Upper Burma News Agency
417 subscribers
334 photos
23 videos
57 links
စစ်ကိုင်းတိုင်းပြည်သူမီဒီယာ
Download Telegram
မင်းကင်းနယ်၊ကံရွာပျူစခန်းတိုက်ခိုက်ခံရ။

ဖေဖော်ဝါရီ၇

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက စစ်တပ်ထောက်ခံသူတွေ နေထိုင်တဲ့ ကံရွာလို ခေါ်တဲ့ ပျူစောထီးရွာကို ဒီနေ့ ဖေဖော်ဝါရီ၇ရက်နေ့ မနက်ခင်း၃နာရီခွဲအ ချိန်က စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေက ကနီသားများ၏ရင်တွင်းအသံကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က မင်းကင်းမြိုဘကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကံရွာ က လူနေအိမ်၁၃၀ကျော်မီးလောင်ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲအတွင်းစစ်ကောင်စီ၆ဦး နေရာတင်သေဆုံးကာ ဒဏ်ရာရရှိတဲ့ ပျူစောထီး၃၀လောက်ကို မင်းကင်းပြည်သူဆေးရုံခေါ်သွာတယ်လို့ ဒေသခံမျက်မြင်သူ တွေစီကနေသိရပါတယ် ။
ကံရွာဟာမင်ကင်းမြိုနဲ့ အနီးဆုံးကျေးရွာတစ်ရွာလည်းဖြစ်တယ်လို့သိရပါတယ်။

#မင်းကင်းသတင်း
#ကံပျူရွာ
#စစ်သားနဲပျူသေဆုံး
#upper_burma_news_agency
#အညာဒေသသတင်းများ
Forwarded from Khit Thit Media
မင်းကင်းမြို့နယ်၊ ကံကျေးရွာရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၆ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိ၍ နေအိမ် ၁၃၀ ကျော် မီးလောင်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံကျေးရွာရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှင့်ပျူစောထီး ၆ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၃နာရီ ၃၀ မိနစ်အချိန် ကံကျေးရွာရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကံကျေရွာထဲအထိ ဝင်ရောက် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

"တိုက်ပွဲဖြစ်တာတော့ ၃နာရီ ‌လောက် ကြာတယ်။ မင်းကင်းမြို့မှာရှိတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ကူတာတွေလည်းရှိတယ်ဗျ။ သူတို့ပစ်တဲ့ လက်နက်ကြီးတွေရွာထဲကျရောက်ပြီး ကံရွာက ပြည်သူ့နေအိမ်တွေလည် မီးလောင်တယ်။ စစ်ခွေးအပါဝင် ပျူ၆ကောင်ကတော့ နေရာတင်သေတယ်။ ကျန်တဲ့ ပျူခေါင်းဆောင်အပါဝင် ဒဏ်ရာရသူ၃၀လောက်ကတော့ မင်းကင်းဆေးရုံကို ကားနဲ့သယ်သွားတယ်လို ဖရဲသီးဆီကနေသိရပါတယ်။ တော်လှန်ရေးတပ်တွေကတော့ ကံရွာထဲအထိ အကုန် ရှင်းလင်းနိုင်ခဲ့တယ်။ ကိုယ့်ဘက်ကတော့ ၁ ဦး လက်နက်ကြီးကျည်စထိမှန်တယ်။ စိုးရိမ်ရတယ်။ ကျန် ၅ဦးကတော့ မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်" ဟုဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ရှင်းပြသည်။

ကံကျေးရွာသည် မင်းကင်းမြို့နှင့် ၃မိုင်ခန့် သာ ကွာဝေးသည့် ကျေးရွာတစ်ရွာဖြစ်ပြီး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ လူနေအိမ် ၁၃၀ မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ မီးရှို့မှုကြောင့် မီးလောင်နေသော ကျေးရွာတစ်ရွာ။ (ပုံအဟောင်းဖြစ်ပါသည်။)
Forwarded from DVB TV News
- လက်နက်ကြီးကျပြီး ၂ ဦး သေဆုံးခဲ့မှု စစ်ကောင်စီသံအမတ် ကန့်ကွက်ခံရ။
- ကော့ကရိတ်မြို့ ခမရ ၅၄၆ ရှေ့တန်းစခန်းတခုကို KNLA ပူးပေါင်းတပ် သိမ်းပိုက်။
#dvbtvnews #dvbdigital #myanmar
DVB Digital 9am News Update. 08/02/2024
Subscribe Youtube Channel for instant updates!
https://youtu.be/pjSVhAU_2Z4
Forwarded from DVB TV News
ကောလင်းကိုပြန်လည်ရရှိဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား ၃ရက် မြောက် နေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။ စစ် ကောင်စီဟာ စိတ်ဓာတ်စစ်ဆင်ရေးအရ ကောလင်းကိုပြန်လည်ရရှိဖို့ကြိုးစားနေတာဖြစ်ပြီး တော်လှန်ရေး အင်အား စုတွေက အကောင်းဆုံးဟန့်တားထားနိုင်တယ်လို့လည်း ဆိုပါတယ်။
#dvbtvnews #ကောလင်း #myanmar
https://youtu.be/u1GoZQTEUfI
ဘုတလင်မြို့ မြောက်ဘက်က ကျေးရွာတွေစီ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်မိုင်းမိကာ သေဆုံးမှု့များရှိ ဟု ဒေသခံ တွေ ပြောဆို။

ဖေဖော်ဝါရီ၂၀၊၂၀၂၄

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့ရဲ့မြောက်ဘက်ကကျေးရွာတွေစီကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီ စစ်ကြောင်း ဒီနေ့ဖေဖော်ဝါရီ၂၀ရက် နေ့မနက်ခင်းမှာ တိုက်မိုင်းမိတာတွေရှိခဲ့တယ်လို့ ဒေသခံ တွေစီကနေသိရပါတယ်။

အဆိုပါတိုက်မိုင်းများကို ပြည်သူကာကွယ်ဘက်က ကြိုတင်ပြင်ဆင် ထောင်းထားတာလည်းဖြစ်တယ်လို့ဒေသခံ ကနီသားများ၏ရင်တွင်းအသံ သတင်းဌါနကို တွပြောပါတယ်။

*တိုက်မိုင်းမိတဲ့ နေရာက ကနီ-ကနဲ-ဘုတလင်ကားလမ်းဘေးက မင်းကျော် ခေါင် ပန့်ဆီဆိုင်နဲ့ထန်းတောရွာကြားမှာ မိသွားတာ။‌မိုင်း ပေါက်ကွဲတာက မနက်ခင်း ၅နာရီ နီးပါအချိန်က ပေါက်တာ။အဲလို‌ေပါက်ကွဲပြီး ဒဏ်ရာရတဲသူ တွေကို အထမ်းတွေနဲ့ထမ်းသွားတာတွေလည်းမြင်လိုက်ရတယ်။တွဲခေါ်တာတွေလည်းမြင်လိုက်ရတယ်လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

မိုင်းထိပြီး စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းရှေ့ဆက် မထိုးဘဲ ဘုတလင်မြို့ထဲပြန်ဝင်သွားတယ်လို့ လည်းသိရပါတယ်။

*ခါတိုင်းကတော့ တစ်ရွာဝင် တစ်ရွာထွက် လုပ်ပြီး မိုင်းရှင်းလင်း လုပ်တဲ့ အဖွဲ့ဗျ။ဒီတစ်ခါတော့ အလစ်အငိုက်မိသွားတယ်လို့ ပြောရမှာဘဲဗျ။မိုင်းက ၃လုံးပူးတိုက်မိုင်း မိသွားတာ။သေတာ၂ယောက်၊ဒဏ်ရာပြင်းထန်၂ယောက်နဲ့ ပေါက်ပြဲဒဏ်ရာရသူ တွေများတယ်လို့ ဖရဲသီးစီကနေ သိထားရတယ်။သေတဲ့ အလောင်း၂ လောင်းက တော့ ဘုတလင် ဘော်လုံးကွင်းထဲမှာထားပြီး နေ့ခင်း၂နာရီမှာ မြေမြုပ်သင်္ဂြိုလ်မယ်လို့လည်းသိထားရတယ်လို့ ဘုတလင်ပြည်သူကာကွယ် ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးစီက‌ေနသိရပါတယ်။
စစ်ကောင်စီ စစ်ကြောင်းကတော့ ဘုတလင်မြို့နယ်အတွင်း အခုလို စစ်ကြောင်းထိုးပြီး ကျေးရွာအတွင်းဝင် ရောက်မီးရှို့တာ တွေလည် ပြုလုပ် လေ့ရှိတယ်လို့ ဘုတလင် ဒေသခံ တွေကပြောပါတယ်။

အခုဖေ ဖော်ဝါရီလအတွင်း ဘုတလင်မြို့နယ်အတွင်းက ကွမ်းခြံရွာ၊မြို့ပေါ်ရွာ၊ဇီးတောရွာတွေကို စစ်ကောင်စီတတပ်က မီးရှို့ဖြတ်စီးတာ တွေလည်း လုပ်ဆောင်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

#ကနီသားများ၏ရင်တွင်းအသံ
#ဘုတလင်
#စစ်ကောင်စီစစ်ကြောင်းတိုက်မိုင်းမိ
#စစ်သား၂ဦးသေ
ပုံ -စစ်ကောင်စီက မြို့ပေါ်ရွာကို မီးရှို့ခဲ့တဲ့ ပုံဖြစ်ပါတယ်
စစ်ကိုင်းတိုင်းဒေသတွင်းသတင်းများကို လက်လှမ်းမှီသလောက် ဒီTelegramကနေ စုစည်းတင်ပြပေးပါမယ်။
ပုလဲနယ်ကန့် ဒေါင့်ရွာမှာ တပ်ဆွဲနေတဲ့စစ်ကောင်စီ၃ပွင့်ဗိုလ်တစ်ဦးကို ကာကွယ်ရေးတပ်က ဖမ်းဆီးရ။

မတ် - ၂၈

မတ်လ၂၇ရက်နေ့ နေ့ခင်း၁၁နာရီခွဲအချိန်ကပုလဲနယ်ကန့် ဒေါင့်ရွာမှာ တပ်ဆွဲနေတဲ့ စစ်ကောင်စီ ၃ပွင့်ဗိုလ်တစ်ဦးကို ကာကွယ်ရေးတပ်က ဖမ်းဆီးရမိတယ်လို့ ပုလဲမြို့နယ် တော်လှန်ရေးအဖွဲ့တွေစီက နေသိရပါတယ်။

အဆိုပါစစ်ကောင်စီ၃ပွင့်ဗိုလ်အမည်ဟာဗိုလ်ကြီး ဟိန်းရဲထက် ဆိုသူဖြစ်တယ်လို့လည်းသိရပါတယ်။

*ကန့်ဒေါ့င်ရဲစခန်းက စစ်သားနဲ့ရဲ တွေ လှုပ်ရှားမှု့ကို စောင့်ကြည့်နေတဲ့အချိန်မှာ အရက်သောက်ထွက်လာတဲ့ စစ်ဗိုလ်ကို ဝင်ဖမ်းဆီးနိုင်ခဲ့တာဗျ။သူနဲ့အတူကတော့ ဖုန်းတလုံး၊ဆိုင်ကယ်တစ်စီး၊စကားပြောစက်တစ်လုံး ပါခဲ့တယ်။ဖမ်းစီးရမိတဲ့စစ်သားကို တော့ NUGအစိုးရရဲ့ ဥပဒေအတိုင်းအ ရေးယူ ဆောင်ရွက်သွားမယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေလည်း သတင်းပို့ထားပြီးပြီဗျလို့ယင်းမာပင်ခရိုင် တပ်ရင်း (၁၉) - Pale Jokers PDF အဖွဲ့ တပ်ရင်းမှူး ဗိုလ်ပုလဲက ပြောပါတယ်။

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက*မနေ့ကတော့ ကျွန် တော်တို့စီကိုPale Jokers PDFအ နေ ကန့်ဒေါင့်ရွာ က စကစ အရာရှိစစ်သားတစ်ဦး ဖမ်းမိတယ်သတင်ပို့ထားတယ်ဗျ။ကျနော်တို့အနေနဲ့ကတော့ အဆင့်ဆင့်တာဝန်ရှိသူတွေကိုတင်ပြပြီးစစ်ဘက်ဆိုင်ရာတာဝန်ရှိသူ တွေ လိုအပ်သလို စီမံ ဆောက်ရွက်ကကြပါလိမ့်မယ်။စကစအရာရှိတစ်ဦးဖမ်းစီးရမိတယ်ဆိုတဲ့ သတင်းက တော့ အတည်ဖြစ်ပါတယ်လို့ ပြောပါတယ်။


ပုလဲမြို့နယ်အတွင်းမှာ စစ်ကောင်စီက ပုလဲမြို့အပြင် အထိုင်ချတပ်ဆွဲ နေတဲ့နေရာက ကန့်ဒေါ့င်ရွာ၊အင်မထီးရွာနဲ့ဇီးဖြူကုန်းရွာတွေမှာ အထိုင်ချတပ်ဆွဲ နေပြီးအဆိုပါတပ်များနဲ့ ဒေသခံကာကွယ်တပ်များတို့ နေတိုင်နီးပါး တိုက်ပွဲဖြစ်ပွားလျှက်ရှိတယ်လို့လည်း သိရပါတယ်။

ပုံ-ပေးပို့

၂ပွင့်ရစဉ်က ရိုက်ကူးထားတဲ့ ပုံအဟောင်းဖြစ်တယ်လို့လည်း ကာယကံရှင်ကပြောပါတယ်။