ဇာတ်လမ်းတွဲ ရီဗျူး
115K subscribers
1.8K photos
16 videos
298 links
Download Telegram
Peaky Blinders (2013_2026) (Season 1,2,3,4,5,6)+ End Movie

IMDB: 8.7

ကမ္ဘာ့အကောင်းဆုံးဇာတ်လမ်းတွဲ ၁၀ ကားထဲမှာ အမြဲတမ်းရပ်တည်နေတဲ့ ပီကီဘလိုင်ဒါစီးရီးရဲ့ 2026 ဇာတ်သိမ်း ထွက်ပါပြီ


အတွဲ၁ မကြည့်ရသေးသူများ အောက်ပါလင့်မှာကြည့်ပါ


စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9

ဗွီဒီယိုလင့်

https://t.me/c/3810497342/1022
29👎1
I Am Nobody (2023) Season 1,2

IMDB: 7.6


စွမ်းအားရှင်ရယ် မိစ္ဆာရယ် သာမန်လူသားရယ်ဆိုပြီး ဖန်တီးထားတဲ့ ကမ္ဘာကို အခြေတည်ထားပြီး အဲ့ထဲကမှ သာမန်လူသား ကောင်လေးတစ်ယောက် ကျန်းချူးလန်ဟာ တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား တစ်ယောက်ဖြစ်ပြီး ဂျူနီယာညီမလေးတစ်ယောက်က သူ့ဆီကို ချဉ်းကပ်လာ ခဲ့ပါတယ်

တကယ့်အကြံစည်ကတော့ သူ့ကိုယ်ထဲက ချိစွမ်းအင်စီး ဆင်းမှုကို လိုချင်လို့ဖြစ်ပြီး သူ့အဖိုးအလောင်းကိုယူထားတာက မိစ္ဆာဂိုဏ်းကမှန်းသိသွားတဲ့အချိန်မှာတော့ ကျန်းချူးလန်တစ်ယောက် အန်ဒီတီလို့ခေါ်တဲ့ အမြန်အချောပို့လုပ်ငန်းအမည်ခံ စွမ်းအားရှင်တွေစုစည်းထားတဲ့ ကုမ္ပဏီထဲကိုဝင်ခဲ့ပါတော့တယ်

ဝင်ပြီးမကြာခင်မှာပဲ သူ့ရဲ့သရုပ်မှန်ပေါက်ကြားသွားခဲ့ပြီး အကုန်လုံးက သေသွားတဲ့သူ့အဖိုးဆီက အဖိုးတန်အမွေနှစ်ဖြစ်တဲ့ ချိစွမ်းအင်စီးဆင်းမှုကို ဆက်ခံသူဖြစ်တဲ့သူ့ကို ချဉ်းကပ်ကြပါတော့တယ်

ကောင်းကင်ဘုံလမ်းစဉ်ကိုကျင့်ကြံတဲ့ လုံဟူတောင်လည်း ပါဝင်ခဲ့ပါတယ်

အကုန်လုံးက သူ့ကိုချိစွမ်းအင်စီးဆင်းမှုပညာရပ်ကို တတ်မြောက်ထားတယ်လို့ပဲ တစ်ထစ်ချသတ်မှတ်နေပေမယ့် သူကတော့ သာမန်လူသားတစ်ယောက်လိုပဲ နေထိုင်နေခဲ့ ပါတယ်

အဲ့ကနေမှ စွမ်းအားရှင်ပြိုင်ပွဲ ကိုဝင်ပြိုင်ဖို့အကြောင်းဖန် လာပြီးတော့ ဝမ်ယယ်နဲ့ဆုံတွေ့ခဲ့ပါတယ်

အတွင်းကမ္ဘာကို ဖောက်ဝင်ခဲ့တုန်းကမြင်ခဲ့ရတဲ့ကျာရှန်း ကပ်ဘေးမှာ ရှင်ကျန်သူဟာ ကျန်းချူးလန်ဖြစ်နေတာကို သိနေတဲ့ ဝမ် ယယ်က ဘာတွေဆက်လုပ်မှာလဲ..အကုန်လုံးလိုချင်နေကြတဲ့ ချိစွမ်းအင်စီးဆင်းမှုက တကယ်ပဲ ကျန်းချူးလန်ဆီမှာရှိနေတာလား

ကျာရှန်းငပ်ဘေး ပဟေဠိကရော ဘယ်လိုအဖြေရှာကြမှာ လဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုလို့ရပါတယ်...

----

စီးရီးချန်နယ်လင့်
https://t.me/+aaz7FxFd-F00MWQ9

ဗွီဒီယိုလင့်

https://t.me/c/3810497342/1036
10😁1
Nikita (2010) Season 1,2,3,4

IMDB: 7.7

ခုချိန်ထိ အမျိုးသမီးဖိုက်တာတွေထဲမှာ သဘောကျရတဲ့သူကတော့ Maggie Q တယောက်ပါပဲ..သူမသေနတ်ကိုင်ပြီး ရန်သူကိုချိန်ထားတဲ့အိုက်တင်ကိုက အလှတရားနဲ့ ရ​က်စက်မှု့ကိုပေါင်းစပ်ထားတဲ့ နတ်မိမယ်ကြေးစားလူသတ်သမားဇာတ်ရုပ်က အတော်ကို လိုက်ဖက်ပါတယ်

ဒီဇာတ်လမ်းတွဲကတော့ တစ်ကမ္ဘာလုံးဝက်ဝက်ကွဲပေါက်သွားတဲ့  Naked Weapon ဇာတ်လမ်းကို ကျောရိုးယူပြီး စီးရီးအနေနဲ့ အမေရိကန်က ပြန်လည်ရိုက်ကူးထားပါတယ်

လျှို့ဝှက်ထောက်လှမ်းရေး.. ..မူယစ်မှောင်ခိုဂိုဏ်းမျိုးစုံ နဲ့ ကြေးစားနတ်မိမယ်လေးများကို အချိုးညီညီပေါင်းစပ်ဖန်တီးထားပါတယ်

သူတပြန်ကိုယ်တပြန် ညဏ်ရည်လှည့်စားပြီး ဇာတ်လမ်းအလှည့်အပြောင်းများစွာနဲ့ စိတ်လှုပ်ရှားစွာကြည့်ရမယ့် စီးရီကောင်းလေးတပုဒ်ပါပဲ

1080p HD အရည်အသွေးနဲ့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဗျ

-----------------------------------------------

လွန်ခဲ့တဲ့ ၆ နှစ်က ကျွန်မကိုထောင်ထဲကထုတ်ပြီး လုပ်ကြံသတ်ဖြတ်သူဖြစ်ဖို့ "ဒီဗီးရှင်း" ဆိုတဲ့  အစိုးရရဲ့ လျှို့ဝှက်အဖွဲ့အစည်းတခုက ဖိအားပေးခဲ့တယ် လေ့ကျငိ့သင်ကြားပေးခဲ့တယ်...

"ဒီဗီးရှင်း" လို့ခေါ်တဲ့ အနက်ရောင်စစ်ဆင်ရေးတွေဟာ အခု အန္တရာယ်ရှိလာပါပြီ...

သူတို့အဖွဲ့အစည်းက ကျွန်မရဲ့အထောက်အထားနဲ့ ကျွန်မချစ်တဲ့သူကို ဖျောက်ဖျက်ပစ်ခဲ့တယ်

"ဒန်နီရယ်"

ကျွန်မလွတ်မြောက်သွားပြီ ဒါပေမယ့်ကျွန်မလိုကြုံတွေ့နေတဲ့သူတွေပှိနေသေးတယ်...သူတို့ရဲ့ဆန္ဒမပါပဲ ဒီဗီးရှင်းအတွက် တာဝန်ထမ်းဆောင်ဖို့ လေ့ကျင့်ပေးခဲ့တယ်

ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် အဲလက်စ် ကို သူတို့ရဲ့အဖွဲ့ထဲမှာထိုးဖောက်ဝင်ရောက်ထားပီ..ပြီးတော့ ကျွန်မတို့ တတ်နိုင်သလောက်လွှတ်ပေးမယ်

ကျွန်မတို့ရဲ့ နောက်ထပ်အစီအစဥ်က ဒီဗီးရှင်းကို ဖြိုခွဲဖို့ပဲ...

...

စီးရီးချန်နယ်လင့်

https://t.me/+aaz7FxFd-F00MWQ9

ဗွီဒီယိုလင့်

https://t.me/c/3810497342/1049
11👍1🔥1😁1