Wu Assassins (2019) Serie
---
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9
ဗွီဒီယိုလင့်
https://t.me/c/3810497342/1175
The Raid ရဲ့ မင်းသား Iko uwais ဦးဆောင်ထားတဲ့ Wu Assassin ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါ စေ။အက်ရှင်အကြမ်းစားတွေကြိုက်တဲ့ ဘော်ဒါတွေအတွက်တော့ ကြည့်ကောင်းမယ့်စီးရီးဖြစ်ပါတယ်
ဆန်ဖရန်စစ်စကို ရဲ့ တရုတ်တန်းမှာ အုပ်ချုပ်နေတဲ့ ထရိုက်ရက်ဂုဏ်း ခေါင်းဆောင် ဦးလေးခြောက် ရဲ့ မွေးစားသား ခိုင်ဂျင်း ကလူမိုက်လေကထဲမှာ မနေချင်ပါ ဘူး။
ဒါပေမဲ့ သဘာဝလေကကြီးရဲ့ ဟန်ချက်ကို ထိန်းညှိဖို့ အတွက် ဝူ လို့ခေါ်တဲ့မီး ရေ မြေကြီး သစ်သား သတ္ထု စတဲ့ ဓာတ်တွေရဲ့ အရှင်သခင်တွေကိုမကောင်းမှုလုပ်ခြင်းမှ တားဖို့ ဝူ သုတ်သင်သူ အဖြစ် ခိုင်ဂျင်း ကိုရွေးချယ် လိုက်ပါတယ်။
ကိုယ်ခံပညာနဲ့ချတဲ့ အက်ရှင်ကားတွေ ကြိုက်တဲ့ ပရိတ် သတ်တွေအတွက်အက်ရှင်ခန်းတွေ အများကြီးပါတဲ့ Wu Assassin ဇာတ်လမ်းတွဲကို ကြည့်ကြည့်ဖို့ တိုက်တွန်းပါရစေ
---
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9
ဗွီဒီယိုလင့်
https://t.me/c/3810497342/1175
❤7
Sandokan (2025) (တူရကီ)
တူရကီမင်းသား Can Yaman ရဲ့ အသစ်ထွက်စီးရီး
IMDB: 7.0
---
ချန်နယ်လင့် အရင်Join ပါ
https://t.me/+d9Swokq1ypkzYWU9
ဗွီဒီယိုလင့်
https://t.me/c/3953163888/2
တူရကီမင်းသား Can Yaman ရဲ့ အသစ်ထွက်စီးရီး
IMDB: 7.0
ဒဏ္ဍာရီထဲက ပင်လယ်ဓားပြဖြစ်တဲ့ ဆန်ဒိုကန်ကို ပြန်လည်အသက်သွင်းထားတဲ့ ဒီစီးရီးဟာ ချစ်ခြင်းကိုရှာဖွေရင်း စွန့်စားခန်းတွေထွက်ရင်းနဲ့ ကိုလိုနီနယ်ချဲ့တွေရဲ့အာဏာကို တွန်းလှန်တိုက်ခိုက်တဲ့ ပင်လယ်ဓားပြဇာတ်လမ်းဖြစ်ပါတယ်။
ငွေကြေးတော်တော်ကို အကုန်အကျခံရိုက်ထားတာကလည်း ဒီဇာတ်လမ်းကို တစ်ဖက်ကနေ အားဖြည့်ပေးထားပါတယ်။ ရိုက်ကွင်းတွေဆိုရင်လည်း
တကယ့်နေရာအစစ်တွေမှာ သွားရိုက်တယ်၊ ဝတ်စုံတွေဆိုလည်း
ဝိတိုရိယခေတ်ရဲ့ဝတ်စုံတွေအတိုင်း ရိုက်ကူးတယ်။
အဲဒီအပြင် လက်ရှိခေတ်ရဲ့ CGI ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်အပြင် ခမ်းနားတဲ့ရှုခင်းတွေပါ
ပေါင်းလိုက်တော့ တော်တော်ကိုရုပ်လုံးကြွလာတဲ့စီးရီးတစ်ခုဖြစ်လာတယ်။
အဓိကဇာတ်ကောင် ဆန်ဒိုကန်က ပင်လယ်ဓားပြ ဒါပေမဲ့ သူက
တော်ကီကြွယ်တယ်၊ သတ္တိကောင်းတယ် ပြီးတော့ တိုက်ရည်ခိုက်ရည်ကလည်းကောင်းတယ်။
မင်းသမီးဖြစ်တဲ့ မာရီအန်းက ကောင်စစ်ဝန်ရဲ့သမီး ခပ်သွက်သွက်ကလေး။
အိမ်ကိုလာကြောင်းလမ်းတဲ့သူတွေဆို အထူးလက်ဖက်ရည်တိုက်တယ်။
တခြားတော့ မဟုတ်ဘူး တောထဲကနေ ဖမ်းလာတဲ့ပင့်ကူကို လက်ဖက်ရည်ခွက်အောက်မှာ ထည့်ပေးလိုက်တာ။ အဲဒါကြောင့်ပဲ အကုန်လစ်ပြေးကုန်ကြတာများတယ်။
ဆန်ဒိုကန်က ပင်လယ်ဓားပြ ဇာတ်လမ်းစစချင်းမှာတင် မာရီအန်းရဲ့အဖေ ကောင်စစ်ဝန်ဆီကို မလေးရှားကနေ ရွက်လွှင့်လာတဲ့ သင်္ဘောကို ဓားပြတိုက်ထားတယ်။
အဖေက ကောင်စစ်ဝန် သူနဲ့ဇာတ်လမ်းဖြစ်လာမဲ့သူက ပင်လယ်ဓားပြ ဒီမှာတင်
လွန်ဆွဲပွဲက မြင်ရတော့မယ်။
မာရီအန်းကလည်း စလာကတည်းက တောထဲမှာ တောလည်ထွက်နေတာကို ပြထားတော့ သူကလည်း ခေသူမဟုတ်။
ဇာတ်ပို့ဇာတ်ကောင်တွေကလည်း တော်တော်လေးကို သူ့နေရာနဲ့သူ သရုပ်ဆောင်ကောင်း လုပ်ကွက်ရကြတယ်။ မင်းသားနဲ့မင်းသမီးအတွက် လိုက်ကူညီနေရတဲ့ဇာတ်ကောင်တွေမဟုတ်ကြဘူး။
ဝိတိုရိယခေတ်မှာလို သမီးတွေဆို အိမ်ထောင်ချပေးမှသင့်တော်မဲ့အတွေးမျိုးတွေရှိတဲ့အချိန်မှာ မာရီအန်းဇာတ်ကောင်က ခေတ်ဆန်နေတော့ ဝေဖန်ရေးဆရာတွေကြားမှာ အသံထွက်တာတွေရှိပေမဲ့ ဇာတ်လမ်းနဲ့ကိုက်ညီအောင်ရေးထားတော့ တော်တော်လေးကြည့်လို့ကောင်းတယ်လို့ညွှန်းပါရစေ။
သြော် ဒါနဲ့ မင်းသားရော မင်းသမီးရောက တော်တော်ကိုချောကြတယ်။
---
ချန်နယ်လင့် အရင်Join ပါ
https://t.me/+d9Swokq1ypkzYWU9
ဗွီဒီယိုလင့်
https://t.me/c/3953163888/2
❤7😁1
OZARK (2017_2022) Seasons 1,2,3,4
IMDB: 8.5
--
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9
ဗွီဒီယိုလင့်
https://t.me/c/3810497342/1188
IMDB: 8.5
တကယ်လို့ အမေရိကန်မှာ ခင်ဗျားလက်ထဲကို လူဆိုးဂိုဏ်းတစ်ခုရဲ့ ငွေ တစ်သန်းလောက် ရောက်လာရင် ခင်ဗျားဘာလုပ်မလဲ။ ဘာမှလုပ်လို့မရပါဘူးတဲ့။ ဘဏ်ကို သွားသွင်းလို့မရပါဘူး။ တစ်သောင်းကျော်တာနဲ့ ဘဏ္ဍာရေးနဲ့အခွန်ဌာနက လိုက်လာမှာပါ။
ကားဝယ်မလား? မရပြန်ပါဘူး အကောက်ခွန်က ချက်ချင်းလိုက်လာမှာပါပဲ။ ဒီတော့ ဘာလုပ်မလဲ။ တစ်သက်လုံး အသေးသုံးလေးတွေနဲ့ မုန့်ဝယ်စား ကားဆီဖြည့်ဖို့လောက်ပဲ ရပါလိမ့်မယ်။ ဒီငွေတွေက ငွေမည်းတွေ ဖြစ်လို့ပါပဲ။
ခင်ဗျားဘိန်းဖြူမှောင်ခိုကူးပြီး ငွေ သန်း ၁၀၀ ချမ်းသာလည်း သုံးချင်တိုင်း သုံးမရသေးပါဘူး။ ဒီငွေတွေကို တရားဝင်ဖြစ်အောင် လုပ်ရပါတယ်။ ငွေမည်းတွေကို ငွေဖြူဖြစ်အောင် လျှော်ဖွတ်ရတယ်၊ ခဝါချရတယ်ပေါ့။ အဲဒီမှာ လူဆိုးဂိုဏ်းတွေဟာ ငွေကြေးနဲ့ အခွန်ပိုင်းကို ကျွမ်းကျင်သူတွေကို ချဉ်းကပ်ရတော့တာပါပဲ။ ဒါတောင် ရဲတွေ၊ နယ်စပ်အစောင့်တွေ၊ တရားသူကြီးတွေ၊ နိုင်ငံရေးသမားတွေကို လာဘ်ထိုးရတာတွေ ရှိပါသေးတယ်။
မာတီ ဘာ့ဟာ အတော်တော်တဲ့ ငွေကြေးဆိုင်ရာ အကြံပေးပညာရှင်ပါ။ ဘယ်ကိစ္စမဆို သွေးအေးအေးနဲ့ ဉာဏ်သုံးပြီးဖြေရှင်းတတ်တဲ့သူ၊ အတွက်အချက် သိပ်တော်တဲ့သူပေါ့။သူ့ရဲ့မိတ်ဆွေ ဘရုစ် နဲ့ အတူ ကုမ္ပဏီတစ်ခု ထောင်ထားပါတယ်။ အဲဒီကုမ္ပဏီရဲ့ နောက်ကွယ်မှာတော့ မက္ကဆီကိုရဲ့ ဒုတိယအကြီးဆုံး ဘိန်းဖြူဂိုဏ်းကြီးအတွက် ငွေ ခဝါချပေးနေတာပါပဲ။
တစ်နေ့မှာတော့ သူ့မိတ်ဆွေ ဘရုစ်က သူမသိဘဲ ဂိုဏ်းဆီက ငွေတွေဖြောင်ထားတာကို ဂိုဏ်းခေါင်းဆောင်က သိတော့ သူတို့တစ်ဖွဲ့လုံးကို ပစ်သတ်ပြီး အလောင်းတွေကို အက်ဆစ်နဲ့ ဖျော်ချလိုက်ပါတယ်။
မာတီကတော့ အသက်ချမ်းသာရာရဖို့ အပေးအယူတစ်ခုလုပ်လိုက်ရပါတော့တယ်။ ဒါကတော့ သူ့မိတ်ဆွေခိုးသွားတဲ့ ငွေ ၈ သန်းကို ပြန်ဆပ်မယ့်အပြင် ငါးနှစ်အတွင်း ငွေမည်း သန်း ၅၀၀ ကို ခဝါချပေးပါ့မယ်ဆိုတဲ့ ကတိပါ။
တကယ်တော့ ငွေအဲဒီလောက်များများကို လက်ရှိသူနေတဲ့ ချီကာဂိုမှာလုပ်လို့မရပါဘူး။ အက်ဖ်ဘီအိုင်တွေ၊ အိုင်အာအက်စ်တွေ၊ ဒီအီးအေတွေ ခြေချင်းလိမ်နေတာမို့ပါပဲ။ ဒီတော့ သူက တစ်နှစ်ပတ်လုံး လူမရှိဘဲ တိုးရစ်ရာသီဆိုရင် လူတွေအုံခဲလာတတ်တဲ့ အိုဇာ့ခ် ဆိုတဲ့ နေရာတစ်ခုကို ပြောင်းပြီး ငွေတွေကို ခဝါချဖို့ ကြိုးစားရပါတော့တယ်။
ဒါပေမယ့် အိုဇာ့ကိုရောက်တဲ့အခါ ထင်သလောက်မလွယ်တာကို တွေ့ရတာပါပဲ။ တုံးလွန်းလို့ တွဲလုပ်မရတာတွေ၊ လည်လွန်းလို့ တွဲလို့မရတာတွေ၊ အကြံတူတွေ၊ အပြိုင်ဂိုဏ်းတွေ၊ လူဆိုးသူခိုးတွေ၊ ရဲတွေနဲ့ အကုန် ပတ်ရှင်းရပါတော့တယ်။ ဒီကားမှာ လူလည်ငွေကြေးပညာရှင်၊ လူလည် ဂိုဏ်းခေါင်းဆောင်၊ လူလည် အက်ဖ်ဘီအိုင် အေးဂျင့်တို့ ဉာဏ်ချင်းပြိုင်ပြီး အသက်နဲ့ရင်းပြီး ကစားကြတာကို တွေ့ရမှာပါပဲ။
လူ တစ်သိန်းခွဲလောက်က 8.5 vote ပေးထားတော့ အတော်ကို ကောင်းမှန်းသိသာပါတယ်။ ဇာတ်လမ်းကတော့ crime, thriller, drama အမျိုးအစားပါ။
--
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9
ဗွီဒီယိုလင့်
https://t.me/c/3810497342/1188
❤3