ဇာတ်လမ်းတွဲ ရီဗျူး
115K subscribers
1.8K photos
16 videos
298 links
Download Telegram
Mayfair Witches (2023) Season 1,2

IMDB: 6.2

အာရုံ​ကြောခွဲစိတ်ဆရာဝန်ဖြစ်တဲ့ ရိုဝင်​မှာ ပြဿနာတစ်ခုရှိ​နေခဲ့ပြီးအဲဒါက​တော့ ဒေါသထွက်လာချိန်တိုင်း သူ့ရဲ့စိတ်နဲ့ တစ်ဖက်လူကိုသတ်မိ​နေတဲ့ ကိစ္စပါ။

ရိုဝင်ကိုယ်တိုင်ကလည်း မ​ကောင်းတဲ့အစွမ်းပိုင်ရှင် မ​ကောင်းဆိုးဝါးတစ်ဦးအဖြစ် စတင်​တွေးမိလာပါတယ်။

တစ်ချိန်တည်းမှာပဲ ​ရိုဝင်ဟာသူ့ကိုယ်သူ မွေးစားသမီးမှန်းသိ​နေလို့ဒီအစွမ်းဟာ သူ့မိဘအရင်း​တွေဆီက ဆက်ခံခဲ့တာလား၊ သူ့ရဲ့မိဘအရင်းအချာ​တွေက ဘယ်သူ​တွေဖြစ်မလဲဆိုတာကို သိချင်လာပြီးအပူတပြင်းရှာ​ဖွေရင်း...


စီးရီးချန်နယ်လင့် အရင်Join ပါ
https://t.me/+aaz7FxFd-F00MWQ9

ဗွီဒီယိုလင့်

https://t.me/c/3810497342/356
15🥰3👏1
Full moon (2017) Ep 52

IMDB: 7.0


တူရကီမင်းသားချော Can Yaman ရဲ့ အချစ်ဇာတ်လမ်းတွေ ကြိုက်တတ်တဲ့သူတွေအတွက် ကွက်တိဖြစ်မယ့် romantic series ဖြစ်တဲ့အပြင် ဟာသလေးတွေနဲ့ပါရောထားလို့ စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် Comedy Romance အမျိုးအစားလေးပါ။


ဇာတ်လမ်းအကျဉ်း...

ငယ်ရွယ်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ ဖယ်ရစ် အာစလန်က....

အလုပ်လုပ်တဲ့နေရာမှာ တိကျပြတ်သားပြီး စည်းကမ်းအလွန် တင်းကျပ်တဲ့သူတစ်ယောက် ဖြစ်တာကြောင့် အိမ်ကထမင်းချက်တွေ သန့်ရှင်းရေးသမားတွေ ခန့်တဲ့အခါမှာ ခဏခဏအဆင်မပြေဖြစ်ပြီး ဝန်ထမ်းရှာဖွေဖို့ရာ အခက်တွေ့နေတယ်။

နက်ဇလီကတော့ ဟင်းချက်ရတာကို ဝါသနာအလွန်ပါလို့ စားဖိုမှူးသင်တန်းတက်ပြီး စားသောက်ဆိုင်ဖွင့်ဖို့ရာ ကြိုးစားနေတဲ့ သာမန်မိန်းမငယ်လေးတစ်ယောက် ဖြစ်ပါတယ်။

ဒါပေမဲ့သူ့ရဲ့ညီမဖြစ်သူ အာဆူမန်ကိုလည်း တာဝန်ယူနေရပြီး ကျောင်းလခနဲ့ အိမ်ငှားခပေးဖို့ရာအတွက် အချိန်ပိုင်းအလုပ်တွေလုပ်ရင်း ရုန်းကန်နေရရှာတယ်....

အချိန်ပိုင်းအလုပ်တွေ မျိုးစုံလိုက်လုပ်နေတဲ့ နက်ဇလီဟာ တစ်ရက်မှာတော့ ဖယ်ရစ် အာစလန်ရဲ့အိမ်မှာ ထမင်းချက်အနေနဲ့ အလုပ်လုပ်ဖြစ်သွားခဲ့တယ်။

ချေးအရမ်းများတဲ့ ဖယ်ရစ်ကလည်း နက်ဇလီရဲ့ ဟင်းချက်လက်ရာတွေကို သဘောကျသွားခဲ့တယ်...ဒါပေမဲ့ အကျင့်စရိုက်လုံးဝမတူတဲ့ သူတို့နှစ်ယောက်က အလုပ်မှာတော့ ခဏခဏစကားများနေကြရတယ်..

အဲဒီလိုဆန့်ကျင်ဘက်လူနှစ်ယောက်က ရန်ဖြစ်စကားများရာကနေ ဘယ်လိုချစ်ကြိုက်သွားကြမလဲ ...ဘယ်လိုတွေပြောင်းလဲသွားကြမလဲဆိုတာကို Full Moon series လေးမှာစိတ်ဝင်တစားကြည့်လိုက်ပါဦးနော်

ဇာတ်လမ်းအကျဉ်းကို Vanessa မှရေးသားထားပါတယ်


စီးရီးချန်နယ်လင့် အရင်Join ပါ
https://t.me/+aaz7FxFd-F00MWQ9

ဗွီဒီယိုလင့်

https://t.me/c/3810497342/363
20
စီးရီး အမှတ်စဥ် - ၉

431 - Fate: The Winx Saga (2021) Season 1,2
432 _ love, victor (2020) Season 1,2,3 #BL
433 _ Bodyguard (2018) Ep6
434 - Rulers of Fortune (2025) Ep8
435 - Iron Fist (2017) Season 1,2
436 - Last Samurai Standing (2025) Ep6
437 - I Love LA (2025) Ep8
438 - Rurouni Kenshin (2012_2021) Part 12345
439 - The Letter For The King (2020) Ep6
440 - The Rookie (2018) Season 8
441 - Z Nation (2014) Season 12345
442 - The Seduction (2025) Ep6
443 - Obliterated (2023) Ep8
444 - Gangnam B-Side (2024)
445 - Debris (2021) Ep13
446 - Squid Game: The Challenge - Reality Show (2023_2025) Season 1,2
447 - 🔞 Unspeakable Sins (2025) Ep 18
448 - Taylor Swift Live Show (2011_2023)
449 - Spartacus: House of Ashur (2025) Season 1
450 - The Mentalist (2008_2015) Season 7
451 _ Only Murders in the Building (2021) Season 5
452 _ The War Between the Land and the Sea (2025) Ep5
453 _ Heated Rivalry (2025) Ep6 #BL
454 _ Man Vs Baby (2025) Ep4
455 _ The Hunger Games (2012_2023) Part 12345
456 - Mayfair Witches (2023) Season 1,2
457 _ Pluribus (2025) Ep9
458 _ Yu Yu Hakusho (2023)
Ep5

459 _ Boo, Bitch (2022) Ep8
460 _ Taylor Swift: The End Of An Era (2025) Season 1
461 _ The Mysterious Benedict Society (2021) Season 1
462 _ Ragnarok (2020_2023) Season 1,2,3
463 _ Mind Your Language (1977) Season 1
464 _ The Last Ship (2014) Season 12345
465 _ စနိုက်ပါဇာတ်လမ်းများစုစည်းမှု့
466 _ ShadowHunters (2016_2019) Season 1,2,3
467 _ The Night Manager (2016_2025) Season 1,2
468 _ The Ex-Wife (2022) Ep4
469 _ Elsbeth (2024) Season 1,2,3
470 _ The Bondsman (2025) Season 1
14
Heated Rivalry (2025) Ep6 #BL

IMDB: 8.6


ပွင့်လင်းမြင်သာတဲ့ ချစ်ကြိုက်ခန်းတွေပါဝင်လို့ မိသားစုနဲ့ကြည့်ဖို့ မသင့်တော်တဲ့ BL စီးရီးပါ...ရှိန်းဟော်လန်ဒါ (Hudson Williams)နဲ့ အီလီယာရိုဇာနော့ဗ် (Connor Storrie)တို့ဟာ ရေခဲပြင်စကိတ်စီးဟော်ကီအားကစားလောကရဲ့ တက်သစ်စကြယ်ပွင့်လေးတွေဖြစ်ကြတယ်။

ကနေဒါသားတစ်ယောက်ဖြစ်တဲ့ ရှိန်းက ကြိုးစားတဲ့ထူးချွန်ဟော်ကီအားကစားသမားဖြစ်ပြီး ရုရှားနိုင်ငံသား အီလီယာကတော့ အားသန်သန်နဲ့ ခပ်ကြမ်းကြမ်းကစားတတ်တဲ့ ကစားသမားမျိုးပါ။

ဟော်ကီအားကစားရဲ့ အဓိကပြိုင်ဖက်နိုင်ငံနှစ်ခုကလာပြီး တချိန်တည်းမှာ လူသစ်တန်းဝင်လာတဲ့ နာမည်ကျော်ကစားသမားတွေဖြစ်လို့ ဟော်ကီပရိသတ်တွေအတွက်က သူတို့ဟာ အဓိကပြိုင်ဖက်တွေ ဖြစ်ကြပါတယ်။

ထိန်းချုပ်ပြီးတွန်းအားပေးတတ်တဲ့အမေရှိတဲ့ ရှိန်း၊ တင်းကြပ်တဲ့ အသိုင်းအဝိုင်းကလာသူ အီလီယာ၊ ရှေးရိုးစွဲပြီးလိင်တူချစ်ကြိုက်မှုကို လက်မခံနိုင်တဲ့ဟော်ကီအားကစားလောက သူတို့နှစ်ယောက်အကြားမှာတော့ အများရဲ့အမြင်နဲ့မတူပဲ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု ပေါက်ဖွားလာပါတယ်။

ဟော်ကီအားကစားကိုအခြေခံပြီး လိင်တူအချစ်ဇာတ်လမ်းဝတ္ထုတွေရေးသားတတ်တဲ့ ကနေဒါလူမျိုးစာရေးဆရာမ Rachel Reidရဲ့ Game Changersဆိုတဲ့ စာအုပ်တွဲကို အခြေခံထားတဲ့ အားကစားအခြေခံအချစ်ဒရာမာ ဇာတ်လမ်းဖြစ်ပါတယ်။



စီးရီးချန်နယ်လင့် အရင်Join ပါ
https://t.me/+aaz7FxFd-F00MWQ9

ဗွီဒီယိုလင့်

https://t.me/c/3810497342/381
25
Stranger Things (2016_2025) Season 1,2,3,4,5

IMDB: 8.9


🐙 အတွဲ ၅ ရပါပြီ 🐙

သဘာဝလွန်ဖြစ်ရပ်တွေ ခြောက်ခြားစရာဇာတ်လမ်းတွဲတွေကို ခုံမင်သူ ပရိသတ်တွေအတွက်ကတော့ အကြိုက်ဖြစ်မှာပါ ဒီစီးရီးလေးက ၁၉၈ဝခုနှစ်များမှာ ဇာတ်အိမ်တည်ထားပါတယ်။

ဆယ်ကျော်သက်ကလေးတွေရဲ့ပီပြင်လွတ်လပ်တဲ့သရုပ်ဆောင်ချက်တွေရယ် ခိုင်မာတဲ့ဇာတ်အိမ်ရယ်က မပျင်းမရိ ကြည့်လို့ကောင်းအောင်ပံ့ပိုးပေးထားနိုင်တယ်လို့ပြောရမှာပါ။

လတ်တလော ရေပန်းအစားဆုံးဖြစ်နေတဲ့အပြင် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေအတွက် The Screen Actors Guild Award ဆု နဲ့ the 69th Primetime Emmy Awardsအတွက် လျာထားခံရတဲ့ ဆုက၁၈ဆု ဒါ့အပြင် Outstanding Drama Series ဆုတွေပါရရှိထားတာပါ။

Imdb Rating 8.9/10 , Rotten Tomatoes Rating 96% ရရှိထားတဲ့ဒီSeries လေးက အပြိုင်အဆိုင်များတဲ့ သဘာဝလွန်ဇာတ်လမ်းတွဲတွေရဲ့ အစဉ်အလာကနေ ဘယ်လိုဖောက်ထွက်မလဲဆိုတာစိတ်ဝင်စားစရာပါ။

ဇာတ်လမ်းအကျဉ်းလေးကတော့………..

2016 ခုနှစ်ထွက်ရှိထားပြီး  Sci-Fi, Thriller, Horror အမျိုးအစား miniseries လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီလောကနဲ့ အပြိိုင်တခြားလောကတွေ မြေအောက်ကမ္ဘာတွေ ထူးဆန်းအံ့သြဖွယ် သတ္တဝါတွေရှိတယ်လို့ယုံကြည်ကြပါသလား။ အကယ်၍ ရှိခဲ့မယ်ဆိုရင်ရော ဘယ်လိုမျိုးများဖြစ်မလဲ ဘယ်လိုပုံစံနဲ့တည်ရှိနေမှာလဲ ဒီကမ္ဘာနဲ့ဘယ်လိုများဆက်စပ်နေမှာလဲလို့ တွေးကြည့်ခဲ့ဖူးပါသလား။

ဒီိလိုစိတ်ကူးတွေကို ဒီစီးရီးလေးကပုံဖော်ပေးထားပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့……..

ဟော့ကင်းမြို့ကလေးမှာ တိတ်ဆိတ်အေးချမ်းပြီး ရာဇဝတ်မှုတွေကင်းလို့ အေးချမ်းတဲ့နယ်မြို့လေးတစ်မြို့ပါ။

ဒီမြို့လေးမှာ ဉာဏ်ကောင်းပြီးသွက်သွက်လက်လက်ရှိတဲ့ “မိုက်ကယ်” ၊

ချစ်စရာကောင်းပြီး အစားပုတ်တဲ့ “ဒက်စတင်” ၊

သိပ္ပံပညာကို ၀ါသနာအရမ်းပါပြီး စကားတတ်တဲ့ ကပ္ပလီလေး “လူးကပ်စ်”၊

လူကြောက်တတ်ပြီး ရိုးရိုးအေးအေးနေတတ်တဲ့ “ ဝေလ်” ဆိုတဲ့ ၁၂ နှစ်အရွယ် အရမ်းချစ်ကြတဲ့သူငယ်ချင်းလေးလေးယာက်ရှိပါတယ်။

ဟော့ကင်းမြို ့လေး နဲ့ မနီးမဝေးမှာ အမေရိကန်အစိိုးရရဲ့ သုတေသနဌာနကြီးတစ်ခုရှိပါတယ်။အဲဒီဌာနကတော့ အဓိကစိတ်နယ်လွန်ဖြစ်ရပ်တွေနဲ့ စိတ်စွမ်းအားတွေကို အထူးပြု လျှို့ဝှက်လေ့လာနေတဲ့ သုတေသနဌာနကြီးပါပဲ။

တစ်နေ့တော့ သူငယ်ချင်းလေးယောက်ထဲက “ဝေလ်” တစ်ယောက် ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။တစ်ပြိုင်နက်တည်းမှာပဲ စမ်းသပ်ခန်းတစ်ခုနေ ထွက်ပြေးလာတဲ့  ဘာဆိုဘာမှသိပ်မသိပေမယ့် စိတ်စွမ်းအားတွေ ပိုင်ဆိုင်တဲ့ “အဲလ်လဗင်း” ဆိုတဲ့ကလေးမလေးလည်း ဒီမြို့ထဲကို ထွက်ပြေးလွတ်မြောက်လာပါတယ်။

ဘာကြောင့် ဝေလ်က ပျောက်ဆုံးသွားရတာလဲ...ဝေလ် ပျောက်ဆုံးမှုကရော အဲလ်လဗင်းနဲ့ ဘယ်လိုများဆက်စပ်ပတ်သတ်နေလဲ

– သူတို့ အချစ်ဆုံးသူငယ်ချင်းလေး ဝေလ်ကိုရော သူ့ဘော်ဒါသူငယ်ချင်းတွေ ဘယ်လိုလိုက်ရှာမလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ပါ။

(ဒီစီးရီးလေးနဲ့ပတ်သတ်ပြီး ထူးခြားချက်လေးက ကလေးသရုပ်ဆောင်တွေကို အဓိကနေရာကနေထားပြီး သုံးသွားတာပါ။ ဒါပေမယ့် ဒီစီးရီးက ကလေးပရိသတ်အတွက် သီးသန့်စီးရီးလိုမျိုး မဟုတ်ပါဘူး။

ဒီကားကို Netflix က မထုတ်လွင့်ခင်က တခြားရုပ်သံလိုင်းပေါင်း ၁၅ ခုက  ကလေးတွေနဲ့ပဲ အဓိက သရုပ်ဆောင်ထားလို့ ငြင်းပယ်ခဲ့ဖူးပါတယ်တဲ့။

ဒီကားကို စိတ်ကြိုက်ပုံဖော်နိုင်ဖို့ ဒါရိုက်တာက ကလေးသရုပ်ဆောင်ပေါင်း ၁၀၀၀ ကျော်လောက်နဲ့ စမ်းရိုက်ကြည့်ပြီးမှ ဒီအဓိကဇာတ်ဆောင် ကလေးတွေကို ရွေးချယ်ထားတာပါ။

ဒါကြောင့်လည်း  Season 1 ထုတ်လွင့်ပြီးချိန်မှာ အရမ်းကိုလူကြိုက်များအောင်မြင်ခဲ့ပါတယ်


စီးရီးချန်နယ်လင့် 👇
https://t.me/+aaz7FxFd-F00MWQ9

ဗွီဒီယိုလင့်

https://t.me/c/3810497342/391
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
7🥰1