Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တောင်ကြီးမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၊ တိုင်းရင်းသားရိုးရာ အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသမှု၊ စာကြည့်တိုက်အတွင်း စာအုပ်များ ထိန်းသိမ်းထားရှိမှုနှင့် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်တို့အား ကြည့်ရှု၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးနရုံး (ဟိုပုံး)အား ကြည့်ရှု၊ တောင်ကြီးမြို့ MRTV ထပ်ဆင့်လွှင့်စက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အောက်ပေါင်းလောင်း ရေလှောင်တမံသို့ သွားရောက်ပြီး တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲမှ ရေကျော်စီးဆင်းမှုများအား ကြည့်ရှုစစ်ဆေး
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ဆန်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ငဝန်မြစ်ရေကာတာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်(၆)မြို့နယ်ရှိ ရပ်ကွက်(၁၉)ခုနှင့် ကျေးရွာအချို့ ရေဝင်ရောက်မှုဖြစ်ပွား၊ ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေး
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
တနင်္သာရီမြို့၌ ဩဂုတ် ၃၀ နှင့် ၃၁ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ်ထက် ကျော်လွန်၍ ယာယီကယ် ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိ
❤1
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေး လုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိ
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (၄)ယောက်တွဲ အဖွဲ့လိုက်(အမျိုးသား)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဗိုလ်လုပွဲသို့ တက်ရောက်
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
မြန်မာ့မီးရထားမှ ရန်ကုန်-တိုးကြောင်ကလေး- ဒဂုံတက္ကသိုလ် ရထားခရီးစဉ်များကို ဘက်ထရီရထားစက်ခေါင်းဖြင့် စက်တင်ဘာလ(၁)ရက်နေ့မှ စတင်ပြေးဆွဲပေးလျက်ရှိ
👍1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သော ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရေး ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ရောဂါကို ထိန်းချုပ်ဆောင်ရွက်နိုင်ပြီဖြစ်
👍1
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
ပင်လောင်းမြို့နယ်တွင် ငွေကျပ် (၁ ဒသမ ၇၂)ဘီလီယံတန်ဖိုးနှင့် ကမာရွတ်မြို့နယ်တွင် ငွေကျပ်သိန်း(၁၀၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
❤1
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အားကောင်းသော လေဖိအားနည်းရပ်ဝန်း အခြေအနေ ထုတ်ပြန်(စက်တင်ဘာလ ၁ ရက်၊ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်၊ နောက် ၄၈ နာရီအတွင်း အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်)
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ရေကြီးမှုအခြေအနေသတင်း ထုတ်ပြန် (စက်တင်ဘာလ ၁ ရက်၊ ညနေ ၅ နာရီအချိန် ထုတ်ပြန်ချက်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် နောက် ၁ ရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်)
👍2
(၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ဆုချီးမြှင့်

နေပြည်တော် စက်တင်ဘာ ၁
မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များ မတိမ်ကော၊ မပပျောက်စေရန်နှင့် မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်များ ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်၍ အကောင်းဆုံးတံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး ဒေါ်နန်းကူးကူး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အကဲဖြတ်ဝါရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ ဆုချီးမြှင့်ပွဲပထမပိုင်းကိုပြုလုပ်ရာ ဦးစွာမျက်လှည့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၃) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီး ဇော်မင်းထွန်းနှင့်အဖွဲ့၊ ခေတ်ပေါ်တီးဝိုင်းပြိုင်ပွဲ (အဖွဲ့လိုက်) တွင် ပထမဆုရရှိသည့် အမှတ် (၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒုတိယအရာခံဗိုလ် အောင်ဇော်နှင့်အဖွဲ့၊ မြန်မာ့ဆိုင်းဝိုင်း (အဖွဲ့လိုက်) အတီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ အရာခံဗိုလ်တင့်ဆန်းနှင့် အဖွဲ့တို့အား စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု (နန်းတွင်း) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဒုတိယအရာခံဗိုလ် (အစားခန့်) ဒေါ်သန္တာလင်းဦးဆောင်သော တေးဂုဏ်အဖွဲ့၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဒုတိယအရာခံဗိုလ် (အစားခန့်) ဒေါ်သန္တာလင်းဦးဆောင်သော လယ်တောသူယိမ်းအဖွဲ့နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု (တိုင်းရင်းသားရိုးရာ) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ တပ်ကြပ်ကြီး/စာရေး ကျော့ယမင်းဦးဆောင်သော ညီညာစေတိုင်းရင်းသားယိမ်းအဖွဲ့တို့အား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးက ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် အငြိမ့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ရွှေပြည်တန်အငြိမ့်အဖွဲ့နှင့် ပြဇာတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ မိုက်နောင်တ စင်တင်ပြဇာတ်အဖွဲ့တို့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် အကောင်းဆုံးတံခွန်စိုက်ဒိုင်းဆုရရှိသည့် အမှတ် (၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တံခွန်စိုက်ဒိုင်းဆုပေးအပ်ချီးမြှင့်သည်။

❤1👍1
ထို့နောက် မြန်မာ့ဆိုင်းဝိုင်း (အဖွဲ့လိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ အောင်ပါစေဧည့်ခံတီးလုံးဖြင့် တီးခတ်ဖျော်ဖြေခြင်း၊ ခေတ်ဟောင်းတေး (အမျိုးသား) အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီး အေးမင်းထွန်းက လူချွန်လူကောင်းတေးသီချင်း၊ ကာလပေါ်တေး (အမျိုးသမီး) အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) တပ်မတော်အသံလွှင့်တပ်မှ တပ်ကြပ်ကြီး (အစားခန့်) ဒေါ်ကြည်စင်သန့်က တောင်တန်းပြာနဲ့ ကျေုးပိုအိတ်တေးသီချင်း၊ ခေတ်ပေါ်တေး (အမျိုးသမီး) အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဗိုလ်ကြီး ဒေါ်မေအိန္ဒြေသန့်က ရူးရူးမိုက်မိုက်အချစ်တေးသီချင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (နန်းတွင်းယိမ်း) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ တေးဂုဏ်နန်းတွင်းယိမ်းအကများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်ယိမ်း) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ် (၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လယ်တောသူကျေးလက်ယိမ်းအကများ၊ မျက်လှည့်ပြိုင်ပွဲ (အဖွဲ့လိုက်) ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ် (၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စိတ်ဝင်စားစရာအကောင်းဆုံးမျက်လှည့်ပြကွက်များ၊ ခေတ်ပေါ်တီးဝိုင်း (အဖွဲ့လိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တီးခတ်ဖျော်ဖြေခြင်း၊ အငြိမ့် (အဖွဲ့လိုက်) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် မြဝတီအငြိမ့်အဖွဲ့က အငြိမ့်ကောက်နုတ်ချက်များဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ စစ်သည်၊ စစ်သမီးများက စည်းလုံးချစ်ကြည်ပြန်ဆုံကြမည် စုပေါင်းသီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်ရင်း/တပ်ဖွဲ့များအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အကဲဖြတ်အနုပညာရှင်ကြီးများနှင့် စစ်သည်၊ စစ်သမီးများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲ ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ အကဲဖြတ်ဝါရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက်ကြသည်။
ဦးစွာ ဆုချီးမြှင့်ခြင်းကို ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားများလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် စစ်သည်၊ စစ်သမီးများအား ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အကဲဖြတ်ပညာရှင်များကိုယ်စား အကြံပေးပညာရှင် ဦးသက်ဆွေက ပြိုင်ပွဲအပေါ်သုံးသပ်ချက်များအား ဆွေးနွေးတင်ပြသည်။ ထို့နောက် ညွှန်ကြားရေးမှူးက ပြိုင်ပွဲကျင်းပခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားပြီး အကဲဖြတ်ပညာရှင်ကြီးများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများကို မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခမပညာရပ်များကို မတိမ်ကော၊ မပပျောက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်၊ အနုသုခမပညာရပ်များမှတစ်ဆင့် နိုင်ငံသားတိုင်း၏ နှလုံးသား၌ ဇာတိသွေး၊ ဇာတိမာန်များကို အရင်းခံသည့် မျိုးချစ်စိတ်များ ပွင့်လန်းရှင်သန်စေရန်နှင့် မိမိတို့တပ်ဖွဲ့များ၏ အနုပညာအရည်အသွေးများ မှန်မှန်ကန်ကန် တိုးတက်ဖြစ်ထွန်းလာအောင် ဝါရင့်၊ ကမ္ဘာရင့်အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများထံမှ စစ်မှန်သည့် အနုပညာအမွေအနှစ်များကို မျိုးဆက်သစ်ပညာရှင်များ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီအနုပညာရှင်အဖွဲ့များနှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင် ခေတ်ဟောင်းတေး၊ ကာလပေါ်တေး၊ ခေတ်ပေါ်တေး၊ အငြိမ့်ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်) ယိမ်းအက၊ နှစ်ပါးသွားအက၊ ပြဇာတ်ပြိုင်ပွဲ၊ မြန်မာ့ဆိုင်းဝိုင်းပြိုင်ပွဲ၊ ခေတ်ပေါ်တီးဝိုင်း၊ မျက်လှည့်ပြိုင်ပွဲနှင့် တေးသီချင်းရေးပြိုင်ပွဲ စုစုပေါင်း ပြိုင်ပွဲအမျိုးအစား ၂၁ မျိုး ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/iprdrnd/207236
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://shorturl.at/uK23k
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
View to mtube Video Streaming Platform
https://mtube.gov.mm/

❤6👍2