MOI
20.8K subscribers
104K photos
56.9K videos
106 files
31.8K links
To inform, To educate and To entertain
Download Telegram
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် တက်ရောက်
👍4
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မိတ္ထီလာခရိုင် ဘက်စုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဇုန်အဖြစ် အဆင့်မြှင့်တင်နိုင်မှုအား လေ့လာသုံးသပ်ရန် ဖြစ်နိုင်ခြေလေ့လာမှု သုတေသနအဖွဲ့၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ မန္တလေးတိုင်းဒေသကြီးအဆင့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
👍3
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာနှင့် ကော့နှတ်ကျေးရွာ အတွင်းရှိ ချောင်းတူးဖော်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၊ ကော့နှတ်စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများကို ကြည့်ရှုလေ့လာ၊ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးတံခွန်စိုက်ဒိုင်း ဆုရ မွန်ပြည်နယ် အမျိုးသမီးပိုက်ကျော်ခြင်း အသင်းအား ဂုဏ်ပြုကြိုဆို
👍3
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ဒေသ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆီဖူလုံရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်
👍3
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်(ကိုယ်စား) တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးသိန်းလွင် တနင်္သာရီမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
👍4
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင် ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ ရန်ပယ်ချောင်းတံတား ပြုပြင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
👍31
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် နီပေါနိုင်ငံတွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၆)ရက်၌ ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး
👍3
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးရှိ ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားသည့် ကျောင်းများနှင့် ရေကျ၍ ပြန်လည်ဖွင့်လှစ်သည့် ကျောင်းများသို့ ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
👍51
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း (၁၂၄)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ တက်ရောက်
👍3
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဖလမ်းခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ အမှာစကားပြောကြား၊ ဖလမ်းမြို့တွင်း ဌာနဆိုင်ရာ အဆောက်အအုံများ ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး
👍3
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ စွန်ဆည် ရေလှောင်တမံ ရေပိုလွှဲမှ(၀ ဒသမ ၂ ပေ) ဆက်လက် ရေကျော်ကျလျက်ရှိ
👍5
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း (၃၉)ကျောင်း ယာယီ ပိတ်ထားခဲ့ရာမှ ယနေ့အထိ စုစုပေါင်း (၇)ကျောင်း ပြန်လည်ဖွင့်လှစ်၊ အခြေခံပညာကျောင်း (၃၂)ကျောင်း ဖွင့်ရန်ကျန်ရှိ၊ လေးမျက်နှာမြို့နယ်အတွင်း ရေများ ပြန်လည်ကျဆင်းလာပြီဖြစ်၍ ယနေ့အထိ ရေဘေး ကယ်ဆယ်ရေးစခန်း (၃)ခု ပိတ်သိမ်း၊ ပြည်သူများ မိမိတို့နေအိမ်များတွင် ပြန်လည်နေထိုင်
👍31
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ကျောင်းများ ယာယီ ပိတ်ထားလျက်ရှိရာ ရေများ ပြန်လည်ကျဆင်းသွားပါက ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်
👍41
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ “ကိုကိုနှင့် ညီညီ” လျှပ်စစ်ပစ္စည်းဆိုင်အား သေနတ်ပြ ခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသား (၅)ဦး၊ အမျိုးသမီး (၁)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
👍4
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
၂၀၂၇ ယူ- ၂၀ အာရှဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲတွင် မြန်မာ ယူ-၂၀ အသင်းက ဘရူနိုင်း ယူ-၂၀ အသင်းကို (၇)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ
9👍1
ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်မိန့်ခွန်းပြောကြား
6👍2
ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်မိန့်ခွန်းပြောကြား
 
ဗလာဒီဗော့စတော့ စက်တင်ဘာ ၃
 
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတဦးညိုစောသည် စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့ ရုရှားအရှေ့ဖျားဖက်ဒရယ်တက္ကသိုလ်နယ်မြေရှိ အဆောက်အဦ၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် မျက်နှာစုံညီအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။
 
အခမ်းအနားတွင် moderator အဖြစ် RBC TV Channel မှ ကီရီးလ်တာကာရက်ဗ်က ဆောင်ရွက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၊ အင်ဒိုနီးရှားနိုင်ငံသမ္မတ မစ္စတာ ပရာဘိုဝို ဆူဘီ ယန်တို၊ မွန်ဂိုလီးယား သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ အူချရယ်ညမ်းအိုဆာရ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန်နှင့် ဒုတိယသမ္မတ ဦးညိုစောတို့က မိန့်ခွန်းပြောကြားကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မိတ်ဖက်နိုင်ငံများမှ သံတမန်များ၊ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
 
ဒုတိယသမ္မတက မိန့်ခွန်းပြောကြားရာတွင် အရှေ့ဖျားစီးပွားရေးဖိုရမ်သည် အာရှ-ပစိဖိတ်ဒေသအတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ပေါင်းစည်းဆက်သွယ်မှုများကိုမြှင့်တင်ပေးပြီး မိတ်ဖက်ဆက်ဆံရေးခိုင်မာစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေရန်အရေးပါကြောင်း။
 
ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်နှင့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်တို့၏ မကြာသေးမီကတွေ့ဆုံမှုမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်အောင် ဆက်လက်တိုးမြှင့် အကောင်အထည်ဖော်လျက်ရှိပါကြောင်း။
 
Digital Transformation Artificial Intelligence Innovation နှင့် Modern Infrastructure တို့သည် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများဖန်တီးပေးနိုင်ပြီး ပြည်သူ့ဝန်ဆောင်မှုများနှင့် လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်စေရန် အရေးပါကြောင်း။
 
မြန်မာနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး၊ ကျန်းမာရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကဏ္ဍများတွင် ခေတ်မီနည်းပညာများအသုံးချ၍ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် ဆောင်ရွက်နေကြောင်း။
 
မြန်မာနိုင်ငံသည် အာရှဒေသ၏ မဟာဗျူဟာမြောက် ပထဝီတည်နေရာတွင်ရှိပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံဈေးကွက်များအကြား ချိတ်ဆက်ပေးနိုင်သည့် ကုန်းတွင်းတံတားသဖွယ်အရေးပါကြောင်း၊ အာဆီယံ၊ လန်ချန်း-မဲခေါင်နှင့် BIMSTEC အဖွဲ့များတွင် ပါဝင်ခြင်းတို့ကြောင့် ဒေသတွင်း ကုန်သွယ်ရေးနှင့် စီးပွားရေးချိတ်ဆက်မှုများ တိုးမြှင့်နိုင်သည့် အခွင့်အလမ်းများရှိကြောင်း။
 
ထို့ပြင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၊ အာဆီယံအဝေးပြေးလမ်းကွန်ယက် အရှေ့အနောက်စီးပွားရေးစင်္ကြံနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံတို့၏ အချက်အချာနေရာတွင် မြန်မာနိုင်ငံတည်ရှိနေမှုကို အခွင့်အလမ်းအဖြစ် အသုံးချရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် လျှပ်စစ်စွမ်းအားဖွံ့ဖြိုးရေးတို့တွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း။
 
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် မကြာသေးမီက ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့ပြီး ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ကောင်းမွန်သည့် အပြန်အလှန်ဆက်ဆံမှုများ ပိုမိုခိုင်မာစေရုံသာမက နှစ်ဖက်အကျိုးရှိမည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်နိုင်ခဲ့ပါကြောင်း။
 
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ပထဝီအနေအထားအရ ကွာဝေးသော်လည်း နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်အားပေးထောက်ခံမှုများနှင့် ခိုင်မာရင်းနှီးသည့် နှစ်နိုင်ငံဆက်ဆံရေးရှိပါကြောင်း။
 
မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် ပိုမိုချိတ်ဆက်၍ ခိုင်မာပြီးဘက်စုံဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ရပ်တည်ဆောက်နိုင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
4👍3
အရှေ့ဖျားစီးပွားရေးဖိုရမ် မျက်နှာစုံညီအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
သတင်းစဉ်

https://t.me/iprdrnd/207343

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mtube Video Streaming Platform
https://mtube.gov.mm/
👍4
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ကျင်းပ
👍3
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ကျင်းပ
 
နေပြည်တော် စက်တင်ဘာ ၃
 
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးနှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
 
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့် ဝေးကွာ၍ နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခက်များကမ်း၍လည်းကောင်း၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။ ယင်းနောက်တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/iprdrnd/207346

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mtube Video Streaming Platform
https://mtube.gov.mm/
👍102
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောကြား
👍71