itklearn.com
3.22K subscribers
199 photos
13 videos
99 links
မြန်မာ့ပထမဆုံးနှင့် အကြီးဆုံး Online Learning Platform
Download Telegram
Content တွေကိုဘယ်လိုဖန်တီးကြမှာလဲ

စာသားတစ်မျိုးတည်းကပဲ Content လို့ခေါ်တယ်လို့ သိထားရင် ဒါလေးက လွဲမှားနေတာပဲ ဖြစ်ပါတယ်။ content မှာ ဓါတ်ပုံ၊ ဗီဒီယို၊ အသံ စတာတွေလဲ ပါပါတယ်။ Content တွေဖန်တီးကြတဲ့ အခါ တချို့က Graphic Design နဲ့ Content စာသားကို အသုံးပြုကြတယ်ဆို‌ပေမယ့် တချို့က ဗီဒီယိုနဲ့ အသံတွေကိုအသုံးပြုကြတာလဲရှိပါတယ်။ အသံမှာဆိုရင်လည်း လူရဲ့စကား‌ပြောသံ၊ တီးလုံးသံ၊ သီချင်းသံ ဒါတွေအားလုံး ပါဝင်ပါတယ်။ ကိုယ်အသုံးပြုမယ့် Video Content ပေါ်မှာ မူတည်ပြီး အဆင်ပြေရာကို အသုံးပြုကြပါတယ်။ Content ဖန်တီးတဲ့အခါမှာ Graphic Design တစ်မျိုးတည်းကို အသုံးပြုကြတဲ့သူတွေလည်း ရှိပါတယ်။

စာသား Content ကိုအမျိုးစားထပ်ခွဲရင် TechnicalContent, Research Content, Business Content, Review Content, Article Content,Publication Content, Scriptwriting Content, Copy Writing Content :ဆိုပြီး အမျိုးစားအများကြီးရှိပါတယ်။

Content အမျိုးအစားတွေ အများကြီးရှိတဲ့ထဲမှာမှ ကိုယ်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ content တွေကိုဘယ်အချိန်မှာ ဘယ် Content အမျိုးအစားကို အသုံးပြုမယ်ဆိုတာကိုContent Writer တွေက ဆုံးဖြတ်ကြပါတယ်။ လုပ်ငန်းအများစုကတော့ Facebook ပေါ်မှာ Content တွေတင်တဲ့အခါ Article Content နဲ့ Copy Writing Content တွေကို အများဆုံးအသုံးပြုကြတာ တွေ့ရပါလိမ့်မယ်။

💁Content စာသားတွေရေးမယ့်သူတစ်ယောက်ဟာ ဒီskillလေးတွေတော့ မဖြစ်မနေ ရှိထားမှ ရပါလိမ့်မယ်
📍 စာရေးရတာ ဝါသနာပါသူ ဖြစ်ရမယ်။
📍 စာလုံးပေါင်းသတ်ပုံ မှန်ကန်သူဖြစ်ရမယ်
📍အွန်လိုင်းပေါ်မှာ ရှာဖွေအား ကောင်းရမယ်။
📍ကိုယ်ရေးမယ့် အကြောင်းအရာနဲ့ ပက်သက်ပြီး ဗဟုသုတ အတွေ့အကြုံ ရှိဖို့လည်း လိုအပ်ပါတယ်ရှင့်။

Content စာသားတွေကို အွန်လိုင်းပေါ်ကနေ Facebook တစ်ခုတည်းမှာ အသုံးပြုနိုင်တာမဟုတ်ဘဲ တစ်ခြားSocial Media တွေဖြစ်တဲ့Instagram, YouTube, TikTok စတဲ့ နေရာတွေမှာပါ အသုံးပြုနိုင်တဲ့အပြင်၊ Website, Blog, Offline Media တွေဖြစ်တဲ့ ဗီနိုင်း၊ လက်ကမ်းစာစောင်၊ စတေကာ၊ ဘေဘုတ် အစရှိတဲ့ Printing အမျိုးအစားတွေမှာပါ ယနေ့အချိန်ထိ ကျယ်ပြန့်စွာ အသုံးပြုနေကြဆဲပါပဲ။

Content တစ်ပုဒ်မရေးခင်မှာ ပထမအဆင့်အနေနဲ့ ကိုယ်ရေးမယ့် ကုန်ပစ္စည်း နဲ့ ဝန်ဆောင်မှုကဘာ လဲဆိုတာ သိအောင်လုပ်ဖို့လိုပါတယ်။ ဒုတိယအဆင့်အနေနဲ့ ကုန်စ္စည်းရဲ့ အကျိုးရလဒ်တွေက ဘာလဲဆိုတဲ့ အားသာချက်ကို သိရှိအောင်လုပ်ရပါမယ်။ ဘယ်လို စာသား အသုံးအနှုန်းတွေနဲ့ ဘယ်လို ရေးသင့်လဲဆိုတာကို ရှာဖွေပြီးတော့ ဘယ်သူတွေအတွက်ရေးမှာလဲဆိုပြီး Target Audience ကိုရွေးထုတ်တတ်ရပါမယ်။ ပြီးတော့ဘယ်လို formula နဲ့ရေးမယ်ဆိုတာကို ဆုံးဖြတ်ရပါမယ်။ ပြီးရင်တော့ Content တစ်ပုဒ်လုံးအတွက် ခေါင်းစဉ်၊ စာကိုယ်၊ နိဂုံး ဆိုပြီး ခွဲရမယ်၊ နေရာချရပါမယ်။

ဘယ်အပိုဒ်ကိုတော့ အပေါ်ဆုံးမှာ ထားမယ်။ ဘယ်အပိုဒ်ကို တော့ အောက်ဆုံးမှာထားမယ် ဆိုတာကို ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။ ဒါကတော့ အခုမှ စပြီး Content writer career ဘက်ကိုလေ့လာနေတဲ့သူလေးတွေသိထားသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်ရှင့်။

ရေးသားသူ
Content Writing Class Instructor
Tr. Nora

—---------------------

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ
အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
👍6❤2
ပညာရှင်ဆန်ဆန်ခိုးမယ်
"Steal Like an Artist စာအုပ်ထဲမှာ
Austin Kleon ကအနုပညာဆိုတာ
ခိုးယူခြင်းနဲ့ ပတ်သက်တယ်လို့
ရဲရဲတင်းတင်း ပြောထားတယ်။
ဒါပေမဲ့ သူဆိုလိုတာက
ပုံတူကူးချတာမျိုး မဟုတ်ဘူး။

သူပြောချင်တာက
ကိုယ့်ရဲ့စိတ်ကို လှုံ့ဆော်နိုင်တဲ့
အရာတွေကို လေ့လာပါ၊ စုပ်ယူပါ
ပြီးတော့ ကိုယ်ပိုင်ဟန်နဲ့
ပြန်လည်ဖန်တီးဆိုတာပါပဲ။
တကယ်တော့
Video Editing နယ်ပယ်မှာလည်း
ဒီသဘောတရားက အလွန်အရေးပါတယ်ဗျာ့။

ဘာကြောင့် Reference ယူသင့်သလဲ ?
ဗီဒီယိုတည်းဖြတ်သူ
တစ်ယောက်အနေနဲ့
အမြဲတမ်း လတ်ဆတ်ပြီး
ဆန်းသစ်တဲ့ Content တွေကို
ဖန်တီးနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ။
တစ်ခါတလေမှာ
စိတ်ကူးတွေ ခေါင်းထဲမှာ
တဝဲလည်လည် ဖြစ်နေတတ်တယ်။

အဲဒီလိုအချိန်မျိုးမှာ
တခြားသူတွေရဲ့ အလုပ်တွေကို
လေ့လာတာဟာ အလွန်အသုံးဝင်တယ်ဗျာ့။

အကျိုးတွေကတော့ -
(၁) - စိတ်ကူးသစ်တွေ ရရှိခြင်း
တခြားသူတွေ
ဘယ်လို Editing Style တွေသုံးထားလဲ
ဘယ်လို Transition တွေထည့်ထားလဲ
ဘယ်လို Color Grading လုပ်ထားလဲ
ဆိုတာကို ကြည့်ခြင်းအားဖြင့်
ကိုယ့်ရဲ့ စိတ်ကူးတွေကို
လှုံ့ဆော်နိုင်တယ်။

(၂) - နည်းပညာအသစ်တွေ လေ့လာခြင်း
ခေတ်ပေါ် Editing Software တွေမှာ
Feature အသစ်တွေ အများကြီး ရှိတယ်။
တခြားသူတွေ
အဲဒီ Feature တွေကို
ဘယ်လို အသုံးချထားလဲဆိုတာကို
လေ့လာခြင်းအားဖြင့်
ကိုယ်လည်း နည်းပညာအသစ်တွေကို
တတ်မြောက်လာနိုင်တယ်။

(၃) - ကိုယ့်ရဲ့အားနည်းချက်တွေကို သိရှိခြင်း
တခြားသူတွေရဲ့
အားသာချက်တွေကို
မြင်တွေ့ခြင်းအားဖြင့်
ကိုယ်ရဲ့ အားနည်းချက်တွေကို
သိလာပြီး တိုးတက်အောင်
လုပ်ဆောင်နိုင်ပါတယ်။
ဒါဆို မှန်ကန်တဲ့နည်းလမ်းနဲ့
ဘယ်လို "ခိုး" ယူမလဲ ?
"ခိုးယူတယ်" ဆိုတဲ့
စကားလုံးက နားထောင်ရတာ
နည်းနည်းကြမ်းပေမဲ့
Austin Kleon ဆိုလိုတဲ့
အဓိပ္ပာယ်ကတော့
လေးစားမှုရှိရှိနဲ့ လေ့လာသင်ယူဖို့ဖြစ်တယ်ဗျာ့။

အဲ့ဒီအတွက် -
(၁) - အများအပြား လေ့လာပါ
တစ်ယောက်တည်းရဲ့
အလုပ်ကိုပဲ အာရုံမစိုက်ပါနဲ့။
မတူညီတဲ့
တည်းဖြတ်သူတွေရဲ့
အလုပ်တွေကို အများကြီး လေ့လာပါ။

(၂) -ဘာကို ကြိုက်လဲ၊ ဘာကို မကြိုက်လဲ မှတ်သားပါ
ကိုယ်ကြိုက်တဲ့ Editing Style တွေ
Transition တွေ၊ Music Choices တွေကို
မှတ်သားထားပါ။

ဘာကြောင့်
ကြိုက်လဲဆိုတာကိုလည်း
သေချာစဉ်းစားပါ။
မကြိုက်တဲ့အရာတွေကိုလည်း
မှတ်သားထားပါ။

(၃) - ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်ကို ဖန်တီးပါ
ကိုယ်လေ့လာထားတဲ့
အရာတွေကို ပေါင်းစပ်ပြီး
ကိုယ်ပိုင်ဟန်ကို ဖန်တီးပါ။
တခြားသူတွေရဲ့
ပုံတူကို ကူးချတာမျိုး မလုပ်ပါနဲ့။

(၄) - Credit ပေးပါ (လိုအပ်ရင်)
တကယ်လို့ခင်ဗျားက
တခြားသူရဲ့ အလုပ်ကနေ
တိုက်ရိုက် Inspiration ရခဲ့တယ်ဆိုရင်
ဖြစ်နိုင်ရင် Credit ပေး။
ဒါဟာ လေးစားမှုပြသရာ ရောက်တယ်။
အနှစ်ချုပ်ရရင်
ဗီဒီယိုတည်းဖြတ်တဲ့
လုပ်ငန်းမှာ တခြားသူတွေဆီက
Reference ယူတာဟာ လုံးဝ မမှားဘူး။

တကယ်တော့
ဒါဟာ တိုးတက်ဖို့အတွက်
မရှိမဖြစ် လိုအပ်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲ။
အရေးကြီးတာက
ဘယ်လို "ခိုး"ယူလဲဆိုတာပဲ။

ဒါကြောင့်
လေးစားမှုရှိရှိ လေ့လာပါ
သင်ယူပါ၊ ပြီးတော့
ကိုယ့်ရဲ့ ကိုယ်ပိုင်
အနုပညာလက်ရာကို ဖန်တီးပါ။
အဲဒါမှသာခင်ဗျားဟာ
တကယ့် အနုပညာရှင်တစ်ယောက်လို
"ခိုး"ယူရာရောက်မှာဖြစ်တယ်။

စာရေးသားသူ
#Sanminyaungchyi

---------------------

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ

အသေးစိတ်စုံစမ်းရန်
m.me/itklearn
#itklearn #learningplatform #education
#class #onlineclass #training #videocourse
👍2
Crypto currency ဆိုတာဘာလဲ

Crypto currency ဆိုတာ digital assets ပါ
Physical assets ဆိုတာက ငွေ၊ ရွှေတွေပါ

အခုခေတ်မှာမြန်မာနိုင်ငံကလူတွေကမရင်းနှီးသေးပေမဲ့ နိုင်ငံခြားကလူတွေက crypto တွေကို အရင်တည်းကရင်းနှီးမြုပ်နှံထားကြလို့ အခုဆို ဘီလျံနာတွေဖြစ်တဲ့သူတွေတောင်ရှ်ိပါတယ်။

စဉ်းစားကြည့်ပါ လွန်ခဲ့တဲ့ 3နှစ်တုန်းက BTC 1 coin 15000ပါ အခု 100000 ပါ 6ဆတောင်ဈေးတက်တာပါ တက်တာကမြန်မာငွေမဟုတ်ဘူးနော် Dollar နဲ့

ဒီနိုင်ငံမှာက cryptoဆိုတာအလိမ်ဘာညာထင်နေကြတာပါ

Crypto ဆိုတာ စတော့ရှယ်ယာလိုမျိူး financial Market တစ်ခုပါဘဲ ကို၀င်ကစားတတ်ရင်အကျိုးအမြတ်ရမယ်

အကျိုးအမြတ်က ချက်ချင်းကတော့မရပါဘူး

Tips and tricks လေးတွေလိုသလို ‌သေချာလေ့လာသင်ယူပီးမှရနိုင်ပါမယ်ဗျ။


Crd Crypto investment ||

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ
အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
Programming ဆိုတာဘာလဲ?
Programming ဆိုတာကတော့ Computer ကို တိတိကျကျ အလုပ်လုပ်အောင် ဘာလုပ်ဖို့၊ ဘယ်လိုလုပ်ဖို့ ဆိုတာကို သတ်မှတ်ပေးတဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်ပါတယ်။

Computer ဟာ ကိုယ့်လို မိမိစိတ်ကြိုက် မလုပ်နိုင်ဘူး။ သူ့ကို တိတိကျကျ ညွှန်ကြားချက်တွေ (Instructions) ပေးမှသာ လုပ်တတ်တယ်။ ဒီညွှန်ကြားချက်တွကိုProgramming Language တွေနဲ့ ရေးသားပေးရပါတယ်။

Programming Language ဆိုတာကတော့
Computer နဲ့ ဆက်သွယ်ဖို့အတွက် အသုံးပြုတဲ့ ဘာသာစကားတစ်ခုပါ။လူနဲ့ ကွန်ပျူတာ နှစ်ခုအကြား ပြောဆိုဖလှယ်ဖို့အတွက် ဆက်သွယ်မှုတစ်ရပ် လို့လည်းပြောလို့ရပါတယ်။

Programming ဆိုတာက တန်ဖိုးရှိတဲ့ digital skill တစ်ခုဖြစ်ပါတယ်။အချိန်ပေးပြီး သေသေချာချာ သင်ယူနိုင်ရင် ကိုယ့်အနာဂတ်အတွက် အလွန်အသုံးဝင်တဲ့ အတတ်ပညာ တစ်ခုပါ။အလုပ်ကိုင် အခွင့်လမ်းများပြားတဲ့အတွက်
လေ့လာသင်ယူ သင့်တဲ့ skill တစ်ခုဖြစ်ပါတယ်။

Programming ကို လေ့လာရခြင်းရဲ့ အကြောင်းအရာတွေက –🖥 ကွန်ပျူတာကို စာမပြောဘဲနဲ့ လုပ်ဖို့ညွှန်နိုင်တယ်။

🌐 Website, App, Game စတဲ့ Digital ပစ္စည်းတွေကို ကိုယ်တိုင် ဖန်တီးနိုင်တယ်။

🧠 ပြဿနာတွေကို နည်းပညာနဲ့ ဖြေရှင်းတတ်လာတယ်။

💼 အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရနိုင်တယ်။

💡 ကိုယ့်စိတ်ကူးတွေကို စီးပွားရေးလုပ်ငန်း အဖြစ်ပြောင်းလဲနိုင်တယ်။

ဥပမာ အနေနဲ့ပြောရရင်
ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ social mediaတွေဖြစ်တဲ့ Facebook, YouTube, TikTok ,etc. စတဲ့ application တွေဟာ programmer တွေက programming languages တွေကိုအသုံးပြုပြီးတော့ ဖန်တီးထားကြတာဖြစ်ပါတယ်။

နောက်ပြီးရင်
PUBG, Mobile Legends စတဲ့ Game တွေ ၊
လက်ရှိမြန်မာနိုင်ငံမှာ အားလုံးနီးပါးအသုံးပြုနေကြတဲ့
KBZ Pay ,Wave Pay စတဲ့ Banking System applicationတွေဟာလည်း programmingကိုအသုံးပြုပြှးတော့ရေးထားတာဖြစ်ပါတယ်။

ရေးသားသူ
---------------
Programming Class Instructor
Tr.Thu Pyay Zin

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ
အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
👍5
ကိုယ်ဖန်တီးထားတဲ့ Content တွေ ဘာကြောင့်ကျရှုံးရတာလဲ

Content marketing လုပ်တဲ့အခါ ရည်မှန်းချက်ပန်းတိုင်မရောက်ဘဲ ကျရှုံးရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒီထဲကမှ အဖြစ်များဆုံး အချက်တချို့ကို ဒီနေ့မှာဖော်ပြပေးလိုက်ပါတယ်ရှင့်။

1️⃣ ပရိသတ်ကို နားမလည်ခြင်း**
- Target audience ရဲ့ လိုအပ်ချက်၊ စိတ်ဝင်စားမှု၊ ပြဿနာတွေကို သေချာမဆန်းစစ်မိဘူးဆိုရင် content တွေက အလကားဖြစ်သွားနိုင်ပါတယ်။
- ဥပမာ: Gen Z ကို ရည်ရွယ်ပြီး Formal language နဲ့ရေးတာ၊ သက်ကြီးရွယ်အိုတွေကို TikTok style နဲ့ပြောတာ။

2️⃣ အရည်အသွေး မကောင်းခြင်း**
- စာဖတ်သူကို တန်ဖိုးမပေးနိုင်တဲ့ generic content တွေ၊ မဟုတ်မမှန်သတင်းတွေက engagement ကျစေပါတယ်။
- ဥပမာ: SEO အတွက် keyword ထည့်ထားတဲ့ အဓိပ္ပာယ်မရှိတဲ့ content တွေ။

3️⃣ SEO နဲ့ မကိုက်ညီခြင်း
- Keyword research မလုပ်ဘဲ၊ meta description မထည့်ဘဲ၊ mobile-friendly မဖြစ်ဘဲ post တင်တာမျိုးက **Google ranking မတက်စေပါဘူး။
- ဥပမာ: "မိုးတွင်းဖိနပ်" ဆိုတဲ့ keyword ကို ထည့်သွင်းထားတဲ့ content။

4️⃣ အချိန်ကိုက် မဖြန့်ခြင်း
-Trend နောက်မလိုက်တာ၊ seasonal postမတင်
တာ၊ တင်တဲ့ချိန် နောက်ကျသွားတာ။
- ပရိသတ် active ဖြစ်တဲ့အချိန် (ဥပမာ ညနေ ၆-၉ နာရီ) မှာ မတင်ရင် engagement နည်းသွားနိုင်ပါတယ်။

5️⃣ Call-to-Action (CTA) အားနည်းခြင်း**
- စာဖတ်သူကို ဘာလုပ်ရမလဲ မပြောပြဘူးဆိုရင် သူတို့ scroll ဆွဲပြီးထွက်သွားပါလိမ့်မယ်။
- ဥပမာ: "ဝယ်ယူရန်" / "Inbox ပို့ရန်" ဆိုတဲ့ CTA မပါတဲ့ post တွေ။ မပါမဖြစ် ထည့်ပေးရပါမယ်။

6️⃣ Platform နဲ့ မကိုက်ညီခြင်း
- Facebook အတွက် ရှည်ရှည်လေးရေးပြီး TikTok မှာ text-heavy content တင်တာ၊ LinkedIn မှာ meme တွေပဲဖြန့်တာမျိုး။

7️⃣ Data နဲ့ မတိုင်းတာခြင်း
- Analytics ကို မကြည့်ဘဲ content strategy ဆက်တင်ရင် ဘာမှားနေလဲဆိုတာ သိရမှာမဟုတ်ပါဘူး။

ဘယ်လိုရှောင်ရမလဲ?
✅ Audience research လုပ်ပါ။
✅ SEO-friendly ဖြစ်အောင် ရေးပါ။
✅ CTA ထည့်ပါ။
✅ Platform အလိုက် content format ပြောင်း ပါ။
✅ Performance တိုင်းတာပြီး A/B testing လုပ်ပါ။

ကိုယ်ဖန်တီးထားတဲ့ Content က မအောင်မြင်ရင် **ဒီအချက်တွေထဲက တစ်ခုခု ပါနေလောက်ပါတယ်‌နော်။ စနစ်တကျ ပြင်ဆင်ရင် engagement တက်လာမှာပါ! 🚀

#ContentMarketing #SocialMediaTips #DigitalMarketing

ရေးသားသူ
Content writing Instructor
Tr.Nora

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ
အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
❤1
Marketing ကို ဘယ်အချိန်တွေမှာလိုအပ်တာလဲ?

နားလည်အောင် အရှင်းဆုံး ပြောရရင်
အကိုတို့၊အမတို့နဲ့လုပ်ငန်းတူ၊စီးပွားရေးသမားတွေပေါ်လာတဲ့အခါ ၊သူတို့နဲ့ ယှဥ်ပြီး fight ရတဲ့အခါမျိုးမှ
Marketingကို မဖြစ်မနေသုံးဖို့ လိုအပ်ပါတယ်။

တကယ်လို့ အကိုတို့၊အမတို့က Marketing ကိုမသုံးဘူး၊Marketingနဲ့ မပြိုင်နိုင်ဘူးဆို သေချာပါတယ် အကိုတို့အမတို့ စီးပွားရေး နောက်ကျမှာ ကျိန်းသေပါတယ်။

Marketing ကို အကျိူးရှိရှိအသုံးချပြီး
အကိုတို့၊အမတို့ လုပ်ငန်းတွေတိုးတတ်ချင်တယ်၊ရောင်းအားတွေ ဒီရေအလား တတ်ချင်တယ်ဆိုရင်တော့၊ ကျွန်မတို့ရဲ့ itk learn.comမှာ Marketing ပညာရပ်ကို ၊အခြေခံက အစ လုပ်ငန်းရှင်ဖြစ်တဲ့အထိ ကျွမ်းကျင်စွာ သင်ကြား
ပို့ချပေးမဲ့ Marketing အတန်းလေးကို လာ ရောက် joinလို့ရပါတယ်ဆိုတဲ့အကြောင်းလေးပြောပြရင်း""

နွေးထွေးစွာ ဖိတ်ကြားလိုက်ပါတယ်ရှင်။
အသေးစိတ် သိချင်တာရှိရင်
cb မှာ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။
ကောင်းသောနေ့လေး ဖြစ်ပါစေရှင့်။

ရေးသားသူ
—-----------------
Marketing instructor
Tr-Ei Ei Zaw

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ
အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
Content Writing နှင့် Copywritingကွာခြားချက်ကဘာတွေဖြစ်လောက်မလဲ?

Content Writing
➤ Knowledge Sharing
➤ Information
➤ People interest
➤ Trust Building
[Point of teach/Knowledge]✅
1.မိမိသိရှိထားသောအသိပညာများမျှဝေပေးခြင်း
2.ယုံကြည်မှုတည်ဆောက်ခြင်း
3.စာဖတ်သူအတွက်အကျိုးရှိစေမည့်အကြောင်းအရာများကိုဝေမျှပေးခြင်း
4.မိမိအားအသိအမှတ်ပြု၍နေရာတစ်ခုပေးလာအောင်ပြုလုပ်ခြင်းအစရှိသဖြင့် .........

Copywriting
➤ Short Sentences (Customer)
➤ Product (Support)
➤ Target selling
➤ Customer want to needs
[Point of Selling / Product]✅
1.လိုရင်း,တိုရှင်း,ထိထိမိမိနားလည်အောင်ရေးသားခြင်း
2.မိမိ၏ထုတ်ကုန်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများကိုအသားပေးဖော်ပြ၍ရေး သားခြင်း
3.မိမိထုတ်ကုန်အားဝယ်သူစိတ်ဝင်စားလာအောင်,ဝယ်ချင်လာအောင်
4.ဝယ်သွားအောင် နှင့် အခြားသောဝယ်ယူသူများကိုဆွဲခေါ်လာအောင်ရေးခြင်းအစရှိသဖြင့် ......

မိတ်ဆွေသိတဲ့ContentWritingနှင့်Copywritingရဲ့ကွာခြားချက်ကဘာတွေဖြစ်လောက်မလဲ Sharing လုပ်ပေးခဲ့ပါဦးနော်⤵✅

ရေးသားသူ
---------------
Contant Writing Insturctor
Tr.Yamin

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ
အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
#itklearn #learningplatform #education #contentwriting
#copywriting
#class #onlineclass #training #videocourse
👍2
- Animation ဆိုတာ ဘာလဲ။
ကာတွန်း လို့ ပြောလိုက်ရင်
အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်။
Cartoon ကား တွေကို ကျွန်တော်တို့ ငယ်ငယ်က
TV Channel တွေမှာ ကြည့်ဖူးကြမှာ မလွဲ မသွေပါပဲ။
ဒီလို ကာတွန်းဇာတ်ကားတွေ ဖြစ်လာဖို့
ရုပ်ပုံတွေကို Animation လုပ်ရပါတယ်။

-Animation ဆိုတာကတော့
လူတွေရဲ့ အမြင်အာရုံမှာ ရုပ်ပုံတွေရဲ့
လှုပ်ရှားမှုကို ပြသခြင်းဖြစ်ပါတယ်။
အဲဒီလှုပ်ရှားမှုတွေဖြစ်လာဖို့
Key Frame တွေနဲ့အလုပ်လုပ်ရပါတယ်။
Key Frame တစ်ခုနဲ့ တစ်ခုဟာ
တစ်က္ကန့်အတွင်း အလျင်အမြန် လှုပ်ရှားရပါတယ်။

- ကာတွန်းပုံတစ်ခုကို လှုပ်ရှားဖို့
အရင်ဆုံး Control လုပ်ရပါတယ်။
ကာတွန်းပုံတစ်ခုကို Control လုပ်ဖို့
Bone (အရိုး) တွေ ကို အသုံးပြုရပါတယ်။
အပြင်လောက က လူတွေအတိုင်း
ကာတွန်းပုံတွေမှာ Bone (အရိုး) တွေ ထည့်ရပါတယ်။
Bone (အရိုး) တွေ လှုပ်ရှားရင်
ကာတွန်းပုံကပါ လိုက်ပြီး လှုပ်ရှားရပါတယ်။
Bone (အရိုး) တွေ လှုပ်ရှားဖို့ အတွက်ကိုတော့
Key Frames တွေက တာဝန်ယူရပါတယ်။

-Key Frame တစ်ခုနဲ့တစ်ခု မှာ မတူညီတဲ့
လှုပ်ရှားမှုတွေ ရှိရပါတယ်။
Key Frames လှုပ်ရှားမှုတွေက ကာတွန်းပုံတွေရဲ့
ပြေးဟန်၊လမ်းလျှောက်ဟန်၊ စသဖြင့်
အမူအရာပေါင်းများစွာကို လူတွေရဲ့
အမြင်အာရုံမှာ ဖြစ်ပေါ်လာစေပါတယ်။
Animation ဇာတ်လမ်းတစ်ပုဒ်ကို
ကြည့်မယ်ဆိုရင် ခန့်မှန်းခြေ ပျမ်းမျှ
တစ်နာရီခွဲလောက် ကြာပါတယ်။
အဲဒီ တစ်နာရီခွဲ အတွင်းမှာပဲ Key Frames
သိန်းပေါင်းများစွာရဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ရပါတယ်။

Animation ရဲ့ အခန်း ကဏ္ဍဟာ ယနေ့အထိ
နယ်ပယ် တော်တော်များများ မှာ အရေးပါနေတာကို တွေ့ရပါတယ်။
Animation ကာတွန်း ရုပ်ရှင်တွေ
Game Play Scene တွေအထိ
အသုံးပြုကြပါတယ်။
ရုပ်ရှင်၊ဇာတ်လမ်းတွေမှာ ဆိုရင်
CGI = Computer-generated imagery လို့ခေါ်တဲ့
နည်းပညာကို အသုံးပြုကြရပါတယ်။
ဒီနယ်ပယ်မှာလည်း Animation မပါလို့ မရပါဘူး။
နောက်ဆုံး စီးပွားရေးလုပ်ငန်းရှင်တွေရဲ့
Product တွေကို ကြော်ငြာတဲ့ နယ်ပယ်တွေအထိ
Animation တွေက နေရာယူထားပါတယ်။

- လူသိအများဆုံး Animation အမျိုးအစားနှစ်ခု

လူသိအများဆုံး Animation တွေကတော့
2D Animation နဲ့ 3D Animation ပဲ ဖြစ်ပါတယ်။

- 2D Animation
2D Animation ဆိုတာကတော့
Two-Dimensional = နှစ်ဖက်မြင်
လို့ အဓိပ္ပါယ်ရပါတယ်။
Character နဲ့ Object တွေကို
Flat visual type ဖန်တီး ရေးဆွဲရပါတယ်။
ဆိုလိုတာက 2D Cartoon ပုံ ဆွဲရပါတယ်။
ပြီးရင် Bone တွေနဲ့ Keyframe တွေသုံးပြီး
လှုပ်ရှားမှုတွေ ပြုလုပ်ရပါတယ်။
2D Animation ကတော့ အမြင်အာရုံမှာ
Flat ( ပြားချပ်ချပ်) ဖြစ်ပါတယ်။
2D Animation ကို Cartoon ဇာတ်လမ်းတွေ၊
Product ကြော်ငြာတွေ ၊ Video Game တွေမှာ
အသုံးပြုကြပါတယ်။

- 3D Animation
3D Animation ကတော့
Three-Dimensional = သုံးဖက်မြင်
လို့ အဓိပ္ပါယ်ရပါတယ်။
2D Animation ထက် Realistic ပို ဆန်ပါတယ်။
သုံးဘက်မြင် ဖြစ်တာကြောင့်
Camera ရိုက်ချက်မှာ ရှုထောင့်ပေါင်းစုံရပါတယ်။
3D Animation မှာ 3D Model တွေနဲ့
အလုပ်လုပ်ရတာ ဖြစ်တာကြောင့်
ပုံဆွဲစရာ မလိုပါဘူး။ ဒါပေမဲ့ ကိုယ်ဖန်တီးချင်တဲ့
3D Model အတွက် Reference image လိုပါတယ်။
Character မှစ၍ Environment အထိ 3D Model
တွေကို အသုံးပြုပါတယ်။
3D Animation ကို
ရုပ်ရှင်ဇာတ်ကားထဲမှာ CGI ဇာတ်ကောင်တွေအဖြစ်
Realistic ဆန်ဆန် ဖန်တီးလို့ရပါတယ်။
နောက်ပြီး Product Advertising ၊ Game Model
စတဲ့ နယ်ပယ်တွေမှာလည်း အသုံးများပါတယ်။

- 2D Animation နဲ့ 3D Animation နှစ်ခုလုံးမှာ
ရသ တစ်မျိုးစီ ရှိကြပါတယ်။

သင်ဆရာ/မြင်ဆရာ/ကြားဆရာ
အားလုံးကို အစဥ်လေးစားလျက် 🙏🙏🙏
ရေးသားသူ
—---------------
Hein Min Zaw

Blender 3D Artist

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ
အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
👍4❤1
Freelancer Website များမှရရှိနိုင်သော အခွင့်အလမ်းများ

ယနေ့ခေတ်မှာ
ဗီဒီယိုအကြောင်းအရာတွေရဲ့
လွှမ်းမိုးမှုက နေရာတိုင်းမှာ ရှိနေပါတယ်။

ဒါကြောင့်
အရည်အသွေးပြည့်မီတဲ့
ဗီဒီယိုတွေကို တည်းဖြတ်နိုင်တဲ့
Freelancer တွေအတွက်
အလုပ်အကိုင် အခွင့်အလမ်းတွေဟာလည်း
အရင်ကထက်ကို ပိုမိုများပြားလာပါတယ်။

အထူးသဖြင့်
Freelancer တွေကို
ချိတ်ဆက်ပေးတဲ့ Website တွေက
ဒီအခွင့်အလမ်းတွေကို
ပိုပြီးလက်လှမ်းမီစေပါတယ်။

Freelancer Website များရဲ့အားသာချက်များ

(၁) - ကမ္ဘာအနှံ့မှ အလုပ်များ

ဒီ Website တွေကနေတစ်ဆင့်
ကမ္ဘာတဝှမ်းက Client တွေနဲ့
ချိတ်ဆက်ပြီး အလုပ်လုပ်ကိုင်နိုင်ပါတယ်။

ဒေသတွင်းမှာတင်မဟုတ်ဘဲ
နိုင်ငံတကာက အလုပ်တွေကိုပါ
လုပ်ကိုင်ခွင့်ရရှိနိုင်ပါတယ်။

(၂) - ကိုယ်ပိုင်နှုန်းထား သတ်မှတ်နိုင်ခြင်း

Freelancer တစ်ယောက်အနေနဲ့
ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့
အတွေ့အကြုံပေါ်မူတည်ပြီး
လုပ်အားခကို လွတ်လပ်စွာ
သတ်မှတ်နိုင်ပါတယ်။

(၃) - အချိန်နဲ့ နေရာ အကန့်အသတ်မရှိခြင်း

ကိုယ်အဆင်ပြေတဲ့အချိန်
ကိုယ်နေထိုင်တဲ့နေရာကနေပဲ
အလုပ်လုပ်နိုင်တာကြောင့်
လွတ်လပ်တဲ့ လုပ်ငန်းခွင်ကို
ပိုင်ဆိုင်နိုင်ပါတယ်။

(၄) - Portfolio တည်ဆောက်ရန် အခွင့်အရေး

လုပ်ငန်းတစ်ခုပြီးတိုင်း
ကိုယ့်ရဲ့ Portfolio ထဲမှာ
ထည့်သွင်းပြသနိုင်တာကြောင့်
နောက်ထပ်အလုပ်တွေရရှိဖို့
ပိုမိုလွယ်ကူစေပါတယ်။

ဗီဒီယိုတည်းဖြတ်သူများအတွက် ရရှိနိုင်သော အခွင့်အလမ်းများ

Freelancer Website တွေမှာ
ဗီဒီယိုတည်းဖြတ်သူတွေအတွက်
ရရှိနိုင်တဲ့ အလုပ်အမျိုးအစားတွေကတော့
အများကြီးပါပဲ။

ဥပမာအားဖြင့် -

(၁) - ကြော်ငြာဗီဒီယိုများ တည်းဖြတ်ခြင်း

ကုမ္ပဏီတွေ
လုပ်ငန်းငယ်တွေအတွက်
ဆွဲဆောင်မှုရှိတဲ့
ကြော်ငြာဗီဒီယိုတွေကို
တည်းဖြတ်ပေးနိုင်ပါတယ်။

(၂) - လူမှုကွန်ရက် ဗီဒီယိုများ တည်းဖြတ်ခြင်း

Facebook
YouTube, Instagram စတဲ့
Platform တွေအတွက်
ဗီဒီယိုအကြောင်းအရာတွေကို
တည်းဖြတ်ပေးနိုင်ပါတယ်။

(၃) - ရုပ်ရှင်နှင့် မှတ်တမ်းရုပ်ရှင်များ တည်းဖြတ်ခြင်း

ရုပ်ရှင်ထုတ်လုပ်ရေးနဲ့
မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေး
လုပ်ငန်းတွေအတွက်
တည်းဖြတ်မှုပိုင်းမှာ
ပါဝင်ဆောင်ရွက်နိုင်ပါတယ်။

(၄) - သင်တန်း ဗီဒီယိုများ တည်းဖြတ်ခြင်း

Online သင်တန်းတွေအတွက်
လိုအပ်တဲ့ ဗီဒီယိုတွေကို
စနစ်တကျ တည်းဖြတ်ပေးနိုင်ပါတယ်။

(၅) - Motion Graphics နှင့် Visual Effects များ ထည့်သွင်းခြင်း

ဗီဒီယိုတွေကို
ပိုမိုစိတ်ဝင်စားဖို့ကောင်းအောင်
Motion Graphics တွေ
Visual Effects တွေကို
ထည့်သွင်းပေးနိုင်ပါတယ်။

ထင်ရှားသော Freelancer Website များ

ဗီဒီယိုတည်းဖြတ်သူတွေအတွက်
နာမည်ကြီးပြီး အလုပ်အကိုင်
အခွင့်အလမ်းများစွာရှိတဲ့
Freelancer Website တွေလည်း
အများကြီးရှိပါတယ်။

အဲ့ဝာာတွေကတော့ -

(၁) - Upwork

(၂) - Fiverr

(၃) - Freelancer.com

(၄) - Guru.com

ဒီ Website တွေမှာ
ကိုယ့်ရဲ့ Profile ကို
တည်ဆောက်ပြီး လုပ်နိုင်တဲ့
Skill တွေကိုဖော်ပြထားခြင်းအားဖြင့်
Client တွေရဲ့ အာရုံစိုက်မှုကို ရယူနိုင်ပါတယ်။

ဟုတ်ပါတယ်
ဗီဒီယိုတည်းဖြတ်တဲ့
ကျွမ်းကျင်မှုရှိသူတွေအတွက်
Freelancer Website တွေဟာ
ကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို
ပေးစွမ်းနိုင်ပါတယ်။

ကမ္ဘာအနှံ့က
အလုပ်တွေကို
လုပ်ကိုင်ခွင့်ရရှိနိုင်သလို
ကိုယ်ပိုင်နှုန်းထားနဲ့
လွတ်လပ်စွာ လုပ်ကိုင်နိုင်တာကြောင့်
ဒီ Platform တွေကို အသုံးချပြီး
ကိုယ့်ရဲ့ လုပ်ငန်းကို တိုးချဲ့နိုင်ပါတယ်။

ရေးသားသူ
-------------------
#Sanminyaungchyi

Itklearn မှာ နယ်ပယ်အသီးသီက
Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ။

အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
ဖုန်းတစ်လုံးထဲရှိရုံနဲ့ နောက်ခံစကားပြောလုပ်လို့ရလား?

အဖြေ .. "ရပါတယ်"

Android , IOS အမျိုးအစားနှစ်ခုစလုံးအနေနဲ့ ဖုန်းတစ်လုံးရှိဖြင့် နောက်ခံစကားပြောလို့ခေါ်တဲ့ narrator လုပ်ကိုင်နိုင်ပါတယ်။

မိမိအခန်းအသံလုံစရာလည်း မလိုသလို studio room ရှိနေစရာလည်းမလိုပါဘူး။
Freelance အနေနဲ့ အပိုဝင်ငွေရအောင် service ပေးနိုင်သလို ၊ မိမိရဲ့ အတွေးအခေါ်တွေ မိမိလေ့လာထားတဲ့ ပညာရပ်တွေကို တစ်ခြားသောလူကြီး၊လူငယ်/ကျား၊မ မရွေးသိရှိနိုင်အောင်လို့ online မှာ video တွေအနေနဲ့သော်၎င်း

Audiobook အနေနဲ့သော်၎င်း ဖန်တီးပြီးချပြနိုင်ပါတယ်။

နောက်ခံစကားပြောဆိုတာဘာလည်း?
နောက်ခံစကားပြောဆိုတာ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို နားထောင်သူတွေအဖို့ တိကျ ရှင်းလင်းပြတ်သားတဲ့ အသံနဲ့ စာသားတွေ‌ကနေ တစ်ဆင့် နားထောင်သူအဖို့ လက်တွေ့ကျတဲ့ပံုရိပ်တွေပေါ်လာအောင် အသံနဲ့ ပုံဖော်ပေးရတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။

ဘာတွေလိုအပ်လည်း?
နောက်ခံစကားကို quality ရှိရှိ အထာကျကျပြောတက်ချင်တဲ့ ကြိုးစားချင်စိတ်တစ်ခုပဲလိုအပ်ပါတယ်။

Ok ဒါဆို ဘယ်ကနေစရမလည်း?
မိမိမှာ ဖုန်းလည်း ရှိတယ်။
Internet လည်းရှိတယ်။
Google လိုမျိုး browser တစ်ခုခုကလည်း ရှိနေပြီဆိုရင် ဒီ သင်တန်းမှာအသေးစိတ်လေ့လာတက်ရောက်နိုင်ပါပြီ။
ကိုယ်က လိုအပ်တဲ့ Equipment တွေကို ဝယ်ယူချင်ရင်လည်းပဲ Instructor ကိုယ်တိုင်အသုံးပြုဖူးတဲ့ စိတ်ချရတဲ့ ပစ္စည်းတွေကို လမ်းညွှန်ပေးသွားမှာပါ။
သင်တန်းမှာ ဖုန်းတစ်လုံးထဲနဲ့နောက်ခံစကားပြော
သင်တန်းကို တက်‌ရောက်နိုင်သလို မိမိမှာ Mic ကောင်းကောင်းရှိတယ်။ အသံလုံတဲ့ အခန်းလည်းရှိတယ် ၊ laptop တွေ PC တွေလည်း ရှိတယ်။ ဒါပေမယ့် အသံသွင်းတဲ့အခါလိုအပ်ချက်တွေ ရှိနေရင်လည်းပဲ Professional Narrtion Class ကို join နိုင်ပါတယ်။

ဘယ်လိုလူတွေတက်သင့်လည်း?

ဖုန်းတစ်လုံးထဲကိုင်ပြီး နောက်ခံစကားလေးပြောနေယုံနဲ့ အပိုဝင်ငွေရှာချင်တဲ့သူတွေ။

ကိုယ်တင်ဆက်ချင်တဲ့အကြောင်းအရာတွေကို social media ပေါ်မှာ နောက်ခံစကားပြောပြီး (or) လူကိုယ်တိုင်ရုပ်ပြပြီး တင်ဆက်ချင်တဲ့သူတွေ။

ကိုယ့်အသံကိုယ် ယုံကြည်ချက်မရှိတဲ့သူတွေ။

ပင်ကိုယ်အသံကောင်းပါလျက်နဲ့ နည်းစနစ်မကျပဲ အသံသွင်းမိရာကနေ Quality မကောင်းတဲ့ အသံတွေ ထွက်လာလို့စိတ်ညစ်နေသူတွေ။

နောက်ခံစကားပြောကနေ ဆက်စပ် အလုပ်တွေကနေမှ တစ်ဆင့် passive income ကိုယ် ဘယ်လိုရှာရမလည်းဆိုတဲ့ guide line တွေကိုပါ ထပ်တိုးသိရှိချင်တဲ့သူတွေ။

အသံနဲ့ဆက်စပ်ပြီး ဘယ်လို အခွင့်အလမ်းတွေရှိမလဲ ၊ TV အစီအစဉ်တွေမှာရော ဝင်ရောက်လုပ်ကိုင်လို့ရမလား ၊ ကိုယ်က English speaking ‌ကောင်းတယ် , International Freelance Platform တွေမှာအလုပ်လုပ်ကိုင်နိုင်မလား စတဲ့အချက်အလတ်တွေ ကို အသေးစိတ်သိရှိချင်တဲ့သူတွေ။

ဒီလိုလူမျိုးတွေအပြင် ဘာမှမသိသေးဘဲ ဝါသနာတစ်ခုပါရုံလေးပါပဲဆိုတဲ့သူတွေပါ တက်ရောက်သင့်တဲ့ လွယ်ကူရိုးရှင်းတဲ့သင်တန်းတစ်ခုဖြစ်ပါတယ်။

ရေးသားသူ
—--------------
#zawmoepaing

Narrtion & Presentation Class instructor

Itklearn မှာ နယ်ပယ်အသီးသီက
Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ။

အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
👍2
အယောက်(၃၀)သာ လက်ခံသွားမယ့် Content Writing Free Webinar

💻Contentနဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်ချင်
တဲ့သူတွေ

💻Facebook မှာ Post ကောင်းကောင်းတင်တတ်
ချင်သူတွေ

💻Content ရေးနေပေမယ့်ရုတ်တရက်အိုင်ဒီ
ယာထွက်မလာတဲ့ သူတွေ

💻ကိုယ့် Brand ကို ဈေးကွက်မှာ စနစ်တကျ
ဖောက်ချင်သူတွေ

💻Page ထောင်ပြီး Content တွေရေး
ဈေးရောင်းမယ့်သူတွေ…

💻 Content နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်
ချင်တဲ့သူတွေနဲ့

💻 Content Writing ကိုအခုမှ စပြီး အခြေခံက
နေ လေ့လာချင်တဲ့သူတွေအတွက် ကျွန်မတို့ itklearn.com က လာမယ့် 11.5.2025၊ Sunday, 8pm မှာ Content Writing Free Webinar တစ်ခုကို ပြုလုပ်ပေးသွားမှာပါပဲဖြစ်ပါတယ်ရှင့်။

Content Writing နဲ့ပတ်သတ်ပြီး သိလိုသမျှကို free webinar မှာ မေးမြန်းနိုင်မှာဖြစ်သလို Tr.Noraမှ Content ရေးတတ်ဖို့အတွက် အခြေခံအားဖြင့် လိုအပ်တဲ့ အပိုင်း(၅)ပိုင်းကို ဆွေးနွေးပေးသွားမှာပါပဲ ဖြစ်ပါတယ်ရှင့်။

အယောက်(၃၀)သာ လက်ခံပေးသွားမို့ အမြန်ဆုံး စာရင်းပေးဖို့မမေ့နဲ့နော်📍

စာရင်းပေးဖို့အတွက် itklearn.com pageလေးမှာ content writing free webinar လို့ ‌ပို့ပေးရမှာဖြစ်ပါတယ်ရှင့်။

တတ်ရောက်ခွင့်ရတဲ့သူများအား Telegram Group ထဲကို ထည့်ပေးမှာပဲ ဖြစ်ပါတယ်ရှင့်။

ရေးသားသူ
—-------------
Tr. Nora

Content Writing Class Instructor

Itklearn မှာ နယ်ပယ်အသီးသီက Video Course တွေတက်ပြီး
ပညာတွေသင်ယူနိုင်ပါပြီ
အသေးစိတ်စုံစမ်းရန်
m.me/itklearn

#itklearn #learningplatform #education
#class #onlineclass #training #videocourse
❤7👍7