𝑲𝑶 𝑴𝒚𝒐 ငွေတုရောင်း၀ယ်ရေး🤝
15.8K subscribers
1.03K photos
7 videos
488 links
ဝယ်ယူသူတိုင်100%စိတ်ချရပါတယ်ဗျ🙏
အတုပသတိပြုပါဗျ
Download Telegram
Tom and Jerry [2021]

Review 📃

မတည့်အတူနေ ကြောင်နဲ့ကြွက်ကလေး Tom & Jerry တို့ရဲ့ live action ဇာတ်ကားလေးပါ။ဒီတစ်ခါမှာတော့ စန္ဒယားပညာရှင်ကြီးဖြစ်ချင်နေတဲ့ တွမ်နဲ့ ဇိမ်ကျကျအိမ်အကောင်းစားကြီး
တစ်လုံးလိုချင်နေတဲ့ ဂျယ်ရီတို့ကို နယူးယောက်မြို့ကြီးမှာ တွေ့မြင်ကြရမှာပါ။ သူတို့အပြင်ရွိုင်ရယ်ဂိတ်ဆိုတဲ့ နယူးယောက်မြို့က ထိပ်တန်းဟိုတယ်ကြီးမှာ သူများစီဗီဖောင်နဲ့ အလုပ်ဝင်ခွင့်ရသွားတဲ့ ကေလာဆိုတဲ့ကောင်မလေးတစ်ယောက်ကလည်း တွမ်နဲ့ဂျယ်ရီတို့ရဲ့ အရှုပ်တော်ပုံထဲပါဝင်လာမှာပါ။ဂျယ်ရီ့အတွက်တော့ တစ်ရန်ပေါ်နှစ်ရန်ဆင့်တယ်ပဲ ပြောရမှာပေါ့။ သူ့ဘာသာ ရွိုင်ရယ်ဂိတ်ဟိုတယ်ကကြွက်တွင်းထဲမှာ ဇိမ်ကျနေတုန်း အလုပ်မပြုတ်ချင်တဲ့ ဝန်ထမ်းသစ်ကလေး ကေလာရော သူ့ကိုမကြေပွဲနွှဲချင်နေတဲ့ တွမ်ရော နှစ်ယောက်ပေါင်းအမဲလိုက်တာကိုခံရမှာပါ။ လှစ်ခနဲလှစ်ခနဲနဲ့ သိပ်သွက်တဲ့ ကြွက်ကလေးဂျယ်ရီ၊ သူ့မွှေသမျှခံနေရရှာတဲ့ ဘော်ဒါကြီးတွမ်နဲ့ အပြောလည်းကောင်း လည်လည်းလည်တဲ့ဟိုတယ်ဝန်ထမ်းမလေး ကေလာတို့ သုံးယောက်ပေါင်း ဘယ်လိုလောင်းကျော်ကြမလဲဆိုတာကို

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/275
Please open Telegram to view this post
VIEW IN TELEGRAM
❤3🔥3👍2
Castle in the Sky [1986]

Review 🗒

ရွာငယ်လေးတစ်ရွာက အသက် ၁၃ နှစ်အရွယ် မိဘမဲ့ကောင်လေး Pazu က တစ်နေ့မှာ မိုးပေါ်ကနေပြုတ်ကျလာတဲ့ Sheeta ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ဆုံမိပြီး ခင်မိခဲ့ကြပါတယ်။

Sheeta ဟာ ကောင်းကင်ကျွန်းက ရတနာတွေပြည့်နှက်နေတဲ့ Laputa ရဲတိုက်ကြီးနဲ့ ချိတ်ဆက်နေတဲ့ သူ့ရဲ့ဆွဲသီးလေးကိုလိုချင်နေတဲ့ အစိုးရနဲ့ ဓားပြတွေဆီကနေ ထွက်ပြေးလာခဲ့ကြောင်း Pazu ကို ပြောပြခဲ့ပါတယ်။

ရတနာတွေကို ရယူဖို့ Sheeta ကိုလိုက်ဖမ်းနေတဲ့ အစိုးရနဲ့ ဓားပြတွေဆီကနေ သူတို့နှစ်ယောက်လွတ်မြောက်နိုင်မလား၊ အစိုးရနဲ့ ဓားပြတွေထက်အရင် ရဲတိုက်ကြီးရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ကြမလား ဆိုတာကတော့ ဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/mmsubanime2006/2491
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍3🥰1
Once Upon a Studio [2023]

Review 🗒

ကျွန်တော်တို့ရဲ့ ငယ်ဘဝကို တစ်ဖက်တစ်လှမ်းကနေ ပြည့်စုံအောင် ဖန်တီးပေးခဲ့တဲ့ Disney Studioက နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါပြီ Disneyက သူတို့ရဲ့ နှစ်၁၀၀ပြည့် အထိမ်းမှတ်အတွက် အောက်တိုဘာ ၁၆ရက်နေ့က Disney+ နဲ့ Hulu မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်

အဆိုပါ ဗီဒီယိုမှာ Disney ရဲ့ Charactersတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ Disney ကို ကြည့်ဖူးတဲ့လူတိုင်းအတွက် ယခုဗီဒီယိုအတိုလေးက သင့်ရဲ့ တစ်နေ့တာကို ပြည့်စုံစေမှာပါ

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/Sushi_Cartoon_World/1978

Copyrightမိပြီး Channel တွေခဏ"ပျက်လို့ Linkတွေအဆင့်ဆင့်ဝင်ရတာကို သည်းခံပေးပါ။
Please open Telegram to view this post
VIEW IN TELEGRAM
❤6👍1🥰1
The Age of Adaline [2015]

Review 📃

ဇာတ်လမ်းကတော့…၁၉၃၀ ဝန်းကျင်ကာလမှာအစပြုပါတယ်…
Adaline ဆိုတဲ့ မိန်းမလှလေးတယောက်ဟာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကောင်းကင်ကစွမ်းအားတခုကိုရရှိသွားပါတယ်…
ဒါကတော့ အသက်မကြီးလာတော့တာပါပဲ။
သူမဟာ အမြဲတမ်း ၂၉နှစ် အရွယ်တိုင်းရှိနေပြီးတော့ ခေတ်အဆက်ဆက်ကိုဖြတ်သန်းပါတော့တယ်။ဒါပေမယ့် သူမဘဝဟာ အေးချမ်းနေတာတော့မဟုတ်ပါဘူး
သူမ အသက်မကြီးလာတာကို သတိထားမိသွားကြတဲ့ စစ်ဆေးစမ်းသပ်ချင်သူတွေလက်ထဲက လွတ်အောင်ပြေးရင်းလွှားရင်းနဲ့
သူမရဲ့မိသားစုဘဝကိုပါ ဖုံးကွယ်ထားခဲ့ရပါတော့တယ်။သူမဟာ ခေတ်အဆက်ဆက်မှာ အသက်မကြီးခဲ့တာကြောင့် ဇာတ်မြုပ်ဖုံးကွယ်ခြင်းကိုသာ တွင်တွင်သုံးခဲ့ပြီး
သူမရဲ့ သမီးလေးကစလို့ ချစ်ရသူတွေပါမကျန် အဆက်ဖြတ်ရင်းနဲ့ ရင်နာတဲ့လမ်းကိုသာရွေးချယ်ခဲ့ရသူပါ။ဒါပေမယ့် တချိန်မှာတော့ သူမအရမ်းချစ်ရတဲ့ချစ်သူတယောက်ကို ထပ်ရခဲ့ပြန်ပါတယ်…
ဒီတယောက်နဲ့တော့ သူမဘဝကို အမြဲတမ်းမြုပ်နှံတော့မယ်လို့ တွေးလိုက်ပြီး
မိဘအိမ်တွေထိရောက်သွားတဲ့အခါမှာတော့….

><><><><><><><><><><><><><

Channelအရင်Joinပါ
🎀

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/c/2860692056/328
Please open Telegram to view this post
VIEW IN TELEGRAM
👍3❤2
Taare Zameen Par [2007]

Review 📃

ဒီနေ့တော့အရမ်းကောင်းတဲ့ အိန္ဒိယကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..ပါဝင်တဲ့မင်းသားကို
လည်းစိမ်းကြမယ်မထင်ပါဘူး..ကျွန်တော်တိုတွေကြိုက်နှစ်သက်ခဲ့ကြတဲ့ PK ဇာတ်ကားမှ ကျွန်တော်
တိုရဲ့အသည်းကျော်မင်းသား Aamir Khan ပဲဖြစ်ပါတယ်..ဆု 15 ခု လျာထားခြင်းခံခဲ့ရပြီး 13 ဆု တိတိရရှိခဲ့ပါတယ်…
ငယ်ရွယ်တဲ့ တူ၊တူမ၊ သားသမီးရှိတဲ့ မိဘတိုင်း၊ ဆရာဆရာမတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပြီး ကလေးတိုင်းမှာ မတူညီတဲ့ စွမ်းဆောင်ရည်နဲ့ မတူညီတဲ့ အိပ်မက်တွေရှိတယ်ဆိုတာကို ဇာတ်လမ်းအစကနေအဆုံးအထိ မျက်စိမခွာနိုင်အောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်....

><><><><><><><><><><><><><

Channelအရင်Joinပါ
💓

https://t.me/+Nu0ltG0aN8tmNzY1

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/c/3225817620/36
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍2
Rangoon [2017]

Review📃

IMDb Rating 7.2 ရရှိထားတဲ့ တမီးလ်ဇာတ်ကားပါ။ထူးခြားချက်ကတော့ မြန်မာပြည်ကို အခြေခံပြီးရိုက်ကူးထားတာပါ။

Rangoon ဆိုတဲ့ ကုလားကား။

၁၉၈၈ မှာ မြန်မာပြည်ကနေ အိန္ဒိယကို ပြောင်းလာတဲ့ တမီလ်မိသားစုတစ်စုက ကောင်လေး။

အရွယ်ရောက်ပြီး ရပ်ကွက်ထဲ ဇ ရှိတဲ့ ဇိုးပေါက်စဖြစ်လာတဲ့အခါ ရွှေမှောင်ခိုလုပ်ငန်းရှင်ကြီးက ဆွဲစားလိုက်တယ်။

လုပ်ငန်းရှင်ကြီးရဲ့ လက်ရုံးဖြစ်လာတဲ့ သူတို့ သူငယ်ချင်းသုံးယောက်ဟာ ရန်ကုန်ကို ရွှေမှောင်ခို သွင်းဖို့…မိုးရေး-တမူးနယ်စပ်ကနေ တဆင့်ဝင်လာခဲ့တယ်။

ဇာတ်လိုက်ရဲ့ အဖေက တချိန်က ရွှေဘုံသာလမ်းက ရွှေပွဲစား ဆိုတော့ အခက်အခဲမရှ်ိပဲ ရန်ကုန်က သူတို့ ပို့ရမယ် ရွှေ ဆိုင်ရာအဖွဲ့အစည်းရဲ့ ဥက္ကဌ ဆီ ရွှေတွေပို့နိုင်ခဲ့တယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
😎

https://t.me/+Nu0ltG0aN8tmNzY1

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/c/3225817620/38
Please open Telegram to view this post
VIEW IN TELEGRAM
👍1🔥1🥰1
Elio [2025]

Review 📃

အယ်လီယိုဟာ မိဘနှစ်ပါး သေဆုံးသွားလို့ အဒေါ် ဖြစ်သူနဲ့အတူ နေထိုင်ရတဲ့ ဂျစ်ကန်ကန် ကလေးဆိုးလေးတစ်ယောက်ပါ။တစ်ယောက်တည်း အိမ်မှာထားခဲ့လို့ မဖြစ်သေးတဲ့ အရွယ်ဖြစ်တာကြောင့် သူ့ရဲ့အဒေါ်ဟာ အယ်လီယို့ကို သူအလုပ်လုပ်တဲ့ အာကာသပတ်လမ်းစိစစ်ရေးဌာနကို အမြဲခေါ်သွားပါတယ်။ဒီလိုနဲ့ အယ်လီယိုဟာ အာကာသဆိုင်ရာတွေကို စွဲလမ်းလာခဲ့တယ်။ အထူးသဖြင့် အာကာသထဲမှာ ဂြိုဟ်သားတွေ ရှိလားဆိုတဲ့အချက်ပေါ့။တစ်နေ့တော့ ဌာနမှာ အာကာသထဲကနေအချက်ပြမှုတစ်ခု ရလာခဲ့တယ်လို့ ဝန်ထမ်းတစ်ယောက်က ဆိုလာတယ်။ဒါပေမဲ့လည်း ဂြိုဟ်သားရူးတစ်ယောက်ရဲ့ မဲပြာပုဆိုးတွေကို ဘယ်သူမှ မယုံကြတော့ဘူး။ဒါကို တိတ်တိတ်လေး ခိုးကြည့်နေတဲ့ အယ်လီယိုက မြင်သွားပြီး ဘယ်သူမှ မရှိတဲ့အချိန်မှာ တစ်ဖက်ကို အကြောင်းပြန်လိုက်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။တကယ်ပဲ အာကာသထဲကနေ ဂြိုဟ်သားတွေက ဆက်သွယ်နေတာလားဆိုတာ စူးစမ်းလိုက်ကြပါဦး။

><><><><><><><><><><><><><

Channelအရင်Joinပါ
🍿

https://t.me/+7PjAoeN355JjMmY1

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/c/2646638575/234
Please open Telegram to view this post
VIEW IN TELEGRAM
❤2🔥2👍1
The Terminal [2004]

Review 📃

အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ (ခရာကိုရှား) ဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်လာတဲ့အခါ

ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်၊ သည်လိုနဲ့ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းကို ပျော်ရွှင်ဖွယ်ဖြစ်အောင် ဟာသနှော၊ အသောခပ်များများနဲ့ ၀မ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ...

သရုပ်ဆောင်ထားတဲ့ (Tom Hanks) ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ၊ အမြင်တွေ ရှိနေတယ်လို့ ခံစားမိပါတယ်...

ဒီလိုမျိုးတွေထဲမှာ (Tom Hanks) တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်

ရုန်းကန်တယ်၊ ရည်မှန်းချက်ကိုမဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/283
Please open Telegram to view this post
VIEW IN TELEGRAM
❤3🥰3👍2
The Lorax [2012]

Review 📃

ဒီကားလေးက အပင်လေးတွေကိုချစ်တတ်တဲ့သူတွေအထူးကြည့်သင့်တဲ့ကားကောင်းလေးပါဆုကြီးလေးဆုနဲ့အခြားဆုပေါင်းများစွာရရှိထားပြီး အတွေးသစ်အမြင်သစ်အချို့ကိုပေးစွမ်းနိုင်ပါလိမ့်မယ်
အသက်၁၂နှစ်ပဲရှိတဲ့ တက်ဒ်လေးက တနီးဗေးလ်ဆိုတဲ့ မြို့မှာနေပါတယ်
မြို့ဟာသဘာဝတရားလုံးဝပျောက်နေပြီး လေကအစသစ်ပင်အဆုံး man-madeတွေဖြစ်နေပါပြီ

အသက်ရှင်ဖို့မဖြစ်မနေလိုအပ်တဲ့လေကိုတော့ အရင်းရှင်ငပုကောင်အိုဟဲကနေကြိုးကိုင်ထားပြီးဈေးကိုသူလိုသလိုကစားကာတစ်မြို့လုံးကိုဂုတ်သွေးစုပ်နေပါတော့တယ် ကျွန်တော်တို့အားလုံးနီးပါးမုန်းလို့မရတဲ့မမဆိုတဲ့လူတန်းစားဟာဒီကားရဲ့အသက်ပါပဲတဒ်ဟာသူ့ရဲ့မမကိုပိုးပန်းဖို့သစ်ပင်အစစ်ကို မဖြစ်မနေရှာရမယ့်အခြေအနေထဲရောက်သွားပြီး
လုံးဝမမျှော်လင့်ထားတဲ့သစ်ပင်တွေမျိုးတုံးသွားစေတဲ့နောက်ကွယ်က
အကြောင်းတရားအချိုု့ကိုရှာတွေ့သွားတဲ့အခါမှာတော့....

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/mmsub_cartoon_ch/236
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍3🔥1
Predator: Killer Of Killers [2025]

Review 📃

"ဒီနှစ်ထဲမှာကြည့်သင့်တဲ့ Animationကားကောင်းတစ်ကားဖြစ်တဲ့ Predators Vs Vikings"

ဒါရိုက်တာကတော့ Prey နဲ့ The Boys ရဲ့ ဒါရိုက်တာ Dan Trachtenberg ပါပဲ။ ဗိုက်ကင်း၊ ဆာမူရိုင်း၊ စစ်သည် စသဖြင့် ခေတ်ပေါင်းစုံက သတ္တိခဲတွေကို စုပြီး ပရက်ဒေတာ ဂြိုလ်ပေါ်မှာ တိုက်ခိုက်ခိုင်းတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းကောင်း အက်ရှင်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းမို့ ကြည့်လိုက်ကြပါဦး။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/mmsub_cartoon_ch/237
Please open Telegram to view this post
VIEW IN TELEGRAM
👍2🔥2🥰1
G-Force [ 2009 ]

Review 📝

ဒါဝင်၊ အောရက်စ်၊ ဘလက်စတာနဲ့ စပါ့ကယ်လ်တို တို့ကစနစ်တကျလေ့ကျင့်ပေးထားတဲ့ ပူးလေးတွေပဲဖြစ်ပါတယ်။ သူတို့ကိုထိန်းကျောင်းပေးသူကတော့ ဘန်ပေါ့။

သူတိုအဖွဲကို G-Force လိုခေါ်ပြီး သူတို့ဟာ အစိုးရဘက်ကလိုက်နေတဲ့အမှုကြီးတစ်ခုမှာ ပါဝင် အားဖြည့်စုံစမ်းရတာဖြစ်ပါတယ်။
ဒါပေမယ့် သူတိုရဲ့ စုံစမ်းမှုမှာ အလွဲလေးဖြစ်သွား ပြီး အစိုးရက G-Forceကို ထပ်ပြီးမထောက်ပံ့တော့ဘဲ လွတ်အောင်ပြေးပြီးဆိုလာရုံမက ဒါဝင်တိုကိုပါ ထိန်းချုပ်ဖို ကြိုးစားပါတော့တယ်။

ဒီလိုနဲ့ ဒါဝင်တို လေးကောင်လည်း ရန်သူတွေလက် လွတ်အောင်ပြေးပြီး သူတို စုံစမ်းခဲ့တဲ့ အမှုကမမှားကြောင်း သက်သေပြန်ပြဖို ကြိုးစားကြပါတော့တယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/Sushi_Cartoon_World/2170

Copyrightမိပြီး Channel တွေခဏ"ပျက်လို့ Linkတွေအဆင့်ဆင့်ဝင်ရတာကို သည်းခံပေးပါ။
Please open Telegram to view this post
VIEW IN TELEGRAM
❤2👍2🔥2
Casper [ 1995 ]

Review 📝

ဒီဇာတ်ကားလေးမှာဆိုရင် ဒေါက်တာဟာဗေးကသူ့သမီးလေးနဲ့အတူ တစ်မြို့ဝင်တစ်မြို့ထွက်နဲ့လူတွေကိုအနှောက်အယှက်ပေးနေတဲ့တစ္ဆေတွေကို နောက်ဘဝကူးပြောင်းနိုင်အောင်လိုက်လံကူညီပေးနေပါတယ်။တနေ့မှာတော့ မိန်း ဆိုတဲ့မြို့က သရဲအရမ်းခြောက်တဲ့ဝစ်စတပ် ဆိုတဲ့အိမ်ကြီးကိုသွားပြီး သောင်းကျန်းနေတဲ့သရဲတွေကို နှိမ်နင်းပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

အဲဒီအိမ်ကြီးမှာတော့ ကပ်စပါဆိုတဲ့လူတွေကိုခင်တက်တဲ့ တစ္ဆေလေးအပြင်လူတွေကိုသွေးပျက်မတက် ခြောက်လှန့်တက်တဲ့ တစ္ဆေ ၃ ကောင်လည်းရှိနေပါတယ်။ ဒေါက်တာဟာဗေးကပဲ ခြောက်လှန့်တက်တဲ့တစ္ဆေတွေကို နောက်ဘဝကူးသွားအောင်ကူညီပေးနိုင်မလားတစ္ဆေတွေကပဲ အနိုင်ယူသွားမလားဆိုတာကိုတော့ဒီဇာတ်ကားလေးကိုကြည့်ကြည့်လိုက်ပါနော်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/294
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍2🔥2
Monster House [ 2006 ]

Review 📝

အမြဲမှန်ပြောင်းတစ်ခုနဲ့ အလုပ်ရှုပ်နေတတ်တဲ့ DJ တစ်ယောက်ကသူ့အိမ်ရှေ့အိမ်ကိုအမြဲစူးစမ်းနေတတ်ပါတယ်။အမြဲတိတ်ဆိတ်ပြီးတော့ ကလေးတွေကို မနှစ်သက်၊ကလေးတွေလာရင် မောင်းထုတ်တဲ့ Mr.Nebbercracker ရဲ့ အိမ်ကြီး။Mr.Nebbercracker က ကလေးတွေတော်တော်မုန်းတဲ့သူဗျ ကလေးတွေကလည်းသူ့ကိုကြောက်ကြသူ့ကိုကြည့်မရတဲ့ လူဆိုးလေးတွေကလည်း အိမ်ကိုနည်းမျိုးစုံနဲ့ နှောက်ယှက်ကြနဲ့ကလေးတွေ အများဆုံးလမ်းပေါ်ထွက်တဲ့ Holloween ကာလဆိုတာကလည်းMr. Nebbercracker အတွက် အမုန်းဆုံးအချိန်ဖြစ်လာတော့တာပေါ့။

ဒါပေမယ့် သူဘာလို့ဒီလောက်တောင်ပစ်ပစ်ခါခါဖြစ်နေရတာလဲဆိုတဲ့နောက်ကွယ်ကအကြောင်းအရင်းလေးတွေရှိသေးတယ်။ ဒီလိုအကြောင်းအရာတွေကိုဖော်ထုတ်ဖို့ အကြောင်းဖန်လာတော့DJ တို့ ကလေးတစ်သိုက်ကဘယ်လိုတွေလုပ်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်လိုက်ရအောင်ဗျာ။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/youthfavouritemovies/296
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🔥1
No Tears In Hell [2025]

Review 📃

ကြမ်းပေ့ရမ်းပေ့ဆိုမှ ကြိုက်တဲ့သူတွေအတွက် လုံး ဝ လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါ။ လုံးဝကို ရက်စက်လွန်းပြီး အသည်းမခိုင်ရင်တော့ ကျော်သွားလိုရပါပြီ။ တစ်ကားလုံး သွေးသံရဲရဲနဲ့ ကြောက်ဖိုကောင်းလွန်းပြီး လက်တွေ့ဘဝမှာရော ဖြစ်နိုင်ရဲ့လားဆိုတာ မေးခွန်းထုတ်ချင်နေကြပါ လိမ့်မယ်။ တချို တချို နိုင်ငံတွေမှာ ဒါမျိုးတွေ အမှုတွေ ဖြစ်နေပြီး ဟိုအရင်ကတည်းက Psychopath တွေရှိခဲ့တာပါ။ အရမ်းကို ဆိုးဝါး လွန်းလို အမှုတွေကို အပြင်မထုတ်တာပဲ ရှိပါ တယ်။ Dark Web တွေမှာ ဒါမျိုးတွေ မတွေ့ချင်မှ အဆုံးရှိပြီး ဒီဇာတ်လမ်းကတော့ တော်ရုံအသည်း မာပုံနဲ့ မကြည့်သင့်ပါဘူး။ R-rated ကိုမှ အကြမ်း စားဖြစ်ပြီး အကျင့်မရှိတဲ့သူဆိုရင် လန့်ဖျားပါ ဖျား သွားလောက်ပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⏬⏬

https://t.me/+jeeoMAzniOthOWZl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2920817847/126
Please open Telegram to view this post
VIEW IN TELEGRAM
My boss’s daughter [2003]

Review 📃

ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် Comedy, Romance
ကားနဲ့ မိတ်ဆက်ပေးပါရစေ……တွန်ဆိုတဲ့ ရိုးသားကြိုးစားတဲ့ ဖိုးသခွားတစ်ယောက်က အလုပ်မှာသူ့ဆရာရဲ့သမီး လီဆာ ကို ကြိတ်ကြွေနေပါတယ်။ တစ်ရက်ကျတော့လီဆာက သူငယ်ချင်းပါတီသွားချင်လို့ တွန်ကို သူ့အဖေ တေလာရဲ့အိမ်ကို စောင့်ပေးဖို့ အကူအညီတောင်းပါတယ်။ တွန်ကလည်း လီဆာနဲ့အနေနီးဖို့အတွက် အိမ်စောင့်ပေးဖို့ကို သဘောတူခဲ့ပါတယ်။လီဆာ့အဖေ တေလာက အလုပ်မှာရော အိမ်မှာပါ စည်းစနစ်ကြီးတဲ့သူတစ်ယောက်ပါ။ တွန်တစ်ယောက် အိမ်စောင့်နေတဲ့ညမှာပဲ ဗရုတ်သုတ်ခတွေဖြစ်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ပါ့မလား လီဆာနဲ့ရောအမြန်ဆုံး နီးစပ်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး……

Comedy, Romance ကားလေးဖြစ်ပြီး အတော်လေးကြည့်ကောင်းပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
💗

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2556752197/1059
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Friend Zone [2019]

Review 📃

သင်ရော သင်ချစ်ရတဲ့သူငယ်ချင်းရဲ့ friend zone ထဲ ရောက်နေပြီလား??…Friendzone ဆိုတဲ့ ဒီဇာတ်ကားကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအနှံ့အပြားမှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီးဇာတ်ဝင်တေးကိုလည်း နိုင်ငံအစုံက အဆိုတော်တွေနဲ့ ဘာသာမျိုးစုံသီဆိုထားပါတယ်မြန်မာနိုင်ငံက အဆိုတော်ဖြူဖြူကျော်သိန်း အပါအဝင်ပေါ့ဒီဇာတ်ကားထဲမှာတော့ မင်းသမီးလေး Baifern Pimchanok က ဂင်းဆိုတဲ့ ကောင်မလေးအဖြစ်နဲ့မင်းသား Nine Naphat ကတော့ ဂင်းကို ကြိတ်သဘောကျနေတဲ့ ကောင်လေး ပမ်အဖြစ် သရုပ်ဆောင်ထားပါတယ်Friend zone ထဲရောက်နေတဲ့ သူတွေအတွက် အဆိုးဝါးဆုံးအရာကဘာလဲသိလားကိုယ်ချစ်ရတဲ့သူငယ်ချင်းက ရည်းစားရသွားတာပါပဲအဲဒီလိုပဲ ပမ်အနေနဲ့ ဆယ်နှစ်ကျော်ချစ်ခဲ့ရတဲ့ ဂင်းတစ်ယောက် ရည်းစားရပြီး တဇွတ်ထိုးလုပ်နေတာကို လိုက်ထိန်းနေရတဲ့ပမ်တစ်ယောက် အဆုံးသတ်မှာ ဆယ်နှစ်ကြာ friend zone ကနေ ရုန်းထွက်နိုင်မလားဂင်းအနေနဲ့ကရော ပမ့်အပေါ် ဘယ်လိုသဘောထားဆုံးဖြတ်ပေးသွားမလဲဆိုတာကိုငယ်သူငယ်ချင်းကြား အမှတ်တရလေးတွေပျော်ရွှင်စရာ ဟာသဖြစ်ရပ်လေးတွေနဲ့အတူ ရိုက်ကူးပုံဖော်ထားပါတယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⬇️⬇️

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/351
Please open Telegram to view this post
VIEW IN TELEGRAM
Good Boy [2025]

Review 📃

ဂူအောင်းလူသားတွေခေတ်ကတည်းက ခွေးလေးတွေဟာ လူတွေအတွက်အဖော်မွန်တွေပါ လူသားတွေထက် အာရုံခံစွမ်းကောင်းကြတဲ့အတွက် သားရဲတွေရဲ့အန္တရာယ်ကို သတိပေးခဲ့ကြတဲ့ မိတ်ဆွေလေးတွေပေါ့...အန်ဒီဆိုတဲ့ခွေးလေးကလည်း တော့ဒ်ဆိုတဲ့အမျိုးသားတစ်ယောက်ရဲ့အဖော်မွန်ကောင်းပါ...ပြင်းထန်အဆုတ်ရောဂါကို ခံစားနေရတဲ့တော့ဒ်က ကျေးလက်ဒေသမှာရှိတဲ့ မိသားစုပိုင်အိမ်အိုကြီးကို ပြောင်းလာခဲ့ချိန်မှာတော့ ထူးဆန်းတာတွေကို ခံစားမိတဲ့ခွေးလေးအန်ဒီက တော့ဒ်ကိုသတိပေးရုံတင်မက သူ့အစွမ်းအစရှိသမျှနဲ့ ကယ်ဆယ်ပေးဖို့ကြိုးစားလာပါတော့တယ်။

><><><><><><><><><><><><><

Channelအရင်Joinပါ
⬇️⬇️

https://t.me/+jeeoMAzniOthOWZl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2920817847/128
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Master Ji Gong [2021]

Review 📃

ဇာတ်ကားနာမည်က MasterJi Gong တဲ့ဟုတ်ပါတယ် အားလုံးငယ်ငယ်က ကြည့်ဖူးတဲ့ ကျိကုန်းကိုယ်တော်အကြောင်းပါ။ဒါပေမယ့် ဒီကျိကုန်းကိုယ်တော်က ငယ်ငယ်က ကြည့်ဖူးတဲ့ ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။နဂါးတွေရော နတ်မင်းတွေရော ငှက်မိစ္ဆာတွေရောဇာတ်လမ်းက အတော်တော့ ရှုပ်သား။ရှုပ်တဲ့အပြင် နီကျားငယ်ဘဝနဲ့လည်း နည်းနည်းဆင်သေးတယ်။နီကျားလိုပဲ အမေက အလိုလိုက်ပြီး အဖေက တင်းကြပ်။ သူကလည်းကဲ ။ဒီလိုနဲ့ မိုးကောင်းကင်အလိုကျ ကမ္ဘာမြေကြီးကိုကယ်တင်မယ် အဲ လူဘုံကိုကယ်တင်ရမယ်ဆိုပြီး နတ်ဆိုးမိစ္ဆာကို ရင်ဆိုင်ဖို့ကြိုးစား အဲ့လိုမျိုးပေါ့။ဒါပေမယ့် ဒီမှာ တပ်ကူတွေလည်း ပါရတာပေါ့။ နောက်ပြီး သူရဲကောင်းတိုင်းနောက်ကွယ်မှာပေးဆပ်မှုတွေရှိစမြဲမို့ သူလည်း ထိုက်သင့်သလောက် ပေးဆပ်လိုက်ရတာပေါ့။ကဲ နတ်ဆိုးကြီးကို ရင်ဆိုင်နိုင်ပါ့မလားနောက်ပြီး တပ်ကူတွေက ဘယ်သူတွေလဲ ပေးဆပ်မှုက ဘာလဲဇာတ်လမ်းလေးကြည့်ပြီးရင် အကုန်နားလည်သွားပါလိမ့်မယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/mmsub_cartoon_ch/258
Please open Telegram to view this post
VIEW IN TELEGRAM
The Swan princess [1994]

Review 📃

Swan Lake ကိုအခြေခံထားပြီး ချစ်စရာကောင်းသော ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ မင်းသမီး Odette နှင့် Prince Derek တို့ကိုလိုက်လျောညီထွေဖြစ်ပြီး ငယ်စဉ်ကပင် ချစ်ကြည်ရင်းနှီးမှုသည် အိမ်ထောင်ပြုရန် ရည်ရွယ်ထားတယ်။  ဒါပေမယ့် Odette သည် မကောင်းဆိုးဝါး မှော်ဆရာ Rothbart ၏ကျိန်ခြင်းကို ခံရသောအခါ သူမသည် တစ်နေ့ထက်တစ်နေ့ ငန်းတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။  Derek သည် စာလုံးပေါင်းကို ချိုးဖျက်ရန် သူ၏အချစ်ကို သက်သေပြရမှာဖြစ်ပါတယ်။

ဇာတ်ကားထဲတွင် လှပသော ကာတွန်း၊ ကြည်နူးဖွယ် အခိုက်အတန့်များနှင့် Far Longer Than Forever ကဲ့သို့သော စွဲမက်ဖွယ်ကောင်းသည့် သီချင်းများ ပါဝင် ပါတယ်။Disney ရဲ့အောင်မြင်မှုနှင့်မကိုက်ညီသော်လည်းသစ္စာရှိပရိသတ်လက်ခံမှုကို ရရှိပြီး နောက်ဆက်တွဲများစွာကို မွေးဖွားပေးခဲ့သည်။  အချစ်ဇာတ်လမ်း၊ စွန့်စားမှု၊ ရယ်မောဖွယ်ကောင်းသော ဒဏ္ဍာရီပုံပြင်၊ သူသည် လွမ်းဆွတ်ဖွယ်ရာ အကြိုက်ဆုံးဖြစ်သည်

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/mmsub_cartoon_ch/259
Please open Telegram to view this post
VIEW IN TELEGRAM
Before Sunrise [1995]

Review 📃

ကောင်လေးတစ်ယောက် နှင့် ကောင်မလေးတစ်ယောက် ရထားတစ်စီးပေါ်မှာအမှန်မထင် တွေ့ကြတယ်။ကောင်‌လေးကတော့ Jesse အမေရိကန်သားဖြစ်ပြီးတော့ ကောင်မလေးကတော့ Celine ပြင်သစ်သူ ပေါ့။ တစ်ယောက်နဲ့တစ်ယောက် ဘာစာအုပ်ဖတ်နေကြလည်း အပြန်အလှန်မေးကြရင်း ခင်သွားကြတယ်။ပြီးတော့ Jesse က Venna ဆိုမြို့မှာ ဆင်းမှာပါ။နောက်နေ့မနက်မှာ အဲ့မြို့ကနေ အခြားကို လေယာဉ်တက်မှာပါ။ ဒီတော့ ရထားလည်း Venna ကိုရောက်တော့ Jesse က ဒီမြို့မှာ သူတစ်ရက်နေဦးမှာမလို့ Celine ကို ဒီတစ်ညလုံး သူနဲ့အတူ လိုက်ခဲ့ဖို့ခေါ်ပါတယ်။Celine ကတော့ ပါရီမြို့ထိ ရထားဆက်စီးသွားရမှာပါ။ဒါပေမယ့်လည်း Celine က Jesse နဲ့အတူ Venna မြို့မှာတစ်ညဆင်းနေခဲ့လိုက်ပါတယ်။ပြီးတော့ သူတို့နှစ်ယောက် အတူတူ အဲ့ဒီတစ်ညလုံးကို ဘယ်လိုကုန်ဆုံးသွားလဲဆိုတဲ့ပုံစံတွေ၊ သူတို့အမြင်‌တွေပြောကြဆိုကြတာတွေ၊ro ‌တာတွေကို FA တွေဆိုရင် စောင်ကိုက်ပြီး ထိုင်ကြည့်ရမှာပါ။
မတော်တဆ တွေ့ကြရင်း အမှတ်မထင် အချစ်တစ်ခုကို တွေ့သွားကြတဲ့ ဇာတ်လမ်းလေးပေါ့။

><><><><><><><><><><><><><

Channelအရင်Joinပါ
⏬⏬

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/355
Please open Telegram to view this post
VIEW IN TELEGRAM
Vanilla Sky [2001]

Review 📃

ဒီကားကိုတစ်ချို့သောသူတွေက မသေခင်ကြည့်သင့်တဲ့ကား ခံစားသက်ဝင်သင့်တဲ့ကားရယ်လို့ ညွှန်းဆိုကြတယ်…
မင်းသားချောTom Cruiseဟာဒီဇာတ်ကားမှာဆိုရင်တော့ ညှို့အားကောင်းတဲ့မင်းသမီးနှစ်ယောက်နဲ့တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီကားကို ကြည့်ဖို့ရည်ရွယ်ပြီဆိုရင် ခင်ဗျားတို့ ဟာ မင်းသားရဲ့ အပြုအမူတွေ အားလုံးနဲ့
ဒိုင်ယာလော့တွေအကုန်လုံးကို အသေးစိတ်လိုက်ရမှာဖြစ်ပါတယ်…အခန်းတစ်ခန်းပြီးသွားတိုင်း ခင်ဗျားဟာဂရုတစိုက်တွေးရတော့မယ်..ဒါဟာTom Cruiseရဲ့ အိပ်မက်လား…ဒါမှမဟုတ်တကယ်ဖြစ်ရပ်လား….နောက်အခန်းကရောဘယ်လိုဆက်စပ်နေလဲဆိုတာမျိုးတွေအတော်အတွေးခေါင်ရပါတယ်….ကျွန်တော့်လို ခပ်ကြောင်လူတွေအတွက်တော့ သဘောကျချင်စရာပဲ...အများသူငါ ဘာကြောင့်ဒီကားကိုကြည့်သင့်လဲ ညွှန်းဆိုနေကြတယ်ဆိုတာကိုတော့ ခင်ဗျားတို့ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါ…..

><><><><><><><><><><><><><

Channelအရင်Joinပ
🤩

https://t.me/+lcZmMESNWUozNTdl

ဇာတ်ကားကြည့်ရန်Link
⏬⏬

https://t.me/c/2860692056/357
Please open Telegram to view this post
VIEW IN TELEGRAM
❤1