MOI
21.7K subscribers
97.6K photos
53.3K videos
105 files
30.2K links
To inform, To educate and To entertain
Download Telegram
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်မြို့နယ်၊ ထိန်သစ်ရပ်ကွက်၊ နေလင်းရောင် စာကြည့်တိုက် အဆောက်အဦအသစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
1
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင် အခမ်းအနားသို့ တက်ရောက်
👍21
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဗဟိုမိုဘိုင်း စက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ်အကြောင်း ရှင်းလင်း ဆွေးနွေးပွဲသို့ တက်ရောက်
2
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပဉ္စမအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်
1👍1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယနေ့) အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုနေမှုအား လှည့်လည် ကြည့်ရှု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီ ခြိုးခြံ ချွေတာရေးနှင့် ဖူလုံမှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၊ တိမ်ပင်လယ်ခရီးကြမ်း (Battle Of Taung Hkam ) ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်
2
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်အမျိုးသား (အလွတ်တန်း) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၊ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၆) တက်ရောက်၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင် မြန်မာနိုင်ငံအတွင်းသို့ တရားဝင်တင်သွင်းရောက်ရှိလာပြီး မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ခြင်း မပြုရသေးသည့် မော်တော်ယာဉ်/ယန္တရားများအား မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ရန် ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
4🥰1
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်
🥰21
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာ အတတ်သင်ကောလိပ် (ဘယ်လင်း)၌ ကျင်းပသည့် EV Mechanics သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
1🥰1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး၍ အခြေခံပညာ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ
🥰21
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး "စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
1🥰1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ကလောမြို့နယ် အားကစားကွင်း အုတ်တံတိုင်း ကာရံနေမှုနှင့် နန်းသဲချောင်းကူး ကွန်ကရစ်တံတား တည်ဆောက်နေမှု ကွင်းဆင်း ကြည့်ရှုစစ်ဆေး
🥰31
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
မေးမြန်းဖြေကြား ပြည်သူ့အတွက် သတင်းစကား (၁၂-၃-၂၀၂၆)
4
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၂/၂၀၂၆)သို့ တက်ရောက်
4
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
တပ်မတော်စစ်ကြောင်းများက NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် တကောင်းမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
3👍3🥰1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(လေ) လေယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
🥰31👍1
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ ဒုတိယနေ့ ဆက်လက်ကျင်းပ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း (၂၅၄၉၄၆)ဦးရှိပြီး၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့တွင် လာရောက်ဖြေဆိုသူ (၃၃၆၄) ဦးရှိ
🥰31
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
🥰31
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် ဆောင်ရွက်သည့် "ဒေသတွင်း ဒီဂျစ်တယ်နည်းပညာ နှီးနှောဖလှယ်ပွဲ" ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
3🥰2
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး
🥰21👍1
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (လေ)၊ လေယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် မတ် ၁၂

တပ်မတော် (လေ) ၏ လေကြောင်းစွမ်းပကားမြင့်မားစေရန်အတွက် လေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ၊ တပ်မတော် (လေ) မှ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါက်ဖွားလာခဲ့သည့် မျိုးချစ်တပ်မတော်ဖြစ်ကြောင်း၊ ထို့အပြင် တိုင်းရင်းသားပြည်သူပေါင်းစုံ ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့တပ်မတော်၊ ပြည်ထောင်စုတပ်မတော်လည်းဖြစ်ကြောင်း၊ သမိုင်းတစ်လျှောက် တိုင်းပြည်နှင့်လူမျိုးအပေါ် အန္တရာယ်အမျိုးမျိုး ကျရောက်လာသည့်အချိန်တိုင်း၊ အချုပ်အခြာအာဏာကို ခြိမ်းခြောက်ထိပါးခံရသည့် အချိန်တိုင်းတွင် တပ်မတော်သည်ပြည်သူရှေ့က မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်စောင့်ရှောက်ပေးခဲ့သည်ကို အထင်အရှားတွေ့ရမည်ဖြစ်ကြောင်း။

အမိမြန်မာနိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်နှင့် အမျိုးသားအကျိုးစီးပွားကို ထိရောက်အောင်မြင်စွာ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များကို အင်အားတောင့်တင်းပြီး စွမ်းရည်ပြည့်ဝထက်မြက်နေအောင် အစဉ်တည်ဆောက်ထိန်းသိမ်းနေရမည်ဖြစ်ကြောင်း၊ တပ်မတော်အင်အားတောင့်တင်းခိုင်မာပြီး စွမ်းရည်ပြည့်ဝနေမှသာ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းမြှင့်တင်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နိုင်မည်ဖြစ်ကြောင်းကို ခေတ်အဆက်ဆက် ဖြတ်ကျော်ကြုံတွေ့ခဲ့ရသည့် သမိုင်းအတွေ့အကြုံများက ထင်ထင်ရှားရှား သင်ခန်းစာပေးထောက်ပြလျက်ရှိကြောင်း။

ခေတ်သစ်စစ်ပွဲများနှင့် လတ်တလောဖြစ်ပွားနေသည့် ကမ္ဘာ့အရေးအခင်းများ ကိုလေ့လာကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် အမျိုးသားအကျိုးစီးပွားဖော်ဆောင်ရေးနှင့် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာအဓိကကျအရေးပါသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပင် ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ မိမိတို့၏လေကြောင်းစွမ်းအားကို တတ်နိုင်သမျှ မြင့်မားကောင်းမွန်အောင် အစဉ်ကြိုးပမ်းနေကြခြင်းဖြစ်ကြောင်း။

တပ်မတော် (လေ) သည် နိုင်ငံ၏ လေကြောင်းစွမ်းအား မြင့်မားကောင်းမွန်စေရန် တာဝန်အရှိဆုံးနှင့် အဓိကအကျဆုံးတပ်ဖွဲ့ဖြစ်ကြောင်း၊ လေတပ်အင်အား တောင့်တင်းခိုင်မာနေမှသာ လေကြောင်းစိုးမိုးအရေးသာမှု ရယူထိန်းသိမ်းနိုင်ပြီး နိုင်ငံ၏အကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း၊ လေကြောင်းစွမ်းအားဆိုသည်မှာ လေယာဉ်ရဟတ်ယာဉ်များရှိနေရုံဖြင့် မလုံလောက်သေးဘဲ အထောက်အကူပြုမည့်စနစ်အမျိုးမျိုး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ထောက်ပံ့ဖြည့်တင်းရေးအတွက် စနစ်အမျိုးမျိုး၊ လေ့ကျင့်ရေးစနစ်အမျိုးမျိုး ပြည့်စုံစွာရရှိပိုင်ဆိုင်ထားရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေကြောင်းစွမ်းအား ဟန်ချက်ညီဘက်စုံတိုးတက်ကောင်းမွန်စေရေး ၂၀၁၁ ခုနှစ်မှစပြီး အဓိကကျသည့် အရင်းအမြစ်အမျိုးမျိုးကို တွက်ချက်သုံးသပ်ဖြည့်တင်းပေးလျက်ရှိကြောင်း။

လေကြောင်းစွမ်းအား ထက်မြက်ကောင်းမွန်နေရေးအတွက် ကိုင်တွယ်အသုံးပြုသူများမှ စွမ်းအားပြည့်အသုံးချပြီး ပိုင်ဆိုင်ထားသည့် အရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးချနိုင်ရန် အရည်အသွေး အရည်အချင်းပြည့်ဝကောင်းမွန်သည့် လူ့စွမ်းအားအရင်းအမြစ်များ မဖြစ်မနေလိုအပ်ကြောင်း၊ ကျွမ်းကျင်မှုရှိပြီး အထိရောက်ဆုံး အသုံးချနိုင်မည့် စစ်သည်တော်များ လေ့ကျင့်မွေးထုတ်ရေးအတွက် စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်သွားရန် အထူးမှာကြားလိုကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးရာတွင် လေသူရဲများ၊ လေယာဉ်သားနှင့် ပညာရှင်များ၊ အုပ်ချုပ်မှုပိုင်း အထောက်အကူပေးရမည့် တာဝန်ရှိသူများစသည်ဖြင့် သက်ဆိုင်ရာကဏ္ဍအားလုံး အကျုံးဝင်ကြောင်း။
3🥰2👍1