ဇာတ်လမ်းတွဲ ရီဗျူး
115K subscribers
1.8K photos
16 videos
298 links
Download Telegram
The Blacklist (2013_2023) Season 1 to 10

IMDB 7.9


The Blacklist ဆိုတာက မှုခင်းစုံထောက်နဲ့ အက်ရှင်လျှို့ဝှက်သည်းဖို ဇာတ်လမ်းတွေ ကြိုက်တဲ့သူတွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ စီးရီးကောင်းတစ်ခုပါ။ကမ္ဘာ့အကောင်းဆုံး ဇာတ်လမ်းတွဲတွေထဲက တစ်ခုပါပဲ။

တစ်ချိန်က အမေရိကန်ရေတပ်ထောက်လှမ်းရေးအရာရှိဟောင်းဖြစ်ပြီး နောက်ပိုင်းမှာ ကမ္ဘာ့အလိုချင်ဆုံး ရာဇဝတ်ကောင်ကြီးဖြစ်သွားတဲ့ Raymond "Red" ဟာ FBI ဆီကို ကိုယ့်သဘောနဲ့ကိုယ် လာအဖမ်းခံလိုက်ရာကနေ ဇာတ်လမ်းစထားပါတယ်။

သူ့ဆီမှာ FBI တောင် မသိသေးတဲ့ ကမ္ဘာ့အန္တရာယ်အရှိဆုံး ရာဇဝတ်ကောင်တွေ၊ ဟက်ကာတွေ၊ မာဖီးယားဂိုဏ်းစတားတွေရဲ့ စာရင်း (Blacklist) ကြီးတစ်ခု ရှိနေတယ်။ ဒီလူတွေကို ဖမ်းဖို့ သူက FBI ကို ကူညီပေးမယ်လို့ ကမ်းလှမ်းတယ်။ သူ့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က FBI အေးဂျင့်အသစ်စက်စက်လေး Elizabeth Keen နဲ့ပဲ အလုပ်တွဲလုပ်မယ် ဆိုတာပါပဲ။

Reddington နဲ့ Elizabeth Keen တို့ကြားက ဘာပတ်သက်မှုတွေ ရှိနေတာလဲ၊ Red ရဲ့ တကယ့် ရည်ရွယ်ချက်အစစ်အမှန်က ဘာလဲ ဆိုတာတွေကို FBI အဖွဲ့နဲ့တွဲပြီး Blacklist ထဲက လူတွေကို တစ်ယောက်ချင်း လိုက်ဖမ်းရင်း တဖြည်းဖြည်း ချိတ်ဆက်ပြသွားတဲ့ ဇာတ်လမ်းမျိုးပါ။

ဘာလို့ကြည့်သင့်လဲ ဇာတ်ကွက်လှည့်ကွက်: အပိုင်းတိုင်းမှာ ရာဇဝတ်ကောင် တစ်ယောက်ချင်းစီကို လိုက်ဖမ်းရတာဆိုတော့ ကြည့်ရတာ ပျင်းစရာမကောင်းဘူး။ နောက်ကွယ်က အဓိကဇာတ်လမ်းကြီးကလည်း လှည့်ကွက်တွေ၊ လျှို့ဝှက်ချက်တွေ အပြည့်ပါပဲ...

အက်ရှင်တွေ၊ လျှို့ဝှက်ချက်တွေ၊ စုံထောက် အချိတ်အဆက်တွေ ကြိုက်တယ်ဆိုရင်တော့ The Blacklist ကို သေချာပေါက် ကြည့်ကြည့်ဖို့ ညွှန်းချင်ပါတယ်။

...

စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9

ဗွီဒီယိုလင့်

https://t.me/c/3810497342/1102
10
Xo, Kitty (2023_206) Season 1,2,3

IMDB: 6.5


🐙 အတွဲ ၃ ထွက်ပါပြီ 🐙

To All The Boy I loved Before မှာထဲက အားလုံးချစ်ခဲ့ရတဲ့ အငယ်ဆုံးလေးကစ်တီတောင် အထက်တန်းကျောင်းသူကြီးဖြစ်လာခဲ့ပြီ။

ဒါကတော့ကစ်တီရဲ့ကိုယ်ပိုင်ဇာတ်လမ်းပါ။ အစ်မနှစ်ယောက်ကလဲ ဘဝမှာကိုယ်စီကိုယ်စီလမ်းတွေကိုထွက်သွားကြပြီဆိုတော့ ကစ်တီကလဲလမ်းစခင်းပြီပေါ့။

ကစ်တီကတော့ အစ်မတွေလို တက္ကသိုလ်ကျောင်းသူကြီးဖြစ်ဖို့တောင်မစောင့်ပါဘူး။သူ ပြောသလိုပဲ ကံကြမ္မာပါလာတော့ သူ့အမေပစ္စည်းတွေကိုရှင်းရင်း သူ့အမေက အထက်တန်းကို ကိုးရီးယားက KISS ဆိုတဲ့ကျောင်းမှာတက်ခဲ့တာသိသွားပါလေရော။

နောက်ထပ်ကြမ္မာပါလာတာက ကစ်တီ့ချစ်သူ ဒေး ကလဲ လက်ရှိအဲ့ဒီကျောင်းမှာတက်နေတာ ဖြစ်နေတယ်။ ထပ်ပြီးကြမ္မာပါပြန်ပြီ။ ကစ်တီကလဲအဲ့ဒီကျောင်းကိုလျှောက်လိုက်တာ အနီးကပ်မှစကောလားရှစ်ရသွားပါလေရော။

အဲ့တော့ကစ်တီက ဒါသူနဲ့ဒေးရဲ့ဖူးစာပဲ။ ပြီးတော့သူ့အမေရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုလဲ သိခွင့်ရမယ်ဆိုတဲ့စိတ်နဲ့ ကိုးရီးယားမှာကျောင်းသွားတက်မယ့် ကစ်တီ့ရဲ့စွန့်စားခန်းမှာ ဘာတွေကြုံရမလဲဆိုတာ လိုက်ကြည့်လိုက်ရအောင်။

အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Rashida, Roman NoX, Mary Christ, Moh Moh တို့ပဲ ဖြစ်ကြပါတယ်။

-----
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9

ဗွီဒီယိုလင့်

https://t.me/c/3810497342/1115
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
26👏1
Tehran (တီဟီရန်) (2020_2025) Season 1,2,3

IMDB: 7.6

အစ္စရေးရဲ့ မော့ဆတ်အေးဂျင့်မလေး အီရန်ရဲ့ တီဟီရန်မြို့ထဲမှာ နျူကလီယားဖျက်သိမ်းဖို့ လျှို့ဝှက်မစ်ရှင်ပေးလိုက်သောအခါ...

နည်းပညာဆန်ဆန်ဇာတ်လမ်းတွေဆို သဘောကျနှစ်ခြိုက်တဲ့ ပရိတ်သတ်တွေအတွက် ကြည့်သင့်တဲ့ နည်းပညာအေးဂျင့် လျှို့ဝှက်သည်းဖိုဇာတ်လမ်းတွဲပါ

အဓိကဇာတ်ကောင်ဖြစ်တဲ့ တာမာဟာ အီရန်မှာမွေးဖွားခဲ့ပေမယ့် အစ္စရေးမှာ ကြီးပြင်းခဲ့သူပါ

သူမရဲ့ စွမ်းဆောင်ရည်က ကွန်ပျူတာဟက်ကင်းပိုင်းမှာ ကျွမ်းကျင်တာပါပဲ

တနေ့မှာတော့ သူမရဲ့ဌာနက သူမကို အရေးကြီးမစစ်ရှင်တခု တာဝန်ပေးခဲ့ပါတယ်

သူမရဲ့မစ်ရှင်ကတော့ အီရန်နိုင်ငံရဲ့ အဏုမြူဒြပ်ပေါင်းဖိုကို ပိတ်ချပစ်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကို ခိုးယူပြီး ဌာနချုပ်ကို ပို့ပေးဖို့ပါ

အရေးကြီးမစ်ရှင်ဖြစ်တာကြောင့် အစ္စရေးကနေ အီရန်ကို သွားတဲ့အချိန်က စပြီး အီရန်မှာ သတင်းအချက်အလက်ခိုးယူဖို့ လျှပ်စစ်ကုမ္ပဏီကိုပါ ဝင်ဖို့အထိပါ အသေးစိတ်စီမံထားပေမယ့်လဲ မထင်မှတ်ထားတဲ့အခြေအနေတွေဖြစ်ပေါ်လာပြီး ခက်ခဲသွားခဲ့ပါတယ်

ဇာတ်အိမ်တခုလုံးကို အသေးစိတ်တည်ဆောက်ထားပြီး အစ္စရေးနဲ့ အီရန်ကြားက တင်းမာမှု့တွေ နိုင်ငံရေးလှည့်ကွက်တွေအပြင် အမျိုးသမီးအေးဂျင့်တယောက်ရဲ့ စွမ်းဆောင်ရည်နဲ့ သတ္တိကိုပါ ချပြထားတဲ့ စီးရီးကောင်းတပုဒ်ဖြစ်တာကြောင့် ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းပါရစေ...

အညွှန်းကိုတော့ YK မှ ရေးသားပေးထားပြီး YK, Thet Hnin Hsu, Dolly နဲ့ Van Sui Par တို့မှ ဘာသာပြန်ပေးထားပါတယ်

......
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9

ဗွီဒီယိုလင့်

https://t.me/c/3810497342/1146
11👍2
Eva Lasting (2023_2026) Season 1,2,3,4 ___IMDb: 7.8

🐙 အတွဲ၄ ထွက်ပါပြီ 🐙

ကျား/မ တန်းတူညီမျှရေးဆိုတာ ဒီခေတ်မှာ ကျယ်ကျယ်လောင်လောင်ကြားရတဲ့ စကားမျိုးပါပဲ…အခုလို ကိစ္စတိုင်းနီးပါး တန်းတူညီမျှထားပါတယ်လို့ ဆိုနေကြတဲ့အချိန်မှာတောင် တချို့ အရပ်ဒေသတွေမှာ အမျိုးသမီးတွေကို တဆင်နိမ့်ဆက်ဆံတဲ့နေရာတွေရှိနေတော့ အရင်ခေတ်ကလို ကျား/မ ခွဲခြားဆက်ဆံတဲ့ခေတ်ဆို တွေးသာကြည့်ပေတော့ပဲ…

အဲဒီလို ကျား/မ ခွဲခြားဆက်ဆံတဲ့အထဲမှာ ဥရောပနိုင်ငံတွေက အင်မတန်ဆိုးရွားလှပါတယ်…အဲဒီထဲမှာ စပိန်လည်းအပါအဝင်ပေါ့...

သူတို့ရဲ့ ကျား/မ တန်းတူအခွင့်အရေးရဖို့ မဲပေးခွင့်ရဖို့တွေအတွက် တိုက်ခိုက်တွန်းလှန်ခဲ့တဲ့ ရုပ်ရှင်ပေါင်း မှတ်တမ်းပေါင်းများစွာလည်းရှိကြပါတယ်…..သူတို့ရဲ့ တွန်းလှန်မှုတွေဟာ အခြေအနေတခုထိအောင်မြင်ခဲ့တာလည်း အခုမျက်မြင်ကိုယ်တွေ့ပါပဲ…..

အခုဇာတ်လမ်းတွဲလေးကတော့ ၁၉၇၀ပြည့်နှစ်တွေတုန်းက စပိန်နိုင်ငံရဲ့ အငွေ့အသက်တွေရယ် အဲဒီခေတ်တုန်းက ကျား/မ ဘယ်လိုခွဲခြားဆက်ဆံကြတယ်ဆိုတာရယ် အထက်တန်းကျောင်းသူလေးတစ်ယောက်အနေနဲ့ အမျိုးသမီးဝါဒီကို ဘယ်လိုဆွဲကိုင် တွန်းလှန်မယ်ဆိုတာရယ်ကို ကြည့်ရှုရမှာပါ…

ကျောင်းသားဘဝကနေ စပြီးရိုက်ပြထားတာမို့ ကျောင်းသားအငွေ့အသက်လေးတွေကိုလည်း ခံစားရမယ် ဆယ်ကျော်သက်တွေရဲ့ စူးစမ်းလေ့လာချင်စိတ် လေတိုက်တိုင်းစိတ်ကစားတတ်တဲ့စိတ် ကလေးဘဝရဲ့ပျော်ရွှင်မှု အစရှိတာတွေကိုပါ ခံစားရမှာမို့ ကြည်နူးစေမဲ့ကားလေးတစ်ကားလို့ပဲ မိတ်ဆက်ပေးပါရစေ…

မင်းသမီးလေးက Francisca Estevez ဆိုတော့ ဆွဲဆောင်မှုလည်းရှိ ချစ်ဖို့ပါကောင်းနေတော့ ကြည့်နေရင်းပြုံးနေမိမှာပါ…

.

စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9

ဗွီဒီယိုလင့်

https://t.me/c/3810497342/1157
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
3
The Boy - အတွဲ၅

T-h-e B-o-y-s တွေရဲ့ နောက်ဆုံးစီစန် လာပါပြီ..ဇာတ်လမ်းက Season 4 ပြီးသွားတဲ့ အချိန်ကနေ တစ်နှစ်လောက် အကြာကို အခြေခံထားတာပါ။ဟျူဝီတို့အဖမ်းခံထားရတာကို စတားလိုက်နဲ့ဘတ်ချာတို့ ကယ်ထုတ်ဖို့ ကြိုးစားတာကနေ စမှာပါ။

ဟုမ်းလန်ဒါအနေနဲ့တော့ သမ္မတကို ကြိုးကိုင်တဲ့နေရာကိုယူထားပြီး တစ်နိုင်ငံလုံးကို အေအိုင် နဲ့ သတင်းအတုတွေ ဝါဒဖြန့်၊ အမေရိကအဓိကတို့ ခရစ်ယာန်နိုင်ငံတော်ကြီးဖြစ်ရေးတို့နဲ့ စည်းရုံး၊ DEI ကို ဖျက် တရားရေးအဖွဲ့တွေကို ချုပ်ကိုင်ပြီး အာဏာရှင်လုပ်နေပါပြီ။

စတားလိုက်အဖွဲ့တွေကို ကွန်မြူနစ်အဖြစ်စွပ်စွဲတာ၊ ချွေးတပ်စခန်းလုပ်ပြီးဖမ်းတာမျိုးတွေလုပ်နေတဲ့အပြင် ဆိုရှယ်မီဒီယာမှာပါ ပို့စ်တင်တဲ့သူ လိုက်ခ်ပေးတဲ့သူတွေကအစ ဖမ်းဖို့ ပြင်နေပါပြီ။ 

ဘတ်ချာကလည် ဟုမ်းလန်ဒါရော စူပါတွေအကုန်လုံးကိုရော သေစေနိုင်တဲ့ ဗိုင်းရပ်စ်ကိုရဖို့ ဆက်ကြိုးစားနေဆဲမို့  ဒီစီစန်မှာ အကြီးအကျယ် ကြမ်းကြတော့မှာ သေချာပါတယ်။

ကြည့်လိုက်ကြပါဦး။
3
The Boys (2019_2026) Season 1,2,3,4,5 #Trailer

🐙 အတွဲ၅ ထွက်ပါပြီ 🐙

မန်ဘာကြေးတကြိမ်ပေးသွင်းရုံနဲ့
တင်ထားသမျှ ဇာတ်လမ်းတွဲအားလုံး ရာသက်ပန်ကြည့်လို့ရပါတယ်


မန်ဘာဝင်ပြီးကြည့်လိုသူများ
👉 နှိပ်ပါ

တင်ထားပြီးသား ဇာတ်လမ်းတွဲစာရင်းများ
https://t.me/ierrorse/2
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
6