ရုပ်ရှင်အညွှန်း 📽️🎥
2.31K subscribers
1.97K photos
5 links
Download Telegram
Mindhunter (2020) Season 1+2

VIP Series
Mindhunter (2020)
==========

(သို့မဟုတ်)

ကမ္ဘာကျော် လူသတ်သမားကြီးတွေရဲ့စိတ်ထဲထိ ထိုးဖောက်ထွင်းကြည့်တဲ့ series

၁၉၉၅ ခုနှစ်က စာအုပ် တစ်အုပ် ထွက်ခဲ့တယ်။ ရေးတဲ့သူက FBI agent John E. Douglas တဲ့။ သူ ရေးတဲ့စာအုပ်က serial killers လို့ ခေါ်တဲ့ လူပေါင်းများစွာ သတ်ခဲ့တဲ့ လူသတ်သမားကြီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ အတွေးအခေါ်တွေကို သူကိုယ်တိုင် တစ်ထောင်ဝင် တစ်ထောင်ထွက် အင်တာဗျူးလုပ် လေ့လာထားတဲ့ အကြောင်း။
“ Mindhunter : Inside the FBI’s Elite Serial Crime ”တဲ့။
ဘာကြောင့် ဒီပုဂ္ဂိုလ်တွေဟာ လူသတ်ရတာလဲ? ဘာကြောင့် တစ်ယောက် ထဲ သတ်လို့ မဝပဲ ဇိမ်နဲ့ တစ်ယောက်ပြီး တစ်ယောက် စိတ်ရှည် လက်ရှည် သတ်နေတာလဲ? သူတို့ ဘာကို သာယာ လို့ လူသတ်တာလဲ? ဘာကို မက်မောလို့ လူသတ်တာလဲ?
John E. Douglas ဟာ ဒါတွေကို အခက်အခဲတွေ ကြားထဲကနေ အဆင့်တွေ အမျိုးမျိုး ဖြတ်သန်းပြီး ထောင်ထဲတွေထိ ကိုယ်တိုင်သွားပြီး စိတ္တဇဆန်ဆန် လူသတ်သမားကြီးတွေကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ နောက်တော့ ဒီ စာအုပ် ထွက်လာရတာပဲ။ စာအုပ်ထွက်ပြီး နှစ် ၂၀ ကျော် အကြာမှာတော့ ဒီ ဇာတ်လမ်းတွဲ တစ်တွဲ ပေါ် ထွက်လာပါတယ်။

Mindhunter ဇာတ်လမ်းတွဲဟာ အုံးဒိုင်း ချ ခန်းတွေ မပါဘူး။ ဇာတ်လမ်းစတိုင်ကလည်း သွက်သွက်လက်လက် မရှိဘူး။ ဒါပေမယ့် ဆရာဝန်လက်ထဲက ဆေးထိုးအပ်တစ်ချောင်းလို ကျွန်တော်တို့ စိတ်ထဲကို စူးခနဲဝင်ရောက်လာပြီး ဖြည်းဖြည်းချင်း ချယ်လှယ် သိမ်းပိုက်မယ့် ဇာတ်လမ်းတွဲ မျိုးပါ။
Edmund Kemper ဆိုတာ တကယ် ရှိခဲ့တဲ့ လူသတ်သမား။ အရပ်က ၆ ပေ ၉ လက်မ ရှိတယ်။ IQ က 145 . . ။ ပုံစံက သန့်သန့်ပြန့်ပြန့် ပညာတတ် မျက်နှာမျိုး။ ဒါပေမယ့် သူဟာ လူ ဆယ်ယောက်လောက်ကို စိမ်ပြေ နပြေ ဖြည်းဖြည်းချင်း Plan သေချာဆွဲပြီး သတ်ခဲ့တဲ့ serial killer ကြီးပါ။ လူဆယ်ယောက်ထဲမှာ အထူးသဖြင့် သူ့ သားကောင်တွေဟာ ဆယ်ကျော်သက် အမျိုးသမီးတွေ။ ဒါ့အပြင် သူ့ အဖိုးအဖွားအရင်းနဲ့ အမေအရင်းကိုပါ သူကိုယ်တိုင် သတ်ခဲ့တယ်။ အမေအရင်းနဲ့ အဖိုးအဖွား အရင်းနော်။ သူ့ကို ဘယ် သူမှ ဖမ်းလို့မမိခဲ့ပါဘူး။

ဒါပေမယ့် တစ်နေ့တော့ သူကိုယ်တိုင်ပဲ ရဲတပ်ဖွဲ့ကို ဖုန်းဆက် ပြီး အဖမ်းခံခဲ့တယ်။

Holden Ford နဲ့ Bill Tench ဆိုတဲ့ FBI အရာရှိ နှစ်ယောက်ဟာ Kemper ကို အင်တာဗျူး လုပ်ခဲ့ကြတယ်။ သူတို့နှစ်ယောက်ဟာ ပြည်နယ်တွေ မြို့တွေကို လှည့်ပတ်ပြီး ရဲအရာရှိတွေကို စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ ထောက်လှမ်းရေးပညာကို သင်ပေးနေကြသူတွေ။ တစ်နေ့မှာတော့ အထက် လူကြီးမသိအောင် ဟိုလို လိမ့်လိုက် ဒီလို လိမ့်လိုက်နဲ့ ထောင်ထဲထိ ဝင်ပြီး Kemper နဲ့ တွေ့ခဲ့ကြတာပါ။ ဒီ တွေ့ဆုံမှုက Mindhunter ရဲ့ အစ လည်းဖြစ်သလို သူတို့နှစ်ယောက်ရဲ့ဖြစ်လာလတ္တံ့သော သုတေသန လုပ်ငန်းကြီးရဲ့ အစ လည်း ဖြစ်ပါတယ်။ အဲ့ဒီမှာ IQ မြင့်တဲ့ Kemper ကြီး နဲ့ သူတို့နှစ်ယောက်နဲ့ အပြန်အလှန် စကားပြောနေကြတာတွေက အင်မတန် စိတ်ဝင်စားဖို့ကောင်းတယ်။ ဘာကြောင့် သူ့ အမေအရင်းကိုတောင် ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့တာလဲဆိုတဲ့ အဖြေကို သူ ဖြေပြတယ်။ ဒီ သုတေသန လုပ်ငန်းကို သူတို့ဟာ ဘာကြောင့်လုပ်ရသလဲဆိုတော့ Kemper လို serial killers တွေကို ပိုပြီး နားလည်လာအောင်ပါ။ ပို နားလည်လာတဲ့အခါမှာ အနာဂတ်မှာ ထပ်ပြီး ကြုံလာရမယ့် serial killers တွေကိုပါ ပိုပြီး လွယ်လွယ်ကူကူ ကိုင်တွယ်လာနိုင်မယ်။ ဖမ်းဆီးလာနိုင်မယ်။ ဒီဇာတ်လမ်းတွဲမှာ Kemper အပြင် တခြား စိတ်ဝင်စားစရာကောင်းတဲ့ အမေရိကန် စိတ္တဇ လူသတ်သမားကြီးတွေ အများကြီးကို ဖြေးဖြေးချင်း အင်တာဗျူး လိုက်လုပ်ပြီး သူတို့ရဲ့ သုတေသနရလဒ်တွေကို သက်သေပြဖို့ ကြိုးစားကြတဲ့ အဓိက character တွေဖြစ်ကြတဲ့ Holden တို့ အဖွဲ့ကို မြင်ရပါလိမ့်မယ်။
Robbing Mussolini (2022)

မြူးမြူးလေးနဲ့ ရင်သပ်ရှုမောဖွယ် အက်ရှင်ဇာတ်ကားကောင်းလေး တစ်ပုဒ်ကို လိုအပ်နေတဲ့ ရုပ်ရှင်ချစ်သူတို့အတွက် ဒီဇာတ်ကားလေးကို ညွှန်းလိုက်ပါရစေ။

ဒုတိယကမ္ဘာစစ်ကြီး ပြီးကာစ မီလန်မြို့လေးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ခုပါ။

စစ်ပွဲအတွက် သုံးဖို့ အီတလီနိုင်ငံသားတွေ ပေးထားတဲ့ နှစ် ၂၀ ကျော်က ရတနာပစ္စည်းတွေကို ဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီတို့က သိမ်းယူထားခဲ့တယ်။ အဲ့ဒါကို သိသွားတဲ့ မှောင်ခိုသမားလေး ပီအဲထရို တစ်ယောက် စီမံကိန်းကြီး အကြီးကြီးကို ချလိုက်တယ်။

အဲ့ဒါကတော့ “Robbing Mussolini” မူဆိုလီနီကို ဓါးပြတိုက်ဖို့ပဲ ဖြစ်ပါတယ်။

ပီအဲထရိုရဲ့ ချစ်သူ အီဘုန်းက မူဆိုလီနီရဲ့ အယုံကြည်ရဆုံး အရာရှိတစ်ဦးရဲ့ အငယ်အနှောင်းအဖြစ် နေခဲ့တယ်။ ဒီစီမံကိန်းကြီးမှာ ပီအဲထရိုတို့အဖွဲ့က လူ ၃ ယောက်ထပ်လိုခဲ့တယ်။ သူခိုးတစ်ယောက် ဖောက်ခွဲရေးကျွမ်းကျင် တစ်ယောက်နဲ့ ကားမောင်းကျွမ်းကျင်တစ်ယောက်။

မူဆိုလီနီတို့ ဖက်ဆစ်အုပ်စုကလည်း အီတလီကနေ ထွက်ပြေးတော့မယ့် အနေအထားမှာ ပီအဲထရိုတို့အဖွဲ့က ရတနာတွေကို ဘယ်လို ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး ဖောက်ခွင်းမလဲဆိုတာကို တစ်ဝကြီး ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
Crd
Money Heist: Korea - Joint Economic Area(2022) Part Two

စပိန်နာမည်ကြီး Money Heist စီးရီးကို Remark လုပ်ထားတဲ့

ကိုရီးယားဇာတ်လမ်းတွဲထွက်ရှိလို့လာပါပြီ....

အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်လို့ စပိန်စီးရီးဖန်တွေစောင့်ကြည့်စရာ

ဖြစ်လာခဲ့သလို ကိုရီးယားပရိတ်သတ်တွေအတွက်လည်း

ရင်ခုန်စိတ်လှုပ်ရားစီးရီးတစ်ခုဖြစ်လာပါတယ်...

ဇာတ်လမ်းကျောရိုးကတော့ Genius တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာ

နာမည်ခံ လူတစ်ဦးက စပိန်ရဲ့အကြီးဆုံးဘဏ်ကြီးကိုဓားပြတိုက်ဖို့ရာ

တစ်ခုစီမှာ skillful ဖြစ်နေတဲ့ လူတွေစုစည်းပြီး အချီကြီးတိုက်ကြတာပါပဲ...

ကိုရီးယားစီးရီးထဲမှာတော့ ဘယ်လိုဆန်းသစ်လာမလဲ...

ကာရိုက်တာ တစ်ယောက်အချင်းလိုက် ဘာတွေထူးခြားလာမလဲ...

ဘယ်လို special tools တွေ သုံးလာမလဲ...
Crd
Aeon Flux (2005)

၂၀၁၁ ခုနှစ်မှာ ဗိုင်းရပ်စ်တစ်ခုက ကမ္ဘာ့လူဦးရေရဲ့ ၉၉ရာခိုင်နှုန်းကို

သေဆုံးစေခဲ့ပါတယ်။ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့

ထရေဗာဂွတ်ချိုင်းလ် က ကုသနည်းကို တီထွင်ခဲ့ပါတယ်။

ငါးသန်းသော အသက်ရှင်ကျန်ရစ်သူတွေက ကမ္ဘာမှာ တစ်ခုတည်း

ကျန်တဲ့မြို့ ဘရက်ဂ်နာမှာ နေထိုင်ကြပါတယ်။

ဂွတ်ချိုင်းလ်ဟာ နှစ် ၄၀၀ လောက်အထိ အုပ်ချုပ်ခဲ့ပြီး

နှစ်တွေကြာလာတာနဲ့အမျှ နိုင်ငံဟာ တဖြေးဖြေးနဲ့ ပြိုလဲလာပါတယ်။

ဂွတ်ချိုင်းလ်အစိုးရဟာ လူပျောက်မှုတွေကို လစ်လျူရှူရုံတင်မက

သူတို့ကို အာခံသူတွေကိုပါ သုတ်သင်ကြပါတယ်။

ပြည်သူတွေဟာ သူတို့မတွေ့ကြုံဖူးတဲ့ ပုံရိပ်တွေ ခြောက်လှန့်

တာလည်း ခံစားနေရပါတယ်။

ဒီတော့ ဂွတ်ချိုင်းလ်အစိုးရကို ဆန့်ကျင်ဖို့ မော်နီကန်ဆိုတဲ့

လက်နက်ကိုင်ဆန့်ကျင်သူအဖွဲ့ ပေါ်ပေါက်လာခဲ့ပါတော့တယ်။
Crd
Sweet Home (2020) (Season -1)
--------------------------------
IMDB (7.3/10)

ဒီဇာတ်လမ်းတွဲလေးကတော့ Webtoon ကိုအခြေံပြီး ရိုက်ကူးတင်ဆက်ထားတာပါ၊ အဓိကသရုပ်ဆောင်များကတော့ နာမည်ကြီးသရုပ်ဆောင်များဖြစ်တဲ့ Song Kang, Lee Jin Wook, Lee Do Hyun နဲ့ Lee Shi Young တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်
ရုတ်တရက်အက်စီးဒန့်တစ်ခုကြောင့် မိသားစုကို ဆုံးရှုံးလိုက်ရတဲ့ အထက်တန်းကျောင်းသားလေး Hyun Soo ဟာ Green Home ဆိုတဲ့ တိုက်ခန်းဟောင်းတစ်ခုကို ရွှေ့ပြောင်းလာခဲ့ပါတယ်

တဖြည်းဖြည်းနဲ့ Green Home တိုက်ခန်းဟောင်းရဲ့ ထူးဆန်းမှုကိုသိရှိသွားပြီ ထိုတိုက်ခန်းဟောင်းမှာ လူသားတွေက မကောင်းဆိုးဝါးအဖြစ်ပြောင်းလဲနေတဲ့ ဖြစ်စဥ်ကို ရှာဖွေတွေ့ရှိသွားပါတော့တယ်

ထိုမကောင်းဆိုးဝါးများကို သူအပါအဝင် တိုက်ခန်းမှာနေထိုင်သူတို့စုပေါင်းပြီး တိုက်ခိုက်ကြရပါတော့တယ်၊ လူသားတွေနဲ့ မကောင်းဆိုးဝါသတ္တဝါတို့ခိုက်ကြရင်း ဘာတွေဖြစ်လာမလဲ၊ အသက်ရှင်သန်ဖို့ ဘယ်လိုတွေ ကြိုးပမ်းရမလဲဆိုတာကိုတော့...
Crd
Bones And All (2022)

Call Me by Your Name ရုပ်ရှင်ရဲ့ ဒါရိုက်တာကြီး Luca Guadagnino ရဲ့
ရုပ်ရှင်အသစ်လာပါပြီ

ဒီရုပ်ရှင်မှာလည်း တင်မိုးသီးကိုပဲ
ပြန်သုံးထားပါတယ်

လူငယ်ဒရာမာကိုမှ ဟော်ရာနဲ့ သွေးသံရဲရဲတွေထည့်သွင်းထားတဲ့အပြင်လူသားစားတဲ့ဇာတ်လမ်းဖြစ်လို့ အသည်းငယ်သူတွေမကြည့်သင့်သလို
မိသားစုနဲ့မကြည့်သင့်တာတွေလည်းပါဝင်နေပါတယ်

မူရင်းစာအုပ်တုန်းက နာမည်ကျော်ခဲ့သလို အခုရုပ်ရှင်မှာလည်းစာအုပ်ထဲကဇာတ်လမ်းကိုအနည်းငယ်သာပြောင်းပြီးရိုက်ကူးထားခဲ့တာပါပဲ

ဇာတ်ပို့အနေနဲ့လည်း Bridge Of Spies နဲ့
အော်စကာရခဲ့တဲ့ မင်းသားကြီး
Mark Rylance ပါဝင်ထားပါသေးတယ်

လူငယ်တွေရဲ့ လူ့အသိုင်းအဝိုင်းနဲ့မ၀င်ဆန့်ပုံတွေ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ရတာတွေရှာဖွေရတာတွေကို နိမိတ်ပုံအနေနဲ့ ဒီလူသားစားစုံတွဲကို

ကြောက်စရာ အချစ်ဇာတ်လမ်းအနေနဲ့ ရိုက်ကူးပြထားတာမျိုးပဲဖြစ်ပါတယ်
Crd
What's Eating Gilbert Grape (1993)
What's Eating Gilbert Grape (1993)

Gilbert Grape (Johnny Depp) ဆိုတာ Endora မြို့လေးက သာမန်လူငယ်လေးတစ်ယောက်။ ခင်ပွန်း ဖြစ်သူ ကိုယ်ကိုယ့်ကို သတ်သေသွားပြီးနောက်ပိုင်း စိတ်ကျရောဂါကြောင့် အဝလွန်ရောဂါပါစွဲကပ်လာတဲ့ မိခင်ကြီးရယ်၊ ဉာဏ်ရည်မမှီတဲ့ညီငယ်လေး Arnie (Leonardo Decarprio) ရယ်၊ အစ်မ ၁ယောက်၊ ညီမ ၁ယောက်ရယ်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူ။ ကုန်စုံဆိုင်လေးတစ်ခုမှာ အလုပ်လုပ်ပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းရင်း၊ ဖခင်တည်ဆောက်ပေးခဲ့တဲ့ အိုမင်းယိုယွင်းနေတဲ့အိမ်ကြီးကို တတ်စွမ်းသမျှပြင်ဆင်ရင်း တစ်ဖက်ကလည်း ညီငယ်လေးကို ကိုယ်နဲ့ထပ်ကြပ်မကွာ ထိန်းကျောင်းရင်းနဲ့ လူငယ်တွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှန်းမသိဆုံးရှုံးလာတဲ့သူ။ ရိုးသားကြိုးစားပြီး စိတ်ရင်းကောင်းသူဖြစ်ပေမယ့် ပင်ပန်းခက်ခဲလွန်းတဲ့ ဘဝကြီးမှာ စိတ်ထွက်ပေါက်အဖြစ် အိမ်ထောင်ရှင်တစ်ယောက်နဲ့ ဖောက်ပြားမိတဲ့သူ။ ဆန္ဒတွေကို မျိုသိပ် မိမိဘဝကို မကျေမနပ်ဖြစ်နေတဲ့ Gilbert ရဲ့ဘဝထဲကို Becky ဆိုတဲ့ကောင်မလေး အလင်းရောင်သဖွယ်ဝင်ရောက်လာတဲ့အခါ ...

Genre - Drama
imdb - 7.8
RT - 89%

Johnny Depp ရဲ့ တစ်ခေတ်တစ်ခါက ဇာတ်လမ်းကောင်းတွေထဲက တစ်ပုဒ်၊ Leonardo ကို ပထမဆုံးအကြိမ် အော်စကာဆန်ကာတင်ဝင်ခဲ့စေတဲ့ ဒီကားလေးက ဇာတ်အိမ် ရိုးရှင်းပေမယ့် ချစ်ခြင်းမေတ္တာနဲ့လူသားဆန်မှုအကြောင်း ပါးပါးလေးဖွဲ့ဆိုထားတဲ့ ဇာတ်လမ်းကောင်းလေးတွေထဲက တစ်ခုပါ။
ချစ်ခြင်းတရားနဲ့သံယောဇဉ်က ပြိုကွဲလုနီးနီးမိသားစုတစ်ခုကို ပျက်စီးမသွားအောင် ချည်နှောင်ပေးထားခဲ့တယ်။ လမ်းမှားလုနီးနီး သိုးတစ်ကောင်ကို လမ်းကြောင်းပေါ် ပြန်မောင်းတင်ပေးနိုင်ခဲ့တယ်။
အသက် ၁၀နှစ်အထိပဲနေရမယ်လို့ ဆရာဝန်တိုင်းရဲ့ သတ်မှတ်ခြင်းခံရတဲ့ ဉာဏ်ရည်မပြည့်တဲ့ Arnie ဆိုတဲ့ကလေးလေး မိသားစုရဲ့ ချစ်ခြင်းမေတ္တာအရိပ်အောက်မှာ ၁၈နှစ်ကျော်တဲ့အထိ အရွယ်ရောက်လာတယ်။
Gilbert နဲ့ Arnie တို့ရဲ့ အဝလွန်နေတဲ့မိခင်ကြီး တခြားသူတွေ အလှောင်ခံရမှာစိုးလို့ ဘယ်တုန်းကမှ အိမ်ပြင်မထွက်ခဲ့တဲ့သူ ၊ သားဖြစ်သူ Arnie ဒုက္ခရောက်တဲ့အခါသားကို ချစ်စိတ်နဲ့ လူတွေရယ်မှာ ဂရုမစိုက်ဘဲ ရဲရဲဝံ့ဝံ့အပြင်ကိုထွက်လာခဲ့တယ်။နောက်ဆုံး နှစ်ပေါင်းများစွာ ကျဆင်းလာခဲ့တဲ့စိတ်ဓာတ်ကို မေတ္တာတရားကြောင့်ပဲ ပြန်လည်မြှင့်တင်နိုင်ခဲ့တယ်။
Gilbert ကရော ? မကောင်းမှန်းသိသိနဲ့ ကျူးလွန်နေမိခဲ့တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုဆိုတဲ့ ပိုက်ကွန်ထဲက အချစ်စစ်ကြောင့် ရုန်းထွက်ဖို့ကြိုးစားခဲ့တယ်။
သူကိုယ်တိုင်ထက် မိသားစုအရေးကိုပဲ ဦးစားပေးနေခဲ့တဲ့ Gilbert ဟာ ချစ်ရတဲ့Becky ကြောင့် သူဘာဖြစ်ချင်သလဲဆိုတာ ကွဲကွဲပြားပြားနားလည်ခဲ့တယ်။
Gilbert တစ်ယောက် တစ်သက်လုံးမျိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ ပေါက်ကွဲထွက်လာပြီး စိတ်မထိန်းနိုင်ဘဲ " nobody hurts Arnie " ဆိုတဲ့ သူ ချမှတ်ထားတဲ့ မူဝါဒကို သူကိုယ်တိုင်ချိုးဖောက်ပြီး သူ့ညီလေးကို ရိုက်မိတဲ့အခါ၊ အပြစ်ရှိတဲ့စိတ်နဲ့ ဘဝကိုနာကြည်းနေတဲ့စိတ်ကို Becky ကပဲ လမ်းမှန်ရောက်အောင် တည့်မတ်ပေးနိုင်ခဲ့တယ်။ Becky သာ မရှိခဲ့ရင် သူလည်း သူ့အဖေလို ဘဝကိုအရှုံးပေးမယ့်လမ်းစဉ်ကို ရွေးချယ်ကောင်းရွေးချယ်မိပါလိမ့်မယ်။
Becky က Gilbert ကို " နင် ဘာဖြစ်ချင်လဲ " လို့ မေးတဲ့အခါ Gilbert က " အမေ့ကို လေ့ကျင့်ခန်းလုပ်စေချင်တယ်၊ Arnie အတွက် ဦးနှောက်အသစ်တစ်လုံးလိုချင်တယ် " စတဲ့ အဖြေတွေပေးခဲ့တယ်။ ဒါဟာ သူ့မိသားစုအပေါ်ထားတဲ့ သဘောထားပါပဲ။
Becky က " နင့်အတွက် နင်ဘာဖြစ်ချင်လဲ" မေးတဲ့အခါ အဖြေက အရမ်းကို ရိုးရှင်းပါတယ် " ငါ လူကောင်းတစ်ယောက်ဖြစ်ချင်တယ်" တဲ့။
Gilbert က လူကောင်းတစ်ယောက်ပါပဲ၊ မိသားစုကို ချစ်မြတ်နိုးသူ၊ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူ၊ ဒါပေမယ့် ပြီးပြည့်စုံတဲ့သူတစ်ယောက် မဟုတ်ခဲ့ဘူး။
သူ အမှားတွေ ကျူးလွန်ခဲ့တယ်။ ဒါကိုကပဲ လူသားဆန်လွန်းနေတာပါ။
လူမှုရေးဖောက်ပြန်မှုဆိုတာ ခွင့်မလွှတ်နိုင်စရာပါ။ ဒါပေမယ့် အရမ်းကျဉ်းကြပ်လာတဲ့အခြေအနေမျိုးမှာ ထွက်ပေါက်ရှာတတ်တာ လူ့သဘာဝပဲမို့ ဒါကို အပြစ်လို့ ကျွန်မ မမြင်ရက်ဘူး။
Arnie ကို ရေချိုးခန်းထဲထားခဲ့တာ၊ စိတ်လွတ်ပြီး ရိုက်ခဲ့မိတာ၊ ဒါတွေကလည်း သူ လုပ်ပေးခဲ့တာတွေနဲ့ ယှဉ်ရင် မပြောပလောက်ပါဘူး။ ကျွန်မတို့ သံပရာသီးတစ်ခြမ်းနဲ့ချဉ်တော့မှာလား။
အဖြူရောင်အဝတ်ပေါ်က အမည်းစက်လေးကိုပဲ ကွက်မြင်လို့မဖြစ်ဘူးဆိုတာကို ဒီဇာတ်လမ်းထဲမှာ Gilbert ကို သူ့အမေပြောတဲ့ " you're my knight in shimmering armor " ဆိုတဲ့စကားနဲ့ သက်သေပြသွားခဲ့တယ်။
ကြည့်မိတဲ့ပရိသတ်က Gilbert အပေါ်မှာ ပထမတော့ သဘောကျမယ် (သူနဲ့ Arnie ကြားက သံယောဇဉ်ကို) ၊ နောက်တော့ အံ့သြမယ် (ဒီလိုလူမျိုးက ဘာလို့လူမှုရေးဖောက်ပြန်ရတာလဲပေါ့)၊ မလုပ်နဲ့ စိတ်ထိန်းလို့ တားမြစ်မိမယ် ( Arnie ကို ရိုက်တဲ့အခါ)၊ တဖြည်းဖြည်းနဲ့ သနားလာပြီး နောက်ဆုံးတော့ သူ့ကို ခွင့်လွှတ်လို့ သူ့ရဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်၊ မိသားစုအပေါ် ပေးဆပ်တာတွေကို လေးစားအတုယူလာမိပါလိမ့်မယ်။
သင်ဟာ CGI တွေအပြည့်နဲ့ ဇာတ်လမ်းတွေ၊ ရှုပ်ထွေးလွန်းတဲ့ ဇာတ်လမ်းတွေထဲက ခဏတာလွတ်မြောက်ချင်လို့ Drama ကားကောင်းကောင်း ရှာဖွေနေတယ်ဆိုရင် ဒီကားကို သင့်List ထဲထည့်ထားပါလို့ ညွှန်းပေးပါရစေ
Crd
Govinda Naam Mera (2022)

Comedy, Drama, Romance

IMDb (6.2/10)

ခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ ပုရိသတွေအသည်းကိုလုယူသွားတဲ့
အိန္ဒိယနာမည်ကျော်မင်းသမီးချောလေး ကက်ထရီနားရဲ့ယောက်ျား မင်းသားဗစ်ကီရဲ့ကားသစ်လေးပဲဖြစ်ပါတယ်

မင်းသမီးအနေနဲ့ကတော့ Kabir Singh ထဲက မင်းသမီးချောလေး
ကီယာရာလေးနဲ့ မင်းသမီး ဘူမီကာပဒ်နေကာတိုက အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် မွန်ဘိုင်းမြိုကြီးမှာ ဘဝတွေ
ဒုက္ခရောက်နေရတဲ့အထဲ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဂိုဗင်ဒါဆိုတဲ့ကောင်လေးရဲ့အကြောင်းပါသူဟာ မိန်းမဖြစ်သူနဲ့ ကွာရှင်းချင်နေပြီး ချစ်သူနဲ့နီးစပ်ချင်နေသူပါ
သူ့ဘဝဟာ ဘယ်လောက်တောင် ပြဿနာတက်နေလဲဆိုရင် အိမ်ထောင်ကျပြီး မယားကြောက်ရတယ်
မိခင်က ဖခင်ရဲ့မယားငယ်ဖြစ်လို အမွေဆိုင်အိမ်ဆုံးရှုးရမှာကြောက်ရတယ်
ဘဝက အခွင့်အရေးပေးလာပြန်တော့လည်း လူမိုက်တွေနဲတိုးပြန်လို
အသက် ဆုံးရှုးရမှာ ကြောက်ရပြန်ပါတယ်
တစ်ရက်တော့ လောကကြီးက သူ့ကိုမျက်နှာသာပေးခဲ့ပြီး သူချစ်ရသူနဲ့နီးစပ်ဖို အကြောင်းဖန်လာပါတော့တယ်
ဒါပေမဲ့ အဲ့ဒီကံကောင်းခြင်းဆုလာဘ်ဟာ မိန်းမဖြစ်သူရဲ့သေခြင်းတရားနဲ့ ဆက်စပ်နေတဲ့အခါမှာတော့..
Crd
Code Name: Tiranga ( 2022 )

အခုတစ်ခေါက်မှာတော့ မင်းသမီးချောလေး ပရီနီသီးချိုပရာရဲ့
စပိုင်အက်ရှင် ရုံတင်ကားသစ်တစ်ကားကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်…
စပိုင်တစ်ယောက်ရဲ့တာဝန်က ဘာလဲ စပိုင်တစ်ယောက်ဟာသူ့ရဲ့
တာဝန်နဲ့ပက်သက်လာရင် ဘယ်လောက်ထိကြောက်ဖို့ကောင်းပြီး
အရေးပါလဲဆိုတာကို အက်ရှင်ဇာတ်ဝင်ခန်းအလန်းတွေနဲ့ချပြထားပြီး
plot twistတွေနဲ့ ကြည့်ရတာမအီစေသွားမယ့် ဇာတ်လမ်းတပုဒ်ပဲဖြစ်ပါတယ်

ဇာတ်လမ်းကိုတော့ ဒေါက်တာမစ်ဇာဆိုတဲ့ လူတစ်ဦးနဲ့စတင်ထားပြီး
မစ်ဇာကတော့ ကုလသမ္မဂရဲ့တာဝန်တခုကြောင့် တူရကီကနေ
အာဖဂန်နစ္စတန်ကိုရောက်ရှိလာသူပဲဖြစ်ပါတယ်….သူ့တာဝန်ကိုထမ်းဆောင်ရင်း သူ့ဘဝရဲ့မထင်မှတ်ထားတဲ့
အလှည့်ပြောင်းကိုကြုံတွေ့လိုက်ရပါတယ်…
အဲ့တာကတော့သူနဲ့အမှတ်မထင်ဆုံတွေ့ပြီး ရင်းနှီးခဲ့ရတဲ့မိန်းမပျိုလေးဖြစ်ပြီး
အဲ့ဒီမိန်းမပျိုကို သဘောကျမိရာကနေ ကံကြမ္မာအပြောင်းလဲကြီးတခုကြုံတွေ့ရပြီး
မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ သည်းထိတ်ရင်ဖို
စိတ်လှုပ်ရှားဖွယ်ရုပ်ရှင်တကားကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ်
Crd
Lovecraft Country Season (1)

Lovecraft ဆိုတဲ့နာမည်ဟာ သဘာဝလွန်ကားတွေကို ကြိုက်သူတွေအတွက် မစိမ်းတဲ့ နာမည်တစ်ခုပါ။ Supernatural စီးရီးမှာ ဒီနာမည်ကို ရင်းနှီးခဲ့ကြမှာပါ။ သူဟာ Horror ဝတ္ထုတွေ ရေးတဲ့နေရာမှာ နာမည်ကျော်ခဲ့သူဖြစ်ပြီး Cthulhu လို နတ်ဘုရားသတ္တဝါဆိုးကြီးတွေကို Chaos Magick မှာ ယူသုံးကြတဲ့အထိ လွှမ်းမိုးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ သူ့ရဲ့ Horror stories တွေကို အခြေပြုထားတယ်လို့ဆိုပါတယ်။ အက်ဒစ်တပ်က ကိုရီးယားစစ်ပြန် လူမည်းတစ်ဦးဖြစ်ပါတယ်။ သူ့ဆီကိုတစ်ခါမှ စာမရေးဖူးတဲ့ သူ့အဖေက တစ်ရက်မှာစာတစ်စောင်ရေးပို့ခဲ့ပြီးတဲ့နောက် ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ်။ ဒီအကြောင်းကို စုံစမ်းဖို့အတွက် အက်ဒစ်တပ်ဟာ အိမ်ကိုပြန်လာခဲ့တယ်။ ဦးလေးဖြစ်သူနဲ့ သူ့အ‌ဖေရေးခဲ့တဲ့စာကို ဖတ်ရင်း တိုင်ပင်ကြည့်တဲ့အခါ သူ့အဖေ ပျောက်သွားနိုင်ခြေရှိတဲ့ နေရာကို ခန့်မှန်းပြီး အရှာထွက်ဖို့ ကြိုးစားကြတယ်။ ခက်တာက အဲဒီအချိန်မှာ အမေရိကားတလွှား လူမျိုးရေးခွဲခြားမှုပြင်းထန်နေချိန်ဖြစ်လို့ လူမည်းတွေအတွက် ခရီးသွားဖို့အန္တရာယ်မကင်းနေပြန်ပါဘူး။ ဒီတော့ သူတို့တွေ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်တွေ့ရပြီး ဘယ်လိုသတ္တဝါဆိုးတွေနဲ့ ကြုံကြရမယ်ဆိုတာကို ကြည့်ရှူလိုက်ကြပါဦး။
American Gods Season (1 To 3)

Supernatural series ကောင်းလေး ၁ခုဖြစ်ပါတယ်။Neil gaiman ရဲ့ ၀တ္တု စာအုပ်ကို ပြန်ရိုက်ထားပြီး Greekတို့ Egypt godတွေ အကြောင်း စုံစုံလင်လင်သိရမှာဖြစ်ပါတယ်။ စာအုပ်ကလည်း novelဆုတွေ များစွာရရှိထားတဲ့ စာအုပ်ကောင်းဖြစ်ပါတယ်။ ယနေ့ခေတ်မှာ တဖြည်းဖြည်းနဲ့ အင်အားကြီးလာတဲ့ New God တွေနဲ့ အမေ့လျှော့ခံ Old God တွေကြားက ရန်ပွဲကို ရန်ခုန်စွာနဲ့ ကြည့်ရမှာပါ။

ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ရှယ်ဒိုး ဆိုတဲ့ သူက သူ့မိန်းမ ကားအက်ဆီးဒန့်နဲ့ ဆုံးသွားလို့ထောင်ကနေ စောစောလွှတ်လာတာနဲ့ စထားတယ်။ မိန်းမနာရေးဆီ ပြန်မဲ့ နေ့မှာပဲ လေဆိပ်မှာ ထူးထူးဆန်းဆန်း ၀မ်းနက်စ်ဒေးလို့ခေါ်တဲ့ လူကြီး ၁‌ယောက်နဲ့ဆုံတယ်။ ၀မ်းနက်စ်ဒေးက သူ့အကြောင်း အတိတ်ကို စုံလင်စွာ သိရှိနေပြီး သူနဲ့ အတူအလုပ်လုပ်ဖို့ ကမ်းလှမ်းလာပါတယ်။
အမေရိကားတစ်‌‌လျှောက် ခရီးထွက်ပြီး အဲ့ လူကြီး အတွက် အလုပ်လုပ်ပေးရရင်း သူ့ဘ၀ ဘယ်လို ထူးစမ်းတာတွေ နဲ့ ကြုံရမဲ့ အကြောင်းကို စိတ်၀င်စားဖွယ်တွေ့ရမှာ ဖြစ်ပါတယ်။
Crd
Series VIP နှင့် 18+ Member ဝင်လိုပါက

Admin Account 👇
@kzhein1994

ဆက်သွယ်လိုက်ပါ
ရုပ်ရှင်အညွှန်း 📽️🎥 pinned «Series VIP နှင့် 18+ Member ဝင်လိုပါက Admin Account 👇 @kzhein1994 ဆက်သွယ်လိုက်ပါ»