IELTS in a Nutshell
2.15K subscribers
236 photos
6 videos
78 links
Learn IELTS (for FREE)

Get in touch with us.👋

Admin acc:
💬 @IIANuttshell

Email:
💌 ieltsinanuttshell@gmail.com
Download Telegram
——
I. Deployment Strategy

❌ Writing Task 1

“Insipid” က opinion ပါတဲ့ adjective ဖြစ်လို့ Graph, Chart, Process တွေကို objective description လုပ်ရတဲ့ Task 1 မှာ မသုံးသင့်ပါဘူး။

ဥပမာ -The graph shows an insipid increase in sales.

(Task 1 မှာ ဒီလို personal judgment မပေးသင့်ပါ ဘူးနော်)🙅🏼‍♀️


✅ Writing Task 2

Education, Entertainment, Literature, Social Media, Advertising နဲ့ Culture topics တွေမှာ သုံးလို့ရပါတယ်။
အကြောင်းအရာတစ်ခုက စိတ်ဝင်စားဖို့မကောင်းဘူး၊ depth မရှိဘူးဆိုတာ ပြချင်တဲ့အခါ အရမ်းအသုံးဝင်ပါတယ်။


✅ Speaking Part 1

Movies, Books, TV shows, Classes, Food, Hobbies အကြောင်းပြောတဲ့အခါ natural ဖြစ်ပါတယ်။boring လို့သုံးမယ့်အစား insipidကို သုံးပေးရင် high-level speaker impression ကိုပေးနိုင်မာပါ။


✅ Speaking Part 3

Media, Education, Arts, Modern Entertainment စတဲ့ abstract discussion တွေမှာ Band 8+ vocabulary အဖြစ် သုံးလို့ရပါတယ်။

——

II. Performance Breakdown

🔑Synonyms :bland,dull,tedious,boring,uninspiring


🚫Antonyms:fascinating,engaging,intriguing,stimulating

——
The Execution (Examples)

📝Writing:

Many educational institutions still rely on insipid teaching methods that discourage students from developing critical thinking skills.

💬Speaking:

To be honest, I stopped watching that drama because the storyline became increasingly insipid.

——
🧠High-Level Collocations

insipid conversation
insipid lecture
insipid television program
insipid storyline
insipid content
insipid performance
insipid humor
insipid speech

——
#Pan
❤2
💻 Lexis Diagnostic: Insipid

Definition: lacking flavor, interest, or excitement, making something seem dull or boring
❤3
"6+2" | Episode - 6: How to explain an IDEA?

Wait, Wait! မေးခွန်းလေးတစ်ခုမေးချင်လို့👀

🤔IELTSမှာ ideaတွေအများကြီးသုံးတာနဲ့ ideaတစ်ခုကိုပဲ fully explain လုပ်တာ ဘယ်ဟာက ပိုထိရောက်တယ်ထင်လဲ?
❤2
❌Ideaအများကြီးသုံးမှ ထိရောက်မယ်ထင်ရင်တော့ မှားနေပြီနော်❌
❗ပြောချင်တာတွေများလာတဲ့အခါ
• အဲ့ဒီ ideaတွေကို planချဖို့ခက်လာမယ်၊
• ကိုယ်ပြောချင်တဲ့ အဓိကဆိုလိုရင်းကို မရောက်ဘဲနဲ့ general သဘောပဲဖြစ်နေမယ်။

ဒီလို အခြေအနေတွေက ကိုယ့်ရဲ့ band score ကို ထိုးကျသွားစေမှာပါနော်

-----

📍ဒါကြောင့် IELTS မှာဆိုရင် ideaတစ်ခုကိုပဲ အသေးစိတ်သွားဖို့ senior တွေနဲ့ educator တွေ တော်တော်များများက အကြုံပြုကြတာပါ

🍀ကိုယ်က ideaတစ်ခုကို ကောင်းကောင်း ရှင်းပြနိုင်ရင် ideaတွေအများကြီးကို အစီအစဉ်မရှိဘဲ ယူသုံးထားတာထက်‌ကို ကျိန်းသေ ပိုထိရောက်စေမှာပါ

-----

🤔ဒါဆို idea တစ်ခုကို ဘယ်လို explain လုပ်ပြရမလဲ
1. Add a reason (အကြောင်းပြချက်တစ်ခုခုကိုထည့်ပေးပါ)
2. Add consequences (ဒါကနေ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိာ ထည့်ပေးပါ)
3. Add example (သက်ဆိုင်ရာ ဥပမာတွေ ထည့်ပေးပါ)

-----

💻For example:
Question : Should governments invest more in public transport?
Idea : Yes, governments should absolutely prioritize funding for public transit networks.

Reason : This is because affordable and efficient trains or buses give commuters a viable alternative to driving personal vehicles

Consequence : As a result, fewer cars take to the roads each day, which directly leads to a significant reduction in urban traffic congestion and harmful greenhouse gas emissions.

Example : For instance, after Luxembourg made all public transport completely free, the city saw a noticeable drop in peak-hour traffic jams and improved local air quality.

Full answer :
"Yes, governments should absolutely prioritize funding for public transit networks. This is because affordable and efficient trains or buses give commuters a viable alternative to driving personal vehicles. As a result, fewer cars take to the roads each day, which directly leads to a significant reduction in urban traffic congestion and greenhouse gas emissions. For instance, after Luxembourg made all public transport completely free, the city saw a noticeable drop in peak-hour traffic jams."

-----

❗ဒီလောက်ဆို အမှတ်ကောင်းအောင် ideaတွေအများကြီး ထည့်ရမယ်ဆိုတဲ့ logic ကြီးကို ဖျောက်လို့ရပြီလို့ထင်ပါတယ်ရှင့်


ဒါကြောင့်IELTSမှာ band score ကောင်းကောင်းလိုချင်တဲ့ IIANersလေးတို့အနေနဲ့ idea expansion skill ကို ပိုပြီး focusလုပ်ထားဖို့ ကျိန်းသေလိုပါတယ်ရှင့်💗🫶🏻

-----

#NH
❤7
💻 Lexis Diagnostic : Didactic
Definition: designed to educate, instruct, or convey moral lessons, often in a direct manner.
I. Deployment Strategy

❌Writing Task 1:

“Didactic” က Academic graphs, charts, and trends ကို objective description လုပ်ရတဲ့ Task 1 မှာ သုံးဖို့ အဆင်မပြေပါဘူးနော်။Task 1 က data reporting ဖြစ်တာကြောင့် opinionated adjective ဖြစ်တဲ့ “didactic “ကို avoid လုပ်သင့်ပါတယ်။


✅Writing Task 2:

Education, Literature, Films, Parenting, Media and Cultural Issues စတဲ့ topics တွေမှာ သုံးဖို့ effective ဖြစ်ပါတယ်။ဥပမာအနေနဲ့ “whether education should teach moral values” လို discussion တွေမှာ Band 8+ vocabulary အနေနဲ့ သုံး နိုင်ပါတယ်။


✅Speaking Part 1:

Part 1 မှာ didactic သုံးတာက academic ဆန်သလိုဖြစ်ပေမယ့် books, teachers, documentaries, or school experiences အကြောင်းမေးရင်တော့ ထည့်သုံးလို့ရပါတယ်။


✅Speaking Part 3:

Education, Child Development, Media Influence, Literature and Culture-related abstract discussions တွေမှာ extremely natural ဖြစ်ပါတယ်။“Teaching lessons” ၊ “moral instruction” ၊ “educational content” ဆိုတဲ့ concepts တွေကို discuss လုပ်တဲ့အခါ high-level vocabulary impression ပေးနိုင်မှာ သေချာပါတယ်။

——
II. Performance Breakdown

🔑 Synonyms:

Educational, Instructive, Pedagogical, Moralistic, Informative

🚫Antonyms:

Entertaining, Recreational, Amusing, Light-hearted, Non-instructional

🧠High Level Collocations

-didactic approach
-didactic teaching style
-didactic literature
——
The Execution (Examples)

📝Writing:

Many critics argue that modern films should not be excessively didactic, as audiences generally prefer stories that entertain while subtly conveying meaningful messages.

💬Speaking:

Some documentaries can be quite didactic , but I personally enjoy them because I learn something useful from them.

——
Note📌: Didacticကို modern English မှာnegative အနေနဲ့ ပိုပြီးအသုံးများပါတယ်။

When native speakers say: “The movie was too didactic”.

they usually mean:

“The movie tried too hard to teach a lesson.”
——
#pan
❤3
💻Lexis Diagnostic:Eloquent

Definition: expressing ideas,thoughts,or feelings in a clear,fluent, and persuasive manner, especially in speech or writing.
❤3
I. Deployment Strategy

❌ Writing Task 1:

“Eloquent” က graphs, charts, and trends ကို objective description လုပ်ရတဲ့ Task 1 မှာ သုံးဖို့ almost no opportunity ပါနော်။🙅🏼‍♀️

✅ Writing Task 2:

Leadership, Politics, Public Speaking, Communication Skills, Literature, and Personal Qualities စတဲ့ topics တွေမှာ အရမ်း effective ဖြစ်ပါတယ်။ Band 8+ vocabulary အနေနဲ့ confidently သုံးနိုင်ပါတယ်။

✅ Speaking Part 1:

Part 1 မှာ opportunities နည်းပါတယ်။ ဒါပေမယ့် favourite teacher, public speaker, actor, books, or communication skills အကြောင်းမေးရင် naturally ထည့်သုံးလို့ရပါတယ်။

✅ Speaking Part 3:

Education, Leadership, Politics, Media, Public Speaking, and Communication-related abstract discussions တွေမှာ extremely natural ဖြစ်စေပြီး high-level vocabulary impression ပေးနိုင်မှာ ဖြစ်ပါတယ်။

——

II. Performance Breakdown

🔑 Synonyms:

Articulate, Persuasive, Expressive, Fluent, Well-spoken

🚫 Antonyms:

Inarticulate, Tongue-tied, Incoherent, Hesitant, Unconvincing

🧠 High Level Collocations

eloquent speech
eloquent speaker
eloquent argument
eloquent expression
eloquent presentation
remarkably eloquent

——
The Execution (Examples)

📝 Writing:

Successful leaders are often admired for their eloquent communication, which enables them to inspire people and gain public trust.

💬 Speaking:

One of my university lecturers is incredibly eloquent. She
explains complex concepts so clearly that every student can understand them with ease.

——
#Pan
❤3
❤7
⚽️ ကိုယ်က World Cup ကို မနက် အစောကြီးထကြည့်တယ့်သူလား

🔦 ဒါမှမဟုတ် ကိုယ့်ရဲ့ အနာဂတ်ကို အတွေးလွန်ပြီး ညဘက် အိပ်မပျော်နိုင်တယ့်သူလား

——
❤1
IIANers လေးတွေထဲမှာတော့ ဒုတိယ option ကသူတွေ ပိုများမှာပါ။

——

📢📢 အခုလိုမျိုး အားလုံးက football လောကရဲ့ အကြီးမားဆုံးပွဲကြီးဖြစ်တဲ့ World Cup ကို အာရုံစိုက်နေကြတဲ့အချိန်မှာ ပညာရေးလောကကလည်း နောက်ကျမကျန်ခဲ့ရအောင် EduCup '26ဆိုတဲ့ Webinar series ကြီးကို IELTS In a Nutshell ကနေ ယူဆောင်လာခဲ့ပါပြီ။

——

❗So, what is EduCup '26?

• EduCup '26 ဆိုတာ World Cup ကို inspiration ယူထားပြီး နိုင်ငံပေါင်း 7 နိုင်ငံမှ scholarship winners အသီးသီးကို ဖိတ်ခေါ်ကာ ကျောင်းသားတွေရဲ့ ပညာရေးလမ်းကြောင်းအတွက် သိမှတ်ဖွယ်ရာ အစုံအလင်ကို knowledge sharing လုပ်ပေးသွားမယ့် webinar series ကြီးပဲ ဖြစ်ပါတယ်။

——

EduCup '26 မှာတော့

🇨🇳 China
🇮🇹 Italy
🇫🇷 France
🇩🇪 Germany
🇨🇦 Canada
🇦🇺 Australia
🇯🇵 Japan

စတဲ့ နိုင်ငံကြီး 7ခုမှာ တက်ရောက်ပညာသင်ကြားနေတဲ့ high achievers တွေရဲ့ experience တွေကို ကြားသိရမှာဖြစ်ပါတယ်။

——

❗EduCup '26 တက်ရောက်ခြင်းအားဖြင့်

• နိုင်ငံကြီး 7ခုက scholarship တွေကို လေ့လာခွင့်ရမယ်။
• Scholarship winners တွေ ကိုယ်တိုင်ပြောတဲ့ သူတို့ရဲ့ experience တွေကိုလည်း နားထောင်ခွင့်ရမယ်။
• ကိုယ့်ရဲ့ ပညာရေးကို ဘယ်နိုင်ငံမှာ ဆက်ပြီး သင်ကြားရမလဲဆိုတာလည်း သေချာ လေ့လာပြီး ဆုံးဖြတ်နိုင်မယ်။
• Scholarship application တွေ ပြင်ဆင်တာနဲ့ ပက်သက်ပြီးလည်း tipsတွေ ရရှိနိုင်မှာဖြစ်ပါတယ်။


——

🔴⚪ ကဲ ဒီလိုမျိုး ကိုယ်ရဲ့ ပညာရေးလမ်းကြောင်းအတွက် အထောက်အကူဖြစ်မယ့် EduCup '26လို opportunity မျိုးကတော့ တစ်ကယ့်ကို ရှာမှရှားပဲနော်😉

📌ဒါကြောင့် ဒီလို opportunity မျိုးကို လက်လွှတ်မခံရအောင်လို့ ကြိုပြီးတော့ registration လုပ်ထားမှအဆင်ပြေမယ်နော်ရှင့်။📌

——

📍Event Details📍
📅 July 12th - 19th
⏰ 7 - 9pm
💻 Platform : Zoom

📝 Registration :
https://docs.google.com/forms/d/e/1FAIpQLSfd5hyUPb4RSQvLfs_hT-RhOh7r8GGSx68X6aPxG3uRMrKghQ/viewform?usp=publish-editor

——

7 Countries, 7 Speakers, 1 Week, and 1 Goal!
Your higher education journey starts here.

——
#NH
❤7
IIANers တို့အားလုံးမှာ ကိုယ်သွားချင်တယ့် dream study destination ဆိုတာ ရှိကြမှာပါ။

🇨🇦 Maybe yours is Canada.
🇯🇵 Maybe it’s Japan.
🇩🇪 Maybe it’s Germany.
❤3
EduCup ‘26 မှာဆိုရင်တော့၊ IIANers တို့အနေနဲ့ အခုလို pathway ကို ကိုယ်တိုင် လျောက်ခဲ့ဖူးတယ့် အကိုအမတွေဆီကနေ experience တွေကို ကြားသိရမှာ ဖြစ်ပါတယ်။

No vague advice.
No recycled information.

ဒါတင်မဟုတ်သေးပါဘူး၊ event ရဲ့ နောက်ဆုံးရက်မှာလည်း နိုင်ငံ ၇ နိုင်ငံလုံးက guest speaker တွေကနေ panel discussion ပြန်လည် ဖြေကြားပေးဦးမှာမို့လို့ လက်မလွှတ်သင့်ပါဘူး။

Save the dates.
Invite your friends.
Kickoff to your Future.

——

Event Details

📅 July 12th - 19th
⏰ 7 - 9pm
💻 Platform : Zoom

——

📝 Registration :
https://docs.google.com/forms/d/e/1FAIpQLSfd5hyUPb4RSQvLfs_hT-RhOh7r8GGSx68X6aPxG3uRMrKghQ/viewform?usp=publish-editor

——
❤6
“EDUCup '26” | The Real Pitch, Not Fairytale ⚽🔥

အေဂျင်စီတွေရဲ့ ပုံပြင်တွေထဲမှာ မြောပါနေပြီလား... နိုင်ငံခြားမှာ တကယ်ရောက်နေတဲ့ စီနီယာတွေရဲ့ အတွေ့အကြုံတွေ ကို ကွင်းထဲဆင်းပြီး နားထောင်ကြည့်ပါ။
❤4
နိုင်ငံခြားထွက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်အများစုဟာ နေချင်စရာကောင်းတဲ့ ကျောင်းအဆောက်အဦတွေ ၊ လှပလွန်းတဲ့ Student life video အတိုလေးတွေနဲ့ ဆွဲဆောင်ပြတတ်တဲ့ Unreliable Agencies တွေကြောင့် မျက်စိလည် လမ်းပျောက်နေကြတာ များပါတယ်။

ကျောင်းလခတွေ၊ Admissions အဆင့်ဆင့်တွေအပြင် နိုင်ငံခြားမှာ တကယ်အခြေချလိုက်ရတဲ့အခါ ရင်ဆိုင်ရမယ့်
▫️Cultural Shock
▫️Part-time jobs
▫️ကိုယ်တိုင် University Application တင်ရမယ့် စိန်ခေါ်မှုတွေကို
ဘယ်အေဂျင်စီကမှ ပွင့်ပွင့်လင်းလင်း ပြောပြမှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့လို့ IELTS In A Nutshell ကနေ နိုင်ငံပေါင်း ၇ နိုင်ငံမှာ ကျောင်းတက်ပြီး နေထိုင် အလုပ်လုပ်နေတဲ့ စီနီယာတွေကိုယ်တိုင် တကယ့်ရင်ဆိုင်ရခဲ့တဲ့ အတွေ့အကြုံတွေကို မျှဝေပေးမယ့် "EduCup '26" Webinar ကို စီစဉ်လိုက်တာဖြစ်ပါတယ်။
____

EDUCup’26 မှာ

🔺No Fluff, Just Facts:

တကယ်ကျောင်းလျှောက်ရင် ဘာတွေလိုလဲ။ ဘယ်လိုတွေကျောင်းလျှောက်ရမလဲ။

🔺Funding & Scholarships:

Budget ကန့်သတ်ချက်ရှိတဲ့သူတွေအတွက် လက်တွေ့ကျတဲ့ လမ်းကြောင်းများ။

🔺Real Student Life:

နိုင်ငံ7 နိုင်ငံက Campus မှာ ရင်ဆိုင်ရမယ့် မတူညီတဲ့ အခက်အခဲတွေ နဲ့ opportunitiesများ။

ဒါဆိုရင်တော့ ကျောင်းသားတွေအနေနဲ့ နိုင်ငံရွေးချယ်တဲ့အခါ အမှားအယွင်းမဖြစ်စေဖို့ စီနီယာတွေကိုယ်တိုင် ပြောပြမယ့် EDUCup’26 မှာ အမှန်တရားတွေကို ရင်ဆိုင်ဖို့ အဆင့်သင့်ဖြစ်ပြီလား။

🗓️Webinar Dates : July 12 - July 19 ⏰ Time: Every Night at 7:00 PM (MM Time)
🎟️ Ticket: Fully Free (Non-Profit Initiative)
🖥️Platform: Zoom

🔗Registration link

https://docs.google.com/forms/d/e/1FAIpQLSfd5hyUPb4RSQvLfs_hT-RhOh7r8GGSx68X6aPxG3uRMrKghQ/viewform?usp=publish-editor

#phoo
❤9
မြန်မာပြည်က Grade 12 ဆိုရင် နိုင်ငံတကာက လက်မခံတော့ဘူးလား။
❤4
ဒီလို အယူအဆအမှားတွေ၊ စိုးရိမ်မှုတွေက ကျောင်းသားတွေကြားထဲမှာ အမြဲလိုလို ရှိနေတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်ကတော့ ဘယ် Qualification မဆို သူ့အားသာချက်နဲ့သူ ရှိပြီးသားဆိုတာပါပဲ။

ကိုယ့်ဆီမှာရှိတဲ့ Qualification က ဘယ်နိုင်ငံတွေနဲ့ အဆင်ပြေဆုံးဖြစ်မလဲဆိုတာ အဖြေရှာကြည့်ကြရအောင်။

🇲🇲 Myanmar Grade 12

📍Deatinations: ထိုင်း၊ တရုတ်၊ ရုရှား၊ ဂျပန် (အချို့တက္ကသိုလ်များ)၊ မလေးရှား။

💡The Reality: အာရှနိုင်ငံ တော်တော်များများက တက္ကသိုလ်တွေဟာ မြန်မာ Grade 12 ကို လက်ခံကြပါတယ်။ ဒါပေမဲ့ နိုင်ငံအလိုက်ထက် တက္ကသိုလ်တစ်ခုချင်းစီရဲ့ သတ်မှတ်ချက်ပေါ် ပိုမူတည်ပါတယ်။ အချို့ကျောင်းတွေက တိုက်ရိုက်ဝင်ခွင့်ပေးသလို၊ အချို့ကတော့ Foundation Year Or language qualifications တောင်းဆိုတတ်ပါတယ်။

🎯Best For: အာရှတွင်းမှာပဲ ဘတ်ဂျက်သက်သက်သာသာနဲ့ ပညာသင်ယူချင်တဲ့ ကျောင်းသားတွေအတွက် အကောင်းဆုံး လမ်းကြောင်းပါ။
____

📖 GED

📍Common Destinations : အမေရိကန်၊ ကနေဒါ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်။

💡The Reality : GED က အရမ်း Flexible ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်ပေါင်း ထောင်ချီ လက်ခံပေမယ့် ကျောင်းဝင်ခွင့်ရဖို့ဆိုရင်တော့ IELTS၊ SAT/ACT ရမှတ်တွေနဲ့ Extracurricular Activities တွေကို ပြင်ဆင်ပြီးတော့ Profile ကောင်းအောင် တည်ဆောက်ဖို့ လိုအပ်ပါတယ်။

🎯Best For: ဘယ်နိုင်ငံသွားမလဲဆိုတာ သေချာမဆုံးဖြတ်ရသေးဘဲ ရွေးချယ်ခွင့် လမ်းကြောင်းအစုံ ဖွင့်ထားချင်သူတွေအတွက်ပါ။

____

🌍 IGCSE / A Levels

📍Common Destinations: ယူကေ၊ ဩစတြေးလျ၊ နယူးဇီလန်၊ စင်ကာပူ၊ ကနေဒါ၊ မလေးရှား။

💡The Reality : ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေ အကျွမ်းတဝင်ရှိဆုံး Curriculum မို့ ကျောင်းလျှောက်ရတာ ပိုပြီး လွယ်ကူ ရှင်းလင်းပါတယ်။ ဒီနေရာမှာ ကိုယ်ယူထားတဲ့ ဘာသာတွဲတွေက အရေးကြီးပြီး အမှတ်ကောင်းရင်ကောင်းသလို အကောင်းဆုံး ကျောင်းကြီးတွေရဲ့ဝင်ခွင့်ကို တက်လှမ်းနိုင်ပါတယ်။

🎯Best For: Medical ဘက်ရွေးချယ်ချင်သူများ ၊ကမ္ဘာ့ Top Ranked တက္ကသိုလ်ကြီးတွေကို ချိန်ရွယ်ထားတဲ့ ကျောင်းသား/သူများ။

____

🍁 OSSD - Ontario Secondary School Diploma

📍Common Destinations : ကနေဒါ၊ အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ နယူးဇီလန်။

💡The Reality: ကနေဒါအထက်တန်းကျောင်း စနစ်ဖြစ်ပြီး တစ်ကြိမ်တည်းဖြေရတဲ့ စာမေးပွဲကြီးပေါ်ပဲ မမူတည်ဘဲ ကျောင်းတွင်း Continuous Assessment ကို ကြည့်တာမို့ ကျောင်းသားတွေ Profile ကောင်းအောင် အေးဆေး ပြင်ဆင်နိုင်ပါတယ်။ ကနေဒါ တက္ကသိုလ်တွေ လျှောက်တဲ့အခါ ပိုပြီး လွယ်ကူရိုးရှင်းပါတယ်။

🎯Best For: ကနေဒါကို အဓိက သွားချင်သူများ။ Medical ဘက်ရွေးချယ်ချင်သူများ။

____

ဒါတွေသိသွားပြီ ဆိုသော်ညားလဲ
Qualification ရှိရုံက ပထမခြေလှမ်းပဲ ရှိပါသေးတယ်။ တကယ့် လက်တွေ့မေးခွန်းတွေကတော့ -

🇯🇵 ဂျပန်နိုင်ငံရဲ့ Economy က ကိုယ်တက်မယ့် Major နဲ့ တကယ်ရော အဆင်ပြေရဲ့လား။

🇨🇦 ကနေဒါရဲ့ ကုန်ကျစရိတ်တွေက တကယ်ပဲ ကုန်ရတာ worth it ဖြစ်ရဲ့လား။

🇩🇪 ဂျာမနီမှာ Low Tuition နဲ့ တကယ် တက်လို့ရသလား။

🇫🇷 ပြင်သစ်က Student Life style က ဘယ်လိုရှိလဲ။

🇨🇳 တရုတ်နိုင်ငံရဲ့ Scholarships တွေက ဘယ်လောက်အထိ အပြိုင်အဆိုင် များလဲ။

🇦🇺 ဩစတြေးလျက အခုချိန်မှာ အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေကို ကြိုဆိုနေတုန်းပဲလား။

🇮🇹 အီတလီမှာကော ဘယ်လို အခွင့်အလမ်းတွေ ရှိနေလဲ။

ဒီမေးခွန်းတွေက Google မှာ ရှာရုံတင်နဲ့ ကျောင်းသားတွေအတွက် လုံလောက်တဲ့အဖြေမှန် ရနိုင်မှာ မဟုတ်ပါဘူး။
EduCup '26 မှာ နိုင်ငံအသီးသီးမှာ လက်ရှိ ပညာသင်ကြားနေတဲ့ စီနီယာ ကျောင်းသား/သူတွေကိုယ်တိုင် တက်ရောက်ပြီး ကျောင်းလျှောက်ခဲ့ရတဲ့ အတွေ့အကြုံ၊ Challenge တွေ၊ တကယ့် Reality နဲ့ သူတို့ကိုယ်တိုင် မသွားခင်က သိထားသင့်ခဲ့တယ်လို့တွေးမိခဲ့တဲ့ အခက်အခဲ အတွေ့အကြုံတွေကို တိုက်ရိုက် Share ပေးသွားမှာ ဖြစ်ပါတယ်။

🔎ကျောင်းသားတွေဆီမှာ Grade 12 ပဲရှိရှိ၊ GED, IGCSE,OSSD ပဲရှိရှိ ရည်မှန်းချက်နဲ့ ထိုက်တန်တဲ့ လမ်းကြောင်းတစ်ခုကတော့ အမြဲရှိနေပါတယ်။ ကျောင်းသားတွေ နိုင်ငံအရွေးမမှားစေဖို့ EduCup '26 မှာ လာဆွေးနွေးကြည့်ပါ။

🗓️Webinar Dates : July 12 - July 19 ⏰ Time: Every Night at 7:00 PM (MM Time)
🎟️ Ticket: Fully Free (Non-Profit Initiative)
🖥️Platform: Zoom

🔗Registration link

https://docs.google.com/forms/d/e/1FAIpQLSfd5hyUPb4RSQvLfs_hT-RhOh7r8GGSx68X6aPxG3uRMrKghQ/viewform?usp=publish-editor

#phoo
❤7
❓China မြေမှာ civil engineering မေဂျာနဲ့ ကျောင်းသွားတက်ချင်တယ့်သူတွေရှိလား❓

Tonight 7pm
❤3
❗တစ်ချို့တွေကတော့ တရုတ်ပြည်ရောက်လို့ ကျောင်းတက်နေတာပြီးတော့မယ်၊ ဒါပေမယ့် ကိုယ်ကတော့ ဘယ်ကနေစလုပ်ရမလဲ မသိဘူးလို့ရောတွေး‌မိနေတုန်းပဲလား🤔

____

🍀ဒီလိုအတွေးတွေကို အဖြေပေးဖို့အတွက် EduCup '26 မှာ Guest speaker အဖြစ် အစ်မ Phyu Zinn Thawကို ဖိတ်ခေါ်ခဲ့ပါတယ်ရှင့်🍀

📍အစ်မက အခုလက်ရှိ Huaqiao University မှာ Civil engineering major နဲ့ ဘွဲ့ကြို ပထမနှစ်တက်ရောက်နေတဲ့ ကျောင်းသူတစ်ယောက် ဖြစ်ပါတယ်။

📍ဒါအပြင် China Scholarship Council (CSC) scholarship ကို ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

____

📝EduCup '26ရဲ့ China Session မှာ အစ်မက Chinese educationနဲ့ပက်သက်ပြီး သိသင့်သိထိုက်တာတွေ၊ scholarship application ပြင်ဆင်ပုံတွေကို ပြောပြဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

____

⚪🔴အကယ်၍ ကိုယ်က China မှာလည်း ပညာရေးလမ်းကြောင်း ဆက်လက်လျှောက်လှမ်းချင်တယ်၊ ဘယ်ကစရမလဲလည်း မသိဘူးဆိုရင် EduCup '26 ရဲ့ China Session မှာ အစ်မ Phyu Zinn Thaw ပြောပြပေးသွားမယ့်အကြောင်းအရာတွေကို လာရောက်နားထောင်တာက တစ်ကယ်အထောက်အကူဖြစ်စေမှာပါနော်။

____

So, come and join us!
📅 Date : July 12th, 2026 (Today)
⏰ Time : 7 pm - 9 pm
💻 Platform : Zoom
📝 Registration :
https://docs.google.com/forms/d/e/1FAIpQLSfd5hyUPb4RSQvLfs_hT-RhOh7r8GGSx68X6aPxG3uRMrKghQ/viewform?usp=publish-editor

____

#NH
❤8
Italy နိုင်ငံရဲ့ Medical field ဘက်ကိုမှ ရွေးချင်တဲ့ ကျောင်းသားများအတွက် EDUCup’26 ကို ယူဆောင်လာပါပြီရှင်။
❤4
EduCup '26 ရဲ့ ဒုတိယနေ့မှာ Italy နိုင်ငံရဲ့ Guest speaker အဖြစ်
အစ်ကို Myo Khant Kyaw ကို ဖိတ်ခေါ်ထားပါတယ်ရှင်။

🔺အစ်ကိုက အခုလက်ရှိ University of Parma မှာ Doctor Of Medicine (M.D) ဒုတိယနှစ်တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး ER.GO Regional Scholarship (Italy) ကို ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

---

📝EduCup '26ရဲ့ဒုတိယမြောက်နေ့ မှာ
အစ်ကိုက Italy educationနဲ့ပက်သတ်ပြီး သိသင့်သိထိုက်တာတွေ၊ scholarship application ပြင်ဆင်ပုံတွေကို ပြောပြဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

---

🔎အကယ်၍ ကိုယ်က Italy မှာလည်း ပညာရေးလမ်းကြောင်း ဆက်လက်လျှောက်လှမ်းချင်တယ်၊ ဘယ်ကစရမလဲလည်း မသိဘူးဆိုရင် EduCup '26 ရဲ့Italy Session မှာ အစ်ကို ပြောပြပေးသွားမယ့်အကြောင်းအရာတွေကို လာရောက်နားထောင်ရင်း Italy က ကိုယ်ရွေးချယ်သင့်တဲ့ နိုင်ငံနဲ့ကိုက်ညီရဲ့လားဆိုတာကို ဆုံးဖြတ်ကြည့်ပါနော်။

---

So, come and join us!
📅 Date : July 13 th, 2026 (Monday)
⏰ Time : 7 pm - 9 pm
💻 Platform : Zoom
📝 Registration : https://docs.google.com/forms/d/e/1FAIpQLSfd5hyUPb4RSQvLfs_hT-RhOh7r8GGSx68X6aPxG3uRMrKghQ/viewform?usp=publish-editor


---
❤5