MOI
20.8K subscribers
103K photos
56.7K videos
106 files
31.7K links
To inform, To educate and To entertain
Download Telegram
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျမပျက်မကွက် တပ်ဆင်ပါ
👍71
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာတက္ကသိုလ်ရှိ စာကြည့်တိုက်အား သွားရောက်ကြည့်ရှု
1👍1
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာတက္ကသိုလ်ရှိ စာကြည့်တိုက်အား သွားရောက်ကြည့်ရှု

မုံရွာ စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၃၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာ တက္ကသိုလ်၌ ပညာသင်ကြားနေကြသည့် ကျောင်းသား၊ကျောင်းသူများ ဘာသာရပ်ဆိုင်ရာ ပညာရပ်များ လေ့လာနိုင်ရန်နှင့် အားလပ်ချိန်များတွင် အသိပညာ ဗဟုသုတများရရှိစေရန် အတွက် မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ စာကြည့်တိုက်သို့ ရောက်ရှိရာ ပါမောက္ခ ချုပ်နှင့် စာကြည့်တိုက်မှူးတို့က စာကြည့်တိုက်အတွင်းရှိ ရှေးဟောင်းစာပေ၊ ပုရပိုဒ်စာပြ တိုက်၊ စာနယ်ဇင်းနှင့်စာဖတ်ခန်း၊ မော်ကွန်းတိုက်၊ ရည်ညွှန်းစာကြည့်တိုက်အတွင်းရှိ ရှေး ဟောင်းစာပေများ ထိန်းသိမ်းထားရှိမှုများနှင့် စာအုပ်စာစောင်များ စနစ်တကျ ထိန်းသိမ်း ထားရှိမှုများအား လိုက်လံရှင်းလင်းပြသကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှေးဟောင်းစာပေ၊ ပုရပိုဒ်စာများနှင့် သုရ/ရသစာအုပ်စာစောင်များ၊ ဘာသာရပ်အလိုက် ရည်ညွှန်းစာအုပ် အထောက်အကူပြု စာအုပ်များအား ပျောက်ဆုံးပျက်စီးမှုမရှိစေရေးအတွက် စနစ်တကျထိန်းသိမ်းထားရှိရေး၊ ကျောင်းသား၊ကျောင်းသူများ ကျောင်းအားလပ်ချိန်များတွင် စာပေဖတ်ရှုလေ့လာနိုင်ရေး အတွက် စာကြည့်တိုက်အား အမြဲဖွင့်လှစ်ထားရှိရေး၊ စာအုပ်စာစောင်များအား စနစ်တကျ ငှားရမ်းသွားရေး၊ စာကြည့်တိုက်အဆောက်အဦ အတွင်းအပြင် ကြံ့ခိုင်မှုရှိစေရေးနှင့် သန့် ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားရေးတို့အား စာကြည့်တိုက်မှူးနှင့် တာဝန်ရှိသူများမှ အမြဲအလေးထား ဆောင်ရွက်သွားရေးတို့အားမှာကြားကာ လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်

https://t.me/iprdrnd/207183

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mtube Video Streaming Platform
https://mtube.gov.mm/
👍21
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တက္ကသိုလ်ပေါင်းစုံ (အမျိုးသား) ဘော်လီဘောပြိုင်ပွဲ ကျင်းပ
👍2
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တက္ကသိုလ်ပေါင်းစုံ (အမျိုးသား) ဘော်လီဘောပြိုင်ပွဲ ကျင်းပ

စစ်တွေ စက်တင်ဘာ ၁

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ပေါင်းစုံ (အမျိုးသား) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ကျင်းပရခြင်းသည် ကျောင်းသား လူငယ်/လူရွယ်များ ဗလငါးတန်နှင့် ပြည့်ဝစေရေး၊ ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက် လာစေရေးနှင့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက်လာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ဘော်လီဘောအားကစားပြိုင်ပွဲသည် အုပ်စုလိုက် ပြိုင်ပွဲဖြစ်သည့်အတွက် Team Workကို အဓိကထားပြီး ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အောင်မြင်မှုများရရှိပြီး ပြည်နယ်နှင့်တိုင်း ပြိုင်ပွဲများတွင် ပြည်နယ်ကိုယ်စားပြု အားကစားသမားများအဖြစ် ရွေးချယ်ခံရအောင် ကြိုးစားယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်များအဖြစ် တက်လှမ်းနိုင်အောင်ဆက်လက်ကြိုးစားကြရန် တိုက်တွန်းပြောကြား လိုကြောင်း၊ မိမိတို့အစိုးရသစ်တာဝန်ယူချိန်ကစပြီး အားကစားကဏ္ဍ တိုးတက်လာစေရေးကို အစဉ်ဦးတည်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဆိုလျှင် စစ်တွေမြို့မှာ နှစ်ထပ်ပွဲကြည့်စင်ပါ မိုးလုံလေလုံ အားကစားခန်းမကြီးတစ်ခုကို ယခုနှစ်ဘတ်ဂျက်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်၍ စစ်တွေမြို့သူ/မြို့သား အားကစားသမားများ အားထားရသည့် အားကစားရပ်ဝန်းတစ်ခု မကြာမီနှစ်များအတွင်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်ကျောင်းသားများအနေဖြင့် ပြိုင်ပွဲကို သန့်သန့်ရှင်းရှင်းဖြင့်ကစားကြပြီး တက္ကသိုလ်ဂုဏ်ဆောင်၊ ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးပမ်းယှဉ်ပြိုင်သွားကြရန်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်(A) အသင်းနှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)(B)အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ပေါင်းစုံ (အမျိုးသား) ဘော်လီဘောပြိုင်ပွဲကို ပြိုင်ပွဲဝင်အားကစား အသင်း ခြောက်သင်းက စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၇ ရက်အထိ စစ်တွေတက္ကသိုလ်အားကစားခန်းမ၌ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး

https://t.me/iprdrnd/207187

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mtube Video Streaming Platform
https://mtube.gov.mm/
👍2
ကရင်ပြည်နယ်တွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန် (အခွန်လွတ်)တောင်သူလယ်သမားဈေးဖွင့်လှစ်ရောင်းချ
3👍1
ကရင်ပြည်နယ်တွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန် (အခွန်လွတ်)တောင်သူလယ်သမားဈေးဖွင့်လှစ်ရောင်းချ

ဘားအံ စက်တင်ဘာ ၁

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ၎င်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်အကောင်အထည်ဖော်၍ ထွက်ရှိလာသည့်ထုတ်ကုန်များကို သက်သာသောနှုန်းထားဖြင့် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေးအတွက် လစဉ် ပထမအပတ်တွင် ဘားအံမြို့သီရိကွင်း၌ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏(အခွန်လွတ်) တောင်သူလယ်သမားဈေး ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။

တောင်သူလယ်သမားဈေးတွင် သန့်ရှင်းလတ်ဆတ်၍ အာဟာရပြည့်ဝသော ကြက်၊ ဝက်၊ ဆိတ်၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ ဒိန်ချဉ်၊ ပျားရည်အစရှိသော ဒေသထွက်မွေးမြူရေး ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ကန်စွန်းရွက်၊ ကြက်သွန်နီ၊ မှို၊ မုန်လာဥ၊ ပဲတောင့်ရှည်၊ ခရမ်း၊ ခရမ်းချဉ်၊ ချဉ်ပေါင်၊ အာလူး၊ ဘူး၊ ဖရုံ အစရှိသော ဒေသထွက်ဟင်းသီး ဟင်းရွက်(စားဖိုဆောင်သီးနှံ) အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ်ဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီကုန်သည်ကြီးများ အသင်းတို့၏ ပြင်ပပေါက်ဈေးထက်သက်သာသော ဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီအရောင်းဆိုင်ခန်းများ စုစုပေါင်းအရောင်းဆိုင်ခန်းပေါင်း ၄၀ ကျော်ဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အများပြည်သူထံတိုက်ရိုက်ရောင်းချပေးခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နောင်လာမည့်အပတ်များတွင် ဈေးဆိုင်ခန်းများပိုမိုတိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် ရောင်းချမည့် ကုန်ပစ္စည်းအရေအတွက် ပိုမိုတိုးတက်ရောင်းချနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှကြီးမှူး၍ ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)တွင် ဖွင့်လှစ်သည့် မိုဘိုင်းဖုန်းပြုပြင်နည်း သင်တန်းဆင်းပွဲကို စက်တင်ဘာ ၁ ရက် နံနက် ၈ နာရီက အဆိုပါ သင်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖွင့်လှစ်ခဲ့သောသင်တန်းများမှ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်လူမှုရေးဝန်ကြီးက သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ချီးမြှင့်သည်။

ယင်းနောက် သင်တန်းဆင်းသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းသင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ သင်တန်းခန်းမအတွင်း သင်တန်းသားများ၏ မိုဘိုင်းဖုန်းများကိုလက်တွေ့ပြုပြင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

https://t.me/iprdrnd/207192

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://shorturl.at/uK23k

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

View to mtube Video Streaming Platform
https://mtube.gov.mm/
👍81
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ နိုင်ငံတော်‌သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတော် သမ္မတ မစ္စတာတိုလန်းနှင့် ဇနီး တို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်
4👍1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက္ကသိုလ်ဝင်တန်း(Grade 12) နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ အောင်ချက်မြင့်မားရေး၊ ဒေသတွင်းအခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများ ပြတ်လပ်မှု မရှိစေရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ ရွှေအိုက်ရပ်ကွက်အတွင်း ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံ လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
1👍1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး
2👍1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး (အခွန်လွတ်)တောင်သူလယ်သမားဈေး ဖွင့်လှစ် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး၊ မိုဘိုင်းဖုန်း ပြုပြင်နည်း သင်တန်းဆင်းပွဲ တက်ရောက်
2👍1
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍ မြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
3
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ကွန်ပျူတာတက္ကသိုလ်(မကွေး) The 7th ICT Project Competition & Show 2026 အခမ်းအနား တက်ရောက်
2👍1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ် အမျိုးသားတံခွန်စိုက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရေဘေးသင့် ပြည်သူများအတွက် အလှူငွေများ လှူဒါန်း
2👍1