Forwarded from MRTV
Media is too big
VIEW IN TELEGRAM
မေးမြန်းဖြေကြား ပြည်သူ့အတွက် သတင်းစကား (၁၂-၃-၂၀၂၆)
❤4
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၂/၂၀၂၆)သို့ တက်ရောက်
❤4
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
တပ်မတော်စစ်ကြောင်းများက NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် တကောင်းမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
❤3👍3🥰1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(လေ) လေယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
🥰3❤1👍1
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ ဒုတိယနေ့ ဆက်လက်ကျင်းပ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း (၂၅၄၉၄၆)ဦးရှိပြီး၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့တွင် လာရောက်ဖြေဆိုသူ (၃၃၆၄) ဦးရှိ
🥰3❤1
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
🥰3❤1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် ဆောင်ရွက်သည့် "ဒေသတွင်း ဒီဂျစ်တယ်နည်းပညာ နှီးနှောဖလှယ်ပွဲ" ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
❤3🥰2
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး
🥰2❤1👍1
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (လေ)၊ လေယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နေပြည်တော် မတ် ၁၂
တပ်မတော် (လေ) ၏ လေကြောင်းစွမ်းပကားမြင့်မားစေရန်အတွက် လေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ၊ တပ်မတော် (လေ) မှ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါက်ဖွားလာခဲ့သည့် မျိုးချစ်တပ်မတော်ဖြစ်ကြောင်း၊ ထို့အပြင် တိုင်းရင်းသားပြည်သူပေါင်းစုံ ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့တပ်မတော်၊ ပြည်ထောင်စုတပ်မတော်လည်းဖြစ်ကြောင်း၊ သမိုင်းတစ်လျှောက် တိုင်းပြည်နှင့်လူမျိုးအပေါ် အန္တရာယ်အမျိုးမျိုး ကျရောက်လာသည့်အချိန်တိုင်း၊ အချုပ်အခြာအာဏာကို ခြိမ်းခြောက်ထိပါးခံရသည့် အချိန်တိုင်းတွင် တပ်မတော်သည်ပြည်သူရှေ့က မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်စောင့်ရှောက်ပေးခဲ့သည်ကို အထင်အရှားတွေ့ရမည်ဖြစ်ကြောင်း။
အမိမြန်မာနိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်နှင့် အမျိုးသားအကျိုးစီးပွားကို ထိရောက်အောင်မြင်စွာ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များကို အင်အားတောင့်တင်းပြီး စွမ်းရည်ပြည့်ဝထက်မြက်နေအောင် အစဉ်တည်ဆောက်ထိန်းသိမ်းနေရမည်ဖြစ်ကြောင်း၊ တပ်မတော်အင်အားတောင့်တင်းခိုင်မာပြီး စွမ်းရည်ပြည့်ဝနေမှသာ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းမြှင့်တင်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နိုင်မည်ဖြစ်ကြောင်းကို ခေတ်အဆက်ဆက် ဖြတ်ကျော်ကြုံတွေ့ခဲ့ရသည့် သမိုင်းအတွေ့အကြုံများက ထင်ထင်ရှားရှား သင်ခန်းစာပေးထောက်ပြလျက်ရှိကြောင်း။
ခေတ်သစ်စစ်ပွဲများနှင့် လတ်တလောဖြစ်ပွားနေသည့် ကမ္ဘာ့အရေးအခင်းများ ကိုလေ့လာကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် အမျိုးသားအကျိုးစီးပွားဖော်ဆောင်ရေးနှင့် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာအဓိကကျအရေးပါသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပင် ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ မိမိတို့၏လေကြောင်းစွမ်းအားကို တတ်နိုင်သမျှ မြင့်မားကောင်းမွန်အောင် အစဉ်ကြိုးပမ်းနေကြခြင်းဖြစ်ကြောင်း။
တပ်မတော် (လေ) သည် နိုင်ငံ၏ လေကြောင်းစွမ်းအား မြင့်မားကောင်းမွန်စေရန် တာဝန်အရှိဆုံးနှင့် အဓိကအကျဆုံးတပ်ဖွဲ့ဖြစ်ကြောင်း၊ လေတပ်အင်အား တောင့်တင်းခိုင်မာနေမှသာ လေကြောင်းစိုးမိုးအရေးသာမှု ရယူထိန်းသိမ်းနိုင်ပြီး နိုင်ငံ၏အကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း၊ လေကြောင်းစွမ်းအားဆိုသည်မှာ လေယာဉ်ရဟတ်ယာဉ်များရှိနေရုံဖြင့် မလုံလောက်သေးဘဲ အထောက်အကူပြုမည့်စနစ်အမျိုးမျိုး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ထောက်ပံ့ဖြည့်တင်းရေးအတွက် စနစ်အမျိုးမျိုး၊ လေ့ကျင့်ရေးစနစ်အမျိုးမျိုး ပြည့်စုံစွာရရှိပိုင်ဆိုင်ထားရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေကြောင်းစွမ်းအား ဟန်ချက်ညီဘက်စုံတိုးတက်ကောင်းမွန်စေရေး ၂၀၁၁ ခုနှစ်မှစပြီး အဓိကကျသည့် အရင်းအမြစ်အမျိုးမျိုးကို တွက်ချက်သုံးသပ်ဖြည့်တင်းပေးလျက်ရှိကြောင်း။
လေကြောင်းစွမ်းအား ထက်မြက်ကောင်းမွန်နေရေးအတွက် ကိုင်တွယ်အသုံးပြုသူများမှ စွမ်းအားပြည့်အသုံးချပြီး ပိုင်ဆိုင်ထားသည့် အရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးချနိုင်ရန် အရည်အသွေး အရည်အချင်းပြည့်ဝကောင်းမွန်သည့် လူ့စွမ်းအားအရင်းအမြစ်များ မဖြစ်မနေလိုအပ်ကြောင်း၊ ကျွမ်းကျင်မှုရှိပြီး အထိရောက်ဆုံး အသုံးချနိုင်မည့် စစ်သည်တော်များ လေ့ကျင့်မွေးထုတ်ရေးအတွက် စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်သွားရန် အထူးမှာကြားလိုကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးရာတွင် လေသူရဲများ၊ လေယာဉ်သားနှင့် ပညာရှင်များ၊ အုပ်ချုပ်မှုပိုင်း အထောက်အကူပေးရမည့် တာဝန်ရှိသူများစသည်ဖြင့် သက်ဆိုင်ရာကဏ္ဍအားလုံး အကျုံးဝင်ကြောင်း။

❤3🥰2👍1
တပ်မတော် (လေ) တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိ၊ စစ်သည်နှင့် အမှုထမ်းတိုင်းသည် နိုင်ငံ့အကျိုးလိုလားပြီး တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် တန်ဖိုးရှိလူသား အရင်းအမြစ်များဖြစ်နေကြရန် လိုအပ်သည်ကိုလည်း ပြောကြားလိုကြောင်း၊ သို့မှသာ မည်သို့သောလုပ်ငန်း တာဝန်များကိုမဆို ရဲရဲဝံ့ဝံ့ဖြင့် ကျေကျေပွန်ပွန် ထမ်းဆောင်လိုစိတ် ပြင်းပြနေကြမည်ဖြစ်ကြောင်း၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်နှင့် ယုံကြည်ချက် ခံယူချက် မွန်မြတ်ကောင်းမွန်စေရေး နိုင်ငံတော်နှင့် တပ်မတော်ဆိုင်ရာ သမိုင်းကြောင်းများကို သိရှိလေ့လာကြရန်၊ စာပေဗဟုသုတ ရှာဖွေဆည်းပူးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
တပ်မတော် (လေ) စတင်ဖွဲ့စည်းတည်ထောင်ခဲ့ချိန်မှစပြီး လက်ရှိကာလအထိ ရည်မှန်းချက်တာဝန်များ ထမ်းဆောင်ခဲ့မှုအပေါ် သုံးသပ်စိစစ်ကြည့်ပါက နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်သည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်မှုများ၊ ပြည်ပကျူးကျော်မှု တွန်းလှန်ချေမှုန်းရေးစစ်ဆင်မှုများတွင် စွမ်းစွမ်းတမံအထောက်အကူပြုတိုက်ပွဲဝင်နိုင်ခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝဘေးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင်လည်း နည်းလမ်းအမျိုးမျိုးဖြင့် ပါဝင်အထောက်အကူပြုနိုင်ခဲ့ကြောင်း။
တပ်မတော်(လေ)၏ တိုးတက်အောင်မြင်မှု အရှိန်အဟုန်များကို ရေရှည်ထိန်းသိမ်းမြှင့်တင်ပြီး နိုင်ငံတော်နှင့်တပ်မတော်က ပေးအပ်သည့် တာဝန်အမျိုးမျိုးကို အောင်မြင်ကျေပွန်စွာ ထမ်းဆောင်သွားကြရန်၊ ရရှိပိုင်ဆိုင်ထားသည့် လေယာဉ် ရဟတ်ယာဉ်နှင့် လက်နက်စနစ်များ၊ လေကြောင်းစွမ်းအားအရင်းအမြစ်များကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုယ်တွယ်အသုံးပြုပြီး စွမ်းရည်ထက်မြက်သည့် တပ်မတော် (လေ) ဖြစ်ကြောင်း သက်သေပြကြရန်၊ ယနေ့အထိ တည်ဆောက်ထိန်းသိမ်းလာသည့် တပ်မတော် (လေ) ၏ အစဉ်အလာကောင်းများကို လေးစားဂုဏ်ယူတန်ဖိုးထားပြီး မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းကောင်းမွေပေးအပ်ကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်များ တပ်တော်ဝင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းက လေယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာသည်။
၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများကို ဂါရဝပြုပေးအပ်သည်။
ထို့နောက် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုခြင်းကို ဆောင်ရွက်ရာ ဦးစွာ အချိန်ကိုက်ပျံသန်းအလေးပြုခြင်းအစီအစဉ်အရ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၄ စီးတို့က အမျိုးအစားမတူညီသည့် Composite Formation အုပ်ဖွဲ့ဖြင့်လည်းကောင်း၊ အမျိုးအစားမတူညီသည့် ရဟတ်ယာဉ် ၅ စီးတို့က Composite Formation အုပ်ဖွဲ့ဖြင့်လည်းကောင်း၊ ကင်းထောက်လေယာဉ် ၁ စီးနှင့် အပေါ့စားရဟတ်ယာဉ် ၂ စီးတို့က Composite Formation ဖြင့်လည်းကောင်း၊ အမောင်းသင်လေယာဉ် ၅ စီးတို့က Kite Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း၊ အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၂ စီးတို့က Composite Formation ဖြင့်လည်းကောင်း၊ တိုက်လေယာဉ် ၃ စီးက Arrow Head Formation ဖြင့် အုပ်ဖွဲ့ပျံသန်းပြီး တိုက်လေယာဉ် ၁ စီးက Barrel Roll Maneuver ဖြင့် သရုပ်ပြပျံသန်း၍လည်းကောင်း၊ အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီးနှင့် ဘက်စုံသုံးတိုက်လေယာဉ် ၂ စီးတို့က Composite Formation ဖြင့် လည်းကောင်း၊ တိုက်လေယာဉ် ၃ စီးတို့က Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ ဘက်စုံသုံးတိုက်လေယာဉ် ၃ စီးတို့က Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း၊ တိုက်လေယာဉ် ၃ စီးတို့က ရှုရပ်၏ရှေ့တည့်တည့်မှ ပျံသန်းဝင်ရောက်ကာ တပ်မတော် (လေ) အလံကိုယ်စားပြု အဝါရောင်၊ အဖြူရောင်နှင့် အပြာရောင်မီးခိုးများ ထုတ်လွှတ်ပြီး Cross Turn Maneuver ဖြင့် ပျံသန်း၍လည်းကောင်း၊ တိုက်လေယာဉ် ၁ စီးနှင့် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစား ဂျက်တိုက်လေယာဉ် ၁ စီးတို့က Composite Formation ဖြင့် ပျံသန်းပြီး မီးကျည်များ ပစ်လွှတ်၍လည်းကောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပျံသန်းအလေးပြုခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင်လေယာဉ်များအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးပြီး တပ်တော်ဝင်လေယာဉ်များအား လှည့်လည်ကြည့်ရှုကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

🥰3❤2
၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင် ပါဝင်သော လေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/iprdrnd/189696
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
https://tinyurl.com/2j3barm9
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၂/၂၀၂၆) ကျင်းပ
နေပြည်တော် မတ် ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၂/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက video conference စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) မှတ်တမ်းကို အတည်ပြုခြင်းဆောင်ရွက်သည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီး၍ တတိယအကြိမ်လွှတ်တော် ခေါ်ယူထားပြီးဖြစ်ကြောင်း၊ လွှတ်တော်အစည်းအဝေးများ ကျင်းပခြင်းနှင့်အတူ ထွက်ပေါ်လာမည့်အစိုးရကို နိုင်ငံတော်တာဝန်ထမ်းဆောင်နိုင်ရန် စနစ်တကျ လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်ကြောင်း၊ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ကို မတ် ၁၃ ရက်မှ ၁၄ ရက်အထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါဖိုရမ်ကို ရွေးကောက်ခံကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အတွေးအမြင်သစ်၊ အခင်းအကျင်းသစ်တို့ဖြင့် ကြိုတင်သိမြင်ပြီး နိုင်ငံအကျိုး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်များတွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခဲ့ရသကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။
မိမိတို့နိုင်ငံအတွင်းသို့ တရားမဝင်အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု ကျူးလွန်သူများသည် တစ်ဖက်နိုင်ငံများမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် တရားမဝင် ဝင်ရောက်လာကြသည်များရှိကြောင်း၊ ထိုသို့ နယ်စပ်ဖြတ်ကျော်၍ တရားမဝင် ရောက်ရှိလာကြသူများကိုလည်း လမ်းကြောင်းတစ်လျှောက် စနစ်တကျစစ်ဆေး၍ ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူပြည်နှင်လွှဲပြောင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထား၍ ကြိုတင်ကာကွယ်ခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းများကို တာဝန်ရှိသူအဆင့်ဆင့်မှ စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
နိုင်ငံတော်တွင် “စားရေရိက္ခာဖူလုံ ပိုလျှံရေး” ကို နိုင်ငံတော်အကြီးအကဲက အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်ထားပြီး စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ (Agro-based Industrialization) ပေါ်ထွန်းလာရေးကို တွန်းအားပေးဆောင်ရွက်လျက် ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် သီးထပ်စွမ်းအား ရာနှုန်းပြည့်ရရှိရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းဟူသော နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသန္တရကြက်၊ ဝက်၊ နွားများကို မိရိုးဖလာနည်းဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်းစနစ်များဖြင့် ပမာဏတိုး၍ မွေးမြူသွားပါက ဒေသ၏ စားရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် တိရစ္ဆာန်အစားအစာများကိုလည်း ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် အသုံးပြုကြရမည်ဖြစ်ကြောင်း။
MSME လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ပသွင်းကုန် အစားထိုးထုတ်ကုန်များနှင့် ပြည်ပပို့ကုန်များ အရည်အသွေးမီထုတ်လုပ်ရရှိနိုင်ရန်နှင့် လုပ်ငန်းများကို ပိုမိုမြင့်မားစွာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ MSME လုပ်ငန်းများ နိုင်ငံတကာဈေးကွက်သို့ ယခုထက်ပိုမိုချိတ်ဆက်ရောင်းချနိုင်ရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဆောင်ရွက်ရာ၌ အောင်မြင်လျက်ရှိပြီး စီးပွားရေးတိုးတက်မှု ရာခိုင်နှုန်းများလည်း နှစ်စဉ်တိုးတက်လျက်ရှိသည်ကိုတွေ့ ရှိရကြောင်း၊ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာပါက နိုင်ငံ့စီးပွားရေးအပြင် ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။

👍2🥰2❤1
ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ အခြေခံပညာအတန်းများအလိုက် တန်းစဉ်ကူးပြောင်းမှုများ စနစ်တကျရှိစေရေးနှင့် ကျောင်းများရာနှုန်းပြည့်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ လုပ်ငန်းခွင်အထောက်အကူပြုပညာရေးစနစ်အား အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများ၏ သင်ကြားရေးပိုင်းဆိုင်ရာနည်းစနစ်များ (Teaching Method) ကိုလည်း ခေတ်နှင့်လျော်ညီစွာ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက်လည်း တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများအတွက် ပုဂ္ဂလိကပညာရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည့်အတွက် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိကို တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း။
ကျန်းမာရေးကဏ္ဍတွင် နိုင်ငံတော်အကြီးအကဲမှ “လူ့အသက်ထက်အရေးကြီးတာ ဘာမျှမရှိ” ဆိုသည့် မူဝါဒကို ချမှတ်ပေးထားသည့်အတွက် ပြည်သူများ၏ မျှော်မှန်း သက်တမ်းများ မြင့်မားလာစေရန်နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ခေတ်နှင့်အညီ ရောဂါရှာဖွေရေးနည်းစနစ်များ၊ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်း၊ မြို့ရွာတိုင်းတွင် စိမ်းလန်းသော နယ်မြေ (Green Zone Area) များကို မဖြစ်မနေသတ်မှတ် ဖော်ဆောင်ခြင်း၊ သစ်တောများ ပြုန်းတီးမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်ခြင်းနှင့် မြေပေါ်မြေအောက်သယံဇာတများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ဌာနအလိုက်လုပ်ငန်းစီမံကိန်းများ လျာထားဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး၊ အရည်အသွေး၊ ပြည့်ဝစေရေး၊ အလေအလွင့်မရှိစေရေး၊ ပြည်သူလူထုအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေရေးနှင့် အမှန်တကယ်အကျိုးရှိပြီး ထိရောက်မှုရှိ၊ မရှိစသည့်အချက်များကိုလည်း အဓိကထားစစ်ဆေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးရလဒ်ကောင်းများ ရရှိစေမည့် အမျိုးသားစီမံကိန်းဥပဒေနှင့် ဒေသန္တရစီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း။
ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသည့် အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ပဋိပက္ခကြောင့် ကမ္ဘာ့လောင်စာဆီအကျပ်အတည်းကာလကို ကျော်လွှားနိုင်ရန် စက်သုံးဆီ ချွေတာသုံးစွဲရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူသို့ အသိပေးကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အဆိုပါထုတ်ပြန်ချက်နှင့်အညီ စည်းကမ်းတကျ ဖြစ်စေရေးအတွက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ကူညီကြပ်မတ်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပြည်သူများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရ ကြောင်း။
ယခင်နှစ် သင်္ကြန်ပွဲတော်ကို သဘာဝဘေးဒဏ်ကြောင့် သာမာန်မျှသာ ဖြတ်သန်းခဲ့ကြရကြောင်း၊ ယခုနှစ်သင်္ကြန်ကို စည်စည်ကားကားဖြင့် ရိုးရာသင်္ကြန် ကျင်းပနိုင်ရေးအတွက် ရည်ရွယ်ထားရှိကြောင်း၊ ယခုချိန်တွင် အခြေအနေအချိန်အခါနှင့် ကိုက်ညီသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ဦးစားပေး စီစဉ်ဆောင်ရွက်နိုင်ပါကြောင်း။
ယခုအခါ နွေဦးရာသီသို့ရောက်ရှိလာပြီဖြစ်၍ ပြည်သူလူထုအတွင်း မီးလောင် မှုမဖြစ်ပွားစေရေးအတွက် သတိမူရေးနှင့် မီးဘေးကာကွယ်ရေး ပစ္စည်းများကို စက်ရုံ လုပ်ငန်း၊ ရုံး၊ ဈေးအပြင် အိမ်ယာရပ်ကွက်များတွင်လည်း စနစ်တကျထားရှိလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စိမ့်ဝင်ပျံ့နှံ့စေရေးတို့အတွက် နိုင်ငံပိုင်ရုပ်သံမီဒီယာ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် လှုံ့ဆော်အသိပညာပေးရေးအစီအစဉ်များကိုလည်း သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများက ကျယ်ကျယ် ပြန့်ပြန့်အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက အမှာစာများအား ရှင်းလင်းဖတ်ကြားကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
https://t.me/iprdrnd/189698

❤2🥰2👍1
တပ်မတော်စစ်ကြောင်းများက NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် တကောင်းမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
👍3❤2🥰1