𝑲𝑶 𝑴𝒚𝒐 ငွေတုရောင်း၀ယ်ရေး🤝
18.6K subscribers
713 photos
3 videos
473 links
ဝယ်ယူသူတိုင်100%စိတ်ချရပါတယ်ဗျ🙏
အတုပသတိပြုပါဗျ
Download Telegram
Predator: Badlands [ 2025 ]

Review 📝

Predatorတွေ ဖြစ်တဲ့ ယောက်ဂျားမျိုးနွယ်ဝင်တွေဟာ သူတို့မျိုးနွယ်ထဲက အကောင်သေးတဲ့သူ ပျော့တဲ့သူဆိုရှင်းပစ်တာများပါတယ်။ အဲဒီလို ရှင်းပစ်ခံရမဲ့ အကောင်သေး ဒက်ခ် ဟာ သူ့အစ်ကိုရဲ့ကျေးဇူးနဲ့ ထွက်ပြေးလွတ်မြောက်လာပြီးpredator တစ်ယောက်မှမသတ်နိုင်သေးတဲ့ ကာလစ်ဆိုတဲ့ အကောင်ကြီးကို အမဲလိုက်ဖို့ကြိုးစားပါတော့တယ်။

အဲဒီမှာပဲ ကမ္ဘာပေါ်က လေ့လာရေးစက်ရုပ်လူသား သီရာနဲ့တွေ့ပြီး ဖုန်းဆိုးမြေဂြိုလ်ကြီးပေါ်မှာ စွန့်စားခန်းတွေအတူဖွင့်ရပါတော့တယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/367
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🔥1
The Grinch [2018]

Review 📃

ဒီ The Grinch ဟာ စာရေးဆရာ Theodor Seuss Geisel ရဲ့ How The Grinch Stole The Christmas ဆိုတဲ့စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
အနောက်နိုင်ငံမှာတော့အထူးတလည်မိတ်ဆက်နေစရာမလိုအောင် ခရစ္စမက်နဲ့အတူတွဲမြင်ကြတဲ့ အစိမ်းရောင်အကောင်ကြီးပေါ့ဗျာ။
ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။
Grinch ကြီးက ခရစ္စမက်စ်ပွဲကိုမုန်းတီးတဲ့သူတစ်ယောက်။
Who-ville ကလူတွေ ခရစ္စမက်စ်ပွဲအတွက်ပြင်ဆင်နေကြတာကို ကြည့်မရတဲ့အတွက် နောက်တစ်ခါထပ်ပြီး ပွဲကျင်းပလို့မရအောင် ခရစ္စမက်စ်ပျောက်ဆုံးသွားအောင်ကြံတာလေးကို 3D animation ရုပ်ရှင်အဖြစ်ပြန်လည်ပြီးသရုပ်ဖော်ထားပါတယ်။
ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်စရာကောင်းတဲ့ဇာတ်ကားလေးဖြစ်တာကြောင့် မိသားစုနဲ့လည်းကြည့်ဖို့ အထူးသင့်လျော်ပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/cartoon_anime_mmsub/1939
Please open Telegram to view this post
VIEW IN TELEGRAM
The Willoughbys [2020]

Review 📃

ဇာတ်လမ်းကိုတော့ ကြောင်ဆရာကြီးတစ်ကောင်က ပြောပြနေတဲ့ပုံနဲ့ တည်ဆောက်ထားပါတယ်။ ဆရာကြောင်က ပြောတယ်
မိသားစုတွေ ချစ်ခင်တာတွေ စည်းလုံးတာတွေ အဆုံးသတ်မှာ ပြန်ပေါင်းတဲ့ ဇာတ်လမ်းမျိုးတွေကို သဘောကျတတ်ရင် ဒီရုပ်ရှင်က မင်းအတွက် မဟုတ်ပါဘူးတဲ့။ ဟုတ်ပါတယ် ဒီရုပ်ရှင်ထဲက အဓိက မိသားစုကတော့ ဝယ်လိုဘီ မိသားစုပါ။သူတို့တွေဟာ အစဉ်အဆက် သိပ္ပံပညာရှင်တွေ၊အနုပညာရှင်တွေ ကြီးမြတ်တဲ့သူတွေ ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် မျိုးဆက်တစ်ခုအရောက်မှာတော့ တော်နေ တတ်နေကြတာတွေအဆုံးသတ်သွားသလိုပါပဲ။ ဝယ်လိုဘီ ဇနီးမောင်နှံဟာ ဘာမှ မထူးချွန်ပေမယ့် တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပါတယ်။ ချစ်တာမှ အခြား ဘယ်သူ့ကိုမှမချစ်တတ်လောက်အောင်ကို ချစ်တာပါ။ လင်မယားချင်းပဲချစ်ကြပြီး မွေးထားတဲ့ ကလေး ၄ ယောက်ကို တော့မေတ္တာတစ်စက်မှမရှိကြသလို သာမန်ဂရုစိုက်မှုမျိုးလေးတောင် မလုပ်ပါဘူး။နေ့တိုင်းလင်မယားနှစ်ယောက်ထဲ သာယာနေကြတာပါ။ ဒီတော့ ကလေး ၄ ယောက်လည်းမိဘကျေးဇူးဆပ်တဲ့အနေနဲ့ သေဖို့ ရာနှုန်း ၉၀ လောက်ရှိတဲ့ နေရာတွေအကုန်တန်းစီပြီး မိဘ၂ယောက်ကိုအပျော်ခရီးစဉ်တပ်ပေးပြီး မရဏလမ်းကို စီစဉ်ပေးလိုက်ပါတော့တယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/cartoon_anime_mmsub/1940
Please open Telegram to view this post
VIEW IN TELEGRAM
❤4
The Boy and the Heron [ 2023 ]

Review 📝

ဇာတ်လမ်းအကျဥ်းကတော့မဟိတိုဆိုတဲ့ကောင်လေးရဲ့ အမေဟာ ဆေးရုံမီးလောင်မှုမှာဆုံးပါးသွားခဲ့ပါတယ်။ မဟတိုဟာ နောက်တော့ သူ့အဖေနဲ့အတူ တိုကျိုမြို့ကနေထွက်ခွာပြီးနယ်မြေလေးကိုပြောင်းရွှေ့ခဲ့ရပါတယ်။ အဲ့ဒီနယ်မြို့လေးမှာက မဟိတိုရဲ့မိထွေးဖြစ်သူဟာ နေထိုင်နေတာလေ။ တရက်ကျတော့ ငဟစ်ငှက်ကြီးတစ်ကောင်ပေါ်လာပြီးမဟိတိုရဲ့အမေမသေသေးကြောင်း မဟိတိုကိုလာပြောပါတယ်။ အမေကိုပြန်တွေ့ချင်ရင် သူ့နောက်လိုက်ခဲ့ဖို့ပါထပ်ပြောတယ်လေ။နောက်ရက်အနည်းငယ်ကြာတော့ မဟိတိုရဲ့မိထွေးဟာ ပျောက်သွားခဲ့တယ်။ အဲ့လိုနဲ့မဟိတိုဟာ မိထွေးဖြစ်သူကိုလိုက်ရှာရင်းကနေငဟစ်ငှက်ကြီးနဲ့ပြန်ဆုံပါတယ်။ ငဟစ်ငှက်ကြီးဟာ တကယ်တော့……. အညွှန်းကိုဒီလောက်နဲ့ရပ်လိုက်ပါမယ်။ ဇာတ်လမ်းကောင်းတာလေးနဲ့အချိန်ကုန်ဆုံးချင်သူတွေကတော့ကြည့်ကိုကြည့်သင့်ပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/youthfavouritemovies/371
Please open Telegram to view this post
VIEW IN TELEGRAM
9 [ 2009 ]

Review 📝

လူသားတွေဟာ စက်ရုပ်တွေကြောင့် ပျက်စီးသွားပြီး almost အဆုံးသတ်သွားတဲ့ ကမ္ဘာပေါ်မှာ ဇာတ်လမ်းစတင်ပါတယ်။ အဲဒီနေရာမှာ Stitchpunks လို့ခေါ်တဲ့ အလုံးရေ ၉ လုံးရှိတဲ့ သေးသေးလေး အရုပ်မျိုးတွေသာ ကျန်ရစ်နေကြပါတယ်။
သူတို့ထဲမှာ 9 ဆိုတဲ့ ဇာတ်လိုက်က အဓိကပါဝင်ပြီး သူ့ရဲ့ ဉာဏ်ပညာနဲ့ ဂုဏ်သတ္တိတွေကြောင့် ကျန်တဲ့မိတ်ဆွေ8ဦးကို ရှာဖွေစုဆောင်းကာ စက်ရုပ်အန္တရာယ်ကြီးတွေနဲ့ တိုက်ခိုက်ကြရသလို ကမ္ဘာကို နောက်တစ်ကြိမ် အသက်သွင်းဖို့လည်း ကြိုးပမ်းသွားပါတယ်။

ထင်ရှားသည့်အချက်များ
Atmosphere – Pixar လို ရင်သပ်ရှိုင်းစရာ အရောင်အဆင်းမဟုတ်ဘဲ အမှောင်ဆန်ဆန်၊ ထူးထူးခြားခြား စရိုက်နဲ့ ဖန်တီးထားပါတယ်။

အဓိကသဘောတရား – လူသားတွေက မိမိတို့အတွက် စက်ပစ္စည်းတွေကို များများမဆင်မဆန်အသုံးချတာကြောင့် ကမ္ဘာပျက်စီးသွားတယ်။ ဒါပေမယ့် သေးငယ်တဲ့အရာတွေ (Stitchpunks) ကပဲ ကမ္ဘာကို ပြန်လည်အသက်သွင်းနိုင်တယ်ဆိုတဲ့ သဘောတရားကို ထင်ဟပ်ပေးထားပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/372
Please open Telegram to view this post
VIEW IN TELEGRAM
The School For Good And Evil [2022]

Review 📃

ဟယ်ရီပေါ်တာတို Wednessday vibe လေး ရစေမှာပါ ဟိုးရှေးရှေးတုန်းက ပုံပြင်ကမ္ဘာထဲမှာ အရမ်းအစွမ်းထက်တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သူတော်ကောင်းနဲ့မိစ္ဆာကြားမှာ ဟန်ချက်ညီစေဖို မှော်ကျောင်းတစ်ကျောင်းကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့အခါ မိစ္ဆာညီဟာ စိတ်ပြောင်းပြီး စွမ်းအားအကုန်လုံးကို သိမ်းပိုက်ဖို သူ့အစ်ကိုကို သတ်ဖို ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ သေဆုံးသွားခဲ့ပါတယ်။
အဲဒီကတည်းက သူတော်ကောင်းနဲ့မိစ္ဆာအတွက်ကျောင်းမှာ သူတော်ကောင်းတွေဘက်ကပဲ အရေးသာခဲ့တာ နှစ် ၂၀၀ လောက်ကြာခဲ့ပါပြီ။ အဲဒီကျောင်းမှာ မိစ္ဆာဆိုရင်လည်း ပုံပြင်တွေထဲက နာမည်ကြီး လူဆိုးကြီးတွေရဲ့သားသမီးတွေတက်ရောက်နေတာဖြစ်ပြီ သူတော်ကောင်းတွေဘက်မှာလဲ ဘုရင်အာသာရဲ့သားတို၊ စနှိးဝိုက်ရဲ့သမီးတို စသည်ဖြင့် ပုံပြင်ဇာတ်လိုက်တွေရဲ့ မျိုးဆက်တွေ တက်နေကြတာဖြစ်ပါတယ်ဒါပေမဲ့ သူတိုဆီမှာ စာဖတ်သူဆိုတဲ့ ပုံပြင်မျိုးရိုးမဟုတ်တဲ့ အပြင်လောကက သူတွေလည်း တက်ခွင့်ရတတ်ပါတယ်သေးတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⏬⏬

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/451
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Monte Carlo [2011]

Review 📃

ဆလီနာဂိုးမက်ဇ်အပြင် Katie Cassidy ၊ Leighton Meester တို့လို မမကြီးတွေပါ ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့…
Grace (Selena Gomez) ဟာ တက္ကဆက်က ဆင်းရဲတဲ့ စားပွဲထိုးကောင်မလေးတယောက်ဖြစ်ပြီး ပါရီမြို့ကိုအလည်သွားဖို့ဆိုတာ သူမရဲ့အိမ်မက်ဖြစ်ပါတယ်…
ဒီလိုနဲ့ အထက်တန်းလဲအောင်မြင်ပြီးတာနဲ့ သူမနဲ့ သူငယ်ချင်း Emma (Katie Cassidy)၊ အစ်မ Meg (Leighton Meester) တို့ဟာ ပါရစ်မြို့ကို အလည်အပတ်ခရီးထွက်ကြပါတယ်။
ဖြစ်ချင်တော့ ပါရီမှာ Grace နဲ့ တထေရာထဲတူတဲ့ သူဌေးသမီး Cordelia Winthrop Scott ကို တွေ့ပြီး မတော်တဆ အစားထိုးဝင်ရောက်သွားတဲ့အခါ
တက္ကဆက်က စားပွဲထိုးကောင်မလေးဟာ Monte Carlo က သူဌေးသမီး ဇိမ်ခံဘဝကို တမုတ်ဟုတ်ချင်းရောက်သွားပါတော့တယ်။“တစ်ခါတလေ လူတစ်ယောက်ရဲ့ဘဝကို ခဏနေကြည့်ဖို့ လိုတယ်… ဒါမှ ကိုယ့်ဘဝကို ပိုတန်ဖိုးထားတတ်မယ်” 💖ခရီးသွား စွန့်စား ချစ်စရာ ဟာသ ရိုမန့်ဇာတ်ကားဖြစ်တာနဲ့အညီ ပါရီနဲ့ Monaco ရဲ့ လှပတဲ့မြင်ကွင်းတွေနဲ့အလွဲလွဲအချော်ချော် မင်းသမီးချော မင်းသားချောလေးတွေနဲ့ ချစ်စရာရုပ်ရှင်ကားလေးဖြစ်ပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
🌸

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/453
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Mona Lisa Smile [2003]

Review 📃

၁၉၅၃ / ၅၄ ခုနှစ်တွေဆီက အမျိုးသမီး အခန်းကဏ္ဍ၊ သူတို့ရဲ့ပညာသင်ယူရေး၊ အိမ်ထောင်ရေးတို့ရဲ့ ရှေးရိုးစွဲအခြေအနေတွေကိုကွက်ကွက်ကွင်းကွင်းမြင်အောင် တင်ပြထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။

သိပ်ထက်မြက်တဲ့ကျောင်းသူတစ်ယောက် ရှေ့နေတက္ကသိုလ်ဆက်တက်ဖို့ထက်လင်ဖြစ်သူကို ညနေ ၅ နာရီအမီ ထမင်းပြင်ကျွေးဖို့ကို ပိုအားသန်နေတာကြောင့်အားမလိုအားမရဖြစ်ရတဲ့ ဆရာမလေး။ ဒီလိုနဲ့ ရှေးရိုးစွဲအမေရဲ့ ပုံသွင်းမှုအောက်မှာ ခေါက်ရိုးကျိုးလုလုဖြစ်နေတဲ့ကျောင်းသူ အိမ်ထောင်သည်လေး ဘတ်တီ နဲ့ဒီစနစ်၊ ဒီခေတ်ကို တော်လှန်ချင်တဲ့ ဆရာမလေး ကတ်သရင်း ရဲ့ကြားမှာအစပြုဇာတ်လမ်းတည်ခဲ့တဲ့ ဝက်စလေကောလိပ်ကြီးရဲ့ တစ်ခါတုန်းက ကောလိပ်မှာရုပ်ရှင်ကို ခံစားကြည့်ရအောင်လား။

><><><><><><><><><><><><><

Channelအရင်Joinပါ
🌸

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2860692056/455
Please open Telegram to view this post
VIEW IN TELEGRAM
Back to the Outback [2021]

Review 📃

တိရိစ္ဆာန်လေးတွေအားလုံးက ချစ်ဖို့ကောင်းပါတယ် ဒါပေမဲ့ လူတွေက အဆိပ်ပြင်းတဲ့ တိရိစ္ဆာန်တွေဆို မကောင်းဆိုးဝါးတွေလို တူးတူးခါးခါး မုန်းကြတယ်၊ ကြောက်ကြတယ်။ ဒါပေမဲ့ သူတို့ဆီမှာလည်း ကြင်နာတတ်တဲ့ နှလုံးသား၊ ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓါတ်ကလေးတွေရှိကြပါတယ်။

ဒါကို Back to the Outback ဆိုတဲ့ ကာတွန်းကားလေးမှာ ကွက်ကွက်ကွင်းကွင်းမြင်နိုင်မှာပါ။ အဆိပ်ပြင်းတဲ့မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်၊ ပုတ်သင် အစရှိတဲ့တိရိစ္ဆာန်လေးတွေဟာ တိရိစ္ဆာန်ရုံထဲမှာ မကောင်းဆိုးဝါးတွေအဖြစ် ပြစားခံရပါတယ်။ ဒီထဲမှာမှ ကိုအာလာလို ချစ်ဖို့ကောင်းတဲ့ ကောင်တွေတော့မပါဘူးပေါ့လေ။
ဒီကားလေးမှာ ဒီတိရိစ္ဆာန်လေးတွေဟာ လှောင်အိမ်ထဲကရုန်းထွက်ပြီး ဘေးလွတ်ရာကို အသက်စွန့်ပြေးရတဲ့ စွန့်စားခန်းတွေအပြင် သူတို့ဆီမှာ ကန့်လန့်ကန့်လန့်ပါလာတဲ့ ကိုအာလာကိုလည်း ကြည့်ရမှာပါ။ သူကတော့ ထွက်ပြေးချင်တာမဟုတ်ဘဲ တိရိစ္ဆာန်ရုံထဲမှာပဲ ကျော့ကျော့မော့မော့နေချင်တဲ့ ငနဲဆိုတော့ ဒီထွက်ပြေးမှုမှာ သူက အတိုက်အခံပါပဲ

><><><><><><><><><><><><><

Channelအရင်Joinပါ
🌸

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/640
Please open Telegram to view this post
VIEW IN TELEGRAM
❤1
The Secret of Moonacre [2008]

Review 📃

ဗိုလ်မှုးကြီး မယ်ရီဝဲသာဟာ သေဆုံးခဲ့ပြီးနောက် သူ့ရဲ့သမီး မာရီယာ မယ်ရီဝဲသာ အတွက်Moonacre ရွာရဲ့ ရာဇဝင်ကို ရေးသားထားတဲ့စာအုပ်တစ်အုပ်ကို အမွေအဖြစ်ထားရှိခဲ့တယ်။
အဖေသေဆုံးတဲ့အပြင် အိမ်တွေဟာလည်းဆုံးရှုံးခဲ့တဲ့အတွက် နေထိုင်တဲ့နေရာကနေစွန့်ခွာခဲ့ရပြီးဦးလေးတော်စပ်သူအိမ်မှာသွားရောက်နေထိုင်ဖို့ဖြစ်လာခဲ့တယ်။
သူ့ကိုအရမ်းချစ်မြတ်နိုးတဲ့ ဟီလီရိုထရော့ ဟာလည်း လိုက်ပါလာခဲ့ပါတယ်။ဦးလေးဖြစ်သူနေထိုင်တဲ့နေရာဟာ စာအုပ်ထဲမှာရေးသားထားတဲ့ Moonacre ရွာဖြစ်ပြီး
ထူးဆန်းမှုတွေကို တောက်လျှောက်ကြုံတွေ့ရတဲ့ မစ်စ်မယ်ရီဝဲသာတစ်ယောက် ခက်ခဲ
စွာ ကျော်ဖြတ်ခဲ့ရပုံတွေ . သေခါနီး တိရစ္ဆာန်လေးတွေကို ကယ်တင်ခဲ့ပုံများကို ဒီကားလေးထဲမှာ တွေ့မြင်ရမှာပါ။ ဒီဇာတ်ကားလေးဟာ အလွန်ကိုစိတ်ဝင်စားဖို့ကောင်းသလို ကြည်နူးစရာတောတွင်းနဲ့ ထိတ်လန့်ဖွယ်ရာတောတွင်း ဒုက္ခတွေကို တွေ့မြင်ရမှာပါ။

><><><><><><><><><><><><><

Channelအရင်Joinပါ
⬇️⬇️

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/459
Please open Telegram to view this post
VIEW IN TELEGRAM
The Big Wedding [2013]

Review 📃

တစ်ချိန်က လက်ထပ်ခဲ့ကြပြီး ကွာရှင်းထားတဲ့ ဒွန်နဲ့ အယ်လီတို့ဟာ သူတို့ရဲ့ မွေးစားသား အယ်လ်ဟန်ဒရိုရဲ့ မင်္ဂလာပွဲအတွက် အခက်တွေ့ကြုံရပါတယ်။

သားရဲ့ မိခင်အရင်းဖြစ်သူ မက်ဒေါနား (ကိုလံဘီယာက ကက်သလစ်ဘာသာဝင်၊ ကွာရှင်းခြင်းကို ပြစ်မှုလို့ ယူဆသူ) ရောက်လာမှာကြောင့် ဒွန်နဲ့ အယ်လီဟာ ကွာရှင်းထားတာကို ဖုံးကွယ်ပြီး ပျော်ရွှင်တဲ့ စုံတွဲအဖြစ် ဟန်ဆောင်ကြရပါတော့တယ်။
လက်ရှိ ဒွန်နဲ့တွဲနေတဲ့ အယ်လီရဲ့သူငယ်ချင်း ဘီဘီ ကပါ ဒီအစီအစဉ်ကို ပါဝင်ရတဲ့အခါ ဟာသမြောက်ပြီး ရှုပ်ထွေးတဲ့ မိသားစုဒရာမာတွေ ဆက်တိုက်ပေါ်လာပါတယ်။အပျော်ကူးစက်စေမယ့်၊ ပေါ့ပေါ့ပါးပါးနဲ့ မိသားစုဇာတ်လမ်းကို ကြည့်ရှုလိုသူများအတွက် သင့်တော်တဲ့ ဇာတ်ကားဖြစ်ပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⬇️⬇️

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2860692056/461
Please open Telegram to view this post
VIEW IN TELEGRAM
My Lovely Angel [2021]

Review 📃

ဘဝကို အထီးကျန်ဆန်စွာ ဖြတ်သန်းနေခဲ့ရတဲ့ အမျိုးသားတစ်ယောက်၊ အလုပ်ကိုပဲ စိတ်နှစ်ထားပြီး လုပ်ကိုင်နေရာကနေ တစ်နေ့မှာတော့ သူ့ ဆီမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက် ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးရဲ့အိမ်ကို သွားကြည့်ရာကနေ ၇ နှစ်အရွယ် အမြင်အာရုံနဲ့ အကြားအာရုံချို့တဲ့နေတဲ့ ကလေးငယ်လေးကို တွေ့ခဲ့ရပါတယ်။ မိခင်ဖြစ်သူကလည်း သေဆုံးသွားပြီး အခြား ဆွေမျိုးသားချင်းတွေလည်း မရှိတာမို့ ကလေးကို ခေါ်လာရဖို့ ဖြစ်လာပါတယ်။အရင်နဲ့ မတူညီတဲ့ ဘဝကို ဖြတ်သန်းရတော့မဲ့ လူနှစ်ယောက် တစ်ယောက်ရဲ့ဘဝကို တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲစေမလဲဆိုတာတွေ …သွေးသားမတော်စပ်ပေမဲ့ လူလူချင်းကြားက သံယောဇဉ်တွေ ကို ပုံဖော်ရိုက်ကူးထားတဲ့ ဒရမ်မာ

><><><><><><><><><><><><><

Channelအရင်Joinပါ
⬇️⬇️

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/464
Please open Telegram to view this post
VIEW IN TELEGRAM
Around the World in 80 Days [2004]

Review 📃

ဗြိတိသျှ တီထွင်သူတယောက်၊ တရုပ်လူမျိုးသူခိုးနဲ့ ပြင်သစ်အနုပညာရှင်ကောင်မလေး ချောချောလေးတိုရဲ့ စွန်းစားခန်းတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။

ဖီလီးယက်ဖော့ဟာ အင်္ဂလန် ဗစ်တိုးရီးယန်းမှာ နေထိုင်တဲ့ တီထွင်သူတစ်ယောက်ဖြစ်ပြီး သူဟာ ကမ္ဘာကြီးကို ရက် ရှစ်ဆယ်နဲ့ပတ်နိုင်လိမ့်မယ်လို ယုံကြည်နေပါတယ်။
နောက်ထပ် တီထွင်သူ တစ်ယောက်က သူ့ကို အဲ့ဒီခရီးသွားဖို စိန်ခေါ်မှုအလောင်းအစားကိုကို ဖီလီးယက် လက်ခံခဲ့ပါတယ်။

သူ့နဲ့ အတူ ခရီးသွားဖော်ကတော့ သစ္စာရှိ အိမ်စေတစ်ယောက်ဖြစ်တဲ့ ပါဆီပါတောက်နဲ့ လှပတဲ့ လမ်းပြတစ်ယောက်ဖြစ်တဲ့ မိုနစ်ခ် ဖြစ်ပါတယ်။ကွဲပြားတဲ့သယ်ယူပု့ဆောင်ရေးတွေ ပါဆီပါတောက်ရဲ့ သိုင်းပညာအစွမ်းတွေနဲ့သူတို သုံးယောက် ကမ္ဘာပတ်ဖိုထွက်လာကြပါတယ်။

သူတိုခရီးစဉ်မှာ ဘာတွေဘယ်လိုကြုံတွေ့ကြမယ်ပျောက်ဆုံးနေတဲ့ ကျောက်စိမ်းဆင်းတုကိုကော ရှာတွေ့နိုင်ပါ့မလားလောင်းထားတဲ့ အလောင်းအစားကိုကောနိုင်ပါ့မလား..?
ဘယ်လိုများ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြမလဲ......

><><><><><><><><><><><><><

Channelအရင်Joinပါ
🥺

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/466
Please open Telegram to view this post
VIEW IN TELEGRAM
Exorcism Chronicles: The Beginning [2025]

Review 🗒

နှစ်ပေါင်းရာချီတိတ်ဆိတ်စွာ နေထိုင်ခဲ့တဲ့ ဟယ်ဒုံလျှို့ဝှက်ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ၁၄၅ ဆက်မြောက်
ဘာသာရေးခေါင်းဆောင်ဟာ အစွမ်းထက်တဲ့ မကောင်းဆိုးဝါး စွမ်းအင်တွေကို ရယူဖို့အတွက်
အသက်ပေါင်းများစွာကို ယဇ်ပူဇော်တဲ့ အခမ်းအနားတစ်ခုပြုလုပ်ရန် ကြံစည်နေပါတော့တယ်။
ဒါ့ကြောင့်ပဲ အဲဒီအကြံအစည်ကို တားဆီးပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် ထူးခြားတဲ့
စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ နတ်ဆိုးနှိမ်နင်းသူ လေးယောက်အဖွဲ့ ပေါ်ပေါက်လာပါတယ်။
အဲဒီအဖွဲ့မှာ ဖာသာကြီးဘတ်၊ ပညာရှင် ဟျွန်းအမ်၊ ငယ်ရွယ်တဲ့ စွမ်းအားရှင်လေး ဂျွန်းဟူနဲ့
လျှို့ဝှက်ဆန်းကြယ်တဲ့ ဆွန်းဟီးဆိုသူ ၄ ဦးပါဝင်ပြီး သူတို့တစ်ယောက်ချင်းစီရဲ့
အစွမ်းအစတွေကို ပေါင်းစပ်ပြီး အမှောင်ထုထဲက နတ်ဆိုးတွေနဲ့ ထိပ်တိုက်ယှဥ်ပြိုင်လာတဲ့အခါမှာတော့...
ဒီကားလေးထဲမှာ ကြောက်စရာကောင်းတဲ့ နတ်ဆိုးတွေ၊ အမှောင်လောကရဲ့ လျှို့ဝှက်ချက်တွေ၊
စိတ်လှုပ်ရှားဖွယ်ရာ တိုက်ခိုက်ခန်းတွေနဲ့ ပြည့်နှက်နေတာမို့ သဘာဝလွန် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို
နှစ်သက်သူတွေအတွက် မဖြစ်မနေ ကြည့်ရှုသင့်တဲ့ လက်ရာကောင်းတစ်ခုဆိုတာတော့ မလွဲဧကန်ပါပဲ...

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/mmsubanime2006/2661
Please open Telegram to view this post
VIEW IN TELEGRAM
Terlalu Tampan [2019]

Review 📃

ဒီဇာတ်ကားလေးကတော့ IMDb မှာလည်း 7.1 အထိရထားပြီ Niflix မှာလည်း 8.6/10 ထိရထားတဲ့ အင်ဒိုနီးရှားဆယ်ကျော်သက် ပေါ့ပေါ့ပါးပါးအချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ ရုပ်ရှည်ချောပြီးခန့်ညားလှပြီဆိုပြီးအရာရာအဆင်ပြေပြီလိုထင်ကြတဲ့သူတွေရှိကြပေမယ့်

ဒီမှာတော့မျိုးရိုးလိုက်ရုပ်ချောတဲ့ အချောကြီးမိသားစုကပေါက်ဖွားလာလို စော်ကြည်ဘဲဖြစ်နေတဲ့ ကောင်လေးတစ်ယောက်….. တွေ့သမျှမိန်းမတိုင်းက သဲသဲလှုပ်ကြလွန်းလိုအပြင်တောင်မထွက်ရဲအောင်ဖြစ်ရပြီး ချောလွန်းလိုဒုက္ခရောက်နေရတဲ့ ကူလင်းတစ်ယောက်…..

မိဘတွေနဲ့အစ်ကိုဖြစ်သူတိုပေါင်းပြီးဂျင်းထည့်လိုက်လို မဖြစ်မနေအပြင်ကျောင်းစတက်ရတဲ့အခါ.. လောကကြီးထဲ တကယ်စပြီးတိုးဝင်မိတဲ့အခါမှာတော့ သူ့ကြောက်နေတဲ့အရာတွေ…. သူလက်ခံထားတဲ့စံသတ်မှတ်ချက်တွေ… အားလုံးပြောင်းလဲသွားပါတယ်။

တကယ်အဲလိုဖြစ်သွားစေရအောင် ကျောင်းစတက်ကတည်း ဘယ်လိုတွေဖြစ်ခဲ့လဲ… ဘာတွေကအဓိကဖြစ်စေခဲ့လဲဆို တာတော့.လူငယ်အချစ်ဟာသကားလေးဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းစေမှာပါ။

><><><><><><><><><><><><><

Channelအရင်Joinပါ
⬇️⬇️

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/488
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Countdown [2019]

Review 📃

Mobile ခေတ် ဖြစ်လာတာနဲ့ အမျှလူတိုင်းဟာ အရာရာတိုင်းကို ဖုန်းပေါ်မှာပဲ အလုပ်ပြီးစီးစေပါတယ်နေ့တိုင်း ဖုန်းပေါ်မှာပဲ ဘာတွေ အသစ်အဆန်းထွက်လဲဘာတွေ ထူးဆန်းလဲ လိုက်လုပ်နေကြပါတယ်…တစ်ညမှာတော့ လူငယ်တစ်စု ဟာ ပါတီတစ်ခုမှာသောက်စား နေကြရင်း App တစ်ခုကို မထင်မှတ်ပဲရှာဖွေ တွေ့ရှိသွားပါတယ် App နာမည်က ” Countdown” ပါထူးထူးဆန်းဆန်းပါပဲ ဒီ App ထဲ ဝင်လိုက်ရင် သင့်ရဲ့ သေနေ့ကိုတွက်ချက်ပေးမယ်လို့ ဆိုပါတယ်…ခေတ်လူငယ်တွေ ပြီပြီ အလောင်းအစား လုပ်ဖို့App တွေကို ပြိုင်တူ ဒေါင်းလုပ် ယူကြပြီး ဘယ်သူအရင်သေမလဲ ပြိုင်ကြပါတော့တယ်…အားလုံးဟာ အသက် ၈၀ ကျော် ၉၀ ထိနေကြရပြီး အဲ့ဒီထဲကမှ ထူးထူးဆန်းဆန်းကောင်မလေး တစ်ယောက်ကတော့၃ နာရီ အတွင်း သေမယ်လို့ App ကသတိပေးလာပါတယ်…အားလုံး အတော်လေး ရယ်လိုက်ရပါတယ်အဓိပါယ် မရှိတဲ့ App ကိုလဲ မေ့လျှော့သွားကြပါတယ်တစ်ယောက်ထဲ တုန်လှုပ်နေတာကတော့3 နာရီပဲ နေရမယ်လို့ ဘာမှန်းမသိတဲ့ APP ကချိန်းခြောက်ခံထားရတဲ့ကောင်မလေးပါပဲ…တကယ်တမ်း ၃နာရီအတွင်းသေမလားရှင်မလားဆိုတာကိုတော့ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့

><><><><><><><><><><><><><

Channelအရင်Joinပါ
📥📥

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/c/2860692056/492
Please open Telegram to view this post
VIEW IN TELEGRAM
20th Century Girl [2022]

Review 📃

လူငယ်ပီပီ မကြာခဏစိတ်ကစားတတ်လေ့ရှိတဲ့ နှလုံးရောဂါသည်ဖြစ်သူသူငယ်ချင်းက ကြိတ်ကြိုက်ရတဲ့ကောင်လေးတစ်ယောက်တွေ့သွားလို့ အမေရိကမှာခွဲစိတ်မှုသွားခံယူဖို့မလုပ်တော့ဘဲ ပေကပ်နေတဲ့အခါ Na Bora တစ်ယောက် အကြံအဖန်တစ်ခုလုပ်ရပါတော့တယ်။

သူငယ်ချင်းရဲ့ crush ကလည်း တိုက်ဆိုင်ချင်တော့ သူတို့နှစ်ယောက်နဲ့တစ်ကျောင်းတည်း အတန်းတူကောင်လေးဖြစ်နေခဲ့…..
သူငယ်ချင်းခွဲစိတ်ရရင်ပြီးရောဆိုတဲ့ Na Bora ကတော့ ဆရာမကြီးအထာနဲ့ ၁၉၉၉ ခုနှစ်မှာတောင်Email account တွေဘာတွေ ခက်ခက်ခဲခဲကောက်ဖွင့်ပေးပြီး crush စိတ်ငယ်ထိပ်ရောက်နေတဲ့ bff ကိုကတိတစ်ခုပေးပါတော့တယ်။အဲ့ဒီနောက်မှာတော့ အလွဲမျိုးစုံနဲ့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…

><><><><><><><><><><><><><

Channelအရင်Joinပါ
⬇️⬇️

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/494
Please open Telegram to view this post
VIEW IN TELEGRAM
🦈The Shallows [2016]

Review 📃

ကျွန်တော်တို့ငယ်စဉ်ကကြည့်ရှု့ခဲ့ဖူးတဲ့ Jaw တို့ Deep blue sea တို့လိုဇာတ်ကားမျိုးကို ကြိုက်ခဲ့မယ်ဆိုရင် ဒီဇာတ်ကားကိုသင်သေချာပေါက်နှစ်သက်မှာပါ ပုံမှန်ကြည့်နေကြဇာတ်ကားတွေနဲ့ ကွဲထွက်နေတာကတော့ လူတစ်ယောက်နဲ့ငါးမန်းတစ်ကောင်ပဲအဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းဖွဲ့စည်းပုံကရိုးစင်းလွန်းပြီးရှင်သန်မူဆိုတဲ့အရာကိုပါးပါးလေးရိုက်ပြထားတာပါဇာတ်လမ်းက-Nancyဆိုတဲ့ဆေးကျောင်းသူမိန်းကလေးတစ်ယောက်ဟာရေလွှာလျှောစီးရတာအလွန်ဝါသနာပါသူတစ်ယောက်ပါ။သူမရဲ့အမေဟာလည်းရေလွှာလျှောစီးသမားကောင်းတစ်ယောက်ဖြစ်ပြီးသူမလေးစားအားကျရတဲ့သူတစ်ယောက်ပေါ့။မက္ကဆီကိုနိုင်ငံမှာရှိတဲ့လူသူအရောက်ပေါက်နည်းတဲ့ကမ်းခြေတစ်ခုကို သူမရဲ့အမေသွားခဲ့ဖူးတယ်ဆိုတဲ့ အသိတစ်ခုနဲ့တင်ရောက်အောင်သွားပြီး ရေလွှာလျှောစီးဖို့သွားပါတော့တယ်ဟိုရောက်တော့သူမရဲ့ပျော်ရွှင်မူတွေကိုဖျက်ဆီးပစ်မယ့်အရာတစ်ခုမထင်မှတ်ပဲရောက်လာတဲ့အခါမှာတော့…..

><><><><><><><><><><><><><

Channelအရင်Joinပါ
⬇️⬇️

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/498
Please open Telegram to view this post
VIEW IN TELEGRAM
Becoming Jane [2007]

Review 📃

ဆင်းရဲတဲ့ မိသားစုကနေ ပေါက်ဖွား​လာပေမဲ့ အောင်မြင်တဲ့စာရေးဆရာမတစ်ဦးဖြစ်တဲ့ ဂျိန်းအော်စတန် ဆိုတဲ့မိန်းခလေးတစ်ယောက်

ဒါပေမဲ့ မိခင်ဖြစ်သူက အိမ်ရဲ့အခက်ခဲတွေဖြေရှင်းနိုင်အောင်လို့ ချမ်းသာတဲ့ ယောင်္ကျားသားတစ်ယောက်နဲ့ လက်ထပ်စေချင်တယ်

ဂျိန်းကတော့ မချစ်တဲ့ လူတစ်ယောက်နဲ့လက်မထပ်ချင်လို့ ဆန့်ကျင်နေတုန်းမှာပဲ လန်​ဒန်ကနေ ​တွမ်ဆိုတဲ့အမျိုးသားတစ်ဦးရောက်လာခဲ့တယ်

ဂျန်းနဲ့တွမ်ဟာ စတွေ့တည်းက ဘယ်လိုမှအဆင်မပြေကြတဲ့ဆက်ဆံရေးဆိုပေမဲ့ နောက်ပိုင်းတော့ တစ်ယောက်ကိုတစ်ယောက် လိုအပ်နေခဲ့တယ်

တစ်ဖက်မှာလည်း မိခင်ဖြစ်သူရဲ့ အတင်းကျပ်လက်ထပ်စေခိုင်းတာနဲ့ တသ်ဖက်မှာ ချစ်ရတဲ့တွမ်နဲ့ ဂျိန်းတစ်ယောက်ဘယ်သူ့ကိုရွေးချယ်သွားမလဲဆိုတာ

><><><><><><><><><><><><><

Channelအရင်Joinပါ
📥📥

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/500
Please open Telegram to view this post
VIEW IN TELEGRAM
The princess and the frog [2009]

Review 📃

ဇာတ်လမ်းလေးရဲ့အစကဒီလိုပါ….
အပျော်အပါးကိုခုံမင်ပြီးဘာမှကိုစိတ်မဝင်စားတဲ့ မင်းသားလေးနာဗင်းဟာအရိပ်လူသားရဲ့လိမ်ညာပြုစားခြင်းခံလိုက်ရလို့ဖားတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတယ်….နန်းစည်းစိမ်တွေကို လိုချင်လို့အပျော်အပါးမက်တဲ့ မင်းသားလေးကိုဖားအသွင်ပြုစားလိုက်တဲ့တစ္ဆေတွေနဲ့ပူးပေါင်းထားတဲ့စုန်းဘိုးတော်….အလုပ်ပဲကြိုးစားလုပ်ကိုင်ရင်း အဖေဖြစ်သူရဲစားသောက်ဆိုင်ကိုပြန်ဝယ်ချင်လို့ပိုက်ဆံစုနေရတဲ့ သာမာန်စားပွဲထိုးမလေး တီယာနာ….တီယာနာ့ သူငယ်ချင်းပါတီပွဲမှာတီယာနာကို မင်းသမီးလေးထင်ပြီးကျိန်စာပြယ်ချင်ဇောနဲ့သူမကိုနမ်းလိုက်တဲ့မင်းသားလေးဟာ
ကျိန်စာမပျယ်တဲ့အပြင်တီယာနာလေးပါ ဖားမလေးအဖြစ်ပြောင်းသွားပါတော့တယ်…ဒီတော့ ဒီဖားလေးနှစ်ကောင်လူပြန်ဖြစ်အောင်ဘယ်လိုတွေကြိုးစားကြမလဲအရိပ်လူသားနဲ့အပေးအယူလုပ်ထားတဲ့ စုန်းဘိုးတော်ကကော á€žá€°á€á€­á€Żá€ˇá€€á€­á€Żá€˜á€šá€şá€œá€­á€Żá€á€˝á€ąá€’á€Żá€€á€šá€á€á€˝á€ąá€•á€ąá€¸á€™á€œá€˛á€žá€°á€á€­á€Żá€ˇá€”á€žá€…á€şá€šá€ąá€Źá€€á€şá€€á€ťá€­á€”á€şá€…á€Źá€á€˝á€ąá€•á€ťá€šá€şá€žá€˝á€Źá€¸á€™á€œá€Źá€¸â€ŚDisney ရဲ့အကောင်းဆုံး Animation Effect á€á€˝á€ąá€”á€˛á€ˇá€á€ťá€…á€şá€…á€›á€Źá€•á€­á€Żá€¸á€…á€Żá€”á€şá€¸á€€á€źá€°á€¸á€œá€ąá€¸á€á€˝á€ąá€™á€­á€€á€ťá€ąá€Źá€„á€şá€¸á€á€˝á€ąá€”á€˛á€ˇ တစ်ကားလုံး မပျင်းရလေအောင် တင်ဆက်ထားတဲ့ Animation á€€á€Źá€¸á€œá€ąá€¸á€•ဲဖဟစ်ပဍတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
📥📥

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2500899647/654
Please open Telegram to view this post
VIEW IN TELEGRAM
❤1