𝑹𝒐𝒎𝒂𝒏𝒄𝒆 - 𝑹𝒆𝒗𝒊𝒆𝒘
78.4K subscribers
1.23K photos
384 links
Download Telegram
My Special One (2025) //
Kimi ga Tokubetsu (2025)


ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ နိုင်ငံကျော်အိုင်ဒေါနဲ့ Anti-fan အကြောင်းကို ချစ်စဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ပေးထားတဲ့  Comedy- Romance- Fantasy အမျိုးအစား ဂျပန်ဇာတ်ကားလေးဖြစ်ပါတယ်။

ဝါခအုမဲ ဆာဟိုကိုဟာ သာမန် အထက်တန်းကျောင်းသူလေးတစ်ယောက် ဖြစ်ပါတယ်။

ရုပ်ချောတဲ့ကောင်လေးတွေကို တစ်ဖက်သတ်မုန်းနေသူ ဖြစ်တဲ့အလျှောက် လတ်တလော ရေပန်းစားနေတဲ့ အိုင်ဒေါတွေရဲ့ Anti-fanတစ်ယောက်လည်း ဖြစ်နေခဲ့ပါတယ်။

ဒီလိုနဲ့တစ်နေ့ ဆာဟိုကိုဆီကို ကီရိဂါယာ ကိုတာလို့ခေါ်တဲ့ နိုင်ငံကျော် အိုင်ဒေါက ရုတ်တရက် ရောက်လာခဲ့တဲ့အခါ ကိုတာရဲ့ ဆွဲဆောင်မှုတွေထဲကို မပါသွားအောင် အစွမ်းကုန် ကြိုးစားပါတော့တယ်။

သူ့ပတ်ဝန်းကျင်က လူတွေကို ပျော်စေချင်တဲ့ အိုင်ဒေါ ကိုတာက ..

ရုပ်ချောတဲ့သူဆို တစ်ဖက်သတ်မုန်းနေတဲ့ တစ်ကိုယ်တော်အပျိုကြီးလုပ်ဖို့ အစီအစဉ်ဆွဲထားသူ ဆာဟိုကိုဆိုတဲ့ ချာတိတ်မလေးကို အမြင်တွေပြောင်းလဲသွားအောင်လုပ်နိင်မလားဆိုတာ...


ချန်နယ်လင့် အရင်Joinရန် ➡️  နှိပ်ပါ

ပြီးမှ ဗွီဒီယိုကြည့်ရန် 
➡️   နှိပ်ပါ

Main Channel
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
12👍1
Dexter (2006_2013) Season 1 to 8

IMDB: 8.6


စိတ္တဇလူသတ်သမားတွေကို ရွေးပြီးလိုက်သတ်တတ်တဲ့ စိတ္တဇလူသတ်သမား သတ်သမားတစ်ယောက်အကြောင်း...

အခုတင်ပေးထားတဲ့ စီးရီးကတော့ စိတ္တဇလူသတ်သမား သတ်သမားတစ်ယောက်အကြောင်းပါပဲ။

စာမှားရိုက်ထားလားဆိုပြီး နှစ်ခါပြန်မဖတ်ပါနဲ့ မှန်ပါတယ် စိတ္တဇလူသတ်သမားတွေကိုမှ တစ်ယောက်ပြီးတစ်ယောက် လိုက်သတ်ချင်တဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပါ။

စိတ္တဇလူသတ်သမား သို့မဟုတ် ကွင်းဆက်လူသတ်သမားတွေကိုက အခြားလူသတ်သမားတွေနဲ့မတူပါဘူး။ အရမ်းပိရိတယ်၊ အကွက်ကျတယ်၊ ဉာဏ်များတယ်။ ဒီတော့ ဒီလိုလူတွေကိုမှ ပြန်လိုက်သတ်ဖို့ဆိုရင် ကတုံးပေါ်ထိပ်ကွက် ဂျင်ပေါ်ကထုံးလိုဖြစ်နေဖို့လိုပါတယ်။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းသွားတာက သူဟာ ရဲဌာနမှာအလုပ်လုပ်နေတဲ့ သွေးကျွမ်းကျင်မှုခင်းပညာရှင်ဖြစ်နေတာပါပဲ။ ဒီတော့ အမှုတွေကိုစုံစမ်းလိုက်ပြီးရင် ရဲဌာနတစ်ခုလုံးမရိပ်မိအောင် လိုက်ဖြုတ်လိုက်နဲ့ အတော်ကို ဥာဏ်များရတဲ့အလုပ်ပါပဲ။ ကြည့်ကြည့်လိုက်ကြပါဦး။


စီးရီးချန်နယ်လင့်

https://t.me/ierrorse/1741?single
12👍1
Once Upon A Love Story (2025) (ဗီယက်နမ်)

IMDb: 7.5

ကလေးဘဝကတည်းက Vinh ဆိုတဲ့ကောင်လေးက Mien ဆိုတဲ့ အတန်းတူ ကလေးမလေးကို တစ်ဖက်သတ်ချစ်ခဲ့ပြီးတော့ အမြဲတမ်းအနိုင်ကျင့်ခံ ကာကွယ်ပေးခဲ့တယ်။

ပြီးတော့ Vinh မှာ သူ့ကို အမြဲတမ်းကာကွယ်ပေးပြီး သတ္တိရှိတဲ့ Phuc ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပြီးတော့ Phuc က Vinh ကို Mien ဆီ ဖွင့်ပြောဖို့ အကြိမ်ကြိမ် အောင်သွယ်လုပ်ပေးပေမဲ့ သတ္တိနည်းတဲ့ Vinh က ဖွင့်မပြောရဲခဲ့ဘူး။

ဒီလိုနဲ့ နှစ်တွေအကြာကြီး‌ ကြာလာရင်း အထက်တန်းနောက်ဆုံးနှစ်မှာမှ Vinh က Mienကို ဖွင့်ပြောဖို့လုပ်ချိန်မှာ သိလိုက်ရတာကတော့ Mien က Vinh ရဲ့ အချစ်ဆုံးသူငယ်ချင်း Phuc ကို ကြိုက်နေပြီး Phuc လည်း Mien အပေါ် ခံစားချက်ရှိနေတယ်ဆိုတာပါပဲ။

ဒီလိုနဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် နှလုံးသားအချစ်ရေးနဲ့ ယှဉ်လာတဲ့အခါမှာ ဘယ်သူတွေက အချစ်ကိုစတေးပြီး နောက်ဆုတ်ပေးကြမလဲ၊ ကံကြမ္မာက ဘယ်လိုဆုံးရှုးမှုတွေနဲ့ ဆုလာဘ်တွေကို ဖန်တီးပေးတတ်လဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။


ချန်နယ်လင့် အရင်Joinရန် ➡️  နှိပ်ပါ

ပြီးမှ ဗွီဒီယိုကြည့်ရန် 
➡️   နှိပ်ပါ

Main Channel
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
41😁3👏1
Our Fault (Culpa Nuestra) (2025)

ကဲ အရှေ့က My Fault နဲ့ Your Fault ကိုကြည့်ပြီးသားသူတွေအနေနဲ့ နစ်ခ်နဲ့နိုအာတို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုများအဆုံးသတ်မလဲဆိုပြီး အရမ်းကိုသိချင်နေကြမှာပါ။


အရှေ့နှစ်ပိုင်းမှာ သူတို့ရဲ့ပူလိုက်အေးလိုက်နဲ့ အချစ်ဇာတ်လမ်းလေးက ဒီအပိုင်းမှာတော့ ပိုပြီးလေးနက်မှုတွေနဲ့ ပိုရှုပ်‌‌ထွေးလာပါပြီ။ နစ်ခ်တစ်ယောက် နိုအာကို စိတ်နာပြီး ခွင့်မလွှတ်နိုင်ဘဲ လေးနှစ်တာဝေးကွာသွားကြပြီးတဲ့နောက်မှာ မင်္ဂလာပွဲတစ်ခုမှာ ပြန်ဆုံခဲ့ကြပါတယ်။ အဲဒီလိုနဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းလေးက ပြန်ပြီးတော့ နိုးထလာမလား ဒါမှမဟုတ် ပိုပြီးစိတ်နာမှုတွေနဲ့ ကိုယ့်ဘဝကိုယ်လျှောက်လှမ်းရင် ဝေးကွာသွားကြမလားဆိုတာတော့ ဇာတ်လမ်းလေးကို အဆုံးထိကြည့်ရှုရင်း အဖြေရှာရမှာပါ။

ထုံးစံအတိုင်း အဆုံးသတ်က Happy ending ဖြစ်ဖြစ် Sad ending ပဲဖြစ်ဖြစ် ဇာတ်လမ်းတစ်လျှောက်ကတော့ သူတို့နှစ်ယောက်ရဲ့ ချစ်ပုံတွေ လွမ်းဆွေးပုံတွေကို ကိုယ်တိုင်ကြုံတွေ့ရသလို ခံစားရမှာမို့လို့ လက်လွှတ်ခံလို့တော့မဖြစ်ဘူး‌နော်။


ချန်နယ်လင့် အရင်Joinရန် ➡️  နှိပ်ပါ

ပြီးမှ ဗွီဒီယိုကြည့်ရန် 
➡️   နှိပ်ပါ

Main Channel
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
285👍25🥰15🍓9👎1
🔞 Dark Desire (2020_2022) (အတွဲ ၁,၂)

IMDB: 7.5

နာမည်အတိုင်းပဲ ခပ်မှောင်မှောင်လေး လာပါပြီ။Dark Side ဖန်တွေ အကြိုက်တွေ့နိုင်မယ့်ကားမျိုးဆိုလည်း မမှားပါဘူး။Dark Side သက်သက်တော့ မဟုတ်ဘူး ဒရာမာ စီးရီးကောင်းတစ်ခုလည်းဖြစ်နေသေးတော့ ကြည့်ကိုကြည့်ရမယ့် ဇာတ်လမ်းတွဲ။

ဇာတ်လမ်းအမျိုးအစားက Erotic Thriller အမျိုးအစားပါ။၁၈ ယောက် ပြည့်အောင် အရင်စုထားဖို့ မှာလိုက်ပါရစေဦး။

နောက်တစ်မျိုးကတော့ အမျိုးသမီးအကြမ်းဖက်မှုတို့၊ အိမ်တွင်းအကြမ်းဖက်မှု ၊ မုဒိမ်းမှု ဒီလိုကိစ္စတွေနဲံအတူတူ အချစ်၊အိမ်ထောင်ရေး နှင့် ရမ္မက်ဆန္ဒအကြောင်းကို လှလှပပ နဲ့ စပိန်ကားတို့ထုံးစံအတိုင်း Plot Twist ပေါင်းများစွာနဲ့ဆိုတော့ ပရိသတ်အကြိုက်တွေ့မှာ သေချာပါတယ်ခင်ဗျာ။

ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။
အယ်လ်မာဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့အိမ်ထောင်ရေးကို အခြေခံပြီး ဇာတ်လမ်းဇာတ်ကွက်ဖန်တီးထားတာပါ။သူမရဲ့ အဆင်မပြေတဲ့အိမ်ထောင်ရေးရဲ့နောက်ဆက်တွဲတွေကြောင့်ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလို့ ဆိုလို့ ရပါတယ်။

အချစ်၊ ရမ္မက် နဲ့ အိမ်ထောင်ရေး ကို ဆေးပညာ၊ မှုခင်း နဲ့ ရောယှက်တင်ပြလိုက်တဲ့အခါမှာ ပရိသတ်အကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲတစ်ကား ဖြစ်လာတာပါပဲ။ အမျိုးသမီးတွေလည်း အကြိုက်တွေ့နိုင်တဲ့ ကားတစ်ကားပါပဲ။

အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ ကာကွယ်ရေးကိုအခြေခံထားတဲ့ ဇာတ်ကွက်တွေလည်း အတော်များများ ပါနေလို့ပါ။


စီးရီးချန်နယ်လင့်
https://t.me/ierrorse/812?single
41