ကာနယ်ချစ်ကောင်း
14K subscribers
24.1K photos
2.58K videos
14 files
755 links
နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပါမည်
Download Telegram
၁၇.၉.၂၀၂၄
Written by TZ
စက်တင်ဘာလ ၁၆ ရက် ညခင်းအချိန်တွင် ပျဥ်းမနားမြို့၊ ဆင်သေကျေးရွာ၌ လှူဖွယ်ပစ္စည်းများလုယက်ရာမှ ရေဘေးသင့်ကျေးရွာသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားကာ အမျိုးသားတစ်ဦး ဓားခုတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ရေလွှမ်းမိုးမှုကြောင့် နေအိမ်များပျက်စီးသွားသည့် ပျဥ်းမနားမြို့ရှိ ဆင်သေရွာသို့ အလှူရှင်များမှ ပစ္စည်းအစုံအလင် လှူဒါန်းပေးထားရာမှ ဆင်သေကျေးရွာ၏ ရွာတောင်ခြမ်းနှင့်ရွာမြောက်ခြမ်းရှိ ရေဘေးသင့်ပြည်သူအချင်းချင်း လှူဖွယ်ပစ္စည်းများကို လုယက်ရာမှ ကျေးရွာသားအချင်းချင်း ရန်ဖြစ်စကားများခဲ့ကြောင်း သိရသည်။
“ရေတွေကျသွားတော့ သူတို့အိမ်တွေပြန်ကြတယ်။ အဲ့ရွာဘက်ကို အလှူရှင်တွေ​က ပစ္စည်းတွေ လှူထားတာ။ အဲ့ဒါကို ငါတို့ဘက်ခြမ်းကရမယ်။ ဒီဘက်ခြမ်းက ရမယ်ဆိုပြီး ဖြစ်ကြတာ။ ရွာတောင်ခြမ်းကသူတွေနဲ့ ရွာမြောက်ခြမ်းကသူတွေ ဖြစ်ကြတာ။ အဲ့ဒီမှာ မြောက်ခြမ်းကသူက တောင်ခြမ်းကသူကို ဓားနဲ့ခုတ်တာ ရွာတောင်ခြမ်းက အမျိုးသားတစ်ယောက် ဒဏ်ရာရတယ်” ဟု ဆင်​သေကျေးရွာနေ ပြည်သူတစ်ဦးက MT News သို့ ပြောသည်။

ရန်ဖြစ်စကားများ၍ ဓားခုတ်ခံရမူကြောင့် ဒဏ်ရာရရှိသူ အသက် (၄၀) ဝန်းကျင်ရှိသည့် ဆင်သေကျေးရွာ၊ ရွာတောင်ခြမ်းတွင် နေထိုင်သည့် အမျိုးသား၏ ဦးခေါင်း၊ ခြေထောက်၊ လက်တို့တွင် ဒဏ်ရာအပြင်းအထန်ရရှိမူကြောင့် ကုတင် ၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးသို့ မိုးစေတနာပရဟိတအသင်း နေပြည်တော်( ပျဥ်းမနားရုံးခွဲ) အသင်းယာဥ်ဖြင့် ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။
ဓာတ်ပုံ – မိုးစေတနာပရဟိတအသင်းနေပြည်တော်( ပျဥ်းမနားရုံးခွဲ)
Continue Reading
Previous
😱39👍15👎81
ရာဂီမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးသင့် ဒေသများအတွက် ကူညီရန် ထိုင်းနိုင်ငံရှိ Disaster Emergency Logistics System For ASEAN (DELSA) Warehouse မှ ကူညီထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ၊ ကယ်ဆယ်ရေးပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ဆက်လက်ပို့ဆောင်
👍5015
ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာလ ၁၇ ရက်
57👍18
နာမည်ကြီး အဆိုတော်တွေ အကုန်လုံး
လမ်းဘေး ရောက်ကုန်ကြပြီ 😜

ရေဘေးသင့် ပြည်သူတွေအတွက်
ကူညီ၊ ကယ်ဆယ်ရေးနဲ့
ပြန်လည်ထူထောင်ရေးအတွက်ပါ 💪

ကျနော်လည်း တွေ့တဲ့နေရာတိုင်းမှာ
နိုင်သလောက် လှူဒါန်းဖြစ်ပါတယ်

သာဓု သာဓု သာဓုပါဗျာ 🙏🏻

We are Myanmar 🇲🇲🇲🇲🇲🇲
107👍37
This media is not supported in your browser
VIEW IN TELEGRAM
မင်္ဂလာနံနက်ခင်းပါ ဘေးရန်ကင်းကွာ
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ
🙏113👍52
တကယ်ကိုပဲ
စိတ်မကောင်းဖြစ်မိပါတယ်

ရမည်းသင်းမြို့နယ်ထဲက မြေပြိုတဲ့ရွာလေးပေါ့

တချိန်တုန်းက
ရွာထဲမှာ...
ထမီတွေကို အလံထူခဲ့လို့
ရဟန်း၊သံဃာတော်တွေ
ဆွမ်းခံ မကြွခဲ့ရဘူးတဲ့။

ခုတော့...😔
👍86😱34💯42👏1😨1
အဲ့တော့ ဘာဖြစ်ချင်တာလည်းပြောလေ ရင်ထဲပေါ့သွားအောင်
👍76👏145😁1
ကလောမြို့နယ်တွင် နယ်‌မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ရပ်ကွက်၊ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ ဘူတာ၊ ဈေးများတွင် လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက်နဲ့ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
62👍38