MOI
20.4K subscribers
106K photos
58.2K videos
106 files
32.2K links
To inform, To educate and To entertain
Download Telegram
ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ တောင်ကြီးမြို့နယ်အတွင်းရှိ ရေထွက်၊ ရေကန်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
👍5
ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ တောင်ကြီးမြို့နယ်အတွင်းရှိ ရေထွက်၊ ရေကန်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး အောက်တိုဘာ ၁၀
|
ရေသုံးစွဲမှုစနစ်တကျရှိစေရေး၊ ရေအလေအလွင့်မရှိစေရေးနှင့် အယ်နီညိုဖြစ်စဉ်များ၏ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကြောင့် သောက်သုံးရေ ပြတ်လတ်မှုမရှိစေရေးအတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် ပြည်နယ်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ (၁၀) ရက်နေ့၊ မနက်ပိုင်းက၊ တောင်ကြီးမြို့နယ်အတွင်းရှိ ရေထွက်၊ ရေကန်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်စည်ပင်သာယာ‌ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့သို့ ရေပေးဝေလျက်ရှိသော ရေထွက်ဦး ရေထွက်ရေကန်နှင့် ပါမိုးနဲရေထွက်အားလည်းကောင်း၊ ရုရှားရေလှောင်တမံနှင့် ရုရှား(ရေကူ)ရေလှောင်တမံအားလည်းကောင်း၊ ထီသိမ်ကျောက်တန်းရေထွက်နှင့် ဂနိုင်မိုးရေလှောင်ကန်အားလည်းကောင်း၊ တောင်ကျောင်းကြီး ရေထွက်နှင့် နားယောင်းရေထွက်တို့အားလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက ရေပေးဝေမှုအခြေအနေများ စနစ်တကျဖြစ်စေရေး၊ ရေထွက်ရေကန်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သို့ ရေပေးဝေလျက်ရှိသော နမ့်ဟူးရေထွက်နှင့် ရေစက်ရုံအားလည်းကောင်း၊ နောင်အင်ရေထွက်နှင့် ရေစက်ရုံတို့၏ ရေသိုလှောင်ထားရှိမှုအခြေအနေများ၊ ရေစက်ရုံများနှင့် ရေတင်စက်များ၏ ကြံခိုင်မှုအခြေအနေများအားလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေထွက်ရေကန်များ၏ ရေပေးဝေမှုစနစ်များကို စနစ်တကျတွက်ချက်ပြီး ရေဖြန့်ဝေပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
❤2👍1
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
PDF Game‌ ဆော့ကစားခြင်းသည် ဥပဒေအရ အရေးယူခံရနိုင်သည်
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် တိုက်တွန်းနှိးဆော်ခြင်း
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
အမုန်းစကား
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
ပါးစပ်နှင့် နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ခြင်း လိုက်နာရန်အချက်များ
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး စနစ်တကျလက်ဆေးပေး
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါများ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံရန် တိုက်တွန်းနှိုးဆော်ခြင်း
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျမပျက်မကွက် တပ်ဆင်ပါ
❤4
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၉)(၉/၂၀၂၆) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံ
👍1
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၉)(၉/၂၀၂၆) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံ

ဘားအံ အောက်တိုဘာ ၁၁

နိုင်ငံသားအားလုံးသည် မိမိနိုင်ငံကိုကာကွယ်ရန်တာဝန်ရှိပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၉)(၉/၂၀၂၆)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား ယမန်နေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက ဘားအံမြို့၊ နယ်မြေခံသင်တန်းကျောင်း၌ သွားရောက် တွေ့ဆုံအားပေးသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဝင်ရောက်ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးတစ်ခုလုံးနှင့် နိုင်ငံသူ/နိုင်ငံသား အားလုံးကိုကာကွယ်စောင့် ရှောက်ခြင်းဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသော တပ်မတော်ကို ပြည်သူများအနေဖြင့် ပူးပေါင်းကူညီရမည်ဖြစ်သကဲ့သို့ အနာဂတ်ကာလတွင်လည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့မှ အတူတကွ ပူးပေါင်း၍ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၉)(၉/၂၀၂၆)သို့ တက်ရောက်ကြမည့် နိုင်ငံ့သား ကောင်းရတနာများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံ့သားကောင်းရတနာများအား တစ်ဦးချင်းရင်းနှီး နွေးထွေးစွာတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

https://t.me/iprdrnd/211598

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူနှင့် ပြည်နယ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ရှမ်းပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ကြည့်ရှုအားပေး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူနှင့် ပြည်နယ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ရှမ်းပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ကြည့်ရှုအားပေး

တောင်ကြီး အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၊ အေးသာယာမြို့၌ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟို)တွင် ရှမ်းပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ လေ့ကျင့်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူတို့က (၂၇)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အဆိုပြိုင်ပွဲဝင်များ လေ့ကျင့်နေမှုအခြေအနေများကိုလည်းကောင်း၊ မြန်မာ့ရိုးရာ တစ်ကိုယ်တော်ဆိုင်းဝိုင်း ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဆိုင်းဝိုင်းကြီး ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ စန္ဒယား၊ ပတ္တလား၊ ဒုံမင်းယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ လေ့ကျင့်နေမှုတို့ကိုလည်းကောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ကဗျာလွတ်အကများ၊ တပင်တိုင်အကများ ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ လေ့ကျင့်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုအားပေးကြရာ တာဝန်ရှိသူများက လိုက်ပါရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များမှာကြား၍ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။       

ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာခန်းမ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟို)သို့ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအတွက် ပံ့ပိုးငွေကျပ် (၁၀)သိန်းအား ပေးအပ်ရာ ပြိုင်ပွဲဝင်များက လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အေးသာယာ၏ စားဖိုဆောင်သို့ ကြည့်ရှုစစ်ဆေးပြီး စားဖိုဆောင်တာဝန်ရှိသူများအား ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များကိုသာ စီစဉ်ချက်ပြုတ်ကျွေးမွေးခြင်းများ ဆောင်ရွက်သွားရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mTube Video Streaming Platform
https://mtube.gov.mm
ရန်ကုန်တိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦး‌အောင်နိုင်သူ မလေးရှားနိုင်ငံမှ‌ ပြန်လည် ရောက်ရှိလာသည့် ရခိုင်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူထုတ်ပေးခြင်း အခမ်းအနားတက်ရောက်
👍2