𝑲𝑶 𝑴𝒚𝒐 ငွေတုရောင်း၀ယ်ရေး🤝
15.8K subscribers
1.03K photos
7 videos
488 links
ဝယ်ယူသူတိုင်100%စိတ်ချရပါတယ်ဗျ🙏
အတုပသတိပြုပါဗျ
Download Telegram
Constantine [ 2005 ]

Review 📝

ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကိုအမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်။ မကောင်းဆိုးဝါးတွေကြားထဲမှာပဲ သူ့ဘဝကိုရှင်သန်ပြီး သူလုပ်ခဲ့တဲ့အရာတွေကြောင့်သူသေရင်ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိပါတယ်။ ဆေးလိပ်အရမ်းသောက်တာကြောင့်အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ။ကွန်စတန်တင်းဟာသူသေရင် ငရဲအစားကောင်းကင်ဘုံကိုတက်ရဖို့အတွက် စွန့်စားမှုတစ်ခုကို အမြဲတမ်းလိုက်ရှာပြီးလုပ်ဖို့ကြိုးစားနေပါတယ်...

><><><><><><><><><><><><><
🍿

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/249
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🔥1
Bridge to Terabithia [ 2007 ]

Review 📝

ဂျက်စ်အရွန်းဆိုတဲ့၁၀နှစ်သားအရွယ်ကောင်လေးဟာ ဆင်းရဲသားမိသားစုမှ မွေးဖွားလာတာနဲ့အညီ ကျောင်းမှာရော အိမ်မှာပါ အနိုင်ကျင့်ခံရတဲ့အထီးကျန်ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။အဲ့ဒီကောင်လေးရဲ့ဘဝထဲကို လက်စလီဘာ့ခ် ဆိုတဲ့ဘေးအိမ်က ကောင်မလေးတစ်ယောက်ဝင်ရောက်လာတာကနေစလို့လုံးဝပြောင်းလဲသွားပါတော့တယ်။

ဂျက်စ်က ပုံဆွဲဝါသနာပါပြီး လက်စလီကစိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးဖြစ်တော့ သူတို့နှစ်ယောက်ဟာ လက်ရှိကမ္ဘာကနေရုန်းထွက်ပြီး“တီရာဘီသီးယား”ဆိုတဲ့ စိတ်ကူးယဉ်နိုင်ငံတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ အဲ့ဒီ Terabithia မှာ ဘုရင်တွေ၊ စွမ်းအင်တွေ၊ သတ္တဝါကြီးတွေ၊ ထူးဆန်းတဲ့အရာတွေကိုဖန်တီးပြီးတော့ စွန့်စားခန်းတွေထွက်ကြပါတော့တယ်။

ဒီလိုစိတ်ကူးယဉ်ပျော်ရွှင်နေကြတဲ့ သူတို့နှစ်ဦးကြားမှာအလွန်စိတ်ထိခိုက်ဖွယ်အဖြစ်အပျက်တစ်ခုဝင်လာတဲ့အခါမှာတော့...

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/250
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍2🔥2
All of Us Are Dead [ 2022 ]

 Review 📝

“ဇွန်ဘီတွေက ရုပ်ရှင်ထဲမှာပဲ ရှိရမှာလေ…ဘာလို့ ငါတို့ကျောင်းမှာလဲ?”
 
သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ၊
ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်၊ ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖို့ကြိုးပမ်းရတဲ့အခါမှာတော့။

ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။
 
ဒီကားလေးထဲမှာ လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/257
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🔥1
Forwarded from đ—Śđ˜‚đ˜€đ—ľđ—ś
Cruella [2021]

Review 📃

ခရူရယ်လာဆိုတဲ့ ဒစ်စနေးရဲ့ နာမည်ကျော် ဗီလိန်ကြီးလာပါပြီ။ ကျတော်တို့ငယ်ငယ်ကတည်းက ခွေးလေးတွေကို လိုက်ဒုက္ခပေးချင်တဲ့ဒီမိန်းမကြီးကို မြင်တာနဲ့ မုန်းခဲ့တာပါ။

အခုတော့ သူ့နေရာကို အမ်မာကျောက်တုံးလေးက ဝင်ပြီးသရုပ်ဆောင်လိုက်တော့လည်း မုန်းလို့မရတော့ပါဘူး။မယ်လီဖီးဆန့် ဂျိုလီကို မုန်းလို့မရသလိုပေါ့။

ဒီ Live action အသစ်ကတော့ အတော်ကောင်းတဲ့အထဲမှာ ပါပါတယ်။ဇာတ်လမ်းဇာတ်ကွက်လည်း အဆင်ပြေတယ်။ခရူရယ်လာဆိုတဲ့ သူဌေးမကြီးဘယ်လိုဖြစ်လာသလဲဆိုတာကို ကောင်းကောင်းပြထားတာပါပဲ။ ရိုက်ထားတာတွေ ဖက်ရှင်တွေကလည်းအတော်ကိုကောင်းပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ။
🥺

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/309
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Forwarded from đ—Śđ˜‚đ˜€đ—ľđ—ś
Bolt [2008]

Review 📃

ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင် ပါတယ်ဘို့တ် ဆိုတဲ့ ခွေးလေးနဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီတို့ဟာထူးခြားတဲ့ဆက်နွယ်မှုနဲ့ တစ်ယောက်ကိုတစ်ယောက်ရှာတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီရဲ့အဖေပြန်ပေးဆွဲခံရပြီးနောက်ဘို့တ်ဟာလည်း သူ့ရဲ့စွမ်းအားတွေနဲ့ သခင်ဖြစ်သူ ပန်နီကိုကာကွယ်ပေးရတဲ့သူလေး ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူကိုယ်တိုင်ထင်မှတ်ထားသလိုမဟုတ်ခဲ့ဘဲ သူ့ဘဝတစ်ခုလုံးကို တီဗီရှိုးတစ်ခုထဲမှာအချိန်ကုန်ခဲ့ရပြီး သူ့ရဲ့ စူပါပါဝါတွေကလည်းအတုအယောင်တွေသာ ဖြစ်နေခဲ့ပါတယ်။ သူ့ရဲပိုင်ရှင် ပန်နီဖြစ်သူ ပြန်ပေးဆွဲခံရပြီး နောက်မှာတော့ဘို့တ်ဟာ ရိုက်ကွင်းကနေ ထွက်ပြေးပြီး သခင်ဖြစ်သူကိုကယ်တင်ဖို့ လိုက်လံရှာဖွေနေခဲ့ပါတယ်။ဆက်တင်ကနေ တစ်ဖဝါးမှ မခွာဖူးသူ ဘို့တ်ဟာ သူ့စူပါပါဝါတွေဟာအစစ်အမှန်တွေလို့ ယုံကြည်နေပြီးအပြင်လောကကြီးထဲမှာ လိုက်လျောညီထွေနေနိုင်ဖို့ ခက်ခဲလာပါပြီ။နောက်ဆုံးမှာတော့ လမ်းကြားကကြောင်လည်လေး မစ်တမ်းစ် နဲ့ သူ့ရဲ့ပရိသတ်အကြီးစားဖြစ်သူကြွက်ကလေး ရိုင်နို တို့နဲ့အတူပြည်နယ်ကျော်ပြီး အိမ်အပြန်စွန့်စားခန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
🍰

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/311
Please open Telegram to view this post
VIEW IN TELEGRAM
❤1
IT: Welcome To Derry [ 2025 ]

Review 📝

Horror လောကရဲ့ ဆရာကြီး Stephen King ရဲ့အကောင်းဆုံးလက်ရာတစ်ခုဖြစ်တဲ့ IT  ဇာတ်လမ်းဆိုရင် လူတိုင်းကြည့်ဖူးကြမှာပါ။

ဒီ Welcome to Derry ဆိုတာက IT ရဲ့ အဓိက ဗီလိန်ကြီး လူပြက်သရဲ ပန်နီဝိုက်စ်ရဲ့ စတင်ပေါ်လာတဲ့အချိန် ၁၉၆၀ ကာလကို အခြေခံထားတယ် ပန်နီဝိုက်စ်က ဘယ်သူလဲ ဘာကြောင့် ဒယ်ရီမြို့လေးမှာ ၂၇ နှစ်တစ်ခါပေါ်လာပြီး ဒုက္ခပေးနေရတာလဲဆိုတာကို ဒီဇာတ်လမ်းတွဲကို ကြည့်ရင် သိသွားပါလိမ့်မယ်။

IT 1 ကားထဲကလို ကလေးတစ်သိုက်နဲ့ သွားထားတဲ့ vibe မျိုးကို ဒီ ဇာတ်လမ်းတွဲမှာ ပြန်ခံစားရလိမ့်မယ်။ အရာအားလုံးက ဒီကလေးတစ်သိုက်ကပဲ စတင်ထားပြီး ပန်နီဝိုက်စ်ကြီး ဒယ်ရီမြို့လေးမှာဘယ်လိုသောင်းကြမ်းဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ပါ။

><><><><><><><><><><><><><

Serieကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/262
Please open Telegram to view this post
VIEW IN TELEGRAM
❤6👍2👎2🔥2
Ponyo [2006]

Review 🗒

သဘောသားတစ်ဦးရဲ့အသက်၅နှစ်သာရှိတဲ့ သားလေးဟာ သူ့အမေနဲ့အတူပင်လယ်နားက တောင်ကုန်းလေးမှာ နေထိုင်တယ်။တစ်နေ့မှာ မမျှော်လင့်ပဲ ရွှေငါးလေးတစ်ကောင်ကို တွေ့ရှိခဲ့တယ်အဲ့ရွှေငါးလေးဟာ ရိုးရိုးငါးလေးမဟုတ်ပဲငါးတစ်ပိုင်းလူတစ်ပိုင်း ဖြစ်ပြီး ဆိုဆုကီဆိုတဲ့ ကောင်လေးကိုသံယောဇဉ် တွယ်မိတယ် ဆိုဆုကီပေးထားတဲ့ပွန်းညို ဆိုတဲ့ နာမည်လေးနဲ့ လူသားတွေအနားမှာ နေခဲ့တယ်လူသားတွေကို မုန်းတဲ့ ပွန်းညို အဖေကသူ့သမီးလေးကို ဆိုဆုကီ ဆီကနေ နည်းအမျိုး"နဲ့ ပြန်လည်လုယူခဲ့ပေမယ့် ပွန်းညိုက ပြန်လွတ်သွားချိန်မှာ သူ့အစွမ်းတွေကြောင့်ဆိုဆုကီတို့မြို့တစ်မြို့လုံးရေနစ်မြုပ်ခဲ့တယ်သူကတော့ လူသားတစ်ယောက်အဖြစ်ဆိုဆုကီရှိကိုပြန်လာခဲ့တယ် ပွန်းညိုရဲ့မှော်အစွမ်းတွေကြောင့် ကမ္ဘာကြီးပျက်လုနီးပါးဖြစ်နေချိန်မှာငါးနှစ်အရွယ်သာရှိတဲ့ ဖြုစင်တဲ့ သူတို့ရဲ့ အချစ်စစ်နဲ့ကမ္ဘာကြီးကိုဘယ်လိုပြန်တည်ဆောက်သွားမလဲပွန်းညိုဟာ လူသားတွေကိုမုန်းတဲ့ သူ့အဖေ နဲ့ပဲရေအောက်မှာ ငါးအဖြစ်ဆက်နေသွားရမလားလူသားအဖြစ် ဆိုဆုကီအနားမှာနေရမလားဆိုတာဇာတ်ကားလေးကိုကြည့်ကြည့်လိုက်ကြနော်။

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/mmsubanime2006/2473
Please open Telegram to view this post
VIEW IN TELEGRAM
👍1
Your Name [2016]

🇯🇵 Kimi no na wa [2016]

ဒါလေးကတော့ ကျွန်မရဲ့အကြိုက်ဆုံး Anime Movie လေးပေါ့နော်🩵

Review 🗒

ဇာတ်လမ်းအစမှာသဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့
စတယ်…တိုကျိုမှာနေတဲ့အထက်တန်းကျောင်း
သားလေး နဲ့ နယ်မြိုလေးကကောင်မလေး
တိုဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့…အမှန်
က ခန္ဓာကိုယ်လဲတယ်ဆိုတာထက်စိတ်ချင်းလဲ
သွားတယ်ဆို ပိုမှန်ပါတယ်…သူတိုနှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို ကြိုးစားကြပါတော့တယ်.. ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင်
မဟုတ်ပဲသူတိုနှစ်ယောက်ရဲ့အချိန်တွေပါလွဲနေ
တယ်ဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့….
ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရ
တာနည်းနည်းတော့ ရှုပ်နိုင်တယ်
မြင်အောင်ပြောပြရရင် အခုလက်ရှိပစ္စုပ္ပန်
အချိန်နဲ့ဟိုးအရင်အတိတ် အချိန်နှစ်ခု ထိပ်တိုက်
တွေ့တဲ့သဘောပါပဲ…ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ…ဒီလို ထူး
ဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ဒီဇာတ်ကားလေး
ကကျွန်မတို့ကို တစ်ခုပြောသွားသေးတယ်

“မှတ်ဉာဏ်တွေဟာမေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ”
ကျွန်မတို့ ဘဝမှာလည်းနှလုံးသားထောင့်
တစ်နေရာကတစ်ယောက်သောသူဆိုတာမျိုး ရှိနေနိုင်သေးတယ်မဟုတ်လား.........

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/mmsubanime2006/2475
Please open Telegram to view this post
VIEW IN TELEGRAM
👎1
Kaoru Hana wa Rin to Saku[2025]

The Fragrant Flower Blooms with Dignity [2025]

Genres - Drama, Romance

Review 🗒

ယောကျာ်းလေးသီးသန့်ကျောင်း Chidori နဲ့ မိန်းကလေးသီးသန့်ကျောင်း Kikyo တို့ဟာ ဘေးချင်းကပ်ရပ်တွေဆိုပေမဲ့ တစ်ကျောင်းနဲ့တစ်ကျောင်းက မသင့်မြတ်ကြပါဘူး။

တစ်နေ့မှာ Chidori ကျောင်းက ဒုတိယနှစ်ကျောင်းသား Rintaro Tsumugi ဟာ မိဘတွေရဲ့ မုန့်ဆိုင်မှာ အလုပ်ကူလုပ်​​ရင်း Kaoruko Waguri ဆိုသူကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ကြောက်ဖို့ကောင်းတယ်ဆိုပြီး အမြဲအထင်လွဲခံရတဲ့ Rintaro ဟာ Waguri က သူ့ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်တာကြောင့် ပျော်ရွင်နေခဲ့လေရဲ့.....

ဒါပေမဲ့လည်း Rintaro တစ်ယောက် Waguri က Kikyo ကျောင်းသူဖြစ်တယ်ဆိုတာကိုသိသွားလေရဲ့....ထပ်ပြီးတော့ ရေစက်မပါတော့ဘူးလို့ထင်နေတဲ့ Rintaro ဆီ နေထိုင်တဲ့ကမ္ဘာချင်းတူနေပေမဲ့ အလှမ်းဝေးနေတဲ့ ကောင်မလေး Waguri က သူ့ဆိုင်ကို နောက်တစ်ကြိမ် ရောက်လာတဲ့အခါ......

animeကြည့်ရန်Link
😐⤵️⤵️⤵️

https://t.me/sushi_fav_anime_channel/3
https://t.me/sushi_fav_anime_channel/3
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🔥1
Mai Mai Miracle [2009]

Review 🗒

Shinko နှင့် Kiiko တို့သည် “Destiny Squad” ဟုခေါ်သော ရွာကလေးများဖြင့် ပူးပေါင်းကာ သဘာဝအတိုင်း ကစားကာ ဆည်တစ်ခုတည်ဆောက်ကာ ငါးများကို လိုက်ဖမ်းကာ Shinko ၏စိတ်ကူးယဉ်အတိတ်သို့ အတူတကွ ခရီးနှင်ကြသည်။ Kiiko ၏ဝမ်းနည်းပူဆွေးမှု၊ Tatsuyoshi ၏မိသားစုဖြစ်ရပ်ဆိုးနှင့် ဆုံးရှုံးမှုနှင့် အပြောင်းအလဲ၏ဝမ်းနည်းပူဆွေးမှုတို့ ဝင်ရောက်လာသောအခါ ၎င်းတို့၏ ကလေးဘဝစွန့်စားခန်းများကို စမ်းသပ်ခံရပါသည်။ အရေးကြီးသောအခိုက်အတန့်တစ်ခုတွင်၊ Kiiko သည် မင်းသမီး Nagiko အဖြစ် Heian လောကထဲသို့ ကိုယ်ချင်းစာတရားဖြင့် ဝင်ရောက်ခဲ့ပြီး မင်းသမီးလေးနှင့် ခေတ်သစ်သူငယ်ချင်းတို့အား နှစ်သိမ့်မှုပေးစွမ်းသည်။

Shinko ၏အဖိုးသည် နောက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ပြီး Shinko မိသားစုသည် သူမ၏ဖခင်၏ တက္ကသိုလ်အလုပ်အတွက် မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သို့သော် သူတို့နှစ်ယောက်၏ ခင်မင်ရင်းနှီးမှု—နှင့် မင်းသမီးနှင့် စိတ်ကူးယဉ်ချိတ်ဆက်မှု—တို့သည် ကလေးဘဝ၏အလှ၊ မှတ်ဉာဏ်နှင့် စိတ်ကူးစိတ်သန်း၏ စွမ်းအားတို့အတွက် တည်မြဲသောသက်သေတစ်ခုအဖြစ် ကျန်ရှိနေပါတယ်။

Channelအရင်Joinပါ
🙂

https://t.me/+32hfVN1avtIyZTM1

ကြည့်ရန်Link
💬⤵️⤵️

https://t.me/c/2849829600/96
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🔥1
I Am Legend [ 2007 ]

Review 📝

နာမည်ကျော် သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီဇာတ်ကားကနောက်ထပ် ဇာတ်သိမ်းတစ်မျိုးနဲ့ ထပ်ထွက်သေးတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဇာတ်လမ်းကတော့ ပုံစံတူတူပါပဲ။

ကမ္ဘာတစ်ခုလုံးကို ဗိုင်းရပ်ပျံ့နှံ့သွားပြီး သူတစ်ယောက်တည်းကျန်နေခဲ့တာပါ။ ဗိုင်းရပ်ကို ကုသဖို့ နည်းလမ်းရှာနေရင်း သူ့ရဲ့နောက်ဆုံး အဖော်အဖက်ဖြစ်တဲ့ ခွေးလေး ဆမ် သေသွားတဲ့အချိန်မှာ သူ့ကိုသူ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သေလုဆဲဆဲမှာ အမျိုးသမီးတစ်ယောက်လာရောက် ကယ်တင်တာကိုခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆိုတာကို သိလာရပါတယ်။ ဒီအမျိုးသမီးက ဘာလို့သူ့ဆီကိုရောက်လာတာလဲ။ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာက ပထမဇာတ်ကားနဲ့ ကွဲသွားမှာပါ။ 

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/265
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍2🔥2
Dora and the Lost City of Gold [ 2019 ]

Review 📝

ဒိုရာဟာ ကာတွန်းတွေရော၊ ဂိမ်းတွေရော ထွက်ထားခဲ့ပြီးသားဇာတ်ကောင်တစ်ခုပါ။ အဓိကကတော့ စွန့်စားခန်းတွေပဟေဠိတွေ စူးစမ်းရှာဖွေတာတွေကိုလုပ်တဲ့ကောင်မလေးပေါ့။

ဒီဇာတ်ကားမှာလည်း ဒိုရာရဲ့မိဘတွေဟာ ဒိုရာနဲ့အတူ တောထဲမှာနေပြီးလေ့လာရေးလုပ်ကြပါတယ်။ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ ပါရာပါတာကိုရှာဖို့ပါပဲ။ တစ်ရက်မှာ ဒိုရာကြောင့်ပါရာပါတာရဲ့ မြေပုံရသွားပြီး ဒိုရာမိဘ၂ ယောက်က မြို့တော်ကိုရှာဖို့ခရီးထွက်ပါတော့တယ်။ ဒိုရာကိုတော့ မြို့ပေါ်ကကျောင်းကိုပို့ထားပြီး စောင့်နေခိုင်းတာပေါ့။ ဒါပေမယ့် ရတနာမုဆိုးတွေက ဒိုရာနဲ့ သူ့မိဘတွေနောက်ကိုလိုက်လာတဲ့အခါမှဒိုရာနဲ့ သူငယ်ချင်းတစ်သိုက် စွန့်စားခန်းတွေ ဖွင့်ရပါတော့တယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/266
Please open Telegram to view this post
VIEW IN TELEGRAM
❤6👍1🔥1
Until Dawn [ 2025 ]

Review 📝

ကလိုဗာ့အမေဆုံးသွားတာမကြာသေးတဲ့အပြင်ကလိုဗာ့အစ်မကလည်းနယူးရော့ခ်ကိုကျောင်းတက်ဖို့ဆိုပြီးသွားလိုက်တာပျောက်ချင်းမလှပျောက်သွားတဲ့အတွက်စိတ်ပြေလက်ပျောက်ဖြစ်အောင်ကလိုဗာ့တို့သူငယ်ချင်းငါးယောက်ခရီးထွက်လာတယ်ဆိုတာထက်ကလိုဗာ့စိတ်တိုင်းကျသူ့အစ်မသွားခဲ့တဲ့လမ်းအတိုင်းခြေရာကောက်လာတာပါ။

ဒီလိုကနေဂလိုရယ်တောင်ကြားဆိုတဲ့မြို့အဝင်နားလေးကဓာတ်ဆီဆိုင်ကိုရောက်လာခဲ့ပါတယ်။ကလိုဗာကဓာတ်ဆီဆိုင်ပိုင်ရှင်ကိုလူပျောက်တွေ့သေးလားမေးရင်းကနေဂလိုရယ်တောင်ကြားဆိုတဲ့မြို့မှာလူတွေခဏခဏပျောက်ကြောင်း၊လူပျောက်ပြီးရင်ပြန်ပေါ်မလာတော့ကြောင်းပြောရာကနေ၊သူ့အစ်မလည်းအဲ့မှာပျောက်သွားတာများလားလို့တွေးမိတဲ့အတွက် သူတို့အဲ့မြို့ကိုမောင်းလာပါတော့တယ်။

ဒါပေမဲ့လမ်းမှာမိုးတွေအသည်းအသန်ရွာလာပြီးကားမောင်းလာရင်းကနေအိမ်တစ်အိမ်ကိုရောက်သွားပြီးမိုးချုပ်သွားတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာ....

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/267
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🔥1
Tom and Jerry [2021]

Review 📃

မတည့်အတူနေ ကြောင်နဲ့ကြွက်ကလေး Tom & Jerry တို့ရဲ့ live action ဇာတ်ကားလေးပါ။ဒီတစ်ခါမှာတော့ စန္ဒယားပညာရှင်ကြီးဖြစ်ချင်နေတဲ့ တွမ်နဲ့ ဇိမ်ကျကျအိမ်အကောင်းစားကြီး
တစ်လုံးလိုချင်နေတဲ့ ဂျယ်ရီတို့ကို နယူးယောက်မြို့ကြီးမှာ တွေ့မြင်ကြရမှာပါ။ သူတို့အပြင်ရွိုင်ရယ်ဂိတ်ဆိုတဲ့ နယူးယောက်မြို့က ထိပ်တန်းဟိုတယ်ကြီးမှာ သူများစီဗီဖောင်နဲ့ အလုပ်ဝင်ခွင့်ရသွားတဲ့ ကေလာဆိုတဲ့ကောင်မလေးတစ်ယောက်ကလည်း တွမ်နဲ့ဂျယ်ရီတို့ရဲ့ အရှုပ်တော်ပုံထဲပါဝင်လာမှာပါ။ဂျယ်ရီ့အတွက်တော့ တစ်ရန်ပေါ်နှစ်ရန်ဆင့်တယ်ပဲ ပြောရမှာပေါ့။ သူ့ဘာသာ ရွိုင်ရယ်ဂိတ်ဟိုတယ်ကကြွက်တွင်းထဲမှာ ဇိမ်ကျနေတုန်း အလုပ်မပြုတ်ချင်တဲ့ ဝန်ထမ်းသစ်ကလေး ကေလာရော သူ့ကိုမကြေပွဲနွှဲချင်နေတဲ့ တွမ်ရော နှစ်ယောက်ပေါင်းအမဲလိုက်တာကိုခံရမှာပါ။ လှစ်ခနဲလှစ်ခနဲနဲ့ သိပ်သွက်တဲ့ ကြွက်ကလေးဂျယ်ရီ၊ သူ့မွှေသမျှခံနေရရှာတဲ့ ဘော်ဒါကြီးတွမ်နဲ့ အပြောလည်းကောင်း လည်လည်းလည်တဲ့ဟိုတယ်ဝန်ထမ်းမလေး ကေလာတို့ သုံးယောက်ပေါင်း ဘယ်လိုလောင်းကျော်ကြမလဲဆိုတာကို

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/275
Please open Telegram to view this post
VIEW IN TELEGRAM
❤3🔥3👍2
Castle in the Sky [1986]

Review 🗒

ရွာငယ်လေးတစ်ရွာက အသက် ၁၃ နှစ်အရွယ် မိဘမဲ့ကောင်လေး Pazu က တစ်နေ့မှာ မိုးပေါ်ကနေပြုတ်ကျလာတဲ့ Sheeta ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ဆုံမိပြီး ခင်မိခဲ့ကြပါတယ်။

Sheeta ဟာ ကောင်းကင်ကျွန်းက ရတနာတွေပြည့်နှက်နေတဲ့ Laputa ရဲတိုက်ကြီးနဲ့ ချိတ်ဆက်နေတဲ့ သူ့ရဲ့ဆွဲသီးလေးကိုလိုချင်နေတဲ့ အစိုးရနဲ့ ဓားပြတွေဆီကနေ ထွက်ပြေးလာခဲ့ကြောင်း Pazu ကို ပြောပြခဲ့ပါတယ်။

ရတနာတွေကို ရယူဖို့ Sheeta ကိုလိုက်ဖမ်းနေတဲ့ အစိုးရနဲ့ ဓားပြတွေဆီကနေ သူတို့နှစ်ယောက်လွတ်မြောက်နိုင်မလား၊ အစိုးရနဲ့ ဓားပြတွေထက်အရင် ရဲတိုက်ကြီးရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ကြမလား ဆိုတာကတော့ ဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/mmsubanime2006/2491
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍3🥰1
Once Upon a Studio [2023]

Review 🗒

ကျွန်တော်တို့ရဲ့ ငယ်ဘဝကို တစ်ဖက်တစ်လှမ်းကနေ ပြည့်စုံအောင် ဖန်တီးပေးခဲ့တဲ့ Disney Studioက နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါပြီ Disneyက သူတို့ရဲ့ နှစ်၁၀၀ပြည့် အထိမ်းမှတ်အတွက် အောက်တိုဘာ ၁၆ရက်နေ့က Disney+ နဲ့ Hulu မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်

အဆိုပါ ဗီဒီယိုမှာ Disney ရဲ့ Charactersတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ Disney ကို ကြည့်ဖူးတဲ့လူတိုင်းအတွက် ယခုဗီဒီယိုအတိုလေးက သင့်ရဲ့ တစ်နေ့တာကို ပြည့်စုံစေမှာပါ

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/Sushi_Cartoon_World/1978

Copyrightမိပြီး Channel တွေခဏ"ပျက်လို့ Linkတွေအဆင့်ဆင့်ဝင်ရတာကို သည်းခံပေးပါ။
Please open Telegram to view this post
VIEW IN TELEGRAM
❤6👍1🥰1
The Age of Adaline [2015]

Review 📃

ဇာတ်လမ်းကတော့…၁၉၃၀ ဝန်းကျင်ကာလမှာအစပြုပါတယ်…
Adaline ဆိုတဲ့ မိန်းမလှလေးတယောက်ဟာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကောင်းကင်ကစွမ်းအားတခုကိုရရှိသွားပါတယ်…
ဒါကတော့ အသက်မကြီးလာတော့တာပါပဲ။
သူမဟာ အမြဲတမ်း ၂၉နှစ် အရွယ်တိုင်းရှိနေပြီးတော့ ခေတ်အဆက်ဆက်ကိုဖြတ်သန်းပါတော့တယ်။ဒါပေမယ့် သူမဘဝဟာ အေးချမ်းနေတာတော့မဟုတ်ပါဘူး
သူမ အသက်မကြီးလာတာကို သတိထားမိသွားကြတဲ့ စစ်ဆေးစမ်းသပ်ချင်သူတွေလက်ထဲက လွတ်အောင်ပြေးရင်းလွှားရင်းနဲ့
သူမရဲ့မိသားစုဘဝကိုပါ ဖုံးကွယ်ထားခဲ့ရပါတော့တယ်။သူမဟာ ခေတ်အဆက်ဆက်မှာ အသက်မကြီးခဲ့တာကြောင့် ဇာတ်မြုပ်ဖုံးကွယ်ခြင်းကိုသာ တွင်တွင်သုံးခဲ့ပြီး
သူမရဲ့ သမီးလေးကစလို့ ချစ်ရသူတွေပါမကျန် အဆက်ဖြတ်ရင်းနဲ့ ရင်နာတဲ့လမ်းကိုသာရွေးချယ်ခဲ့ရသူပါ။ဒါပေမယ့် တချိန်မှာတော့ သူမအရမ်းချစ်ရတဲ့ချစ်သူတယောက်ကို ထပ်ရခဲ့ပြန်ပါတယ်…
ဒီတယောက်နဲ့တော့ သူမဘဝကို အမြဲတမ်းမြုပ်နှံတော့မယ်လို့ တွေးလိုက်ပြီး
မိဘအိမ်တွေထိရောက်သွားတဲ့အခါမှာတော့….

><><><><><><><><><><><><><

Channelအရင်Joinပါ
🎀

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/c/2860692056/328
Please open Telegram to view this post
VIEW IN TELEGRAM
👍3❤2
Taare Zameen Par [2007]

Review 📃

ဒီနေ့တော့အရမ်းကောင်းတဲ့ အိန္ဒိယကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..ပါဝင်တဲ့မင်းသားကို
လည်းစိမ်းကြမယ်မထင်ပါဘူး..ကျွန်တော်တိုတွေကြိုက်နှစ်သက်ခဲ့ကြတဲ့ PK ဇာတ်ကားမှ ကျွန်တော်
တိုရဲ့အသည်းကျော်မင်းသား Aamir Khan ပဲဖြစ်ပါတယ်..ဆု 15 ခု လျာထားခြင်းခံခဲ့ရပြီး 13 ဆု တိတိရရှိခဲ့ပါတယ်…
ငယ်ရွယ်တဲ့ တူ၊တူမ၊ သားသမီးရှိတဲ့ မိဘတိုင်း၊ ဆရာဆရာမတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပြီး ကလေးတိုင်းမှာ မတူညီတဲ့ စွမ်းဆောင်ရည်နဲ့ မတူညီတဲ့ အိပ်မက်တွေရှိတယ်ဆိုတာကို ဇာတ်လမ်းအစကနေအဆုံးအထိ မျက်စိမခွာနိုင်အောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်....

><><><><><><><><><><><><><

Channelအရင်Joinပါ
💓

https://t.me/+Nu0ltG0aN8tmNzY1

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/c/3225817620/36
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍2
Rangoon [2017]

Review📃

IMDb Rating 7.2 ရရှိထားတဲ့ တမီးလ်ဇာတ်ကားပါ။ထူးခြားချက်ကတော့ မြန်မာပြည်ကို အခြေခံပြီးရိုက်ကူးထားတာပါ။

Rangoon ဆိုတဲ့ ကုလားကား။

၁၉၈၈ မှာ မြန်မာပြည်ကနေ အိန္ဒိယကို ပြောင်းလာတဲ့ တမီလ်မိသားစုတစ်စုက ကောင်လေး။

အရွယ်ရောက်ပြီး ရပ်ကွက်ထဲ ဇ ရှိတဲ့ ဇိုးပေါက်စဖြစ်လာတဲ့အခါ ရွှေမှောင်ခိုလုပ်ငန်းရှင်ကြီးက ဆွဲစားလိုက်တယ်။

လုပ်ငန်းရှင်ကြီးရဲ့ လက်ရုံးဖြစ်လာတဲ့ သူတို့ သူငယ်ချင်းသုံးယောက်ဟာ ရန်ကုန်ကို ရွှေမှောင်ခို သွင်းဖို့…မိုးရေး-တမူးနယ်စပ်ကနေ တဆင့်ဝင်လာခဲ့တယ်။

ဇာတ်လိုက်ရဲ့ အဖေက တချိန်က ရွှေဘုံသာလမ်းက ရွှေပွဲစား ဆိုတော့ အခက်အခဲမရှ်ိပဲ ရန်ကုန်က သူတို့ ပို့ရမယ် ရွှေ ဆိုင်ရာအဖွဲ့အစည်းရဲ့ ဥက္ကဌ ဆီ ရွှေတွေပို့နိုင်ခဲ့တယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
😎

https://t.me/+Nu0ltG0aN8tmNzY1

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/c/3225817620/38
Please open Telegram to view this post
VIEW IN TELEGRAM
👍1🔥1🥰1
Elio [2025]

Review 📃

အယ်လီယိုဟာ မိဘနှစ်ပါး သေဆုံးသွားလို့ အဒေါ် ဖြစ်သူနဲ့အတူ နေထိုင်ရတဲ့ ဂျစ်ကန်ကန် ကလေးဆိုးလေးတစ်ယောက်ပါ။တစ်ယောက်တည်း အိမ်မှာထားခဲ့လို့ မဖြစ်သေးတဲ့ အရွယ်ဖြစ်တာကြောင့် သူ့ရဲ့အဒေါ်ဟာ အယ်လီယို့ကို သူအလုပ်လုပ်တဲ့ အာကာသပတ်လမ်းစိစစ်ရေးဌာနကို အမြဲခေါ်သွားပါတယ်။ဒီလိုနဲ့ အယ်လီယိုဟာ အာကာသဆိုင်ရာတွေကို စွဲလမ်းလာခဲ့တယ်။ အထူးသဖြင့် အာကာသထဲမှာ ဂြိုဟ်သားတွေ ရှိလားဆိုတဲ့အချက်ပေါ့။တစ်နေ့တော့ ဌာနမှာ အာကာသထဲကနေအချက်ပြမှုတစ်ခု ရလာခဲ့တယ်လို့ ဝန်ထမ်းတစ်ယောက်က ဆိုလာတယ်။ဒါပေမဲ့လည်း ဂြိုဟ်သားရူးတစ်ယောက်ရဲ့ မဲပြာပုဆိုးတွေကို ဘယ်သူမှ မယုံကြတော့ဘူး။ဒါကို တိတ်တိတ်လေး ခိုးကြည့်နေတဲ့ အယ်လီယိုက မြင်သွားပြီး ဘယ်သူမှ မရှိတဲ့အချိန်မှာ တစ်ဖက်ကို အကြောင်းပြန်လိုက်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။တကယ်ပဲ အာကာသထဲကနေ ဂြိုဟ်သားတွေက ဆက်သွယ်နေတာလားဆိုတာ စူးစမ်းလိုက်ကြပါဦး။

><><><><><><><><><><><><><

Channelအရင်Joinပါ
🍿

https://t.me/+7PjAoeN355JjMmY1

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/c/2646638575/234
Please open Telegram to view this post
VIEW IN TELEGRAM
❤2🔥2👍1