𝑲𝑶 𝑴𝒚𝒐 ငွေတုရောင်း၀ယ်ရေး🤝
15.8K subscribers
1.03K photos
7 videos
488 links
ဝယ်ယူသူတိုင်100%စိတ်ချရပါတယ်ဗျ🙏
အတုပသတိပြုပါဗျ
Download Telegram
Monster House [ 2006 ]

Review 📝

အမြဲမှန်ပြောင်းတစ်ခုနဲ့ အလုပ်ရှုပ်နေတတ်တဲ့ DJ တစ်ယောက်ကသူ့အိမ်ရှေ့အိမ်ကိုအမြဲစူးစမ်းနေတတ်ပါတယ်။အမြဲတိတ်ဆိတ်ပြီးတော့ ကလေးတွေကို မနှစ်သက်၊ကလေးတွေလာရင် မောင်းထုတ်တဲ့ Mr.Nebbercracker ရဲ့ အိမ်ကြီး။Mr.Nebbercracker က ကလေးတွေတော်တော်မုန်းတဲ့သူဗျ ကလေးတွေကလည်းသူ့ကိုကြောက်ကြသူ့ကိုကြည့်မရတဲ့ လူဆိုးလေးတွေကလည်း အိမ်ကိုနည်းမျိုးစုံနဲ့ နှောက်ယှက်ကြနဲ့ကလေးတွေ အများဆုံးလမ်းပေါ်ထွက်တဲ့ Holloween ကာလဆိုတာကလည်းMr. Nebbercracker အတွက် အမုန်းဆုံးအချိန်ဖြစ်လာတော့တာပေါ့။

ဒါပေမယ့် သူဘာလို့ဒီလောက်တောင်ပစ်ပစ်ခါခါဖြစ်နေရတာလဲဆိုတဲ့နောက်ကွယ်ကအကြောင်းအရင်းလေးတွေရှိသေးတယ်။ ဒီလိုအကြောင်းအရာတွေကိုဖော်ထုတ်ဖို့ အကြောင်းဖန်လာတော့DJ တို့ ကလေးတစ်သိုက်ကဘယ်လိုတွေလုပ်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်လိုက်ရအောင်ဗျာ။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/296
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🔥1
No Tears In Hell [2025]

Review 📃

ကြမ်းပေ့ရမ်းပေ့ဆိုမှ ကြိုက်တဲ့သူတွေအတွက် လုံး ဝ လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါ။ လုံးဝကို ရက်စက်လွန်းပြီး အသည်းမခိုင်ရင်တော့ ကျော်သွားလိုရပါပြီ။ တစ်ကားလုံး သွေးသံရဲရဲနဲ့ ကြောက်ဖိုကောင်းလွန်းပြီး လက်တွေ့ဘဝမှာရော ဖြစ်နိုင်ရဲ့လားဆိုတာ မေးခွန်းထုတ်ချင်နေကြပါ လိမ့်မယ်။ တချို တချို နိုင်ငံတွေမှာ ဒါမျိုးတွေ အမှုတွေ ဖြစ်နေပြီး ဟိုအရင်ကတည်းက Psychopath တွေရှိခဲ့တာပါ။ အရမ်းကို ဆိုးဝါး လွန်းလို အမှုတွေကို အပြင်မထုတ်တာပဲ ရှိပါ တယ်။ Dark Web တွေမှာ ဒါမျိုးတွေ မတွေ့ချင်မှ အဆုံးရှိပြီး ဒီဇာတ်လမ်းကတော့ တော်ရုံအသည်း မာပုံနဲ့ မကြည့်သင့်ပါဘူး။ R-rated ကိုမှ အကြမ်း စားဖြစ်ပြီး အကျင့်မရှိတဲ့သူဆိုရင် လန့်ဖျားပါ ဖျား သွားလောက်ပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⏬⏬

https://t.me/+jeeoMAzniOthOWZl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2920817847/126
Please open Telegram to view this post
VIEW IN TELEGRAM
My boss’s daughter [2003]

Review 📃

ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် Comedy, Romance
ကားနဲ့ မိတ်ဆက်ပေးပါရစေ……တွန်ဆိုတဲ့ ရိုးသားကြိုးစားတဲ့ ဖိုးသခွားတစ်ယောက်က အလုပ်မှာသူ့ဆရာရဲ့သမီး လီဆာ ကို ကြိတ်ကြွေနေပါတယ်။ တစ်ရက်ကျတော့လီဆာက သူငယ်ချင်းပါတီသွားချင်လို့ တွန်ကို သူ့အဖေ တေလာရဲ့အိမ်ကို စောင့်ပေးဖို့ အကူအညီတောင်းပါတယ်။ တွန်ကလည်း လီဆာနဲ့အနေနီးဖို့အတွက် အိမ်စောင့်ပေးဖို့ကို သဘောတူခဲ့ပါတယ်။လီဆာ့အဖေ တေလာက အလုပ်မှာရော အိမ်မှာပါ စည်းစနစ်ကြီးတဲ့သူတစ်ယောက်ပါ။ တွန်တစ်ယောက် အိမ်စောင့်နေတဲ့ညမှာပဲ ဗရုတ်သုတ်ခတွေဖြစ်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ပါ့မလား လီဆာနဲ့ရောအမြန်ဆုံး နီးစပ်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး……

Comedy, Romance ကားလေးဖြစ်ပြီး အတော်လေးကြည့်ကောင်းပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
💗

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2556752197/1059
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Friend Zone [2019]

Review 📃

သင်ရော သင်ချစ်ရတဲ့သူငယ်ချင်းရဲ့ friend zone ထဲ ရောက်နေပြီလား??…Friendzone ဆိုတဲ့ ဒီဇာတ်ကားကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအနှံ့အပြားမှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီးဇာတ်ဝင်တေးကိုလည်း နိုင်ငံအစုံက အဆိုတော်တွေနဲ့ ဘာသာမျိုးစုံသီဆိုထားပါတယ်မြန်မာနိုင်ငံက အဆိုတော်ဖြူဖြူကျော်သိန်း အပါအဝင်ပေါ့ဒီဇာတ်ကားထဲမှာတော့ မင်းသမီးလေး Baifern Pimchanok က ဂင်းဆိုတဲ့ ကောင်မလေးအဖြစ်နဲ့မင်းသား Nine Naphat ကတော့ ဂင်းကို ကြိတ်သဘောကျနေတဲ့ ကောင်လေး ပမ်အဖြစ် သရုပ်ဆောင်ထားပါတယ်Friend zone ထဲရောက်နေတဲ့ သူတွေအတွက် အဆိုးဝါးဆုံးအရာကဘာလဲသိလားကိုယ်ချစ်ရတဲ့သူငယ်ချင်းက ရည်းစားရသွားတာပါပဲအဲဒီလိုပဲ ပမ်အနေနဲ့ ဆယ်နှစ်ကျော်ချစ်ခဲ့ရတဲ့ ဂင်းတစ်ယောက် ရည်းစားရပြီး တဇွတ်ထိုးလုပ်နေတာကို လိုက်ထိန်းနေရတဲ့ပမ်တစ်ယောက် အဆုံးသတ်မှာ ဆယ်နှစ်ကြာ friend zone ကနေ ရုန်းထွက်နိုင်မလားဂင်းအနေနဲ့ကရော ပမ့်အပေါ် ဘယ်လိုသဘောထားဆုံးဖြတ်ပေးသွားမလဲဆိုတာကိုငယ်သူငယ်ချင်းကြား အမှတ်တရလေးတွေပျော်ရွှင်စရာ ဟာသဖြစ်ရပ်လေးတွေနဲ့အတူ ရိုက်ကူးပုံဖော်ထားပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⬇️⬇️

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/351
Please open Telegram to view this post
VIEW IN TELEGRAM
Good Boy [2025]

Review 📃

ဂူအောင်းလူသားတွေခေတ်ကတည်းက ခွေးလေးတွေဟာ လူတွေအတွက်အဖော်မွန်တွေပါ လူသားတွေထက် အာရုံခံစွမ်းကောင်းကြတဲ့အတွက် သားရဲတွေရဲ့အန္တရာယ်ကို သတိပေးခဲ့ကြတဲ့ မိတ်ဆွေလေးတွေပေါ့...အန်ဒီဆိုတဲ့ခွေးလေးကလည်း တော့ဒ်ဆိုတဲ့အမျိုးသားတစ်ယောက်ရဲ့အဖော်မွန်ကောင်းပါ...ပြင်းထန်အဆုတ်ရောဂါကို ခံစားနေရတဲ့တော့ဒ်က ကျေးလက်ဒေသမှာရှိတဲ့ မိသားစုပိုင်အိမ်အိုကြီးကို ပြောင်းလာခဲ့ချိန်မှာတော့ ထူးဆန်းတာတွေကို ခံစားမိတဲ့ခွေးလေးအန်ဒီက တော့ဒ်ကိုသတိပေးရုံတင်မက သူ့အစွမ်းအစရှိသမျှနဲ့ ကယ်ဆယ်ပေးဖို့ကြိုးစားလာပါတော့တယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⬇️⬇️

https://t.me/+jeeoMAzniOthOWZl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2920817847/128
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Master Ji Gong [2021]

Review 📃

ဇာတ်ကားနာမည်က MasterJi Gong တဲ့ဟုတ်ပါတယ် အားလုံးငယ်ငယ်က ကြည့်ဖူးတဲ့ ကျိကုန်းကိုယ်တော်အကြောင်းပါ။ဒါပေမယ့် ဒီကျိကုန်းကိုယ်တော်က ငယ်ငယ်က ကြည့်ဖူးတဲ့ ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။နဂါးတွေရော နတ်မင်းတွေရော ငှက်မိစ္ဆာတွေရောဇာတ်လမ်းက အတော်တော့ ရှုပ်သား။ရှုပ်တဲ့အပြင် နီကျားငယ်ဘဝနဲ့လည်း နည်းနည်းဆင်သေးတယ်။နီကျားလိုပဲ အမေက အလိုလိုက်ပြီး အဖေက တင်းကြပ်။ သူကလည်းကဲ ။ဒီလိုနဲ့ မိုးကောင်းကင်အလိုကျ ကမ္ဘာမြေကြီးကိုကယ်တင်မယ် အဲ လူဘုံကိုကယ်တင်ရမယ်ဆိုပြီး နတ်ဆိုးမိစ္ဆာကို ရင်ဆိုင်ဖို့ကြိုးစား အဲ့လိုမျိုးပေါ့။ဒါပေမယ့် ဒီမှာ တပ်ကူတွေလည်း ပါရတာပေါ့။ နောက်ပြီး သူရဲကောင်းတိုင်းနောက်ကွယ်မှာပေးဆပ်မှုတွေရှိစမြဲမို့ သူလည်း ထိုက်သင့်သလောက် ပေးဆပ်လိုက်ရတာပေါ့။ကဲ နတ်ဆိုးကြီးကို ရင်ဆိုင်နိုင်ပါ့မလားနောက်ပြီး တပ်ကူတွေက ဘယ်သူတွေလဲ ပေးဆပ်မှုက ဘာလဲဇာတ်လမ်းလေးကြည့်ပြီးရင် အကုန်နားလည်သွားပါလိမ့်မယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/mmsub_cartoon_ch/258
Please open Telegram to view this post
VIEW IN TELEGRAM
The Swan princess [1994]

Review 📃

Swan Lake ကိုအခြေခံထားပြီး ချစ်စရာကောင်းသော ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ မင်းသမီး Odette နှင့် Prince Derek တို့ကိုလိုက်လျောညီထွေဖြစ်ပြီး ငယ်စဉ်ကပင် ချစ်ကြည်ရင်းနှီးမှုသည် အိမ်ထောင်ပြုရန် ရည်ရွယ်ထားတယ်။  ဒါပေမယ့် Odette သည် မကောင်းဆိုးဝါး မှော်ဆရာ Rothbart ၏ကျိန်ခြင်းကို ခံရသောအခါ သူမသည် တစ်နေ့ထက်တစ်နေ့ ငန်းတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။  Derek သည် စာလုံးပေါင်းကို ချိုးဖျက်ရန် သူ၏အချစ်ကို သက်သေပြရမှာဖြစ်ပါတယ်။

ဇာတ်ကားထဲတွင် လှပသော ကာတွန်း၊ ကြည်နူးဖွယ် အခိုက်အတန့်များနှင့် Far Longer Than Forever ကဲ့သို့သော စွဲမက်ဖွယ်ကောင်းသည့် သီချင်းများ ပါဝင် ပါတယ်။Disney ရဲ့အောင်မြင်မှုနှင့်မကိုက်ညီသော်လည်းသစ္စာရှိပရိသတ်လက်ခံမှုကို ရရှိပြီး နောက်ဆက်တွဲများစွာကို မွေးဖွားပေးခဲ့သည်။  အချစ်ဇာတ်လမ်း၊ စွန့်စားမှု၊ ရယ်မောဖွယ်ကောင်းသော ဒဏ္ဍာရီပုံပြင်၊ သူသည် လွမ်းဆွတ်ဖွယ်ရာ အကြိုက်ဆုံးဖြစ်သည်

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/mmsub_cartoon_ch/259
Please open Telegram to view this post
VIEW IN TELEGRAM
Before Sunrise [1995]

Review 📃

ကောင်လေးတစ်ယောက် နှင့် ကောင်မလေးတစ်ယောက် ရထားတစ်စီးပေါ်မှာအမှန်မထင် တွေ့ကြတယ်။ကောင်‌လေးကတော့ Jesse အမေရိကန်သားဖြစ်ပြီးတော့ ကောင်မလေးကတော့ Celine ပြင်သစ်သူ ပေါ့။ တစ်ယောက်နဲ့တစ်ယောက် ဘာစာအုပ်ဖတ်နေကြလည်း အပြန်အလှန်မေးကြရင်း ခင်သွားကြတယ်။ပြီးတော့ Jesse က Venna ဆိုမြို့မှာ ဆင်းမှာပါ။နောက်နေ့မနက်မှာ အဲ့မြို့ကနေ အခြားကို လေယာဉ်တက်မှာပါ။ ဒီတော့ ရထားလည်း Venna ကိုရောက်တော့ Jesse က ဒီမြို့မှာ သူတစ်ရက်နေဦးမှာမလို့ Celine ကို ဒီတစ်ညလုံး သူနဲ့အတူ လိုက်ခဲ့ဖို့ခေါ်ပါတယ်။Celine ကတော့ ပါရီမြို့ထိ ရထားဆက်စီးသွားရမှာပါ။ဒါပေမယ့်လည်း Celine က Jesse နဲ့အတူ Venna မြို့မှာတစ်ညဆင်းနေခဲ့လိုက်ပါတယ်။ပြီးတော့ သူတို့နှစ်ယောက် အတူတူ အဲ့ဒီတစ်ညလုံးကို ဘယ်လိုကုန်ဆုံးသွားလဲဆိုတဲ့ပုံစံတွေ၊ သူတို့အမြင်‌တွေပြောကြဆိုကြတာတွေ၊ro ‌တာတွေကို FA တွေဆိုရင် စောင်ကိုက်ပြီး ထိုင်ကြည့်ရမှာပါ။
မတော်တဆ တွေ့ကြရင်း အမှတ်မထင် အချစ်တစ်ခုကို တွေ့သွားကြတဲ့ ဇာတ်လမ်းလေးပေါ့။

><><><><><><><><><><><><><

Channelအရင်Joinပါ
⏬⏬

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/355
Please open Telegram to view this post
VIEW IN TELEGRAM
Vanilla Sky [2001]

Review 📃

ဒီကားကိုတစ်ချို့သောသူတွေက မသေခင်ကြည့်သင့်တဲ့ကား ခံစားသက်ဝင်သင့်တဲ့ကားရယ်လို့ ညွှန်းဆိုကြတယ်…
မင်းသားချောTom Cruiseဟာဒီဇာတ်ကားမှာဆိုရင်တော့ ညှို့အားကောင်းတဲ့မင်းသမီးနှစ်ယောက်နဲ့တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီကားကို ကြည့်ဖို့ရည်ရွယ်ပြီဆိုရင် ခင်ဗျားတို့ ဟာ မင်းသားရဲ့ အပြုအမူတွေ အားလုံးနဲ့
ဒိုင်ယာလော့တွေအကုန်လုံးကို အသေးစိတ်လိုက်ရမှာဖြစ်ပါတယ်…အခန်းတစ်ခန်းပြီးသွားတိုင်း ခင်ဗျားဟာဂရုတစိုက်တွေးရတော့မယ်..ဒါဟာTom Cruiseရဲ့ အိပ်မက်လား…ဒါမှမဟုတ်တကယ်ဖြစ်ရပ်လား….နောက်အခန်းကရောဘယ်လိုဆက်စပ်နေလဲဆိုတာမျိုးတွေအတော်အတွေးခေါင်ရပါတယ်….ကျွန်တော့်လို ခပ်ကြောင်လူတွေအတွက်တော့ သဘောကျချင်စရာပဲ...အများသူငါ ဘာကြောင့်ဒီကားကိုကြည့်သင့်လဲ ညွှန်းဆိုနေကြတယ်ဆိုတာကိုတော့ ခင်ဗျားတို့ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါ…..

><><><><><><><><><><><><><

Channelအရင်Joinပ
🤩

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/357
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Emma. [2020]

Review 📃

မျိူးရိုးစဥ်ဆက် လူချမ်းသာမျိူးရိုးဖြစ်ပြီး ရွှေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့
"အမ်မာ " သူမ ဟာအရမ်းလှ​တဲ့သူမီပီ အလွန်မောက်မာသူတစ်ယောက်

အမ်မာ ဟာ ဆင်းရဲသားတွေဆို လူလို့တောင်မထင်တက်တဲ့သူမျိူး ဒါပေမဲ့ ကံဆိုးစွာနဲ့ ဟာရီယက်ဆိုတဲ့ ဆင်းရဲတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်

ဟာရီယက် က အမ်မာ သူ့အပေါ်အနိုင်ကျင့်ဗိုလ်ကျသမျှတွေကို သည်းခံပေးပြီး အမ်မာ ခိုင်းသမျှအကုန်လိုက်လုပ်တက်တဲ့ ရုပ်သေးရုပ်သဖွယ်ပါပဲ

ဒါပေမဲ့ အမ်မာက ဟာရီယက်ကိုတကယ်ချစ်​ပါတယ် သူ့အနားမှာဘယ်သူမှမနေချင်တဲ့အတွက်ကြောင့် ဟာရီယက်ကို သူ့အနားကနေ ထွက်မသွားစေချင်ဘူး

တစ်ရက်တော့ ဟာရီယက်က ကောင်လေးတစ်ယောက်ကို ချစ်မိသွားပါတယ် ဒါကြောင့် အမ်မာကလည်း သူငယ်ချင်းပီပီ အဲ့ကောင်လေးနဲ့ အောင်သွယ်ပေးပါတယ်

ဖြစ်ချင်တော့ ဟာရီယက်ချစ်နေတဲ့ ကောင်လေးက အမ်မာ ကိုချစ်နေတာဖြစ်ပြီး ဟာရီယက်ကို ရှိနေတယ်လို့တောင်မထင်တဲ့သူမျိူး ဖြစ်နေတဲ့အခါ

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/314
Please open Telegram to view this post
VIEW IN TELEGRAM
❤1
13 Going On 30 [2004]

Review 📃

ချစ်စဖွယ် အပြုံးပိုင်ရှင် မင်းသမီးချော Jennifer Garner ပါဝင်ပြီး Hulk မင်းသားအသစ်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Mark Ruffalo တို သရုပ်ဆောင်ထားတဲ့ ၂၀၀၄ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ 13 Going On 30 ဆိုတဲ့ ရုပ်ရှင်ကားလေးပါ ၁၃ နှစ်ဆိုတဲ့ ဘာမှ မဖွံဖြိုး မလှပ လုပ်ပိုင်ခွင့်မရှိတဲ့ ဘ၀ ကို မလိုချင်တဲ့ ဂျန်နာ ဟာ သူမ ရဲ့ ၁၃ နှစ်ပြည့် မွေးနေ့မှာ အသက် ၃၀ လောက်ရှိချင်ပါတယ်လို ဆုတောင်းခဲ့ပါတယ် သူမ အိပ်ရာက နိုးတဲ့ အချိန်မှာတော့ အသက် ၃၀ လှပတဲ့ အမျိုးသမီးကြီး အဖြစ်ရှိနေပြီး သူမ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ခဲ့ပြီး အပြစ်မကင်းတဲ့ အရောင်စုံ ကာလာစုံ ဘဝကြီးကို ပိုင်ဆိုင်ခဲ့ရပါတယ်

သူမ ပျော်မယ် ထင်ပေမယ့် အသက် ၁၃ နှစ်ကိုသာ ပြန်သွားချင်ပါတော့တယ် ဘ၀ ရဲ့ အခက်အခဲတွေကို ဖြေရှင်းပြီး ဂျင်နာ တစ်ယောက် အသက် ၁၃ နှစ်ပြန်ရောက်နိုင်ပါ့မလား သူမ ကို တစ်ဖက်သက် ချစ်ခဲ့တဲ့ မတ် ဆိုတဲ့ ဓါတ်ပုံဆရာလေးနဲ့ရော ဖူးစာ ဆုံနိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ကြပါအုံး….

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/315
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Mickey: The Story of a Mouse [2022]

Review 📃

“အရာအားလုံး ကြွက်တစ်ကောင်ကနေ အစပြုခဲ့တာပါ”ဝေါ့တ်ဒစ်စနေဟာ အရာအားလုံးဆုံးရှုံးသွားတဲ့အချိန်မှာ မစ်ကီမောက်စ်ကို ရှာတွေ့ခဲ့တာပါ။ အဲဒီနောက်မှာတော့ တစ်ဟုန်ထိုး နာမည်ကြီးလာတဲ့ မစ်ကီ၊အမေရိကန်နိုင်ငံ စီးပွါးရေးပျက်ကပ်ကာလထဲက မစ်ကီ၊ဒုတိယကမ္ဘာစစ်အတွင်းက မစ်ကီ၊ဒုတိယ ကမ္ဘာစစ်အလွန် စစ်အေးကာလက မစ်ကီ၊လူမျိုးရေးခွဲခြားမှုတွေ ကြားထဲက မစ်ကီ၊ဗီယက်နမ်စစ်ပွဲကြားက မစ်ကီ၊မူပိုင်ခွင့်တွေကြားထဲက မစ်ကီ…အစရှိသဖြင့် မစ်ကီဟာ ကာလမျိုးစုံကို ပုံစံမျိုးစုံနဲ့ ဖြတ်သန်းခဲ့ရပါတယ်ကမ္ဘာပေါ်က အတွေ့အကြုံ အရင့်ကျက်ဆုံး ကာတွန်းဇာတ်ကောင်လို့ ဆိုလိုက်ရင် မစ်ကီကိုပဲ ပြရမှာပါ2022 နိုဝင်ဘာမှာ 94 နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့မစ်ကီကို ကာတွန်းဇာတ်ကောင်ထက်ပိုတဲ့ သက်ရှိပြယုဂ်အဖြစ် ယနေ့ထက်တိုင် တစ်ကမ္ဘာလုံးက လက်ခံထားကြဆဲ ဖြစ်သလို မစ်ကီရဲ့ ရုပ်ပုံတွေကလည်း နေရာအနှံ့မှာ နေရာယူထားဆဲပါ

><><><><><><><><><><><><><

Channelအရင်Joinပါ
😏

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2500899647/600
Please open Telegram to view this post
VIEW IN TELEGRAM
Plankton: The Movie [2025]

Review 📃

ကျွန်တော်တို့ ငယ်ငယ်တည်းက သည်းခြေကြိုက်ဖြစ်တဲ့ nickelodeon က SpongeBob SquarePantsဇာတ်ကားလေးလာပါပြီ။ ဒီကားကတော့ အရင်တုန်းကလို အပိုင်းနဲ့ မဟုတ်ပဲ တစ်ကားတည်းနဲ့အပြီးပါ။မူရင်း SpongeBob SquarePants က အသံသရုပ်ဆောင်တွေပဲဖြစ်ပြီး Netflix က အသစ်စက်စက်ထုတ်လုပ်ထားတာပါ။ဒီဇာတ်လမ်းမှာတော့SpongeBobအကြောင်းမဟုတ်ပဲ ရှယ်ဒန်ပလိန်းတိန် နဲ့သူ့ရဲ့ စက်ရုပ်မလေးတို့အကြောင်းကို အဓိကရိုက်ပြထားတာပါ။ရှယ်ဒန်ပလိန်းတိန် ကသူအရင်ကအတိုင်းပဲ မစ္စတာခရက်ဘ်ရဲ့လျှို့ဝှက်ဖော်မြူလာကို ရဖို့ကြိုးစားပြီးကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြံစဉ်ရင်း သူရဲ့ လက်တွဲဖော်စက်ရုပ်မလေး နဲ့ကြားက ဆက်ဆံရေးကိုသီချင်းလေးတွေနဲ့ မြူးမြူးကြွကြွ မူလ ခံစားချက်မပျက်အောာင် တင်ဆက်ပေးထားတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ။

><><><><><><><><><><><><><

Channelအရင်Joinပါ
💗

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2500899647/602
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Barbie: Skipper and the Big Babysitting Adventure [2023]

Review 📃

ဘာဘီကားကြိုက်တဲ့သူတွေအတွက်ဘာဘီကားလေးလာပါပြီ။ ဒါပေမဲ့ဒီကားလေးကတော့ ဘာဘီ့ညီမဖြစ်တဲ့စကစ်ပ်ပါရဲ့ ဇာတ်ကားလေးပါ။ နွေရာသီပိတ်ရက်မှာ ကလေးထိန်းစင်တာလေးဖွင့်ထားတဲ့စကစ်ပ်ပါတစ်ယောက် အဆင်ပြေပြေကလေးထိန်းနိုင်ပါ့မလား..ဘယ်လိုပြဿနာတွေဖြစ်ပြီး သူ့သူငယ်ချင်းတွေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကတော့…

><><><><><><><><><><><><><

Channelအရင်Joinပါ
💗

https://t.me/+eWZ3V9yNm8NjNGZl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2531132495/135
Please open Telegram to view this post
VIEW IN TELEGRAM
Wicked [2024]

Review 📃

ဒီရုပ်ရှင်ကတော့ ကမ္ဘာကျော် ဂီတပြဇာတ်ကြီး Wicked ကိုရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတာပါပဲ။စကာတင်ဆု ၁၅၀ နီးပါးနဲ့ ဆုပေါင်း ၃၆ ခု ရရှိထားပါတယ်။

The Wizard of Oz ထဲက wicked of the west စုန်းမဖြစ်တဲ့ အယ်ဖာဘာရဲ့ မူလ အော်ရယ်ဂျင်နောက်ခံ ဇာတ်ကြောင်းနဲ့ ဗီလိန်တစ်ယောက် ဘယ်လိုဖြစ်လာလဲဆိုတာကိုPrequel Film အနေနဲ့ မူလကားရဲ့ Refrence တွေကို ယူထားပေမယ့် Musical အနေနဲ့ ရိုက်ပြထားတာက ဒီကားကို နာမည်ကြီးစေတာလို့ပြောလို့ရတယ်အားလုံး လူဆိုးလို့ထင်နေကြတဲ့ အစိမ်းရောင်စုန်းမကြီးက လူကောင်းစင်စစ်ဖြစ်နေပါလားဆိုတာကို လက်ခံသွားအောင် ရိုက်ပြထားပြီးသုံးသွားတဲ့ အပြင်အဆင်တွေနဲ့ Cast တွေကလည်း အပိုအလိုမရှိဘဲ လက်ခံပေးလို့ရတယ်

ဒီရုပ်ရှင်အကျဉ်းကတော့ လူတွေအထင်လွဲပြီး ကြောက်ကြတဲ့ အစိမ်းရောင် မှော်ဆရာမလေး အယ်ဖာဘာ နဲ့ လူတိုင်းချစ်ကြတဲ့ ကောင်မလေး ဂလင်ဒါတို့ မှော်ကျောင်းကြီးမှာ သူငယ်ချင်းဖြစ်သွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ အော့ဇ်တိုင်းပြည်ရဲ့ မှော်ဆရာကြီးနဲ့ တွေ့ဖို့ သွားကြရင်း မထင်ထားတဲ့ စွန့်စားခန်းတွေ ဖြစ်ပေါ်လာပုံနဲ့ ကြောက်စရာစုန်းမဆိုးကြီး ပေါ်ပေါက်လာပုံကို ပြသထားတာပဲဖြစ်ပါတယ်။ သေချာပေါက် ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။

><><><><><><><><><><><><><

Channelအရင်Joinပါ
🎀

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/367
Please open Telegram to view this post
VIEW IN TELEGRAM
The Witches [ 2020 ]

Charlie ဆိုတဲ့ကောင်လေးဟာ မိဘနှစ်ပါးကိုဆုံးရှုံးပြီးနောက် အဖွား Agatha နဲ့အေးချမ်းစွာနေထိုင်နေသူပါ။ တစ်နေ့မှာ ဈေးဆိုင်တစ်ခုမှာ မိန်းမတစ်ယောက်က သကြားလုံးနဲ့ Charlie ကိုမြူဆွယ်လာတာကြောင့် အဖွားအနေနဲ့ ထူးခြားမှုခံစားပြီး အိမ်ကနေအဝေးတစ်နေရာသို့ ပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ တကယ်တော့ အဲ့မိန်းမဟာ ကလေးတွေကိုမုန်းတီးတဲ့ စုန်းမအဖွဲ့က တစ်ယောက်ဖြစ်နေပါတယ်။ သူတို့က ကလေးတွေကိုသကြားနဲ့ဆွဲဆောင်ပြီး တိရစ္ဆာန်အသွင်ပြောင်းပစ်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် Charlie နဲ့အဖွားကစုန်းမရန်ကနေလွတ်မြောက်ဖို့ ဟိုတယ်တစ်ခုကိုမှာတည်းခိုကြပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်စုန်းမအဖွဲ့ကလည်း ထိုဟိုတယ်ထဲမှာပဲတည်းခိုနေတဲ့အခါ Charlie တို့ရင်ဆိုင်မှုစစ်မှန်တစ်ခုပဲစတင်လာပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
❤️

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/369
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Coraline [ 2009 ]

Review 📝

သည်းထိတ်ရင်ဖိုလျှို့ဝှက်ဆန်းကြယ် ကာတွန်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။လူကြီးမင်းတို့ရဲ့ မျက်လုံးကိုဖယ်ထုတ်ပြီးကြယ်သီးတွေနဲ့အစားထိုးတပ်ခံထားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား?။ မခံစားဖူးရင် ဇာတ်လမ်းအကျဉ်းချုပ်လေးဆီသွားရအောင်တကယ်တော့ ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ငယ်ဘဝမှာရင်ထဲထိအမြဲတမ်းစွဲကျန်စေခဲ့တဲ့ ကာတွန်းရုပ်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။

ဒီဇာတ်ကားလေးမှာ ကိုရာလိုင်း (Coraline)ဆိုတဲ့ကလေးမလေးကအဓိကသရုပ်ဆောင်ထားပါတယ်။ စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့။ သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာအဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
💗

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/371
Please open Telegram to view this post
VIEW IN TELEGRAM
Night Of The Zoopocalypse [2024]

Review 📃

ဒီ Animation လေးကတော့ Horror , Comedy အမျိုးအစားလေးဖြစ်ပြီးမိသားစုတွေ အပန်းဖြေပေါ့ပေါ့ပါးပါးလေး ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းလေးကတော့ တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်ရုံ ပေါင်းစုံကနေမထင်မှတ်ထားပဲ Zombie လိုမျိုး အကောင်တွေပျံနှံသွားတာကို ဝံပုလွေမလေး ဂရေစီနဲ့ တိရစ္ဆာန်ရုံ ပေါင်းစုံက တားဆီးတာကို Zombie Apocalypse ဆန်ဆန်လေး ရိုက်ပြထားတာပါ။ဒီထဲက အဓိကဇာတ်ကောင် တစ်ယောက်ဖြစ်တဲ့ တောင်ခြင်္သေ့ကြီးနေရာမှာလဲ Stranger Things ထဲက Jim Hopperနေရာကသရုပ်ဆောင်တဲ့ David Harbour ကဝင်ရောက်အားဖြည့်ပေးထားပါတယ်ကြည့်ရတာ fun ဖြစ်ပြီး ဝေဖန်ချက်တွေလေးကောင်းတာမလို့ကလေးတွေ မိသားစုတူတူကြည့်ရှူမယ်ဆိုရင်တော်တော်လေးအဆင်ပြေတဲ့ ကာတွန်းကားလေးပါ။၊

><><><><><><><><><><><><><

Channelအရင်Joinပါ
🤗

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2500899647/606
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Stand by Me Doraemon [2014]

Review 📃

ဒီ Stand by Me Doraemon ကာတွန်းရုပ်ရှင်က 2014 ခုနှစ်မှာထွက်ခဲ့တာဖြစ်ပြီး38 ကြိမ်မြောက် ဂျပန်အကယ်ဒမီ ကာတွန်းရုပ်ရှင်ဆု ရရှိခဲ့တဲ့ကား ကောင်းတစ်ကားဖြစ်ပါတယ်။

ကလေးတွေအတွက် သာမက လူကြီးတွေအတွက်ပါ ခံစားကြည့်ရှုလို့ရတဲ့ ကာတွန်းကားဆိုလည်းမမှားပါဘူး။ ဒီကားမှာ ဒိုရာမွန် ဇာတ်လမ်းတွဲတွေရဲ့ အစလို့ပြောလို့ရ တဲ့ ..အလွဲလွဲအချော်ချော်နဲ့ လူညံ့ လူပျင်းလေး နိုဘိတဆီကို ဒိုရာမွန်ရောက်လာရတဲ့အကြောင်းအရင်း ကို ဇာတ်လမ်းတည်ထားပါတယ်။နိုဘိတက ကျန်တဲ့နေရာသာ သုံးစားမရပေမယ့် မေတ္တာတရားမှာ တော့ခေသူမဟုတ် ဆိုတဲ့အထဲကပါ။ ဒီကားလေး ထဲမှာ နိုဘိတူရဲ့ခွက်ရှ် ရှီဇူကာအပေါ်ထားတဲ့မေတ္တာ တရားတွေ၊ ဒိုရာမွန်နဲ့ နိုဘီတူတို့ကြားက သံယောဇဉ်တွေ လူတစ်ဖက်သားကိုအနိုင်ကျင့်တတ်တဲ့ဂျီကြီး နဲ့ စနိုတို့ရဲ့ အမူအကျင့်တွေနဲ့ ဇာတ်လမ်းဇာတ်အိမ်ဖွဲ့ လိုက်တဲ့အခါမှာတော့ရယ်စရာလည်းပါ၊ ဝမ်းနည်း တွေ၊ စရာလည်းပါ၊ သနားစရာတွေလည်းပါတဲ့ကာတွန်း ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတော့တယ်။ ကြည့်ရကျိုးနပ်တဲ့ ကာတွန်းကားလေးဖြစ်သလို ဒိုရာမွန် ချစ်သူတွေအတွက်တော့ လုံးဝလက်လွတ်မခံသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
🤩

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2500899647/608
Please open Telegram to view this post
VIEW IN TELEGRAM
Stand by me Doraemon 2 [2020]

Review 📃

ဒီတစ်ခေါက် အပိုင်း၂(၂ဝ၂ဝ) မှာတော့ အတိတ်ကို ပြန်သွားရာကနေဇာတ်လမ်းစခဲ့ပါတယ်နိုဘီတတစ် ယောက်သူ့မွေးနေ့မှာ အိမ်ကိုပြန်လာချိန် မယ်တော် ဘုရားကဘဲဥမကွဲတဲ့ စာမေးပွဲအမှတ်စာရင်းစာရွက်ကိုရှာတွေ့ရာကနေစလို့ အဆူခံရပြီး ပုလဲခလျှက်နဲ့ သူ့အခန်းထဲဝင်လာခဲ့ပါတယ်။အခန်းထဲမှာ အမေဆူတာလွတ်ဖို့ အရေး အရင်လိုပဲ ဒိုရေမွန်ဆီကနေပစ္စည်းဆန်းတွေ သုံးဖို့ကြံနေရင်း သူကိုယ်တိုင်တောင်ဘာမှန်းမသိ တာတွေလျှောက်လုပ်မိကုန်ပါတယ်။

အဲ့ဒီကနေ နိုဘီတရဲ့အဘွားပေးခဲ့တဲ့ ဝက်ဝံရုပ်လေးကိုတွေ့ပြီး အဘွားနဲ့ ပြန်တွေ့ချင်လို့ ဒိုရေမွန်ဆီပူဆာရာကနေစလို့နိုဘီတ ပီသစ္စာ တစ်လွဲအပြည့်နဲ့ဇတ်ထုတ်ကြီးကကြ ပါတော့တယ်။

ဒီဇတ်လမ်းမှာ ဟိုးအရင်ကလို မဟုတ်ဘဲအဘွားနဲ့ နိုဘီတတို့ ကြားက သံယောဇ သံယောဇဉ်ကြိုး မိဘမေတ္တာတို့ ကို မျက်ရည်ဝဲလျှက်နဲ့ ကြည့်ရမှာပါ။နိုဘီတန့်ရင်းနှီး ပြီးသားသူများအဖို့တော့ ကြည့်ရတာ ပိုးစိုးပက်စက် တန်မှာပါ။

><><><><><><><><><><><><><

Channelအရင်Joinပါ
😍

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2500899647/610
Please open Telegram to view this post
VIEW IN TELEGRAM