Channel H
627K subscribers
120 photos
92 links
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

@khanthtookyaw2001
Download Telegram
W_h-i_t-e S_n-a_k-e A_F-l_o-a_t (2024)

အညွှန်း*
🔽🔽🔽

ပရိသတ်တွေ မေးမေးနေတဲ့ မြွေဖြူမလေး အတွဲ ၃ ရောက်လာပါပြီ...
ပထမတွဲမှာ ဆုံတွေ့ခဲ့တဲ့ ယုံကျိုးက မြွေဖမ်းသမားလေးအားရွှမ်းကတော့ ရှောင်ပိုင်အတွက် အသက်စတေးခဲ့တယ်...
ဒုတိယတွဲမှာ သူ့မမ မြွေဖြူမလေးကို ရှာပုံတော်ထွက်တဲ့ ရှောင်ချင်းနဲ့ ရှောင်ပိုင် ပြန်ဆုံစည်းခဲ့တယ်...ဒီတတိယတွဲမှာ မဆုံးသေးတဲ့ အားရွှမ်းရှာပုံတော်ကို မြွေဖြူမလေးက ဆက်ဖွင့်ခဲ့ပါတယ်..ကျောက်စိမ်းဆံထိုးလေးရဲ့ လမ်းပြမှုကြောင့် စေတနာသမားတော်လေး ရွှီရှန်းနဲ့ ဆုံတွေ့ခဲ့ပြီး...မြင်လျှင်မြင်ချင်း လွန်ခဲ့တဲ့ နှစ် ၅၀၀ က အားရွှမ်းဆိုတာကို သိခဲ့တယ်...ဖူးစာလူးလာ ဒူးကာမရဆိုသလို မြင်မြင်ချင်းပဲ ချစ်မိတယ် ဖြစ်သွားတဲ့ရွှီရှန်းဟာဆိုရင် သူ့ပိုင်မိန်းကလေးကို ဇနီးမယားဖြစ်လက်ထပ်ယူဖို့ခဲအိုနဲ့ မိတ်ဆက်ပေးပြီးအကြင်လင်မယားဖြစ်သွားခဲ့တယ်...
နောက်တော့


ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/khanthtookyaw11/2900
Please open Telegram to view this post
VIEW IN TELEGRAM
လူ‌ဆိုးတွေလက်ကနေ မိသားစုကိုကယ်ထုတ်မယ့် အာကွာမန်းဘဲကြီး

➪➪➪➪➪➪➪➪➪➪➪➪➪➪

February 2ရက်နေ့ကထွက်ရှိခဲ့တဲ့ နာမည်ကြီးမင်းသား Jason Momoa ရိုက်ကူးထားတဲ့ Br*av*en ဇာတ်ကားဟာ ထွက်ရှိပြီးရက်ပိုင်းအတွင်းမွာပဲ လူကြိုက်အရမ်းများပြားခဲ့တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား Jason Momoaက သစ်လုပ်ငန်းလုပ်ကိုင်တဲ့ Joeအဖြစ်သရုပ်ဆောင်ထားပါတယ်။
Joe ဟာမှတ်ဉာဏ်မကောင်းတော့တဲ့ သူ့ရဲ့ဖခင်ကြီးရယ်၊ သူဇနီးနဲ့ သမီးလေးတစ်ယောက်တို့နဲ့ အတူတူအေးချမ်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။
တနေ့မှာတော့ သူ့တပည့်တစ်ယောက်ဟာ သစ်တွေကိုတင်ပို့ရင်း မူးယစ်ဆေးဝါးတွေ မှောင်ခိုတင်ပို့ပါတော့တယ်။
အဲ့လိုမှောင်ခိုပို့ရင်းနဲ့ မမျှော်လင့်ပဲလမ်းခုလတ်မွာ ကားမတော်တဆဖြစ်ပြီး၊ ရဲတွေကားိတော်တဆဖြစ်တဲ့နေရာကိုရောက်လာရင် မူးယစ်ဆေးတွေမိသွားမှာစိုးတဲ့အတွက် Joeရဲ့ ပစ္စည်းတွေထားတဲ့ သစ်သားအိမ်လေးထဲမှာ သွားဖွက်ထားလိုက်ပါတယ်။
အဲ့ဒီလိုနဲ့ Joeတစ်ယောက် ဘာမှမသိလိုက်ရဘဲ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ပတ်သက်မိသြားပါတော့တယ်။
နောက့်နေ့ အဲ့ဒီမူးယစ်ဆေးတွေကို လာပြန်ယူတဲ့အခါမွာတော့ အဲ့ဒီ မူးယစ်ဆေးဂိုဏ်းအဖွဲ့နဲ့ Joeရဲ့မိသားစုတို့ထိပ်တိုက်တိုးပါတော့တယ်။


Movie Link
⬇️⬇️⬇️
https://t.me/khkkpppacw2022/3750
Please open Telegram to view this post
VIEW IN TELEGRAM
𝗚𝗼*𝗼𝗱 𝗕*𝗮𝗱 𝗨𝗴*𝗹𝘆 (𝟮𝟬𝟮𝟱) ဇာတ်ကားသစ်
==================

IMDb 7.1 တောင်ရရှိထားပြီး good review တွေတော်တော်လေးရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ Ajith fansတွေအတွက် လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ကားဆိုလည်းမမှားပါဘူး။

ဇာတ်ကားအညွှန်း

မကောင်းမှုဒုစရိုက်လောကမှာ နာမည်ဆိုးတဲ့ကျော်ကြားတဲ့ ''အေကေ '' ဆိုတဲ့ဂိုဏ်းခေါင်းဆောင်။အိမ်ထောင်ကျပြီးတော့ သားဦးလေးကိုရလိုက်တဲ့ အေကေတစ်ယောက် သားရူးရူးနေပေမဲ့ မိန်းမဖြစ်သူကတော့ သူ့ရဲ့မကောင်းမှုတွေကိူသဘောမကျတာကြောင့် သားလေးကိုထိခွင့်တောင်မပေးခဲ့ပါဘူး။သားကိုချစ်တဲ့အချစ်ကြောင့် အေကေက မကောင်းတာတွေစွန့်လွှတ်ပြီး ထောင်ထဲဝင်သွားခဲ့ပြီးဘာတွေဆက်ဖြစ်မလဲဆိုတာကို ရသမျိုးစုံနဲ့ခံစားရမဲ့ကားလေးဖြစ်ပါတယ်။

Ajith Kumar ကိုလွမ်းနေတဲ့သူတွေအတွက် ကြည့်လို့အမောပြေစေမဲ့ကားကောင်းလေးတစ်ခုဆိုလည်းမမှားပါဘူး။



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
အမှတ်မထင် နဂါးလက်စွပ်ကို ကောက်ရပြီးနောက် စွမ်းအားအကြီးဆုံး မှော်ဆရာဖြစ်သွားတဲ့ ကောင်လေး



အညွှန်း*
🔽🔽🔽


မင်းသားကြီး နီကိုလပ်ကေ့ နဲ့ Jay Baruchel တို့ပါဝင်ထားတဲ့ မှော်ဇာတ်ကားပါ။
နိုးထလာတော့မယ့် မကောင်းဆိုးဝါးကို နှိမ်နင်းဖို့ ကြိုးစားနေတဲ့ မှော်ဆရာ...
မှော်လက်စွပ်ကို မထင်မှတ်ပဲ ဝတ်လိုက်မိတဲ့ ကျောင်းသားလေး....
သူတို့တွေဘယ်လိုတွေ့ဆုံပြီး  ကမ္ဘာကြီးရဲ့ ရန်သူကို ဘယ်လိုနှိမ်နင်းမလဲဆိုတာ........။
Action, Adventure, Fantasy အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (6.1/10) ရရှိထားပါတယ်။


ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/khanthtookyaw3/3224
Please open Telegram to view this post
VIEW IN TELEGRAM
သူ့သမီးကို မုဒိန်းကျင့်သွားလို့ကောင်လေးကို ဖမ်း ဖြတ်ဖောက် ချုပ်လုပ်ပြီးပညာပေးတဲ့ကား

မိခင်သေဆုံးသွားတာကြောင့်
စိတ်ဝေဒနာ ခံစားနေရတဲ့ သမီးကို
မုဒိန်းကျင့်သွားတဲ့ မုဒိန်းကောင်အား
ဖမ်းပြီးတော့ လက်စားချေတဲ့ ဖခင်
တစ်ယောက်ရဲ့ အငြိုးကိုတွေ့ရမှာပါ

ဇာတ်လမ်းအကျဉ်းကတော့ သူ့ရှေ့မှာတင်သေသွားတဲ့မိခင်ကြောင့် ရှော့ရသွားတဲ့ကောင်မလေး ကတစ်နေ့မှာ သူ့အဖေနဲ့အတူ ပါတီတစ်ခုကို သွားခဲ့တယ်။

ပါတီပွဲကိုရောက်တော့ အပေါင်းအဖော်တွေနဲ့ပန်းခြံထဲကို လိုက်သွားပြီး အဓမ္မပြုကျင့်ခံရခဲ့တယ်။ဖခင်ကသမီးပျောက်လို့လိုက်ရှာရင်း အားလုံးကိုသိသွားခဲ့တယ်။နောက်တော့ မုဒိန်းကောင်ကိုဖမ်းပြီး အိမ်ထဲမှာ သော့ အထပ်ထပ်ခတ်ကာ ဘယ်သူမှမထင်မှတ်ထားတဲ့ ပုံစံမျိုးနဲ့လက်စားချေခဲ့တယ်။

အချိန်တွေကြာလာတဲ့အခါမှာတော့ အရာအားလုံးကပြောင်း လဲသွားပြီး မုဒိန်းကောင်ကို ဘာလုပ်လိုက်တာလဲ
သူစထား တဲ့အရာ သူ့ကို ဘယ်လို
ဒုက္ခပြန်ပေးမလဲဆိုတာ.....


ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/khkkpppacw2022/3757
Please open Telegram to view this post
VIEW IN TELEGRAM
အကျင့်ပျက်နန်းတွင်းအရာရှိတွေကို ပညာပေးဖို့ဖြစ်လာတဲ့အခါ.....

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဒီကားက ဂျိုဆွန်းခေတ်က အရင်းရှင်တွေ မင်းမှုထမ်းတွေက တောင်သူလယ်သမားတွေအပေါ်နဲ့ချို့တဲ့သူတွေကိုအနိုင်ကျင့်တဲ့အတွက်ကြောင့် သိုင်းပညာတော်တဲ့သူတွေစုပြီး တွန်းလှန်တဲ့အကြောင်းကိုရိုက်ပြထားတာပါ...

ဇာတ်လမ်းဇာတ်ကွက်လည်းကော-င်းသလို ပါ၀င်တဲ့သရုပ်ဆောင်တွေကလည်း ကိုရီးယားရဲ့ နာမည်ကျော်တွေကြီးပဲစုရိုက်ထားသလားမှတ်ရပါတယ်။


Movie Link
⬇️⬇️⬇️
https://t.me/movieworld6666/1943
Please open Telegram to view this post
VIEW IN TELEGRAM
𝗚𝗼*𝗼𝗱 𝗕*𝗮𝗱 𝗨𝗴*𝗹𝘆 (𝟮𝟬𝟮𝟱) ဇာတ်ကားသစ်
==================

IMDb 7.1 တောင်ရရှိထားပြီး good review တွေတော်တော်လေးရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ Ajith fansတွေအတွက် လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ကားဆိုလည်းမမှားပါဘူး။

ဇာတ်ကားအညွှန်း

မကောင်းမှုဒုစရိုက်လောကမှာ နာမည်ဆိုးတဲ့ကျော်ကြားတဲ့ ''အေကေ '' ဆိုတဲ့ဂိုဏ်းခေါင်းဆောင်။အိမ်ထောင်ကျပြီးတော့ သားဦးလေးကိုရလိုက်တဲ့ အေကေတစ်ယောက် သားရူးရူးနေပေမဲ့ မိန်းမဖြစ်သူကတော့ သူ့ရဲ့မကောင်းမှုတွေကိူသဘောမကျတာကြောင့် သားလေးကိုထိခွင့်တောင်မပေးခဲ့ပါဘူး။သားကိုချစ်တဲ့အချစ်ကြောင့် အေကေက မကောင်းတာတွေစွန့်လွှတ်ပြီး ထောင်ထဲဝင်သွားခဲ့ပြီးဘာတွေဆက်ဖြစ်မလဲဆိုတာကို ရသမျိုးစုံနဲ့ခံစားရမဲ့ကားလေးဖြစ်ပါတယ်။

Ajith Kumar ကိုလွမ်းနေတဲ့သူတွေအတွက် ကြည့်လို့အမောပြေစေမဲ့ကားကောင်းလေးတစ်ခုဆိုလည်းမမှားပါဘူး။



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
De*a*th o*f a Un*ic*o*rn (2025)

 
We*dn*es*d*ay စီးရီးထဲက မင်းသမီး Jenna Ortega နဲ့ An*tm*an မင်းသား Paul Rudd တို့ ပါထားတဲ့ မွန်းစတားဟော်ရာကားပါ။
ယူနီကွန်းတွေနဲ့ဇာတ်လမ်းပေမဲ့ ချစ်စရာ ယူနီကွန်းတွေတော့ မဟုတ်ပါဘူး။ ချိုနဲ့ထိုးတယ် ကိုက်တယ် တစ်အိမ်လုံးဖျက်ဆီးတယ် အကုန်ကျုံးတယ်ဆိုတဲ့ကားမျိုးပါ။
ဒီရုပ်ရှင်ကြည့်ပြီးရင် နောက်ဆို ယူနီကွန်း အပြင်မှာ မြင်ရင်တောင် တန်းပြီး ထွက်ပြေးပါလိမ့်မယ်။
ဇာတ်လမ်းအကျဉ်း
ရှေ့နေ အဲလိယက် နဲ့ သူ့ရဲ့ သမီး ရစ်ဒလီ တို့ဟာ ဆေးဝါးကုမ္ပဏီကြီးတစ်ခုရဲ့ ပိုင်ရှင်မိသားစုဆီကို ပိတ်ရက်မှာ အရောက်သွားခဲ့ပါတယ်။
အဓိကအချက်ကတော့ ဘုတ်အဖွဲ့ ကိုယ်စားလှယ်ရှေ့နေ အလုပ်ကို ရအောင်ယူဖို့ဖြစ်ပြီး သားအဖေနှစ်ယောက် တစ်သက်စားမကုန်အောင် ချမ်းသာဖို့ပါပဲ။
ဒါပေမဲ့ လမ်းမှာ ယူနီကွန်းမြင်းပေါက်လေးကို ကားနဲ့တိုက်မိပြီး သေပြီမှတ်လို့ ကားထဲဖွက်သယ်လာပါတယ်။
အဲဒီ မြင်းပေါက်လေးအလောင်းက ရောဂါအကုန်လုံးကို ပျောက်အောင်ကုနိုင်မှန်း သိသွားကြတဲ့အခါ သူဌေးမိသားစုက သုတေသနတွေလုပ်ပြီး ရောင်းစားဖို့ ကြံပါတော့တယ်။
အဲဒီမှာပဲ မြင်းပေါက်လေးကို လာကယ်တဲ့ ယူနီကွန်းကြီးတွေ ရောက်လာပြီး တစ်အိမ်လုံးကိုရော လုံခြုံရေးတွေ အကုန်လုံးကိုရောကိုပါ အသေကျုံးပါတော့တယ်။
ဒီ ကောင်ကြီးတွေလက်ကနေ သားအဖေနှစ်ယောက် ဘယ်လို အလွတ်ရုန်းကြမလဲဆိုတာ ကြည့်ရမှာပါ။



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်
⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
O*M*G 2 (2023)

IMDb 8.0/ 10 Voting Users 24k

အက်ရှေးကူးမားရ်ရဲ့သောက်သောက်လဲ အောင်မြင်ခဲ့တဲ့ O*M*G အဆက် ဒုတိယကားထွက်ရှိလာပြီပဲဖြစ်ပါတယ်

ကုဋေ ၅၀ရင်းထားတဲ့ ဒီကားမှာ ရုံဝင်ငွေ ကုဋေ ၂၂၀ ထိပြန်လည်ရရှိခဲ့တာမို့ ခုနှစ်ပိုင်းအတွင်း အက်ရှေးတစ်ယောက် ပြန်လည်အောင်မြင်ခဲ့တဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ်

အက်ရှေးကူးမားအပြင် ဝါရင့်မင်းသားကြီး ပန်ကတ်ချ် သရီပသီနဲ့ မင်းသမီးချောလေး ယမ်မီဂေါ်သမ်တို့က အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့လည်း ပါဝင်ထားပါသေးတယ်

O*M*G 1 မှာ ဘုရားကိုမယုံတဲ့သူက သူ့အိမ်ကိုပဲရွေးငလျင်လှုပ်လို့ ဘုရားကိုတရားစွဲခဲ့တာကနေ တစ်လောကလုံးနဲ့ တစ်ယောက်ရင်ဆိုင်ခဲ့ရပုံကို ဘာသာရေးအကြောင်းတွေနဲ့ ရောသမမွှေ တင်ဆက်ပေးခဲ့ပေမဲ့

ဒုတိယကားမှာတော့ ဇာတ်ကောင်စရိုက်တွေ ဇာတ်လမ်းသဘာဝတွေ ပြောင်းလဲပေးထားပါတယ်

အဓိကဇာတ်ဆောင် ကန်တီဟာ ဘာသာရေးကိုင်းရှိုင်း လူအများချစ်ခင်ရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ

သူ့ရဲ့ဆယ်ကျော်သက်အရွယ်သားလေး ဗီဗက်ဟာ လူငယ်တို့သဘာဝ လိင်ကိစ္စကို အရမ်းစိတ်ဝင်စား လက်တည့်စမ်းချင်ပြီး ဗိုင်ယာဂရာကို သုံးလုံးလောက်ပစ်သောက်ပြီး အာသာဖြေရင်းမေ့လဲလို့ အဖေကဆေးရုံလိုက်ခေါ်ရတဲ့ ကောင်ဆိုးလေးပါ

အဲ့ဒါနဲ့တင်မရပ်ပဲ ကာမသျှတ္တရကျမ်းတွေဖတ်ပြီး ကျောင်းအိမ်သာထဲမှာပါ ထပ်ကမြင်းတာကို ကျောင်းကသူ့သူငယ်ချင်း bully ကောင်တွေက ဗီဒီယိုရိုက်ဖြန့်လိုက်တဲ့အခါ ဗီဗက်ကို ကျောင်းလဲထုတ် အကုန်လုံးက ဝိုင်းအပြစ်တင်ကြတဲ့အပြင် သူ့မိသားစုရော သူရော လုပုံအလယ်မှာ ခေါင်းမဖော်နိုင်အောင် ဖြစ်ပါတော့တယ်

ဒါနဲ့ပဲသူ့အဖေကန်တီလည်း အာသာဖြေမိတာ အပြစ်မဟုတ် လိင်ပညာပေးသေချာမလုပ်ပဲ ကျောင်းသားကိုအပြစ်တင်တဲ့ ကျောင်းနဲ့တခြားလူတွေကသာ အပြစ်ရှိတယ်ဆိုပြီး တရားရုံးမှာ တရားထစွဲပါတော့တယ်

ဇာတ်လမ်းပုံစံ ဦးတည်ချက်ကပြောင်းသွားပေမဲ့ ပထမကားလိုပဲ လူ့ဘောင်လောကစံနှုန်းတွေကို မေးခွန်းထုတ်တာတွေ တရားခွင်မှာ အပြိုင်လျှောက်လဲကြတာတွေ စသဖြင့် ပထမကားထက်မလျော့တဲ့ရသတွေ ခံစားရမှပါ

ဒါ့အပြင် အရှင်သျှီဝတစ်ဖြစ်လဲ အက်ရှေးကူးမားက ဘယ်အခန်းမှာပေါ်လာပြီး ဘယ်လိုတရားပြမလဲဆိုတာ ကြည့်ရမဲ့အပြင်

ဒီတစ်ခါ တရားရင်ဆိုင်ရတဲ့ အမှုပြိုင်ရှေ့နေ့မလေးက ကိုယ်ပါပြသနာရှာပြီး အမှုဖွင့်ချင်ရလောက်အောင် ချောတာမို့ CM ပရိသတ်ကြီးအတွက် လက်မနှေးစေဖို့ အပြေးလေးတင်ဆက်ပေးလိုက်ရပါတယ်

Movie Link
⬇️⬇️⬇️
https://t.me/khkkpppacwch201/4792
Please open Telegram to view this post
VIEW IN TELEGRAM
M_o-n_s-t_e-r_s vs A_l-i_e-n_s (2009)

အညွှန်း*
🔽🔽🔽

ဆူစန်မာဖီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် သူ့ချစ်သူနဲ့လက်ထပ်ခါနီးဆဲဆဲမှာဥက္ကာပျံထိမှန်ခံခဲ့ရပြီး ဧရာမလူသားတစ်ဦးအသွင်ပြောင်း လဲသွားပါတယ်။သူ့လိုထူးဆန်းသတ္တဝါတွေကို ထိန်းချုပ်တဲ့စခန်းတစ်ခုမှာ အထိန်းချုပ်ခံထားရပြီး
တစ်ရက်မှာ ဂြိုဟ်သားစက်ရုပ်တစ်ရုပ် အေ မရိကန်မှာ လာရောက်သောင်းကျန်းခြင်းတို့ကြောင့်ဆူစန်နဲ့အပေါင်းအပါတို့ကို သုတ်သင်ချေမှုန်းစေပြီး ပြန်လည်လွှတ်ပေးခဲ့ပေမယ့်သူမရဲ့ ချစ်သူဟာ သူမကိုလက်မခံတော့ပါဘူး။ဂဲလက်ဆာအမည်ရှိတဲ့ ဂြိုဟ်သားစက်ရုပ်များကို ထိန်းချုပ်သူဟာ သူမကိုဖမ်းဆီးသွားပြီးသူမရဲ့စွမ်းအင်များကို ထုတ်ယူလိုက်ပြီး သူမရဲ့အပေါင်းအပါလေးများကသူမကို လာကယ်တင်ပုံတို့ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် Animation ကား ကောင်းတစ်ကားဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ Monster လေးများနဲ့ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက်Animation ကြိုက်တဲ့သူများလက်မလွှတ်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်….



ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/horrorvscartoons2/1733
Please open Telegram to view this post
VIEW IN TELEGRAM
Det*ect*ive Chi*nat*own 1900 (2025) ဇာတ်ကားသစ်

လူကြိုက်များလှတဲ့ De*te*ct*ive Ch*in*at*own ရုံတင်ကားကြီးလာပါပြီ ဒီရုပ်ရှင်ဟာဆိုရင်ဖြင့်
De*te*ct*ive Ch*in*at*own အတွဲတွေရဲ့ အဆုံးသတ်ရုပ်ရှင်ဖြစ်မယ်လို့ခန့်မှန်းထားကြပါတယ်

အရင်ရုပ်ရှင်တွေနဲ့မတူဘဲ 1900 ခုနှစ်များကို နောက်ခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ
ရိုက်ကူးတင်ဆက်သူဖြစ်တဲ့ Ch*en Si*ch*eng ကတော့ ဒီရုပ်ရှင်ဇာတ်ကားကို သူ့ရဲ့
အကောင်းဆုံးလက်ရာတစ်ခုအဖြစ်လဲပြောဆိုထားပါတယ်
Ch*ow Yu*n F*at   နဲ့ မင်းသားချောလေး Liu Ha*o Ra*n, Zh*a*ng X*in Ch*e*ng  တို့ကလဲ
အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားကြပါတယ်

ဇာတ်လမ်းအညွန်းကတော့
၁၉ရာစုအစောပိုင်း ဆန်ဖရန်စစ္စကိုမြို့မှာ လူဖြူမလေးအဲလစ်နဲ့
အင်ဒီးရန်းမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သတ်ခံရပါတယ်။
ဒီလူသတ်မှုကြောင့် တရုတ်တွေကိုလူဖြူအသိုင်းအဝိုင်းကဆန့်ကျင်လာကြပါတယ်။

ဒီအမှုကြောင့် တရုတ်အင်ဒီးရန်းအားကွေနဲ့ အမေရိကားမှာ
ပညာလာသင်တဲ့ချင်ဖူတို့တွေဆုံကြပြီးတော့
အတူပူးပေါင်းပြီးအမှုလိုက်ဖို့ဖြစ်သွားပါတယ်။
လူငယ်လေးနှစ်ယောက်ရဲ့သူမတူတဲ့အတွေးအခေါ်တွေနဲ့
အမှုကိုဖော်သွားတဲ့ခရီးတစ်ခုကို
ရယ်မောစရာတွေနဲ့ချပြသွားတာပဲဖြစ်ပါတယ်။



Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw2022/1402
Please open Telegram to view this post
VIEW IN TELEGRAM
De*at*h o*f a Un*ic*o*rn (2025)

 
We*dn*es*d*ay စီးရီးထဲက မင်းသမီး Jenna Ortega နဲ့ An*tm*an မင်းသား Paul Rudd တို့ ပါထားတဲ့ မွန်းစတားဟော်ရာကားပါ။
ယူနီကွန်းတွေနဲ့ဇာတ်လမ်းပေမဲ့ ချစ်စရာ ယူနီကွန်းတွေတော့ မဟုတ်ပါဘူး။ ချိုနဲ့ထိုးတယ် ကိုက်တယ် တစ်အိမ်လုံးဖျက်ဆီးတယ် အကုန်ကျုံးတယ်ဆိုတဲ့ကားမျိုးပါ။
ဒီရုပ်ရှင်ကြည့်ပြီးရင် နောက်ဆို ယူနီကွန်း အပြင်မှာ မြင်ရင်တောင် တန်းပြီး ထွက်ပြေးပါလိမ့်မယ်။
ဇာတ်လမ်းအကျဉ်း
ရှေ့နေ အဲလိယက် နဲ့ သူ့ရဲ့ သမီး ရစ်ဒလီ တို့ဟာ ဆေးဝါးကုမ္ပဏီကြီးတစ်ခုရဲ့ ပိုင်ရှင်မိသားစုဆီကို ပိတ်ရက်မှာ အရောက်သွားခဲ့ပါတယ်။
အဓိကအချက်ကတော့ ဘုတ်အဖွဲ့ ကိုယ်စားလှယ်ရှေ့နေ အလုပ်ကို ရအောင်ယူဖို့ဖြစ်ပြီး သားအဖေနှစ်ယောက် တစ်သက်စားမကုန်အောင် ချမ်းသာဖို့ပါပဲ။
ဒါပေမဲ့ လမ်းမှာ ယူနီကွန်းမြင်းပေါက်လေးကို ကားနဲ့တိုက်မိပြီး သေပြီမှတ်လို့ ကားထဲဖွက်သယ်လာပါတယ်။
အဲဒီ မြင်းပေါက်လေးအလောင်းက ရောဂါအကုန်လုံးကို ပျောက်အောင်ကုနိုင်မှန်း သိသွားကြတဲ့အခါ သူဌေးမိသားစုက သုတေသနတွေလုပ်ပြီး ရောင်းစားဖို့ ကြံပါတော့တယ်။
အဲဒီမှာပဲ မြင်းပေါက်လေးကို လာကယ်တဲ့ ယူနီကွန်းကြီးတွေ ရောက်လာပြီး တစ်အိမ်လုံးကိုရော လုံခြုံရေးတွေ အကုန်လုံးကိုရောကိုပါ အသေကျုံးပါတော့တယ်။
ဒီ ကောင်ကြီးတွေလက်ကနေ သားအဖေနှစ်ယောက် ဘယ်လို အလွတ်ရုန်းကြမလဲဆိုတာ ကြည့်ရမှာပါ။



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
မိခင်အတွက်အသက်ကယ်ဆေးရှာဖွေးရင်း စံအိမ်ကြီးထဲရောက်သွားတဲ့အခါ

A*gha*thi*yaa [ 2/0/2/5 ] မြန်မာစာတန်းထိုး

ဒီဇာတ်ကားဟာ 28 ရက်နေ့က ရုံတင်ပြသခဲ့ပီး သူနဲ့အပြိုင် sabdham vs aghathiyaa ဒီရုပ်ရှင်နှစ်ကားစလုံးဟာ ရုံတင်ပီး ၅ရက်အတွင်း သိသိသာသာကျဆင်းသွားခဲ့ပီး မျှော်မှန်းထားသလောက်မရခဲ့တာကြောင့် Box Office ကိုတော့ အတိကျမသိရသေးပါဘူး။

သူ့ထပ်စာရင် Aadhi Pinisetty ရဲ့
sabdham ဇာတ်ကားက နဲနဲအခြေနေကောင်းနေတယ်လို့ဆိုရပါမယ်။

ကဲဗျာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့အချစ်တော် မင်းသမီးလေးရဲ့ သည်းထိတ့်ရင်ဖို ဟော်ရာ ဇာတ်ကားလေးကို အကြည်ဗားရှင်းရတုန်းလေး တင်ပေးလိုက်ပါတယ်ဗျ။




ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
နီကျား [2019]

ဒီဇတ်လမ်းမှာတော့ နီကျား ရဲ့ ဖြစ်တည်မှုကို အသေးစိတ်ပြထားပါတယ်

နှစ်ထောင်ပေါင်းများစွာ အကြာက ခွန်လွန်း တောင်ပေါ်ပုလဲလုံးလေး တစ်လုံး ဖွားမြင်လာခဲ့တယ်

ပုလဲလုံးလေး က သူလိုအပ်တဲ့ စွမ်းအင်တွေကို
အလိုအလျှောက်သိမ်းယူနိုင်ခဲ့ပြီး

ပင်ကိုယ်စိတ်ရင်းကောင်းပေမဲ့မကောင်းဆိုးဝါးတွေ ရဲ့ စွမ်းအင်ကို သိမ်းမိရာကနေ စိတ်ဖောက်လာလို့
ခွန်လွန်းတောင် သူတော်စင် က ပုလဲလေးကို ထိန်းသိမ်းပြီးမိစ္ဆာနဲ့ သူတော်စင် ဆိုပြီး ပုလဲ ၂ လုံး ထပ်ခွဲလိုက်ပြီးဂါထာအုပ် ပြီး တပည့်ဖြစ်သူ ဆရာတော် တစ်ပါးကိုထိန်းသိမ်းစေခဲ့တယ်…

သူတော်စင် ပုလဲက လူ့ပြည်က စစ်သူကြီး မိန်းမဆီ
ကိုယ်ဝန်မှာ ၀င်စားရမှာ ဖြစ်ပြီး မိစ္ဆာပုလဲ ကတော့ ၃ နှစ်နေရင်၊အလိုအလျှောက် ဖျက်စီးခံရမှာ ဖြစ်တဲ့ ကျိန်စာ နဲ့ ချူပ်လိုက်ပါတယ်

ဒါပေမဲ့ အလွဲလွဲ အမှားမှားတွေ လုပ်တက်တဲ့ ဆရာတော်ကြောင့်သူတော်စင်ကြီး ပေးထားတဲ့ တာဝန်တွေက ပျက်စီးကုန်ပါတယ်

သူတော်စင်ပုလဲ အခိုးခံလိုက်ရပြီး မကောင်းဆိုးဝါး ပုလဲ ကစစ်သူကြီး ဇနီးဆီမှာ ကိုယ်ဝန်တည်လိုက်ပါတယ်…

မွေးဖွားလာတဲ့ ကလေးကတော့ မီးမိစ္တာ “နီကျား ” ဖြစ်ပါတယ်…



Movie Link
⬇️⬇️⬇️
https://t.me/horrorvscartoons2/1742
Please open Telegram to view this post
VIEW IN TELEGRAM
2025 မိန်းမဖိုက်တာ အကြမ်းကားသစ်

E*xte*rri*tor*ial (2025)
=================

ဆာရာဟာ ဂျာမန်စစ်မှုထမ်းဟောင်း အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ ဂျော့ရှ်ဆိုတဲ့ ခြောက်နှစ်အရွယ်သားလေးလည်း ရှိပါတယ်။

သူမက အာဖဂန်နစ္စတန်စစ်ဆင်ရေးမှာ ပါဝင်ထမ်းဆောင်ခဲ့ပြီး အဲမှာကြုံတွေ့ခဲ့တဲ့အဖြစ်ဆိုးတွေကြောင့် စိတ်ဒဏ်ရာရပြီး စိတ်ဖောက်ပြန်ချင်သလို ဖြစ်သွားခဲ့လို့

စိတ်ကျန်းမာရေးဆေးရုံမှာ ကုသမှုခံယူခဲ့ရပြီး ပြန်သက်သာလာတာ မကြာသေးပါဘူး။

တစ်နေ့မှာတော့ ဆာရာကို အမေရိကန်လုံခြုံရေးကုမ္မဏီကြီးက သူမရဲ့အတွေ့အကြုံကို သဘောကျလို့ အလုပ်ကမ်းလှမ်းလာတဲ့အခါ သူမဟာ အသစ်တဖန် စတင်ချင်တဲ့အတွက် အလုပ်ကိုလက်ခံဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ သူမဟာ ဂျာမန်မြေပေါ်က အမေရိကန်ကောင်စစ်ဝန်ရုံးကတစ်ဆင့် လေယာဉ်စီးရမှာမလို့ ကောင်စစ်ဝန်ရုံးကို သွားခဲ့ပါတယ်။

အဲမှာ သူတို့ဟာ လေယာဉ်ကို သုံးနာရီကြာအောင် စောင့်နေပေမဲ့လည်း မရောက်လာသေးတာနဲ့ ဂျော့ရှ်ကလည်း နားနေခန်းနားက ကလေးကစားခန်းကို တွေ့သွားခဲ့ပါတယ်။

ဂျော့ရှ်က ကစားခန်းမှာ ကစားနေတုန်း ဆာရာက ကော်ဖီသွားဝယ်ပြီး ပြန်လာတဲ့အခါမှာ ဂျော့ရှ်ဟာ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတယ်။

ဒီတော့ ဆာရာဟာ သက်ဆိုင်ရာအရာရှိတွေကို အကူအညီတောင်းတဲ့အခါ အဲရစ်ကင့်ချ်ဆိုတဲ့ အထက်အရာရှိက ဆာရာက ကောင်စစ်ဝန်ရုံးကို တစ်ယောက်တည်း လာခဲ့ကြောင်း၊

ဂျော့ရှ် မပါလာခဲ့ကြောင်း အယုံသွင်းပြီး အတင်းအကြပ်ပြန်လွတ်ပါတော့တယ်။

ဒီတော့ စိတ်ဖောက်ပြန်ဖူးတဲ့ဆာရာက တွေဝေသွားပေမဲ့လည်း သူ့သား ဂျော့ရှ်က ဒီအဆောက်အဦးအတွင်းမှာ ပျောက်သွားတာသေချာတဲ့အတွက်

ကောင်စစ်ဝန်ရုံးက ပြန်လွတ်တာကို လက်မခံပဲ အခက်အခဲ အတားအဆီးတွေကြားက ဂျော့ရှ်ကို ဘယ်လိုရှာမလဲဆိုတာကို ရင်တစ်ထိတ်ထိတ်နဲ့ စိတ်ပူဖွယ် စောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။


ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw3/3240
Please open Telegram to view this post
VIEW IN TELEGRAM
T*h*e Ha*un*t*ed Pa*la*ce (2025)

အပိုင်းသစ် (5)ရပါပြီ

ဇာတ်လမ်းအညွှန်း
*

Yoon Gab(Yook Sung-Jae) ဟာ ဂုဏ်သိက္ခာရှိပြီးတော့ ရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရ
အမှုထမ်းတစ်ဦးပါ .. ။ တစ်နေ့မှာတော့ .. ဖြစ်ရပ်တစ်ခုကြောင့် ဂန်ချောလ်လို့ အမည်ရတဲ့ ..
ကောင်းကင်ပေါ်ကို တက်ဖို့ကြိုးစားနေတဲ့ အီမူဂီ (ခေါ်) ဒဏ္ဍာရီလာသတ္တဝါဟာ Yoon Gab ရဲ့
ခန္ဓာကိုယ်ကို အပိုင်ရယူသွားပါတယ်။ အဲဒီနောက် Yoon Gab ဟာလည်း အပြုအမူတွေလည်း
စတင်ပြောင်းလဲလာပြီး လူတွေဆီကနေ အကြည်ညိုပျက်ခံလာရပါတော့တယ် .. ။

Yoon Gab နဲ့ အတိတ်တုန်းက အချစ်ဦးတွေဖြစ်ခဲ့ကြတဲ့ Yeo-Ri (Bona)ကတော့ နာမည်ကြီး
နတ်ဝင်သည်ရဲ့ တစ်ဦးတည်းသော မြေးမလေးဖြစ်ပြီး .. ဝိညာဉ်ရေးရာ ပါရမီတွေကိုလည်း
အမွေဆက်ခံထားရသူတစ်ဦးပါ။ ဒါပေမဲ့ သူမဟာ နတ်ဝင်သည်ဖြစ်လာရမဲ့ ကံကြမ္မာကို ငြင်းဆန်ပြီး
အေးအေးချမ်းချမ်းနဲ့ မျက်မှန်ပြုလုပ်သူအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။
အဲဒီလိုနဲ့ တစ်ရက်မှာတော့ စွမ်းအားပြင်း အမျိုးသမီးဝိညာဉ်တွေ၊ နတ်ဆိုးတွေနဲ့ ပြည့်နေတဲ့
နန်းတော်ထဲကို ဝင်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် .. ။

တစ်ဖက်မှာလည်း တိုင်းပြည်ကို တိုးတက်ပြောင်းလဲ‌စေဖို့အတွက် စိတ်အားထက်သန်လှတဲ့ ဘုရင်
Lee Sung(Kim Ji-Hoon)…

နန်းတွင်းထဲမှာ ထူးဆန်းပြီး မယုံနိုင်စရာကောင်းတဲ့ ဝိညာဉ်ရေးရာပြဿနာတွေဖြစ်လာတဲ့အခါမှာ...

Yoon Gab ရဲ့ ခန္ဓာကိုယ်နဲ့ အီမူဂီသတ္တဝါ ၊ ဝိညာဉ်ရေးရာတွေမှာ ပါရမီပါတဲ့ Yeo-Ri ..
သန်မာဖြောင့်မတ်တဲ့ ဘုရင် Lee Sung တို့ဟာ ဘယ်လိုတွေ ပူးပေါင်းပြီးတော့ လျှို့ဝှက်ချက်တွေကို
အဖြေရှာသွားကြမလဲ ..

ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းသွားကြမလဲဆိုတာကို .. အရိုတစ်လှည့် ၊ ဟာသတစ်လှည့်ရောကာ
ဇာတ်ကွက်ဆန်းဆန်းလေးတွေနဲ့ ရိုက်ကူးတင်ပြထားတဲ့ နန်းတွင်းကားကောင်းလေးဖြစ်တာကြောင့်
ခံစားကြည့်ရှုကြည့်ကြပါဦးနော်။



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
မိုးကြိုးသွားများ (၂၀၂၅)

Black Widow ဆုံးပါးသွားပြီးနောက် အထီးကျန်ကာ လေလွင့်ကာ စိတ်ဓတ်ကျနေတဲ့ ရယ်လီနာ တစ်ယောက်ဟာ ကျရာ အလုပ်တွေလိုက်လုပ်ရင်း  ဗယ်လင်တီနာ ရဲ့ ထောင်ခြောက်ထဲကိုကျသွားပါတယ်။

တစ်ကိုယ်ကောင်းဆန်တဲ့ ဗယ်လင်တီနာ ဟာ မိမိအကျိုးကိုသာကြည့်ပြီး မိမိတွက် အကျိုးမရှိတော့တဲ့အခါ လွှင့်ပစ်လိုက်သူမျိုးပါ ။ ထိုအခြင်းအရာကို ခံလိုက်ရတာကတော့ ရယ်လီနာ တစ်ယောက်တည်းတင်မကဘဲ လူဆိုးမကျ သူရဲကောင်းကျ  Antihero တွေပါ ပါနေပါတော့တယ်။

ဗယ်လင်တီနာ ကိုလက်စားချေဖို့အတွက် မတူညီတဲ့ အယူအဆတွေနဲ့ မတူညီတဲ့စရိုက်တွေ အတူပူးပေါင်းကာ "မိုးကြိုးသွားများ" ဟု ခေါ်တဲ့  ရယ်လီနာ ၊ ဆောင်းစစ်သည် ၊ Red Guardian ၊ Ghost , Taskmaster ၊ ဂျွန်‌ဝေါ်ကာ တို့ ပါဝင်ကာ စွန့်စားခန်းများကို Marvel အရသာ ဆိုတဲ့အတိုင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။

ထိုအဖွဲ့ဟာ အတိတ်က ဖြစ်ရပ်ဆိုးများကို ကျော်ဖြတ်ရင်း ပစ္စပ္ပုန်က ဒုက္ခများကို ဘယ်လိုရင်ဆိုင်ကြမလဲ ။




ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
အာရုဏ်တက် မတိုင်မီ (၂၀၂၅)
***
အမေဖြစ်သူ ဆုံးသွားပြီးနောက် ညီမနှစ်ယောက်ဖြစ်သူ မယ်လနီ နဲ့ ကလိုဗာ ဟာ တစ်ကွဲတစ်ပြားစီ ဖြစ်သွားကြပါတော့တယ် ။ ကလိုဗာ ဟာ စိတ်ဒဏ်ရာရထားသူတစ်ဦးဖြစ်ပြီး မိမိကိုယ်ကို သ-တ် သေမှုများပြုလုပ်ရာ မအောင်မြင်ခဲ့သည့်နောက် သူငယ်ချင်းဖြစ်သူများအား ခရီးထွက်မည်ဟု ခေါ်လာခဲ့ပါတယ်။

ကလို‌ဗာ အပါဝင် သူငယ်ချင်း ၅ယောက်ဟာ ခရီးထွက်ရာတွင် ကလိုဗာ ၏ ပျောက်ဆုံးနေသော အစ်မဖြစ်သူ မယ်လနီ ကို ပြန်ရှာဖို့လမ်းကြောင်းလှည့်သွားပါတော့တယ် ။ ထိုအခါ ထိုလူ ၅ယောက်ဟာ ထူးဆန်းသော ကောင်းကင်ကြီးနဲ့အတူ သည်းထန်တဲ့ မိုးရေတွေကြား အိမ်ကြီးတစ်ခုကိုတွေ့ကာ တည်းခိုရန် ဝင်လိုက်ရာမှာ ...

အချိန်ဟာထပ်တလဲလဲ ပြန်ဖြစ်နေသော အိမ်ကြီးဖြစ်ပါတယ် ။ မကောင်းဆိုးဝါး မိစ္ဆာများနှင့်အတူ ညတစ်ညကို ဘယ်လိုရှင်သန်နိုင်ကြမလဲ ။ ဒီ ညတာကြီးကနေ လွတ်မြောက်နိုင်ဖို့ကော နည်းလမ်းရှိပါ့မလား ။ သူငယ်ချင်း ၅ ယောက်ရဲ့ မတူညီတဲ့ အတွေးအခေါ်တွေနဲ့

ဒီထပ်တလဲလဲဖြစ်နေတဲ့ ညကြီးကို လွတ်မြောက်နိုင်မလား ဒါမှမဟုတ် ဒီညကြီးရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်ခံမလား

ထိုဇာတ်ကားဟာ ၂၀၁၅ မှာ ထွက်ရှိခဲ့တဲ့ Video game ကို အခြေခံကာ live action adaption အဖြစ် ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ။ သို့ပေမဲ့ ထိုဇာတ်ကားဟာ ဂိမ်း ရဲ့ Prequel သာ ဖြစ်ပြီး ဂိမ်း ထဲတွင် ဖြစ်ခဲ့တာတွေကိုရိုက်ကူးထားခြင်း မဟုတ်ပါ ။



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM