itklearn.com
3.22K subscribers
199 photos
13 videos
99 links
မြန်မာ့ပထမဆုံးနှင့် အကြီးဆုံး Online Learning Platform
Download Telegram
Forwarded from itklearn.com
itklearn.com pinned «🔴 Discussion group ​လေးလဲ Join ထားပါ​နော် https://t.me/itklearnchat»
Free webinar လေးစနေပါပြီ
❤21
Content Writing Free Webinar လေး အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ

အချိန်ပေး သင်ကြားပေးတဲ့ ဆရာမ Nora ကိုလည်း ကျေးဇူးတင်ပါတယ်

နောက်လည်း Free Webinar တွေကျင်းပဖို့ရှိတာမလို့ စောင့်ကြည့်ဖို့ မမေ့နဲ့ဉီးနော်

Record လေးကိုတော့ itklearn.com ရဲ့ youtube channel လေးမှာ တင်ပေးပါမယ်
👍23❤20🤔1
Programmer တစ်ယောက်ဖြစ်ဖို့ ဘယ်လို စတင်ရမလည်း
ဘယ်ကနေစတင်ရမလည်း

ဒီမေးခွန်းကို မဖြေခင်မှာ
ပထမဆုံး Programmer ဆိုတာ ဘာလည်းဆိုတာအရင်သိအောင် ပြောပြပါမယ် ။
Programmer ဆိုတာ တကယ်တော့ "Problem Solver " တစ်ယောက်ပါ ။
Programmer တွေက Programming languages တွေကို အသုံးပြီး မိမိသိထားတဲ့ logicတွေနဲ့ ၊ issue တွေကို ဖြေရှင်းပေးနိုင်စွမ်းရှိတဲ့ သူတစ်ယောက်ပါ ။

Programmer တစ်ယောက်ဖြစ်ဖို့ အချိန်ဘယ်လောက် ကြာနိုင်လည်းဆိုရင်
တစ်ယောက်နဲ့တစ်ယောက်က
အချိန်အတိကြ မတူညီနိုင်ပါဘူး ။ လူတစ်ဦးတစ်ယောက်ချင်းဆီရဲ့ သင်ယူမှုပုံစံနဲ့ အချိန်ပေးနိုင်မှုနဲ့ သတ်ဆိုင်ပါတယ်။
များသောအားရင် Programming ရဲ့ Basicကို
3 - 6 month အထိ ကြာနိုင်ပါတယ် ။
ဒီ့ထပ်လည်း နည်းနိုင်ပါတယ် ။
ဘာလို့လည်းဆိုတော့ တစ်‌ဦးတစ်ယောက်ချင်းဆီရဲ့ သင်မှုပုံစံပေါ်မူတည်နေလို့ ဖြစ်ပါတယ်။
‌နောက်ပိုင်းမှာ 1 - 2 yrs မှာ professional developer တစ်ယောက် ဖြစ်လာနိုင်ခြေ 70% ထိရှိပါတယ် ။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့
နည်းပညာဆိုတာ အမြဲ လေ့လာနေသင့်ပါတယ်။
အချိန်နှင့်အမျှပြောင်းလည်းမှုတွေ ဖြစ်ပေါ်နေတဲ့အတွက်
အစဉ်မပြတ် လေ့လာနေသင့်ပါတယ် ။

💫Code တစ်ကြောင်းနဲ့လူတစ်ယောက်ရဲ့ဘဝပြောင်းနိုင်ပါတယ်” – Programmer တစ်ယောက်ဖြစ်ဖို့ ယခုပဲစတင်လိုက်ပါ💫

Itklearn မှာ နယ်ပယ်အသီးသီးက Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ
အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
❤36👍18🥰2
Forwarded from IT & Knowledge Sharing (Shoon Pi Ti)
3D Model ဆိုတာ ဘာလဲ။

3D ဆိုတာကတော့ Three Dimensional
သုံးဖက်မြင် လို့ အဓိပ္ပါယ်ရပါတယ်။
ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာရှိတဲ့
လူတွေ၊တိရိစ္ဆာန်တွေ၊အရာဝတ္ထုတွေ
အကုန်လုံးကို 3D Model လုပ်လို့ရပါတယ်။
ငယ်ငယ်က ရွှံ့တုံးလေးတွေကိုသုံးပြီး
အရုပ်ကလေးတွေ လုပ်ဖူးကြမှာပါ။
3D Model တွေကိုလည်း ဒီတိုင်းပဲ
ထုဆစ်ဖန်တီး ရပါတယ်။
3D Model တွေကို ဖန်တီးဖို့
Blender, Maya, Cinema4D
ZBrush,3ds Max စတဲ့
3D Software တွေကို သုံးရပါတယ်။
3D Software တွေမှာ Default ပေးထားတဲ့
ဗဟုဂံတွေ၊ ဆလင်ဒါတွေ ၊ စတဲ့
Object တွေကတစ်ဆင့် ကိုယ်လိုချင်တဲ့
Model တွေကို ထုဆစ်နိုင်ပါတယ်။
ရိုးရိုးလေးတွေလိုက်ရင်တော့
3D Model ဖန်တီးခြင်း ဆိုတာ
ငယ်ငယ်က ရွှံ့တုံးလေးတွေကနေ
ကိုယ်လိုချင်တဲ့ အရုပ်ကလေးတွေ
လုပ်ရတဲ့ အတိုင်းပါပဲ။

ရေးသားသူ
Hein Min Zaw
- 3D Artist

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ
အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
👍12❤3
မိတ်ဆွေတို့ရဲ့
ဖန်တီးမှုအိပ်မက်တွေကို
အမှန်တကယ်ပုံဖော်နိုင်မယ့်အခွင့်အရေး

Professional Multimedia Editing & Design Masterclass" - တစ်နေရာတည်းမှာ အကုန်စုံလင်! ✨🎨🎬

ရုပ်ရှင်မှတ်တမ်းရုပ်ရှင်တွေရဲ့
အသက်ဝင်လှပတဲ့ ကမ္ဘာထဲကို
နက်နက်ရှိုင်းရှိုင်း လေ့လာသင်ယူပြီး
မိတ်ဆွေရဲ့ Storytelling စွမ်းရည်ကို
အထွတ်အထိပ်ရောက်အောင် မြှင့်တင်လိုက်ပါ။

Typography ရဲ့
နူးညံ့သိမ်မွေ့တဲ့ အနုပညာကို
ကျွမ်းကျင်စွာ တတ်မြောက်ပြီး
မိတ်ဆွေရဲ့ စာသားတွေကို
အမြင်အာရုံဆွဲဆောင်မှုရှိတဲ့
လက်ရာအဖြစ် ဖန်တီးလိုက်ပါ။

လှုပ်ရှားမှုဒီဇိုင်းရဲ့
လျင်မြန်သွက်လက်တဲ့
စွမ်းအားကို ပိုင်ဆိုင်ပြီး
မိတ်ဆွေရဲ့ ဗီဒီယိုတွေကို
ကြည့်ရှုသူတိုင်း ငေးမောသွားစေမယ့်
အသက်ဝင်တဲ့ ရသကို ပေးစွမ်းလိုက်ပါ။

နောက်ဆုံး
ဂရပ်ဖစ်ဒီဇိုင်းရဲ့
အခြေခံသဘောတရားတွေ
Color Theory တွေနဲ့
လက်တွေ့အသုံးချမှုတွေကို
ကျွမ်းကျင်စွာ လေ့လာပြီး
မိတ်ဆွေရဲ့ စိတ်ကူးတွေကို
ထိရောက်ပြီး ဆွဲဆောင်မှုရှိတဲ့
အမြင်အာရုံပုံရိပ်တွေအဖြစ် ပြောင်းလဲလိုက်ပါ။

ဟုတ်ကဲ့ပါ
ကျွန်တော်ပြောပြပေးသွားမယ့်

"Professional Multimedia Editing & Design Masterclass" သင်တန်းဟာ

မိတ်ဆွေကို
ဒီနယ်ပယ်လေးခုရဲ့
အဓိကသော့ချက်တွေကို
ကျွမ်းကျင်ပိုင်နိုင်စေဖို့ ရည်ရွယ်ထားပါတယ်။

ဒီသင်တန်းရဲ့
ထူးခြားချက်ကတော့
သီးခြားသင်တန်းတွေ
အများကြီးတက်စရာမလိုဘဲ
တစ်နေရာတည်းမှာပဲ လိုအပ်တဲ့
အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို
အပြည့်အဝ ရရှိနိုင်မယ်ဆိုတဲ့အချက်ပါပဲဗျာ့။

ဘာတွေပါ၀င်သလဲဆိုရင် -

💛 Documentary Editing

💛 Typography Editing

💛 Motion Editing

💛 Graphics Design

Alight Motion ဆိုတဲ့
Easy To Use ဖြစ်တဲ့
Software ကို ကျွမ်းကျင်စွာ
အသုံးပြုပြီး မိတ်ဆွေတို့ရဲ့
စိတ်ကူးတွေကို
လက်တွေ့အကောင်အထည်
ဖော်နိုင်စွမ်းကို တိုးမြှင့်လိုက်ပါ။

ဒီသင်တန်းဟာ
ဘယ်သူတွေအတွက် အထူးသင့်လျော်လဲ ?

(၁) - Multimedia နဲ့
Design နယ်ပယ်ကို
စိတ်ဝင်စားပြီး ဒီနယ်ပယ်မှာ
ထူးချွန်တဲ့ Professional
တစ်ယောက်ဖြစ်ချင်သူများ။

(၂) - မိမိရဲ့ လက်ရှိ
Editing နဲ့ Design Skill တွေကို
ပိုမိုတိုးတက်အောင်လုပ်ဆောင်ပြီး
လုပ်ငန်းခွင်မှာ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိသူ
တစ်ယောက်ဖြစ်လိုသူများ။

(၃) - ရုပ်ရှင်ထုတ်လုပ်ရေး
ဗီဒီယိုထုတ်လုပ်ရေး
ကြော်ငြာလုပ်ငန်း၊ ဂရပ်ဖစ်ဒီဇိုင်း စတဲ့
နယ်ပယ်တွေမှာ အသက်
မွေးဝမ်းကြောင်းပြုလိုသူများ။

Freelance Editor သို့မဟုတ်
Designer အဖြစ် လွတ်လပ်စွာ
လုပ်ကိုင်လိုပြီး မိမိရဲ့ ဖောက်သည်တွေကို
အရည်အသွေးမြင့် ဝန်ဆောင်မှုတွေ
ပေးအပ်လိုသူများ။

ဒါကြောင့်

လူအရမ်းမများသေးခင် ✅

အချိန်တွေမကုန်ဆုံးခင် ✅

အခုပဲစာရင်းပေးသွင်းလိုက်ပါ‌လို့
သတင်းကောင်းပါးချင်ပါတယ်ဗျာ့။

ရေးသားသူ
San Min Yaung Chyi

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ
အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
❤9👍3
Forwarded from IT & Knowledge Sharing (Kyi Soe Win)
Content Creator လုပ်ရခြင်း၏ အားနည်းချက် ၅ခု

နံပတ် ၁ - စိတ်ရောဂါရ၍ ရူးသွားနိုင်ခြင်း
ဆန်းသစ်၍ ပိုမိုကောင်းမွန်သော Content idea များထိုင်ထုတ်နေရ၍ ခေါင်းရူပ်လာပါတယ်၊ view မရရင် စိတ်ညစ်ပြီး ဒီပျက်ရှင်အတောင့်လိုက်ဝင်လာတတ်ပါတယ်
အချိန်ကြာကြာခံစားရပါက ရူးနမ်းနမ်းစဖြစ်လာပါလိမ့်မယ်

နံပတ် ၂ - ဝင်ငွေမတည်မြဲခြင်း
Monetization policy တင်းကြပ်ခြင်း ဇူကာဘတ်၏ မျက်လှည့်များအောက်တွင် ကျရှုံးမူ့အမြဲဖြစ်ပါလိမ့်မယ်
အပြင်စပွန်ဆာများနှင့် platform algorithm ဟာလည်း သူမလိုပဲ အမြဲပြောင်းလဲနေပါတယ်

နံပတ် ၃ - အလုပ်ချိန် မမျှတခြင်း
Content creator များအလုပ်ချိန်သည် အိပ်နေရင်တောင် ရောင်ငန်း၍ ပါလာတတ်ပါတယ်
အနားသိပ်မယူပဲ၊ လုပ်စရာမရှိရင်တောင် ကိုယ်လုပ်ထားသော video တွေထိုင်ကြည့်နေတတ်ပါတယ်
စားချိန်မစား အိပ်ချိန်မအိပ်ပဲ screen time အရမ်းများတတ်ပါတယ်

နံပတ် ၄ -အဆဲခံရခြင်း
၁၀၀ မှာ ၉၉ခု မှန်ရင်တောင် မှားတဲ့ တစ်ခုအတွက် စည်းစည်းလုံးလုံးနဲ့ ပြိုင်တူဆဲကြခြင်းများကို အတောင့်လိုက်ခံရပါတယ်
ထိုအခါတွင် ဘန်းနိုင်မှတော်ခါကျပါမယ်

နံပတ် ၅ - ဆော်မရှိခြင်း
အဲ့ဒါတော့ကျွန်တော် ;

#contentcreator
😁22👍9❤4🫡2👌1
Creator Guidd Class Batch 5 ပထမဆုံး Zoom လေးကို ပျော်ပျော်ရွှင်ရွှင်နဲ့စတင်လိုက်ပါပြီ။🤗
❤14👏2🔥1
Crypto တွေကို မီးရှို့ပစ်တယ် burning လုပ်ပစ်တယ်ဆိုတာကြားဖူးကြလားဗျ

ဘာကြောင့်ဒီလိုလုပ်တာလဲ ဒီလိုလုပ်ရင်ရောဘာတွေ market ပေါ် အကျိုးသက်ရောက်မလဲဆိုတာဆွေးနွေးပေးသွားမှာပါ

Crypto burning လုပ်တယ်ဆိုတာက သူတို့ရဲ့ Crypto တွေဈေးတက်စေရန် ရည်ရွယ်ချက်နဲ့လုပ်တာပါ

ကျွန်တော်တို့ ဈေးကွက်တွေမှာ ပစ္စည်းရှားလေလေ ဈေးတက်လေလေပါ
မြန်မာပြည်ကကားဈေးကွက်ကိုကြည့်ပါ

ဒီအတိုင်းဘဲ သူတို့ကလဲပစ္စည်းရှားအောင်လုပ်တဲ့သဘောပါ

သူတို့ထုတ်ထားတဲ့ coinတွေကို သူတို့ပိုက်ဆံနဲ့ သူတို့ဖာသာပြန်၀ယ်ပြီး Burning လုပ်ပစ်တာပါ

Burning ကကောဘယ်လိုလုပ်သလဲ နာမည်ကသာမီးရှို့တာပါ Burning လုပ်ဖို့ကလွယ်လွယ်လေးပါ wallet address အမှားထဲကို Crypto coinတွေကိုလွှဲလိုက်ရုံပါဘဲ

ဒါဆို coinတွေကိုဖျက်စီးပြီးသား burning လုပ်ပြီးသားဖြစ်သွားပါပြီ

ဒီလို coinတွေကို dead coin လို့လဲခေါ်ကြပါတယ်

ဒီလိုအကြောင်းအရာလေးတွေသိချင်ရင်တော့ pageကို like and follow လုပ်ထားပေးကြပါ

Crd
Crypto Investment II


Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ
အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
👍5❤2
Premiere Pro 2Month Training
ပထမနေ့မှာ ကျွန်တော်သင်တန်းများနဲ့ ပျော်ရွှင်စွာ စတင်လိုက်ပါပြီ။🥳
❤22👍3🔥1😨1
This media is not supported in your browser
VIEW IN TELEGRAM
Marketing  မှာလူသိနည်းတဲ့ 7CS Marketing  Strategy ဆိုတာဘာလဲ?

မျှဝေသူ
Tr Nang Sandar Yamin
Content Writing Instructor

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ
အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
❤7👍3
- Animation ဇာတ်လမ်းတစ်ပုဒ် ရဖို့ ဘာတွေလုပ်ရလဲ။

ဒီနေ့မှာတော့ Blender အသုံးပြုပြီး Animation ဇာတ်လမ်းတစ်ပုဒ် ဖန်တီးရာမှာ ကျော်ဖြတ်ရမဲ့ အဆင့်တွေကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။

1 . Concept and Script Writing
မိမိ စိတ်ကူး ထဲမှာရှိတဲ့ အတွေးတစ်စ ကို ဇာတ်လမ်းဇာတ်ကွက်ဖော်ဖို့အတွက် စဥ်းစားပါ။
ဇာတ်လမ်းတစ်ပုဒ် ကို ရေးတဲ့အခါ
-(1) Character ပေါ် မှီခိုပြီး ဇာတ်ကွက်ဖော်ပါ။
ဥပမာ - လူ (သို့) တိရိစ္ဆာန် တစ်မျိုးမျိုးရဲ့ အကြောင်း

- (2) အကြောင်းအရာ၊ အဖြစ်အပျက်ပေါ်မူတည်ပြီး ဇာတ်ကွက်ဖော်ပါ။
ဥပမာ - ဖြစ်ရပ်မှန်များ၊ ထူးဆန်းသောအဖြစ်အပျက်များ

2. Modeling
ကိုယ်ရေးထားတဲ့ ဇာတ်ညွှန်းပေါ် မူတည်ပြီး
Character တွေကို ပုံဖော်ရပါမယ်။ Character တွေ အသုံးပြုမဲ့ ကား၊ ဆိုင်ကယ်၊ ဦးထုပ် ၊ ဖိနပ် ကအစ ဘောင်းဘီအဆုံး Modeling လုပ်ရပါမယ်။

ပြီးရင် ဇာတ်လမ်းထဲမှာ ထည့်မဲ့ Environment တွေကို Modeling လုပ်ရပါမယ်။
ဥပမာ - မြို့ ၊ ရွာ ၊ သစ်တော အစရှိသည့် ရှုခင်းများ။

2. Texturing and Shading

ကိုယ်ဖန်တီးထားတဲ့ Model များကို အသက်ဝင်အောင် Color တွေ ထည့်ရပါမယ်။ Color ထည့်တဲ့ နေရာမှာ အမျိုးအစားတွေ အများကြီးရှိပါတယ်။
ကာတွန်းစတိုင် Texture ထည့်ခြင်း, Realistic Texture, Basic Shading စတဲ့ အရောင်ထည့်နည်း အမျိုးစားတွေကို အသုံးပြုနိုင်ပါတယ်။

3. Rigging
-Character Rigging
ကိုယ်ဖန်တီးထားတဲ့ Character တွေကို
Bone ( အရိုး ) တွေ ထည့်ရပါတယ်။ အပြင်လောကက လူသားတွေကဲ့သို့ ခေါင်းက အစ ခြေဖျားအဆုံး အရိုးတွေ ထည့်ပေးရပါမယ်။

- Object Rigging
ဖန်တီးထားတဲ့ Object တွေကိုလည်း အရိုးတွေ ထည့်ပေးရပါတယ်။
ဥပမာ - ကား (ကားတွင်ပါဝင်သော လှုပ်ရှားနိုင်တဲ့ အစိတ်အပိုင်းတွေ အကုန်လုံး အရိုးတွေ ထည့်ပေးရပါမယ်။)

- 4. Animation

အရိုးထည့်ပြီးသော Character တွေ ၊ Object တွေကို သက်ဝင်လှုပ်ရှားစေဖို့ Keyframe တွေ အသုံးပြုပြီး လှုပ်ရှားမှုတွေ စလုပ်ရပါတော့မယ်။ ဒါကို Animation လုပ်တယ်လို့ ခေါ်ပါတယ်။ Animation လုပ်ရာမှာ Reference Image သုံးပြီး လုပ်နိုင်သလို Reference Video များကို လည်း အသုံးပြုကြပါတယ်။ ဒီနေ့ ခေတ်မှာတော့ Ai Tools တွေကို အသုံးပြုပြီးတော့လည်း Animation တွေ လုပ်လာကြပါပြီ။

- Environment
Environment ဆိုတာကတော့ ပါတ်ဝန်းကျင်လို့ တိုက်ရိုက် မှတ်သားနိုင်ပါတယ်။ အဲဒီ Environment ထဲမှာ သစ်ပင်တွေ ၊ မြစ် ချောင်း အင်း အိုင် တွေ ၊ အိမ်တွေ၊ စျေးဆိုင်တန်းတွေ / ကောင်ကင်ပြာကြီးတွေ ပါဝင်ပါတယ်။

- Scene
Scene ဆိုတာကတော့ ဖြစ်ရပ်တစ်ခုကို မြင်လိုက်ရတဲ့ မြင်းကွင်းကို ဆိုလိုပါတယ်။
ဥပမာ - ( မောင်နီနဲ့ မောင်ဖြူ ရန်ဖြ-စ်နေကြတယ်။ မောင်နီက သိုင်းတတ်တော့ နောက်ဆုံးမှာ မောင်ဖြူ ရှေ-ာ သွားတယ်။) ဒီ Scene မှာဆိုရင် မောင်နီနဲ့ မောင်ဖြူရဲ့ ရ-န်ဖြ-စ်နေတဲ့ မြင်ကွင်းကို မြင်ရမှာ ဖြစ်တယ်။ သူတို့ ဘယ်နေရာမှာ ဖြစ်နေတာလဲ - မြို့ပြင်က မြစ်ကမ်းဘေးမှာ - မြစ်ကမ်းဘေမှာ ရေတွေရှိမယ်
- သစ်ပင်တွေရှိမယ် - ငါးဖမ်းလှေလေးတွေရှိမယ်။ အဲဒီချိန်မှာ မိုးတွေကလည်း ရွာနေတယ် ။ အစရှိသဖြင့် ကျွန်တော်တို့ စိတ်ကူးထဲက အရာတွေကို Scene တစ်ခု အနေနဲ့ ဖန်တီးရတာပါ။

- 5. Camera Setup

ရှေ့မှာ ကျွန်တော်တို့ Scene တစ်ခု ကို ဖန်တီးခဲ့ပြီ။
အခု ကျွန်တော်တို့ ပရိတ်သတ်တွေရင်ထဲရောက်အောင် ပြသဖို့ Camera ရိုက်ချက်တွေ ထည့်ရပါတော့မယ်။

Camera ရိုက်ချက်တွေဖြစ်တဲ့
- Low Angle Shoot
-High Angle Shoot
-Eye Level Shoot
- Drone Shoot
- Camera Shaking Shoot
စတဲ့ ရိုက်ချက်တွေထဲက Scene နဲ့ကိုက်ညီမဲ့ ရိုက်ချက်တွေ ရွေးပြီး ရိုက်နိုင်ပါတယ်။

- 6 . Rendering
Camera ရိုက်ချက်တွေနဲ့ပုံပေါ်ပြီးပြီးဆိုရင်
နောက်ဆုံး အနေနဲ့ Blender ထဲကနေ ကိုယ်ဖန်တီးထားတဲ့ Scene ကို Video File ထုတ်ရပါတော့မယ်။
ဒါကို Render ချတယ် လို့လည်း ခေါ်နိုင်ပါတယ်။
Render ချတဲ့နေရာမှာ
- EEVEE Render
-Cycle Render
- Workbench Render စတဲ့ အမျိုးအစားတွေရှိပါတယ်။

- Video Editing

နောက်ဆုံး အဆင့်အနေနဲ့
ကျွန်တော်တို့ Render ချထားတဲ့ Animation အစိတ်အပိုင်း တွေကို Video Editing နဲ့ ပြန်လုပ်ရပါမယ်။ Video Editing ပိုင်းမှာ Color Grading / Sound Effect / Voice Line စတဲ့ အပိုင်းတွေ ထည့်ရပါတော့မယ်။ Video Editing မှာ ကြိုက်တဲ့ Software သုံးနိုင်ပါတယ်။

ဒါကြောင့် Animation ဇာတ်လမ်းဖန်တီးတော့မယ်ဆိုရင် ဒီအဆင့်တွေကို မဖြစ်မနေ ကျော်ဖြတ်ရမှာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး Animation နဲ့ပါတ်သက်ပြီး လေ့လာချင်တယ် ဆိုပါက ITKLEARN.COM ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခဗျာ။

ရေးသားသူ

Hein Min Zaw


Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ
အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
👍7🔥1