𝑲𝑶 𝑴𝒚𝒐 ငွေတုရောင်း၀ယ်ရေး🤝
15.8K subscribers
1.03K photos
7 videos
488 links
ဝယ်ယူသူတိုင်100%စိတ်ချရပါတယ်ဗျ🙏
အတုပသတိပြုပါဗျ
Download Telegram
The Shape of water [ 2017 ]

><><><><><><><><><><><><><

ဇာတ်ကားအညွှန်းဖတ်ရန်Link
⬇️⬇️

https://t.me/sushi_reviews_channel/6

Channelအရင်Joinပါ။
⤵️⤵️

https://t.me/+jrZ8nH-prMQ4MzJl

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/c/2940039482/92
Please open Telegram to view this post
VIEW IN TELEGRAM
❤5🔥2👍1
Inuyashiki [2018]

IMDB (7.2/10)

Review 🗒

Rating 7.2 အထိရရှိထားတဲ့ ဒီဂျပန်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားအညွှန်းဖတ်ရန်Link
⤵️⤵️

https://t.me/sushi_reviews_channel/9

Channelအရင်Joinပါ။
⤵️⤵️

https://t.me/+jrZ8nH-prMQ4MzJl

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/c/2940039482/94
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1🔥1
Kaoru Hana wa Rin to Saku[2025]

The Fragrant Flower Blooms with Dignity [2025]

Genres - Drama, Romance

Review 🗒

ယောကျာ်းလေးသီးသန့်ကျောင်း Chidori နဲ့ မိန်းကလေးသီးသန့်ကျောင်း Kikyo တို့ဟာ ဘေးချင်းကပ်ရပ်တွေဆိုပေမဲ့ တစ်ကျောင်းနဲ့တစ်ကျောင်းက မသင့်မြတ်ကြပါဘူး။

တစ်နေ့မှာ Chidori ကျောင်းက ဒုတိယနှစ်ကျောင်းသား Rintaro Tsumugi ဟာ မိဘတွေရဲ့ မုန့်ဆိုင်မှာ အလုပ်ကူလုပ်​​ရင်း Kaoruko Waguri ဆိုသူကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ကြောက်ဖို့ကောင်းတယ်ဆိုပြီး အမြဲအထင်လွဲခံရတဲ့ Rintaro ဟာ Waguri က သူ့ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်တာကြောင့် ပျော်ရွင်နေခဲ့လေရဲ့.....

ဒါပေမဲ့လည်း Rintaro တစ်ယောက် Waguri က Kikyo ကျောင်းသူဖြစ်တယ်ဆိုတာကိုသိသွားလေရဲ့....ထပ်ပြီးတော့ ရေစက်မပါတော့ဘူးလို့ထင်နေတဲ့ Rintaro ဆီ နေထိုင်တဲ့ကမ္ဘာချင်းတူနေပေမဲ့ အလှမ်းဝေးနေတဲ့ ကောင်မလေး Waguri က သူ့ဆိုင်ကို နောက်တစ်ကြိမ် ရောက်လာတဲ့အခါ......

animeကြည့်ရန်Link
😐⤵️⤵️⤵️

https://t.me/sushi_fav_anime_channel/3
https://t.me/sushi_fav_anime_channel/3
Please open Telegram to view this post
VIEW IN TELEGRAM
❤6🤷‍♂1
The Garden of Words [2013]

Review 🗒

ဒီဇာတ်ကားထဲမှာ အသက်၁၅နှစ်အရွယ် အထက်တန်းကျောင်းသား Takao က ဖိနပ်လုပ်သမားဖြစ်ချင်တဲ့ ကောင်လေးတစ်ယောက်ပေါ့။

မိုးရွာတဲ့မနက်ခင်းတိုင်း ကျောင်းပြေးပြီး Tokyo မြို့လယ်ခေါင်ကပန်းခြံထဲမှာ ဖိနပ်ဒီဇိုင်းဆွဲနေရတာကိုနှစ်သက်တဲ့သူပေါ့။ တစ်နေ့တော့ သူဒီဇိုင်းဆွဲနေကြနေရာမှာ သူ့ထက်အသက်ကြီးပြီး Yukino လို့ခေါ်တဲ့ ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ရတယ်။ မိုးရွာတဲ့မနက်ခင်းတိုင်း အမြဲတွေ့ဆုံနေတဲ့အခါမှာ ရင်းနှီးသွားကြပြီး Takao က Yukino ကိုဖိနပ်လုပ်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အဲ့ဒီနောက်သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာ ဘယ်လိုဖြစ်လာမလဲ ၊ Yukino ဆိုတဲ့ကောင်မလေးက ဘယ်လိုလူစားမျိုးလဲ ၊ ဘာတွေကြုံတွေ့လာရမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ Animation အနေနဲ့လည်းအရမ်းကောင်းပြီး လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

Channelအရင်Joinပါ။
🐱

https://t.me/+32hfVN1avtIyZTM1

ဇာတ်ကားကြည့်ရန်Link
✅🤩🤩

https://t.me/c/2849829600/20
Please open Telegram to view this post
VIEW IN TELEGRAM
❤‍🔥1
The Secrect world of Arrietty[2010]

Review 🗒

ဒီတစ်ခါကတော့ Studio Ghibili ရဲ့ လက်ရာတစ်ခုဖြစ်ပြီး လူကြိုက်များတဲ့ The secret World of Arrietty နဲ့ မိတ်ဆက်ပေးပါမယ်။
ကမ္ဘာကြီးပေါ်မှာ ၁၀ စင်တီမီတာသာရှိတဲ့ လူသေးသေးလေး မျိုးနွယ်စုတွေရှိကြပါတယ်။ သူတို့ဟာ အိမ်တွေရဲ့ ကြမ်းခင်းတို့ ဘာတို့အောက်မှာ နေထိုင်ကြပြီး သူတို့က သူ့တို့ကိုယ်သူတို့ ချေးငှားသူတွေလို့ခေါ်ကြကာ လူတွေဆီကနေ သကြားခဲတို့၊ လက်ဖက်ရွက်တို့၊ ဆားခဲတို့ကို လူမသိအောင်ယူရင်း ရှင်သန်နေကြတဲ့သူတွေဖြစ်ပါတယ်။

Arrietty ဆိုတဲ့လူသေးမျိုးနွယ်ဝင်ကောင်မလေးက အသက် ၁၄ နှစ်ပြည့်တော့မှာမို့လို့ သူ့ရဲ့ ပထမဆုံးချေးငှားသူအလုပ်ကို စတင်လုပ်ကိုင်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီလိုနဲ့ Arrietty ရဲ့ ပထမဆုံး အလုပ်စလုပ်တဲ့နေ့ရောက်လာတဲ့အခါ Arrietty က Sho အခန်းထဲက တစ်ရှူးကိုသွားယူဖို့လုပ်ရင်း Sho က သူ့ကိုမြင်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းလေးမှာပဲ ကြည့်ရှုအားပေးကြပါဦးရှင့်။

Channelအရင်Joinပါ။
💗

https://t.me/+32hfVN1avtIyZTM1

ဇာတ်ကားကြည့်ရန်Link
🤩🤩🤩

https://t.me/c/2849829600/22
Please open Telegram to view this post
VIEW IN TELEGRAM
❤3
Howl's Moving Castle [2004]

Review 🗒

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ရွေ့လျားနေတဲ့ရဲတိုက်ကြီးဆိုပြီး နာမည်ကြီးလှတဲ့ Howl's Moving Castle ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းလေးမှာ ဖိနပ်ချုပ်သမားရဲ့ သမီးဖြစ်သူ Sophie ဟာ သူ့ဆိုင်မှာနေရင်း အလုပ်ကြိုစားလုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။
တစ်နေ့တော့ အကျပ်အတည်းနဲ့ကြုံနေတုန်း လျှို့ဝှက်ဆန်းကြယ် မှော်ဆရာလေး Howl က သူ(မ) ကိုကယ်တင်ခဲ့ပါတယ်။

သူတို့နှစ်ဦးချစ်ကြိုက်သွားမှာကို မလိုလားတဲ့ စုန်းမကြီးတစ်ယောက်က Sophie ကို ကျိန်စာတိုက်လိုက်ပြီး Sophie လည်း အဘွားအိုကြီးတစ်ယောက်ဖြစ်သွားပါတယ်။

Sophie ဟာ ကျိန်စာတိုက်ခံရပြီးနောက်မှာ ဘယ်လိုလောကဓံကို တွေ့ကြုံခံစားရမလဲ ၊ Howl နဲ့ရော ပြန်လည်တွေ့ဆုံခွင့်ရှိမလား ၊ ကျိန်စာရောပြန်ပျက်ပြယ်သွားမလား အဘွားကြီးအဖြစ်နဲ့ တစ်သက်လုံးနေသွားရမလားဆိုတာကိုတော့ ဇာတ်လမ်းမှာ ကြည့်ရှုအားပေးနိုင်ပါတယ်။

Channelအရင်Joinပါ။
⛓⛓

https://t.me/+32hfVN1avtIyZTM1

ဇာတ်ကားကြည့်ရန်Link
📥📥📥

https://t.me/c/2849829600/24
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍2🔥1
Castle in the Sky [1986]

Review 🗒

ရွာငယ်လေးတစ်ရွာက အသက် ၁၃ နှစ်အရွယ် မိဘမဲ့ကောင်လေး Pazu က တစ်နေ့မှာ မိုးပေါ်ကနေပြုတ်ကျလာတဲ့ Sheeta ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ဆုံမိပြီး ခင်မိခဲ့ကြပါတယ်။

Sheeta ဟာ ကောင်းကင်ကျွန်းက ရတနာတွေပြည့်နှက်နေတဲ့ Laputa ရဲတိုက်ကြီးနဲ့ ချိတ်ဆက်နေတဲ့ သူ့ရဲ့ဆွဲသီးလေးကိုလိုချင်နေတဲ့ အစိုးရနဲ့ ဓားပြတွေဆီကနေ ထွက်ပြေးလာခဲ့ကြောင်း Pazu ကို ပြောပြခဲ့ပါတယ်။

ရတနာတွေကို ရယူဖို့ Sheeta ကိုလိုက်ဖမ်းနေတဲ့ အစိုးရနဲ့ ဓားပြတွေဆီကနေ သူတို့နှစ်ယောက်လွတ်မြောက်နိုင်မလား၊ အစိုးရနဲ့ ဓားပြတွေထက်အရင် ရဲတိုက်ကြီးရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ကြမလား ဆိုတာကတော့ ဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

><><><><><><><><><><><><><

Channelအရင်Joinပါ။
⛓⛓

https://t.me/+32hfVN1avtIyZTM1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2849829600/26
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Kung Fu Panda 4 [2024]

Review 🗒

ဒီကာတွန်းလေးကတော့ လူတိုင်းသိကြတဲ့ ကွန်ဖူးပန်ဒါရဲ့ လေးကားမြောက်အဆက်ပါ...
ဒီကားမှာတော့ ပို ဟာ တောင်ကြားမြို့လေးရဲ့ ဆရာအသစ်ဖြစ်လာမှာဖြစ်ပြီး ဆရာအသစ်မဖြစ်ခင်မှာ သူ့ရဲ့နဂါးသူရဲကောင်းနေရာကိုဆက်ခံဖို့ တပည့်တစ်ယောက်ကိုမွေးထုတ်ပေးရမှာမလို့ တပည့်ရှာရင်း အရည်အချင်းရှိတဲ့ မြေခွေးလေး ဂျန် ကိုတွေ့ပေမဲ့ အဲ့ဒီမြေခွေးလေးက ပိုကို သူ့ဆရာအဖြစ်မသတ်မှတ်တဲ့အခါ ဘယ်လိုတွေဖြစ်လာမလဲ...
မှော်အစွမ်းထက်ပြီး ကြောက်စရာကောင်းတဲ့ The Chameleon ဆိုတဲ့ ပုတ်သင်ညိုတစ်ကောင်က အတိတ်က Tai Lung, Lord Shen နဲ့ Kai တို့လို လူဆိုးကြီးတွေကို ပြန်ခေါ်နိုင်တဲ့ထိစွမ်းအားကြီးလာတဲ့အခါ....သူ့ကိုရင်ဆိုင်ရမယ့်နည်းလမ်းကိုအရေးတကြီးလိုအပ်လာတာကြောင့် ပိုနဲ့ ဂျန် တို့ဟာ တောင်ကြားမြို့ကနေစွန့်ခွာပြီး ပထမဆုံးအကြိမ် ဒုစရိုက်မြို့တော်ဆီကို အတူထွက်လာတဲ့အခါ ဘာတွေနဲ့ကြုံလာရမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှူသွားရမှာဖြစ်ပါတယ်။

><><><><><><><><><><><><><l

ဇာတ်ကားကြည့်ရန်Link
📥📥📥

https://t.me/Sushi_Cartoon_World/1801
Please open Telegram to view this post
VIEW IN TELEGRAM
❤6
Truth Or Dare [2018]

Review 🗒

ဒီကစားနည်းက အနောက်နိုင်ငံမှာ ကလေးတွေအပျော်ဆော့တဲ့ ကစားနည်းတစ်ခုပါ။ ဝိုင်းဖွဲ့ပြီးကစားရတဲ့
ဂိမ်းပါ။ ပါဆယ်ဂိမ်းကစားတာနဲ့ဆင်ပါတယ်။ဒါပေမဲ့
သူ့မှာထူးခြားတာက အမြဲတမ်းခိုင်းတာကို လုပ်စရာမလိုပါဘူး။ အလှည့်ကျတဲ့လူကို အမှန်ပြောမလား စိန်ခေါ်
မလားလို့မေးရပါတယ်။ အမှန်ပြောမယ်ဆိုရင် တကယ့်အမှန်ကိုပြောရပါတယ်။စိန်ခေါ်မယ်ဆိုရင် ခိုင်းတာကို တကယ်လုပ်ရပါတယ်။ ပျော်စရာကောင်းတဲ့ကစားနည်းပါ။

ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ အဲဒီကစားနည်းကို
ကေလက်စ်ဆိုတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကဝင်စီးပြီးတော့ ကစားခိုင်းတဲ့အခါမှာတော့ ဂိမ်းကလူတွေ သေဆုံးတဲ့အထိဖြစ်လာတယ်။အချစ်ဆုံးသူငယ်ချင်းတွေ သွေးကွဲပြီး တစ်ယောက်ကိုတစ်ယောက် မယုံသင်္ကာတွေဖြစ်လာပါတော့တယ်။

ဆေးကျောင်းသားသူငယ်ချင်းတစ်သိုက်က နွေရာသီကျောင်းပိတ်ရက်မှာ အားလပ်ရပ်ရတာနဲ့ အပျော်ခရီးထွက်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။သူငယ်ချင်းတွေစုပြီးတော့ မက္ကစီကိုနိုင်ငံကိုခရီးထွက်ကြတာပါ။ အားလုံး
မက္ကစီကိုမှာ ပျော်ပါးကြရင်းနဲ့ဘားမှာ သူစိမ်းတစ်ယောက်နဲ့ဆုံပြီးသူက အားလုံးကို ချက်ကျောင်းအဟောင်းကြီးတစ်ခုကို ခေါ်သွားခဲ့ပါတယ်။


ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/youthfavouritemovies/99
Please open Telegram to view this post
VIEW IN TELEGRAM
❤8👍2🥰2
Casablanca [1942]

IMDB [8.5/10]

Review 🗒

ခင်ဗျားတို့ဘဝမှာ လုံးဝမမေ့နိုင်လောက်အောင်ချစ်ခဲ့ရတဲ့သူပြီးရင် အဲ့ဒီလူအတွက် ဘာမဆိုပေးဆပ်ရဲအောင်ချစ်ခဲ့ပြီးမှ စွန့်လွှတ်လိုက်ရတာမျိုးကြုံဖူးလား‌

ဇာတ်ကားနာမည်က Casablanca ပါ လူတော်တော်များများက Casablanca ဆိုတဲ့ နာမည်ကိုကြားဖူးကြမှာပါ

အဲ့သီချင်းက အဓိပတိလမ်းမထက်ကခြေရာများဆိုတဲ့ သီချင်းရဲ့ မူရင်းသီချင်းဖြစ်ပြီး Bertie Higgins သီဆိုထားပါတယ်

အဲ့ဒီ့သီချင်းထဲမှာ ရုပ်ရှင်ထဲက As Time Goes By ဆိုတဲ့ theme song နာမည်ကိုထည့်ဆိုထားသလို movie script ဖြစ်တဲ့ A kiss is just a kiss in Casablanca ဆိုတာကိုလည်း ထည့်ဆိုထားပါသေးတယ်

ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်ကိုအခြေခံပြီး ရိုက်ထားတာပါ နိုင်ငံရေးနဲ့ အချစ် ရောပြွန်းထားတဲ့ဇာတ်ကားပုံစံပေါ့

ယခုထိတိုင် ဟောင်းပေမယ့် ကောင်းနေဆဲပါပဲ ရစ်ခ်နဲ့ အယ်လ်ဆာဟာ Paris မှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်

အရမ်းကို ရိုမန့်ဆန်တဲ့ချစ်သူနှစ်ယောက်ပါ သူတို့နှစ်ဦးစန္ဒရားသမားကိုတီးခိုင်းပြီး အမြဲနားထောင်လေ့ရှိတဲ့ သီချင်းတစ်ပုဒ်က As Time Goes By ဆိုတဲ့ သီချင်းပါပဲ ကြည့်ဖူးသမျှထဲမှာတော့ အကောင်းတကာ့ အကောင်းဆုံးကားပါပဲ။

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/youthfavouritemovies/100
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍2🔥2
( Game of Thrones Season 1 to 8 စဆုံး )

ဒီ TV Series ကို April 17, 2011 ခုနှစ်မှာ HBO ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

George R.R. Martin ရဲ့ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ “A Song of Ice and Fire” စာအုပ်ကိုအခြေခံပြီး ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ…မိသားစုတွေ….နဂါးတွေ…လူရိုင်းတွေ…လူသန်ကြီးတွေမကောင်းဆိုးဝါးတွေ…စတဲ့ မျိုးနွယ်မတူကြသူတွေတိုက်ခိုက်ကြမှာ ဖြစ်ပြီးကြမ်းကြုတ်ရက်စက်မှုတွေ…..မေတ္တာတရားတွေ…လိမ်လည်လှည့်ဖျားမှုတွေ…ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။

ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီးသတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။
အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။တကယ်လဲ လူ့လောကကြီးဆိုတာ အင်အားကြီးသူက အနိုင်ကျင့်ဗိုလ်ကျတဲ့ တောနက်ကြီးတစ်ခုပဲ မဟုတ်လား။

ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့်
နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် စီးရီးမျိုးဖြစ်ပါတယ်။

Adventure | Drama | Fantasy | 18+ အမျိုးအစားဖြစ်ပြီး IMDb Rating က (9.5/10) ထိရရှိထားတာဖြစ်ပါတယ်။

Rating မြင့်သလို ဇာတ်ညွှန်းကလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ TV Series တစ်ခုဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးရုပ်ရှင်စီးရီးထဲမှာ Top ပါပဲ။

Channelအရင်Joinပါ။
💬⬇️⬇️
https://t.me/+nz_P2oJjahBlZWVl

Game of Thrones Season 1
⬇️
https://t.me/c/2705048833/115

Game of Thrones Season 2
⬇️
https://t.me/c/2705048833/125

Game of Thrones Season 3
⬇️
https://t.me/c/2705048833/136

Game of Thrones Season 4
⬇️
https://t.me/c/2705048833/147

Game of Thrones Season 5
⬇️
https://t.me/c/2705048833/158

Game of Thrones Season 6
⬇️
https://t.me/c/2705048833/169

Game of Thrones Season 7
⬇️
https://t.me/c/2705048833/180

Game of Thrones Season 8
⬇️
https://t.me/c/2705048833/188
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍2🔥2
Clueless [1995]

Review 🗒

ပေါ့ပေါ့ပါးပါး အချစ်ကားလေးတွေ၊ ကျောင်းသားအချစ်ဇာတ်လမ်းတွေ ကြိုက်တတ်သူတွေအတွက်တော့ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။

၁၉၉၅ ခုနှစ်ဝန်းကျင်က အမေကန်မှာရှိတဲ့ အထက်တန်းကျောင်းသားတွေရဲ့ သဘာဝတွေကို ထင်ဟပ်ပြထားပါတယ်။ နောက်ပြီး Clueless ဆိုတာ ခေတ်အဆက်ဆက် အကောင်းဆုံးဆယ်ကျော်သက်ရုပ်ရှင်တွေထဲမှာ ပါဝင်ခဲ့သလို၊ ဇာတ်လမ်းထဲမှာ သုံးခဲ့တဲ့ ဗန်းစကားတွေကလည်း အတော်နာမည်ကြီးခဲ့ပါတယ်

လူချမ်းသာရပ်ကွက်က လိုတိုင်းတရနေတဲ့ အထက်တန်းကျောင်းသူကောင်မလေး၊ ဈေးဝယ်ထွက်ဖို့နဲ့ ဖက်ရှင်ကျကျဝတ်စားဖို့ကို အလေးပေးတတ်သူ၊ ပါတီတွေတက်ပြီး ပျော်ပျော်ပါးပါး အလှပြချင်သူ။
ပါတီတက်ရတာကို ကြိုက်တဲ့ အလန်းစားကောင်မလေး ဖြစ်ပေမဲ့ တကယ်ချစ်တဲ့သူကျမှ သူ့ရဲ့အပျိုစင်ဘဝကို ပေးမယ်လို့ ဆုံးဖြတ်ထားသူ

အဲဒီလိုကောင်မလေးနဲ့ စာတော်ပြီးအလုပ်ကြိုးစားတဲ့၊ ပါတီတက်ရတာ ဝါသနာမပါတဲ့၊ သဘောမနောကောင်းတဲ့ တက္ကသိုလ်ကျောင်းသားလေးတို့ အချစ်စစ်ကို ဘယ်လိုရှာတွေ့သွားကြမလဲ

အချစ်နဲ့ ဟာသကို ရောနှောပြီး လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးမှာ မှုံနေအောင်လှတဲ့ မင်းသမီးချော Alicia Silverstone နဲ့အတူ၊ မာဗယ်ရဲ့ Ant-Man မင်းသား Paul Rudd ရဲ့ နုစဉ်ချောစဉ်အခါကို တွေ့မြင်ကြရမှာပါနော်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/youthfavouritemovies/101
Please open Telegram to view this post
VIEW IN TELEGRAM
❤5👍3🔥3
တစ်ဖက်သက် ချစ်နေတဲ့ ကောင်မလေးရဲ့ အချစ်ကိုရဖို့အတွက် ရည်းစားဟောင်း ၇ ယောက်ကို အနိုင်ပိုင်းဖို့ကြိုးစားရမယ့်သူ 🤍

Scott Pilgrim vs. the World
2010 ‧ Action/Comedy ‧ 1h 52m

ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။

Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ နောက်တစ်ချက်အားဖြင့်တော့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့ ပြန်မရနိုင်တော့တဲ့ ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်တွေမှာရှိနေခဲ့တဲ့ အငွေ့အသက်မျိုးပေးနိုင်တဲ့ကားလို့ ပြောလို့ရပါတယ်။ အဲဒီအငွေ့အသက်ကို ခင်ဗျား ဇာတ်လမ်းကတင်မဟုတ်ဘဲ သရုပ်ဆောင်တွေဆီကပါ ရလိမ့်မယ်။

Chris Evans, Brie Larson, Mary Elizabeth Winstead, Aubrey Plaza, Brandon Routh, Ellen Wong, Alison Pill နဲ့ Anna Kendrick တို့ကို ခင်ဗျား ဘယ်တော့မှ ထပ်မမြင်ရတော့မယ့်ပုံစံတွေနဲ့ မြင်ရလိမ့်မယ်။ မြင်ရရင်တောင် ဒီလိုမဟုတ်ဘဲ ကြောင်တောင်တောင်ဖြစ်နေမှာပဲ။ စကော့အဖြစ်သရုပ်ဆောင်တဲ့ Michael Cera ကိုလည်း ခင်ဗျား ဒီလိုပုံစံနဲ့ထပ်မြင်ရတော့မှာမဟုတ်ဘူး။ ပိုထူးတာက Jason Schwartzman ပဲ။ ဝက်စ်အန်ဒါဆန်ကားတွေတိုင်းပါခဲ့ဖူးတဲ့ သူ့ကို ဒီမှာမြင်ရတဲ့အဖြစ်မျိုးက ကြောင်တောင်တောင်တော့နိုင်ပေမဲ့ မိုက်လည်းမိုက်နေတယ်။ ပါတဲ့ပုံစံကလည်း စားတာကိုး။ မဆန်းပါဘူး ဂရပ်ဖစ်နိုဗယ်ကို ပြန်ရိုက်ထားပြီး စာအုပ်ကို အပြည့်အဝသစ္စာရှိထားတော့ ကြောင်တောင်တောင်ကြီးလုပ်ပြမနေမှကို ဆန်းနေမှာ။

ဇာတ်လမ်းအကျဉ်းကတော့ ရှင်းရှင်းလေးပဲ။ Scott Pilgrim ဆိုတဲ့ကောင်လေးက ကောင်မလေးတစ်ယောက်ကိုချစ်မိတယ်။ သူ့အချစ်ကိုရဖို့ အဲဒီကောင်မလေးရဲ့ ဆိုးရွားလှတဲ့ ရည်းစားဟောင်းခုနှစ်ယောက်ကို အနိုင်ပိုင်းရတယ်။ ဒါတွေကို ဂီတာဟီးရိုးလိုလို စထွိဖိုက်တာလိုလို မြင်ရုံနဲ့ Nostalgia ဖြစ်မယ့် အကွက်ဆန်းကြီးတွေနဲ့ချည်းပြသွားတာ။ တစ်ခါတလေ နိုင်ပုံနိုင်နည်းတွေကလည်း တော်တော်ဂလည်အူကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့ Inner Logic ထဲဆို‌တော့ "လခွမ်းဟ" ဆိုပြီး ဖြစ်သွားရုံကလွဲ ကြည့်ကောင်းနေတာပါပဲ။ ဆက်တင်တွေကလည်း တော်တော် Nostalgia ဖြစ်တယ်။ ဒါကြောင့်လည်း တချို့က Scott Pilgrim vs. the World ကို စီနီမာရဲ့ တစ်ထောင့်တစ်နေရာက စီနီမာစစ်စစ် အရသာပေးနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလို့ဆိုကြတယ်။

><><><><><><><><><><><><><
🤩

Channelအရင်Joinပါ။
🤩

https://t.me/+jrZ8nH-prMQ4MzJl

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/c/2940039482/98
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍3🔥2
What a Girl Wants [2003]

Review 🗒

ဒက်ဖနီဆိုတဲ့ကောင်မလေးက ငယ်စဉ်ကတည်းက အဖေ့ကိုတွေ့ဖို့မျှော်လင့်ရင်းကြီးပြင်းလာခဲ့ရသူပါ

သူ့အဖေနဲ့အမေကတော့ အဆင့်အတန်းကွာခြားမှုတွေကြား ဝေးကွာသွားခဲ့ရသူတွေပါ သူ ၁၇ နှစ်ပြည့်တော့ အဖေဖြစ်သူ တော်ဝင်မျိုးနွယ်အမတ်ဒက်ရှ်ဝုဒ်ကိုတွေ့ဖို့လိုက်လာခဲ့ပါတယ်

သူ့ရဲ့လွတ်လပ်ပေါ့ပါးတဲ့ပုံစံနဲ့ တော်ဝင်အနွယ်တို့ရဲ့ဣ​န္ဒြေကြီးမားတဲ့ပုံစံတွေကြား ကွာခြားမှုတွေ ကြောင့် သတင်းစာတွေထက်အတင်းအဖျင်းတွေပြောခံခဲ့ရတယ်

အဖေ့မှာစေ့စပ်ထားသူတစ်ယောက်ရှိနှင့်နေပြီး သူ့မှာကလည်းသမီးတစ်ယောက်ရှိနေပါတယ်သူတို့ကလည်းစင်ဒရဲလားပုံပြင်လေးလိုပဲ ဒက်ဖနီအပေါ်အကွက်ချမကောင်းကြံပြီး အမေရိကန်ဆီပြန်ပို့ချင်နေတာပါ

ဒက်ဖနီဟာ အဖေဖြစ်သူကိုချစ်တဲ့စိတ်ကြောင့် သူ့ကိုယ်သူပြောင်းလဲရင်း ချစ်ရသူအီရန်နဲ့လည်းဝေးသွားခဲ့ရတယ်

တဖြည်းဖြည်းချင်းအဆင်မပြေမှုတွေကြားသည်းခံနေရရင်း သူ့ဘဝအမျှော်လင့်ဆုံးဖြစ်တဲ့ ဖခင်ဖြစ်သူနဲ့တွဲကဖို့ကို အမေပါသမီးကလာဆီရာကလုသွားတာမြင်လိုက်ရချိန်မှာ သူသည်းမခံနိုင်တော့ပါဘူး ။

Channelအရင်Joinပါ။
📥📥

https://t.me/+NIDwqKXyKh00ZWY1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2709641645/74
Please open Telegram to view this post
VIEW IN TELEGRAM
❤3
Low Season [2020]

Review 🗒

ဇာတ်ကားနာမည် “ခရီးသွားပါးချိန်” ဆိုတဲ့အတိုင်းပါပဲ
ခရီးသွားရာသီမဟုတ်တဲ့ မိုးရာသီတစ်နေ့မှာ
တောင်ပေါ်တည်းခိုစခန်းလေးတစ်ခုကို
ဧည့်သည်ကောင်မလေးတစ်ယောက်
ရောက်လာပါတော့တယ် ကောင်မလေးဟာ
မွေးကတည်းကသရဲတွေကိုမြင်ရပြီး
သူ့ရဲ့အဲ့အချက်ကြောင့် ကောင်လေးတွေထားခဲ့တာကို
ခဏခဏခံရသူလည်းဖြစ်ပါတယ်။
နောက်ဆုံးတွဲခဲ့တဲ့ စီနီယာအစ်ကိုကြီးချောချောလေးဟာလည်း
နာမည်ကြီးပြီးနောက်ပိုင်း ရုပ်ရှင်မင်းသမီးတစ်ယောက်နဲ့ဖောက်ပြန်လို့
အသည်းကွဲပြီး ဒီတောင်ပေါ်စခန်းလေးကို ရောက်လာပါတော့တယ်။
ထူးခြားတာက အဲ့ဒီတောင်ပေါ်စခန်းလေးက
အသည်းကွဲသမားတွေပဲစုနေတဲ့နေရာ…
အဲ့ဒီတော့ အသည်းကွဲသမားအချင်းချင်း
တစ်ယောက်ဒဏ်ရာတစ်ယောက် ဘယ်လိုကုစားကြမလဲ။
ဘယ်လိုအမှတ်တရတွေကိုဖန်တီးကြမလဲ။
သရဲနဲ့ပတ်သက်ပြီးရော ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲဆိုတာကို
ချင်းမိုင်ရဲ့သဘာဝတောတောင်ရေမြေအလှအပလေးတွေနဲ့
ချစ်စရာရိုးရာဓလေ့လေးတွေကိုခံစားရင်း
စိတ်လှုပ်ရှားဖွယ်ကြည့်ရှုကြရမှာဖြစ်ပါတယ်။
မင်းသားချော Mario နဲ့ ချစ်စရာမင်းသမီးလေး Ploypailinတို့
chemistryမိမိလေး ပါဝင်သရုပ်ဆောင်ထားတဲ့
Romance Horror Comedy ဇာတ်ကားလေးကို
ကြည့်ရှုခံစားလိုက်ကြပါဦး

><><><><><><><><><><><><><

Channelအရင်Joinပါ။
📥📥

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2860692056/171
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Zodiac [2007]

Review 🗒

Robert Downey Jr. ,Jake Gyllenhaal , Mark Ruffalo တို့လို တကယ့်ထိပ်တန်းမင်းသားတွေနဲ့ ဒါရိုက်တာကြီး David Fincher ရဲ့  နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါပဲ ၁၉၆၈ လောက်မှာ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ Zodiac  Sign နာမည်ခံ လူသတ်သမားအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်

ထူးခြားတာက ဒီလူသတ်သမားကို ခုချိန်ထိ ဖမ်းမမိသေးဘဲ သူဘယ်သူလဲဆိုတာကို ဒါရိုက်တာ David Fincher တို့အဖွဲ့ဟာ အချိန်ကြာမြင့်စွာသုတေသနပြုလုပ်ပြီး ဒီရုပ်ရှင်ကားကိုရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းသွားကတော့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်

ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ် သူ့သတင်းတွေကို သတင်းစာခေါင်းကြီးပိုင်းတွေထည့်ပေးဖို့နဲ့ မထည့်ပေးရင် ထပ်ပြီးလူသတ်မှုတွေကျူးလွန်နေမယ်ဆိုတဲ့ခြိမ်းခြောက်ထားတယ်

ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ တရားခံမပေါ်သေးတဲ့ လူသတ်မှုတွေဖြစ်နေတယ်

အဲ့ဒီအချိန်ကစပြီး ရဲတွေလည်းခြေရာခံရင်း သတင်းထောက်တွေကလည်းခြေရာခံရင်း လူသတ်သမားကလည်းလူတွေသတ်ရင်းတရားခံကိုလက်ပူးလက်ကြပ်မဖမ်းနိုင်လောက်အောင် သက်သေတွေ သဲလွန်စတွေ အမှုကွင်းဆက်တွေ ပျောက်သွားရင်းနဲ့ နှစ်ပေါင်း ၃ဝကျော်ကြာတဲ့အထိ အမှုဟာ သို့လော သို့လောနဲ့ဖြစ်နေခဲ့ပါတယ်

တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာမလို့ ပိုလို့ကြောက်စရာကောင်းပြီးပါဝင်တဲ့မင်းသားတွေ နာမည်ကြီးသလောက် ဇာတ်လမ်းဟာလည်း အစကနေအဆုံးတိုင်အောင် ကောင်းမွန် ရှည်လျားလှပါတယ်

၁၉၇၀ ခုနှစ်ဝန်းကျင် နည်းပညာတွေ သိပ်မဖွံ့ဖြိုးသေးခင် အမေရိက ဆန်ဖရန်စစ္စကိုမှာ ရဲတပ်ဖွဲ့ဘယ်လိုအမှုလိုက်တယ်ဆိုတာကို ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ရမှာပါ Director’s Cut Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင်ဗားရှင်းထက် ပိုမိုရှည်လျားပြီး ၃ နာရီနီးပါး အမှုလိုက်ကြရမှာပါ။

Channelအရင်Joinပါ။
⤵️⤵️

https://t.me/+NIDwqKXyKh00ZWY1

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/c/2709641645/77
Please open Telegram to view this post
VIEW IN TELEGRAM
👍2🔥2👏2
Channelအရင်Joinပါ။⤵️⤵️

https://t.me/+NoKRmrrtqW5mNzI1

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

Lupin The Third: Dragon of Doom [1994]
https://t.me/c/2444359865/736

Lupin The Third: The Secret of Twilight Gemini (1996)
https://t.me/c/2444359865/738

Lupin The Third: The Columbus Files (1999)
https://t.me/c/2444359865/740

Lupin The Third: Jigen's Gravestone {mmsub}
https://t.me/c/2444359865/742

Lupin III: The First (2019)
https://t.me/c/2444359865/744
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍2🥰2
ဒုတိယ ကမ္ဘာစစ်အတွင်း တိုက်လေယာဉ်တွေ တည်ဆောက်ခဲ့တဲ့ Jiro Horikoshi ရဲ့ဘဝကို အခြေခံ ရိုက်ကူးထားတဲ့ ကားလေး 🌟

The Wind Rises [ 2013 ]

Review 🗒

ဇာတ်လမ်းလေးကတော့ ၁၉၂၀ ဝန်းကျင် အချိန်အခါကဂျပန်ပြည်အခြေအနေများအကြောင်းကို အခြေခံပြီး ရိုက်ကူးရေးဆွဲထားတာဖြစ်ပါတယ်။

ဒီကားအဓ်ိကဇာတ်ဆောင်ရဲ့ ငယ်ဘဝအိမ်မက်က အရမ်းလှပြီး လူသားတွေကိုသယ်ဆောင်နိုင်တဲ့ လေယာဉ်မျိုးကိုဖန်တီးချင်ခဲ့ပေမယ့် သူတကယ်တည်ဆောက်လိုက်ရတာကတော့ စစ်လက်နက်ဖြစ်နေပါတယ်။

ဒါ့အပြင် ၁၉၂၃ တိုကျိုငလျင်နဲ့ ဒုတိယကမ္ဘာစစ် အဖြစ်အပျက်၂မျိုးနဲ့ ဇာတ်လမ်းကို ချိတ်ပေးထားတဲ့အတွက်သုတ ရသ ၂ မျိုး လုံးပေးနိုင်မယ့် animation ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Channelအရင်Joinပါ။
⤵️⤵️

https://t.me/+32hfVN1avtIyZTM1

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/c/2849829600/164
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍2🔥2
10 Things I Hate About You
[ 1999 ]

Review 🗒

တစ်ကျောင်းလုံးရဲ့ အလှပဂေးလေး ''စိတ်ကူးတောင်မယဥ်နဲ့"Clubအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဘီယန်ကာ ကိုမှ ချစ်မိသွားတဲ့ ငမိုက်သားလေး ကမ်မရွန်

ငမိုက်သား ကမ်မရွန် ကတော့ ၁၀နှစ်အတွင်း ကျောင်း၉ ကျောင်းကိုပြောင်းခဲ့ပြီး နောက်ဆုံး ပါဒွာဆိုတဲ့ကျောင်းကြီးကို ရောက်လာခဲ့ပါတယ်
ကျောင်းကိုရောက်ရောက်ချင်းမှာပဲ အလှလေး ဘီယန်ကာကို ချစ်မိသွားတော့တယ်

ငမိုက်သားလေးကတော့ အလှလေး ဘီယန်ကာကို လိုက်ဖို့ကြိုးစားပါတော့တယ် ဒါပေမဲ့ ဘီယန်ကာရဲ့ မိဘတွေက ဘီယန်ရဲ့ အမွှာအမ "ကတ် "
ရည်းစားရမှ ရည်းစားထားရမယ်လို့စည်းကမ်းချထားပါတယ်

"ကတ်"က တည့်တိုးပြောတက်ပြီး ဇီဇာလည်းကြောင်တာကြောင့်
သူတို့ကျောင်းမှာ သူ့ကိုခေါ်ကြတဲ့နမည်ရှိတယ် အဲ့ဒါက ကြောင်တောင်တောင်နဲ့ ဇီဇာကြောင်တဲ့ ကောင်မကြီး ပါ"

နောက်ဘယ်လိုတွေဆက်ဖြစ်မလည်းဆိုတာကိုတော့......

Channelအရင်Joinပါ။
⬇️

https://t.me/+jrZ8nH-prMQ4MzJl

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/c/2940039482/101
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍1🔥1