Channel H
628K subscribers
96 photos
77 links
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

@khanthtookyaw2001
Download Telegram
E_x-t_r-a_c-t_i-o_n (2020)

အညွှန်း*
🔽🔽🔽

ထင်ထားတာထက် ကောင်းပါတယ် ခရစ်စ်ဟာအနီးကပ် တိုက်ခိုက်ခန်း‌‌ေတွသေနတ်ပစ်ခန်းတွေ ဒီလောက်ထိကြမ်းပြနိုင်တာ အားရစရာပါပဲ။Combat ခန်းတွေ အရမ်းကြမ်းပါတယ်။ကြည့်ရတာ အားရကြမှာပါ။

ဇာတ်လမ်းအကျဥ်း

တိုင်လာ ဟာ စစ်ပြန်ကြေးစားစစ်သား ဖြစ်ပြီးအိန္ဒိယက ဘိန်းဘုရင်တစ်ယောက်ရဲ့ ကလေးကိုကယ်ထုတ်ပေးရမယ့် အလုပ်ကို လက်ခံလိုက်ပါတယ်။
အဲဒီကလေးကို ဖမ်းထားတဲ့သူကလည်း
ပြိုင်ဘက် ဘိန်းဘုရင် ဂန်းစတား ဖြစ်နေပြီး တိုင်လာနဲ့ကလေးကို ရဲတွေအကူအညီနဲ့ တစ်မြို့လုံးပိတ်ဆို့ပြီး ဖမ်းဖို့ကြိုးစားပါတော့တယ်။ဒီကလေးကို မြို့ကနေ မရမက ကယ်ထုတ်ဖို့
တစ်မြို့လုံးနဲ့ တစ်ယောက် တိုက်ခိုက်ပြီး ကြိုးစားရပါတော့တယ်။


ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/khkkpppacw2022/3690
Please open Telegram to view this post
VIEW IN TELEGRAM
ရက် ၂၀ လောက်ကြာသွားပြီးတဲ့အခါမှာ

ကျနော့်ငါးလေး ဘယ်လောက်တောင်

လှသွားလဲဆိုတာ တစ်ချက်ရှိုးလိုက်
T*h*e Ha*un*t*ed Pa*la*ce (2025)
**

Poster စထွက်လာကတည်းက စိတ်ဝင်စားမှုတွေကို ရရှိထားပြီးတော့ အကြာကြီးနေမှ
ကေဒရာမာချစ်သူတွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာတဲ့ Rom-com , Fantasy
အမျိုးအစားဖြစ်တဲ့ နန်းတွင်းကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ဇာတ်ကားလေးထဲမှာတော့ BTOB ရဲ့အဖွဲ့ဝင် Yook Sung-Jae, 25-21 ကားထဲမှ ဂိုယူရင်
အဖြစ်လူသိများထားတဲ့ WJSN အဖွဲ့ဝင် အလှလေး Bona နဲ့ Flower of Evil မှ
မင်းသားကြီး Kim Ji-Hoon တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာကြောင့် Cast နဲ့တင်
ပစ်ရက်စရာမရှိတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း
*

Yoon Gab(Yook Sung-Jae) ဟာ ဂုဏ်သိက္ခာရှိပြီးတော့ ရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရ
အမှုထမ်းတစ်ဦးပါ .. ။ တစ်နေ့မှာတော့ .. ဖြစ်ရပ်တစ်ခုကြောင့် ဂန်ချောလ်လို့ အမည်ရတဲ့ ..
ကောင်းကင်ပေါ်ကို တက်ဖို့ကြိုးစားနေတဲ့ အီမူဂီ (ခေါ်) ဒဏ္ဍာရီလာသတ္တဝါဟာ Yoon Gab ရဲ့
ခန္ဓာကိုယ်ကို အပိုင်ရယူသွားပါတယ်။ အဲဒီနောက် Yoon Gab ဟာလည်း အပြုအမူတွေလည်း
စတင်ပြောင်းလဲလာပြီး လူတွေဆီကနေ အကြည်ညိုပျက်ခံလာရပါတော့တယ် .. ။

Yoon Gab နဲ့ အတိတ်တုန်းက အချစ်ဦးတွေဖြစ်ခဲ့ကြတဲ့ Yeo-Ri (Bona)ကတော့ နာမည်ကြီး
နတ်ဝင်သည်ရဲ့ တစ်ဦးတည်းသော မြေးမလေးဖြစ်ပြီး .. ဝိညာဉ်ရေးရာ ပါရမီတွေကိုလည်း
အမွေဆက်ခံထားရသူတစ်ဦးပါ။ ဒါပေမဲ့ သူမဟာ နတ်ဝင်သည်ဖြစ်လာရမဲ့ ကံကြမ္မာကို ငြင်းဆန်ပြီး
အေးအေးချမ်းချမ်းနဲ့ မျက်မှန်ပြုလုပ်သူအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။
အဲဒီလိုနဲ့ တစ်ရက်မှာတော့ စွမ်းအားပြင်း အမျိုးသမီးဝိညာဉ်တွေ၊ နတ်ဆိုးတွေနဲ့ ပြည့်နေတဲ့
နန်းတော်ထဲကို ဝင်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် .. ။

တစ်ဖက်မှာလည်း တိုင်းပြည်ကို တိုးတက်ပြောင်းလဲ‌စေဖို့အတွက် စိတ်အားထက်သန်လှတဲ့ ဘုရင်
Lee Sung(Kim Ji-Hoon)…

နန်းတွင်းထဲမှာ ထူးဆန်းပြီး မယုံနိုင်စရာကောင်းတဲ့ ဝိညာဉ်ရေးရာပြဿနာတွေဖြစ်လာတဲ့အခါမှာ...

Yoon Gab ရဲ့ ခန္ဓာကိုယ်နဲ့ အီမူဂီသတ္တဝါ ၊ ဝိညာဉ်ရေးရာတွေမှာ ပါရမီပါတဲ့ Yeo-Ri ..
သန်မာဖြောင့်မတ်တဲ့ ဘုရင် Lee Sung တို့ဟာ ဘယ်လိုတွေ ပူးပေါင်းပြီးတော့ လျှို့ဝှက်ချက်တွေကို
အဖြေရှာသွားကြမလဲ ..

ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းသွားကြမလဲဆိုတာကို .. အရိုတစ်လှည့် ၊ ဟာသတစ်လှည့်ရောကာ
ဇာတ်ကွက်ဆန်းဆန်းလေးတွေနဲ့ ရိုက်ကူးတင်ပြထားတဲ့ နန်းတွင်းကားကောင်းလေးဖြစ်တာကြောင့်
ခံစားကြည့်ရှုကြည့်ကြပါဦးနော်။




ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
Michael B Jordan ကြီး ၂ ကိုယ်ခွဲအမြွာအဖြစ်သရုပ်ဆောင်ထားတဲ့ 2025 ထွက် ဒီ Horror ရုပ်ရှင်ကြီးက စထွက်တည်းက rating သျှမ်းသျှမ်းတောက်နဲ့ကြမ်းနေပါပြီ

ဇာတ်လမ်းက စမုတ်ခ်နဲ့စတက်ခ် အမြွှာညီအစ်ကိုတွေ ချီကာဂိုကနေပြန်လာပြီး မွေးရပ်မြေမှာ ဘုံဆိုင်လေးဖွင့်ဖို့ပြန်လာခဲ့ပါပြီ။ သူတို့ရဲ့ဝမ်းကွဲညီ ဆမ်မီကိုလည်း လက်တိုလက်တောင်းအကူအညီတောင်းကြတာပေါ့။ သူတို့မသိခဲ့တာတစ်ခုက ဆမ်မီဆီမှာ ဝမ်းတွင်းပါရမီတစ််ခုရှိနေတာပါပဲ။ အဲဒီအစွမ်းက သူသီချင်းဆိုတဲ့အခါ နားဝင်ချိုရုံမက မမြင်အပ်တဲ့သတ္တဝါတွေကိုပါ ဖိတ်ခေါ်နေမိတာပါ။
ဆိုင်အသစ်ဖွင့်ပွဲမှာ ဆမ်မီရဲ့ သီဆိုသံတွေနဲ့အတူ ဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေနဲ့ မဖိတ်ထားတဲ့ဧည့်သည်တွေရဲ့ ညကို သွေးရောင်တွေဖုံးလွှမ်းလာတဲ့အခါ…..



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
Kali.....nga (2024)

အားလပ်ချိန်မှာ စိတ်အပန်းဖြေစေဖို့ တလေဂူးလ်ထိတ်လန့်သည်းဖို ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။

မကောင်းတဲ့စွမ်းအင်တွေနဲ့ ဝန်းရံနေတဲ့ရွာလေးတစ်ရွာ။ ညဘက်တွေ ရွာပြင်ထွက်ရင် အပမှီတာလိုလို
သရဲပဲပူးတာလိုလိုနဲ့ ကိုယ့်အသားကိုယ်ပြန်လှီးစားကြတာတွေ ကြုံတွေ့နေကြရ။

လူသေရင် အဝတ်ပတ်ပြီး ရွာပြင်မှာပဲ ယဇ်ပူဇော်တာလိုမျိုးပစ်ထားခဲ့ကြတာ
ရွာရဲ့ထုံးတမ်းအစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ။

ဒီလိုမကောင်းတဲ့စွမ်းအင်တွေပေါများလှတဲ့ ရွာလေးထဲမှာမှ အမြတ်ကြီးစားငွေတိုးချေးတဲ့အပြင်
အကြွေးပြန်ဆပ်ပြီး အပေါင်ပစ္စည်းပြန်တောင်းတဲ့ခါ လူကိုသတ်ပြီးရွာပြင်သွားပစ်တတ်တဲ့
လူ့တိရစ္ဆာန်တွေကလည်းရှိနေပြန်ပါရော။

ပေါ့ပေါ့ပါးပါးပဲ နေတတ်ပေမဲ့ မဟုတ်မခံ ရင်ဆိုင်ဖြေရှင်းတတ်တဲ့ လင်ဂါတစ်ယောက်
ဒီလိုပြဿနာတောကြီးထဲမှာ ရှိနေတဲ့အခါမှာတော့...။


Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw4/1321
Please open Telegram to view this post
VIEW IN TELEGRAM
ဘီလီယံနဲ့ချီတဲ့လက်နက်ကြီးအခိုးခံရလို့ စစ်ရေးအထူးကျွမ်းတဲ့အဖွဲ့ကိုငှားရတဲ့အခါ


အညွှန်း*
🔽🔽🔽

ဘီလီယံနဲ့ချီတဲ့ အမျိုးအမည်မသိလက်နက်တစ်ခု အခိုးခံလိုက်ရတယ်။ အဲဒါကို အရေးတကြီး ပြန်ရဖို့အတွက် အစိုးရအေဂျင်စီတွေက ကန်ထရိုက်တာဖြစ်တဲ့ နေသန်နဲ့ အော်ဆန်ဖော်ချွန်းကို အလုပ်အပ်ရတယ်။ အော်ဆန်ဟာ စစ်ဆင်ရေးတွေမှာ အရမ်းအသုံးအဖြုန်းကြီးတဲ့သူမို့ တော်ရုံလူက အလုပ်မအပ်ချင်ကြပါဘူး။ လူများရင်ကြပ်ရင်ကြောက်တတ်လို့ဆိုပြီး သီးသန့်လေယာဉ်စီးတယ်၊ စိတ်အခြေအနေအတွက်ဆေးဖြစ်ဝါးဖြစ်ဆိုပြီး အကောင်းဆုံးဝိုင်ပုလင်းတွေသောက်တယ်။ စစ်ဆင်ရေးပြီးရင်လည်း အစိုးရစားရိတ်နဲ့ စိတ်ဒဏ်ရာကုဖို့ဆိုပြီး အပမ်းဖြေစခန်းတွေ သွားနှပ်တာတွေကြောင့်ပါ။ ဒါပေမဲ့ ဒီအရေးကြီးစစ်ဆင်ရေးအတွက် အလုပ်အပ်ခံလိုက်ရတဲ့အချိန်မှာတော့ ဘီလီယံချီပြီးတန်တဲ့ လက်နက်ကဘာလက်နက်လဲ၊ ဘယ်သူက ရောင်းပြီးဘယ်သူကဝယ်မှာလဲဆိုတာကို စုံစမ်းပြီး ပြန်ရအောင် ကြိုးစားရပါတော့တယ်။ထုံးစံအတိုင်း အက်ရှင်တွေ မြှပ်ကွက်လေးတွေနဲ့ ဟာသတွေရောထားတာမို့ အပမ်းဖြေဖို့ ကားကောင်းတစ်ခုပါပဲ။


ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/khkkpppacw2022/3696
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
အမြဲ 💚Active now 💚 နေတဲ့ M9 ရှမ်းကိုးမီး ☺️ အဖိုးကြီး နဲံသမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို အခုဘဲအကောင့်ဖွင့်လိုက်တော့နော်

အရော်အစား မှန်နေမြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို အတွက်😍


⚡️ မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️နေ့စဉ်ဘောနပ် 20%
⚡️သူငယ်ချင်းမိတ်ဆက် 20%
⚡️သွင်းတိုင်းရ 10% ရှိတဲ့အပြင်


🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို ညီကိုတွေ မရလိုက်မှာဆိုးလို

အခုပဲ အမြန်ဆုံး အကာင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။
ဂိမ်းအကာင့်ဖွင့်ရန် -
📲 Viber - 09 406 502 075
/ Telegram 📲 @hyperm9skm link - ☎️ ""
viber link - https://msng.link/o?959406502075=vi

Telegram link - https://t.me/hyperm9skm"
”မိုးသည်းကြားက ဇိုးဘဲများ” (၂၀၂၅)
=============================================

အသစ်ထွက်ရှိထားတဲ့ မာလျာလမ်စကားပြာ သည်းထိတ်ရင်ဖို မှုခင်းဟာသ
ရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။
နယ်မြို့လေးတစ်မြို့ရဲ့ မိုးတွေသည်းနေတဲ့ ညလေးတစ်ညမှာပေါ့။
အဲဒီမြို့လေးထဲက ဘုံဆိုင်လေးတစ်ခုဟာ အပြင်မှာဆိုင်ပိတ်ထားပေမဲ့ ဆိုင်ထဲမှာတော့
သောက်နေကျဖောက်သည်တွေဟာ ရှက်ကီထုရင်း ဖဲရိုက်နေကြပါတယ်။
အဲဒီလိုလို အေးအေးလူလူ သောက်ရိုက်လုပ်နေတုန်း.. ဝုန်းဆို ဟိုဘက်အခန်းကနေ အသံကြားရလို့သွားကြည့်ကြတဲ့အချိန်မှာ ဆိုင်ရှင်ဖြစ်သူဟာ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေဆုံးနေတာကို အားလုံး တွေ့လိုက်ကြပါတယ်။
ဒါကို အစက သာမန် သဝာ်သေမှုလို့ ထင်ခဲ့ကြပေမဲ့ ရှက်ဘဲတွေထဲက လူရည်လည်သူတစ်ယောက်က
ဒါ သဝာ်သေတာမဖြစ်နိုင်ဘူး၊ လူသဝာ်မှုပဲဖြစ်မယ်၊ တရားခံက ဆိုင်ထဲမှာပဲရှိမယ်လို့
အာချောင်ပြီး ရဲစခန်းကို ဖုန်းဆက်တိုင်လိုက်ပါတယ်။
အဲဒီလို အာချောင်လိုက်တဲ့အတွက် အမှုဖော်တဲ့နေရာမှာ အင်မတန်တော်ပေမဲ့ ငယ်ဘဝက စိတ်ဒဏ်ရာကြောင့်
အရက်နံ့မခံနိုင်တဲ့ အင်စပက်တာဇာတ်လိုက်က အရက်ဆိုင်တွင်း လူသဝာ်မှုအတွက် ဝေလေလေ
ရှက်ကီဘဲတွေကြားကနေ တရားခံဖော်ဖို့ကြိုးစားပုံကို ဒီရုပ်ရှင်လေးထဲမှာ
အတည်ပေါက်ဟာသတွေနဲ့အတူ စိတ်ဝင်စားဖွယ် မြင်တွေ့ခံစားကြည့်ရှုကြရမှာပဲဖြစ်ပါတယ်…။

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw19/1401
Please open Telegram to view this post
VIEW IN TELEGRAM
ကဲတောင်းထားတဲ့ ဇွန်ဘီလေးရပြီနော်

ဟီဒဲအို ဟာ အသက် ၃၃ နှစ် ရှိပြီဖြစ်ပြီး
မအောင်မြင်သေးတဲ့ ကာတွန်းဆရာတစ်ယောက်ဖြစ်ပါတယ်...

အတူနေ ချစ်သူ ရှိပြီး ကာတွန်းဆွဲတဲ့အလုပ်
ကိုဇောက်ချ လုပ်နေပေမဲ့ အရံ ကာတွန်းဆရာဘ၀
ကနေတိုးတက်မလာပါ

အကြွေးတွေလဲတင် ချစ်သူကလဲ ငြိုငြင်လာ
ဟီဒဲအို ဘ၀ မှာ စိတ်ညစ်စရာတွေပဲ များနေခဲ့ပါတယ်...

တစ်ရက်မှာတော့ ဟီဒဲအို တို မြိုမှာပဲ
ခွေးကိုက်ခံရာကနေကူးစက်တက်တဲ့
ရောဂါတစ်မျိုး ပျံ့နှံ လာပြီး
ဟီဒဲအို ၏ အနီးဆုံး သူများကို ကူးစက်ခဲ့သော်အခါ....

ဒီရုပ်ရှင်ကားဟာ မကြာသေးခင်က
Facebook မှာVideo Clip အတိုလေး ပြန့်ပြီး
လူတိုင်းကြည့်ချင်နေတဲ့ဂျပန် ဇွန်ဘီ အက်ရှင်ကား
တစ်ကား ဖြစ်ပါယတ်IMDb Rating လဲ
မနည်းသလို ဇတ်လမ်းကလဲမဆိုးတဲ့
ရုပ်ရှင်ကားပါပဲသွေးထွက်သံယိုတွေ
ကိုက်ဖြတ်တာတွေ မကြည့်ချင်တဲ့သူတွေကတော့
ဒီလိုကားမျိုးကို ရှောင်သင့်ပါတယ်...

ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw11/2837
Please open Telegram to view this post
VIEW IN TELEGRAM
G_I-J_o-e R_e-t_a-l_i-a_t-i_o-n (2013)

အညွှန်း*
🔽🔽🔽

G*I J*o*e T*h*e Ri*se o*f Co*b*ra ရဲ့ အဆက်အနေနဲ့ ထွက်ရှိလာခဲ့ပြီးပထမရုပ်ရှင်က မင်းသားတွေဖြစ်တဲ့Channing Tatum တို့ လီဗျောင်ဟွန်းတို့အပြင် ဒီရုပ်ရှင်မှာတော့ Dwayne Johnson တို့ Bruce Willis တို့လို ဖိုက်တာတွေပိုပါဝင်လာတာမို့ ပိုကြမ်းလာတယ်ပြောရမှာပေါ့…။တကယ့်ဖိုက်တာမင်းသားတွေ အပြိုင်အဆိုင်ကြမ်းထားကြတာမို့ဇာတ်လမ်းထက် သူတို့ကြမ်းတာကို မနည်းလိုက်ကြည့်ရမလိုဖြစ်နေရပါတယ်။ဇာတ်လမ်းကတော့…G.I.Joe အဖွဲ့ရဲ့ ကပ္ပတိန်ဒုခ်နဲ့ အဖွဲ့သားတွေ ထောင်ချောက်ဆင်သ!တ်ဖြတ်ခံရပီးတဲ့နောက် အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ ရုတ်ဘလော့ခ် ( The Rock) လေဒီဂျေး , ဖလင့် နဲ့ Snake eyes တို့တွေပူးပေါင်းပြီး
Co*b*ra co*mm*an*der , Fir*efly , Zar*tan နဲ့ Sto*rm Sha*dow တို့ရဲ့ကမ္ဘာကြီးကိုဖျက်ဆီးမဲ့အစီအစဉ်ကိုဘယ်လိုတွေတားဆီးကျမယ်…သူတို့အဖွဲ့အတွက် ဘယ်လိုလက်စားချေမယ်ဆိုတာကို Action ဇာတ်ဝင်ခန်းအလန်းစားတွေနဲ့ကြည့်ရှုခံစားရမှာပါ။


ဇာတ်ကားကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw3/3164
Please open Telegram to view this post
VIEW IN TELEGRAM
T*h*e La*st o*f U*s (2025)


အပိုင်း(2)ရပါပြီ

ဇာတ်လမ်းအကျဉ်း

မှိုပိုးတစ်မျိုးကြောင့် လူတွေ အသားစားတဲ့ဇွန်ဘီးတွေလိုဖြစ်သွားပြီး ကမ္ဘာပျက်သွားပြီးနောက် နှစ် ၂၀ မှာအခြေပြုထားပါတယ်။

နယ်မြေတိုင်းမှာ သီးသန့်ဇုံတွေနဲ့ FEDRA အဖွဲ့ကစစ်အာဏာရှင်အဖြစ် တင်းတင်းကြပ်ကြပ်အုပ်ချုပ်နေပါပြီ။

ဇုံတွေထဲက ခိုးထွက်ရင် ခိုးဝင်ရင်ကို ကြိုးပေးသတ်ပါတယ်။ သူတို့တွေကို ပိုးစုန်းကြူးတွေဆိုတဲ့ တော်လှန်ရေးအဖွဲ့တွေကလည်းတိုက်ခိုက်နေပါတယ်။

ဂျိုအယ်ကတော့ ဘော့စ်တွန် သီးသန့်နယ်မြေထဲကမှောင်ခိုသမားတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့ညီကိုရှာဖို့ခိုးထွက်ဖို့ကြိုးစားချိန်မှာ

ပိုးစုန်းကြူးတော်လှန်ရေးအဖွဲ့ကလည်းဗရိုနီကာဆိုတဲ့ ကလေးမလေးကို အရမ်းအရေးကြီးတဲ့အကြောင်းတစ်ခုနဲ့ ကယ်ထုတ်ဖို့ ကြိုးစားနေပါပြီ။

ဂျိုအယ်နဲ့ ပိုးစုန်းကြူးအဖွဲ့တွေ့ပြီး ဗရိုနီကာနဲ့ဘယ်လိုစွန့်စားခန်းတွေ ဖွင့်မလဲဆိုတာကိုတော့..



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
Michael B Jordan ကြီး ၂ ကိုယ်ခွဲအမြွာအဖြစ်သရုပ်ဆောင်ထားတဲ့ 2025 ထွက် ဒီ Horror ရုပ်ရှင်ကြီးက စထွက်တည်းက rating သျှမ်းသျှမ်းတောက်နဲ့ကြမ်းနေပါပြီ

ဇာတ်လမ်းက စမုတ်ခ်နဲ့စတက်ခ် အမြွှာညီအစ်ကိုတွေ ချီကာဂိုကနေပြန်လာပြီး မွေးရပ်မြေမှာ ဘုံဆိုင်လေးဖွင့်ဖို့ပြန်လာခဲ့ပါပြီ။ သူတို့ရဲ့ဝမ်းကွဲညီ ဆမ်မီကိုလည်း လက်တိုလက်တောင်းအကူအညီတောင်းကြတာပေါ့။ သူတို့မသိခဲ့တာတစ်ခုက ဆမ်မီဆီမှာ ဝမ်းတွင်းပါရမီတစ််ခုရှိနေတာပါပဲ။ အဲဒီအစွမ်းက သူသီချင်းဆိုတဲ့အခါ နားဝင်ချိုရုံမက မမြင်အပ်တဲ့သတ္တဝါတွေကိုပါ ဖိတ်ခေါ်နေမိတာပါ။
ဆိုင်အသစ်ဖွင့်ပွဲမှာ ဆမ်မီရဲ့ သီဆိုသံတွေနဲ့အတူ ဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေနဲ့ မဖိတ်ထားတဲ့ဧည့်သည်တွေရဲ့ ညကို သွေးရောင်တွေဖုံးလွှမ်းလာတဲ့အခါ…..



ကြည့်ရန် အတွက် Comment မှာလင့်ချထားပါတယ်⬇️⬇️⬇️
Please open Telegram to view this post
VIEW IN TELEGRAM
Mr.Pregnant (2023)
***

အခုတစ်ခါမှာတော့ ၄ရက်အတွင်း‌၄ကုဋေကျော်အမြတ်ပြန်ရခဲ့တဲ့ ရုံတင်ကားလေးကို CMပရိသတ်ကြီးအတွက် တင်ဆက် ပေးလိုက်ရပါတယ်ဇာတ်လမ်းအကျဉ်းဇာတ်လိုက်ကျော်ဂေါ်သမ်ဆိုတဲ့သူက နာမည်ကြီးလူငယ်တက်တူးပညာရှင်တစ်ယောက်၊ သူ့ကို မဟီဆိုတဲ့ကောင်မလေးက တဖက်သတ်လိုက်ကြိုက်နေတာ
ဒီခေတ်စကားအရဆို crush နေတာပေါ့
မဟီက ဂေါ်သမ့်ဆီလာပြီး အမြဲတမ်းချစ်စကားတွေပြောလိုက်၊ကြူးလိုက်
မိန်းကလေးဘက်ကနေပဲ လက်ထပ်ခွင့်တောင်းလိုက်နဲ့ပေါ့၊ ဂေါ်သမ်က အစကတော့
မဟီ့ကိုလက်မခံဘဲ အမြဲငြင်းနေရာကနေ နောက်‌တော့ မဟီ့ရဲ့အချစ်တွေကြားမှာကျရှူံးသွားပြီး
သူတို့နှစ်ယောက်လက်ထပ်ကြလေသတည်းပေါ့။ ဒီအထိ ဇာတ်လမ်းကရိုးရိုးရှင်းရှင်းပေါ့လေ။တစ်နေ့ တက်တူးထိုးပြိုင်ပွဲလုပ်ရင်း ဂေါ်သမ်နိုင်သွားတာကို
မကျေမနပ်ဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့
တက်တူးထိုးဆရာတစ်ယောက်က ဂေါ့်သမ်ကို ရန်ငြိုးဖွဲ့သွားတယ်။ဂေါ်သမ်နဲ့မဟီတို့ လက်ထပ်ပြီး မဟီက ကလေးယူချင်ပေမဲ့
ဂေါ်သမ်က မဟီကိုယ်ဝန်ဆောင်ရမှာကို အကြောက်အကန် ငြင်းခဲ့တယ်။
အဲဒီလို မဟီကိုယ်ဝန်ဆောင်မှာကို မလိုလားရတဲ့
ဂေါ်သမ့်ဆီမှာ ကိုယ်ဝန်ဆောင်ရမှာနဲ့ပတ်သက်တဲ့ ဆိုးရွားတဲ့
စိတ်ဒဏ်ရာတွေရှိနေခဲ့လို့ပါ ။မဟီကလည်း ကလေးဇွတ်လိုချင်နေတော့ နောက်ဆုံးမှာ ဂေါ်သမ်လည်းကလေးယူဖို့
သဘောတူခဲ့ပေမဲ့ ကလေးရလာချိန်မှာ‌တော့ သန္ဓေသားလေးကို
ယောက်ျားကြီးတန်မဲ့ သူကိုယ်တိုင်ပဲလွယ်ထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်
လောကကြီးမှာမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေက အိန္ဒိယကားတွေထဲမှာတော့ ဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ဂေါ်သမ်တစ်ယောက် ယောကျာ်းကိုယ်ဝန်သည်ကြီးအဖြစ်
ဘယ်လိုမျိုးဂယက်တွေကြုံမလဲ၊ခုနက သူမသိလိုက်ဘဲ ရန်သူဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့သူရဲ့ရန်ငြှိုးဖွဲ့မှုတွေကို
ဘယ်လိုမျိုးရင်ဆိုင်သွားရမလဲဆိုတာကိုသိချင်ရင်တော့ အချစ်၊အလွမ်း၊ဟာသ ၊အက်ရှင်စတဲ့ရသစုံပါတဲ့ဒီဇာတ်ကားလေးကိုCMရုပ်ရှင်ချစ်ပရိသတ်ကြီးကပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးဗျ…(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ YH ~ KKKZ ~ Dee ~ Alex ~ ToMoတို့ပဲဖြစ်ပါတယ်)

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw19/1406
Please open Telegram to view this post
VIEW IN TELEGRAM
ကမ္ဘာမီးလောင် ရေဖုံးလွှမ်း လူတွေအကုန် ရေခဲတုံးဖြစ်တဲ့ ကပ်ဘေးကြီး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

၂၀၁၉ ခုနှစ်မှာ ကမ္ဘာအဝှမ်း ရာသီဥတုဆိုးရွားပျက်ဆီးမှုတွေ နဲ့ ကြုံတွေ့လာခဲ့ရတာကို စတင်ပြသထားပြီးအဲဒီ ရာသီဥတု ဆိုးဝါးတာတွေကို ကာကွယ်ဖို့အတွက် ဂျိတ် နဲ့ မတ် ဆိုတဲ့ ညီအကို ၂ ယောက်က နိုင်ငံတကာကသိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒက်ချ်ဘွိုင်း ဆိုတဲ့ စနစ်တစ်ခုကိုဖန်တီးခဲ့ပြီး အာကသထဲ စခန်းတည်ဆောက်ကာသက်ဆိုင်ရာ နိုင်ငံတွေရဲ့ ရာသီဥတုတွေကို လိုက်လျောညီထွေအောင်လုပ်ဆောင်နိုင်ခဲ့တယ်ဒီလိုနဲ့ တစ်ရက်မှာတော့ ဂျိတ် ဦးဆောင်ခဲ့တဲ့ ဒက်ချ်ဘွိုင်း စနစ်ကိုနာဆာ လက်အောက်ကို ရယူဖို့အတွက် ဂျိတ် ကို အလုပ်ဖြုတ်ပြီးစနစ် နဲ့ ဝေးရာကို တွန်းပို့ခဲ့ကြပါတော့တယ်ဂျိတ်မရှိတဲ့နောက်မှာဂျိတ် ရဲ့ ညီ ဖြစ်သူ မတ် က စနစ်ကို နာဆာ လက်အောက်မှ တဆင့်ဦးဆောင်ရင်း ၃ နှစ်ခန့် ကြာသော အခါမှာတော့….

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw28/4634
Please open Telegram to view this post
VIEW IN TELEGRAM
T_r-i_p-l_e F_r-o_n-t_i-e_r ( 2019 )

အညွှန်း*
🔽🔽🔽

မင်းသား ဘန်အက်ဖလက်၊ ချာလီဟန်နန်၊ အော်စကာအိုင်းဆက်တို့လို လူတွေနဲ့ ဇာတ်အိမ်ကေငာ်းကောင်းဖွဲ့ပြီး ရိုက္ကူးထားတာပါပဲ။ ထွေလာထွက်ကတည်းက မျှော်နေရတဲ့ကားဆိုလည်း မမွားပါဘူး။
ဇာတ်လမ်းအကျဉ်း

အထူးတပ်ဖွဲ့ဝင်ဟောင်းတွေရဲ့ ဘဝဟာလည်း သနားစရာကောင်းပါတယ်။ အစွမ်းကုန်လေ့ကျင့်၊ အသက်စွန့်တိုက်ခိုက်ပြီး မသေလို့ အနားယူချိန်ရောက်လာတော့ လက်ထဲမှာရှိတဲ့ပိုက်ဆံက သားသမီးကျောင်းစရိတ်တောင် မလုပ်တဲ့လူတွေ ဖြစ်လာပါတယ်။ သူတို့ဒီနယ်ပယ်မှာ တော်သလောက်သာ အပြင်လုပ်ငန်းတွေမှာ လုပ်နိုင်ခဲ့ရင် စားမကုန်တဲ့ငွေတွေရနိုင်မယ့် အရည်အချင်းရှိတဲ့ သူမျိုးတွေပါပဲ။ ဒီလိုအဖြစ်တွေကို သည်းမခံချင်တော့တဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်သိုက်ကတော့ တောထဲမှာ အစောင့်အပြည့်နဲ့ ငွေသန်းပေါင်းများစွာကို ဖင်ခုထိုင်ထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်အိမ်ကို ဝင်စီးပြီး တစ်သက်စားမကုန်မယ့်ငွေတွေကို ကိုယ့်အတွက်ကိုယ်သိမ်းဆည်းဖို့ ကြံစည်ကြပါတော့တယ်။ တကယ်တမ်းငွေတွေရလာတဲ့အခါ အရမ်းများလွန်းနေတဲ့အတွက် သူတို့ထင်ထားသလို မချောမွေ့ပဲ အခက်အခဲမျိုးစုံ ရင်ဆိုင်လာရပါတော့တယ်။

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/khkkpppacwchannel30/4657
Please open Telegram to view this post
VIEW IN TELEGRAM
Gu*nt*ur  Ka*ar*am [ 2/0/2/4 ]

Runtimeအဆုံးထိမပါရင်ဒေါင်းပြီးမှ
ဖုန်းထဲကိုSaveပြီးကြည့်ပါ

ဇာတ်လမ်းအစ ရာမာနာ(မဟေ့ရှ်ဘာဘူ) ဆယ်နှစ်သားအရွယ်မှာ သူ့အမေက
သူ့ကိုစွန့်ပစ်ခဲ့ပါတယ်

သူ့အဖေကိုလည်းထားခဲ့ပြီးတော့
နောက်အိမ်ထောင်ပြု သားထပ်မွေးသွားပါတယ်

အရွယ်ရောက်လာချိန်မှာတော့ ရာမာနာဟာ ဘယ်သူမှထိန်းမရတဲ့ ဘယ်သူ့ကိုဂရုမစိုက်တဲ့လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ

သူ့စိတ်ထဲမှာမမေ့နိုင်သေးတာတော့ သူ့အမေပေါ့သူ့အဘိုး ဗန်ကတ်ဆွာမိဟာ နာမည်ကြီး နိုင်ငံရေးသမားတစ်ယောက်ပါ

အဲ့ဒါအပြင် သူ့အမေရော သူ့ရဲ့အဖေကွဲညီကိုပါ နိုင်ငံရေးလုပ်ခိုင်းထားပါတယ်

သူတို့မိသားစုရဲ့နိုင်ငံရေးလောကမှာ ပထမသားကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့
အမည်းစက်တစ်ခုဖြစ်နေတဲ့အခါမှာ
ရာမာနာကို ဟိုက်ဒရာဘတ်ကိုခေါ်ပြီး အမွေ ဖြတ်ဖို့လုပ်ပါတော့တယ်

အဲ့ချိန်မှာ ရာမာနာနဲ့ သူချစ်ရတဲ့အမေမိသားစုကြားဘာတွေဆက်ဖြစ်မလဲဆိုတာတော့…….

ပရိသတ်ကြီးပဲ ဒီအချစ်အက်ရှင်ဇာတ်ကားလေးကို ဆက်လက်ခံစားကြည့်ရှုပေးကြပါလို့ ပြောကြားလိုပါတယ်...

Movie Link
⬇️⬇️⬇️
https://t.me/khkkpppacwch201/4722
Please open Telegram to view this post
VIEW IN TELEGRAM
S_e_c_r_e-t M_a-g_i-c C_o-n_t-r_o-l Agency [2021]

IMDB (6.2/10)

အညွှန်း*
🔽🔽🔽

ဇာတ်လမ်းအစမှာတော့ တိုင်းပြည်တစ်ခုရဲ့ ဘုရင်ကြီးက အသက်ဝင်နေတဲ့ အစားအသောက်တွေပြန်ပေးဆွဲတာ ခံလိုက်ရပါတယ်

အကယ်၍ ဘုရင်ပြန်ပေးဆွဲခံလိုက်ရတာသာ သတင်းပေါက်ကြားသွားရင် တစ်တိုင်းပြည်လုံး ကမောက်ကမ ဖြစ်ကုန်မှာပါ၊

ဒါကြောင့် ဒီကိစ္စကိုဖြေရှင်းဖို့ SMCA ကို တာဝန်ပေးလိုက်ပါတော့တယ်

အထူးအေးဂျင့် ဂရေတယ်နဲ့ သူ့အစ်ကို လူလိမ်ဟန်ဆယ်တို့က ဒီဇာတ်လမ်းထဲမှာတော့ မတည့်ကြတဲ့ မောင်နှမတွေအဖြစ်တွေ့ရပါတယ်

SMCA ရဲ့ ခေါင်းဆောင်က ပြန်ပေးသမားကိုဖမ်းဖို့ လူလိမ်အကြီးစားကို သုံးရမယ်လို့ ဆုံးဖြတ်လိုက်ပြီး သူတို့နှစ်ယောက်ကို တာဝန်ပေးလိုက်ပါတော့တယ်

စုံစမ်းနေရင်း ဟန်ဆယ်ရဲ့အမှားကြောင့် သူတို့နှစ်ယောက်လုံး ကလေးပေါက်စလေးတွေ ပြန်ဖြစ်သွားကြပါတယ်၊

ကလေးလေးတွေအဖြစ်နဲ့ပဲ ပြန်ပေးသမားကို လိုက်ရှာရင်း အလွဲလေးတွေနဲ့ စွန့်စားခန်းဖွင့်ကြပါတော့တယ်

#Credit


ဇာတ်ကားကြည့်ရန်
🔽🔽🔽
https://t.me/khanthtookyaw66/3004
Please open Telegram to view this post
VIEW IN TELEGRAM
Mi*ssi*on: Cr*o*ss (2024)

ဇာတ်လမ်းလေးက အက်ရှင်ကိုမှ ဟာသလေးတွေနှောပြီး ပေါ့ပေါ့ပါးပါးနဲ့ကြည်ရှုရမှာဖြစ်လို့ ပရိသတ်ကြီးအတွက် တစ်ခဏတာစိတ်အပန်းပြေစေနိုင်ဖို့ ကြည့်ရှုလိုက်ရအောင်ပါ။

Kang-Moo ဆိုတာ ထူးချွန်ထက်မြက်တဲ့အေးဂျင့်တစ်ယောက်ဖြစ်ပေမယ့် Mi-Sun ဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ပြီး သူ့ရဲ့နောက်ကြောင်းကိုဖုံးကွယ်ခဲ့ပါတယ်။လက်ရှိမှာတော့ Kang-Moo ဟာပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်သည်ဘဝနဲ့ အိမ်မှုကိစ္စတွေကိုနှိင်နှိင်နင်းနင်းဆောင်ရွက်နေတဲ့ ခင်ပွန်းသည်တစ်ယောက်ဖြစ်နေပါပြီ။

Mi-Sun ကတော့ အကြမ်းဖက်ရာဇ၀တ်မှုဆိုင်ရာဌာနခွဲတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့စုံထောက်တစ်ယောက်ပါ။သူကတော့ ခင်ပွန်းသည်ရဲ့ဘဝနောက်ကြောင်းကိုမသိတဲ့သူပါ။တစ်နေ့ Kang-Moo ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း Hee-Joo ဆိုတဲ့အမျိုးသမီးတစ်ယောက်ပေါ်လာပြီး ခင်ပွန်းသည်ရဲ့သံသယဖြစ်ဖွယ်အနေအထားတွေကို မြင်တွေ့လာရတဲ့အချိန် ခင်ပွန်းသည်ရဲ့နောက်ကြောင်းကိုစုံစမ်းခဲ့ပါတယ်။

ဒီလိုနဲ့ Kang-Moo ၊ Mi-Sun တို့လင်မယားနှစ်ယောက်ဟာ မထင်မှတ်ထားတဲ့ ကိစ္စကြီးတစ်ခုမှာပါဝင်ပတ်သက်မိပြီး ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ပရိသတ်ကြီးကပဲကြည့်ရှုလိုက်ပါဦးနော်။


Movie Link
⬇️⬇️⬇️
https://t.me/channelh2025/638
Please open Telegram to view this post
VIEW IN TELEGRAM