ထွေရာလေးပါး သတင်းစုံ
1.87K subscribers
48.9K photos
7.12K videos
6.57K links
Download Telegram
Forwarded from People Media (Kyaw Soe Oo)
ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ဘီးလင်းမြို့အနီး၊ရန်ကုန်-မော်လမြိုင် ပြည်ထောင်စု လမ်းမပေါ်ရှိ မစောတံတားကို KNU စစ်သွေးကြွ တံတားမိုင်းခွဲရေးအဖွဲ့က မိုင်းခွဲ ဖျက်ဆီးလိုက်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်ကယ်စီးနင်းသူ ၃ဦး အပြင်းအထန် စိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့သည်။

#PeopleMedia
Forwarded from People Media (htetmyat)
ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ မစောတံတားကို KNU/PDF အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီး၊ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီးနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ
……………………………………………

နေပြည်တော်၊ မေ ၂၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာအထွက် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ မစောတံတားကို KNU/PDF အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/9uwyZ
Forwarded from People Media (htetmyat)
တမူးမြို့နယ်တွင် တမူး PDF အလောင်း လေးလောင်း အသေရရှိ
……………………………………………

နေပြည်တော်၊ မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် အထက်ပိုင်း ကျွန်းပင်သာကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တမူး PDF အလောင်း လေးလောင်း အသေရရှိခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/Ay6So
Forwarded from People Media (htetmyat)
လက်ပံတန်းမြို့နယ်တွင် မိုင်းထောင်နေသည့် PDF ၂ ဦးအား ပစ်ခတ်ဖမ်းဆီး
………………………………………

နေပြည်တော်၊ မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ နလင်ကျော်ကျေးရွာအဝင်လမ်းမပေါ်တွင် မေလ ၂၁ ရက်နေ့ နံနက်ပိုင်းက မိုင်းထောင်နေသည့် PDF အကြမ်းဖက်သမား ၂ ဦးအား လုံခြုံရေးတပ်ဖွဲဝင်များမှ ပစ်ခတ်ဖမ်း ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF အကြမ်းဖက်သမား အလောင်း ၂ လောင်းနှင့် လက်လုပ်မိုင်းနှင့် ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#PeopleMedia
Forwarded from People Media (htetmyat)
စစ်ကိုင်းမြို့တွင် လဝက ဝန်ထမ်းများကို လာဖမ်းသည့် PDF အဖွဲ့ဝင် (၅) ဦး အသေဖမ်းဆီးရမိ
………………………………………

နေပြည်တော်၊ မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် မြို့နယ်အခွန် ဦးစီးဌာနသို့ ရောက်ရှိလာပြီး ဝန်ထမ်းများကို လာရောက်ဖမ်းဆီးသည့် PDF အဖွဲ့ဝင် (၅) ဦးကို လုံခြုံရေးတပ်ဖွဲ့ ဝင်များမှ အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မေလ (၂၁)ရက် ညနေ (၅)နာရီခွဲအချိန်က စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ လဝကရုံးသို့ PDF အဖွဲ့ဝင် (၇)ဦးခန့်မှ မော်တော်ယာဉ် (၂)စီး ဆိုင်ကယ် (၁)စီးတို့ဖြင့် ရောက်ရှိလာပြီး ရုံးအတွင်းရှိ ဝန်ထမ်းများအား ဖမ်းဆီး ခေါ် ဆောင်ရန် လုပ်ဆောင်ခဲ့သည်။

ယင်းသို့ လုပ်ဆောင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ PDF အဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွါးခဲ့ကြောင်းနှင့် PDF အဖွဲ့ဝင်များသည် မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် PDF အဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် လဝက ဝန်ထမ်း (၁)ဦးရှိပြီး အခြား ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် PDF (၅)လောင်း၊ အမ်အေ-၁၃ သေနတ် (၁)လက်၊ Sigsauer P-320 ပစ္စတို (၁)လက်၊ အမ်အေ-၁၃ ကျည်အိမ် (၁)ခု၊ ပစ္စတိုကျည်အိမ် (၁)ခု၊ ပစ္စတိုကျည် (၃)တောင့်၊ ၉ မမ ကျည် (၁၅)တောင့်၊ ကား (၁)စီး၊ ဆိုင်ကယ် (၁)စီးတို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

#PeopleMedia