IHTMYS Cartoon Movies Links
23.8K subscribers
148 photos
149 links
Download Telegram
Channel name was changed to «IHTMYS Cartoon Movies Links»
Facebook Link နဲ့ ကြည့်ရမယ့် စစ်ဆန့်ကျင့်ရေးကာလမှာ ဗိုလ်ချုပ်ကြီးရဲ့ သမီးကိုမှ ချစ်မိသွားတဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်း 💜

The Glassworker (2024)
IMDB RATING : 7.3/10

ဝေဖန်သူတွေကြားမှာလည်း
အန်နီမေးရှင်းစတိုင်ကောင်းတာရယ် ဇာတ်လမ်းအသွားအလာရယ်ကြောင့် နာမည်ကောင်းတော်တော်လေး ရထားပါတယ်။

စစ်ကာလအတွင်းမှာဗိုလ်ချုပ်ကြီး ရဲ့သမီးလေးတစ်ယောက်ကို မှ ချစ်ကျွမ်းဝင်မိတဲ့ စစ်ဆန့်ကျင်ရေး ဝါဒီ တစ်ယောက်ရဲ့ သားကတော့ စစ်ထောက်ခံတဲ့လူတွေကြားမှာ မျက်နှာပန်းမလှခဲ့ပါဘူး။

ဒီဇာတ်လမ်းက တစ်နည်းနည်းတဖုံဖုံနဲ့ Anti – War ဖြစ်နေပြီးတော့ တစ်နည်းနည်းနဲ့ပဲ အချစ်ဇာတ်လမ်းလည်း ဖြစ်နေပါတယ်။ စစ်ကာလမှာ ဖန်လုပ်သားဖြစ်တဲ့
ဗင်းဆင့်တိုသားအဖကဘယ်လိုရုန်းကန်ရမလဲ ဘယ်လို ကံကြမ္မာဆိုး‌တွေဝင်လာပြီးတော့ ဗင်းဆန့်ရဲ့ အချစ်ရေးကရော စစ်ကြီးအတွင်းမှာ သူကိုယ်တိုင်လုပ်ထားတဲ့ ဖန်ထည်တွေလို လှပ ပါ့မလားဆိုတာကို ဒီ ဇာတ်လမ်းလေးထဲမှာ ကြည့်စေချင်ပါတယ်။

ဇာတ်ကားကြည့်ရန် - https://t.me/ihtmysmovies/2

-crd review
Look Back [ 2024 ]

ကျော်ကြားတဲ့ Fujino ဆိုသူ ကောင်မလေးက ကျောင်းသတင်းစာမှာ ရယ်ရတဲ့ Manga တွေဆွဲနိုင်တာကြောင့် အတန်းထဲကလူတွေရဲ့ ချီးကျူးခြင်းကို ခံနေရသူပေါ့...တစ်နေ့မှာ ဆရာဖြစ်သူက Kyomoto လိုခေါ်တဲ့ ကောင်မလေးအတွက် ကျောင်းသတင်းစာမှာ နေရာပေးဖို တောင်းဆိုခဲ့ပါတယ်။

Funijo ကလည်း လက်ခံခဲ့တာပေါ့ ဒါပေမဲ့ Kyomoto ရဲ့ Manga လက်ရာကို သူ့ထက် ပိုကောင်းတယ်လို ဘေးလူတွေက ပြောလာချိန်မှာတော့ Fujino ဟာ မခံမရပ်နိုင်ဖြစ်ခဲ့ရလေရဲ့....မခံချင်စိတ်ကြောင့်ပပဲ Fujino ဟာ သူငယ်ချင်းတွေနဲ့တောင် အပြင်မသွားဘဲ Kyomoto နဲ့ယှဥ်နိုင်တဲ့ Manga တစ်ခုဆွဲနိုင်အောင် အပြင်းအထန်လေ့ကျင့်ပါလေရော။

မနာလိုမှုကနေ စတင်ခဲ့တဲ့ အရာလေးတစ်ခုကြောင့် Manga ဆွဲရတာကို တစ်ကယ် ကြိုက်နှစ်သက်သွားတဲ့အခါ Fujino တစ်ယောက် ဘယ်လိုအရာတွေနဲ့ ကြုံရမလဲဆိုတာကိုတော့.....

Movie ကြည့်ရန်

Facebook Link - https://www.facebook.com/share/v/1E7V1LuhB8/?

Telegram Link - https://t.me/ihtmysmovies/3

#crdreview
Channel photo updated
ကမ္ဘာကျော်ဂိမ်းကို ရုပ်ရှင်အဖြစ်အသက်သွင်းတဲ့အခါ

Angry Bird (2016)

ကမ္ဘာကျော်ဂိမ်းကို ရုပ်ရှင်အဖြစ် ပြန်ပြီး အသက်သွင်းတဲ့ The Angry Birds Movie ဖြစ်ပါတယ် ..Animation ပရိတ်သတ်တို့ မျှော်လင့်ခဲ့ရတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး ..ဇာတ်လမ်းအရဆိုရင် Angry Bird တွေ ဖြစ်ပေါ်လာပုံကိုအစပျိုး မိတ်ဆက်ပေးထားပါတယ်ဂိမ်းထဲမှာ ဘာကြောင့် ဝက်တွေနဲ့ ရန်ဖြစ်ရလဲဆိုတဲ့အကြောင်းကို သိရမှာပါ ..
ဂိမ်းထဲက အတိုင်း ငှက်တစ်ကောင်စီရဲ့ စွမ်းရည်တစ်မျိုးစီကိုလည်းကောင်းကောင်းမွန်မွန် ကြည့်ရှူခံစားရပါမယ်..ဇာတ်လမ်းကြီးကြီးမားမားမရှိပေမယ့်တင်ဆက်ပြသပုံ မဆိုးတဲ့အတွက် ကြည့်ရှုမယ့် ပရိတ်သတ်တွေသဘောကျ စိတ်ကျေနပ်စေမှာပါ …ရုပ်ရှင်ကပေးတဲ့ message တွေကလည်းကောင်းမွန်တဲ့အတွက် ကြည့်ရကျိုးနပ်ပါလိမ့်မယ် ..အထူးသဖြင့် ဇာတ်ကောင်လေးတွေကို မိတ်ဆက်တဲ့နေရာမှာသဘောကျစရာလေးတွေပါဝင်ပြီး ချစ်စရာပုံစံလေးတွေလည်းအများကြီးတွေ့ရပါဦးမယ် ခင်ဗျ .. ပြောရရင် animation cartoon ချစ်သူတို့ အကြိုက်တွေ့စေမယ့်ရုပ်ရှင်ကားတစ်ကားဖြစ်ပါကြောင်း။အားပေးကြည့်ရှုခံစားကြပါဦ:

Movie Link

https://t.me/ihtmysmovies/6
Master Ji Gong [2021]

၂၀၂၁ ရုံတင် animationဇာတ်ကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။အခုလိုကာလမှာ ပုံဆွဲတာ ပန်းချီလေ့လာသူတွေများတော့inspiration ရမယ်လို့လည်းထင်လို့ ကာတွန်းလေး တင်ပေးတာပါ။ဇာတ်ကားနာမည်က MasterJi Gong တဲ့ဟုတ်ပါတယ် အားလုံးငယ်ငယ်က ကြည့်ဖူးတဲ့ ကျိကုန်းကိုယ်တော်အကြောင်းပါ။ဒါပေမယ့် ဒီကျိကုန်းကိုယ်တော်က ငယ်ငယ်က ကြည့်ဖူးတဲ့ ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။နဂါးတွေရော နတ်မင်းတွေရော ငှက်မိစ္ဆာတွေရောဇာတ်လမ်းက အတော်တော့ ရှုပ်သား။ရှုပ်တဲ့အပြင် နီကျားငယ်ဘဝနဲ့လည်း နည်းနည်းဆင်သေးတယ်။နီကျားလိုပဲ အမေက အလိုလိုက်ပြီး အဖေက တင်းကြပ်။ သူကလည်းကဲ ။ဒီလိုနဲ့ မိုးကောင်းကင်အလိုကျ ကမ္ဘာမြေကြီးကိုကယ်တင်မယ် အဲ လူဘုံကိုကယ်တင်ရမယ်ဆိုပြီး နတ်ဆိုးမိစ္ဆာကို ရင်ဆိုင်ဖို့ကြိုးစား အဲ့လိုမျိုးပေါ့။ဒါပေမယ့် ဒီမှာ တပ်ကူတွေလည်း ပါရတာပေါ့။ နောက်ပြီး သူရဲကောင်းတိုင်းနောက်ကွယ်မှာပေးဆပ်မှုတွေရှိစမြဲမို့ သူလည်း ထိုက်သင့်သလောက် ပေးဆပ်လိုက်ရတာပေါ့။ကဲ နတ်ဆိုးကြီးကို ရင်ဆိုင်နိုင်ပါ့မလားနောက်ပြီး တပ်ကူတွေက ဘယ်သူတွေလဲ ပေးဆပ်မှုက ဘာလဲဇာတ်လမ်းလေးကြည့်ပြီးရင် အကုန်နားလည်သွားပါလိမ့်မယ်။

Movie Link - https://t.me/ihtmysmovies/7

-crd review
Jujutsu Kaisen 0 [2021]

Rotten tomatoes 98%
Imdb 7.9/10
Myanumelust 8.5/10

ဒီရုပ်ရှင်ဟာ animeဖန်တွေအကြိုက်တွေ့ခဲ့ကြတဲ့
jujutsu kaisen စီးရီး ရဲ့အဖြစ်အပျက်မတိုင်ခင်ဇာတ်လမ်းပါ။

ပြောရရင်တော့ Yutaရဲ့မှော်ဆရာဖြစ်လာခဲ့တဲ့
ဇာတ်ကြောင်းလို့ပြောရင်လည်းရပါတယ်။

ဒီဇာတ်ကားဟာ ဂျပန်မှာရုံတင်ချိန်က ဝင်ငွေစံချိန်တွေတင်ခဲ့သလို animation quality လည်းတော်တော်ကောင်းတယ်ချီးကျူးခံထားရတာပါ။

(အခုတော့ one piece red filmက ဝင်ငွေကျော်တက်သွားပြီကြားပါတယ်)

ဇာတ်လမ်းအကျဥ်းကတော့ ...

တခါတုန်းက သိပ်ချစ်ကြတဲ့ငယ်ကျွမ်းဆွေနှစ်ယောက်ရှိပါတယ်။

သူတို့နှစ်ယောက်ဟာ အသက်သာငယ်ကြပေမဲ့ အချစ်တွေကမငယ်တာမလို့အရွယ်ရောက်လာတာနဲ့လက်ထပ်ကြမယ်လို့ ​​စေ့စပ်လက်စွပ်လေးဝတ်ပြီးကတိပြုခဲ့ကြပါတယ်။

အဲ့လိုနဲ့ကတိပြုပြီးနောက်မှာကောင်မလေးဟာ
ဆိုးဆိုးရွားရွားကားတိုက်ခံရပြီးသေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားပေမဲ့လည်း သူတို့အချစ်ဟာကြီးမားလွန်းတာကြောင့်ကောင်မလေးဟာကျိန်စာသင့်တစ္ဆေကြီးအဖြစ်ပြန်ရှင်သန်လာခဲ့တဲ့နောက်မှာတော့….

ဇာတ်ကားကြည့်ရန်

Facebook Link - https://www.facebook.com/share/v/18zW7D4JmA/?mibextid=wwXIfr

Telegram Link - https://t.me/ihtmysmovies/8

-crd review
Ok-ko's In-n (2018)

နတ်ဘုရားတွေရဲ့ လက်ဆောင်တစ်ခုလို့ ခေါ်တဲ့ ဟာရူနိုယာ အရမ်းကို နာမည်ကြီးတဲ့ ရေပူစမ်းလေးဖြစ်ပါတယ်။

လူတွေ တိရစ္ဆာန်တွေရဲ့ ရောဂါကုသစရာ စိတ်အပန်းဖြေစရာ နေရာလေးလည်း ဖြစ်ပါတယ်။

အိုကိုလေးတို့ မိသားစုဟာ အဲဒီနေရာက အပြန်မှာ ယာဉ်မတော်တဆမှုဖြစ်ပြီး အိုကိုလေးရဲ့ အမေနဲ့အဖေနှစ်ယောက်လုံး ဆုံးပါးသွားခဲ့ပါတယ်။

အိုကိုလေးကတော့ သဘာဝလွန်ထူးခြားဖြစ်စဉ်တစ်ခုကြောင့် သေလျက်နဲ့ ရှင်သန်ခဲ့ပါတယ်။

တစ်ခါသေဖူးတဲ့ အိုကိုဟာ ထူးခြားစွာနဲ့ ဝိညာဉ်တွေကို မြင်နိုင်လာပါတယ်။

ဇာတ်လမ်း အပြည့်အစုံကိုတော့ အံ့သြထူးခြားမှုတွေနဲ့ ပြည့်နေတဲ့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ..

ဇာတ်ကားကြည့်ရန်

Fb Link__
https://www.facebook.com/100055683287864/posts/213908057141969/?app=fbl

Telegram Link__
https://t.me/ihtmysmovies/10

#crdreview
#crdoriginaluploader
#okkosinn2018
Att-ack on Tit-an ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ကားလေးကို Facebook Link ရတုန်း ကြည့်ထားရအောင် 🥹💜

AOTကိုကြည့်ဖူးတဲ့သူတွေအတွက်
ဒီအပိုင်းက ဘာတွေပါမလဲဘာပိုထူးခြားလာလဲကြည့်သင့်လားအစရှိတဲ့မေးခွန်းတွေကိုဖြေရရင်တော့..

ဒီရုပ်ရှင်ဟာ နောက်ဆုံး၂ပိုင်းဖြစ်တဲ့ အပိုင်း၈၈နဲ့၈၉ကိုပေါင်းပြီး ရုပ်ရှင်ရုံအရသာရအောင်ထုတ်ထားတာလို့ပဲရိုးရိုးရှင်းရှင်းပြောရမယ်ထင်တယ်။

ဒါ့အပြင် ဒီရုပ်ရှင်ရဲ့အနှစ်ကစာတန်းထိုးအပြီးမှာပါတဲ့ credit scene ပါပဲစီးရီးရဲ့ဇာတ်သိမ်းကိုမချင့်မရဲဖြစ်ခဲ့တဲ့သူတွေ၊ လွမ်းမောခဲ့ရတဲ့သူတွေအတွက်အကောင်းဆုံးဖြေသိမ့်ပေးထားတယ်ဆိုရင်လည်းမမှားပါဘူး။

ကြည့်သင့်လားဆိုရင်တော့ AOTပရိသတ်ဆိုရင် အလွမ်းပြေကြည့်သင့်ပါတယ်။အပိတ်သီချင်းလေးတွေပါထည့်ပေးထားတော့ လိုက်ပြီးဆိုချင်ဆိုကြည့်ကြပေါ့ဗျာ။ပြီးတော့ ဒီရုပ်ရှင်ဟာ ကမ္ဘာတဝှမ်းက AOTပရိသတ်တွေကို ကျေနပ်မှုပေးနိုင်ခဲ့တဲ့ပုံပါပဲ။

ဇာတ်ကားကြည့်ရန်

Telegram Link - https://t.me/ihtmysmovies/12

Fully respect to review writer
O-z the G-reat and P-ower-ful (2013) #FbLink

သက္ကရာဇ် (၁၉၀၅) ခုနှစ်မှာ အော်စကာလို့ အမည်ရတဲ့ မျက်လှည့်ဆရာတစ်ယောက်ဟာ လေ-မုန်-တိုင်း-တိုက်ခံရတာကနေတစ်ဆင့် (𝕋𝕙𝕖 𝕃𝕒𝕟𝕕 𝕠𝕗 𝕆ℤ) ခေါ်တဲ့နေရာကိုရောက်ရှိသွားပါတယ်

သူရောက်ရှိသွားတဲ့နေရာမှာ (သီအိုဒေါ) ဆိုတဲ့ မိန်း-မ-လှလေးနဲ့ တွေ့ဆုံခဲ့ပါတယ်..အဲ့ဒီမိန်း-မ-လှ-လေးက (အော်စကာ) ဟာဆိုရင် သူတို့ရဲ့ မြေကို ရ-က်-စ-က်တဲ့ စုန်:-မကြီး-လက်ထဲကနေ ကယ်တင်မယွ ဟောကိန်းလာ မှော်ဆရာကြီးလို့ ယုံကြည်ခဲ့ပါတယ်

ဒါပေမယ့် (အော်စကာ) ဟာ မှော်-ပ-ညာ-တတ်တဲ့
သူတစ်ယောက်မဟုတ်ပဲ သာမန် မျက်လှည့်ဆရာလေးဖြစ်ပါတယ်

ဒီလိုနဲ့ (အော်စကာ)ဟာဆိုရင် နန်း-တော်-ကိုရောက်သွားပြီး (သီအိုဒေါ) ရဲ့ အစ်မဘုရင်မတို့နဲ့ တွေ့ဆုံခဲ့ပါတယ်

အဲ့ဒီနောက်မှာတော့ (အော်စကာ) ဟာ စုန်:-မ-ကြီး-ကို
နှိမ်နှင်းပေးဖို့ ကတိပေးပြီး ဟန်ကိုယ့်ဖိုဆိုသလို ထွက်လာခဲ့ပါတယ်

ဒါပေမယ့် စုန်:-မ-ကြီး နေထိုင်တဲ့နေရာကိုရောက်တော့ သူထင်နေသလို စုန်:-မ-ကြီး-မဟုတ်တဲ့အပြင် တစ်ကယ့် အမှန်တရားတစ်ခုကို သိလာရတဲ့ အခါမှာတော့ ဘာတွေ ဘယ်လို ဆက်ဖြစ်လာမလဲဆိုတာကိုတော့

ဇာတ်ကားကြည့်ရန်

Fb Link - https://www.facebook.com/groups/514488707610365/permalink/523688420023727/?app=fbl

Telegram Link - https://t.me/ihtmysmovies/13

Crd Review
Orion and the Dark (2024)

ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။
ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။
အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။
အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။ 

🎬 ကြည့်ရန် Link 🔗

https://t.me/ihtmysmovies/14

-crd review
Channel photo updated
နတ်ဘုရားကားတွေ ကြိုက်နှစ်သက်သူတွေအတွက် 2022ကထွက်ရှိထားတဲ့ Rating မြင့် တရုတ် animation ဇတ်ကားကောင်းလေးကို Facebook Link နဲ့ ကြည့်ကြမယ်။
💙
New Gods: Yang Jian (2022) #FbLink
=================
ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရမယ်ဆိုရင်တော့
ရှန်မင်းဆက်နဲ့ ကျိုးမင်းဆက်တို့ရဲ့ တိုက်ပွဲအပြီးနှစ်ပေါင်း ၁၅၀၀ ကြာပြီးတဲ့နောက် ကောင်းကင်ဘုံစည်းမျဥ်း စည်းကမ်းတွေ ပျက်ပြားနေချိန် ဆင်းရဲမွဲတေနေတဲ့ရန်ကျန်ဆိုတဲ့ လူငယ်လေးက ငွေအသပြာလက်ခံရယူပြီးလူတွေကိုဖမ်းဆီးပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီးတော့အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပါတယ်

တစ်နေ့မှာတော့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်တဲ့ချန်ရှန်း ကိုလိုက်လံ ဖမ်းဆီးဖို့ ဖောက်သည်တစ်ယောက်ထံကနေပြီးငွေအသပြာတွေလက်ခံရရှိခဲ့ပါတယ် တစ်ဆက်ထဲမှာပဲအဲဒီလူငယ် ချန်ရှန်းက ရန်ကျန်ရဲ့ တူဖြစ်တဲ့အကြောင်းမတော်တဆသိရှိသွားခဲ့ပါတော့တယ်

ချန်ရှန်းဆိုတဲ့လူငယ်လေးဟာ ကြာပန်းမီးအိမ်ကို ရှာဖွေပြီးမိခင်ဖြစ်သူကိုကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားသူလေးပါဒါပေမဲ့လဲ အဲဒီအစား ဘေးအန္တရာယ်နဲ့ပဲ ရင်ဆိုင်ခဲ့ရရှာပါတယ်အဲဒီအချိန်မှာပဲ ရန်ကျန် တစ်ယောက် တူဖြစ်သူရဲ့ရှုပ်ထွေးလှတဲ့ အတိတ်ကိုဖော်ထုတ်ဖို့ ခရီးလမ်းကြောင်းစတင်ခဲ့ချိန်မှာတော့

ဇတ်ကားကြည့်ရန်

Fb Link - https://www.facebook.com/100075834473090/posts/182914517579696/?app=fbl

Telegram Link - https://t.me/ihtmysmovies/16

-crd review and link owners