𝑲𝑶 𝑴𝒚𝒐 ငွေတုရောင်း၀ယ်ရေး🤝
18.7K subscribers
708 photos
3 videos
473 links
ဝယ်ယူသူတိုင်100%စိတ်ချရပါတယ်ဗျ🙏
အတုပသတိပြုပါဗျ
Download Telegram
The Canterville Ghost [2023]

Review 📃

ကန်တာဗေးလ်ချေ့စ်ဆိုတဲ့ အင်္ဂလန်က အိမ်တော်ဟောင်းကြီးမှာနှစ်ပေါင်း ၃၀၀ ကျော်ကြာတဲ့အထိ မကျွတ်မလွတ်နိုင်ဘဲ
လာနေသမျှလူတိုင်းကို ခြောက်လှန့်နေတဲ့ ယခင်အိမ်ပိုင်ရှင်ရဲ့
ဝိညာဉ် ဆရာဆိုင်မွန် ဆိုတဲ့ သရဲတစ်ကောင်ရှိပါတယ်…

နှစ်တွေတော်တော်ကြာသည့်တိုင်အောင် သူ့အစွမ်းအစနဲ့
ခြောက်လှန့်လို့ရနေပြီး ခေတ်အဆက်ဆက်က အိမ်ပိုင်ရှင်တွေ
အကုန် အိမ်ပြောင်းပြေးရင်ပြေး မပြေးရင် ရူးသွားကြတဲ့အထိ
ရာဇဝင်ရှိခဲ့ပါတယ်…
ဒါပေမဲ့ တစ်နေ့ အိမ်ကြီးကိုဝယ်ယူပြီး ပြောင်းရွှေ့လာတဲ့
အမေရိကန်မိသားစုတစ်စုကို ခြောက်လှန့်ဖို့ကြိုးစားတဲ့
အခါမှာတော့ ဘယ်လိုမှအလုပ်မဖြစ်ဘဲ သရဲကိုမကြောက်
ကြတဲ့အပြင် သရဲကပါ ပြန်ကြောက်နေရလို့ ဘယ်လိုခြောက်ရင်
ကြောက်မလဲဆိုတာ သရဲခေါင်းခြောက်ရတဲ့ အထိပါပဲ…
အမေရိကန်မိသားစုက ဘာကြောင့်ဒီသရဲကို မကြောက်ကြတာလဲ…
ဒီသရဲကရော ဘာလို့ နှစ်ပေါင်း ၃၀၀ ကျော်ကြာတဲ့အထိ
ဒီအိမ်ကြီးမှာ စွဲကပ်ပြီး လာနေသမျှသူတိုင်းကို ခြောက်လှန့်
မောင်းထုတ်နေရတာလဲ…
နောက်ဆုံးမှာ အမေရိကန်မိသားစုကပဲ အိမ်ပြောင်းပြေးရမလား…
သရဲကပဲ လက်မှိုင်ချသွားရမလားဆိုတာကို ဇာတ်ကားလေးဆုံးတဲ့
အထိ ကြည့်ပြီး အဖြေရှာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်…

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/735
Please open Telegram to view this post
VIEW IN TELEGRAM
On Happiness Road [2018]

Review 📃

On Happiness Road ဟာ ထိုင်ဝမ်နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ လူမှုရေးအပြောင်းအလဲတွေကို မိန်းကလေးတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ ချိတ်ဆက်ပြီး ရိုက်ကူးထားတဲ့ ရသစုံ Animation လက်ရာကောင်းတစ်ခု ဖြစ်ပါတယ်။


ဇာတ်လမ်းအကျဉ်း

အမေရိကမှာ အခြေချနေထိုင်နေတဲ့ ချီ (Chi) ဟာ သူမရဲ့ အဘွားဖြစ်သူ ဆုံးရှုံးသွားတဲ့အခါ ထိုင်ဝမ်က သူမရဲ့ ဇာတိမြေ "Happiness Road" သို့ ပြန်လာခဲ့ပါတယ်။ ငယ်စဉ်က အမှတ်တရတွေ၊ မိသားစုနဲ့ သူငယ်ချင်းတွေကို ပြန်လည်တွေ့ရှိရင်း သူမရဲ့ ဘဝအိပ်မက်တွေ ဘယ်လိုပျောက်ဆုံးသွားသလဲ၊ "ပျော်ရွှင်မှုဆိုတာ တကယ်တော့ ဘာလဲ" ဆိုတာကို ပြန်လည်ရှာဖွေပုံကို ရိုက်ကူးထားတာပါ။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/mmsubanime2006/2831
Please open Telegram to view this post
VIEW IN TELEGRAM
A Christmas Carol [2009]

Review 📃

…Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်… …သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး  အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်…
ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ….
ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ…
ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ..
ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်..
ခလေးတွေအတွက်တော့  ကြည့်လို့လှတဲ့ကားတစ်ကားပေါ့ဗျာ…
ကိုင်းခံစားကြည့်လိုက်ပါဦးနော်…

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/740
Please open Telegram to view this post
VIEW IN TELEGRAM
Scrooge: A Christmas Carol [2022]

Review 📃

ဒီတစ်ခေါက်မှာတော့ 2022မှာ ထွက်ရှိထားတဲ့ ခရစ္စမတ်ကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်ကားလေးက ရိုးရိုးလေးနဲ့တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသလို ကြည့်လို့ကောင်းတဲ့ကာတွန်းကားလေးပါ

ဇာတ်လမ်းအကျဉ်းကတော့
အီဘီနီဆာစခရုဟာ ပတ်ဝန်းကျင်မှာအမြဲတမ်းမှုန်ကုပ်ကုပ်နဲ့ အကျင့်စာရိုက်မကောင်း သူများအပေါ်မညှာတာတတ်တဲ့သူလို့ လူတွေကသိထားတဲ့သူပါ
မစ္စတာစခရုလို့ပြောလိုက်ရင် ကလေးတွေကအစ မျက်နှာရှုံ့မဲ့ပြီး ရှုံ့ချကြောက်ရွံ့တတ်ကြတဲ့လူမျိုးပါ

မစ္စတာစခရုဟာခရစ္စမတ်လို့ပြောလိုက်တာနဲ့ စိတ်ညစ်စရာစိတ်ပျက်စရာလို့ခံယူထားသူဖြစ်ပြီး ခရစ္စမတ်နေ့မှာပျော်ပါးနေကြတဲ့ လူတွေကိုတောင် အဓိပ္ပာယ်မရှိတာတွေလုပ်နေသလိုပြောတတ်သူပါ
ဒီလိုမျိုးလူတွေကိုအညှာတာကင်းမဲ့ပြီး စိတ်ပုတ်စိတ်ံယုတ်ထားတတ်တဲ့ မစ္စတာစခရုကြီးဟာ ခရစ္စမတ်တစ်ညမှာတော့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီးနဲ့ကြုံတွေ့ရပါတော့တယ်

မစ္စတာစခရုကြုံတွေ့လိုက်ရတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်က ဘာများဖြစ်မလဲ
ဒီဖြစ်ရပ်က သူ့ရဲ့ဘဝကို ဘယ်လိုမျိုးပြုပြင်သွားမှာ
ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+PBb4WSyIdQ44Njk1

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/742
Please open Telegram to view this post
VIEW IN TELEGRAM
❤1
A Chuck E Cheese Christmas [2025]

Review 📃

ခရစ္စမတ်ရဲ့ အနှစ်သာရဆိုတာဘာလဲ။ တကယ်တမ်းတော့ ခရစ္စမတ်ဆိုတာ အချင်းချင်းလက်ဆောင်ပေးရုံ ညစာအတူစားရုံ အားလပ်ရက်တစ်ခုမဟုတ်ပါဘူး။ ခရစ္စမတ်ရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်က ပေးကမ်းခြင်း၊ မေတ္တာတရားနှင့် ခွင့်လွတ်လက်ခံခြင်းပါတဲ့။ ဒီဇာတ်လမ်းကတော့ ခရစ္စမတ်ကာလလေးမှာ ကြည့်လို့ကောင်းမဲ့ ပေါ့ပေါ့ပါးပါး animation movie လေးဖြစ်ပြီး ချတ်ကီချိစ့်ဆိုတဲ့ကြွက်ကလေးနှင့် သူငယ်ချင်းတစ်သိုက်က ခရစ်စမတ်ရဲ့အနှစ်သာရကို လူတွေသိအောင် ဘယ်လိုပြသမလဲ၊ ခရစ္စမတ်ကို ဘယ်လိုကယ်တင်ကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/mmsubanime2006/2835
Please open Telegram to view this post
VIEW IN TELEGRAM
Cardcaptor Sakura: The Movie [1999]

Review 📃

၄ တန်းအရွယ် Sakura Kinomoto ဆိုတဲ့ကောင်မလေးဟာ "The Clow" ဆိုတဲ့ လျှို့ဝှက်ထူးဆန်းတဲ့စာအုပ်ကို ရှာတွေ့ပြီး မရည်ရွယ်ပဲ ကဒ်တွေကို မြို့အနှံ့ ပြန့်ကျဲစေခဲ့ပါတယ်။ အဲဒါဟာ မှော်ဆရာ Clow Reed ဖန်တီးထားတဲ့ Clow Cards တွေဖြစ်ပြီး တစ်ကဒ်ချင်းစီမှာ သူ့အစွမ်းနဲ့သူ ရှိကြပါတယ်။ အဲဒါပြန့်ကျဲစေတဲ့အတွက် အန္တရာယ်များတာကြောင့် Sakura ဟာ Cardcaptor ဆိုတဲ့ဂုဏ်ဘွဲ့နဲ့အတူ မှော်အစွမ်းတွေရလာပြီး Kero ဆိုတဲ့ကောင်လေးနဲ့အတူ ဒါတွေကို ပြန်ရှာဖို့ ဖြစ်လာတဲ့ဇာတ်လမ်းလေးပါ။ ဒီဇာတ်ကားလေးထဲမှာတော့Sakura တစ်ယောက် ဆောင်းပိတ်ရက်အရောက်မှာ ထူးဆန်းတဲ့ကံစမ်းမဲပေါက်ပြီး ဟောင်ကောင်ကို လည်ပတ်ဖို့ ဖြစ်လာပါတော့တယ်။ တစ်ချိန်တည်းမှာလည်း ထူးဆန်းတဲ့အိပ်မက်တစ်ခုကို ဆက်တိုက်မက်နေခဲ့တာပါ။ အဲဒါ အမျိုးသူငယ်ချင်းတွေနဲ့ ဟောင်ကောင်မှာ လည်ပတ်နေချိန် ထူးဆန်းတာတွေ ဖြစ်ပေါ်လာပြီး ခါတိုင်းမက်နေတဲ့ အိပ်မက်နဲ့ပါ ဆက်စပ်နေတဲ့အပြင် မှော်ဆရာကြီး Clow Reed နဲ့ သက်ဆိုင်တဲ့ဇာတ်လမ်းတွေလည်း ဖြစ်နေတာကြောင့် ဘယ်လိုတွေ အဖြေရှာပြီး ဘယ်လိုရုန်းထွက်မလဲဆိုတာကို ကြည့်ရမယ့် Oldie Anime လေးတစ်ကား ဖြစ်ပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/mmsubanime2006/2837
Please open Telegram to view this post
VIEW IN TELEGRAM
❤1
A Christmas Carol [2009]

Review 📃

…Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်… …သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး  အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်…
ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ….
ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ…
ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ..
ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်..
ခလေးတွေအတွက်တော့  ကြည့်လို့လှတဲ့ကားတစ်ကားပေါ့ဗျာ…
ကိုင်းခံစားကြည့်လိုက်ပါဦးနော်…

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/740
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Scrooge: A Christmas Carol [2022]

Review 📃

ဒီတစ်ခေါက်မှာတော့ 2022မှာ ထွက်ရှိထားတဲ့ ခရစ္စမတ်ကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်ကားလေးက ရိုးရိုးလေးနဲ့တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသလို ကြည့်လို့ကောင်းတဲ့ကာတွန်းကားလေးပါ

ဇာတ်လမ်းအကျဉ်းကတော့
အီဘီနီဆာစခရုဟာ ပတ်ဝန်းကျင်မှာအမြဲတမ်းမှုန်ကုပ်ကုပ်နဲ့ အကျင့်စာရိုက်မကောင်း သူများအပေါ်မညှာတာတတ်တဲ့သူလို့ လူတွေကသိထားတဲ့သူပါ
မစ္စတာစခရုလို့ပြောလိုက်ရင် ကလေးတွေကအစ မျက်နှာရှုံ့မဲ့ပြီး ရှုံ့ချကြောက်ရွံ့တတ်ကြတဲ့လူမျိုးပါ

မစ္စတာစခရုဟာခရစ္စမတ်လို့ပြောလိုက်တာနဲ့ စိတ်ညစ်စရာစိတ်ပျက်စရာလို့ခံယူထားသူဖြစ်ပြီး ခရစ္စမတ်နေ့မှာပျော်ပါးနေကြတဲ့ လူတွေကိုတောင် အဓိပ္ပာယ်မရှိတာတွေလုပ်နေသလိုပြောတတ်သူပါ
ဒီလိုမျိုးလူတွေကိုအညှာတာကင်းမဲ့ပြီး စိတ်ပုတ်စိတ်ံယုတ်ထားတတ်တဲ့ မစ္စတာစခရုကြီးဟာ ခရစ္စမတ်တစ်ညမှာတော့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီးနဲ့ကြုံတွေ့ရပါတော့တယ်

မစ္စတာစခရုကြုံတွေ့လိုက်ရတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်က ဘာများဖြစ်မလဲ
ဒီဖြစ်ရပ်က သူ့ရဲ့ဘဝကို ဘယ်လိုမျိုးပြုပြင်သွားမှာ
ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/742
Please open Telegram to view this post
VIEW IN TELEGRAM
High School Musical [2006]

အထက်တန်းကျောင်းသားထရိုင် ဟာ နွေရာသီ Countdown Eve ရဲ့
ကာရာအိုကေပွဲမှာ ဂါဘရီရယ်လာနဲ့ တွေ့ဆုံပြီး သီချင်းတစ်ပုဒ်ကို
တွဲဖက်ဆိုကြတာကနေ စဖွင့်ထားပါတယ်။ ကျောင်းဖွင့်ချိန်မှာတော့
ဂါဘရီရယ်လာက ထရိုင်ရဲ့ အိစ့်ဟိုက်ကျောင်းကို တိုက်တိုက်ဆိုင်ဆိုင်ပြောင်းရွှေ့လာပါတယ်။
ဂါဘရီရယ်လာကတော့ စာပေထူးချွန်သူတစ်ဦးဖြစ်ပြီး ထရိုင်ကတော့
ကျောင်းရဲ့ ဘတ်စကတ်ဘောအသင်းရဲ့ကပ္ပတိန်တစ်ယောက်ဖြစ်ပါတယ်။
သူတို့ဟာကိုယ်စီဝါသနာပါရာကို အာရုံစိုက်‌နေတုန်း ကျောင်းကလုပ်တဲ့ဂီတပွဲမှာ
audition ဝင်ဖို့ သူတို့နှစ်ဦးစလုံးစိတ်ပါဝင်စားလာပါတယ်။
ဒါပေမယ့် ကျောင်းသားအုပ်စုတွေအကြား stereotype တွေကြောင့်
ဘယ်သူက ဘာလုပ်သင့်တယ်ဆိုတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်လာကြရပါတယ်။
ထရိုင်ရဲ့ ဘတ်စကတ်ဘောအသင်းနဲ့ ဂါဘရီရယ်လာရဲ့စာဂျပိုးသူငယ်ချင်းတွေက
သူတို့နှစ်ဦးရဲ့ ဝါသနာထောက်ခံမပေးဘဲ လျှောက်လက်စလမ်းကိုပဲ
ဆက်လျှောက်ဖို့ ဖိအားပေးကြပါတယ်။
ဒါပေမယ့် ထရိုင်နဲ့ဂါဘရီရယ်လာတို့က သူတို့ဖြစ်ချင်တာကို
ဦးစားပေးဖို့ဆုံးဖြတ်ပြီး ဂီတပြိုင်ပွဲအတွက် audition ဝင်ကြပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+NIDwqKXyKh00ZWY1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2709641645/352
Please open Telegram to view this post
VIEW IN TELEGRAM
Midnight Sun [2018]

Review 📃

၁၇ နှစ်အရွယ် Katie Price ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ငယ်ငယ်တည်းက ထူးဆန်းတဲ့ရောဂါတစ်ခုကို ခံစားနေရတယ်
အဲ့ဒီရောဂါက အသားအရည်ပေါ် နေရောင်ခြည်လုံးဝကျလိုမရတဲ့ရောဂါပေါ့…အဲ့ဒါကြောင့် သူဟာ အထူးစီမံထားတဲ့ ပြတင်းပေါက်မှန်တွေနောက်မှာပဲ နေပြီး သူ့ဘဝကိုဖြတ်သန်းနေတဲ့မိန်းကလေး…အပြင်ထွက်လိုမရတဲ့အတွက်..ကျောင်းတက်ဖိုလည်းမဖြစ်နိုင်တော့…သူ့ရဲ့အဖေကပဲ အိမ်မှာ စာသင်ပေးရတယ်လေ…သူ့အဖေကလည်း မိတဆိုး သမီးလေးကိုလုံးဝအရှုးမပေးတဲ့လူမျိုး…ဖြစ်လာသမျှကိုလက်ခံပြီး အကောင်းဆုံးဖြစ်အောင် သူ့ကိုထားခဲ့တာလေ.…သူ့မှာ ရှားရှားပါးပါး မော်ဂန်လိုခေါ်တဲ့ BFF မလေးတစ်ယောက်ရှိတယ်…နောက်တစ်ယောက်ကတော့ မူလတန်းကတည်းက သူ့အိမ်ရှေ့မှာ စကိတ်စီးရင်းဖြတ်သွားဖြတ်လာမြင်နေရတဲ့ ချာလီဆိုတဲ့ကောင်လေး…ဒီကောင်လေးကို သူကကျိတ်ပြီးသဘောကျနေတာ…ချာလီက သူရှိလိုရှိမှန်းတောင်မသိဘူး…ဘယ်သိမလဲ …ရောဂါကြောင့်အိမ်တွင်းအောင်းနေရတဲ့ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်နေတဲ့ သနားစရာကောင်မလေးလေ…ဒါပေမယ့် တစ်နေ့တော့ ချာလီနဲ့မထင်မှတ်တဲ့ပုံစံနဲ့ဆုံတွေ့ပြီး..

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+NIDwqKXyKh00ZWY1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2709641645/354
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Chun Tae-il : A Flame That Lives On [2021]

Review 📃

ဇာတ်လမ်းအကျဉ်းချုပ်ကတော့
မူလတန်းတောင် မအောင်ခဲ့တဲ့ ကောင်လေးတစ်ယောက် သားအကြီးဆုံးဖြစ်ပြီး အိမ်ရဲ့စားဝတ်နေရေးကြောင့် ကျောင်းထွက်လိုက်ရပြီး အိမ်ပြေးအဖြစ်နဲ့ ဖိနပ်တိုက် သတင်းစာရောင်း စတာတွေကို လက်တိုလက်တောင်းလုပ်ခဲ့ပါတယ်

၁၉ နှစ်ပြည့်တဲ့အခါမှာတော့ စက်ရုံတည်ထောင်ချင်တဲ့စိတ်နဲ့ အဝတ်စက်ရုံတစ်ခုမှာအဝတ်ဖြတ်ဆရာလက်ထောက်အဖြစ်သင်ယူရင်းနဲ့ ဖြောင်းဟွာဈေးကစက်ရုံရဲ့ မတရားခိုင်းစေမှုတွေ၊ လုပ်ခလစာ နည်းပါးမှုနဲ့ ကျန်းမာရေးအာမခံချက်မရှိတာတွေကို သိလိုက်ရပါတော့တယ်

အဲလိုနဲ့ အခြေခံဥပဒေအကြောင်းသိလိုက်ရတဲ့အချိန်မှာ မညီမျှတာတွေအတွက်တောင်းဆိုဖို့ကြိုးပမ်းပါတော့တယ် ဘယ်လိုဆန္ဒပြရမလဲဆိုတာတောင် မသိတဲ့ အပ်ချုပ်ဆရာ၊ အဝတ်ဖြတ်ဆရာအဖြစ်ကနေ စိတ်အားထက်သန်စွာနဲ့ပဲအလုပ်သမားအခွင့်အရေးရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပုံတွေကို ကြည့်ရှုခံစားရမှာပါ

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/mmsubanime2006/2850
Please open Telegram to view this post
VIEW IN TELEGRAM
Encanto [2021]

Review 📃

Disneyကထွက်တဲ့ animation​တွေရဲ့ ထုံးစံအတိုင်း ဇာတ်​ကောင်​တွေ၊ အ​​ရောင်အ​သွေးတွေက လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်​တွေ သ​ဘော​တွေ့​စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten Tomatoes 90% ratingက သက်​သေခံ​နေပါတယ်

Encantoဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊

ဒီ​နေရာမှာ ​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို Encanto​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို့ ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကို အကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်​တွေကို မျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်၊

ဒါ​ကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီ ရှိပါတယ်၊မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊

တစ်​နေ့မှာ​တော့ Encanto​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​ ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေး အ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊

သူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ ​မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/mmsubanime2006/2852
Please open Telegram to view this post
VIEW IN TELEGRAM
Regretting You [2025]

Review 📃

ကျွန်တော်တိုတွေဟာ ဘဝမှာ နောင်တရစရာတွေ ကြုံခဲ့ရပေမဲ့ တစ်ချိန်အခွင့်သင့်လာတဲ့အခါ ဒီနောင်တရစရာအခိုက်အတန့်ကိုပြင်ခွင့်ရရင် ပြင်မလား ကံစေရာတိုင်းသွားမလား ဘယ်လိုလုပ်မလဲ ဒါကိုဒီလိုအဖြစ်အပျက်မျိုးလေးနဲ့ ဒရာမာကားကောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ ဂျိုနာနဲ့ဂျန်နီ မော်ဂန်နဲ့ခရစ်စ်ဆိုတဲ့ စုံတွဲရှိပါတယ် ဂျိုနာကတော့ မော်ဂန်ကိုကြိုတ်ကြိုက်နေခဲ့ပေမဲ့သူ့ဘော်ဒါခရစ်စ် ဖြတ်ခုတ်သွားပြီနောက် မော်ဂန်ရဲ့ညီမဂျန်နီနဲ့ပဲအဆုံးသတ်လိုက်ရပါတယ် နှစ်တွေကြာမော်ဂန်လည်းခရစ်စ်နဲ့ညားပြီး သမီးကလာရာပါအပျိုအရွယ်ရောက်နေသလိုဂျိုနာကမြိုကတော်တော်ကြာထွက်သွားပြီးပြန်အလာမှာဂျန်နီနဲ့ကိုယ်ဝန်ရှိလာတဲ့အတွက် လက်ထပ်တော့မလိုဖြစ်နေချိန်မှာ ဒီနှစ်တွဲကြားဝမ်းသာရခက်ဝမ်းနည်းရခက်အဖြစ်အပျက်ကြုံလာပါတော့တယ် ခရစ်စ်နဲ့ဂျန်နီဟာအလုပ်တူတူသွားရင်း ကားအက်စီးဒန့်လိုဆုံးပါးသွားချိန်မှာတော့ မော်ဂန်ကလာရာနဲ့ ဂျန်နီတိုကြားဘယ်လိုကံကြမ္မာအလှည့်အပြောင်းဘယ်လိုလျှိဝှက်ချက်ပေါ်ပေါက်လာမလဲဆိုတာကိုကြည့်ရမှာပါ

><><><><><><><><><><><><><

Channelအရင်Joinပါ
📥📥

https://t.me/+jeeoMAzniOthOWZl

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2920817847/186
Please open Telegram to view this post
VIEW IN TELEGRAM
Turbulence [2025]

Review 📃

ဇာတ်လမ်းအကျဉ်း

ဇက်ဆိုတဲ့ အမျိုးသားဟာ အဖေဖြစ်သူဆီက ကုမ္မဏီကြီးတစ်ခုလုံးကို အမွေရလိုက်တဲ့ သူဌေးသားလုပ်ငန်းရှင်

ဖြစ်ပြီး သူ့မှာ အမ်မီဆိုတဲ့ ဇနီးချောလေးတစ်ယောက်ရှိပါတယ်။

ဒါပေမဲ့ အမ်မီဟာ လွန်ခဲ့တဲ့ ၆ လလောက်က ကိုယ်ဝန်ပျက်ကျခဲ့လို့ အပြစ်ရှိစိတ်တွေနဲ့ စိတ်ဓာတ်ကျ

နေတာကတစ်ကြောင်း၊ ဇက်ကလည်း အလုပ်များတာကတစ်ကြောင်းမလို့ သူတို့ကြားမှာ ဆက်ဆံရေးတွေ

အေးစက်နေပြီး အတူမနေဖြစ်ခဲ့တာလည်း ကြာပါပြီ။

ဒီတော့ ဇက်က အိမ်ထောင်ရေးပြန်လည်သာယာလာအောင်၊ ကလေးယူဖို့ ထပ်ကြိုးစားနိုင်အောင်

အမ်မီနဲ့ နှစ်ယောက်သား အပန်းဖြေခရီးထွက်ဖို့ စီစဉ်ခဲ့ပါတယ်။

အဲဒီလိုစီစဉ်တဲ့ညမှာပဲ ဇက်က ဘားတစ်ခုမှာ အရက်သောက်နေတုန်း ဂျူလီယာဆိုတဲ့ကောင်မလေး

တစ်ယောက်က ဘားမှာ ပြဿနာတက်နေတာနဲ့ ဇက်ကပဲ အရက်ဝယ်တိုက်ပြီး ဒကာခံခဲ့ပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
📥📥

https://t.me/+jeeoMAzniOthOWZl

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2920817847/188
Please open Telegram to view this post
VIEW IN TELEGRAM
❤2
The Lion King [1994]

Review 📃

တောဘုရင်ခြင်္သေကြီး မူဖာဆာ မှာ စင်ဘာဆိုတဲ့ သားလေးမွေးဖွားလာပြီး
သူ့နေရာကို တစ်နေဆက်ခံခွင့်ပေးဖို့ လျာထားခဲ့ပါတယ်။ အဲဒါကို မကျေနပ်တဲ့
စင်ဘာရဲ့ ဦးလေး မူဖာဆာရဲ့ ညီက á€á€˝á€ąá€¸á€Ąá€á€˝á€ąá€”ဲအ á€•္ဍင်းပဟဎး မူဖာဆာကို
လုပ်ကြံပြီး စင်ဘာလေးကို သူ့အပြစ်လို့ထင်အောင်လုပ်ပြီးအဝေးကြီးကို
ထွက်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာ á€á€˝á€ąá€¸á€Ąá€á€˝á€ąá€€á€­á€Ż á€á€źá€„်ယသ္အတွ္နဲအပ္ဍင်းန္စ္ပဟဎး
တောအုပ်ကြီးတစ်ခုလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီရှာဖို့ထွက်လာတဲ့
ခြင်္သေမငယ်သူငယ်ချင်းနဲ့ အတိတ်ကနေ ထွက်ပြေးနေတဲ့
စင်ဘာတွေ့ á€•ဟန်တွ္အကဟတဲအဥခဍမသဏ‌‌.

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/761
Please open Telegram to view this post
VIEW IN TELEGRAM
The Lion King 2: Simba's Pride [1998]

Review 📃

အားလုံးရဲ့ အချစ်တော် ခြင်္သေ့လေးစင်ဘာဟာ အရွယ်ရောက်လို့
ဘုရင်ကြီးစင်ဘာအဖြစ် အုပ်စုကို တာဝန်ယူနေပါပြီ။

အရိုက်အရာ
ဆက်ခံမယ့် ခီယာရာဆိုတဲ့ အဖေတူသမီးတော်လေး တစ်ယောက်လည်း
ရှိပါတယ်။

ခီယာရာလေးဟာ အရွယ်ရောက်လို့ အရာရာကို စူးစမ်းလို
စိတ်ပြင်းပြနေပါတယ်။ ဒီတော့ ငယ်ရာကကြီးလာတဲ့ စင်ဘာ စိတ်ပူရပါပြီ။

တစ်ဘက်မှာလည်း နယ်နှင်ခံလိုက်ရတဲ့အုပ်စုက ခြင်္သေ့မ ဇီရာဟာ
စကားရဲ့အရိုက်အရာကို ဆက်ခံမယ့် ကိုဘူးလေးကို ပျိုးထောင်ပေး
နေပါတယ်။ လက်စားချေဖို့ အမုန်းတရားတွေနဲ့ အပြင်းအထန်လေ့ကျင့်
ပေးနေပါပြီ။

ဇီရာဟာ စင်ဘာကို အလစ်ချောင်း လုပ်ကြံဖို့ ကိုဘူးကို
အသုံးချပါတော့တယ်။ အစီအစဉ်အရ ကိုဘူးတစ်ယောက် စင်ဘာနဲ့
နီးစပ်နိုင်ဖို့ သမီးဖြစ်သူ ခီယာရာကို အရင်ချဉ်းကပ်ရပါတယ်။

အသုံးချဖို့
စခဲ့ပေမယ့် ကံကြမ္မာရဲ့လှည့်စားမှုကြောင့် သူတို့နှစ်ဦး ချစ်မိသွားပါတော့တယ်။
အမုန်းတရား လှည့်စားမှုတွေ သစ္စာဖောက်မှုတွေနဲ့ အုပ်စုနှစ်ခုကြား....

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/763
Please open Telegram to view this post
VIEW IN TELEGRAM
Oh My School! [2023]

Review 📃

သဘာဝလွန် စိတ်ကူးယဥ် ဟာသလေးတွေကိုနှစ်သက်တဲ့သူတွေအတွက် ကာတွန်းကားကောင်းလေး ကြည်ရှုလို့ရပါပြီ။ကျောင်းမှာ အဆိုးဆုံးအတန်းလို့နာမည်ကြီးတဲ့အတန်းကအဆိုးဆုံးကျောင်းသားလေးဝမ်ချန်… အမြဲတမ်းကျောင်းလစ်ပြီးအင်တာနက်ကဖေးမှာသူငယ်ချင်းတွေနဲ့ဂိမ်းသွားဆော့တတ်တဲ့ကောင်လေး….ဆရာမ ရှီးမြောင်နာ့ကတော့ စည်းကမ်းတင်းကြပ်လွန်းပြီးထူးချွန်ဆရာရွေးချယ်တဲ့ သရုပ်ပြသင်ကြားရေးအတန်းရဲ့ဆုကိုအရမ်းလိုချင်လို့ကြိုးစားနေသူဆရာမတစ်ယောက်…ဆိုးသွမ်းတဲ့ ဝမ်ချန်တို့အဖွဲ့နဲ့ ဆရာမရှီးကတော့အမြဲ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။တစ်နေ့ သူတို့နှစ်ယောက်ကြားပဋိပက္ခဖြစ်ရင်းအကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ချင်းလဲလှယ်သွားခဲ့ရတယ်…ခန္ဓာကိုယ်လဲသွားခဲ့တဲ့ ဆရာမနဲ့ကျောင်းသား ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ…ဆန့်ကျင်ဘက်လူသားနှစ်ယောက်အချင်းချင်း နားလည်မှုတွေရသွားနိုင်မလား…ခန္ဓာကိုယ်လဲသွားလို့ဖြစ်လာတဲ့ပြသာနာတွေကိုရောဘယ်လိုရင်ဆိုင်မလဲ…ခန္ဓာကိုယ်ရော ပြန်လဲနိုင်ပါ့မလား..ဆိုတာကိုတော့ ဇာတ်လမ်းကို ကြည့်ရှုခံစားပေးကြပါဦးနော်…

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/mmsubanime2006/2870
Please open Telegram to view this post
VIEW IN TELEGRAM
A Bug’s Life [1998]

Review 📃

ပုရွက်ဆိတ်များရဲ့ အချိန်တော်တော်များများဟာ အစာရှာနေရတာပါပဲ..အဓိက အစာရှာပေးရတာက နှံကောင်တွေအတွက်ပါပဲ..အစဉ်အလာလိုဖြစ်နေတဲ့အပြင် နှံကောင်တွေကိုလည်း မတွန်းလှန်နိုင်တော့ ပုရွက်ဆိတ်အားလုံးဟာ အစာရှာပေးနေဆဲပါပဲ..။အစာကို နွှင်ရ သယ်ရ ဆိုတော့ အချိန်တွေလည်းအတော်ကုန်တယ်..ဒါကို အသစ်အဆန်းတွေ တီထွင်ရတာကို ဝါသနာပါတဲ့ Flik ဆိုတဲ့ ပုရွက်ဆိတ်က ဖြေရှင်းဖို့ကြိုးစားတယ်…သို့ပေမယ့် သူဘာလုပ်လုပ် အကောင်းမမြင်ကြသလို သူလုပ်တာတွေကလည်း အလွဲလွဲအချော်ချော်တွေကြီးပဲ…တနေ့မှာတော့ Flik ကြောင့် ပုရွက်ဆိတ်တွေ ကမ္ဘာပျက်သလိုဖြစ်ကုန်တယ်.. နှံကောင်တွေအတွက် ပေးရမယ့်အစာပမဏအတော်များများဟာ Flik ကြောင့်ပျောက်သွားလို့ပါ…ကိုင်း Flik တို့ ပုရွက်ဆိတ်တွေ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့…

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/765
Please open Telegram to view this post
VIEW IN TELEGRAM
Just Super [2022]

Review 📃

ဟက်ဒ်ဝစ်ဟာ ထရိုးမြို့ကလေးမှာ နေထိုင်ပြီး ဂိမ်းဆော့ရတာကို ကြိုက်တဲ့ သာမန်ကောင်မလေးတစ်ယောက်ပါ။ သူတို့မြို့ကလေးမှာ ခေတ်အစဉ်အဆက် မြို့ကလေးကို လုံခြုံအောင် ကာကွယ်ပေးလာတဲ့ စူပါလိုင်းယွန်းဆိုတဲ့ သူရဲကောင်းရှိပါတယ်။ သူဘယ်သူလဲဆိုတာတော့ တစ်မြို့လုံးက မသိရပေမယ့် သူရှိနေရင် မြို့ကလေးက လုံခြုံနေပါတယ်။တကယ်တော့ ဒီသူရဲကောင်းက ဟက်ဒ်ဝစ်ရဲ့ အဖေဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အဖေဟာ ဟက်ဒ်ဝစ်ရဲ့ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဟက်ဒ်ဝစ်အပေါ် မနွေးထွေးနိုင်တော့သလို သူတို့ကို မျိုးရိုးစဉ်ဆက် စွမ်းအင်ပေးလာတဲ့ စူပါဝတ်စုံကို လက်ဆင့်ကမ်းဖို့လည်း အတွေးထဲမရှိတော့ပါဘူး။အဲဒီတော့ ဟက်ဒ်ဝစ်အစား အရည်အချင်းရှိတဲ့ သူ့တဝမ်းကွဲအစ်ကို  ဝတ်စုံကို လွဲပေးဖို့ လုပ်ပါတော့တယ်။ ဒီတော့ ဟက်ဒဝစ်လေးခမျာ သူ့အဖေကို သူလုပ်နိုင်ကြောင်း သူ့မှာလည်း အရည်အချင်းရှိကြောင်း သက်သေပြဖို့အတွက် ကြိုးစားပါတော့တယ်။ ဒီတော့ သူ့အနေနဲ့ သူ့အဖေကို သက်သေပြနိုင်အောင် ကြိုးစားနိုင်ပါ့မလား၊ ဒီဝတ်စုံကိုရော သူရမှာလား၊ သူ့တဝမ်းကွဲအစ်ကိုကရော ဒီဝတ်စုံနဲ့ တကယ်ထိုက်တန်ရဲ့လားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ကာတွန်းကားကောင်းလေး ဖြစ်ပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/767
Please open Telegram to view this post
VIEW IN TELEGRAM
Hotel Transylvania [2012]

Review 📃

ဒီဇာတ်ကားဟာ လူသားတွေကို ကြောက်ရွံ့တဲ့ မကောင်းဆိုးဝါးတွေအတွက် သီးသန့်တည်ဆောက်ထားတဲ့ Five-star ဟိုတယ်ကြီးအကြောင်းကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ Animation ကားကောင်းတစ်ခု ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

သမီးဖြစ်သူ မေးဗစ် (Mavis) ကို လူသားတွေရဲ့အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ဒရက်ကူလာ (Dracula) ဟာ Monsters တွေပဲ တည်းခိုလို့ရတဲ့ ဟိုတယ်ကြီးကို တည်ဆောက်ခဲ့ပါတယ်။ မေးဗစ်ရဲ့ ၁၁၈ နှစ်ပြည့်မွေးနေ့မှာ မမျှော်လင့်ဘဲ ဂျိုနသန် (Jonathan) ဆိုတဲ့ လူသားလေးတစ်ယောက် ဟိုတယ်ထဲ ရောက်ရှိလာပါတယ်။ ဒရက်ကူလာက သူ့ဟိုတယ်သိက္ခာကို ထိန်းဖို့ ဂျိုနသန်ကို Monsters တစ်ကောင်အဖြစ် ဟန်ဆောင်ခိုင်းထားရင်း၊ မေးဗစ်နဲ့ ဂျိုနသန်တို့ကြား "Zing" (အချစ်စစ်) ဖြစ်သွားတဲ့အခါမှာတော့ ရှုပ်ထွေးပွေလီတဲ့ ဟာသတွေ ဖြစ်ပေါ်လာပါတော့တယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/772
Please open Telegram to view this post
VIEW IN TELEGRAM
Hotel Transylvania 2 [2015]

Review 📃

၂၀၁၂ ခုနှစ်က အောင်မြင်ခဲ့တဲ့ ပထမကားရဲ့ အဆက်ဖြစ်ပြီး ပိုမိုစုံလင်တဲ့ ဇာတ်ကောင်တွေနဲ့အတူ ပြန်လည်ရောက်ရှိလာတဲ့ Animation ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ဒီအပိုင်းမှာတော့ လူသားလေး ဂျိုနသန် နဲ့ မေးဗစ် တို့ လက်ထပ်ပြီးနောက် ဒင်းနစ် (Dennis) ဆိုတဲ့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် ရရှိလာပါတယ်။ အဘိုးဖြစ်သူ ဒရက်ကူလာ က သူ့မြေးလေးကို လူသားထက် သူ့လိုမျိုး "သွေးစုပ်ဖုတ်ကောင်" စစ်စစ်တစ်ယောက် ဖြစ်စေချင်တာကြောင့် မြေးလေးရဲ့ အစွယ်ထွက်လာအောင် သူ့သူငယ်ချင်း Monsters တစ်သိုက်နဲ့ပေါင်းပြီး လေ့ကျင့်ပေးပုံကို ဟာသနှောကာ ရိုက်ကူးထားပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⭕️

https://t.me/+PBb4WSyIdQ44Njk1

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/c/2500899647/774
Please open Telegram to view this post
VIEW IN TELEGRAM