MOI
21.7K subscribers
97.5K photos
53.3K videos
105 files
30.1K links
To inform, To educate and To entertain
Download Telegram
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး မြန်မာ့မီးရထား၏ နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
🥰21
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်
🥰21
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သာသနာရေးဦးစီးဌာန အရာထမ်း(ဦးစီးအရာရှိ) မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
🥰21
Forwarded from MRTV
This media is not supported in your browser
VIEW IN TELEGRAM
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်း စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့မှုနှင့်ပတ်သက်၍ သုံးသပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားခြင်း အခမ်းအနားသို့ တက်ရောက်
🥰21
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ် တို့အား ကြည့်ရှုစစ်ဆေး
2🥰2👍1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကျန်းမာရေးဝန်ကြီးဌာန သစ်လွင်သူနာပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၊ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို လေ့လာခြင်း သုတေသနအစီရင်ခံစာ အသိပေးတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်
👍2🥰21
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
🥰21
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာ့ခရီးသွားလုပ်ငန်း သတင်းအချက်အလက် ဖြေကြားမှုစနစ်၊ ခရီးသွားလာမှုဆိုင်ရာ သတင်းအချက်အလက်စနစ်၊ မြန်မာ့ခရီးသွားလုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုမှုစနစ်များ လွှင့်တင်ခြင်းအခမ်းအနားသို့ တက်ရောက်
🥰21
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆို
👍7🥰21
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို

နေပြည်တော် မတ် ၁၁

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန်စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနတို့၌ ပထမနေ့ မြန်မာစာဘာသာရပ်အားဖြေဆိုရန် စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း ၁၀၅ ခရိုင်၊ မြို့နယ်ပေါင်း ၂၆၆ မြို့နယ်၊ စာစစ်ဌာနပေါင်း ၈၈၇ ဌာနတို့၌ ကျောင်းသား ၁၁၂၁၉၁ ဦး၊ ကျောင်းသူ ၁၅၆၅၆၂ ဦး၊ စုစုပေါင်း ၂၆၈၇၅၃ ဦးဖြစ်ပြီး ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁၀၄၂၅၉ ဦး၊ ကျောင်းသူ ၁၅၀၉၆၉ ဦး၊ စုစုပေါင်း ၂၅၅၂၂၈ ဦးဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုန်းမှာ ၉၄ ဒသမ ၉၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမွေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အားဖြေဆိုရန် စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း ၄၁ ခရိုင်၊ မြို့နယ်ပေါင်း ၅၀ မြို့နယ်၊ စာစစ်ဌာနပေါင်း ၅၃ ဌာနတို့၌ ကျောင်းသား ၂၀၀၅ ဦး၊ ကျောင်းသူ ၁၃၈၁ ဦး၊ စုစုပေါင်း ၃၃၈၆ ဦးဖြစ်ပြီး ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁၉၉၂ ဦး၊ ကျောင်းသူ ၁၃၇၂ ဦး၊ စုစုပေါင်း ၃၃၆၄ ဦးဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူရာခိုင်နှုန်းမှာ ၉၉ ဒသမ ၃၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။


အဆိုပါ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး မတ် ၁၂ ရက် ကြာသပတေးနေ့တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ် ၁၃ ရက် သောကြာနေ့တွင် သင်္ချာဘာသာရပ် မတ် ၁၄ ရက် စနေနေ့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ် ၁၆ ရက် တနင်္လာနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ် ၁၇ ရက် အင်္ဂါနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်ပြီး မတ် ၁၅ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရှိရသည်။

အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့ မတ်လ ၁၁ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိပြီး မတ်လ ၁၈ ရက်နေ့အထိ ဆက်လက်ဖြေဆိုကြမည်ဖြစ်ကာ မတ်လ ၁၅ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သတင်းရရှိသည်။

https://t.me/iprdrnd/189645

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://tinyurl.com/2j3barm9

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd
3🥰1
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအားဖော်ထုတ်အရေးယူ

နေပြည်တော် မတ် ၁၁

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် "HEHO News Ko Zawe" Tiktok အကောင့်ပိုင်ရှင်ဖြစ်သူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အမှတ်(၅)ရပ်ကွက်နေ ခင်မောင်ထွေး(ခ)လေးငယ်(ခ)ဇဝီအား မွန်းလွဲ ၂ နာရီခွဲတွင် ဟဲဟိုးနယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/iprdrnd/189646

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://tinyurl.com/2j3barm9

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd
3👏2
စက်သုံးဆီရောင်းချမှုများအပေါ် စိစစ်ကြပ်မတ်နိုင်ရေးဆောင်ရွက်သွားမည့်အစီအမံ အသိပေးထုတ်ပြန်ခြင်း
2🥰1
စက်သုံးဆီရောင်းချမှုများအပေါ် စိစစ်ကြပ်မတ်နိုင်ရေးဆောင်ရွက်သွားမည့်အစီအမံ အသိပေးထုတ်ပြန်ခြင်း

နေပြည်တော် မတ် ၁၁

စက်သုံးဆီမပြတ်လပ်စေရန်နှင့် စက်သုံးဆီအမှန်တကယ်လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ အရောင်းဆိုင်များတွင် တစ်ရက်အတွင်း ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ်တန်းစီ ဝယ်ယူမှုများလျော့နည်းပပျောက်စေရေးအတွက် အရောင်းဆိုင်များအနေဖြင့် တယ်လီဖုန်း Application ကို အသုံးပြုပြီး စိစစ်ရောင်းချမှုများဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယင်းသို့ဆောင်ရွက်ရာတွင် အများပြည်သူဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ပိုမိုရိုးရှင်းလွယ်ကူစွာဆောင်ရွက်နိုင်ရေးအတွက် ယာဉ်ပိုင်ရှင်များမှ Application အသုံးပြုရန်နှင့် Registration ပြုလုပ်ရန် လုံးဝမလိုအပ်ဘဲ အရောင်းဆိုင်အခြေပြုစိစစ်သည့်နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မော်တော်ယာဉ်များအတွက် Wheel Tax ၏ Barcode ကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကို အသုံးပြုပြီး QR Code ထုတ်ပေး၍လည်းကောင်း Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်ပါသည်။

မော်တော်ယာဉ်များအတွက် Wheel Tax တွင်ပါရှိသော Barcode အား ဆိုင်ဝန်ထမ်းမှ Scan ဖတ်၍ စနစ်မှအလိုအလျောက်စစ်ဆေးပြီး တစ်ရက်အတွင်းတစ်ကြိမ်မျှ စက်သုံးဆီဝယ်ယူထားခြင်းမရှိသေးပါက စက်သုံးဆီများဆက်လက်ရောင်းချပေးမည်ဖြစ်ပါသည်။ အကယ်၍ တစ်ရက်အတွင်း နောက်တစ်ကြိမ် ထပ်မံဝယ်ယူရန် မည်သည့်ဆိုင်တွင်မဆို Scan ဖတ်ပါက ၎င်းရက်အတွင်း ပထမအကြိမ်ဝယ်ယူခဲ့မှုကို ဖော်ပြပေးမည်ဖြစ်ကာ ဆီဝယ်ယူခွင့်ရရှိမည်မဟုတ်ဘဲ နောက်တစ်ရက်တွင်မှသာ ထပ်မံဝယ်ယူခွင့်ရရှိမည်ဖြစ်ပါသည်။ တစ်ရက်အတွင်း တစ်ကြိမ်ဝယ်ယူပြီးနောက် ထပ်မံတန်းစီဝယ်ယူမှုများမရှိစေရေး စိစစ်တားမြစ်သွားမည်ဖြစ်ပါသည်။

မော်တော်ဆိုင်ကယ်များ၏ Wheel Tax တွင် Barcode မပါရှိသည့်အတွက် အရောင်းဆိုင်တွင် QR Code များထုတ်ယူရမည်ဖြစ်ပါသည်။ ယင်းသို့ ထုတ်ယူနိုင်ရေးအတွက် ယာဉ်ပိုင်ရှင်များအနေဖြင့် ဆိုင်ကယ်၏ Wheel Tax အား အရောင်းဆိုင်ဝန်ထမ်းသို့ပေးအပ်ပြီး ဝန်ထမ်းမှ Application တွင် ယာဉ်နံပါတ်နှင့် သက်တမ်းကုန်ဆုံးရက်များဖြည့်သွင်းကာ QR Code ထုတ်ပေးမည်ဖြစ်ပါသည်။ ယင်း QR Code ကို ပိုင်ရှင်အနေဖြင့် ဖုန်းဖြင့်ဓာတ်ပုံရိုက်ယူခြင်း သို့မဟုတ် အရောင်းဆိုင်မှ Print ထုတ်ပေးခြင်းဖြင့် ရယူသိမ်းဆည်းထားရှိရန် လိုအပ်မည်ဖြစ်ပါသည်။ စက်သုံးဆီဝယ်ယူသည့်အခါတိုင်း ၎င်း QR Code အား အရောင်းဆိုင်ဝန်ထမ်းသို့ ပြသဝယ်ယူနိုင်မည်ဖြစ်ပြီး မော်တော်ယာဉ်များတွင် စိစစ်သကဲ့သို့ တစ်ရက်အတွင်း ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ် ဝယ်ယူမှုမရှိစေရေး စနစ်မှအလိုအလျောက် စစ်ဆေးရောင်းချပေးသွားမည်ဖြစ်ပါသည်။

အရောင်းဆိုင်များမှ စက်သုံးဆီများစိစစ်ရောင်းချရာတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားရှိသည့် မူဝါဒများနှင့်အညီ ယာဉ်အသုံးပြုခွင့် ခွင့်ပြုထားမှုအလိုက် စက်သုံးဆီရောင်းချနိုင်ရေးကိုလည်း တစ်ပါတည်းစစ်ဆေးမည်ဖြစ်ပါသဖြင့် မိမိယာဉ်အသုံးပြုခွင့်ရှိသည့်ရက်များအတွက်သာ စက်သုံးဆီဝယ်ယူခွင့်ရရှိမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် ၁၂-၃-၂၀၂၆ ရက်နေ့မှစတင်၍ စက်သုံးဆီအရောင်းဆိုင်များ၌ Application ဖြင့် အလိုအလျောက်စစ်ဆေးသည့် နည်းလမ်းကို စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး စနစ်အား လိုအပ်သော စစ်ဆေးပြုပြင်မှုများဆောင်ရွက်ပြီးပါက ကျန်မြို့ကြီးများတွင်လည်း ဆက်လက်၍ Application ကို အသုံးပြုသွားမည်ဖြစ်ပါသည်။

ပြည်သူများ၏ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးမှုများကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်တန်းစီမှုများလျော့ကျသွားပြီး ပုံမှန်ဖြန့်ဖြူးရောင်းချနိုင်သည့်အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း နေပြည်တော်ရှိ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ Online Monitoring Center တွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းစဉ် (Supply Chain) တစ်လျှောက်ကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ကြပ်မတ်လျက်ရှိခြင်း၊ စက်သုံးဆီရောင်းချမှုများနှင့်ပတ်သက်၍ မြို့ကြီးများရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချပေးသည့် ယာဉ်အမျိုးအစားနှင့် ယာဉ်နံပါတ်၊ ဆီအမျိုးအစားနှင့်ပမာဏ၊ ရောင်းချပေးသည့်ဈေးနှုန်း စသည်တို့ကိုလည်း အချိန်နှင့်တပြေးညီ စောင့်ကြည့်ကြပ်မတ်လျက်ရှိခြင်းတို့အပြင် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးကိုလည်း အစီအမံအတိုင်း အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

စွမ်းအင်ဝန်ကြီးဌာန

https://t.me/iprdrnd/189652

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://tinyurl.com/2j3barm9

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd
6👍4🥰1
အိန္ဒိယ-မြန်မာ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

နေပြည်တော် မတ် ၁၁

အိန္ဒိယ-မြန်မာ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးဂေါက်သီးရိုက်ပြိုင်ပွဲကို မတ် ၁၀ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကြည်သိုက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)တို့မှ တပ်မတော်အရာရှိကြီးများနှင့် အိန္ဒိယတပ်မတော် ဂေါက်သီးရိုက်အသင်းခေါင်းဆောင် Gp Capt Anish Sharma ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းက တီခုံအမှတ် ၁ ၌ ပြိုင်ပွဲ အထိမ်းအမှတ် Smoke Ball ရိုက်၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ပြိုင်ပွဲဝင်အား မတ် ၁၀ ရက်နေ့နှင့် မတ် ၁၁ ရက်နေ့တို့တွင် မြို့တော်ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်းတို့၌ ဆက်လက်ယှဉ်ပြိုင်ကစားကြပြီးနောက် ယနေ့ညနေပိုင်းတွင် ရေပြာဂေါက်ကွင်း၌ ဆုပေးပွဲနှင့်ညစာစားပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ဆက်လက်၍ ပြိုင်ပွဲတွင် အကြီးတန်းတစ်ဦးချင်း၊ အငယ်တန်းတစ်ဦးချင်း၊ အသင်းလိုက်အကြီးတန်း၊ အငယ်တန်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ပြီးနောက် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဇော်ဟိန်းနှင့် အိန္ဒိယတပ်မတော်ဂေါက်သီးရိုက်အသင်းခေါင်းဆောင် Gp Capt Anish Sharma တို့က အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး ဂေါက်သီးရိုက်ပြိုင်ပွဲသည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်လေးစားယုံကြည်မှုကို တိုးတက်စေမည်ဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်အကြား ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

https://t.me/iprdrnd/189653

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
https://tinyurl.com/2j3barm9

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd
9👍2
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ်ကြီး ဖွင့်လှစ်ပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပ
5