမှုထမ်း Yoon Gab ဟာ အီမူဂီ မြွေနဂါး ဝင်ပူးခံလိုက်တဲ့အခါ...

အသက်နဲ့ရင်းရတဲ့အန္တရာယ်တွေ၊ လျှို့ဝှက်ချက်တွေကို ရင်ဆိုင်လာရတယ်။ အတိတ်က အချစ်ဦးဖြစ်တဲ့ နတ်ဝင်သည်ရဲ့မြေးမ Yeo-Ri၊ တိုင်းပြည်ကို တိုးတက်ပြောင်းလဲစေချင်တဲ့ ဘုရင် Lee Sung တို့နဲ့အတူ မကောင်းဆိုးဝါးတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ.......

ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
ဇာတ်ကားရဲ့ နာမည်အရ. . . Ve*n*ky Ma*ma ဆိုတာက (မိခင်ဘက်က တောစပ်တဲ့) ဦးလေးဗင်ကီပေါ့။အိန္ဒိယနိုင်နဲ့ ပါကစ္စတန်နယ်စပ် ကက်ရှ်မီးယားဒေသမှာရှိတဲ့ တပ်မတော်ပိုင်နယ်မြေထဲကို လူလတ်ပိုင်းအရွယ် သူစိမ်းတစ်ယောက် ဝင်လာတယ်။

တားမြစ်နယ်မြေထဲကို ခွင့်မတောင်းပဲ ဝင်လာတဲ့အတွက် အဖမ်းဆီးခံလိုက်ရတယ်။

သူ့မျက်လုံးတွေဟာ ရောက်ရက်ခက်မနေဘဲ တည်ငြိမ်နေတယ်။ကြောက်စိတ်လုံးဝမရှိ၊ အကြမ်းဖက်မှု ဖြစ်နေစဉ်ကာလမှာ ဒီလိုလူတစ်ယောက်ကို ဖမ်းဆီးထားဖို့ တပ်မတော်က အသင့်ဖြစ်နေတယ်။

လူတစ်ယောက်ကို လာရှာကြောင်းပြောတယ်။ အရာရှိတွေဖက်က အဲ့ဒီလူဟာ ဒီတပ်မတော်ထဲ လုံးဝမရှိကြောင်း ပြောတယ်။

ဖမ်းဆီးခံလူလတ်ပိုင်းကလည်း သူရှာနေတဲ့လူဟာ ဒီတပ်ထဲမှာ အတိအကျရှိကြောင်း ပြောတယ်။အဖမ်းခံလိုက်ရသူကို တပ်မတော်အရာရှိအဆင့်ဆင့်က စစ်ဆေးချက်ယူလိုက်တဲ့ အခါ.

ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw4/1639
Please open Telegram to view this post
VIEW IN TELEGRAM
𝗦*𝗜𝗡*𝗡𝗘*𝗥𝗦 (𝟮𝟬𝟮𝟱)
===========

Smoke နဲ့ Stack တို့ အစ်ကိုနှစ်ဦးဟာ
Chicago မှ Mississippi Delta ကို ပြန်လာပြီး
သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ Jazz club ကို ဖွင့်ဖို့ ကြိုးစားနေကြတယ်။

ဒါပေမဲ့ ဒီနေရာမှာ လျှို့ဝှက်ချက်ကြီး၊ အန္တရာယ်အကြီးအကျယ် တစ်ခုရှိနေပြီး
သူတို့ဘဝကို ပုံမှန်မဟုတ်အောင် ရိုက်ခတ်လာတယ်။
သူတို့ရဲ့ မိသားစုနဲ့ ယဉ်ကျေးမှု ကြားမှာ ဖြစ်ပျက်မယ့် ပြဿနာတွေနဲ့စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာမှာ ဖြစ်ပါတယ်။

Jazz သံစဉ်တွေနဲ့အတူ
လူ့အပြစ်နဲ့ အမှန်တရားကို ရှာဖွေနေတဲ့ ဒီဇာတ်ကားကို
ကြည့်ရှုရင်း၊ သင်လည်း သူတို့လို အမှန်တရားကို ရှာဖွေဖို့ စိတ်ကူးမိသွားမှာပါ။

ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
ONE: High School Heroes (2025)
***

ကျောင်းသားအက်ရှင်ကားလေးတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် Mo*vi*ng ထဲက
ချစ်စရာမင်းသားလေး Lee Jung-Ha နဲ့ Wedding Impossible ထဲက မင်းသား Kim Do-Wan တို့
အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဖတ်ရှုသူ 65 M ရှိ နာမည်ကြီး Webtoon ကို ပြန်လည်ပုံဖော်ထားတဲ့
ဇာတ်ကားအသစ်လေး ထွက်ရှိလာပါပြီ။

ဇာတ်လမ်းအညွှန်း
ဂင်အွီဂယောင်း(Lee Jung-Ha)ဟာ စာအတော်ဆုံး ထိပ်တန်းစံပြကျောင်းသားတစ်ယောက်ဖြစ်ပြီး
ဖခင်ဖြစ်သူ ဂင်ဆော့ထယ် (Kim Sang-Ho) ရဲ့ ဖိနှိပ်မှုတွေကြောင့် အကြမ်းဖက်မှုတွေကနေ
တမင် ဝေးဝေးရှောင်ပြီး နေနေတဲ့သူပါ။
ဖခင်ဖြစ်သူ ဂင်ဆော့ထယ်ဟာ အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ကြင်နာတတ်တဲ့ပုံပေါက်ပေမဲ့
တကယ်တော့ သားဖြစ်သူ ဆရာဝန်ဖြစ်ဖို့အရေး စည်းကမ်းတင်းကြပ်စွာနဲ့ ဆုံးမပဲ့ပြင်နေတဲ့သူဖြစ်ပါတယ်။
တစ်နေ့မှာတော့ အဖြစ်အပျက်တစ်ခုကြောင့် ဂင်အွီဂယောင်းရဲ့အတိုက်အခိုက်စွမ်းရည်တွေ
ပေါက်ကွဲထွက်လာခဲ့ပြီး အခြေအနေကို အကဲဖြတ်တာ မြန်ဆန်လွန်းတဲ့ အတိုက်အခိုက်ကျွမ်းကျင်သူ
ဂန်ယွန်းဂီ (Kim Do-Wan) တစ်ယောက် ဂင်အွီဂယောင်းရဲ့အရည်အချင်းကို သတိထားမိသွားပါတော့တယ်။
ဒီလိုနဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ဖုံးကွယ်ပြီး လူအေးလေး ဂင်အွီဂယောင်းကို တိုက်ခိုက်ရေးလောကထဲ
အတင်းဆွဲသွင်းခဲ့သူ ဂန်ယွန်းဂီတစ်ယောက် နှစ်ယောက်သားပူးပေါင်းပြီး မျက်နှာဖုံးစွတ်ကာ
အထက်တန်းသူရဲကောင်းအဖွဲ့အနေနဲ့ ကျောင်းမှာအနိုင်ကျင့်ဗိုလ်ကျတဲ့သူတွေကို ဘယ်လိုနှိမ်နင်းသွားကြမလဲ...
ဂန်ယွန်းဂီရဲ့ရည်ရွယ်ချက်အစစ်အမှန်ကရော ဘာဖြစ်မလဲဆိုတာကို ကျောင်းတွင်းအက်ရှင်ကားပီပီ
ခပ်မိုက်မိုက် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။

ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
ရွာလေးတစ်ရွာမှာမှာ ရှိတဲ့ ချန်ကာ ဆိုတဲ့ သူဟာ သူအရမ်းလေးစားတဲ့ သူ့နဲ့ အလွန်ရင်းနှီးတဲ့ အမတ်ဟာ သူတို့ ရွာကို လာချိန်မှာပဲ ချန်ကာရဲ့ မိန်းမက ကလေးမွေးချင်လာပါတယ်. . .

ဒါနဲ့ပဲ အမတ်က သူ့ကားနဲ့ ဆေးရုံကို သူ့ကားနဲ့ အမြန်ပို့ခိုင်းလိုက်ပါတယ်. . .

ဒါပေမဲ့ လမ်းမှာတင် မဖြစ်သာလို့ မွေးခိုင်းလိုက်ရပါတယ် ကလေး လေးကတော့ ယောင်္ကျားလေးမွေးခဲ့ပါတယ်. . .

ကလေး လေးကျောင်းနေတဲ့ အခါမှတော့ ကျောင်းမှာ နှစ်တိုင်း ဆုရပီး ထူးချွန်တဲ့ ကလေးတစ်ယောက် ဖြစ်လာပါတယ်. . .

ဒါပေမဲ့ တစ်နေ့မှတော့ ချန်ကာဟာ သူ့သား ဆုရလို့ သူ့သားနဲ့ အတူ အမတ်ဆီကို လာချိန်မှာတော့ အမှတ်မထင်ပဲ သူတို့ ရှေ့မှာတင် အမတ်က လူတစ်ယောက်ကို Thatလိုက်မိပါတယ်. . .

ဒါနဲ့ပဲ အမတ်က ချန်ကာကို သူ့အစား အဖမ်းခံဖို့ ပြောပါတယ်. . .

အမတ်က ချန်ကာရဲ့ သားကို ကျောင်းစရိတ် အကုန်ထောက်ပံ့ပေးမယ်လို့ ပြောပီး မိသားစုကိုလည်း သူစောင့်ရှောက်ပေးမယ်လို့ ပြောပါတယ်. . .

ဒါပေမဲ့ ချန်ကာရဲ့သားက သူ့အဖေကို MLA အမတ် ဖစ်အောင်လုပ်ပေးရင် သူအဖမ်းခံမယ်လို့ ပြောလိုက်ပါတယ်. . .

သူ့တို့သဘောတူကြပီး ချန်ကာရဲ့သားကို အခန်းထဲမှာ ထားခဲ့ကြပီး သူတို့က ထွက်သွားကြပါတယ်... အခုနက အမတ်သတ်တယ်ဆိုတဲ့ သူက မThay သေးပါဘူးးး...

ဒါကြောင့် ချန်ကာရဲ့ သားက သူကိုယ်တိုင်ပဲ အဲ့လူကို Thatလိုက်ပါတယ်... မကြာခင်မှာပဲ ရဲတွေ ရောက်လာပီး သူ့ကို ဖမ်းသွားကြပါတယ်...

သူ့ဟာ ထောင်က လွတ်လာပီး သူတတ်တဲ့ ပညာတွေကို မကောင်းတဲ့ နေရာမှာ အသုံးချတဲ့ အတွက် သူ့ရဲ့ နောက်ပိုင်း အကျိုးဆက်က ဘယ်လို ဖြစ်လာမလဲ? ဆိုတာကိုတော့ ဇတ်ကားလေးကို ကြည့်ပီး ခံစားပေးကြပါအုံးဗျာ. . .

ကြည့်ရန်
⬇️⬇️⬇️
https://t.me/movieworld900/1204
Please open Telegram to view this post
VIEW IN TELEGRAM
A D_o-g N_a-m_e-d P_a-l_m-a (2021)

အညွှန်း*
🔽🔽🔽

သခင်မှ လေယာဉ်စီးခါနီး ခွေးရဲ့ ကျန်းမာရေးထောက်ခံစာ မပါခဲ့လို့ လေယာဉ်ကွင်းမှာပဲ စွန့်ပစ်ခဲ့ပါတယ်
ခွေးလေးလိုပဲ ဘဝတူ မိခင်ဆုံးရှုံးခဲ့ရပြီး တခါမှမမြင်ဖူးသူကို အဖေဆိုပြီးလိုက်ခဲ့ရတဲ့ ကိုလျာလေးနဲ့ တွေ့ဆုံးခဲ့ပြီး သူတို့ရဲ့ တူညီတဲ့ခံစားချက်တွေကို ဘယ်လိုဝေမျှခံစားမလဲ လူ့ဘဝကြီးမှာ ကောင်းတာတွေလဲရှိပါသေးတယ်ဆိုတာကို ဖော်ပြထားတဲ့ မိသားစုဒရာမာ ကားလေးပဲဖြစ်ပါတယ်.....ဇာတ်အိမ်ရဲ့ တည်ထားတဲ့ အချိန်ဟာလည်းဆိုဗီယက်ခေတ်ဖြစ်တဲ့အတွက် ကွန်မြုနစ်ခေတ်ရဲ့ အငွေ့အသက်လေးတွေလဲ ခပ်ပါးပါးလေး ခြယ်မှုန်းပြထားပါတယ် တိရိစ္ဆာန်ချစ်သူတွေကော Family ကားလေး‌တွေ သဘောကျတဲ့သူတွေပါပေါ့‌ပေါ့ပါးပါး ကြည့်ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပါတယ်.....

ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/horrorvscartoons2/1927
Please open Telegram to view this post
VIEW IN TELEGRAM
T_r-i_p-l_e F_r-o_n-t_i-e_r ( 2019 )

အညွှန်း*
🔽🔽🔽

မင်းသား ဘန်အက်ဖလက်၊ ချာလီဟန်နန်၊ အော်စကာအိုင်းဆက်တို့လို လူတွေနဲ့ ဇာတ်အိမ်ကေငာ်းကောင်းဖွဲ့ပြီး ရိုက္ကူးထားတာပါပဲ။ ထွေလာထွက်ကတည်းက မျှော်နေရတဲ့ကားဆိုလည်း မမွားပါဘူး။
ဇာတ်လမ်းအကျဉ်း

အထူးတပ်ဖွဲ့ဝင်ဟောင်းတွေရဲ့ ဘဝဟာလည်း သနားစရာကောင်းပါတယ်။ အစွမ်းကုန်လေ့ကျင့်၊ အသက်စွန့်တိုက်ခိုက်ပြီး မသေလို့ အနားယူချိန်ရောက်လာတော့ လက်ထဲမှာရှိတဲ့ပိုက်ဆံက သားသမီးကျောင်းစရိတ်တောင် မလုပ်တဲ့လူတွေ ဖြစ်လာပါတယ်။ သူတို့ဒီနယ်ပယ်မှာ တော်သလောက်သာ အပြင်လုပ်ငန်းတွေမှာ လုပ်နိုင်ခဲ့ရင် စားမကုန်တဲ့ငွေတွေရနိုင်မယ့် အရည်အချင်းရှိတဲ့ သူမျိုးတွေပါပဲ။ ဒီလိုအဖြစ်တွေကို သည်းမခံချင်တော့တဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်သိုက်ကတော့ တောထဲမှာ အစောင့်အပြည့်နဲ့ ငွေသန်းပေါင်းများစွာကို ဖင်ခုထိုင်ထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်အိမ်ကို ဝင်စီးပြီး တစ်သက်စားမကုန်မယ့်ငွေတွေကို ကိုယ့်အတွက်ကိုယ်သိမ်းဆည်းဖို့ ကြံစည်ကြပါတော့တယ်။ တကယ်တမ်းငွေတွေရလာတဲ့အခါ အရမ်းများလွန်းနေတဲ့အတွက် သူတို့ထင်ထားသလို မချောမွေ့ပဲ အခက်အခဲမျိုးစုံ ရင်ဆိုင်လာရပါတော့တယ်။

ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/khkkpppacw2022/3974
Please open Telegram to view this post
VIEW IN TELEGRAM
အီမူဂီ (မြွေနဂါး) နဲ့ နတ်ဆရာမလေးတို့ရဲ့ စိတ်ကူးယဉ် Rom-com ဇာတ်လမ်း

➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪

"ကျိန်စာသင့်နန်းတော်" 🔥
================

အပိုင်းသစ် ( ၁၄ )ရပါပြီ

စွမ်းအားပြည့်အမျိုးသမီးဝိညာဉ်တွေ၊ နတ်ဆိုးတွေ ပြည့်နှက်နေတဲ့ နန်းတော်ကြီးအတွင်း ဂုဏ်သိက္ခာရှိပြီး ရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရအမှုထမ်း Yoon Gab ဟာ အီမူဂီ မြွေနဂါး ဝင်ပူးခံလိုက်တဲ့အခါ...

အသက်နဲ့ရင်းရတဲ့အန္တရာယ်တွေ၊ လျှို့ဝှက်ချက်တွေကို ရင်ဆိုင်လာရတယ်။ အတိတ်က အချစ်ဦးဖြစ်တဲ့ နတ်ဝင်သည်ရဲ့မြေးမ Yeo-Ri၊ တိုင်းပြည်ကို တိုးတက်ပြောင်းလဲစေချင်တဲ့ ဘုရင် Lee Sung တို့နဲ့အတူ မကောင်းဆိုးဝါးတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ.......

ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
O*N*E: Hi*gh Sc*ho*ol He*r*o*es (2/0/2/5)