MOI
20.8K subscribers
103K photos
56.7K videos
106 files
31.7K links
To inform, To educate and To entertain
Download Telegram
(၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ဆုချီးမြှင့်
👍4
(၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ဆုချီးမြှင့်

နေပြည်တော် စက်တင်ဘာ ၁

မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များ မတိမ်ကော၊ မပပျောက်စေရန်နှင့် မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်များ ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်၍ အကောင်းဆုံးတံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး ဒေါ်နန်းကူးကူး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အကဲဖြတ်ဝါရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ ဆုချီးမြှင့်ပွဲပထမပိုင်းကိုပြုလုပ်ရာ ဦးစွာမျက်လှည့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၃) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီး ဇော်မင်းထွန်းနှင့်အဖွဲ့၊ ခေတ်ပေါ်တီးဝိုင်းပြိုင်ပွဲ (အဖွဲ့လိုက်) တွင် ပထမဆုရရှိသည့် အမှတ် (၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒုတိယအရာခံဗိုလ် အောင်ဇော်နှင့်အဖွဲ့၊ မြန်မာ့ဆိုင်းဝိုင်း (အဖွဲ့လိုက်) အတီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ အရာခံဗိုလ်တင့်ဆန်းနှင့် အဖွဲ့တို့အား စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု (နန်းတွင်း) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဒုတိယအရာခံဗိုလ် (အစားခန့်) ဒေါ်သန္တာလင်းဦးဆောင်သော တေးဂုဏ်အဖွဲ့၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဒုတိယအရာခံဗိုလ် (အစားခန့်) ဒေါ်သန္တာလင်းဦးဆောင်သော လယ်တောသူယိမ်းအဖွဲ့နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု (တိုင်းရင်းသားရိုးရာ) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ တပ်ကြပ်ကြီး/စာရေး ကျော့ယမင်းဦးဆောင်သော ညီညာစေတိုင်းရင်းသားယိမ်းအဖွဲ့တို့အား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးက ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် အငြိမ့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ရွှေပြည်တန်အငြိမ့်အဖွဲ့နှင့် ပြဇာတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ မိုက်နောင်တ စင်တင်ပြဇာတ်အဖွဲ့တို့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် အကောင်းဆုံးတံခွန်စိုက်ဒိုင်းဆုရရှိသည့် အမှတ် (၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တံခွန်စိုက်ဒိုင်းဆုပေးအပ်ချီးမြှင့်သည်။
2👍2
ထို့နောက် မြန်မာ့ဆိုင်းဝိုင်း (အဖွဲ့လိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ အောင်ပါစေဧည့်ခံတီးလုံးဖြင့် တီးခတ်ဖျော်ဖြေခြင်း၊ ခေတ်ဟောင်းတေး (အမျိုးသား) အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီး အေးမင်းထွန်းက လူချွန်လူကောင်းတေးသီချင်း၊ ကာလပေါ်တေး (အမျိုးသမီး) အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) တပ်မတော်အသံလွှင့်တပ်မှ တပ်ကြပ်ကြီး (အစားခန့်) ဒေါ်ကြည်စင်သန့်က တောင်တန်းပြာနဲ့ ကျေုးပိုအိတ်တေးသီချင်း၊ ခေတ်ပေါ်တေး (အမျိုးသမီး) အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဗိုလ်ကြီး ဒေါ်မေအိန္ဒြေသန့်က ရူးရူးမိုက်မိုက်အချစ်တေးသီချင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (နန်းတွင်းယိမ်း) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ တေးဂုဏ်နန်းတွင်းယိမ်းအကများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်ယိမ်း) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ် (၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လယ်တောသူကျေးလက်ယိမ်းအကများ၊ မျက်လှည့်ပြိုင်ပွဲ (အဖွဲ့လိုက်) ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ် (၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စိတ်ဝင်စားစရာအကောင်းဆုံးမျက်လှည့်ပြကွက်များ၊ ခေတ်ပေါ်တီးဝိုင်း (အဖွဲ့လိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တီးခတ်ဖျော်ဖြေခြင်း၊ အငြိမ့် (အဖွဲ့လိုက်) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် မြဝတီအငြိမ့်အဖွဲ့က အငြိမ့်ကောက်နုတ်ချက်များဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ စစ်သည်၊ စစ်သမီးများက စည်းလုံးချစ်ကြည်ပြန်ဆုံကြမည် စုပေါင်းသီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်ရင်း/တပ်ဖွဲ့များအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အကဲဖြတ်အနုပညာရှင်ကြီးများနှင့် စစ်သည်၊ စစ်သမီးများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲ ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ အကဲဖြတ်ဝါရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက်ကြသည်။

ဦးစွာ ဆုချီးမြှင့်ခြင်းကို ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားများလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် စစ်သည်၊ စစ်သမီးများအား ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် အကဲဖြတ်ပညာရှင်များကိုယ်စား အကြံပေးပညာရှင် ဦးသက်ဆွေက ပြိုင်ပွဲအပေါ်သုံးသပ်ချက်များအား ဆွေးနွေးတင်ပြသည်။ ထို့နောက် ညွှန်ကြားရေးမှူးက ပြိုင်ပွဲကျင်းပခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားပြီး အကဲဖြတ်ပညာရှင်ကြီးများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
3👍1
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများကို မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခမပညာရပ်များကို မတိမ်ကော၊ မပပျောက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်၊ အနုသုခမပညာရပ်များမှတစ်ဆင့် နိုင်ငံသားတိုင်း၏ နှလုံးသား၌ ဇာတိသွေး၊ ဇာတိမာန်များကို အရင်းခံသည့် မျိုးချစ်စိတ်များ ပွင့်လန်းရှင်သန်စေရန်နှင့် မိမိတို့တပ်ဖွဲ့များ၏ အနုပညာအရည်အသွေးများ မှန်မှန်ကန်ကန် တိုးတက်ဖြစ်ထွန်းလာအောင် ဝါရင့်၊ ကမ္ဘာရင့်အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများထံမှ စစ်မှန်သည့် အနုပညာအမွေအနှစ်များကို မျိုးဆက်သစ်ပညာရှင်များ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီအနုပညာရှင်အဖွဲ့များနှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင် ခေတ်ဟောင်းတေး၊ ကာလပေါ်တေး၊ ခေတ်ပေါ်တေး၊ အငြိမ့်ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်) ယိမ်းအက၊ နှစ်ပါးသွားအက၊ ပြဇာတ်ပြိုင်ပွဲ၊ မြန်မာ့ဆိုင်းဝိုင်းပြိုင်ပွဲ၊ ခေတ်ပေါ်တီးဝိုင်း၊ မျက်လှည့်ပြိုင်ပွဲနှင့် တေးသီချင်းရေးပြိုင်ပွဲ စုစုပေါင်း ပြိုင်ပွဲအမျိုးအစား ၂၁ မျိုး ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

https://t.me/iprdrnd/207236

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mtube Video Streaming Platform
https://mtube.gov.mm/
8👍5
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းသို့ တက်ရောက်ကြည့်ရှုအားပေး
👍21
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းသို့  တက်ရောက်ကြည့်ရှုအားပေး

ထားဝယ်  စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်း သဘာဝဘေး အန္တရာယ်များဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများ ၊ ကျောင်းသား/သူ များတက်ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများက ကျောင်းသား/သူများအား ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်နှင့် သိရှိလိုက်နာရမည့် အချက်များအား အသိပညာပေးသရုပ်ပြသနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့များက ငလျင်လှုပ်ခတ်ပြီးသည်နှင့် တစ်ပြိုင်နက်မီးသတ်ယာဉ်၊ လူနာကူညီသယ်ဆောင်ရေးယာဉ်များဖြင့် အလျင်အမြန် ရောက်ရှိ နေရာယူကြပြီး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများအား အသုံးပြု၍ ကယ်ဆယ်ခြင်းများကို လျင်မြန်စွာ ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။ 
  
ဆက်လက်၍ ကျောင်းအတွင်း ပိတ်မိနေသူများနှင့် ဒဏ်ရာရရှိသူများအားရှာ ဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ အသုံးပြု၍ ကယ်ဆယ်ခြင်း၊ ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်း၊ ဒဏ်ရာရရှိသူများအနက် အရေးပေါ်လူနာ၊ အရေးကြီးလူနာ၊ သာမန် လူနာများခွဲခြား၍ ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံသို့ ပို့ဆောင်ခြင်း၊ ကျန်ရှိ/ ပျောက်ဆုံးသူများရှိ/ မရှိကို စာရင်းကောက် ယူစိစစ်ဆောင်ရွက်ခြင်း စသည်တို့ကို အချိန်တိုအတွင်း အလျင်အမြန် ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့် ကြသည်။

ထို့နောက် ဝန်ကြီးချုပ်က ယခုလို စာသင်ကျောင်းများတွင် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြင့်ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် မိမိတို့စာသင်ကျောင်း၏ အရေးပေါ်ထွက်ပေါက်များ၊ စုဝေး ရာနေရာ၊ ကယ်ဆယ်ရေးလမ်းကြောင်းများကို အကျွမ်းတဝင် ဖြစ်လာစေမှာဖြစ်ပြီး အားနည်းချက်များကိုလည်း ကြိုတင်ပြင် ဆင်လာနိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင်ပြည်သူများအကြား သဘာဝဘေးအသိပညာ မြှင့်တင်ရေး၊ တုံ့ပြန်တတ်မှုအတတ်ပညာ တိုးတက်ရေး၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးသည် အရေးကြီးသော အချက်ဖြစ်ကြောင်း၊ ယနေ့ဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် အဆိုပါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အရေးပါသော အခန်းကဏ္ဍ တစ်ရပ်အဖြစ် ပါဝင်လျက်ရှိကြောင်း၊သဘာဝဘေးနှင့်ပတ်သက်၍မဖြစ်ပွားမီ ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများ၊ဖြစ်ပွားနေစဉ် ကာလ အတွင်းရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ၊  ဖြစ်ပွားပြီးပါက ပြန်လည်ထူထောင်ရေးလုပ် ငန်းများကိုလုပ်ငန်းစဉ်ဆင့်အလိုက် မဖြစ်မနေ ဆောင်ရွက်သွား ရမှာဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် ပြည်သူကိုဗဟိုပြုအကာအကွယ်ပေး ချဉ်းကပ်မှုနည်းလမ်းများကိုအသုံးပြုပြီး ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေး ဆိုင်ရာအလေ့အကျင့်ကောင်းများရရှိအောင်ဆောင်ရွက်ပေးခြင်းဖြင့် သဘာဝဘေး ကျရောက်ချိန်မှာ ထိခိုက်ဆုံးရှုံးမှုအနည်း ဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ယခုဇာတ်တိုက်လေ့ကျင့်ခန်းမှတစ်ဆင့် သင်ယူရသောအတွေ့အကြုံ များကိုမိမိတို့ ဘဝအတွက် သာမက မိမိတို့မိသားစု၊ပတ်ဝန်းကျင်အတွက်ပါကောင်းစွာ အသုံးချ နိုင်ကြပါစေကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရာတွင် ပါဝင်သော ပူးပေါင်းအဖွဲ့များအား အာဟာရဖြည့်မုန့်နှင့်ရေသန့်ဗူးများဝေငှပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

https://t.me/iprdrnd/207243

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mtube Video Streaming Platform
https://mtube.gov.mm/
👍4
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ကွန်ပျူတာတက္ကသိုလ်(မကွေး) The 7th ICT Project Competition & Show, 2026 အခမ်းအနား တက်ရောက်
3👍1
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ကွန်ပျူတာတက္ကသိုလ်(မကွေး)         The 7th ICT Project Competition & Show, 2026  အခမ်းအနား တက်ရောက်

မကွေး စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး မကွေးမြို့ ကွန်ပျူတာတက္ကသိုလ်(မကွေး)The 7th ICT Project Competition & Show, 2026  အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကွန်ပျူတာတက္ကသိုလ်(မကွေး)၌  ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်(မကွေး)မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ The 7th ICT Project Competition & Show, 2026” အတွက် ဆောင်ရွက်ချက် မှတ်တမ်း Video Clip ပြသခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အဖွင့်အမှာ စကားပြော ကြားရာတွင် ကွန်ပျူတာတက္ကသိုလ်(မကွေး)ကို ၂၀၀၀ ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ယနေ့အထိ (၂၆)နှစ်တာကာလအတွင်း နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍများတွင် တက်ကြွစွာ တာဝန်ထမ်းဆောင်ခဲ့ကြသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ အားလုံးကို ချီးကျူးဂုဏ်ပြုအပ်ပါကြောင်း၊ ICT ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် ICT Project Competi tion &Show ပြိုင်ပွဲတွေကို ၂၀၁၈ ခုနှစ်ကနေ နှစ်စဉ်ကျင်းပြုလုပ်ခဲ့တာဖြစ်ပြီး၊ ယခုနှစ်ဟာဆိုရင် (၇)ကြိမ်မြောက် ဖြစ်တယ်လို့ သိရကြောင်း၊ ယနေ့ခေတ် ဒီဂျစ်တယ် နည်းပညာကဏ္ဍဟာ နိုင်ငံဖွံဖြိုး တိုးတက်ဖို့ အဓိကအရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ICT နည်းပညာရဲ့ အရေးကြီးမှုအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများဆိုင်ရာ ICT နည်းပညာကဏ္ဍတွေမှာ ကွန်ပျူတာ တက္ကသိုလ်ရှိ ကျောင်းသား၊ The 7th ICT Project Competition & Show, 2026” ပွဲဟာ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် စာတွေ့သာမက လက်တွေ့ဆောင်ရွက် မှုပါပြသတဲ့ ပွဲဖြစ်တဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မကွေး)ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းသန်း က (၇)ကြိမ်မြောက် သတင်းအချက်အလက်နှင့် နည်းပညာ ပရောဂျက်ပြိုင်ပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ပြီး၊ The 7th ICT Project Competition & Show, 2026” ပြပွဲ၊ ပြိုင်ပွဲ ဖြစ်မြောက် ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့က  ပံ့ပိုးချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည် တော်များက ကွန်ပျူတာတက္ကသိုလ်(မကွေး) ပြိုင်ပွဲဝင် Project များကို  လှည့်လည် အားပေး ကြည့်ရှု ခဲ့ကြသည်။
👍3
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မကွေး) The 7th ICT Project Competition & Show, 2026”  အခမ်းအနား ဒုတိယပိုင်းကျင်းပရာ အမှတ်ပေးစည်းမျဉ်းများ ဖတ်ကြားခြင်း၊ ပြိုင်ပွဲများ ကျင်းပကာ အကဲဖြတ်အမှတ်ပေးခြင်း၊ ပြိုင်ပွဲဝင်အသင်းများ ရရှိထားသော မဲလက်မှတ်များ ရေတွက် ခြင်း၊ ဂုဏ်ပြုကတ်များပေးအပ်ခြင်းနှင့် ဆုရရှိသည့် အသင်းများကို ဆုများအသီးသီးချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)

https://t.me/iprdrnd/207248

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mtube Video Streaming Platform
https://mtube.gov.mm/
👍71
ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဘားအံမြို့ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကြည့်ရှု အားပေးစကားပြောကြား
ဘားအံ စက်တင်ဘာ ၂
1👍1
ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဘားအံမြို့ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကြည့်ရှု အားပေးစကားပြောကြား

ဘားအံ စက်တင်ဘာ ၂

ကရင်ပြည်နယ်   ဘားအံမြို့တွင်  မိုးသည်းထန်စွာ   စဉ်ဆက်မပြတ် ရွာသွန်းမှုကြောင့်    သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိန်ရေအမှတ် (၁၁၄ cm ) ကျော်လွန်လာပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်၍ မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များသို့ ရေများ ဝင်ရောက်လာသောကြောင့် ရေဘေးရှောင်ပြည်သူများ ယာယီရေဘေး
ရှောင်ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရရှိသည့်‌‌နေရာသို့ ပြောင်းရွေ့နေထိုင်မှု အခြေအနေများအား ကရင်  ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ်ပိုင်း၌ သွားရောက်ကြည့်ရှု      အားပေးစကား ပြောကြားသည်။

ပြည်နယ်လှုမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်သည် ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိသည့် အမှတ်(၁)ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားခန်းမ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ မိုးလုံလေလုံ အားကစားခန်းမ၊ အမှတ်(၂)ရပ်ကွက်၊ရွှေယဉ်မျှော်ဘဘုရား၊ ကော့ထော်အုပ်စုလေသာ ဘုန်းကြီးကျောင်းတိုက်၊  ပြည်နယ်ကမ္မဌာန်းကျောင်းတိုက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ အစ္စလမ်ဗလီခန်းမတို့၌ ဖွင့်လှစ်ထားရှိ‌သော ယာယီရေးဘေးရှောင်ကယ်ဆယ်ရေးစခန်း (၆)နေရာတွင် လာရောက်နေထိုင်လျက်ရှိသည့် ယာယီရေဘေးရှောင်ပြည်သူ အိမ်ထောင်စု (၆၃၂)စု၊ လူဦးရေး (၂၈၈၉)ဦးတို့အား သွားရောက်ကြည့်ရှုပြီး ရင်းနှီးနွေးထွေးစွာ အားပေးစကားများပြောကြားခဲ့ကြောင်းသတင်းရရှိသသည်။

ပြည်နယ် (ပြန်/ဆက်

https://t.me/iprdrnd/207253

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mtube Video Streaming Platform
https://mtube.gov.mm/
👍5