Channel H
630K subscribers
74 photos
52 links
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

@khanthtookyaw2001
Download Telegram
ကွန်ဖူးပန်ဒါ (၁+၂+၃+၄)
***

လူကြီးလူငယ်မရွေး အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ…ဆုပေါင်းများစွာကိုလည်းရယူထားနိုင်ခဲ့ပါတယ်…

ဇာတ်လမ်းအကျဉ်းလေးဆီသွားကြရအောင် တစ်ခါတုန်းက အေးချမ်းတဲ့မြို့လေးတစ်မြို့မှာ
အပျင်းကြီးပြီး အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်…သူ့နာမည်ကတော့ ‘ပို’ လို့ခေါ်ပြီး ဝတုတ်ကြီးဖြစ်နေပါတယ်..အဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်…ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီးကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်…သူတို့မြို့လေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီးသင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမားငါးယောက်လည်းရှိပါတယ်…သူတို့ကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တို့ပဲဖြစ်ပါတယ်….တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်းရွေးချယ်ပွဲကြီးကျင်းပပါတော့တယ်…ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကိုရွေးချယ်မှာဖြစ်ပါတယ်…‘ပို’ တစ်ယောက်လည်း ရွေးချယ်ပွဲကြီးကို အရမ်းကြည့်ချင်နေခဲ့ပေမယ့်သူ့အဖေကတော့ ပွဲမှာ ခေါက်သာဆွဲရောင်းခိုင်းပါတယ်…‘ပို’ တစ်ယောက် ပွဲကိုရောက်အောင်သွားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက်ဂိတ်တံခါးပိတ်နေတာကို တွေ့လိုက်ရပါတယ်…ဒီအချိန်မှာ ရွေးချယ်ပွဲလည်း စနေပါပြီ…‘ပို’ လည်း အရမ်းကြည့်ချင်နေတာနဲ့အထဲဝင်လို့ရအောင် ကြံစည်ပါတော့တယ်…ဒီလိုနဲ့ ရွေးချယ်ပွဲဟာ နဂါးသူရဲကောင်းကို ကြေငြာမယ့်အချိန်ကိုရောက်လာပါပြီ…ဒီအချိန်မှာ ‘ပို’ ဟာ အထဲဝင်ဖို့ကြိုးစားရင်းနဲ့ အလွဲလွဲအချော်ေျချာ်တွေဖြစ်ပြီးမမျှော်လင့်ပဲ နဂါးသူရဲကောင်းအဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ အခါမှာတော့…..ဇာတ်လမ်းရဲ့အရသာကို အပြည့်အဝခံစားနိုင်ဖို့အတွက်ဒီလောက်ပဲညွှန်းလိုက်ပါတော့တယ်…‘ပို’ တစ်ယောက်ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး…..IMDb rating 7.5/10 အထိရထားတဲ့ကားကောင်းတစ်ကားဖြစ်ပြီး အသံသရုပ်ဆောင်သူများထဲမှာလည်းနာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့ဂျက်ကီချန်း ၊ အင်ဂျလီနာဂျိုလီ စသဖြင့်ပါဝင်သရုပ်ဆောင်ထားပါတယ်…မလွတ်တမ်းကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါကြောင်းပြောကြားရင်းနဲ့ ခံစားကြည့်ရှုပေးကြပါဦးလို့…..


ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw28/4736
Please open Telegram to view this post
VIEW IN TELEGRAM
မင်းသားကြီး အမီယာခမ်းရဲ့ လွမ်းစရာဂြိုလ်သားကားလေးကိုတင်ပေးလိုက်ပါတယ်။

ဒီမင်းသားကို စိန်ခိုးကားမှာအဓိကသိကြမှာပါ။
မင်းသားကြီးဟာ ဒီကားထဲမှာလည်း သ‌ဘာ၀ကျကျသရုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဇာတ်ကားလေးထဲမှာတော့
လူသားတွေနေထိုင်တဲ့ ကမ္ဘာမြေပေါ်ကို PK လို့ခေါ်တဲ့ဂြိုလ်သားတစ်ယောက်ရောက်ရှိလာပြီး လာစူးစမ်းဖို့လုပ်တဲ့အခါ 
သူဘာတွေကြုံတွေ့ရမလဲ၊
လူသားတွေနဲ့ ဂြိုလ်သားတွေကြားမှာ ဘာကွာခြားမှုတွေရှိလဲ
P*K လို့ခေါ်တဲ့ ဂြိုလ်သားက သူအိမ်ပြန်နိုင်တဲ့ အချက်ပြရီမုဒ်ကို
အခိုးခံလိုက်ရတဲ့အခါမှာတော့
သူ့အိမ်ကိုပြန်ရောက်အောင် ကြိုးစားရင်း ကမ္ဘာမြေပေါ်ကကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ပညာသားပါပါရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်
မင်းသားကြီး အမီယာခမ်း နဲ့ မင်းသမီး အနူရှကာရှာမာတို့ပါဝင်ရိုက်ကူးထားပြီး
rating 10 မှာ 8.5 လောက်ထိကိုရရှိထားတဲ့ကားတစ်ကားဖြစ်တာမို့
ကြည့်လို့အရမ်းကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်..


Movie Link
⬇️⬇️⬇️
https://t.me/movieworld20217/78
Please open Telegram to view this post
VIEW IN TELEGRAM
A V_i-o_l-e_n-t P_r-o_s-e_c-u_t-o_r (2016)

အညွှန်း*
🔽🔽🔽

အမှုစစ်ရာမှာ ကြမ်းတမ်းလွန်းလို့ မပြေးသော်ကန်ရာရှိ စွပ်စွဲခံလိုက်ရတဲ့
အမှုလိုက်ရှေ့နေ အသက်၃၂နှစ်အရွယ်မှာ ထောင်ဆယ်ခါကျပြီးတဲ့လူရှုပ်လူပွေတယောက်တို့နှင့် ကိုယ့်တပည့်အရင်းကို ထောင်ထဲထည့်ခဲ့တဲ့ စုံစမ်း ရေးမှူးချုပ် နာမည်ဂုဏ်သတင်းကိုမက်တဲ့ ဆွဲချရှေ့နေ နိုင်ငံရေးသမားတွေကိုလာဘ်ထိုးတတ်တဲ့စီးပွားရေးသမား တို့တွေ့တဲ့အခါသူတို့တွေ ဘာဆက်ဖြစ်ကြမလဲဆိုတာကို . . . . .


ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/khanthtookyaw60/984
Please open Telegram to view this post
VIEW IN TELEGRAM
Wa*rf*are (2025) ဇာတ်ကားသစ်
 
A24 က ထုတ်တဲ့ စစ်ကားအသစ်ပါ..
အရမ်းကြမ်းတယ် အလွတ်မခံပါနဲ့။
ဒီရုပ်ရှင်ထဲက ဇာတ်ကွက်တွေကို တကယ့်
စစ်ဆင်ရေး အချိန်အတိုင်း ရိုက်ပြထားတာပါ။
ဒါရိုက်တာက E*x Ma*chi*na၊ Ann*ihil*ation၊
Ci*v*il W*ar တွေကို ရိုက်ခဲ့တဲ့ Alex Garland ပါ။
သူနဲ့အတူ တွဲရိုက်တဲ့ ဒါရိုက်တာ Ray Mendoza က
နေဗီဆီးလ်ဟောင်းဖြစ်ပြီး သူကြုံခဲ့တဲ့တိုက်ပွဲကို
အခြေခံထားတဲ့ ရာမဒီ၊ အီရတ်မှာ ရန်သူတွေ
အများကြီး ဝိုင်းတိုက်ခံရတဲ့ နေဗီဆီးလ် တပ်စိတ်
တစ်စိတ်အကြောင်းကို ရိုက်ထားတာပါ။
တကယ်ပါဝင်ခဲ့သူတွေကိုပါ အင်တာဗြူးပြီး
ဇာတ်လမ်းတည်ဆောက်ခဲ့တာပါဖြစ်ပါတယ်။
စတိုက်ခံရတဲ့အချိန်ကနေ နောက်ဆုံးဖောက်ထွက်
ချိန်အထိဆက်တိုက်ကျုံးနေတာကို တစ်နာရီကျော်
အချိန်အစစ်အတိုင်း ရိုက်ပြထားတာပါ။
နာမည်အများစုကတော့ နာမည်လွှဲတွေပဲ
ဖြစ်ပါတယ်။ Ray Mendoza နဲ့ Elliott Miller
ဆိုတဲ့နာမည်ပဲ နာမည်ရင်း ပါခဲ့တာပါ။
ကျန်တာအများကြီးတော့ ပြောစရာမရှိပါဘူး။
စစ်ကားကောင်းရှားနေတဲ့အချိန်မှာ ရွှေထွက်
လာတာပါပဲ။
ကြည့်လိုက်ကြပါ………..


ကြည့်ရန်
⬇️⬇️⬇️
https://t.me/khkkpppacwchannel30/4770
Please open Telegram to view this post
VIEW IN TELEGRAM
တကယ့်ကို လက်မလွှတ်မသင့်တဲ့ ကားကောင်းတစ်ကားဖြစ်လာမှာပါနော်...

ဂင်ဂွန်းဝူဟာ လက်စပြင်းတဲ့တက်သစ်စလူငယ်လက်ဝှေ့ကစားသမားတစ်ဦးပါ...

လက်ဝှေ့ပြိုင်ပွဲတွေထိုးရင်း သူနဲ့အသင်မွေးဝမ်းကျောင်းချင်းတူတဲ့ ဟုံးဝူဂျင်းအမည်ရတဲ့ လက်ဝှေ့ကစားသမားနဲ့သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်...

ဂွန်းဝူရဲ့အမေဟာ ငွေကြေးမပြေလည်တာကြောင့် တရားမဝင်ငွေတိုးချေးစားတဲ့လောကထဲမှာမှ တကယ့်လူမိုက်ခေါင်းဆောင်...

ဂင်မြောင်ဂီးလ်ဆီကနေ ပိုက်ဆံချေးမိရာ နောက်ပိုင်းမှာ ပြန်မဆပ်နိုင်တော့တဲ့အခါ...

သားဖြစ်သူ ဂွမ်းဝူနဲ့ လူမိုက်ခေါင်းဆောင် ဂင်မြောင်ဂီးလ်တို့ထိပ်တိုက်တိုးဖို့ အကြောင်းဖန်လာပါတော့တယ်...

ဘယ်လိုမျိုးအချိတ်အဆက်မိမိနဲ့ အက်ရှင်ဇာတ်ကြမ်းမလဲဆိုတာကို ယခုဝင်ကြည့်လိုက်ရအောင်...



Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw60/990
Please open Telegram to view this post
VIEW IN TELEGRAM
ဇာတ်ကားနာမည်နဲ့လိုက်အောင် ကမ္ဘာ့တန်ဖိုးကြီး ရတနာတွေ ကမ္ဘာကျော် ပန်းချီကားတွေကို ခိုးယူတဲ့ကားပဲဖြစ်ပါတယ်။ ဒီကားမှာ မစ္စတာ အူလက်ခ်က ကမ္ဘာကျော် တန်ဖိုးကြီး ပန်းချီကားတွေကို စုဆောင်းရင်း အာဖရိကက တော်ဝင်မိသားစုရဲ နန်းစဉ်ရတနာ " Red Sun" ရဲ့အကြောင်းကိုသိပြီး ခိုးယူဖို့ စီစဉ်ပါတော့တယ်။

အဲဒီလိုနဲ့ ကမ္ဘာကျော်သူခိုးကြီး ရီဟန်ကို ဆက်သွယ်ဖို့ သူ့မိသားစုနဲ့ အကြပ်ကိုင်ပြီး ရီဟန်နဲ့ အူလက်ခ်တို့ ပူးပေါင်းပြီး နန်းစဉ်ရတနာကို ခိုးဖို့လုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရဲအရာရှိ ကလည်း ရီဟန်နောက်ကို လိုက်နေတော့ သူတို့တွေ စိန်တုံးကို ဘယ်လိုခိုးယူမလဲ  သူတို့လိုချင်တဲ့ စိန်တုံးကို ရပါ့မလား ရဲအရာရှိကရော သူတို့ရဲ့ ကမ္ဘာကျော်သူခိုးကြီးကို ဖမ်းမိပါ့မလားဆိုတာ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ အသေးစိတ်ရိုက်ကူးထားတာဖြစ်ပါတယ်။


Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw25/8160
Please open Telegram to view this post
VIEW IN TELEGRAM
ကမ္ဘာ့အကောင်းဆုံး ဇွန်ဘီကားတွေထဲကတစ်ခု

ဇာတ်လမ်းအကျဉ်းကတော့ မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ အယောက်ပေါင်း ထောင်ချီသိန်းချီ ပိုးကူးနိုင်ပြီး ရောဂါဖြစ်ပွားလာပါတယ်

ရောဂါဟာ စက္ကန့်ပိုင်းအတွင်းဖြစ်သလို ရောဂါပြန့်ပွားမှု့နှုန်းကလည်း မြန်လွန်းတဲ့အတွက် နိုင်ငံတစ်နိုင်ငံပြီး တစ်နိုင်ငံ မျိုးတုံးသွားနိုင်မယ့် အခြေအနေနဲ့ ကြုံလာရပါတယ်..အဲ့ဒီ အခြေအနေကို Brad Pitt တယောက် ဘယ်လို ဖြေရှင်းကျော်ဖြတ်သွားမလဲဆိုတာကိုတော့


Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw28/4743
Please open Telegram to view this post
VIEW IN TELEGRAM
La*st Bu*ll*et (2025) ဇာတ်ကားသစ်
===============

အခုတစ်ခါမှာတော့ ပြင်သစ်အက်ရှင်ကားလေးတစ်ကားနဲ့ အားလုံးကိုမိတ်ဆက်ပေးချင်ပါတယ်။ နိုင်ငံရေးလောကရဲ့ ရှုပ်ထွေးပွေလီမှုတွေနဲ့ စိတ်လှုပ်ရှားဖွယ်အက်ရှင်ခန်းတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။

လီနိုဟာ ရာဇဝတ်သားဟောင်းတစ်ယောက်ဖြစ်ပြီး မှောင်ခိုလုပ်ငန်းတွေမှာအသုံးချဖို့ ကားတွေကိုပြုပြင်ဖန်တီးသူဖြစ်ပါတယ်။ အာရပ်စကီကတော့ တပ်ပြေးရဲတစ်ယောက်ဖြစ်ပြီး မှောင်ခိုပစ္စည်းတွေသယ်ပြီး ဇာတ်မြှုပ်နေထိုင်နေခဲ့ပါတယ်။

တစ်ရက်မှာတော့ သူတို့နှစ်ယောက်လုံး မပြေနိုင်တဲ့ရန်ကြွေးတွေဆပ်ဖို့နဲ့ အရာအားလုံးကိုစတင်ခဲ့သူ အကျင့်ပျက်ရဲတစ်ယောက်ဖြစ်တဲ့ အလက်ဇန်းဒါးရက်ဇ်နဲ့ စာရင်းရှင်းဖို့ သတ်ကွင်းထဲပြန်ရောက်လာတဲ့အခါမှာတော့ သက်စွန့်ဆံဖျားစွန့်စားခန်းတွေ စတင်လာပါတော့တယ်။



Movie Link
🔽🔽🔽
https://t.me/khanthtookyaw2233/259
Please open Telegram to view this post
VIEW IN TELEGRAM
တစ်ခါဝေးသွားရင် ဘယ်လောက်ကြာလဲဗျ🫠
BLOODHOUNDS [2023]
****
တကယ့်ကို လက်မလွှတ်မသင့်တဲ့ ကားကောင်းတစ်ကားဖြစ်လာမှာပါနော်...

ဂင်ဂွန်းဝူဟာ လက်စပြင်းတဲ့တက်သစ်စလူငယ်လက်ဝှေ့ကစားသမားတစ်ဦးပါ...

လက်ဝှေ့ပြိုင်ပွဲတွေထိုးရင်း သူနဲ့အသင်မွေးဝမ်းကျောင်းချင်းတူတဲ့ ဟုံးဝူဂျင်းအမည်ရတဲ့ လက်ဝှေ့ကစားသမားနဲ့သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်...

ဂွန်းဝူရဲ့အမေဟာ ငွေကြေးမပြေလည်တာကြောင့် တရားမဝင်ငွေတိုးချေးစားတဲ့လောကထဲမှာမှ တကယ့်လူမိုက်ခေါင်းဆောင်...

ဂင်မြောင်ဂီးလ်ဆီကနေ ပိုက်ဆံချေးမိရာ နောက်ပိုင်းမှာ ပြန်မဆပ်နိုင်တော့တဲ့အခါ...

သားဖြစ်သူ ဂွမ်းဝူနဲ့ လူမိုက်ခေါင်းဆောင် ဂင်မြောင်ဂီးလ်တို့ထိပ်တိုက်တိုးဖို့ အကြောင်းဖန်လာပါတော့တယ်...

ဘယ်လိုမျိုးအချိတ်အဆက်မိမိနဲ့ အက်ရှင်ဇာတ်ကြမ်းမလဲဆိုတာကို ယခုဝင်ကြည့်လိုက်ရအောင်...



Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw60/990
Please open Telegram to view this post
VIEW IN TELEGRAM
𝐓*𝐡𝐞 𝐃𝐢*𝐩𝐥*𝐨𝐦*𝐚𝐭 (𝟐𝟎𝟐𝟓) မြန်မာစာတန်းထိုး HD အကြည်ရပါပီ
=================

ပါကစ္စတန်ကို အကြောင်းအမျိုးမျိုးကြောင့် ရောက်သွားတဲ့ အူဇ်မာဆိုတဲ့ single motherတစ်ယောက်။
ပါကစ္စတန်ကိုသွားတဲ့ရည်ရွယ်ချက်က တစ်ခုဖြစ်ပေမဲ့ အလိမ်ခံလိုက်ရပြီး ချုပ်နှောင်ခံထားရကာ အယောင်ဆောင်လက်ထပ်ပွဲကျင်းပပြီး အတင်းအကြပ်သူများမယားဖြစ်လိုက်ရပါတယ်။

နှိပ်စက်ခံနေရပြီး အမိမြေအိန္ဒိယကိုပြန်နိုင်ဖို့အတွက် အိန္ဒိယသံရုံးကိုရောက်အောင် သူမကကြိုးစားအားထုတ်ခဲ့ပြီး သံရုံးထံခိုလှုံခွင့်တောင်းခဲ့ပါတယ်။

သံရုံးက အိန္ဒိယ-ပါကစ္စတန်ဆိုတဲ့ရှုထောင့်ကြောင့် သူမကိုလက်မခံချင်ပေမဲ့ သူမရဲ့နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေ၊ လိင်အကြမ်းဖက်ခံထားရတာတွေကို သိလိုက်ရချိန်မှာတော့ သံရုံးရဲ့ခေါင်းဆောင်က သူမကိုစာနာထောက်ထားပြီး ကူညီပေးနိုင်မလား။

မတရားခံခဲ့ရတာတွေအတွက် လိုက်ဖော်ထုတ်ပေးနိုင်မလားဆိုတာကိူ thriller ဆန်ဆန်ကြည့်ရမှာပါ။ကြည့်မိလို့မှားမဲ့ကားမျိုးမဟုတ်တာမို့ အတူတူလိုက်ပါကြည့်ရှူလိုက်ရအောင်ပါ။



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
တောလိုက်မုဆိုး (1+2) စ/ ဆုံး

ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး သော်
မင်းသား Chris Hemsworth က Hu*ntsm*an အဖြစ်သရုပ်ဆောင်ထားပါတယ်။

တကယ်တော့ ဒီဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ခဲ့တဲ့Sn*ow Wh*ite a*n*d t*h*e Hun*tsm*an ရဲ့ အဓိကဇာတ်အိမ်တစ်ခုလည်းဖြစ်ပါတယ်။

ဇာတ်လမ်းအစောပိုင်းမှာစုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။

ရဗန်နာဟာ စနှိုးဝိုက်ကားထဲကစုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။

ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့အင်ပါယာကိုစတင်တည်ထောင်မှုကနေ Hu*ntsm*an ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။

ဒီဇာတ်ကားဟာ စနှိုးဝိုက် ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကိုပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။

စနှိုးဝိုက် ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာကဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်း
တွေ့ရပြီး

သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာအဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။


Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw2233/267
Please open Telegram to view this post
VIEW IN TELEGRAM
ကိုရီးယားရဲ့ အကောင်းဆုံး ကျောင်းသားဇွန်ဘီ...


IMDB - 7.5/10


"ဇွန်ဘီတွေက ရုပ်ရှင်ထဲမှာပဲ ရှိရမှာလေ...ဘာလို့ ငါတို့ကျောင်းမှာလဲ?"

သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ...
ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်...

ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖို့ကြိုးပမ်းရတဲ့အခါမှာတော့...

ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။

ဒီကားလေးထဲမှာ မျက်နှာသစ်သရုပ်ဆောင်အများစုကို သုံးထားပြီး လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။

ပိုကောင်းကောင်းခံစားချင်ရင် အခန်းမီးမှိန်မှိန်မှာ အသံကျယ်ကျယ်ဖွင့်ကြည့်ဖို့လည်း ဒါရိုက်တာတစ်ယောက်က recommend ပေးထားပါသေးတယ်


ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw13/4144
Please open Telegram to view this post
VIEW IN TELEGRAM
Odela 2 (2025) ဇာတ်ကားသစ်
“မိစ္ဆာဝိညာဉ်”

အသစ်ထွက်ရှိထားတဲ့ တေလဂူးဟော်ရာဇာတ်လမ်းကို
ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ်

သရုပ်ဆောင်တွေအနေနဲ့ ဈေးအကြီးဆုံး တောင်ပိုင်းမင်းသမီးတွေထဲက
တစ်ယောက်ဖြစ်တဲ့ Tamanna Bhatia နဲ့အတူ KGF နဲ့
နာမည်ရလာတဲ့ ဗီလိန်မင်းသား Vasishta Niranjan Simha တို့ ပါဝင်ထားပါတယ်

အိုဒယ်လာ အမည်ရ ရွာကလေးမှာ မင်္ဂလာဦးညမတိုင်ခင် သတို့သမီးပျိုတွေကို
အဓမ္မကျင့်သတ်ဖြတ်တဲ့ တီရူပါတီဆိုတဲ့ လူယုတ်မာတစ်ယောက်ဟာ
သူ့ရဲ့မိန်းမလက်ချက်နဲ့ ခေါင်းပြတ်ခဲ့ရပြီး ရွာသားတွေက
စံပြအနေနဲ့ သေလူကို ကြီးလေးတဲ့ အပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်

အဲဒါကတော့ တီရူပါတီရဲ့ အလောင်းကို မကျွတ်မလွတ်စေဖို့
တစ်ရွာလုံးက အစီအရင်နဲ့မြေမြှုပ်လိုက်တာပါပဲ

အယုတ်ညံ့ဆုံးနည်းလမ်းနဲ့ မြေမြှုပ်အပြစ်ပေးခံခဲ့ရတဲ့
တီရူပါတီ ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ
တစ်ရွာလုံးကို လက်စားချေပါတော့တယ်

ဒါကို ရွာသားတွေ ဘယ်လိုအစီအရင်တွေနဲ့ အဖြေရှာကြမလဲ
စိတ်ဝင်တစား ကြည့်ရှုရမယ့် ဟော်ရာရုပ်ရှင်လေးပဲ ဖြစ်ပါတယ်

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw25/8166
Please open Telegram to view this post
VIEW IN TELEGRAM
DJ* Du*vva*da Ja*gan*nad*ham [ 2/0/1/7 ]


အခုတစ်ခါ တင်ဆက်ပေးမယ့်ကားလေးကတော့ အာလူးအာဂျွန်ရဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
မင်းသမီးအနေနဲ့ကလည်း ဆွဲဆောင်မှုအပြည့်ရှိပြီး ချစ်စရာမျက်နှာလေးနဲ့
ပူဂျားဟစ်ဂဒေလေးဆိုတော့ မိုက်ပြီပေါ့နော်...

ဇာတ်လမ်းကိုပြောရမယ်ဆိုရင် မင်းသားက ငယ်ငယ်လေးကတည်းက
မတရားမှုမြင်ရင် လက်ပိုက်ကြည့်မနေနိုင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး
ရာဇဝတ်သားကို တွေ့တိုင်း သတ်ပစ်ချင်လောက်အောင် မုန်းတီးနေတဲ့သူ
ဖြစ်ပါတယ်...

သူ့ အဖိုးရဲ့ပြောစကားကို မှတ်သားထားပြီး ဤကမ္ဘာမြေပေါ်ကနေ
ရာဇဝတ်သားရှင်းလင်းရေးစစ်ဆင်ရေးကို ရဲအရာရှိတစ်ယောက်နဲ့ပူးပေါင်းပြီး
လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်...

ဒီစစ်ဆင်ရေးမှာ သားကောင်ဖြစ်ရတဲ့ ရာဇဝတ်သားတွေကတော့
အသက်ရှင်လမ်းမရှိဘူးပေါ့...

မိသားစုက ဧည့်ခံကျွေးမွေးရေးလုပ်ငန်းလုပ်တော့ လူတွေအမြင်မှာ
သူဟာ ပုဏ္ဍားမျိုးရိုးတစ်ယောက်ဖြစ်ပြီး အရမ်းကိုအပြစ်ကင်းစင်တဲ့
လူသားတစ်ယောက်ပေါ့နော်...

ဒီလိုနဲ့ လူထောင်ချီရဲ့ငွေတွေကို လိမ်လည်အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့
လူတစ်ယောက်နဲ့ ငြိစွန်းလာခဲ့တော့...


ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw4/1474
Please open Telegram to view this post
VIEW IN TELEGRAM
အမြင့်ပေ8000အောက်မှာသာနေတဲ့ မွန်းစ တားကြီးတွေနဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာ...

➪➪➪➪➪➪➪➪➪➪➪➪➪➪

ကမ္ဘာကြီးပေါ်ကို ရုတ်တရက်ကျလာတဲ့ ဂြိုလ်သားတွေကြောင့် လူသားတွေ အတွက် အခက်အခဲတွေ ဖြစ်လာပါတယ်

သို့သော် ထို ဂြိုလ်သားတွေဟာ အမြင့်ပေ ၈၀၀၀ ကျော်ကို မတက်နိုင်တာဖြစ်လို့ လူသားတွေဟာ တောင် တွေပေါ်မှာ အိမ်များကို ဖြစ်သလိုဆောက်ကာ စခန်းချပြီး ၃နှစ်တာ ခိုလှုံနေထိုင်ခဲ့ကြပါတယ် ။

ဝဲလ် ဆိုတဲ့ လူတစ်ယောက်ဟာ နာမကျန်းဖြစ်နေသော သူ့သားလေးကို စောင့်ရှောက်နေရာ ဆေး ပစ္စည်းတွေ ကုန်ဆုံးတော့လျင် သူ့သား အသက်ဆုံးရှုံးမည်ဖြစ်ရာ မဖြစ်မနေ တောင်အောက်ကိုဆင်းပြီး အခြားမြို့ကို သွားရတော့မယ့် အခြေအနေ ဖြစ်လာပါတော့တယ် ။

ဇနီးသည်ရဲ့ အသက်ကိုဆုံးရှုံးလိုက်ရသောကြောင့် ‌ဖအေ တစ်ခု သားတစ်ခု သာ ရှိတော့တဲ့ ဝဲလ် တစ်ယောက် ဂြိုလ်သားတွေရဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ ၊ ထို စွန့်စားခန်းတွေမှာ ဘယ်သူတွေပါဝင်ကြမလဲ ၊

ထို ဂြိုလ်သားတွေဟာ ဘာလို့ အမြင့်ပေ ၈၀၀၀ ကျော်ကို မတက်တာလဲ ၊ ထို ဂြိုလ်သား တွေကို ဘယ်လိုအနိုင်ယူရမလဲ ဆိုတာကိုတော့ ။
#crd


ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw66/3129
Please open Telegram to view this post
VIEW IN TELEGRAM
အီမူဂီ (မြွေနဂါး) နဲ့ နတ်ဆရာမလေးတို့ရဲ့ စိတ်ကူးယဉ် Rom-com ဇာတ်လမ်း

➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪➪

"ကျိန်စာသင့်နန်းတော်" 🔥
================

အပိုင်းသစ် ( ၇ )ရပါပြီ

စွမ်းအားပြည့်အမျိုးသမီးဝိညာဉ်တွေ၊ နတ်ဆိုးတွေ ပြည့်နှက်နေတဲ့ နန်းတော်ကြီးအတွင်း ဂုဏ်သိက္ခာရှိပြီး ရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရအမှုထမ်း Yoon Gab ဟာ အီမူဂီ မြွေနဂါး ဝင်ပူးခံလိုက်တဲ့အခါ...

အသက်နဲ့ရင်းရတဲ့အန္တရာယ်တွေ၊ လျှို့ဝှက်ချက်တွေကို ရင်ဆိုင်လာရတယ်။ အတိတ်က အချစ်ဦးဖြစ်တဲ့ နတ်ဝင်သည်ရဲ့မြေးမ Yeo-Ri၊ တိုင်းပြည်ကို တိုးတက်ပြောင်းလဲစေချင်တဲ့ ဘုရင် Lee Sung တို့နဲ့အတူ မကောင်းဆိုးဝါးတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ.......



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
The Accountant 2 (2025)
***

ပျောက်ဆုံးနေသော ကလေးနဲ့ မိခင် ကို ရှာဖွေဖို့အတွက် ကြေးစား ညီကိုနှစ်ယောက် ပေါင်းကာ ရှယ်ဖြုတ်တဲ့ကား

ဇာတ်လမ်းအကျဉ်း အရ "ရေး ကင်း" လို့ခေါ်တဲ့ ဘိုးတော် ဟာ ကြေးစားလောက ကနေ အနားယူမှာဖြစ်လို့ သူ့ကို လာအပ်သည့် လူပျောက်ရှာဖွေရေးအမှုကို မလိုက်ဘဲ "အန်နီး" ဟုခေါ်သော ကောင်မလေးအား အမှုလက်ခံရန် ပေးလိုက်ရာ "အန်နီး" သည် အလုပ်ကို လက်မခံဘဲ "ရေး ကင်း" ကို လူမိုက်တွေရန်ကြား ထားခဲ့ပါတယ် ။

‌"ရေးကင်း" သေဆုံးသွားပြီးတဲ့နောက်မှာ အမှုကိုလိုက်မည်ဖြစ်တဲ့ "မယ်ဒီနာ" တစ်ယောက် ၊ တစ်ဦးတည်းလုပ်ဆောင်ရန် မဖြစ်သည့်အတွက် ကြေးစားသမား " ခရစ်ရှန် ဝုဖ် " အားအကူညီတောင်းကာ ညီဖြစ်သူနှင့် ပျောက်ဆုံးနေသော သားမိနှစ်ယောက်နှင့် " ရေးကင်း" သေဆုံးသည့်ညမှာ ပေါ်လာတဲ့ "အန်းနီး" ကို စုံစမ်းထောက်လှမ်းကြပါတော့တယ် ။

ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်
⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM