𝑲𝑶 𝑴𝒚𝒐 ငွေတုရောင်း၀ယ်ရေး🤝
15.8K subscribers
1.03K photos
7 videos
488 links
ဝယ်ယူသူတိုင်100%စိတ်ချရပါတယ်ဗျ🙏
အတုပသတိပြုပါဗျ
Download Telegram
Ready Player One [ 2018 ]

Review 📝


၂၀၄၅ ခုနှစ်မှာ လူသားတွေဟာ လက်တွေ့ဘဝရဲအခက်အခဲတွေကို ရှောင်ဖို့အတွက် OASIS လို့ခေါ်တဲ့ Visual World ထဲမှာ အချိန်အများကြီး ဖြုန်းတီးနေကြပြီး၊ ဒီကမ္ဘာကြီးကို ဖန်တီးသူ ဂျိမ်းစ်ဟာလီဒေးက သူသေမတိုင်ခင် Easter Egg တစ်ခုစွဲချက်ထားခဲ့ပါတယ်။ အဲ့ဒီဥကိုရှာဖွေတွေ့သူက သူ့ပိုင်ဆိုင်မှုနဲ့ OASIS အပြည့်အဝကိုပိုင်ဆိုင်ခွင့်ရမှာဖြစ်တဲ့အတွက် လူတိုင်းကအဲ့ဒီဥကိုအသည်းအသန်လိုက်ရှာကြပါတော့တယ်။ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင် ဝိတ်ဝက်စ်လည်း IOI လို့ခေါ်တဲ့ကုမ္ပဏီကြီးနဲ့ယှဉ်ပြိုင်ရင်း သော့ ၃ ချောင်းရှာဖွေတော်မူတဲ့ ခရီးစဉ်ကြီးကို စွန့်စားရင်း OASIS ထဲမှာသာမက လက်တွေ့ဘဝထဲမှာပါ မိမိကိုယ်တိုင်ကို ရှာဖွေသွားရတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းဖြစ်ပါတယ်.

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/youthfavouritemovies/216
Please open Telegram to view this post
VIEW IN TELEGRAM
❤6👍3🔥2
500 Days of Summer [2009]

Review 🗒

Days of Summer ဆိုတဲ့ ရုပ်ရှင်ကားဟာ ပရိသတ်တော်တော်များများ သိပြီးသားဖြစ်တဲ့ 2009 ခုနှစ်ရဲ့Sleeper Hit Movie ဖြစ်လာတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

ကျွန်တော်တို့လို အသည်းကွဲခဲ့ဖူးတဲ့ ယောင်္ကျားလေးတွေအတွက်တော့ ဒီဇာတ်ကားလေးဟာ ခံစားချက်တွေ တိုက်ဆိုင်နိူင်ပြီး ခံစားမှုအပြည့်ကို ပေးနိူင်ပါတယ်။

ကျွန်တော် ဒီဇာတ်ကားကိုကြည့်ပြီး မငိုခဲ့ပါဘူး။ ဒါပေမဲ့ တော်တော်ခံစားခဲ့ရပါတယ်။ ခံစားချက်မျိုးစုံ နဲ့ခံစားခဲ့ရတာကြောင့် ဘာကြောင့် ခံစားခဲ့ရတာလဲ ဆိုတာတောင် မသိခဲ့ရပါဘူး။

အချစ် အကြောင်း ဇာတ်လမ်းတစ်ခုပဲဖြစ်တယ်ဆိုတဲ့ “This is not a love story, this is a story about love.” ဆိုတဲ့ ရုပ်ရှင် Poster မှာဖော်ပြထားတဲ့ စာတန်းကလေးကိုပဲ။ လေးလေးနက်နက်တွေးတော ကြည့်ရင် ဘာကို ဆိုလိုချင်သလဲဆိုတာ နားလည်လာပါလိမ့်မယ်။


❗️❗️❗️❗️❗️❗️⬇️⬇️

https://t.me/youthfavouritemovies/17
Please open Telegram to view this post
VIEW IN TELEGRAM
❤8👍3🔥3
Where The Scary Things Are [2022]

Review 📃

အေလာတို့ သူငယ်ချင်းတစ်စုက အထက်တန်းကျောင်းတက်နေတာပါ။ ဆယ်ကျော်သက်တို့ရဲ့ ထုံးစံအတိုင်း အိမ်မှာမနေချင်ကြလို့ ပိတ်ထားတဲ့ ကစားကွင်းဟောင်းကြီးတစ်ခုမှာ သွားသွားအချိန်ဖြုန်းလေ့ရှိကြပါတယ်။
အစောင့်က မိသွားလို့ မိဘတိုင်ရုံမက ဘာလုပ်လုပ် သူတို့က အဲဒီကို သွားမြဲသွားဆဲပါပဲ။တစ်နေ့ ကျောင်းမှာ သမိုင်းဆရာက ယုံတမ်း မကောင်းဆိုးရွားပုံပြင်တွေအကြောင်း ပြောပြပြီး သူတို့ကို အိမ်စာတစ်ခု ပေးလိုက်ပါတယ်။အဲဒါကတော့ သူတို့ကိုယ်တိုင် ယုံတမ်းပုံပြင်တစ်ခု ဖန်တီးဖို့ပါပဲ။ဒီလိုနဲ့ အဲဒီကစားကွင်းဟောင်းကြီးကို ပြန်သွားကြရင်း အဲဒီမှာ လူမဟုတ် တိရစ္ဆာန်မဟုတ်တဲ့ သတ္တဝါကြီးကို မြင်လိုက်ရတဲ့အခါ …သူတို့ ဘာတွေ ဆက်လုပ်ကြမလဲ?ဘယ်လို ရင်ဆိုင်ကြမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/217
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍3🥰3
The Christmas Chronicles [2018]

Review📃

ဇာတ်လမ်းကိုတော့Netflix မှဖြန့်ချီထားပြီး ကြည့်ရှုသူများရဲ့ positive feedbackများစွာကို ပိုင်ဆိုင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ် မက်ချူးဆက်မှာ နေထိုင်တဲ့ ပီယာစ်မိသားစုတစ်ခု ဒီမိသားစုမှာဖေဖေဒေါ့ပီယာစ် မေမေ ကလဲယာပီယာစ် ကိုကြီးတက်ဒီပီယာစ်နဲ့ ညီမလေး ကိတ်တီပီယာစ်ဆိုပြီး မိသားစုလေးယောက်ရှိပါတယ်.သူတို့မိသားစုဟာခရစ်စမတ်ရောက်တိုင်းနှစ်တိုင်း မိသားစုဗီဒီယိုလေးတွေရိုက်ရင်းခရစ်စမတ်ကိုကြိုဆိုတတ်ကြပါတယ် တက်ဒီဟာ အဖေမရှိတော့တဲ့နောက်ဂျစ်ကန်ကန်ပဲ နေထိုင်ခဲ့ပါတယ်ညီမဖြစ်သူ ကိတ်တီနဲ့လည်း မကြာခဏရန်ဖြစ်တတ်ပါတယ်တစ်နေ့ မထင်မှတ်တာတစ်ခု ဖြစ်လာခဲ့တယ်ဒါကတော့ ကိတ်တီဟာ အဖေနဲ့အတူရိုက်ကူးထားတဲ့ခရစ်စမတ်အမှတ်တရဗီဒီယိုတွေကိုကြည့်ရင်းစန်တာကလော့စ်ကို တွေ့ခဲ့တာပါ စန်တာတစ်ယောက် သူတို့နှစ်ယောက်ကို တွေ့ပြီးအလန့်တကြားနဲ့ လက်ဆောင်ထုပ်တွေ အကုန်ပြုတ်ကျပါတော့တယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/youthfavouritemovies/221
Please open Telegram to view this post
VIEW IN TELEGRAM
❤5👍3🔥3
San Andreas [2015]

Review 📃

The Rock မင်းသားကြီးပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေနဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ IMDB rating 6.0 ရရှိထားပြီး ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားကောင်းဆိုလည်း မမှားပါဘူး။ အဖြစ်အပျက်က ဒီဇာတ်ကားမှာ The Rockလို့ လူသိများတဲ့မင်းသားကြီးဟာ ကယ်လီဖိုးနီးယားမှာ ဖြစ်ပျက်သွားတဲ့ ပြင်းထန်တဲ့ငလျင်ကြီးကြားက အသက်ရှင်ကျန်တဲ့သူတွေကို ရှာဖွေကယ်ဆယ်မဲ့ ရဟတ်ယာဉ်ပိုင်းလေ့တစ်ယောက်ပါ။ ငလျင်ဒဏ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ သူ့သမီးကို သူနဲ့သူ့Ex-wife ဖြစ်လုဆဲဆဲ ဇနီးနဲ့အတူ မဖြစ်နိုင်တဲ့စွန့်စားခန်းတွေဖွင့်ပြီး သွားရောက်ကယ်ဆယ်ကြမှာပါ။ ဒီဇာတ်ကားမှာ မင်းသားကြီးရဲ့ ပြည့်စုံတဲ့ လှုပ်ရှားမှုတွေအပြင် ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံးလို့ပြောလို့ရတဲ့ CGI effect တွေကြောင့် ပါးစပ်အဟောင်းသားနဲ့ကြည့်ရှုကြရမှာပါ။ ဒါ့အပြင် မင်းသမီးနှစ်လက်လုံးကလည်း ဆွဲဆောင်မှုအရမ်းရှိနေတဲ့အတွက် ကြည့်ကိုကြည့်ရမဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/youthfavouritemovies/222
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍3🔥3
The Tourist [2010]

Review 📃

အလက်ဇန္ဒာပီးရက်လို့ခေါ်တဲ့ ရုရှား မာဖီယားဂိုဏ်းတစ်ခုကငွေထိန်း လူယုံတစ်ယောက်ကသူ့သူဌေး ဂိုဏ်းခေါင်းဆောင်ဆီကဒေါ်လာ သန်း ၂၀၀ ကျော်ဘုံးသွားတယ် ။ ဒါ့အပြင် စကော့တလန်ယာဒ့် စုံထောက်အဖွဲ့ကြီးဆီကနေလဲပေါင် ၇၃၃ သန်း ဘုံးသွားပါသေးတယ် ။

သူ့ကို ၂ နှစ်လုံးလုံး လိုက်ရှာကြတယ် ။
အစအနတောင် မတွေ့ရခဲ့ပါဘူး ။
စကော့တလန်ယာဒ့် အဖွဲ့က အလက်ဇန္ဒား ပီးရက်ကိုမိဖို့ အတွက်ပေါင် ၈ သန်းကျော် အသုံးပြုခဲ့ပြီး တစ်နေ့တော့အထူးစုံထောက်အာချက်ဆင်ခေါင်းဆောင်တဲ့ စုံထောက်အဖွဲ့တွေကအလက်ဇန္ဒား ပီးရက်ရဲ့ ဇနီးသည်နောက်ကိုထပ်ခြပ်မကွာ လိုက်လံစုံစမ်းနေတဲ့ကြားက သူတို့ နှစ်ဦး ဆက်သွယ်မိသွားကြပြီး ဇနီးသည်ကို အချစ်မြို့တော်လို့ခေါ်တဲ့အီတလီနိုင်ငံ ဗင်းနစ်မြို့မှာတွေ့ဆုံဖို့ခေါ်ယူလိုက်တယ် ။
ဇနီးသည်အဲလစ်ဟာပဲရစ်ကနေ ဗင်းနစ်သို့ လာရင်းရထားပေါ်မှာ ကမ္ဘာလှည့်ခရီးသည်တစ်ယောက်နဲ့ ဆုံမိပါတယ် ။

ရုရှားလူဆိုးဂိုဏ်းခေါင်းဆောင်ရယ် စကော့တလန်ယာဒ့်စုံထောက်တွေရယ်အလက်ဇန္ဒားလို့ခေါ်တဲ့သူခိုးရယ်အဲလစ်ဆိုတဲ့မိန်းမလှလေးရယ်အမည်မသိလူတစ်ယောက်ရယ်ငွေတွေရယ်ဘယ်လိုစခန်းဆက်ကြမလဲဆိုတာ

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/youthfavouritemovies/224
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍2🔥2🍓1
Taking Lives [2004]

Review📃

ကမ်းခြေသွားရင် ဝင်ကစွပ်ကောင်လေးတွေကို
မြင်ဖူးကြလားဝင်ကစွပ်တွေက တခြားသတ္တဝါတွေရဲ့အခွံကို သူ့ကိုယ်ပိုင်အိမ်သဖွယ်ဝင်နေကြတယ်

လူတစ်ယောက်ကရော အဲ့လိုသူများဘဝကို ကိုယ့်ဘဝလို အပိုင်ယူလိုက်လို့ရလား?
ဒီမေးခွန်းရဲ့အဖြေကို အခုတင်ပေးသွားမယ့်ရုပ်ရှင်ထဲမှာပဲ အဖြေရှာကြည့်ကြပါ

ဒီလိုကားမျိုးက ဇာတ်ကြောင်းအရမ်းပြောရင် Spoiler ဖြစ်မှာစိုးရလို့ မိတ်ဆက်သဘောပဲ
ပြောမယ်နော်
နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့
စိတ္တဇကွင်းဆက်လူသတ်သမားကို FBI အထူး
အေဂျင့် Angelina Jolie နဲ့အတူ ကိုယ်တိုင်စုံစမ်းထောက်လှမ်းလိုက်ပါ

Psychological Thriller ဆိုတဲ့အတိုင်း
သည်းထိတ်ရမယ်ရင်ဖိုရမယ်
Crime drama ဆိုတဲ့ဆိုတဲ့အတိုင်း အံ့ဩရမယ် မင်သက်ရမယ်
ရင်မဖိုရမှာတော့မပူနဲ့၊ Jolie နဲ့ Ethan Hawke တို့ကို
ကြည့်ရင်း စောင်ကိုက်ရမှာအသေအချာပါပဲ

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/youthfavouritemovies/225
Please open Telegram to view this post
VIEW IN TELEGRAM
👍4❤3🔥3
Aladdin[1992]

Review 🗒

အာလာဒင်နဲ့ မီးခွက်စောင့်ဘီလူးကြီး ဂျင်းနီတို့ရဲ့ပုံပြင်ကို အားလုံးကြားဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ IMDb rating 8.0 အထိရရှိထားပြီး Disney ရဲ့အောင်မြင်ကျော်ကြားတဲ့ animation ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ သီချင်းလေးတွေနဲ့ ရသစုံလင်စွာသရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့အစမှာတော့ အံ့ဖွယ်ဂူဆိုတဲ့ လိုဏ်ဂူကြီးတစ်ခုရှိခဲ့ပါတယ်။ အကြံကြီးတဲ့လူတစ်ယောက်ဟာ အဲ့ဒီလိုဏ်ဂူကြီးထဲကမီးခွက်ကိုယူဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေတာပေါ့။ ဒါပေမယ့် အဲ့ဒီလိုဏ်ဂူထဲကို ပုန်းကွယ်နေတဲ့စိန်ပွင့်လို့ တင်စားခေါ်ဆိုထိုက်သူသာလျှင် ဝင်ခွင့်ရနိုင်မှာပဲဖြစ်ပါတယ်။ အာလာဒင်ဟာဆိုရင် စားဝတ်နေရေးကို သူ့ရဲ့မျောက်လေး အာဘူးနဲ့အတူ ခက်ခက်ခဲခဲရှာဖွေစားသောက်နေရတဲ့ တစ်ကောင်ကြွက်လေးပါ။ ဒါပေမယ့် အာလာဒင်ဟာ အံ့ဖွယ်လိုဏ်ဂူကြီးထဲကိုဝင်ခွင့်ရနိုင်တဲ့ ပုန်းကွယ်နေတဲ့စိန်ပွင့်ပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ စျေးထဲကိုရုပ်ဖျက်ပြီး နန်းတော်ကြီးထဲကနေခိုးထွက်လာတဲ့ မင်းသမီးလေး ဂျက်စမင်နဲ့ တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်က ဆင်းရဲသားနဲ့ မင်းသမီးဖြစ်တဲ့အတွက် ချစ်ခွင့်မရခဲ့ပါဘူး။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/cartoon_anime_mmsub/1806
Please open Telegram to view this post
VIEW IN TELEGRAM
❤5👍3🔥3
Matilda [1996]

Review 🗒

ဒီဇာတ်လမ်းက Matilda Wormwood ဆိုတဲ့ အရမ်းထက်မြက်ပြီး စာဖတ်တာကို သဲသဲလှုပ် ဝါသနာပါတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါ။ ဒါပေမဲ့ သူမရဲ့မိဘတွေ ကတော့ သူမကို လုံးဝဂရုမစိုက်ဘဲ အရေးမလုပ်ကြပါဘူး။ Matilda ဟာ ငယ်ငယ်လေးကတည်းက စာကြည့်တိုက်ကို ကိုယ်တိုင်သွားပြီး စာအုပ်တွေ အများကြီး ဖတ်တတ်နေပါပြီ။

Matilda ကျောင်းစတက်ရတဲ့အခါ Crunchem Hall ဆိုတဲ့ ကျောင်းကို ရောက်သွားပါတယ်။ အဲ့ဒီကျောင်းက ကျောင်းအုပ်ဆရာမကြီး Miss Agatha Trunchbull က အရမ်းရက်စက်ပြီး ကလေးတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်တတ်သူပါ။ ဒါပေမဲ့ Matilda ဟာ သူမရဲ့အတန်းပိုင်ဆရာမ Miss Honey နဲ့ တွေ့တဲ့အခါမှာတော့ သူ့ဘဝရဲ့ ပထမဆုံး မေတ္တာတရားနဲ့ နားလည်မှုကို ခံစားရပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/229
Please open Telegram to view this post
VIEW IN TELEGRAM
❤5👍3🥰3
Clown in a Cornfield [ 2025 ]

Review 📝

  á€’္ဍက်တဏ မေဘရွတ်ခ်ဟာ သူ့မိန်းမ ရောဂါနဲ့ ဆုံးသွားပြီးတဲ့နောက်မှာမဖြည်ဆည်နိုင်လို့ စိတ်ဖြတ်နိုင်အောင် သမီးဖြစ်သူ ကွင်းန်နဲ့အတူ ရှေးရိုးစွဲပြီးဖုန်းလိုင်းတောင် သိပ်မကောင်းချင်တဲ့ နယ်မြို့ကလေးကို ပြောင်းလာခဲ့ပါတယ်။ကွင်းန်က ကျောင်းမှာ ကိုးလ်နှင့် သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဆွေဖြစ်လာတယ်။ ကိုးလ်ရဲ့မိသားစုလုပ်ငန်း ပြောင်းသကြားရည်ပုံးပေါ်မှာ လူပြက်ပုံတစ်ပုံပါဝင်ပြီး၊ မြို့သားတွေက “ဖရန်ဒို” လို့ခေါ်ကြပါတယ်။ သူငယ်ချင်းအဖွဲ့က YouTube မှာ နာမည်ကြီးချင်လို့ ဖရန်ဒိုအကြောင်း ရိုက်ကူးဖို့စီစဉ်တဲ့အခါ တကယ်ပဲ လူသေမှုအဖြစ်ဖြစ်လာပြီး အန္တရာယ်ကြီးတယ်။ ဒီလိုနဲ့ “ဖရန်ဒို” ဟာ သဘာဝလွန်သတ္တဝါလား၊ လူသတ်သမားလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ဖော်ထုတ်ကြရတဲ့ စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းဖြစ်ပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/230
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍3🥰3
Lilo & Stitch [ 2025 ]

Review 📝

ငယ်ဘဝကကြည့်ခဲ့တဲ့အတိုင်း ဇီဝစမ်းသပ်ချက်လုပ်ရင်း ဓာတ်ခွဲခန်းကနေဖန်တီးပြီးထွက်လာတဲ့ စတစ်ချ်ဆိုတဲ့ ဂြိုလ်သားလေးက ကမ္ဘာမြေပေါ်ကျလာပြီး
သူငယ်ချင်းအရမ်းလိုချင်နေတဲ့ ဟာဝီုင်အီသူ လီလိုနဲ့ သွားတွေ့ပြီး သံယောဇဉ်တွယ်သွားပါတယ်။
ဒါပေမဲ့ စတစ်ချ်ကို လိုက်ဖမ်းနေတဲ့ မိခင်ဂြိုလ်ကအေးဂျင့် ၂ ယောက်လည်း ကမ္ဘာမြေပေါ်ရောက်လာတော့ ဘာတွေဆက်ဖြစ်သွားမလဲကြည့်ရမှာဖြစ်ပါတယ်

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/231
Please open Telegram to view this post
VIEW IN TELEGRAM
👍4
Kraven the Hunter [ 2024 ]

Review 📝

Sony ရဲ့ Spider-man ဗီလိန်တစ်ဦးဖြစ်တဲ့ လူသားတစ်ပိုင်း မုဆိုးရိုင်း Kraven the Hunter ရဲ့ Origin Story ဖြစ်ပါတယ်။ မင်းသား Aaron Taylor-Johnson ဟာ ဦးဆောင်သရုပ်ဆောင်ထားပြီး Russel Crowe လည်း ပါဝင်အားဖြည့်ထားပါတယ်။
ဇာတ်ကောင် Kraven ဟာ Spider-man နဲ့ Venom တို့ပါဝင်တဲ့ Universe ထဲက Anti-hero တစ်ဦးဖြစ်ပါတယ်။ သူ့ဖခင် နီကိုလိုင်းက အမဲလိုက်သမားကြီးဖြစ်ပြီး သား ၂ ယောက် ဆာဂေးနဲ့ ဒီမီထရီကို တောထဲမှာ အမဲလိုက်ပညာသင်ပေးတယ်။
တောထဲမှာ ဇာခြင်္သေ့တစ်ကောင်ကို သတ်ဖို့ကြိုးစားစဉ် ဆာဂေးသေဆုံးပြီး၊ သူ့ကိုကယ်ဖို့ ကြိုးစားတဲ့ ကလစ်က ဆေးရည်တစ်လုံးတိုက်လိုက်ရာမှ Kraven ဟာ ခြင်္သေ့အစွမ်းရလာတဲ့ လူသားမုဆိုးဖြစ်လာတယ်။
အရွယ်ရောက်လာတဲ့ Kraven က ဒုစရိုက်သမားတွေကို ရှင်းလင်းဖော်ထုတ်တဲ့ Anti-hero အဖြစ် တောဘုရင်တစ်ဦးလိုပဲ ရင်ဆိုင်ရတဲ့အခန်းတွေ ဆက်တိုက်ဖြစ်လာတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/232
Please open Telegram to view this post
VIEW IN TELEGRAM
❤5👍3🔥3
Forwarded from đ—Śđ˜‚đ˜€đ—ľđ—ś
The billionaire [2011]

Review 📃

အဖေက ကုမ္ဗဏီပိုင်ရှင်မို့ မတောင့်မတ မကြောင့်မကျနေရတဲ့ တော့ဘ် ကတော့ ငယ်ငယ်လေးကတည်းက အွန်လိုင်းဂိမ်းကစားတာ မက်တယ်။ ဂိမ်းထဲမှာ ရတဲ့အမှတ်တွေကို ပြန်ရောင်းရာကနေ ပိုက်ဆံကို စရှာတယ်။ သူက အွန်လိုင်းဂိမ်းမှာ ဆရာတစ်ဆူဂိမ်းထဲမှာ သူများမရနိုင်တဲ့ ရှားပါးပစ္စည်းတွေ လက်နက်တွေ ရတတ်တယ် အဲဒီဟာတွေကို ပြန်ရောင်းခဲ့တယ်။အွန်လိုင်းဂိမ်းကနေ ပိုက်ဆံရှာရာကနေကိုယ်ပိုင်ကားတစ်စီးဝယ်နိုင်ခဲ့တယ်။အချိန်ပြည့်ဂိမ်းကစားနေတဲ့အတွက်ကျောင်းစာကိုမလိုက်နိုင်ဘူး။ အတန်းတွေပျက်စာတွေမလိုက်နိုင်လို့ အထက်တန်းမှာကျောင်းကနေ ထွက်ခဲ့ရတယ်။တော့ဘ် ၁၇ နှစ်အရွယ်တော့ဘ်ရဲ့ဖခင်ကုမ္ဗဏီဟာ အကျဉ်းအကျပ်ဖြစ်လာပြီး အရှုံးတွေများလာခဲ့တယ်။တော့ဘ်စိတ်မကောင်းဖြစ်မှာစိုးတဲ့အတွက်တော့ဘ်ရဲ့မိဘတွေဟာအိမ်ရဲ့စီးပွားရေးအခြေအနေကိုပြောမပြဘဲဖုံးကွယ်ထားခဲ့တယ်။ တစ်ရက်မှာတော့တော့ဘ်က သူရဲ့မိခင်ကိုမုန့်ဖိုးတောင်းတော့၊ ‌တော့ဘ်ရဲ့မိခင်ကသားအတွက် သိမ်းထားတဲ့ငွေလေးတွေ ရှာဖွေပြီးပေးခဲ့တယ်။မိခင်ရဲ့ မျက်နှာကိုကြည့်ပြီး အိမ်တွင်းမှာတစ်ခုခုဖြစ်နေပြီလို့အနည်းငယ်တော့ ရိပ်မိသွားတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/236
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from đ—Śđ˜‚đ˜€đ—ľđ—ś
The Railway Man [2013]

Review 📃

မြန်မာ-ယိုးဒယား သေမင်းတမံဖောက်လုပ်ခဲ့ရတဲ့စစ်သုံ့ပန်းများ…

၁၉၄၂ မှာ ဗြိတိသျှတွေရဲ့ စင်ကာပူခံတပ်ကြီးကျသွားတော့ မဟာမိတ်စစ်သားတွေဟာ ဂျပန်တွေ လက်ထဲကို စစ်သုံ့ပန်းအနေနဲ့ရောက်သွားတယ်။ အဖမ်းခံလိုက်ရတဲ့ စစ်သုံ့ပန်းတွေဟာ အခုကျွန်တော်တို့ သေမင်းတမံရထားလမ်းလို့ သိကြတဲ့ယိုးဒယား-မြန်မာမီးရထားလမ်းကြီး ဖောက်တဲ့ လုပ်ငန်းမှာ ကျွန်အဖြစ် အတင်းအကြပ်စေခိုင်းခြင်းခံခဲ့ရတယ်။

တစ်နေ့ကျ အဖမ်းခံထားရတဲ့ ဗြိတိသျှတပ်တွေဟာ ရထားလမ်းဖောက်တဲ့ နေရာကနေ ထွက်ပြေးဖို့ ကြံစည်ကြတယ်။အဲ့ဒီအကြံအစည်မှာ ဆက်သွယ်ရေးအရာရှိလည်းဖြစ်၊မီးရထားလမ်းတွေအကြောင်းလည်း သေချာနားလည်တဲ့ Lumox က ဦးဆောင်သူ ဖြစ်လာတယ်။ လူအသေအပျောက်များလွန်းလို့ သေမင်းတမံရထားလမ်းလို့ကို ခေါ်ရတဲ့ အဲ့ဒီငရဲခန်းကနေ သူတို့အုပ်စု လွတ်မြောက်နိုင်ပါ့မလား ၊ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်လိုအဖြစ်ဆိုးမျိုးတွေ ကြုံရဦးမလဲဆိုတာကို ဒီဇာတ်ကားမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/237
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🔥1
Forwarded from đ—Śđ˜‚đ˜€đ—ľđ—ś
Brick [2025]

Review 📃

ထူးဆန်းတဲ့ နံရံကြီးကြားမှာ ပိတ်မိသွားတဲ့ တိုက်ခန်းနေလူများ ...

တင်မ်နဲ့ အိုလီဗီယာက ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ တိုက်ခန်းတစ်ခန်းဝယ်ထားပြီး အတူနေထိုင်နေတဲ့စုံတွဲဖြစ်ပါတယ်။

တင်မ်ဟာ ဂိမ်းအက်ပလီကေးရှင်းတွေကို ဖန်တီးတဲ့ အိုင်တီပညာရှင်ဖြစ်ပြီးတော့ အလုပ်ရှင်ကုမ္မဏီက ဂိမ်းပွဲဦးထွက်ရမဲ့သတ်မှတ်ရက်ကို ရှေ့တိုးလိုက်လို့ အကြပ်ရိုက်နေပါတယ်။

အိုလီဗီယာကလည်း သူမကို အချိန်မပေးပဲ အလုပ်ပဲဇွတ်လုပ်နေတဲ့တင်မ်ကို သူမကို ကတိပေးထားတဲ့အတိုင်း ပဲရစ်ကို ခေါ်သွားဖို့ ပြောပေမဲ့ အချိန်မရှိတဲ့ တင်မ်က နောက်မှသွားဖို့ပြောလိုက်ပြီး အိပ်ရာဝင်ခဲ့ပါတယ်။

မနက်လင်းတော့ တင်မ်ကို စိတ်ကုန်သွားတဲ့ အိုလီဗီယာဟာ တင်မ်ကိုလမ်းခွဲပြီး ထွက်သွားဖို့ပြင်ပါတော့တယ်။

အဲအချိန်မှာ ထူးဆန်းစွာပဲ သူတို့အဆောက်အဦးရဲ့ လေးဖက်လေးတန်လုံးမှာ ထူးဆန်းတဲ့နံရံကြီးတစ်ခုက ထွက်ပေါက်မရှိပဲ ပိတ်ဆို့ထားပါတော့တယ်။

အဲအချိန်မှာ ဘေးအခန်းမှာနေတဲ့သူတွေရဲ့အသံကိုကြားလို့ အခန်းတွင်း ဘေးနံရံကို ဖောက်ထွင်းလိုက်တော့ အခန်းဖော်တွေကို တွေ့လိုက်ရပြီး သူတို့လည်း ဘာဖြစ်လို့ဖြစ်နေမှန်းမသိပါဘူး။

အဲတော့ သူတို့တွေ ဒီအဆောက်အဦးထဲက ဘယ်လိုထွက်ပေါက်ရှာကြမလဲ...

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/238
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1
Forwarded from đ—Śđ˜‚đ˜€đ—ľđ—ś
My Love [2021]

Review 📃

ဒီကားလေးကတော့ မိန်းကလေး တစ်ယောက်တည်းကိုပဲ မပြောင်းလဲဘဲ ၁၅ နှစ်တာလုံးချစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ကူးပုံဖော်ထားတဲ့ ရိုမန့်ကားလေးပါ ဇာတ်ကြောင်းလေးကတော့…

ကျိုးရှောင်ချီဆိုတဲ့ကောင်လေးက ကျောင်းမှာ အမြဲတမ်းရန်ဖြစ်ကျောင်းလစ်နေကျ ကောင်ဆိုးလေးတစ်ယောက်ပါ

သူ့အသက် ၁၇နှစ်အရွယ်မှာပဲရှောင်ချီဟာ ကျောင်းပြောင်းကျောင်းသူလေး ယိုယုံစစ်ကို မြင်မြင်ချင်းချစ်မိသွားခဲ့တယ်

အဲ့နောက်မှာတော့ ရှောင်ချီတစ်ယောက်ယုံစစ်နောက်ကနေ တကောက်ကောက်လိုက်ရင်း သူတို့နှစ်ယောက်သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်

ဒီလိုနဲ့ သူတို့နှစ်ယောက်အတူတူပေါက်ကရတွေလုပ်ရင်း သူတို့သံယောဇဉ်တွေ တိုးလာပြီလို့ရှောင်ချီတစ်ယောက်ထင်ခဲ့ပေမဲ့ အဲ့ဒါဟာ

သူ့အထင်တစ်ခုသာဖြစ်နေခဲ့ပါတယ်တစ်နေ့မှာ ယုံစစ်တစ်ယောက် ရှောင်ချီကို နှုတ်ဆက်စကားတစ်ခွန်းပဲဆိုပြီးထွက်သွားပြီးနောက်ပိုင်းမှာ ယုံစစ်နဲ့ ရှောင်ချီ ဘယ်လိုမျိုးပြန်တွေ့ ကြမလဲရှောင်ချီရဲ့ အချစ်တွေကရော ရောင်ပြန်ဟပ်လာမှာလား.....?

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/239
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍1
The Maze Runner Movies [ 2014 ]

Review 📝

သောမတ်စ် (Thomas) အမည်ရှိ ကောင်လေးတစ်ယောက်ဟာ သူဘယ်သူလဲ၊ ဘယ်ကလာသလဲဆိုတာ ဘာမှမမှတ်မိဘဲ ကြီးမားတဲ့ ကျောက်နံရံတွေ ဝန်းရံထားတဲ့ "Glade" ဆိုတဲ့ နေရာတစ်ခုဆီကို ဓာတ်လှေကားနဲ့ ရောက်လာတယ်။ အဲဒီမှာ သူ့လိုပဲ အပြင်လောကကို မမှတ်မိတဲ့ ယောက်ျားလေးအုပ်စုတစ်စု ရှိနေတယ်။
Glade နဲ့ Maze: Glade ရဲ့အပြင်ဘက်မှာ ညတိုင်း ပုံစံပြောင်းနေတဲ့၊ Grievers လို့ခေါ်တဲ့ စက်ပစ္စည်းသတ္တဝါတွေရှိတဲ့ ကြီးမားတဲ့ ဝင်္ကပါ (Maze) တစ်ခု ရှိတယ်။ ကောင်လေးတွေထဲက "Runners" တွေက ဝင်္ကပါထဲကနေ လွတ်မြောက်ဖို့ လမ်းရှာကြတယ်။
ထွက်ပြေးဖို့ ကြိုးပမ်းခြင်း: သောမတ်စ်ရောက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် Teresa ဆိုတဲ့ မိန်းကလေးတစ်ယောက် ရောက်လာတယ်။ သူတို့နှစ်ယောက်ဟာ ဝင်္ကပါရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီးဘာတွေဆက်ဖြစ်လာမလဲ...

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/youthfavouritemovies/247
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍2🔥2
Constantine [ 2005 ]

Review 📝

ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကိုအမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်။ မကောင်းဆိုးဝါးတွေကြားထဲမှာပဲ သူ့ဘဝကိုရှင်သန်ပြီး သူလုပ်ခဲ့တဲ့အရာတွေကြောင့်သူသေရင်ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိပါတယ်။ ဆေးလိပ်အရမ်းသောက်တာကြောင့်အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ။ကွန်စတန်တင်းဟာသူသေရင် ငရဲအစားကောင်းကင်ဘုံကိုတက်ရဖို့အတွက် စွန့်စားမှုတစ်ခုကို အမြဲတမ်းလိုက်ရှာပြီးလုပ်ဖို့ကြိုးစားနေပါတယ်...

><><><><><><><><><><><><><
🍿

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/249
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🔥1
Bridge to Terabithia [ 2007 ]

Review 📝

ဂျက်စ်အရွန်းဆိုတဲ့၁၀နှစ်သားအရွယ်ကောင်လေးဟာ ဆင်းရဲသားမိသားစုမှ မွေးဖွားလာတာနဲ့အညီ ကျောင်းမှာရော အိမ်မှာပါ အနိုင်ကျင့်ခံရတဲ့အထီးကျန်ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။အဲ့ဒီကောင်လေးရဲ့ဘဝထဲကို လက်စလီဘာ့ခ် ဆိုတဲ့ဘေးအိမ်က ကောင်မလေးတစ်ယောက်ဝင်ရောက်လာတာကနေစလို့လုံးဝပြောင်းလဲသွားပါတော့တယ်။

ဂျက်စ်က ပုံဆွဲဝါသနာပါပြီး လက်စလီကစိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးဖြစ်တော့ သူတို့နှစ်ယောက်ဟာ လက်ရှိကမ္ဘာကနေရုန်းထွက်ပြီး“တီရာဘီသီးယား”ဆိုတဲ့ စိတ်ကူးယဉ်နိုင်ငံတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ အဲ့ဒီ Terabithia မှာ ဘုရင်တွေ၊ စွမ်းအင်တွေ၊ သတ္တဝါကြီးတွေ၊ ထူးဆန်းတဲ့အရာတွေကိုဖန်တီးပြီးတော့ စွန့်စားခန်းတွေထွက်ကြပါတော့တယ်။

ဒီလိုစိတ်ကူးယဉ်ပျော်ရွှင်နေကြတဲ့ သူတို့နှစ်ဦးကြားမှာအလွန်စိတ်ထိခိုက်ဖွယ်အဖြစ်အပျက်တစ်ခုဝင်လာတဲ့အခါမှာတော့...

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/250
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍2🔥2
All of Us Are Dead [ 2022 ]

 Review 📝

“ဇွန်ဘီတွေက ရုပ်ရှင်ထဲမှာပဲ ရှိရမှာလေ…ဘာလို့ ငါတို့ကျောင်းမှာလဲ?”
 
သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ၊
ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်၊ ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖို့ကြိုးပမ်းရတဲ့အခါမှာတော့။

ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။
 
ဒီကားလေးထဲမှာ လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/257
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🔥1