Nikita (2010) Season 1,2,3,4
IMDB: 7.7
...
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9
ဗွီဒီယိုလင့်
https://t.me/c/3810497342/1049
IMDB: 7.7
ခုချိန်ထိ အမျိုးသမီးဖိုက်တာတွေထဲမှာ သဘောကျရတဲ့သူကတော့ Maggie Q တယောက်ပါပဲ..သူမသေနတ်ကိုင်ပြီး ရန်သူကိုချိန်ထားတဲ့အိုက်တင်ကိုက အလှတရားနဲ့ ရက်စက်မှု့ကိုပေါင်းစပ်ထားတဲ့ နတ်မိမယ်ကြေးစားလူသတ်သမားဇာတ်ရုပ်က အတော်ကို လိုက်ဖက်ပါတယ်
ဒီဇာတ်လမ်းတွဲကတော့ တစ်ကမ္ဘာလုံးဝက်ဝက်ကွဲပေါက်သွားတဲ့ Naked Weapon ဇာတ်လမ်းကို ကျောရိုးယူပြီး စီးရီးအနေနဲ့ အမေရိကန်က ပြန်လည်ရိုက်ကူးထားပါတယ်
လျှို့ဝှက်ထောက်လှမ်းရေး.. ..မူယစ်မှောင်ခိုဂိုဏ်းမျိုးစုံ နဲ့ ကြေးစားနတ်မိမယ်လေးများကို အချိုးညီညီပေါင်းစပ်ဖန်တီးထားပါတယ်
သူတပြန်ကိုယ်တပြန် ညဏ်ရည်လှည့်စားပြီး ဇာတ်လမ်းအလှည့်အပြောင်းများစွာနဲ့ စိတ်လှုပ်ရှားစွာကြည့်ရမယ့် စီးရီကောင်းလေးတပုဒ်ပါပဲ
1080p HD အရည်အသွေးနဲ့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဗျ
-----------------------------------------------
လွန်ခဲ့တဲ့ ၆ နှစ်က ကျွန်မကိုထောင်ထဲကထုတ်ပြီး လုပ်ကြံသတ်ဖြတ်သူဖြစ်ဖို့ "ဒီဗီးရှင်း" ဆိုတဲ့ အစိုးရရဲ့ လျှို့ဝှက်အဖွဲ့အစည်းတခုက ဖိအားပေးခဲ့တယ် လေ့ကျငိ့သင်ကြားပေးခဲ့တယ်...
"ဒီဗီးရှင်း" လို့ခေါ်တဲ့ အနက်ရောင်စစ်ဆင်ရေးတွေဟာ အခု အန္တရာယ်ရှိလာပါပြီ...
သူတို့အဖွဲ့အစည်းက ကျွန်မရဲ့အထောက်အထားနဲ့ ကျွန်မချစ်တဲ့သူကို ဖျောက်ဖျက်ပစ်ခဲ့တယ်
"ဒန်နီရယ်"
ကျွန်မလွတ်မြောက်သွားပြီ ဒါပေမယ့်ကျွန်မလိုကြုံတွေ့နေတဲ့သူတွေပှိနေသေးတယ်...သူတို့ရဲ့ဆန္ဒမပါပဲ ဒီဗီးရှင်းအတွက် တာဝန်ထမ်းဆောင်ဖို့ လေ့ကျင့်ပေးခဲ့တယ်
ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် အဲလက်စ် ကို သူတို့ရဲ့အဖွဲ့ထဲမှာထိုးဖောက်ဝင်ရောက်ထားပီ..ပြီးတော့ ကျွန်မတို့ တတ်နိုင်သလောက်လွှတ်ပေးမယ်
ကျွန်မတို့ရဲ့ နောက်ထပ်အစီအစဥ်က ဒီဗီးရှင်းကို ဖြိုခွဲဖို့ပဲ...
...
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9
ဗွီဒီယိုလင့်
https://t.me/c/3810497342/1049
❤11👍1🔥1😁1
Love Story (2026) Serie
IMDB: 7.6
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9
ဗွီဒီယိုလင့်
https://t.me/c/3810497342/1059
IMDB: 7.6
အမေရိကန်သမ္မတဟောင်း ဂျွန်ကနေဒီရဲ့သားနဲ့ Calvin Klein ကုမ္ပဏီက အရောင်းစာရေးမလေးရဲ့ ဖြစ်ရပ်မှန်အချစ်ဇာတ်လမ်းဖြစ်ပါတယ် ၂၀၂၆ ခုနှစ်ထွက် Biographical Romance Anthology Television Series ကောင်းလေးတစ်ခုဖြစ်ပါတယ်။ ..၁၉၉၉ ခုနှစ်မှာဇာတ်အိမ်တည်ထားပြီး သမ္မတ John F. Kennedy ရဲ့ သားဖြစ်သူ John F. Kennedy Jr နဲ့ သူ့ရဲ့ ဇနီးသည် Carolyn Bessette တို့ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်ညွှန်း
John F. Kennedy ဟာ ရှေ့နေစာမေးပွဲကို ၂ ခါဆက်ကျထားသူတစ်ယောက်ဖြစ်ပါတယ်။ သမ္မတရဲ့သားမလို့ ခေါင်းကြီးပိုင်းမှာ သူဘာလုပ်လုပ်ကို ပါနေခဲ့ပါတယ်။
စာမေးပွဲကျတော့ ပိုလို့တောင်ဆိုးပါသေးတယ်။ Carolyn ကတော့ Kelly Kelin နဲ့ Calvin Klein တို့ ပိုင်ဆိုင်တဲ့
Calvin Klein ကုမ္ပဏီမှာ အရောင်းစာရေး။
အရောင်းစာရေးဆိုပေမဲ့
သာမန် အရောင်းစာရေးမဟုတ်ပဲ VIP ဖောက်သည်တွေကိုပဲ အဓိကထား
ဆက်ဆံရတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ကုမ္ပဏီကလည်း Calvin Klein ဆိုတော့ ခေတာမှမဟုတ်ပဲ။
ဒီလိုကနေ သမ္မတသားနဲ Calvin Klein က အရောင်းစာရေးတို့ရဲ့ အချစ်ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာကို ခံစားကြည့်လိုက်ကြရအောင်လား။
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9
ဗွီဒီယိုလင့်
https://t.me/c/3810497342/1059
❤19👎1🔥1
DareDevil: Born Again (2025) Season 1,2
IMDB: 9.10
🐙 အတွဲ၂ ထွက်ပါပြီ 🐙
...
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9
ဗွီဒီယိုလင့်
https://t.me/c/3810497342/1066
IMDB: 9.10
ပရိသတ်တွေ အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့ စီစင် ၂ ကတော့ အခု တရားဝင် ထွက်ရှိလာပါပြီ။မာဗယ် စူပါဟီးရိုးတွေထဲမှာ အကောင်းဆုံး စီးရီးလို့ ပြောလို့ရပါတယ်။မူလတုန်းက နက်ဖလစ်ကနေ စီစန် ၃ ခု ထုတ်လွှင့်ခဲ့ပေမဲ့ အခုချိန်မှာ ဒစ္စနေးကနေ ပြန်လည်တင်ဆက်လိုက်ပါပြီ။
မူရင်းဇာတ်ကြောင်းနဲ့ မူရင်းသရုပ်ဆောင်အတိုင်း ဆက်သွားထားတာဖြစ်ပြီး ကလေးကြည့်အဆင့်မဟုတ်ဘဲ အရင်လိုပဲ အကြမ်းပတမ်း ရိုက်ကူးထားတာမို့ အားရပါးရ ကြည့်ရမှာပါ။
စီစင် ၁ တုန်းက အက်ရှင်တွေ၊ ဇာတ်လမ်းသွားတွေ ဘယ်လောက်တောင် မိုက်ခဲ့လဲဆိုတာ ကြည့်ဖူးသူတိုင်း အသိပါပဲ။
ဒီစီစင် ၂ မှာတော့ အရင်ကထက် ပိုကြမ်း၊ ပိုမိုက်မယ့် အက်ရှင်အခန်းတွေ ပါလာမှာပါ။
Matt Murdock နဲ့ Kingpin တို့ရဲ့ အားပြိုင်မှုတွေ ပိုပြင်းထန်လာမယ့်အပြင်၊ အားလုံးအကြိုက် Punisher လည်း ပါလာပြီဆိုတော့ ဘယ်လောက်တောင် သွေးဆူဖို့ကောင်းမလဲဆိုတာ တွေးသာကြည့်လိုက်တော့...
အက်ရှင်ကြမ်းကြမ်း၊ ဇာတ်လမ်းမိုက်မိုက် ကြိုက်တဲ့သူတွေ စီစင် ၂ ကိုလည်း လုံးဝ လက်မလွှတ်သင့်ပါဘူး ...
...
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9
ဗွီဒီယိုလင့်
https://t.me/c/3810497342/1066
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤10
On the wing of love (2015) (ဖီလစ်ပိုင်) Serie
IMDB: 7.1
...
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9
ဗွီဒီယိုလင့်
https://t.me/c/3810497342/1080
IMDB: 7.1
ကလာခ် နှင့် လီရာတို့ဟာ မတူညီတဲ့ အခြေအနေတစ်ခုမှာ သူတို့ရဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတဲ့ လူငယ်နှစ်ယောက်ဖြစ်ပါတယ်။
ကလာခ်ဟာ ဖိလစ်ပိုင်သူ..မိခင်ဟာ အကြွေးတွေနဲ့ စိတ်ညစ်စရာကံကြမ္မာကြောင့် သောကများစွာနဲ့ ကွယ်လွန်သွားပြီးနောက်မှာ ဖခင်ဖြစ်သူ အမေရိကန်နိုင်ငံသားလက်မှ လွတ်မြောက်ဖို့အတွက် ဆန်ဖရန်စစ်စကိုကို ထွက်လာခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ ရှိတဲ့ မွေးချင်းများအတွက် အလုပ်ဆက်လုပ်နိုင်အောင် ကြိုးစားအားထုတ်ရပါတော့တယ်။
အဲ့လိုအချိန်မှာပဲ လီရာအသက် ၁၂ နှစ်အရွယ်မှာ မိခင်ဖြစ်သူက အမေရိကန်နိုင်ငံတွင် အလုပ်လုပ်ရန်ထွက်ခွာသွားပြီး မတော်တဆမှု တစ်ခုမှာအသက်ဆုံးရှုံးခဲ့ပါတယ်။
၁၀ နှစ်ကြာပြီးနောက် Choir ပြိုင်ပွဲတစ်ခုမှ ရရှိသော US Visa ရရှိပြီး မိခင်ဖြစ်သူအိမ်မက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ ဆန်ဖရန် စစ်စကို ကိုရောက်ရှိလာပါတယ်။
ပြိုင်ပွဲပြီးသွားတဲ့အခါ လီရာက မိခင်အုတ်ဂူကိုရှာဖွေဖို့နဲ့ US မှာ တရားဝင်နေထိုင်နိုင်ဖို့အတွက် နည်းလမ်းရှာရပါတော့တယ်။
အဲ့လိုနဲ့ US မှာ ဆက်လက်နေဖို့ အခက်အခဲဖြစ်နေတဲ့ လီရာ ..... ကြွေးရှင်တွေလိုက်လို့ရှောင်ပြေးနေရတဲ့ ကလာခ်တို့ရဲ့ US မှာ ဘယ်လိုဆက်လက်ရှင်သန်ကြမလဲ သူတို့တွေဘယ်လိုတွေတစ်ဦးပေါ်တစ်ဦးဘယ်လိုတွေခံစားကြမလဲဆိုတာကိုတော့ ...
...
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9
ဗွီဒီယိုလင့်
https://t.me/c/3810497342/1080
❤9
The Blacklist (2013_2023) Season 1 to 10
IMDB 7.9
...
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9
ဗွီဒီယိုလင့်
https://t.me/c/3810497342/1102
IMDB 7.9
The Blacklist ဆိုတာက မှုခင်းစုံထောက်နဲ့ အက်ရှင်လျှို့ဝှက်သည်းဖို ဇာတ်လမ်းတွေ ကြိုက်တဲ့သူတွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ စီးရီးကောင်းတစ်ခုပါ။ကမ္ဘာ့အကောင်းဆုံး ဇာတ်လမ်းတွဲတွေထဲက တစ်ခုပါပဲ။
တစ်ချိန်က အမေရိကန်ရေတပ်ထောက်လှမ်းရေးအရာရှိဟောင်းဖြစ်ပြီး နောက်ပိုင်းမှာ ကမ္ဘာ့အလိုချင်ဆုံး ရာဇဝတ်ကောင်ကြီးဖြစ်သွားတဲ့ Raymond "Red" ဟာ FBI ဆီကို ကိုယ့်သဘောနဲ့ကိုယ် လာအဖမ်းခံလိုက်ရာကနေ ဇာတ်လမ်းစထားပါတယ်။
သူ့ဆီမှာ FBI တောင် မသိသေးတဲ့ ကမ္ဘာ့အန္တရာယ်အရှိဆုံး ရာဇဝတ်ကောင်တွေ၊ ဟက်ကာတွေ၊ မာဖီးယားဂိုဏ်းစတားတွေရဲ့ စာရင်း (Blacklist) ကြီးတစ်ခု ရှိနေတယ်။ ဒီလူတွေကို ဖမ်းဖို့ သူက FBI ကို ကူညီပေးမယ်လို့ ကမ်းလှမ်းတယ်။ သူ့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က FBI အေးဂျင့်အသစ်စက်စက်လေး Elizabeth Keen နဲ့ပဲ အလုပ်တွဲလုပ်မယ် ဆိုတာပါပဲ။
Reddington နဲ့ Elizabeth Keen တို့ကြားက ဘာပတ်သက်မှုတွေ ရှိနေတာလဲ၊ Red ရဲ့ တကယ့် ရည်ရွယ်ချက်အစစ်အမှန်က ဘာလဲ ဆိုတာတွေကို FBI အဖွဲ့နဲ့တွဲပြီး Blacklist ထဲက လူတွေကို တစ်ယောက်ချင်း လိုက်ဖမ်းရင်း တဖြည်းဖြည်း ချိတ်ဆက်ပြသွားတဲ့ ဇာတ်လမ်းမျိုးပါ။
ဘာလို့ကြည့်သင့်လဲ ဇာတ်ကွက်လှည့်ကွက်: အပိုင်းတိုင်းမှာ ရာဇဝတ်ကောင် တစ်ယောက်ချင်းစီကို လိုက်ဖမ်းရတာဆိုတော့ ကြည့်ရတာ ပျင်းစရာမကောင်းဘူး။ နောက်ကွယ်က အဓိကဇာတ်လမ်းကြီးကလည်း လှည့်ကွက်တွေ၊ လျှို့ဝှက်ချက်တွေ အပြည့်ပါပဲ...
အက်ရှင်တွေ၊ လျှို့ဝှက်ချက်တွေ၊ စုံထောက် အချိတ်အဆက်တွေ ကြိုက်တယ်ဆိုရင်တော့ The Blacklist ကို သေချာပေါက် ကြည့်ကြည့်ဖို့ ညွှန်းချင်ပါတယ်။
...
စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9
ဗွီဒီယိုလင့်
https://t.me/c/3810497342/1102
❤10