𝑲𝑶 𝑴𝒚𝒐 ငွေတုရောင်း၀ယ်ရေး🤝
18.7K subscribers
708 photos
3 videos
473 links
ဝယ်ယူသူတိုင်100%စိတ်ချရပါတယ်ဗျ🙏
အတုပသတိပြုပါဗျ
Download Telegram
The Tearsmith [2024]

My Fault ကြိုက်ရင် ဒါလေးကြည့် မင်မင်ပြောတာယုံ တကယ်ကြိုက်စေရမယ် ⚡

Review 📃

အီတလီဆယ်ကျော်သက်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့
The Tearsmith ဟာ ၂၀၂၄ ဧပြီ ၄ ရက်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။ Erin Doom ရေးသားထားတဲ့The Tearsmith ဝတ္တုကိုအခြေခံပြီး Alessandro Genovesi က
ရိုက်ကူးပေးထားတာပါ။

ဇာတ်လမ်းအကျဉ်း - မိဘတွေက ကားမတော်တဆမှုကြောင့်ဆုံးပါးသွားတဲ့အတွက်နီကာဟာ ဂရေ့ဗ်လိုနာမည်ပြောင်ခေါ်ကြတဲ့မိဘမဲ့ဂေဟာကိုရောက်ရှိလာခဲ့ပါတယ်။ ဂရေ့ဗ်မှာ နီကာဟာ သူ့ကိုရင့်ရင့်သီးသီးဆက်ဆံလေ့ရှိတဲ့ရီဂျယ်ဆိုတဲ့ကောင်လေးနဲ့သာမက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်လာတဲ့ အာဒဲလင်နဲ့ပါဆုံတွေ့ခဲ့ပါတယ်။ နီကာအရွယ်ရောက်လာချိန်မှာတော့ မီလီဂန်မိသားစုက ရီဂျယ်နဲ့အတူမွေးစားဖိုခေါ်ဆောင်သွားခံခဲ့ရပါတယ်။ မိသားစုတစ်ခုအမြဲလိုချင်နေခဲ့တဲ့နီကာဟာ မိဘအသစ်တွေရဲ့မေတ္တာကိုအပြည့်အဝရရှိပေမယ့် မပျော်ရွှင်နိုင်သေးဘဲ ဂရေ့ဗ်မှာကြုံခဲ့ရတဲ့နှိပ်စက်ညှင်းပန်းမှုတွေရဲ့အကျိုးဆက်ကိုခံစားနေရဆဲဖြစ်သလို ရီဂျယ်ကသူ့ကိုဘာလိုရင့်ရင့်သီးသီးဆက်ဆံနေခဲ့လဲဆိုတဲ့အကြောင်းရင်းကိုသိရှိသွားတဲ့အခါမှာတော့ နီကာဘာဆက်လုပ်မှာလဲဆိုတာဆက်လက်ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2860692056/928
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1
100 Meters [2025]

Review 📃

ဇာတ်ကားနာမည်အတိုင်း မီတာ ၁၀၀ တာတိုအပြေးပြိုင်ပွဲကို အခြေခံထားတဲ့ Anime ရုံတင်ကားသစ်လေးကို အသစ်ထွက်ရှိလာတာကြောင့် တင်ဆက်ပေးချင်ပါတယ်။ မီတာ ၁၀၀ ပြေးပွဲဆိုတာ တကယ်ကို တစ်ဖာလုံ ဒါမှမဟုတ် ဘတ်စ်ကားမှတ်တိုင် တစ်မှတ်တိုင်စာတောင်မရှိတဲ့ တာတိုပြေးပွဲ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့ ကမ္ဘာ့အမြန်ဆုံး အူစိန်ဘော့ကြီး ပြိုင်တဲ့ပြိုင်ပွဲဆိုလည်း မမှားဘူးပေါ့ဗျာ။ အားကစားနဲ့ ပတ်သက်ပြီး Anime တွေ မခေဘူးဆိုတာ Haikyuu တို့ Slam Dunk တို့က သက်သေသာဓက ရှိပြီးသားပါ။ 100 Meters က အားကစားကိုသာမက ဒီ မီတာ ၁၀၀ ဆိုတာ လူတစ်ယောက်ရဲ့ တိုတောင်းတဲ့ဘဝခရီးလမ်းကိုလည်း ပုံဖော်ထားတာကို မြင်နိုင်ပါတယ်။ ဒါ့အပြင် နောက်ခံတေးဂီတတွေဆိုလည်း ပြေးတဲ့အချိန်တွေမှာ လိုက်ဖက်ညီမှုရှိနေတာကြောင့် ယှဉ်ပြိုင်တဲ့အခန်းတွေဆို ရုပ်လုံးကြွ အသက်ဝင်စေတာမို့ လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါစေလား...။

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+VjCnuD52tfAxZDA1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/3604635491/157
Please open Telegram to view this post
VIEW IN TELEGRAM
The Adventures of Tintin [2011]

Review 📃

ရဲရင့်တက်ကြွဖျတ်လတ်ပြီး စူးစမ်းလိုစိတ်ရှိတဲ့ လူငယ်သတင်းထောက်ကလေး တင်တင် ဟာ မမျှော်လင့်ပဲ နှစ်ပေါင်းများစွာခန့်က တကယ်ရှိခဲ့တဲ့ ယူနီကွန်း ဆိုတဲ့ တိုက်ပွဲဝင် စစ်သဘောၤကြီးကို အမှတ်မထင်ဝယ်လိုက်မိရာကနေ သူ့ဆီကို အန္တရာယ်တွေ တစ်ခုပြီးတစ်ခု ကျရောက်လာပါတော့တယ်။ဒါပေမယ့် တင်တင် တစ်ယောက် ကြောက်ရွံ့နောက်တွန့်သွားခြင်းမရှိပဲ ယူနီကွန်း နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်အဖြေများကို ရှာဖွေရင်း ဘယ်လိုဘယ်ပုံဆက်လက် စခန်းသွားမလဲဆိုတာကို ရုပ်ရှင်ကိုပဲဆက်လက်ကြည့်ရှုလိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဇာတ်ကား အညွှန်းဟာ တိုပြီး စိတ်ဝင်စားစရာမကောင်းတာကြောင့် ရုပ်ရှင်ကိုလည်း စိတ်ဝင်စားစရာမကောင်းလောက်ဘူးလို့ မထင်လိုက်ပါနဲ့ ဇာတ်ဝင်ခန်းတိုင်းဟာ ဒါရိုက်တာကြီး Steven Spielberg ရဲ့ လက်ရာအတိုင်း အသည်းတယားယား ရင်တထိတ်ထိတ် နဲ့ စိတ်လှုပ်ရှားစွာ နဲ့ကြည့်ရမှာကိုတော့ လုံးဝရာနှုန်းပြည့်အာမခံ ပါတယ်

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/842
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Hercules [1997]

Review 📃

ကျနော်တိုငယ်ဘဝကို ပြန်ပြောင်းသတိရစေမယ့် ဟာကျူလီ (Hercules) ကာတွန်းကားကောင်းလေးပါ

ပိုထူးခြားစေတာကတော့ ကာတွန်းရုပ်ရှင်ထဲမှ ဇာတ်ဝင်သီချင်းများကိုပါ အသေးစိတ်ကျကျ ဘာသာပြန်ပေးထားတာ ဖြစ်လို့ Download ဆွဲသိမ်းထားသင့်တဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်

><><><><><><><><><><><><><

Channelအရင်Joinပါ
✔️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/844
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🔥1
Play Dirty [2025]

Review 📃

ပါကာဟာ သူ့ရဲ့ သူခိုးအဖွဲ့နဲ့အတူ ဘဏ်တွေ သူဌေးတွေဆီကနေ အကွက်ကျကျ ဓားပြတိုက်လုယက်တဲ့ သူခိုးတစ်ယောက်ပါ။ တစ်နေ့တော့ ဇန်ဆိုတဲ့ အဖွဲ့ထဲက လူသစ်ကောင်မလေးက သူ့ရဲ့အဖွဲ့သားတွေကိုသတ်၊ ပါကာ့ကို သစ္စာဖောက်ပြီး လုယက်လာတဲ့ ငွေ ၄၀၀၀၀၀ ကို ယူပြေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ပါကာလည်း ငွေတွေ ပြန်လုပြီး ကလဲ့စားချေဖို့ ဇန့်နောက်ကို လိုက်ခဲ့ပါတယ်။ ဇန်နဲ့တွေ့တဲ့အခါမှာတော့ ပါကာ့ရဲ့ အစီအစဉ်‌ကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမဲ့ အကြံတစ်ခုကို ဇန်က ပြောလာခဲ့ပါတယ်။ အဲဒါကတော့ ၁၅ ရာစုနှစ်‌လောက်က နှစ်မြုပ်သွားခဲ့တဲ့ သင်္ဘောပျက်ကြီးကနေ ဆယ်ယူထားတဲ့ ရွှေတွေကို အစိုးရဆီက ဖြတ်ခုတ်ဖို့ပါပဲ။ ပါကာ့ဆီက လုသွားတဲ့ ငွေ ၄၀၀၀၀၀ ကလည်း ဒီအကြံအကောင်အထည်ပေ့်ရေးမှာ ဇန်က သုံးလိုက်ပြီမလို့ သူ့ငွေတွေ ပြန်ရဖို့အရေး ပါကာဟာ ဒီလုယက်မှုကြီးမှာ ပါမှကို ဖြစ်တော့မှာပါ။ ဒီလိုနဲ့ ကလဲ့စားချေရမဲ့ ရန်သူနဲ့အတူ ပူးပေါင်းပြီး ရွှေခိုးရမဲ့ စစ်ဆင်ရေးကြီး စတင်ခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းမှာ မင်းသားကြီး Mark Wahlberg က ပါကာအဖြစ် ပါဝင်သရုပ်ဆောင်ထာပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/596
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍1🔥1
Soul [2020]

၂၀၂၀ ခုနှစ်ကထွက်ရှိထားတဲ့ disney ရဲ့ animation ကားလေးတစ်ခုပါ

Review 📃

လူတွေက သေဆုံးသွားတဲ့အချိန်မှာ ဝိညာဥ်လောကကိုရောက်သွားပြီး လူပြန်ဝင်စားဖို့အတွက်ဘဝကူးရပါတယ် အဲ့အထဲမှာမှ နောက်ဘဝအတွက် ဝါသနာပါရာတွေ စိတ်ဝင်စားတာတွေကို လေ့ကျင့်ပေးတဲ့ ဝိညာဥ်လောကလဲရှိနေပါသေးတယ်

ဒီဇာတ်ကားလေးထဲမှာတော့ ဂီတပညာကိုစိတ်ဝင်စားတဲ့ ဂျိုးတစ်‌ယောက်တစ်ဘဝလုံးကြိုးစားလာတဲ့အိမ်မက်လေးကို အကောင်အထည်ဖော်ဖို့လက်တစ်ကမ်းအလိုမှာတင် ကားအက်စီးဒန့်ဖြစ်ပြီး

ဝိညာဥ်လွှင့်သွားပါတယ် အသက်ရှင်ဖို့ရာခိုင်နှုန်းနည်းပြီး ဘယ်လိုကြိုးစားကြိုးစားဘဝကူးဖို့ပဲရှိနေတဲ့ဂျိုးတစ်ယောက် ခန္ဓာကိုယ်စီပြန်ဝင်နိုင်ဖို့ ကြိုးစားရင်း ဘယ်လိုအလွဲတွေဖြစ်မလဲ ဆိုတာ.. လူသားတွေရဲ့ စျာန်ဝင်စားတယ်ဆိုတဲ့အရာနဲ့ စိတ်စွဲလန်းမှုတွေကိုပါ ထည့်ရိုက်ပြထားတာမလို့ ကြည့်ရတာတော်တော်အသိတရားတွေလဲရစေနိုင်မှာပါ

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/847
Please open Telegram to view this post
VIEW IN TELEGRAM
Ejen Ali: The Movie [2019]

Review 📃

ကာတွန်းကား ကောင်းကောင်းလေးတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအကြိုက်တွေ့စေမဲ့ ကာတွန်းကားလေး တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။၁၂ နှစ်အရွယ် ကောင်လေး အာလီဟာ နည်းပညာမြို့တော်ကို ကာကွယ်ပေးနေတဲ့ လျှို့ဝှက်အေဂျင်စီတစ်ခုဖြစ်တဲ့ မာထာကနေ ဖန်တီးပြုလုပ်ပေးထားတဲ့ ခက်ခဲရှုပ်ထွေးလှတဲ့ လှုပ်ရှားမှုတွေကို အာရုံခံနိုင်တဲ့စက်ကိရိယာ IRIS ကို မတော်တဆ အသက်သွင်းမိလိုက်ပြီးနောက်မှာတော့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်လာပြီး သူ့ဦးလေး အေးဂျင့်ဘာကာနဲ့အတူ တခြားငယ်ရွယ်တဲ့ အေးဂျင့်လေးတွေနဲ့ လေ့ကျင့်ပြီး မာထာရဲ့ မစ်ရှင်တွေကိုဘယ်လိုဆောင်ရွက်သွားမလဲဆိုတာကိုတော့ Ejen Ali: The Movie ဆိုတဲ့ 2019 ခုနှစ်ထွက် ကာတွန်းကားလေးမှာကြည့်ရှုပေးကြပါဦးနော်။

><><><><><><><><><><><><><

Channelအရင်Joinပါ

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/849
Please open Telegram to view this post
VIEW IN TELEGRAM
😁1
The Rats: A Witcher Tale [2025]

Review 📃

The Rats လို့ခေါ်တဲ့ "သူခိုးလေးများအဖွဲ့" က ငွေကြေးချမ်းသာတဲ့သူ တွေဆီကခိုးတယ်လောင်းကစားရုံတွေဆီကနေခိုးတယ် သူများတွေ ကိုကလိမ်ကျပြီးရှာဖွေစားသောက်တယ်။အဖွဲ့ဝင်ခုနစ်ယောက်ရှိပြီး အကုန်လုံးကမိသားစုလို ပဲတစ်ယောက်ကိုတစ်ယောက်စောင့်ရှောက်ကြ တယ်တစ်နိုင်ငံလုံးစစ်ဖြစ်နေတဲ့ကာလဖြစ်လို့ အရင်လို ရှာဖွေရတာအဆင်မပြေတော့ဘူး။စွန့်စားရသလောက်အမြတ်ကသိပ်မရဘူးဖြစ်နေ တယ်။အချီကြီးရနိုင်မယ့် ဟာမျိုးကိုရှာချင်နေကြတယ်။ဒီလိုနဲ့ မစ်ဆယ်လ်ကသူ့ကိုငယ်ငယ်လေးကတက ည်းစောင့်ရှောက်ပေးတဲ့ အိုလာဆိုတဲ့ရှေ့ဖြစ်ဟောဗေဒင်ဆရာမဆီကို တစ်ဖွဲ့လုံးခေါ်သွားလိုက်တယ်။ဗေဒင်ဆရာမကလည်းသူအဆက်အသွယ်တွေဆီ ကနေ ကြားတဲ့အချီကြီးရနိုင်မယ့်နေရာကိုပြော လိုက်တယ်။အဲဒီနေရာကတော့ ဒွန်ဟူဗယ်နာဂယ်ရင်နှီးမြှုပ်နှံ ထားတဲ့ထိုးသတ်ပွဲဖြစ်ပြီး ငွေကြေးဓာနရှင်တွေ စစ်ဘုရင်တွေအစိုးရအမှုထမ်းတွေရဲ့လောင်းကစားလှုပ်ပြီး ပိုက်ဆံဖြုန်းတဲ့နေရာလည်းဖြစ်နေတယ်။ထိုးသတ်ပွဲကိုလည်းဒေါင့်စေ့အောင်ကြပ်ကြပ်မတ် မွတ်စီစဉ်ထားတယ်ဒီနေရာကိုပိုက်ဆံတွေကိုခိုး နိုင်ရင်တစ်သက်လုံးထိုင်စားနိုင်ပြီဖို့ မစ်ဆယ်လ်တို့အဖွဲ့ လည်းခိုးယူဖို့ ကြံစည်ကြပါတော့တယ်

><><><><><><><><><><><><><

Channelအရင်Joinပါ
✔️

https://t.me/+jeeoMAzniOthOWZl

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/c/2920817847/237
Please open Telegram to view this post
VIEW IN TELEGRAM
Eternity [2025]

Review 📃

လူတစ်ယောက်သေသွားရင် ဘယ်ကို ရောက်သွားလဲ။ လက်တွေ့ဘဝမှာ ဒီအဖြေကိုတော့ ဘယ်သူမှ အတိအကျမပေးနိုင်ပေမဲ့ ဒီဇာတ်လမ်းမှာတော့ လူတစ်ယောက်သေသွားရင် ဘဝနဲ့ထာဝရကာလဆိုတဲ့ နေရာကြားက ကူးပြောင်းဘုံကို ရောက်သွားကြပါတယ်။ သေပြီးလို့ ရောက်လာတဲ့သူက ဒီဘုံမှာ သူထာဝရ အချိန်ကုန်ဆုံးချင်တဲ့ နေရာတစ်ခုကို သေချာစိစစ်ရွေးချယ်ရပါတယ်။ ရွေးချယ်သွားပြီးရင်လည်း ပြန်ထွက်ခွင့်မပြုတဲ့အတွက် ဒီအဆင့်က အရေးပါတဲ့အဆင့်လို့ ခေါ်ရပါမယ်။ လာရီဟာလည်း ဒီဘုံကို ရောက်လာတဲ့သူတွေထဲက တစ်ယောက်ပါ။ ကူးပြောင်းဘုံရဲ့ သဘောတရားကို နားလည်သွားပြီးချိန်မှာတော့ သူဟာ သူ့ရဲ့ ဇနီးဖြစ်သူ ဂျုံးနဲ့ ထာဝရကာလမှာ အတူဖြတ်သန်းနေထိုင်သွားဖို့ စိတ်ချယုံကြည်ပြီး သူ့ဇနီးသည်ကို စောင့်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျုံးရောက်လာတဲ့အခါမှာတော့ ဂျုံးဟာ သူ့ရဲ့ငယ်ချစ်ဦး ပထမခင်ပွန်း လုခ်နဲ့ပြန်လည်တွေ့ဆုံတဲ့အခါ လာရီရဲ့ အကြံတွေ ပျက်ကုန်ပြီး ဂျုံးအတွက်လည်း လုခ်နဲ့လာရီကြား ဘယ်သူ့ကိုရွေးချယ်ရမလဲဆိုတာ ဗြာတွေများရပါတော့တယ်။

ဇာတ်ကားကြည့်ရန်Link
⭕️

https://t.me/+jeeoMAzniOthOWZl

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2920817847/241
Please open Telegram to view this post
VIEW IN TELEGRAM
Ghost In The Shell [1995]

Sci-fi/Action
IMDb : 7.9/10
RottenTomatoes : 95%
Letterboxd : 4.1/5

Review 📃

AI တွေဆိုတာဟာ အခုလိုခေတ်မှ ခေတ်စားလာတယ်ဆိုပေမယ့် ဒီ Ghost In The Shell ဆိုတဲ့ Anime ကားထဲမှာတော့ 1995 ခုနှစ်လောက်ထဲက စိတ်ကူးဉာဏ်ကွန့်မြူးပြီ ဒီ Anime ကို ဖန်တီးသူတွေက ပုံဖော်ခဲ့ကြတာပါ

ဇာတ်လမ်းအကြောင်းကိုပြောရရင်တော့ ရုပ်သေးဆရာဆိုတဲ့ AI က အစိုးရအဖွဲ့က လူကြီးတွေကို သူတို့စမ်းသပ်ထားတဲ့ တစ္ဆေဆိုတဲ့ ခန္ဓာကိုယ်တွေကိုသုံးပြီး ချိမ်းခြောက်အကျပ်ကိုင်တဲ့ ဇာတ်အိမ်မျိုးကို တည်ထားပါတယ်

ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က မိုတိုကို ကူဆာနာဂီဆိုတဲ့ အမျိုးသမီး ဗိုလ်မှူူးတစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်းခန္ဓာကိုယ်ဖြစ်တဲ့အပြင် အထူးပြုလုပ်ထားတဲ့ နည်းပညာတွေကို ပိုင်ဆိုင်ထားတဲ့ အေးဂျင့်တစ်ယောက်ပါ

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/mmsubanime2006/3047
Please open Telegram to view this post
VIEW IN TELEGRAM
စိတ်ညစ်နေရင် ဒီကားကိုကြည့်" တစ်ကားလုံးအေး"ချမ်း"ဖြတ်သန်းပြသွားတာ🧺🍀🌲

Little Forest : Winter/Spring [2015]

IMDB [7.6/10]

Review ☺️

တောအုပ်ငယ်လေးရဲ့ပထမကားဖြစ်တဲ့ (နွေ/ဆောင်းဦး)၂၀၁၄ ရဲ့အဆက်လာပါပြီ ဒီဒုတိယကားမှာတော့ အိချိကို ကိုထားရစ်ခဲ့တဲ့ သူ့အမေအကြောင်းနဲ့ အစချီထားပြီးနောက်မြို့ပေါ်မှာအလုပ်လုပ်တုန်းက ကြုံခဲ့ရတာတွေ ခိုမိုရိကိုချစ်ပေမယ့် အခြေမချချင်တဲ့ အိချိကိုတစ်ယောက် သူ့အမေရဲ့စာကိုဖတ်ပြီးနောက်ဆုံးမှာ ဘယ်လိုရွေးချယ်မှုကို လုပ်သွားမလဲဆိုတာကိုကြည့်ရှုရမှာပါ

ဆိုတော့ကာ Little Forest ရဲ့ထုံးစံအတိုင်း စိတ်ကြည်လင်စေတဲ့ရှုခင်းလေးတွေနဲ့ ချက်ပြုတ်စားသောက်ပြတာတွေကို ဆောင်း နွေဦးအလှနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦးလို့

(*အဘိဓာန်ထဲမှာမရှိတဲ့ ပန်းနာမည်တစ်ချို့နဲ့ အစားအစာတွေကို လက်လှမ်းမီသလောက်ရှာဖွေပြီး ဆီလျော်အောင် ဘာသာပြန်ဆိုထားရတာဖြစ်လို့ အချို့နေရာတွေမှာ လွဲချော်မှုများရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတောင်းပန်ထားပါရစေ။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
✔️

https://t.me/Sushi_Cinema_Channel/76
Please open Telegram to view this post
VIEW IN TELEGRAM
Mai Mai Miracle [2009]

Review 📃

Shinko နှင့် Kiiko တို့သည် “Destiny Squad” ဟုခေါ်သော ရွာကလေးများဖြင့် ပူးပေါင်းကာ သဘာဝအတိုင်း ကစားကာ ဆည်တစ်ခုတည်ဆောက်ကာ ငါးများကို လိုက်ဖမ်းကာ Shinko ၏စိတ်ကူးယဉ်အတိတ်သို့ အတူတကွ ခရီးနှင်ကြသည်။  Kiiko ၏ဝမ်းနည်းပူဆွေးမှု၊ Tatsuyoshi ၏မိသားစုဖြစ်ရပ်ဆိုးနှင့် ဆုံးရှုံးမှုနှင့် အပြောင်းအလဲ၏ဝမ်းနည်းပူဆွေးမှုတို့ ဝင်ရောက်လာသောအခါ ၎င်းတို့၏ ကလေးဘဝစွန့်စားခန်းများကို စမ်းသပ်ခံရပါသည်။  အရေးကြီးသောအခိုက်အတန့်တစ်ခုတွင်၊ Kiiko သည် မင်းသမီး Nagiko အဖြစ် Heian လောကထဲသို့ ကိုယ်ချင်းစာတရားဖြင့် ဝင်ရောက်ခဲ့ပြီး မင်းသမီးလေးနှင့် ခေတ်သစ်သူငယ်ချင်းတို့အား နှစ်သိမ့်မှုပေးစွမ်းသည်။

Shinko ၏အဖိုးသည် နောက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ပြီး Shinko မိသားစုသည် သူမ၏ဖခင်၏ တက္ကသိုလ်အလုပ်အတွက် မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။  သို့သော် သူတို့နှစ်ယောက်၏ ခင်မင်ရင်းနှီးမှု—နှင့် မင်းသမီးနှင့် စိတ်ကူးယဉ်ချိတ်ဆက်မှု—တို့သည် ကလေးဘဝ၏အလှ၊ မှတ်ဉာဏ်နှင့် စိတ်ကူးစိတ်သန်း၏ စွမ်းအားတို့အတွက် တည်မြဲသောသက်သေတစ်ခုအဖြစ် ကျန်ရှိနေပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/Sushi_Cinema_Channel/78
Please open Telegram to view this post
VIEW IN TELEGRAM
Home [2015]

Review 📃

“ အိမ် ” ဆိုတာ လူသားတွေ အတွက် အနွေးထွေးဆုံးနေရာစိတ်အလုံခြုံမှု အပေးဆုံးနေရာ တစ်ခု ပေါ့ဘုဗ် တွေ အတွက်ကရော ?

ဘယ်သူတွေက ဘုဗ်တွေလဲဘုဗ် တွေ ဆိုတာ အပုန်းအကောင်းဆုံး အပြေးအကောင်းဆုံးဆိုတဲ့ ဂြိုလ်သားလေးတွေပါ

ကမ္ဘာထက်ပိုကြီးတဲ့ ဂြိုလ် ပိုင်ဆိုင်ထားပေမဲ့ဂေါ့ဂျ် ဆိုတဲ့ ဘာမှန်းမသိတဲ့ ဂြိုလ်သားမျိုးနွယ်စုတွေကဘာမှန်းမသိ လိုက်တာ ခံနေရတဲ့ သနားစရာ ဘုဗ်လေးတွေပေါ့

နောက်ဆုံးမှာတော့ ဂေါ့ဂျ်တွေG လက်ကနေ ခြေရာ ဖျောက်နိုင်ခဲ့ပြီးကပ္ပတိန်စမတ် ရဲ့ ဦးဆောင်မှု နဲ့ ကမ္ဘာမြေမှာ ပုန်းခိုဖို့ စီစဉ်နိုင်ခဲ့ပါပြီ

လူသားတွေကိုတော့ နေရာ သေးသေးလေး တစ်ခုမှာ စုပုံပေးလိုက်ပြီးဘုဗ် တွေက လူသားတွေ ရဲ့နေရာကို သိမ်းပိုက်လိုက်တဲ့အခါမှာတော့

ကမ္ဘာကို ဘုဗ်ဂြိုလ်သားလေး တစ်ကောင် ဖြစ်တဲ့ အို့ ဆိုတဲ့ကောင်လေးပါ ပါလာခဲ့တာပေါ့

အို့ ကတော့ တစ်ခြားဘုဗ်တွေထက် ချွန်ထွက် ကျွံထွက်နေတဲ့ကောင်သူ့ ကို ဘယ်သူမှ ကြည့်မရသလို ဘယ်သူမှလဲ အဖက်မလုပ်ဘူးဘုဗ် တွေက အဖော်မင်ရတာ မကြိုက်ပါဘူး၊ အို့ ကတော့ အုပ်စု နဲ့ ပိုနေချင်တက်သူသူငယ်ချင်းရချင်တက်သူပေါ့

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+eWZ3V9yNm8NjNGZl

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2531132495/191
Please open Telegram to view this post
VIEW IN TELEGRAM
❤1
The Pirates! : Band Of Misfits [2012]

Review 📃

တိုးတက်လာလွန်းတဲ့ ဒီကမ္ဘာကြီးမှာ
လူတွေဟာ အရှုံးသမားတွေများလာကြတယ် စိတ်ပိုင်းဆိုင်ရာ အရှုံးသမားတွေပေါ့

ဘာကောင်ကမှ ဘာကောင်မှမဟုတ်တဲ့ တဒင်္ဂလောကကြီးမှာ တစ်နေ့နေ့မှာဖြစ်ဖြစ် ကိုယ်ဘာကောင်လဲလူတွေဟာ သိပ်ပြချင်ကြတယ်

ဒီဇာတ်လမ်းဟာ ဘာကောင်မှမဟုတ်ပဲ ဘာကောင်ဆိုတာ ပြချင်လွန်းပြီး တစ်နှစ်တာရဲ့အကောင်းဆုံးပင်လယ်ဓားဆုကို အရယူချင်နေတဲ့ ပင်လယ်ဓားပြတစ်ယောက် အကြောင်းပါပဲ

လောကဓံဘယ်လောက်ပဲကြမ်းကြမ်း ကိုယ်ဘယ်လောက်ပဲ အသုံးကျကျမကျကျ ကိုယ်လုပ်နိုင်တဲ့ တစ်စုံတစ်ရာဆိုတာ ရှိနေမှာပါပဲ

မတတ်နိုင်တာတွေကို ဘာကောင်ဆိုပြီး ပြချင်လွန်းတဲ့အခါ ရှိပြီးသားပျော်ရွှင်မှုတွေပါဆုံးရှုံးရတတ်ပါတယ်

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+eWZ3V9yNm8NjNGZl

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2531132495/193
Please open Telegram to view this post
VIEW IN TELEGRAM
The Cat Returns [2002]

Review 📃

Studio Ghibli ရဲ့နာမည်ကြီးကားတွေကြားထဲမှာ လူသိပ်မသိကြပေမယ့်

ချစ်ဖို့ကောင်းပြီး အသစ်အဆန်းဖြစ်တဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ဟရုဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ
ကျောင်းသွားတဲ့လမ်းမှာ လမ်းဖြတ်ကူးနေတဲ့ကြောင်လေးကို ကားတိုက်ခံရမှာကနေ ကယ်ပေးခဲ့ပါတယ်

။ဒါပေမဲ့ သူကယ်ခဲ့တဲ့ကြောင်လေးဟာ စကားပြောတတ်တဲ့အပြင်ကြောင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးဖြစ်နေပါတော့တယ်။

အဲဒီကနေစလို့ ဟရုရဲ့နေ့စဥ်ဘဝမှာ ကြောင်တွေနဲ့ပတ်သက်လို့ထူးဆန်းဆန်းတွေ စဖြစ်လာပြီး နောက်ဆုံးမှာ ကြောင်တိုင်းပြည်ကို ခေါ်ဆောင်သွားခံရဖို့ ဖြစ်လာတဲ့အခါမှာတော့…

ဒီဇာတ်လမ်းဟာ Whisper of the heart ရဲ့ MC ဖြစ်တဲ့ Shizuku ရေးခဲ့တဲ့ fiction ဆိုပြီး fan theory လည်းရှိပါတယ်။

အဓိကကတော့ WOTH မှာပါတဲ့ Baron ဆိုတဲ့ကြောင်ရုပ်တုလေးကဒီမှာအသက်ဝင်နေတဲ့အပြင် နာမည်ရော ရုပ်ပါအတူတူပါပဲ။

ဒါ့အပြင် သေချာသတိထားကြည့်ရင် ဒီနှစ်ကားရဲ့ဆက်စပ်နေတဲ့scene တော်တော်များများကိုလည်း တွေ့ရမှာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/Sushi_Cinema_Channel/80
Please open Telegram to view this post
VIEW IN TELEGRAM
The Magic Hockey Skates [2012]

Review 📃

ဒီ21မိနစ်ပဲဇာတ်ကားလေးကတော့ခရစ်စမတ် စတိုင်လေးဖြစ်ပြီးချစ်စရာကောင်းလွန်းပါတယ်။

ကလေးကြိုက်ဇာတ်ကားလေးဆိုပေမယ့်လူကြီးတွေလဲကြည့်ရင်သဘောကျနှစ်သက်နိုင်မဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါ​တယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+7PjAoeN355JjMmY1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2646638575/371
Please open Telegram to view this post
VIEW IN TELEGRAM
Big Top Scooby-Doo [2012]

Review 📃

ဒီဇာတ်ကားဟာ Scooby-Doo တို့အဖွဲ့သားတစ်စုရဲ့ စွန့်စားခန်းတွေထဲကမှ ဆပ်ကပ်ပွဲတော် (Circus) နောက်ခံနဲ့ ရိုက်ကူးထားတဲ့ ရောင်စုံခြယ် Animation ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။

🎪 ဇာတ်လမ်းအကျဉ်း

Mystery Inc. အဖွဲ့သားတွေဟာ အတ္တလန်တိတ်စီးတီးကို အလည်အပတ်သွားရင်း လမ်းမှာ ဒုက္ခရောက်နေတဲ့ ဆပ်ကပ်အဖွဲ့တစ်ခုနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီဆပ်ကပ်ပွဲမှာ ထူးဆန်းတဲ့ ဝံပုလွေလူသား (Werewolf) တစ်ကောင်က ဖျော်ဖြေသူတွေကို တိုက်ခိုက်ပြီး တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေကို ခိုးယူနေတာပါ။ ဒါကို စုံစမ်းဖို့အတွက် စကူဘီဒူးတို့အဖွဲ့ဟာ ဆပ်ကပ်သမားတွေအဖြစ် ရုပ်ဖျက်ပြီး (ဥပမာ - ရှက်ဂီက လူရွှင်တော်၊ စကူဘီဒူးက ကပြဖျော်ဖြေတဲ့ခွေး) ဆပ်ကပ်လောကထဲကို ဝင်ရောက်စုံစမ်းပါတော့တယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+7PjAoeN355JjMmY1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2646638575/373
Please open Telegram to view this post
VIEW IN TELEGRAM
And Then We Danced [2019]

(Georgia BL Movie)

Review 📃

ဂျော်ဂျီယမ်အက ကရတာကို ကြိုက်တဲ့ အကသမားလေး မယ်ရာဘီတို့ အကလေ့ကျင့်ခန်းကို အီရာကလီပြောင်းလာတဲ့အခါမှာတော့.....

နှစ်ယောက်သား အဓိက တေးဂီတအဖွဲ့ လူရွေးပွဲမှာ ပါဝင်နိုင်ဖို့ ယှဉ်ပြိုင်ကြ အချင်းချင်း လက်တွဲခေါ်ကြရင်း တစ်ရက် အီရာကလီ ပျောက်သွားတဲ့အခါမှာတော့......

မယ်ရာဘီ တစ်ယောက် သူပါဝင်ချင်တဲ့ လူရွေးပွဲကို ဝင်ပြိုင်မှာလား။ဘာတွေဆက်ဖြစ်လာမလဲ။

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+ej4MbfPfP2I3OWRl

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/3491424989/83
Please open Telegram to view this post
VIEW IN TELEGRAM
Mrs Doubtfire [1993]

Review 📃

Forrest Gump ရဲ့ အမေအဖြစ် သရုပ်ဆောင်ခဲ့သူ မင်းသမီးကြီး Sally Field အပြင်

James Bond ရုပ်ရှင်နဲ့လူသိများခဲ့တဲ့ မင်းသား Pierce Brosnan တို့ ပါဝင်သရုပ်ဆောင်ထားတဲ့

အမေရိကန် ဟာသ-ဒရာမာ ရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

အသံတုပေါင်းများစွာကို လုပ်တတ်ပြီး ပါရမီရှိလှတဲ့ အသံသရုပ်ဆောင်ပေမဲ့ အလုပ်ရှင်တွေနဲ့ ကီးမကိုက်မှုကြောင့်

အလုပ်တစ်ခုပြီးတစ်ခုပြောင်းနေရတဲ့ ဒန်နီရယ် ဟေးလက်ဒ်...

မွေးထားတဲ့ သားသမီးသုံးယောက်ကို ငုံထားမတတ်ချစ်ပြီး အလိုလိုက်လွန်းတဲ့အတွက်ကြောင့်

မိန်းမဖြစ်သူ မီရန်ဒါ ဟေးလက်ဒ်နဲ့လည်း အမြဲတမ်းတကျက်ကျက်...

တစ်နေ့တော့ ဒန်နီရယ်က ကလေးတွေကို ပါတီပွဲလုပ်ပေးတဲ့ကိစ္စကိုအရင်းပြုပြီး

မျိုသိပ်ထားသမျှတွေ ပေါက်ကွဲထွက်လာတဲ့ မီရန်ဒါတစ်ယောက် ကွာရှင်းဖို့ကို တောင်းဆိုပါတော့တယ်...

တည်မြဲတဲ့အလုပ်အပြင် အိမ်ပါမရှိတဲ့ ဒန်နီရယ်တစ်ယောက်

ကလေးတွေအုပ်ထိန်းခွင့်ကို အမေဖြစ်သူ မီရန်ဒါဆီကို ပေးအပ်လိုက်ရပြီး

ကလေးတွေနဲ့ တစ်ပတ်မှာတစ်ရက်သာ တွေ့ခွင့်ရပါတော့တယ်...

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+ej4MbfPfP2I3OWRl

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/3491424989/85
Please open Telegram to view this post
VIEW IN TELEGRAM
Titan A.E. [2000]

Family/Sci-fi
IMDb : 6.6/10
RottenTomatoes : 50%

Review 📃

အဟောင်းထဲက ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Matt Damon နဲ့ Drew Barrymore တို့လို နာမည်ကြီးတွေ အသံသရုပ်ဆောင်ထားတဲ့ Animation ဇာတ်ကားကောင်းတစ်ခုပေါ့။

ဂလက်ဆီ တစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ ဒရက်ဂ်ျ ဆိုတဲ့ မျိုးနွယ်စုကြီးတစ်ခု ရှိပါတယ်။ 3028 ခုနှစ်မှာတော့ ကမ္ဘာမြေမှာ အရမ်းကို စွမ်းအားကြီးတဲ့ တိုက်တန် ပရောဂျက်တစ်ခုကို လူသားမျိုးနွယ်တွေ ပြင်ဆင်ထားခဲ့ပါတယ်။

ဒရက်ဂ်ျတွေဟာ ဒီတိုက်တန်ပရောဂျက်ကို တားဆီးဖို့အတွက် လူသားမျိုးနွယ်ကို မျိုးသုဉ်းဖျက်ဆီးပြီး ကမ္ဘာမြေကို ဖောက်ခွဲပစ်ခဲ့ပါတယ်။

တိုက်တန်ပရောဂျက်ရဲ့ အဓိက ခေါင်းဆောင် ဆမ်ဟာ လူမမယ်‌သားလေး ကေးလ်ကိုတော့ လွတ်မြောက်ရေးယာဉ်ထဲ ထည့်ပေးလိုက်ပြီး သူကတော့ ဒရက်ဂ်ျတွေနဲ့ ရင်ဆိုင်ခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ အနည်းငယ်သာ ကျန်ရှိတော့တဲ့ လူသားမျိုးနွယ်စု ဆက်လက်ရှင်သန်ရေးက ကေးလ်တစ်ယောက် သူ့အဖေဝှက်ထားခဲ့တဲ့ တိုက်တန်ကို ပြန်ရှာတွေ့တဲ့အပေါ် မူတည်နေတဲ့အခါမှာတော့ ကေးလ်ဟာ တိုက်တန်ရှာဖွေရေးစွန့်စားခန်းခရီးကို စတင်ရပါတော့တယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/876
Please open Telegram to view this post
VIEW IN TELEGRAM