𝑲𝑶 𝑴𝒚𝒐 ငွေတုရောင်း၀ယ်ရေး🤝
15.9K subscribers
1.03K photos
7 videos
488 links
ဝယ်ယူသူတိုင်100%စိတ်ချရပါတယ်ဗျ🙏
အတုပသတိပြုပါဗျ
Download Telegram
Night Of The Zoopocalypse [2024]

Review 📃

ဒီ Animation လေးကတော့ Horror , Comedy အမျိုးအစားလေးဖြစ်ပြီးမိသားစုတွေ အပန်းဖြေပေါ့ပေါ့ပါးပါးလေး ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းလေးကတော့ တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်ရုံ ပေါင်းစုံကနေမထင်မှတ်ထားပဲ Zombie လိုမျိုး အကောင်တွေပျံနှံသွားတာကို ဝံပုလွေမလေး ဂရေစီနဲ့ တိရစ္ဆာန်ရုံ ပေါင်းစုံက တားဆီးတာကို Zombie Apocalypse ဆန်ဆန်လေး ရိုက်ပြထားတာပါ။ဒီထဲက အဓိကဇာတ်ကောင် တစ်ယောက်ဖြစ်တဲ့ တောင်ခြင်္သေ့ကြီးနေရာမှာလဲ Stranger Things ထဲက Jim Hopperနေရာကသရုပ်ဆောင်တဲ့ David Harbour ကဝင်ရောက်အားဖြည့်ပေးထားပါတယ်ကြည့်ရတာ fun ဖြစ်ပြီး ဝေဖန်ချက်တွေလေးကောင်းတာမလို့ကလေးတွေ မိသားစုတူတူကြည့်ရှူမယ်ဆိုရင်တော်တော်လေးအဆင်ပြေတဲ့ ကာတွန်းကားလေးပါ။၊

><><><><><><><><><><><><><

Channelအရင်Joinပါ
🤗

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2500899647/606
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Stand by Me Doraemon [2014]

Review 📃

ဒီ Stand by Me Doraemon ကာတွန်းရုပ်ရှင်က 2014 ခုနှစ်မှာထွက်ခဲ့တာဖြစ်ပြီး38 ကြိမ်မြောက် ဂျပန်အကယ်ဒမီ ကာတွန်းရုပ်ရှင်ဆု ရရှိခဲ့တဲ့ကား ကောင်းတစ်ကားဖြစ်ပါတယ်။

ကလေးတွေအတွက် သာမက လူကြီးတွေအတွက်ပါ ခံစားကြည့်ရှုလို့ရတဲ့ ကာတွန်းကားဆိုလည်းမမှားပါဘူး။ ဒီကားမှာ ဒိုရာမွန် ဇာတ်လမ်းတွဲတွေရဲ့ အစလို့ပြောလို့ရ တဲ့ ..အလွဲလွဲအချော်ချော်နဲ့ လူညံ့ လူပျင်းလေး နိုဘိတဆီကို ဒိုရာမွန်ရောက်လာရတဲ့အကြောင်းအရင်း ကို ဇာတ်လမ်းတည်ထားပါတယ်။နိုဘိတက ကျန်တဲ့နေရာသာ သုံးစားမရပေမယ့် မေတ္တာတရားမှာ တော့ခေသူမဟုတ် ဆိုတဲ့အထဲကပါ။ ဒီကားလေး ထဲမှာ နိုဘိတူရဲ့ခွက်ရှ် ရှီဇူကာအပေါ်ထားတဲ့မေတ္တာ တရားတွေ၊ ဒိုရာမွန်နဲ့ နိုဘီတူတို့ကြားက သံယောဇဉ်တွေ လူတစ်ဖက်သားကိုအနိုင်ကျင့်တတ်တဲ့ဂျီကြီး နဲ့ စနိုတို့ရဲ့ အမူအကျင့်တွေနဲ့ ဇာတ်လမ်းဇာတ်အိမ်ဖွဲ့ လိုက်တဲ့အခါမှာတော့ရယ်စရာလည်းပါ၊ ဝမ်းနည်း တွေ၊ စရာလည်းပါ၊ သနားစရာတွေလည်းပါတဲ့ကာတွန်း ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတော့တယ်။ ကြည့်ရကျိုးနပ်တဲ့ ကာတွန်းကားလေးဖြစ်သလို ဒိုရာမွန် ချစ်သူတွေအတွက်တော့ လုံးဝလက်လွတ်မခံသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
🤩

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2500899647/608
Please open Telegram to view this post
VIEW IN TELEGRAM
Stand by me Doraemon 2 [2020]

Review 📃

ဒီတစ်ခေါက် အပိုင်း၂(၂ဝ၂ဝ) မှာတော့ အတိတ်ကို ပြန်သွားရာကနေဇာတ်လမ်းစခဲ့ပါတယ်နိုဘီတတစ် ယောက်သူ့မွေးနေ့မှာ အိမ်ကိုပြန်လာချိန် မယ်တော် ဘုရားကဘဲဥမကွဲတဲ့ စာမေးပွဲအမှတ်စာရင်းစာရွက်ကိုရှာတွေ့ရာကနေစလို့ အဆူခံရပြီး ပုလဲခလျှက်နဲ့ သူ့အခန်းထဲဝင်လာခဲ့ပါတယ်။အခန်းထဲမှာ အမေဆူတာလွတ်ဖို့ အရေး အရင်လိုပဲ ဒိုရေမွန်ဆီကနေပစ္စည်းဆန်းတွေ သုံးဖို့ကြံနေရင်း သူကိုယ်တိုင်တောင်ဘာမှန်းမသိ တာတွေလျှောက်လုပ်မိကုန်ပါတယ်။

အဲ့ဒီကနေ နိုဘီတရဲ့အဘွားပေးခဲ့တဲ့ ဝက်ဝံရုပ်လေးကိုတွေ့ပြီး အဘွားနဲ့ ပြန်တွေ့ချင်လို့ ဒိုရေမွန်ဆီပူဆာရာကနေစလို့နိုဘီတ ပီသစ္စာ တစ်လွဲအပြည့်နဲ့ဇတ်ထုတ်ကြီးကကြ ပါတော့တယ်။

ဒီဇတ်လမ်းမှာ ဟိုးအရင်ကလို မဟုတ်ဘဲအဘွားနဲ့ နိုဘီတတို့ ကြားက သံယောဇ သံယောဇဉ်ကြိုး မိဘမေတ္တာတို့ ကို မျက်ရည်ဝဲလျှက်နဲ့ ကြည့်ရမှာပါ။နိုဘီတန့်ရင်းနှီး ပြီးသားသူများအဖို့တော့ ကြည့်ရတာ ပိုးစိုးပက်စက် တန်မှာပါ။

><><><><><><><><><><><><><

Channelအရင်Joinပါ
😍

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2500899647/610
Please open Telegram to view this post
VIEW IN TELEGRAM
Rock A Doodle [1991]

Review 🗒

ဒီဇာတ်ကားလေးကတော့ American Filmmaker & Animatorတစ်ယောက်ဖြစ်တဲ့ Don Bluth ရဲ့လက်ရာဖြစ်ပါတယ်။

Don Bluth ဆိုတာနဲ့ The Land Before Time တို့An American Tail တို့ကိုပြေးမြင်မိကြမှာပါ။

ဒါဆိုရင်တော့ Don Bluth နာမည်နဲ့တွဲပြီးတော့မှတ်ဖို့အတွက်
ဒီဇာတ်ကားလေးလည်း တစ်ခုအပါအဝင်ဖြစ်လာမှာပါ။
Live Action နဲ့ Animation ကိုရောယှက်ထားပြီးတော့
Edmond ဆိုတဲ့ကောင်လေးရဲ့ ညအိပ်ရာဝင်ပုံပြင်တွေကနေတစ်ဆင့်
တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တဲ့ Fantasy World ထဲကိုအလည်သွားမယ့်
ဇာတ်ကားလေးလို့ပြောရင်လည်းမမှားပါဘူး။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ Chanticleer ဆိုတဲ့ကြက်ဖလေးက
သူ့ရဲ့တွန်သံကြောင့် နေထွက်တယ်လို့ယုံကြည်ထားပြီးတော့
ခြံထဲမှာလည်းသူ့ရဲ့အလုပ်က နေမင်းကိုနှိုးဖို့ပါ။
Chanticleer ခြံထဲကနေထွက်သွားတဲ့နေ့ကစလို့
နေကိုမမြင်ရတော့ပါဘူး။ ဒီတော့ Edmond နဲ့ Chanticleer ရဲ့
သူငယ်ချင်းဟောင်းတို့ Chanticleer ကိုဘယ်လို အခက်အခဲတွေကြားကနေ
ခြံထဲကိုပြန်ခေါ်ပြီး သူ့တွန်သံနဲ့နေအလင်းရောင်ကို
ကမ္ဘာမြေပေါ်ဖြန့်ကျဲနိုင်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာကို
တွေ့မြင်ရမှာဖြစ်ပါတယ်။ Animation ဇာတ်ကားလေးဖြစ်ပေမယ့်လည်း
အတုယူစရာ၊ သင်ယူစရာတွေ

❗️❗️❗️❗️❗️❗️📥📥📥

https://t.me/old_cartoon_mmsub_2006/683
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Three Steps Above Heaven [ 2010 ]

Review 📝

ချစ်ခြင်းမေတ္တာဆိုတာ သန့်ရှင်းလှပနေမယ်လို့ထင်ပေမဲ့… ဒီmovieထဲမှာတော့ မျှော်လင့်ချက်နဲ့ အကျင့်စည်းကမ်းတွေကို ချိုးဖောက်ထားတဲ့ အနာအဆာဖြစ်တဲ့ အချစ်တစ်ခုပဲတွေ့ရပါတယ်။ “Hache” ဆိုတဲ့ မတည်မြဲတဲ့ အရွယ်ရောက်သူ နဲ့ “Babi” ဆိုတဲ့ အပြုသဘောဆောင်တဲ့ မိန်းကလေးကြားမှာ ဖြစ်ပွားတဲ့ အချစ်ဇာတ်လမ်းက ရင်ထဲကိုတိုက်နယ်စွဲနေစေပါတယ်။
လွယ်လွယ်ကူကူမဖြစ်တဲ့ Relationship တစ်ခု၊ မတူညီတဲ့ကမ္ဘာနှစ်ခုရဲ့ တိုက်မိမှု၊ အနုပညာလိုအပ်သူတွေကို စိတ်ထဲက သံတူသံမြည်စေတဲ့ ဇာတ်ကားဖြစ်ပါတယ်။

မုန်းပြီးချစ်၊ ချစ်ပြီးနာတဲ့ဇာတ်လမ်းတွေကိုကြိုက်သူအတွက်တော့ ဒီကားလေး မဖြစ်မနေကြည့်ဖို့ တန်ပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
🍿

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/c/2860692056/374
Please open Telegram to view this post
VIEW IN TELEGRAM
❤2
The Good Dinosaur [ 2015 ]

Review 📝

ဒီ Animation ရုပ်ရှင်လေးဟာ ကလေးတွေတင်
မကပါဘူး လူကြီးတွေပါ ကြိုက်နှစ်တတ်ပါတယ်။
ကျနော်တို့ မသိလိုက်တဲ့ကျောက်ခေတ်မှာဒိုင်နိုဆောတွေဟာ သူတို့ဘာသာ အသက်ရှင်
ရပ်တည်ဖို့ အသီးအရွက်စားတွေဆို လယ်တွေ စိုက်တယ်၊ ရိတ်သိမ်းတယ်၊ လှောင်ထားတယ် နွေစာ၊ မိုးစာ၊ ဆောင်းစာဆိုပြီး သက်သက်မှတ်မှတ် သိမ်းကြပြီး အသားစား သတ္တဝါတွေကတော့
အသားစားလို့ရတဲ့ သတ္တဝါငယ်တွေကို မွေးမြူပြီး စားသောက်ကြပါတယ်။

အဲ့ဒီအချိန်မှာ လူသားတွေဆိုတာ ဒိုင်နိုဆောလောက်တောင်အသိဉာဏ် မဖွင့်ဖြိုးသေးတဲ့ ပုံစံ ပြသထားပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အဓိကဇတ်ကောင်နှစ်ယောက်ဖြစ်တဲ့ အာလို ဆိုတဲ့ ဒိုင်နိုဆော ငကြောက်လေးရယ်၊ သူ့ကိုအမြဲလိုက်စောင့်ရှောက်ပေးတဲ့ စပေါ့ ဆိုတဲ့လူသားပေါက်စ လေးရယ်က ဇာတ်လမ်းကိုအဆုံးထိ ထိုင်ရာက မထစတမ်း ကြည့်ချင်အောင်စွဲဆောင်သွားပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
✔️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/c/2500899647/612
Please open Telegram to view this post
VIEW IN TELEGRAM
The SpongeBob Movie: Sponge Out of Water [ 2015 ]

Review 📝

ဒီတစ်ခေါက်မှာတော့ Mr. Krabs ရဲ့လျှို့ဝှက်ဟင်းချက်နည်းက ရုတ်တရက်ပျောက်သွားရာကနေအစပြုပြီး Krabby Patties တွေလည်းထပ်မရှိတော့တာကြောင့် Bikini Bottom ကြီးတစ်ခုလုံးပရမ်းပတာတွေဖြစ်ပြီး ကပ်ဘေးကြီးဆိုက်သွားပါတော့တယ်။

SpongeBob တို့သူငယ်ချင်းတစ်စုသားလျှို့ဝှက်ဖော်မြူလာကိုရှာရင်းကုန်းပေါ်အထိပါတက်သွားရတဲ့အထိပါပဲ။

သူတို့ကုန်းပေါ်မှာ လျှိူ့ဝှက်ဖော်မြူလာကိုပြန်ရှာဖို့စွန့်စားခန်းတွေဖွင့်ရင်း Bikini Bottom ကိုကယ်တင်ဖို့ကြိုးစားကြတာတွေကိုပျော်ပျော်ကြီးကြည့်ရှုရမှာပါ။

><><><><><><><><><><><><><

Channelအရင်Joinပါ
🤩

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
🌐

https://t.me/c/2500899647/615
Please open Telegram to view this post
VIEW IN TELEGRAM
The Long Walk [ 2025 ]

Review 📝

ဇာတ်လမ်းက အာဏာရှင် စစ်ဗိုလ်ကြီးတစ်ယောက်က အမေရိကန်ကို အုပ်ချုပ်နေတဲ့အချိန်မှာ နှစ်စဉ်နှစ်တိုင်း ဆယ်ကျော်သက် ယောက်ျားလေး ၅၀ ကို ရွေးချယ်ပြီး မရပ်မနားလမ်းလျှောက်ပြိုင်ခိုင်းပါတယ်။

ပြိုင်ပွဲဝင်တွေဟာ တစ်နာရီကို သုံးမိုင်နှုန်းနဲ့ လမ်းလျှောက်နေရမှာဖြစ်ပြီး၊ အဲဒီနှုန်းအတိုင်း မလိုက်နိုင်ရင်၊ ဒါမှမဟုတ် သုံးကြိမ်သတိပေးခံရရင် စစ်တပ်ရဲ့ လက်ချက်နဲ့ ချက်ချင်း ပစ်သတ်ခံရ မှာ ဖြစ်ပါတယ်။

ဇာတ်လမ်းက ပျင်းရတဲ့ အခန်းတစ်ခန်းမှမရှိတဲ့အပြင်ကိုမှ နောက်ဆုံး မထင်မှတ်ထားတာတွေဖြစ်သွားတာကို ကြည့်ရမှာဆိုတော့ တကယ်တန်တယ်လို့ပြောလို့ရပါတယ်။ 

><><><><><><><><><><><><><

Channelအရင်Joinပါ။
😳

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/c/2860692056/381
Please open Telegram to view this post
VIEW IN TELEGRAM
The Green Mile [ 1999 ]

Review 📝

မိတ်ဆွေဟာ စိတ်ခံစားမှုအားကောင်းတဲ့သူဆိုရင် ဒီကားကိုမကြည့်ရသေးဘူးဆိုရင် ကြည့်ဖစ်အောင်ကြည့်ပါ။ ‌‌ဒီကားဟာ ၀မ်းနည်းရမယ်၊ကြည်နူးရမယ်၊ ငိုကြွေးရမယ်၊ အထီးကျန်ဆန်ရမယ်။ ယောကျာ်းရင့်မာကြီး တောင်မျက်ရည်ဝဲရပါတယ်။

" ကဲ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်းဆက်မလုပ်ခင်နောက်ဆုံးအနေနဲ့ ဘာများပြောခဲ့ချင်သေးလဲ"

" ကျွန်တော်က ကျွန်တော်ဖြစ်နေရလို့ ဒီဖြစ်တည်မှုအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ကျေးဇူးပြုပြီး အဲ့ဒီ့အရာကြီးနဲ့ ကျွန်တော့်ကို မစွပ်လိုက်ပါနဲ့ ဆရာ၊ ကျွန်တော့်ကို အမှောင်ထဲမှာ မထားလိုက်ပါနဲ့ဗျာ၊ ကျွန်ဝောာ် အမှောင်ကိုကြောက်လို့ပါ ဆရာ။ "

><><><><><><><><><><><><><

Channelအရင်Joinပါ
❤️

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/c/2860692056/383
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Baby Shark's Big Movie [2023]

Review 📃

Baby Shark ဆိုတာက Pinkfong ကနေထုတ်ထားတဲ့ Youtube ပေါ်မှာကြည့်ရှုသူအများဆုံး ကလေးသီချင်းဖြစ်တယ်ဆိုတာ ကလေးလူကြီးအကုန်သိကြမှာပါ။

ဒီဇာတ်ကားကတော့ အဲ့ဒီသီချင်းကိုပဲကာတွန်းဇာတ်ကားအဖြစ် ကလေးလူကြီးအားလုံးကြိုက်မယ့်ပုံစံအဖြစ် ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

Baby Shark သီချင်းနဲ့ ကိုရီးယားနာမည်ကြီးအဆိုတော်အဖွဲ့ Enhypen တို့ရဲ့သီချင်း Keep Swimmin’ Through အပါအဝင် သီချင်းကောင်းများစွာပါဝင်တဲ့အပြင်

Cardi B နဲ့ Enhypen တို့နဲ့အတူ နာမည်ကြီးအနုပညာရှင်များလည်း ဧည့်သည်အဖြစ်ပါဝင်ထားတဲ့အတွက် ကလေးတွေအပြင် လူကြီးတွေအနေနဲ့လည်း ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် Animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ။
❤️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/c/2500899647/617
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Bruce Almighty [ 2003 ]

Review 📝

စူပါဟာသမင်းသားကြီး Jim Carrey ရဲ့ နာမည်ကြီး ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး Box Office မှာ 486$ Millions နဲ့ အောင်မြင်မှု သရဖူဆောင်းသွားခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဘရုစ် ဆိုတဲ့ အားလုံးကို ပျော်ရွှင်စေတတ်တဲ့ အငယ်တန်းသတင်းကြေညာသူလေးဟာ အဓိကသတင်းကြေညာသူနေရာကို အမြဲရည်မှန်းနေပေးမယ့် ဘယ်တော့မှ မရခဲ့ပါဘူး။ ဒါ့အပြင် တခြားအဆင်မပြေမှုတွေ အတွက် ဖန်ဆင်းရှင်ကို အမြဲအပြစ်တင် ပြောဆိုနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကနေ ဖန်ဆင်းရှင်ဘုရားနဲ့ တွေ့ဆုံခဲ့ရပြီး သူ့ကို တစ်ပတ်တိတိဖန်ဆင်းရှင်အဖြစ် တာဝန်လွှဲအပ်လိုက်တဲ့အခါ……. တစ်ကားလုံး ရယ်နေရသလို တွေးတောစရာ တွေလဲပါတော့ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါတော့

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/342
Please open Telegram to view this post
VIEW IN TELEGRAM
👍3❤2🔥2
Mean Girls [2024]

Review📃

အားလုံးသိကြမယ့်အတိုင်း ဒီဇာတ်ကားလေးကတော့ ၂၀၀၄ တုန်းက ထွက်ရှိခဲ့ပြီးအားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ မှတ်မှတ်ရရဖြစ်ခဲ့ကြတဲ့ နာမည်ကြီး Mean Girls ဇာတ်ကားလေးကိုမှ adapation သဘောမျိုး ပြန်လည်ရိုက်ကူးထားတာပါ။

ဇာတ်လမ်းအကျဉ်း


ကေဒီဟာ ကန်ညာမှာ သုတေသနလုပ်နေတဲ့မိဘတွေနဲ့ အတူနေရာကနေ ကျောင်းပြောင်းလာတဲ့အခါမှာတော့ မကြုံဖူးတာတွေ ကြုံရပါတော့တယ်။ ကျောင်းမှာ သူ့အဖွဲ့အုပ်စုနဲ့ သူရှိတာ၊ တစ်ယောက်နဲ့ တစ်ယောက်ပြိုင်ဆိုင်ကြတာ၊ သမီးရည်းစားကိစ္စတွေ၊ အတင်းအုပ်တာတွေကို ကြုံတွေ့ရတဲ့အခါမှာ အထူးအဆန်းဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့ကျောင်းမှာ နာမည်ကြီးတဲ့ အလှပဂေး ပလတ်စတစ်မလေး သုံးယောက်က သူ့ကိုသတိထားမိသွားပြီး သူတို့အဖွဲ့ထဲပါဖို့ ဖိတ်ခေါ်ပါတော့တယ်။ ဒီလိုနဲ့ ဘုမသိ ဘမသိ ကေဒီတစ်ယောက် သူတို့အဖွဲ့ထဲပါသွားပြီး သူတို့လို ဝတ်တတ်စားတတ် သမီးရည်းစားကိစ္စ စိတ်ဝင်စားလာပြီး ကောင်လေးတစ်ယောက်ကို စကြိုက်မိရာကနေ ဘယ်လိုတွေ ဇာတ်လမ်းရှုပ်ကြမလဲဆိုတဲ့ ကျောင်းတွင်းအရှုပ်တော်ပုံကို ဟာသဇာတ်မြူးအနေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/345
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍2🔥2
Shree Vishnu: Rise of Narasimha [ 2025 ]

Review 📝

အိန္ဒိယနတ်ဘုရားဇာတ်လမ်းတွေကို အံ့သြဖွယ် CGI နဲ့ ပြန်လည်အသက်သွင်းထားတဲ့ Shree Vishnu: Rise of Narasimha ဟာ ဒီနှစ်အတွက် အိန္ဒိယ Mythology Animation ထဲက တန်ဖိုးအမြင့်ဆုံးကားတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းမှာတော့ ဗိဿနိုးနတ်မင်းနဲ့ နတ်ဆိုးညီအစ်ကိုဖြစ်သူ ဟီရန်ယာဆာ နဲ့ ဟီရန်ယာကရှီပူ တို့ရဲ့ သွေးသံယိုအမုန်းပြုရေးတိုက်ပွဲကို ပြထားပါတယ်။ မသေခြင်းအစွမ်း ရလာတဲ့ ဟီရန်ယာကရှီပူဟာ လောကသုံးဘုံကို အုပ်စိုးချင်လာတယ်။ ဒါပေမဲ့ သူ့သား ပရာလာ့ဒ် ကတော့ ဗိဿနိုးကိုးကွယ်သူဖြစ်တာကြောင့် မိသားစုတောင် ပြိုင်ပွဲဖြစ်လာတယ်။ နောက်ဆုံးမှာ ဗိဿနိုးနတ်မင်းက နရာသင်ဟာ အသွင်ပြောင်းပြီး နတ်မင်းကို တရားမျှတအောင် နှိမ်နင်းပေးတဲ့ သမိုင်းကြောင်းကို စိတ်လှုပ်ရှားဖွယ် ပုံဖော်ထားပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/346

Copyrightမိပြီး Channel တွေခဏ"ပျက်လို့ Linkတွေအဆင့်ဆင့်ဝင်ရတာကို သည်းခံပေးပါ။
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1
The Son of Bigfoot [2017]

Review 📃

2017မှာထွက်ရှိလာတဲ့ကားတွေထဲ ဒီဇာတ်လမ်းလေးကတော့ ဇာတ်အိမ်ကျယ်ကျယ်နဲ့ ဆွဲဆောင်မှုရှိတဲ့ကားလေးလို့ပြောရမှာပါပဲ။
ဂြိုလ်သားတို့ နဂါးတို့ ခြေထောက်အကြီးကြီး သတ္တဝါတွေဆိုတာ ယုံတမ်းပုံပြင်လို့ အားလုံးကထင်မှတ်ထားကြတာပါ။
အဲ့ဒီအချိန်မှာ မမျှော်လင့်ဘဲ အက်ဒမ်ဆိုတဲ့ကောင်လေးတစ်ယောက်က သူ့အဖေဟာ ဒီလိုသတ္တဝါကြီးဖြစ်နေတယ်ဆိုတာသိလိုက်ရပါတော့တယ်။
ဒီလိုစိတ်ဝင်စားစရာမထင်မှတ်ထားတဲ့ Storyline လေးနဲ့ ဒီကားလေးကတော့ Imdb Rating 6.1% Rotten Tomatoes 88 ရရှိထားတာမို့ ဇာတ်လမ်းကောင်းလေးဆိုတာ အထွေအထူးမညွှန်းတော့ပဲ ကြည့်ရှုခံစားကြည့်ဖို့တိုက်တွန်းလိုက်ရပါတယ်။
><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⤵️⬇️

https://t.me/Sushi_Cartoon_World/2245

Copyrightမိပြီး Channel တွေခဏ"ပျက်လို့ Linkတွေအဆင့်ဆင့်ဝင်ရတာကို သည်းခံပေးပါ။
Please open Telegram to view this post
VIEW IN TELEGRAM
Bigfoot Family [2020]

Review 📃

2017 တုန်းက ထွက်ရှိခဲ့တဲ့ The Son of Bigfoot ဆိုတဲ့ Animation လေးရဲ့နောက်ဆက်တွဲအနေနဲ့ထွက်ရှိလာတာပါ။ ဒေါက်တာဟယ်ရီဆန်ဆိုတာက သုတေသန မတော်တဆမှုတစ်ခုကြောင့် ခြေထောက်ကြီးလူ၀ံဘ၀ကိုရောက်သွားရတဲ့ သုတေသနပညာရှင်တစ်ဦးပါ။ကြီးလာတဲ့ခြေထောက်နဲ့အတူတူ တခြားအစွမ်းတွေလည်းရရှိထားပါသေးတယ်။သူ့ရဲ့သားလေးဖြစ်သူ အက်ဒမ်ကတော့ ဖခင်ဆီက မျိုးဗီဇကိုဆက်ခံပြီးအပြေးမြန်ပြီးစွမ်းအားတွေရှိသူတစ်ဦးပေါ့။တောနက်ထဲမှာပဲနေခဲ့တဲ့ ဒေါက်တာဟယ်ရီဆန်တစ်ယောက် လူ့အသိုင်းအ၀ိုင်းအလယ်ရောက်လာချိန်မှာ ဘစ်ဖုဒ်ဆိုရဲ့နာမည်ကျော် လူ၀ံတစ်ယောက်ဖြစ်လာပါတော့တယ်။နာမည်ကြီးလာတာနဲ့အမျှ ဒေါက်တာဟယ်ရီဆန်ရဲ့ဆန္ဒကတော့ သူ့ရဲ့ကျော်ကြားမှုအစွမ်းတွေကို ကမ္ဘာကြီးကို ပိုပြီးကောင်းမွန်လာစေချင်တာပါ။ သူရဲ့အဲဒီဆန္ဒကြောင့် အလက်စကာမှာရှိတဲ့ ဂေဟဗေဒပျက်စီးနိုင်မှုအန္တရာယ်ကိုသွားစုံစမ်းရင်းနဲ့ နောက်ကွယ်မှာရှိတဲ့ဘာပြဿနာတွေကိုတွေ့လာရမလဲ?သူ့မိသားစုနဲ့ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ အဆုံးထိ မငြီးမငွေ့ကြည့်ရှုရမယ့်ကားလေးပါ။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/Sushi_Cartoon_World/2246

Copyrightမိပြီး Channel တွေခဏ"ပျက်လို့ Linkတွေအဆင့်ဆင့်ဝင်ရတာကို သည်းခံပေးပါ။
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Home Alone collection:🎁

Review
💌

ခရစ်စမတ်ကာလရောက်ရင် ကြည့်ရမယ့်ဇာတ်ကားတွေထဲမှာ Home Alone ဇာတ်ကားတွေကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ Comedy, Family အမျိုးအစားဖြစ်တာကြောင့် နားရက်မှာ မိသားစုနဲ့ အပန်းဖြေဖိုသင့်တော်တဲ့ဇာတ်ကားတွေပါ။

Channelအရင်Joinပါ
🎁🎁

https://t.me/+p2xUP91OnkRlZTdl

Home Alone [1990]
https://t.me/c/3172606184/59

Home Alone 2 : lost In New York [1992]
https://t.me/c/3172606184/60

Home Alone 3 [1997]
https://t.me/c/3172606184/61

Home Alone 4 : Taking Back The House [2002]
https://t.me/c/3172606184/62

Home Sweet Home Alone [2021]
https://t.me/c/3172606184/63
Please open Telegram to view this post
VIEW IN TELEGRAM
Two Night Stand [2014]

Review 📃

ဒီတစ်ခါမှာတော့ 2014 ခုနှစ်ကထွက်ရှိထားတဲ့Romance/Melodrama ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။မီဂန်ကချစ်သူရှိရာ နယူးယောက်မြိုအထိလိုက်လာပြီး
ကျောင်းလိုက်တက်ခဲ့ပေမဲ့ သူရဲ့ချစ်သူက သူ့အပေါ်ဖောက်ပြန်သွားလို အသည်းကွဲပြီးအလုပ်လက်မဲ့ဘဝနဲ့ကျန်နေခဲ့ရသူပါ။

တစ်နေ့မှာတော့ သူကအွန်လိုင်းချစ်သူရှာပေးတဲ့ဝက်ဘ်ဆိုက်တစ်ခုကနေ အဲလက်ခ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး တစ်ညတာအတူပျော်ပါးဖိုအတွက်အဲလက်ခ်ရဲ့အိမ်ကို လိုက်သွားခဲ့ပါတယ်။

နောက်တစ်နေ့ရောက်လို ပြန်ဖိုလုပ်တဲ့အခါမှာတော့မီဂန်တစ်ယောက်ကံဆိုးစွာနဲ့ နှင်းမုန်တိုင်းကြီးတိုက်ခတ်တာနဲ့ ကြုံဆုံပြီး ဘယ်ကိုမှသွားလိုမရဖြစ်ခဲ့ပါတယ်။

အဲဒီလိုနဲ့ အဲလက်ခ်နဲ့မီဂန်တိုနှစ်ယောက်သား အဲလက်ခ်ရဲ့အိမ်မှာပိတ်‌မိနေရင်းနဲ့ တစ်ညတာဆက်ဆံရေးကနေနှစ်ညတာဆက်ဆံရေးဖြစ်သွားခဲ့ကြပြီး သူတိုနှစ်ယောက်ကြားဘယ်လိုခံစားချက်တွေဖြစ်ပေါ်လာမလဲ သူတိုတွေ ဘယ်လိုနှစ်ပါးဆက်သွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးပါလို ညွှန်းဆိုချင်ပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/351
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍2🔥2
Weathering with You [2019]

Review 🗒

“နေရောင်ခြည်ကို မမြင်ရတော့ရော ဘာဖြစ်လဲ?? ကောင်းကင်ပြာကြီးထက်
နင့်ကို ပိုပြီး လိုချင်တယ်”
~Morishima Hodaka

ဒါက ၁၆ နှစ်သားကောင်လေးတစ်ယောက်ရဲ့ မိုက်ရူးရဲစကားတစ်ခွန်း…

ဒီစကားတစ်ခွန်းကပဲ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တယ်ဆိုရင် သင် ယုံနိုင်မလား…??

ဟုတ်ပါတယ် ဟိုဒါကာ ဆိုတဲ့ကောင်လေးကတော့ တကယ်ကို အဲ့ဒီစကားနဲ့အညီ လုပ်ချသွားခဲ့ပါတယ်

ကိုယ်ချစ်ရသူနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဘယ်ဟာကိုရွေးမလဲ ဆိုရင် မိုက်ရူးရဲဆန်ဆန်နဲ့ပဲ ကိုယ့်ရဲ့ချစ်သူကို ရွေးကြမှာပါ

ကျွန်တော်တို့လည်း အဲ့ဒီ ၁၆ နှစ်သားကောင်လေးလို မိုက်ရူးရဲဆန်ခဲ့ဖူးကြတယ်မလား?

ဒီဇာတ်ကားလေးကို ကြည့်ပြီး အဲ့ဒီခံစားချက်လေးကို ပြန်အသက်သွင်းလိုက်ကြရအောင်…

အရင်ဆုံးပြောချင်တာက ဒီကားကို အားလုံးလိုလိုကြည့်ပြီးလောက်ကြပါပြီ

မိုးစက်မှုံလေးတွေကအစ နေ‌ရောင်ခြည်အဆုံး ကာလာစုံလွန်းလို့ပါ ဖြစ်နိုင်ရင် တီဗွီနဲ့သာကြည့်ပါ။

ဆိုတော့ ဇတ်လမ်းကိုတော့ အားလုံးအလွတ်နီးပါးရနေကြလောက်ပါပြီ။

ဒါပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက် နည်းနည်းလောက် ညွှန်းပေးပါရစေ။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/Sushi_Cartoon_World/2251

Copyrightမိပြီး Channel တွေခဏ"ပျက်လို့ Linkတွေအဆင့်ဆင့်ဝင်ရတာကို သည်းခံပေးပါ။
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍2🔥1
Confessions of a Shopaholic [2009]

Review 📃

အခုမိတ်ဆက်ပေမယ့် ဇာတ်လမ်းကတော့ ၂၀၀၉ ခုနှစ်က ထွက်ခဲ့ပြီး P.J.Hogan ရိုက်ကူးထားတဲ့ Confessions of A Shopaholic ဆိုတဲ့ ဇာတ်မြူးလေးပါ

နယူးရော့ခ်မြို့ရဲ့ ပျော်ရွှင်စရာ ကမ္ဘာလေးထဲမှာ Rebecca Bloomwood ဟာ shopping ထွက်တဲ့နေရာမှာ တကယ်ကိုတော်တဲ့ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါတော်တယ်ဆိုတဲ့နေရာမှာ နည်းနည်းလေးတော့ တော်လွန်းနေသလိုပေါ့နော်

သူဟာ သူ့ရဲ့အကြိုက်ဆုံး ဖက်ရှင်မဂ္ဂဇင်းမှာ အလုပ်လုပ်ဖို့ အိပ်မက်တစ်ခုလည်းရှိပါတယ်ဒါပေမယ့် အဲ့ဒီ company ကဘဲ ထုတ်ဝေတဲ့ စီးပွားရေး မဂ္ဂဇင်း အတွက် အကြံ ပေးအဖြစ် အလုပ်မလုပ်ခင်အထိ သူ့အိပ်မက်နားကို ခြေဦးတောင်မလှည့်နိုင်ခဲ့ပါဘူး

နောက်ဆုံးတော့ သူ့အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ချိန်မှာ သူ့အတိတ်တွေက သူ့ရဲ့လှပတဲ့အနာဂတ်ကိုဖျက်ဆီးမယ့် ရန်ကနေ ကာကွယ်ဖို့အတွက် ခါတိုင်းထက်ပိုရယ်စရာကောင်းပီး ပြင်းထန်တဲ့အားထုတ်မှုတွေကို သူကြိုးစားရပါတော့တယ်

ဟာသဆန်ဆန် မြူးမြူးကြွကြွ ဇာတ်ကွက်လေးတွေနဲ့ မအီရအောင် ရိုက်ကူးထားတဲ့ ဇာတ်မြူးလေးမို့ Comedy ချစ် ပရိသတ်တွေ လက်မလွတ်သင့်တဲ့ ဇာတ်ကား လေးလို့ ညွှန်းပေးပါရစေ

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/354

Copyrightမိပြီး Channel တွေခဏ"ပျက်လို့ Linkတွေအဆင့်ဆင့်ဝင်ရတာကို သည်းခံပေးပါ။
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍2🔥2
No Hard Feelings [2023]

Review 📃

မက်ဒီဆိုတဲ့ အူဘာတက္ကစီမောင်းတဲ့ အစ်မကြီးဟာ အိမ်အခွန်မဆောင်နိုင်လို ကားသိမ်းခံလိုက်ရပါတယ်။ မကြာခင် အိမ်လည်းအသိမ်းခံရနိုင်ပါတယ်။ ဒီအိမ်လေးကို သူ့အမေက အမွေပေးခဲ့တာကြောင့် မဆုံးရှုးချင်တဲ့ မက်ဒီဟာ ကားတစ်စီးရဖို အသည်းအသန်ရှာရပါတော့တယ်။ အဲဒီအချိန်မှာပါ အင်တာနက်ပေါ်မှာ သူဌေးလင်မယားတစ်တွဲ ကြော်ငြာထားတာတစ်ခုကိုတွေ့လိုက်ပါတော့တယ်။ အဲဒါကတော့ အိမ်တွင်းပုန်း သူတိုရဲ့ ၁၉ နှစ်သားလေးကို လည်လည်ဝယ်ဝယ်ဖြစ်အောင် တွဲပေးနိုင်တဲ့ မိန်းကလေးရှိရင် ကားတစ်စီး ပေးမယ်ဆိုတာပါပဲ။ အဲဒီသတင်းကြားတဲ့အခါ မက်ဒီဟာ သူနဲ့ ၁၅ နှစ်လောက်ကွာတဲ့ ကျောင်းသားလေးကို ဒီအကြောင်းတွေမသိစေဘဲ ရအောင်တွဲဖို ကြိုးစားရပါတော့တယ်။ အဲဒီမှာ ဘာတလွဲတွေဆက်ဖြစ်ကြမလဲဆိုတာ…

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/355

Copyrightမိပြီး Channel တွေခဏ"ပျက်လို့ Linkတွေအဆင့်ဆင့်ဝင်ရတာကို သည်းခံပေးပါ။
Please open Telegram to view this post
VIEW IN TELEGRAM
❤6👍2🔥2
Easy A [2010]

Review 📃

ဘဝမှာ ကောလဟာလကြောင့် အချောင်နာမည်ကြီးနေတတ်တာမျိုးကြုံရတတ်ပါတယ်…ကောင်းတဲ့ဖက်ကနာမည်ကြီးတာတော့ ရှားတတ်ပါတယ်…များသောအားဖြင့် မကောင်းတဲ့ဖက်မှာနာမည်ကြီးနေတာမျိုးပေါ့…ဘာလို့လဲဆို လူတစ်ယောက် ကိုယ့်ထက်နိမ့်ကျသွားတယ်ဆိုပြီး မြိန်ရည်ရှက်ရည် နှိမ်ချင်ကြလို့ပါပဲ။

မိမိရဲ့ ဖြစ်တည်မှုကို တခြားသူတွေက ကြည့်ပြီး အပုပ်ချဆုံးဖြတ်နေကြတာဟာ ခံရခက်ပါတယ်…ဒီလိုလူ့အသိုင်းအဝိုင်းရဲ့ အကျင့်ဆိုးတွေအကြောင်းကို ဒီဇာတ်ကားမှာ သရော်ထားပါတယ်…ဇာတ်ကားအဆုံးသတ်မှာပြောသွားတဲ့စကားလေးက ထိမိလွန်းပါတယ်။” ကျွန်မရဲ့ အပျိုစင်ဘဝကို သူ့ကိုပေးရင် ပေးတော့မှာ..ဘယ်တော့လဲဆိုတာတော့ မသိဘူးနောက်၅မိနစ် နေရင်လည်း ဖြစ်သွားနိုင်တယ်ဒါမှမဟုတ် နောက် ၆လ ဒါမှမဟုတ် မင်္ဂလာဦးညကျရင်ပေါ့ ..ဒါပေမယ့် အံ့သြစရာ ကောင်းတာက အဲဒါ…ရှင်တို့အလုပ် မဟုတ်လို့ပဲ။ ”ဒီဇာတ်ကားဟာ မင်းသမီး Emma Stone ရဲ့ မှတ်တိုင်လိုဖြစ်နေခဲ့ပြီး Budget $8 million သာကုန်ကျခဲ့ပေမယ့်Box Office မှာ $75 million ရရှိတဲ့အထိ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တာပါ။Teen School ဇာတ်ကားတွေထဲမှာတော့ Rating မြင့် ရသစုံဇာတ်ကားလေးဖြစ်ပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/358
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🔥1