MOI
21.7K subscribers
97.5K photos
53.3K videos
105 files
30.1K links
To inform, To educate and To entertain
Download Telegram
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပ
4
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း ဝေဒနာခံစားခဲ့သည့်အတွက် အမှတ်(၂) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) နေပြည်တော်၌ အိန္ဒိယနိုင်ငံမှ ပါရဂူများနှင့် မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့တို့ ပူးပေါင်း၍ အရေးပေါ် ခွဲစိတ်ကုသမှုခံယူပြီး နိုင်ငံ့တာဝန်နှင့် တပ်မတော်တာဝန်များကို ကျန်းမာစွာထမ်းဆောင်လျက်ရှိ
2🤩1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပ
👍2🥰21
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တရားမအထူးအယူခံမှု (၆)မှု စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု (၂)မှုနှင့် တရားမအထူးအယူခံမှု (၃)မှု တို့ကို ရုံးထိုင်ကြားနာ
🥰31👍1
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ စတင်ကျင်းပ
🥰31
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၃) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကျင်းပ
2🥰2
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့် စားသောက်ဖွယ်ရာများအား ချီးမြှင့်ပေးအပ်ပွဲသို့ တက်ရောက်
3
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်တိုင်းဒေသကြီး ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
3
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာတွင် ရေဆင်းပေါ်ဆန်း(၂) စပါးမျိုးအား ဧက(၅၀) စိုက်ပျိုးပြီး မျိုးစပါး ထုတ်လုပ်သွားမည်ဖြစ်
👍42
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ပဲခူးတိုင်းဒေသကြီးတွင် စက်သုံးဆီ စနစ်တကျ ရောင်းဝယ်ရေးနှင့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရန်အတွက် တာဝန်ရှိသူများက ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိ
5👍4
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော် မတ် ၂၃

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “အရိုးလေး” Tiktok အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ် (၈)ရပ်ကွက်နေ စည်သူဟိန်း(ခ)မှေးကြီးအား ညနေ ၅ နာရီခွဲတွင် ပဲခူးမြို့၊ အမှတ်(၃)နယ်မြေ ရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/iprdrnd/190451

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://tinyurl.com/2j3barm9

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd
👏32😢1
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

နေပြည်တော် မတ် ၂၃

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၃) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။

https://t.me/iprdrnd/190452

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://tinyurl.com/2j3barm9

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd
7👍5🥰1
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အနာဂတ်တေလူဂူလူမှုကူညီရေးအသင်းမှ မွန်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြနှင့် ကြီးကြပ်သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
3🥰2
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အနာဂတ်တေလူဂူလူမှုကူညီရေးအသင်းမှ မွန်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြနှင့် ကြီးကြပ်သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် မတ် ၂၄

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အနာဂတ်တေလူဂူလူမှုကူညီရေးအသင်းမှ ကြီးမှူးကျင်းပသည့် တေလူဂူလူမျိုးတို့၏ နှစ်ကူးအကြို ညစာစားပွဲအခမ်းအနားကို မတ်လ ၂၂ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ဟုန်စံစီခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တေလူဂူလူမျိုးများ၏ (အူဂါးဒီး) နှစ်သစ်ကူးအထိမ်းအမှတ် မင်္ဂလာဆီမီးတိုင်အား မင်္ဂလာဆီမီးဂါထာရွတ်ဆို၍ ထွန်းညှိပူဇော်၍ ဂါယတြီမန္တာန် (၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားအားစတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တေလူဂူလူမျိုးများဟာဆိုရင်ဖြင့် Telegana (တလင်္ဂဏ) တိုင်းသားများဖြစ်ကြပြီး ရှေးဘုရားရှင်လက်ထက်တော်ကတည်းကစ ရာမညတိုင်းသားများနှင့် ယဉ်ကျေးမှု၊ ကုန်သွယ်ရေးဆိုင်ရာဆက်သွယ်မှုများ ရှိခဲ့ကြောင်း၊တေလူဂူ လူမျိုးများသည်လည်း မြန်မာ့မြေပေါ်တွင် ညီရင်းအစ်ကို စိတ်ထားဖြင့် အေးအတူပူအမျှ အတူတကွယှည်တွဲနေထိုင်လာခဲ့သည်မှာ ယခုထက်တိုင်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တေလူဂူမိသားစုဝင်များအားလုံး ညီညီညွတ်ညွတ်တက်ညီလက်ညီ တစ်ပေါင်းတစ်စည်းတည်း နှစ်သစ်ကူးညစာစားပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနေသည်ကို ကြည့်ခြင်းအားဖြင့် မွန်ပြည်နယ်အတွက်လည်း များစွာဂုဏ်ယူမိကြောင်း၊ တေလူဂူ နှစ်သစ်ကူးကို ယူဂါးဒီး ” Ugadi ဟုလည်းခေါ်ဆိုကြပြီး မြန်မာပြက္ခဒိန်အရ နှစ်စဉ်နှစ်တိုင်း တန်ခူးလဆန်း (၁) ရက်နေ့ရောက်တိုင်း တေလူဂူလူမျိုးများသည် နှစ်သစ်ကူးနေ့ အခမ်းအနားကို ကျင်းပလေ့ရှိကြကြောင်း၊ နှစ်သစ်မှစ၍ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်း၊ နွေးထွေးခြင်း၊ ညီညွတ်ခြင်းအစရှိသော လောကပါလတရားများ ထွန်းကားပြီး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တေလူဂူသမီးငယ်လေးများမှ တေလူဂူရိုးရာ ဆီမီးခွက်အကအလှဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးပြီး အမှတ်တရ ဂုဏ်ပြုခြုံပုဝါနှင့် မင်္ဂလာပန်းကုံးများ ဆင်မြန်းခဲ့ကြကြောင်း သိရှိရသည်။

မွန်ပြည်နယ်၂၀၂၆ ခုနှစ်၊ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်၍ ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ သာသနာ့မာရ်အောင်ဝဲပျံကျောင်းတိုက်၏ ဦးစီးပဓာနနာယက (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တနန္ဒဝံသအရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂ဝ၂၆ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲအတွက် အလှူငွေကျပ် သုံးဆယ့်ခွန်နှစ်သိန်းသုံးသောင်းသုံးထောင် (၃၇၃၃၀၀၀/ိ-) အား ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အတုလရန်အောင်ကျောင်းတိုက်၊ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့)၊ အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တကောသလ္လ (အဂ္ဂမဟာပဏ္ဍိတ) အရှင်မြတ်ထံမှ အနုမောဒနာတရားတော်မြတ်ကို နာယူကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

မွန်ပြည်နယ်၊ ၂ဝ၂၆ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖွင့်ပွဲပထမနေ့ မော်လမြိုင်စာစစ်ဌာန ဓမ္မာစရိယတန်းတွင် (၃၉၁) ပါး စာရင်းသွင်း၍ (၃၂၂) ပါး ဝင်ရောက်ဖြေဆိုပြီး (၃၁-၃-၂၀၂၆) ရက်နေ့ထိ ကျင်းပဖြေဆိုသွားမည်ဖြစ်ကာ ပါဠိပထမပြန်စာမေးပွဲတွင် (၂၆၇၇) ပါး စာရင်းသွင်းပြီး (၂၉-၃-၂၀၂၆) ရက်နေ့မှ (၄-၄-၂၀၂၆) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနည်းပြနှင့် ကြီးကြပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား ဆရာ ဆရာမများ တက်ရောက်ကြသည်။
4🥰1
အခမ်းအနားတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ မွန်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသို့ လမ်းညွှန်ပို့ဆောင်နိုင်စွမ်းရှိသည့် ပညာရေးကဏ္ဍတစ်ခုဖြစ်ပြီး စာတတ်မြောက်ရေးလုပ်ငန်းများကို အထူးအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စာမတတ်သူကို စာတတ်လာအောင် သင်ကြားပေးရမှာဖြစ်သလို စာတတ်မြောက်လိုသူများကိုလည်း သင်ယူလိုစိတ်များ ပေါ်ထွန်းလာအောင် စာတတ်မြောက်ရေးလှုပ်ရှားမှုက စနစ်တကျထဲထဲဝင်ဝင် ကြိုးကြိုးစားစားလှုံ့ဆော်တတ်မှု ချဉ်းကပ်တတ်မှုစည်းရုံးသိမ်းသွင်း တတ်မှုရှိရမည်ဖြစ်ကြောင်း၊ သင်ကြားပို့ချမည့် နည်းပြများနှင့် ကြီးကြပ်များအနေဖြင့် သင်တန်းသားများအပေါ်မှာ စေတနာအပြည့်အဝထား သင်ကြားပေးရန်နှင့် နွေရာသီအခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (စာတတ်မြောက်ရေး) ဦးအောင်နိုင်က ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် မွန်ပြည်နယ်အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် ပံ့ပိုးဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး ပြည်နယ်အဆင့် ဆင့်ပွားသင်တန်းတက်ရောက်သည့် နည်းပြကြီးကြပ်များနှင့် သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ငွေပေးအပ်ရာ ပြည်နယ်ပညာရေးမှူးနှင့် သင်တန်းသူများက လက်ခံရယူပြီး သင်တန်းသား ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)

https://t.me/iprdrnd/190458

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://tinyurl.com/2j3barm9

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd
👍5🥰21
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
မေးမြန်းဖြေကြား ပြည်သူ့အတွက် သတင်းစကား (၂၄-၃-၂၀၂၆)
1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာများနှင့်အညီ ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်းသည့် သိကောင်းစရာ စကားဝိုင်းအစီအစဉ်
1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အစီအစဉ် “ထိရောက်ဟန်တားကုသပေး တီဘီရောဂါအန္တရာယ်ဘေး”
1👍1