ထွေရာလေးပါး သတင်းစုံ
1.88K subscribers
48.2K photos
7.03K videos
6.42K links
Download Telegram
ပါမောက္ခချုပ်ဆရာတော်ကြီး၏ (၈၄) နှစ်ပြည့် မွေးနေ့ ကို စစ်ကိုင်းမြို့တွင် ကျင်းပမည်


စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်တွင်လာမည့်တပေါင်းလပြည့်နေ့ (မတ်၂၄ ရက်)၌ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ (၈၄) နှစ်ပြည့်မွေးနေ့ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

မဟာသုဗောဓာရုံ ကျောင်းတိုက်များ၏ ဦးစီးပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက၊  ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး၏ သက်တော် (၈၄) နှစ်ပြည့် ဝိဇာတမွေးနေ့အထိမ်းအမှတ် ကုသိုလ်ကို တပေါင်းလပြည့်နေ့တွင်ပြုလုပ်မည်ဖြစ်ပါတယ်။

မွေးနေ့အလှုအဖြစ် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်း တိုက်တွင် သံဃာ အပါး (၅၀၀)၊ သီလရှင် အပါး (၅၀၀)တို့ကို ပင့်ဖိတ်၍ လှူဖွယ်ပစ္စည်းများ
သံဃဒါန လောင်းလှူမည်ဖြစ်ကြောင်း သိရပါတယ်။

#MyanmaGone
အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့်  ဟိုပုံးမြို့နယ်၊ ကျောက်ကချား ကျေးရွာအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး အိမ်ဆောက် ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ၂၀၂၄  မတ် ၂၂

             ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ပအိုဝ့်တိုင်းရင်းသားများ နေထိုင်သော ကျေးရွာများဖြစ်သည့် နမ့်ဟူးကျေးရွာ၊ ကျောက်ကချားကျေးရွာ၊ စံဖူးကျေးရွာ၊ ပါချားကလို့ကျေးရွာ၊ ဒုံလိတောင်ကျေးရွာများသို့ အဖျက်အမှောင့်လုပ်ငန်းများ  လုပ်ဆောင်ရန်အတွက် PNLO ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှစတင်၍ ကျေးရွာသူ၊ ကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက်ဝင်ရောက်ခြင်း၊ ကျေးရွာများအတွင်းရှိ နေအိမ်များကို အကာအကွယ်ရယူ၍ ဝင်ရောက်နေရာယူ လှုပ်ရှားခြင်းများ လုပ်ဆောင်ခဲ့သည်။

#MyanmaGone
မရမ်းကုန်းတွင် ဘတ်စ်ကားမှတ်တိုင်၌ ဗုံးထောင်သည့် PDF အကြမ်းဖက်သမားကို လက်ပစ်ဗုံးနှင့်အတူဖမ်းမိ

ဧပြီ ၈၊ ၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ပြည်လမ်း၊ မဟာစည်ဘတ်စ်ကားမှတ်တိုင်တွင်လက်လုပ်ဗုံးထောင်ပြီး ထွက်ပြေးသည့် PDF အကြမ်းဖက်သမားကိုဧပြီလ ၈ ရက်နေ့လယ် ၁း၀၀ နာရီကဖမ်းမိကြောင်းသိရပါတယ်။

ကြည့်မြင်တိုင်မြို့နယ်၊အလတ်ချောင်းကျေးရွာနေ PDF အကြမ်းဖက်သမား မြတ်ဆွေ (၂၄ နှစ်) သည် ပြည်လမ်းမဟာစည်မှတ်တိုင်တွင်ဗုံးထောင်စဥ်
အကြမ်းဖက်မှုအလိုမရှိ​သော ပြည်သူများကဝိုင်းဝန်းဖမ်းဆီးရာထွက်ပြေးသွားတယ်လို့သိရပါတယ်။

လုံခြုံရေးအဖွဲ့က CCTV မှတ်တမ်းဖြင့်ရှာဖွေရာ PDF အကြမ်းဖက်သမားသည် ခြံအမှတ် (….) ကိုကျော်တက်စဥ် သံဆူးကြိုးငြိပြီးဒဏ်ရာရကာသွေးထွက်ပြီး ထိုသွေးမှတဆင့်ခြေရာခံဖမ်းဆီးရာ ခြံအမှတ် (….) ၏အပေါ်ဆုံးအထပ်ခေါင် မိုးရှိ ရေစင်ဘေးတွင်ပုန်းအောင်းနေသည်ကိုတွေ့ရှိဖမ်းမိခဲ့သည်။တရားခံထံမှ အမှတ် ၉၁ တရုတ်လက်ပစ်ဗုံးတစ်လုံးပါသိမ်းဆည်းရမိကြောင်းသိရပါတယ်။

#MyanmaGone
ဘီးလင်းထွေအုပ်ရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဘီးလင်း၊ ဧပြီ ၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရပါတယ်။

ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်ရှိ ဘီးလင်းမြို့နယ်ထွေအုပ်ရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

"ဗုံးသုံးလုံးလောက် ပေါက်ကွဲသံကြားလိုက်ရတယ်။ လမ်းပေါ်လည်းကျတယ်။ အဆောက်အဦးလည်း ထိသွားတယ်"ဟု ၎င်းက ပြောပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထွေအုပ်ရုံး အဆောက်အဦး မျက်နှာကျက်နှင့် သွပ်မိုးပျက်ဆီးခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ဘူးလို့သိရပါတယ်။

#myanmagone
ရန်ကုန်လေဆိပ်နှင့်လှိုင်သာယာတံတားများပိတ်ထားခြင်းမရှိ

ဧပြီ၁၉၊၂၀၂၄

လတ်တလောfacebookစာမျက်နှာများတွင်ဧပြီလ၁၉ရက်ယနေ့ညရန်ကုန်လေယာဥ်ကွင်းပိတ်ထားသည်။လှိုင်သာယာတံတားအားလုံးပိတ်ပြီးပေးမဝင်ဟူသောသတင်းများပြန့်နှံ့နေလျှက်ရှိပါတယ်။

အဆိုပါဖြစ်စဥ်အားစုံစမ်းကြည့်ရာတွင်ရန်ကုန်လေဆိပ်သည်ပုံမှန်လည်ပတ်နေပြီးည၁၂နာရီအထိလေယာဥ်အဆင်းအတက်ရှိ​ကြောင်းနှင့်ရွှေပြည်သာတွင်ယာဥ်များစစ်ဆေးနေသဖြင့်တံတားပေါ်တွင်ယာဥ်များပိတ်ဆို့ခြင်းသာဖြစ်ပြီးည၈နာရီကစပြီးယာဥ်ကြောများပြန်ပွင့်သွားကြောင်းသိရပါတယ်။

#MyanmaGone
မြဝတီမြို့ ခလရ၂၇၅ မှာ ယခင်ဆုတ်ခွာချိန် လွင့်တင်ခဲ့သော knu အလံအား ဖြုတ်ချပြီး နိုင်ငံတော်အလံကို ပြန်လည်လွှင့်တင်
============

ဒီနေ့မှာပဲ မြဝတီမြို့ အခြေစိုက် ခလရ ၂၇၅ တပ်ရင်း တွင် တပ်မတော်သားများ ခေတ္တဆုတ်ခွာချိန် လွင့်တင်ခဲ့ကြသော KNU အလံကို ဖြုတ်ချပြီး နိုင်ငံတော်အလံကို ပြန်လည်လွှင့်တင်လိုက်ပြီလို့ သိရ

ဧပြီ ၂၃
#MyanmaGone
ညစ်ညမ်းသော တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်မှုများနှင့်ပတ်သက်၍ ထပ်မံသတိပေးတားမြစ်


လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကိုဆန့်ကျင်သော၊ ညစ်ညမ်းသောအပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ အရေးယူမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ထပ်မံသတိမှုများကို ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာလာခဲ့သည်။

လူမှုကွန်ရက်တွင် ❝ဘီယာဗိုက်❞ အမည်ဖြင့် အရှက်သိက္ခာ ကင်းမဲ့စွာ တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သော အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနှင့် အခြားသက်ဆိုင်သူများကို ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ - ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီးနောက် "စောင့်ပတ်” တေးသီးချင်းဗီဒီယိုနှင့် "စကားလေးတစ်ခွန်းဘဲဖြေချစ်လား” တေးသီးချင်းဗီဒီယိုတို့ကိုလည်း အရေးယူထားကြောင်း ဧပြီ ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

#MyanmaGone
ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကညွှတ်ကွင်းမြို့က တံတားနဲ့ ရထားလမ်း မိုင်းခွဲခံရလို့ ရထားခရီးစဥ်တွေရပ်ဆိုင်း ၊ကားတွေအမြန်လမ်းက သွားနေရ

မေ ၁ - ၂၀၂၄

ရန်ကုန် - မန္တလေးလမ်းဟောင်း ကားလမ်းပေါ်၊ ကညွှတ်ကွင်းမြို့နယ်ထဲက တံတားတစင်းမိုင်းဖောက်ခွဲဖျက်ဆီးခံရသလို ရထားလမ်းလည်း မိုင်းခွဲဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

​ဒီနေ့ မေလ၁ ရက်နေ့ မနက်အစော ၁ နာရီလောက်မှာ ရထားလမ်းရော ၊ ကားလမ်းရော မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး တံတားကလည်း အလုံးစုံပျက်စီးကာ ရထားလမ်းလည်း ပျက်စီးခဲ့သလို ရထားတွဲ ၄ တွဲလမ်းချော်ခဲ့ရ  တယ်လို့ သိရပါတယ်။

" ည ၁၂ နာရီကျော် တနာရီလောက်မှာ ပေါက်ကွဲသံနှစ်ချက်ကြားရတယ်၊မနက်ကျသိရတာ ငါးနုသန်းချောင်းကိုထိုးထားတဲ့တံတား ဖျက်ဆီးခံရတယ်။ သူနဲ့ အပြိုင် ရထားလမ်းလည်းဖျက်ဆီးခံရတယ်။ကားတွေက လမ်း​ကြောခဏပိတ်ပြီး ပြန်ပွင့်သွားတယ် " လို့ ကညွှတ်ကွင်းဒေသခံကပြောပါတယ်။

ရန်ကုန် - မန္တလေးလမ်းဟောင်းပေါ်က တံတားဖျက်ဆီးခံရတာကြောင့် မနက်အစောပိုင်းမှာကားတွေအများအပြား ပိတ်မိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမြန်လမ်းကနေ မောင်းနှင်ခွင့်ပြုလိုက်တယ်လို့သိရပါတယ်။

#MyanmaGone
ကျောက်ဆည်မြို့တွင် PDFအကြမ်းဖက်အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲ

မေ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဆူးကုန်းရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ဗိုလ်ချုပ်ပန်းခြံကြား ရုံးကြီးသွားလမ်းဘေးတွင် ယန့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်က PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း သိရပါတယ်။

PDF အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း လူနှင့်ဆောက်အဦ ထိခိုက်မှုမရှိခဲ့ကြောင်း သိရပါတယ်။

#MyanmaGone
စစ်ကိုင်းမြို့ပါရမီရပ်ကွက်အတွင်းရှိ (လဝက)ရုံးနှင့် မြို့နယ်အခွန်ဦးစီးရုံးကို အကြမ်းဖက်ဖို့ရောက်ရှိလာတဲ့ အကြမ်းဖက်(၇)ယောက်ကို တပ်မတော်ပြည်သူ့ရဲနှင့် လုံခြုံရေးတပ်ဖွဲ့တွေက ဒေသခံပြည်သူတွေရဲ့သတင်းပေးချက်အရပိတ်ဆို့ခဲ့ရှင်းလင်းရာ
၂၅ နှစ်မှ ၃၅ နှစ်ခန့် (ကျား)အလောင်း (၃)လောင်း။
၂၅ နှစ်မှ ၄၀ နှစ်ခန့်ရှိ (မ) အလောင်း (၂) လောင်း။
MA-13 (R-48567) (၁) လက်။
MA-13 ကျည်အိမ် (၁) ခု။
MA-13 ကျည် (၁၅) တောင့်။
SIGSAUER P-320 ပစ္စတို (ရွှေဝါရောင်) ၁ လက်။
ကျည်အိမ် (၁) ခု။
၉ မမကျည် (၃) တောင့်။
MDY-6D-5998 Honda Fid (ဖြူ) လိုင်စင်(စိစစ်ဆဲ) (၁) စီး။
SGG-72W-86333 Honda Click 125-I  လိုင်စင်(စိစစ်ဆဲ)ဆိုင်ကယ် (၁) စီးရရှိတယ်လို့ ကနဦးသိရပါတယ်။

#myanmagone
Forwarded from Saw Ka Zaw
This media is not supported in your browser
VIEW IN TELEGRAM
ဝိုင်း share ပေးကြပါအုံးအမှုမှန်ပေါ်အောင်

ရေလုပ်သားတစ်ဦး မတရားအသက်ခံလိုက်ရတဲ့ video ပို့ချင်လို့ ဆိုပြီး ဒေးဒရဲမြို့ အကယ်ချောင်းဝရွာက အလုပ်သမားတစ်ဦးရေနစ်အသတ်ခံရတဲ့ ဗီဒီယိုင်ဖိုင်ကို ကျန်တော်တို့ မီဒီယာကိုပေးပို့လာပါတယ်။
အသက်ခံရတဲ့ကောင်းလေးကို စက်လှေပိုင်ရှင်တွေက ဆေးရုံမှာသွားပြီး သေမှုသေခင်းပြုလုပ်ထားတယ်လို့ သိရပါတယ်။

#MyanmaGone
🌿🌿🌿
သာယာဝတီPDFအကြမ်းဖက်အဖွဲ့စခန်း ဝင်ရောက်စီးနင်းခံရ

မေလ ၂၉ ရက်၊ ယနေ့ နံနက်ပိုင်းက ပဲခူးရိုးမအတွင်းအကြမ်းဖက်လုပ်ရပ်များလုပ်ကိုင်‌‌နေတဲ့ သာယာဝတီ PDF အကြမ်းဖက်သောင်းကျန်းသူများ၏ စခန်းပုန်းအား တပ်မတော်စစ်ကြောင်းမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

၁/ Pdf အကြမ်းဖက်သောင်းကျန်းသူ ၂ လောင်း

၂/ လက်လုပ် ၁၂ ဗို့ သေနတ်  ၁ လက်

၃/ ရှေ့ထွက်မိုင်း ၇ လုံး နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ‌အကြမ်းဖက်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အကြမ်းဖက်သောင်းကျန်းသူများသည် ဒဏ်ရာရရှိသူအများအပြားအားဆွဲ၍ ပဲခူးရိုးမအတွင်း ဆုတ်ခွာ ထွက်ပြေးသွားသဖြင့် တပ်မတော်စစ်ကြောင်းများမှလိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရှိရပါတယ်။

#MyanmaGone
သီတဂူဆရာတော်ဘုရားကြီးကို အိန္ဒိယနိုင်ငံက International Award for Promotion of Buddhism ဘွဲ့တံဆိပ် ဆက်ကပ်အပ်နှင်း
MMG 1st Jun

သီတဂူဆရာတော်ဘုရားကြီးကို မေလ ၃၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံက International Award for Promotion of Buddhism ဘွဲ့တံဆိပ်တော် ဆက်ကပ်အပ်နှင်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းမှာရှိတဲ့ India Center မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို နိုင်ငံတော်သြဝါဒစရိယ ရွှေကျင်နိကာယသာသနာပိုင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနဲ့အတူ ပင့်ဆောင်ထားတဲ့ ဆရာတော်ကြီးတွေ တက်ရောက်ခဲ့ပြီး ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနဲ့ယာဥ်ကျေးမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပြည်ထောင်စုကြံ့ခိုင်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနဲ့အဖွဲ့၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါဆုဟာ ဗုဒ္ဓသာသနာတော်ကို ထွန်းကားပြန့်ပွားအောင် ကြိုးစား ဆောင်ရွက်တော်မူတဲ့အတွက် သီတဂူဆရာတော်ဘုရားကြီးကို
အိန္ဒိယသမ္မတနိုင်ငံ International Award for Promotion of Buddhism ဘွဲ့တံဆိပ် ဆက်ကပ်အပ်နှင်းခဲ့တာဖြစ်ပါတယ်။

#MyanmaGone
#Breaking_News
မန္တလေး - မုံရွာ လမ်းပိုင်းကို တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။
#MyanmaGone
ထားဝယ်မူလတန်းကျောင်း ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်၃ဦးသေဆုံးကာ ၂၀ ဝန်းကျင်ဒဏ်ရာရ

ဇွန် ၄

ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးကလေးငယ်၃ဦးသေဆုံးကာ ၂၀ဝန်းကျင်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီနေ့ ဇွန်လ ၄ရက်၊ မွန်းလွဲ၁၂ နာရီခွဲအချိန်က နေ့လယ်ထမင်းစားကျောင်းဆင်းချိန်မှာ ကျောင်းဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဆယ်ဝန်းကျင်ထိခိုက်ဒဏ်ရာရပြီး ကလေးသုံးဦး သေဆုံးသွားကြောင်း ကနဦးသိရပါတယ်။
ဒဏ်ရာရတဲ့ ကလေးငယ်တွေကို အရေးပေါ်ကားတွေနဲ့ ထားဝယ်ဆေးရုံကြီးသို့ တင်ဆောင်ခဲ့ပြီးဆေးကုသမှုခံယူနေကြောင်းသိရပါတယ်။

#MyanmaGone
ကျိုက်ထီးရိုးတောင်တက်ကားလမ်းပေါ် မြေသားနှင့် ကျောက်တုံးများ ပြိုကျမှုဖြစ်ပွား

ကျိုက်ထီးရိုးတောင်တက်ကားလမ်းပေါ် မြေသားပြိုကျမှုဖြစ်ပွားခဲ့ရာနေရာမှာ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှ တောင်တက်ကားလမ်းမိုင်တိုင်မှတ် ၇ မိုင်နှင့် ၆ ဖာလုံအနီးတွင် ဖြစ်ပွားခဲ့ပြီး ကားလမ်းပေ ၁၀၀ ခန့် မြေသားများနှင့် ကျောက်တုံးများ ဖုံးလွှမ်းခဲ့ကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာန်ရှိသူတစ်ဦးက ပြောပါတယ်။

#MyanmaGone
Photo Credit -SBM
Media is too big
VIEW IN TELEGRAM
ယနေ့ မွန်းလွဲ ၂:၂၀ အချိန်က ဖြစ်ပွားခဲ့တာပါ။

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ကျပ်ပြင်ရဲစခန်းအနီး၌ တိုက်ပွဲများ ပြင်ထန်ခဲ့ပြီး နေအိမ်အချို့ မီးလောင်သွားခဲ့ပါတယ်။


#MyanmaGone
Ongo mobile money ဝန်ဆောင်မှုအား ဖျက်သိမ်းထားပြီး ထုတ်ယူရန်ကျန်ရှိသည့် ငွေစာရင်းကိုလည်း ပြန်လည်ဖြေရှင်းပေးမည်ဟု မြန်မာအရှေ့တိုင်းဘဏ် အသိပေး

မြန်မာအရှေ့တိုင်းဘဏ်အနေဖြင့် Ongo mobile money ဝန်ဆောင်မှုလုပ်ငန်းများအား တရားဝင်ဖျက်သိမ်းပြီးဖြစ် ကြောင်း ဩဂုတ်လ ၂၈ ရက် (ယမန်နေ့)တွင် ကြေညာထားပြီး ရပ်ဆိုင်းမည့် ရက်အတိအကျကို ထပ်မံထုတ်ပြန်ပေးမည်ဖြစ်ကြောင်း မြန်မာအရှေ့တိုင်းဘဏ် (MOB) မှ သိရပါတယ်။

မြန်မာအရှေ့တိုင်းဘဏ်အနေဖြင့် Ongo mobile money ဝန်ဆောင်မှုလုပ်ငန်းအား Ronoc Myanmar Limited နှင့် ၂၀၁၆ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း နှစ်ဦးသဘောတူ ရပ်စဲထားပြီးဖြစ်ကြောင်းနှင့် Ongo mobile money ဝန်ဆောင်မှုအား တရားဝင်ဖျက်သိမ်းပြီးဖြစ်ကြောင်းကို အများပြည်သူများသိရှိစေရန် အသိပေးထားပါတယ်။

#myanmagone
ရေဖြူမြို့နယ်တွင် အကြမ်းဖက်သမား ၂လောင်း ရရှိ

စက်တင်ဘာ ၁

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ်  ဖွားဘုတ်ပြင်းကျေးရွာအနီးသို့ အရောက် အကြမ်းဖက် ၁၀ ဦးခန့်အား တွေ့ရှိသဖြင့် နှိမ်နင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သူမားများမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး အရှေ့မြောက်ဘက်သို ဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဉ်အတွင်း အကြမ်းဖက်သမား ၂ လောင်း၊ လက်နက် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၈ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

#myanmagone
ပဲခူးတိုင်းဒေသကြီးအရှေ့

စက်တင်ဘာ ၇

ဝေါမြိုနယ်အဝင်၌  ယာဉ်များအား ရှာဖွေစစ်ဆေးလျက်ရှိစဉ် မော်လမြိုင်ဘက်မှ မန္တလေးဘက်သို စိုးသူအောင် ၃၂ နှစ် မောင်းနှင်ပြီး ယာဉ်မောင်း အကူ အာကာ ၂၂ နှစ်၊ မြစ်သားမြိုနယ်နေသူ လိုက်ပါလာသော Hino ယာဉ်အား ရှာဖွေခဲ့ရာ ယာဉ်ပေါ် တင်ဆောင်ထားသည် ဘီဒိုအတွင်းမှ ပစ္စတိုမျိုးစုံ ၁၀ လက်၊ ကျည်အိမ် ၁၀ ခု၊ ကျည်အိမ် ၂၅၀ တောင့်၊ ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

Photo Credit -နောင်ရိုး
#MYANMAGone