𝑲𝑶 𝑴𝒚𝒐 ငွေတုရောင်း၀ယ်ရေး🤝
15.8K subscribers
1.03K photos
7 videos
488 links
ဝယ်ယူသူတိုင်100%စိတ်ချရပါတယ်ဗျ🙏
အတုပသတိပြုပါဗျ
Download Telegram
Little Forest: Summer/Autumn [2014]

Review
🥺

အချိန်တိုင်းလိုလို ကားသံလူသံဆူညံညံနဲ့ မွန်းကျပ်တဲ့မြို့ပြလူနေမှုကနေ ပြေးထွက်ပြီး “ခိုမိုရိ”ဆိုတဲ့တောအုပ်ငယ်လေးကို အလည်သွားကြရအောင် အပေါ်ယံဟန်ဆောင်မျက်နှာဖုံးတွေမတပ်ဘဲ ရိုးသားကြိုးစားကြတဲ့ရွာသူရွာသားတွေ မျက်စိတစ်ဆုံး စိမ်းစိုလှပနေတဲ့ယာခင်းတွေ ဆောင်းနံနက်ခင်းတွေဆို မြူနှင်းတွေအုံ့မှိုင်းနေတတ်တဲ့တောင်တန်းတွေ ရာသီအလိုက်ပွင့်ဖူးတတ်တဲ့ ထူးဆန်းတဲ့ပန်းလေးတွေ မြင်တွေ့နေကျမဟုတ်တဲ့ အသီးအနှံမျိုးစုံနဲ့ ညညဆိုမဖိတ်ခေါ်ဘဲရောက်လာပြီး အဖော်ပြုပေးတတ်တဲ့အကောင်ပ လောင်လေးတွေ ဒီလိုမျိုးသဘာဝတရားကြီးကို အလှအပကိုအပြည့်အဝခံစားလို့ရနိုင်တဲ့ “ခိုမိုရိ”ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်

မြို့ပေါ်မှာနေရတာ မွန်းကျပ်လာတဲ့ကောင်မလေးတစ်ယောက် သူ့ဇာတိရွာလေးကို ပြန်လာပြီးနေထိုင်စားသောက်ပုံကိုရိုက်ပြထားတာပါ နောက်ခံတီးလုံးငြိမ့်ငြိမ့်လေးနဲ့ ချက်ပြုတ်စားသောက်ပြမယ် ကျေးလက်ဒေသရဲ့အလှအပနဲ့ဓလေ့တွေကိုရှင်းပြမယ် စားပင်သီးပင်တွေ အမျိုးမျိုးစိုက်ပျိုးပြမယ်

ဒါကြောင့် ဇာတ်အေးအေးလေးနဲ့ အကြည်ဓာတ်ရတဲ့ “Only Yesterday”လိုကားမျိုးကြိုက်
တတ်တဲ့သူဆို ဒီ “Komori” ကိုလည်းသေချာပေါက်သဘောကျမယ်လို့ထင်ပါတယ် စိတ်ပင်ပန်းနွမ်းနယ်နေတဲ့သူတွေလည်း ဒီ Healing Drama လေးကြည့်ပြီး ခဏတဖြုတ်ပဲဖြစ်ဖြစ်စိတ်သက်သာရာရသွားရင် ဘာသာပြန်ရကျိုးနပ်ပါပြီ

(*အဘိဓာန်ထဲမှာမရှိတဲ့ ပန်းနာမည်တစ်ချို့နဲ့ အစားအစာတွေကို လက်လှမ်းမီသလောက်ရှာဖွေပြီး ဆီလျော်အောင် ဘာသာပြန်ဆိုထားရတာဖြစ်လို့ အချို့နေရာတွေမှာ လွဲချော်မှုများရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါလို့  

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/140
Please open Telegram to view this post
VIEW IN TELEGRAM
❤10🔥3👍2
frankenstein [2025]

၂၀၂၅ထွက် ဇာတ်ကားသစ်ကြီး လာပါပြီ။

Review 🗒

ဒီရုပ်ရှင်ကတော့ Victor Frankenstein (Oscar Isaac)ကို အဓိဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ ဗစ်တာက ထက်မြက်ပြီး ရည်မှန်းချက်ကြီးတဲ့ ဆရာဝန်တစ်ယောက်ပါ။ မိခင်ဖြစ်သူကို မမျှော်လင့်ပဲဆုံးရှုံးလိုက်ရပြီးတဲ့ အချိန်မှာတော့ သေခြင်းတရားကို အံတုအနိုင်ယူမယ်လို့ သူဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ရူးသွပ်မှုနဲ့ ကြိုးပမ်းမှုရလဒ်က အောင်မြင်မှုတစ်ခုလား၊ သူကိုယ်တိုင်သတ်မှတ်လိုက်သလို တကယ်ပဲ မကောင်းဆိုးဝါးလားဆိုတာတော့...

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/youthfavouritemovies/147
Please open Telegram to view this post
VIEW IN TELEGRAM
❤9👍4🤔3
I Am Sam [ 2001]

အသည်းကွဲမှခံစားရတာမဟုတ်ဘူးဒီလိုကားလေးတွေကြည့်ရင်လဲခံစားရတယ်
🥹

Review 🗒

7 နှစ်သားညဏ်ရည်ပဲရှိတဲ့Sam တစ်ယောက် ၊ အမျိုးသမီးဖြစ်သူကကလေးမွေးပြီးဆေးရုံကဆင်းဆင်းခြင်းထွက်ပြေးသွားတဲ့နောက် ၊ အိမ်နီးချင်းအမျိုးသမီးနဲ့သူငယ်ချင်းတွေရဲ့အကူညီနဲ့ကလေးကိုပြုစုရင်း ပျော်ရွှင်စွာသားအဖနှစ်ယောက်ဘဝကိုဖြတ်သန်းနေရင်း ။
တစ်နေ့ကလေးနဲ့မိသားစုဆိုင်ရာငှါနက Sam ဟာညဏ်မမှီလို့ ကလေးတစ်ယောက်ကိုအုပ်ထိန်းခွင့်မရှိဘူးဆိုကာ သမီးလေးကိုခေါ်သွားခြင်းခံရပြီး Sam တစ်ယောက်အမှုရင်ဆိုင်ရတဲ့အခါမှတော့…

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/youthfavouritemovies/152
Please open Telegram to view this post
VIEW IN TELEGRAM
❤9👍2🔥2💔1
The Forbidden Marriage [2022]

Review 🗒

အရမ်းချစ်ရတဲ့ မိဖုရားက တစ်ရက်မှာ ကိုယ့်ကိုကိုယ် သတ်သေသွားတာကြောင့် ယူကျုံးမရဖြစ်နေတဲ့ ဂျိုဆွန်းဘုရင် Lee Heonဟာ ကြင်ယာတော် ထပ်မံတင်မြှောက်ဖို့ကို ငြင်းဆန်တဲ့အပြင် တစ်တိုင်းပြည်လုံးကိုလည်း လက်ထပ်ခွင့်မပြုဆိုတဲ့ အမိန့်ကို ချမှတ်လိုက်ပါတယ်။

၇နှဈကွာတဲ့အထိ ဒီအမိန့်ကို ပြန်မရုတ်သိမ်းတာကြောင့် အိမ်ထောင်ပြုခွင့်မရတဲ့တိုင်းသူပြည်သားတွေက ဘုရင်က gayနေတယ်။

မစွမ်းဆောင်နိုင်ဘူးဆိုပြီး ပြောကြပါတော့တယ်။

ဒီအမိန့်ကို ဖီဆန်ပြီး လူငယ်တွေကို တိတ်တခိုး လက်ထပ်ဖို့ ကူညီပေးတဲ့ လူလိမ်မလေး Ye So Rang က နန်းတော်ထဲက နတ်ရွာစံသွားတဲ့ မိဖုရားရဲ့ ဝိညာဉ်ပူးကပ်နေတယ်ဆို
ပြီး လိမ်လည်ရာကနေ နန်းတော်ထဲအထိ သတင်းရောက်သွားပါတော့
တယ်။

ကြင်ဖက်ကိုဆုံးရှုံးထားတာကြောင့် ရင်ကွဲမတတ်ဖြစ်နေတဲ့ဘုရင်နဲ့လူလိမ်မလေးရဲ့လှည့်ကွက်တွေကြားမှာ ဘယ်လိုဂယက်တွေဆက်ဖြစ်လာမလဲဆိုတာ ...

Seriesကြည့်ရန်Link
⤵️⤵️

https://t.me/Sushi_Cartoon_World/1974
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍2🔥1
Beauty And The Beast [2017]

Review 🗒

ရဲတိုက်ကြီးတစ်ခုမှာနေတဲ့ အတ္တကြီးပြီး စိတ်ကြီးဝင်နေတဲ့ မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး

မင်းသားကလည်းအင်မတန်ကြောက်စရာကောင်းတဲ့အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။

ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင်ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကိုစင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။

အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို ရဲတိုက်ကို လိုက်လာပါတယ်။

အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူBelle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။

Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကိုရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး

Belle အဖြစ် မင်းသမီးEmma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evansနဲ့ Ewan McGregor တိုလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/154
Please open Telegram to view this post
VIEW IN TELEGRAM
❤9👍2🔥2
Triangle [2009]

ခေါင်းအရမ်းရှင်းပြီး စိတ်ပေါ့ပါးနေရင် ဒါလေး ကြည့်ပြီး ဦးနှောက်စားလိုက်ပါဦး။

Review 🗒

တစ်ကိုယ်တည်း ကလေးအမေတစ်ယောက်ဖြစ်တဲ့ Jess တစ်ယောက်...သူငယ်ချင်း တစ်ချို့နဲ့ ပင်လယ်ပြင် ရွက်လွှင့်ခရီးမှာ ရွက်လှေမှောက်ပြီး ထူးဆန်းတဲ့ ပင်လယ်ကူးသင်္ဘောရောက်သွားပြီး တစ်ယောက်ယောက်ကသူတို့ကို လိုက်လံသတ်ဖြတ်ချင်းကိုခံရတဲ့အခါ...

ဒီအတိုင်းဆိုရင်တော့ သာမန် လူသတ်ကားတစ်ကားလို့ပဲ ထင်မိကြမှာပါလေ...ဒါပေမယ့် လုံးဝမဟုတ်ပါဘူး

ကြည့်ဖူးသမျှ လူသတ်ကားတွေလိုမဟုတ်ပဲ လုံးဝကွဲထွက်သွားတဲ့ ဇာတ်အိမ်မျိုးပါ..(ဥပမာ ကိုယ့်သူငယ်ချင်းတွေကိုပဲကြိမ်ဖန်များစွာ သတ်နေရတဲ့ဖြစ်ရပ်မျိုး) ငရဲ ကို လက်တွေ့ကြကြဖော်ညွှန်းထားတဲ့ပုံစံမျိုးလို့ပြောလို့ရပါတယ်

ကြည့်ပြီးသွားရင်တောင်မှအတွေးစအရှည်ကြီးတွေ တန်းလန်းကျန်ခဲ့မဲ့ ဇာတ်ကားမျိုးပါ...လုံးဝ လက်မလွှတ်သင့်တဲ့ကားပါ ဒီဇာတ်ကားကတော့ October 2009 တုန်းကထွက်ရှိခဲ့တာဖြစ်ပြီးတော့ IMDb rating ကတော့ 6.9 ရရှိထားပါတယ်


ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/156
Please open Telegram to view this post
VIEW IN TELEGRAM
❤6👍2🔥2
Marrowbone [2017]

တစ်ခါကြည့်ပြီး Depression အခါတစ်သိန်းဝင်သွားသော Movie
🤩

Review 🗒

တက်သစ်စလူငယ်သရုပ်ဆောင်တွေနဲ့ ပွဲထွက်ခဲ့ပြီးတော့ ဒါရိုက်တာ Sergio G. Sanchez ရိုက်ကူးခဲ့တဲ့ Marrowbone အမည်ရ Drama/Horror ကားကို နာမည်ကျော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Universal မှ 2017 October မှာ ထုတ်လွှင့်ခဲ့ပါတယ်။

အမေဖြစ်သူနဲ့ သားသမီးလေးယောက်တိုဟာ လူတစ်ယောက်ရဲ့ရန်ကိုကြောက်ရွံတာကြောင့် အင်္ဂလန်မှ အမေရိကန်မှာရှိတဲ့ မဲရိုးဘုန်းလိုအမည်ရတဲ့အိမ်ကြီးတစ်အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကာ ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။

ရောဂါကြောင့် အမေဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ ညီငယ် ညီမငယ်တွေကို စောင့်ရှောက်ဖိုတာဝန်ဟာ သားအကြီးဖြစ်သူ ဂျက်ပခုံးပေါ်ကျရောက်လာပါတယ်။ ဒါ့အပြင်မဲရိုးဘုန်းအိမ်ကြီးရဲ့နံရံအတွင်းမှာ အမျိုးအမည်မသိတဲ့အန္တရာယ်တစ်ခုဟာလည်းတည်ရှိနေပါတယ်။

ဂျက်ဟာ သူ့အမေကိုကတိပေးခဲ့သလိုမျိုး သူ့မိသားစုကိုစောင့်ရှောက်နိုင်ပါ့မလား၊ သူတိုအိမ်ရဲ့နံရံအတွင်းမှာရှိနေတဲ့ အရာကဘာလည်း၊ဇာတ်လမ်းဟာ Horror ထက် Mystery ဘက်ကိုပိုကဲတဲ့အတွက် ဘာမှသိပ်မသိပဲကြည့်ရတာပိုပြီး အရသာရှိပါလိမ့်မယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/157
Please open Telegram to view this post
VIEW IN TELEGRAM
❤5👍2🔥2
The Nutcracker and the Four Realms [2018]

Review 🗒

ကလာရာဆိုတဲ့ကောင်မလေးမှာ သူ့အမေဆီကအမွေရထား တဲ့တီထွင်ညာဏ်ရည်ထူးချွန်တဲ့အရည်ချင်း ပါလာတယ်

မွေးချင်းသုံးယောက်ရှိတဲ့ မိသားစုလေးကို ချစ်ကြင်သူဇနီးမရှိပဲထိန်းကျောင်းလာခဲ့ရတဲ့ ကလာရာတို့အဖေ ကတော့နှစ်တိုင်းခရစ္စမတ်ရောက်တာနဲ့ အတိတ်ဟောင်းတွေတူးဆွပြီးလွမ်းမော တသဖြစ်နေတတ်တယ်

သူမှမဟုတ်ပါဘူး ကျန်တဲ့မွေးချင်းတွေနဲ့ လုံးဝမတူကွဲထွက် နေတဲ့ကလာရာလေးလဲထပ်တူထပ်မျှပါပဲ

ဒီလိုနဲ့ အမေ့ဆီကလက်ဆောင်တွေဆိုပြီးခရစ္စမတ်အကြိုညမှာ ပင်ချောင်းသော့ ခလောက်လေးပါတဲ့ဥလေးတစ်လုံး ကလာရာ ရလိုက်ခဲ့တယ်

ဒါပေမယ့်လက်ဆောင်ဘူးထဲမှာ ဖွင့်ဖို့သော့ပါမလာ ခဲ့ဘူးအဲ့သော့ရဲ့အဖြေကို သူတို့ ခေါင်းကိုင်အဖေကြီးဒရော်ဆယ်မာယာ ဆီကရပြီး အခြားကမ္ဘာတစ်ခုရောက်ဖို့အ ကြောင်းဖန်လာတဲ့ အခါ

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/youthfavouritemovies/158
Please open Telegram to view this post
VIEW IN TELEGRAM
❤14👍3🔥2
တဏှာရူး သုံးယောက်ရဲ့မတော်မတရားပြုတာခံလိုက်ရတဲ့ မြေးမလေးအတွက် အဘွားဖြစ်သူရဲ့ တုန့်ပြန်မှု

Sembi [ 2022 ]

Review 🗒

တောင်ပေါ်ဒေသ လေးမှာ ရိုးရိုးသားသားမြေးအဘွားနှစ်ယောက်ထဲနေကြတယ် တစ်နေ့မြေးမလေးကံဆိုးပြီး  တဏှာရူး သုံးကောင်ရဲ့ ယုတ်မာမှုကိုခံလိုက်ရတယ် ။

သူ့အဘွားကရဲတိုင်တာပေါ့ ရဲကအစကတော့ တကယ်ပဲကိုယ်ချင်းစာသလိုကြိုးစားပမ်းစားလိုက်ပေးတယ်

တရားခံဟာ လက်တလောရွေးကောက်ပွဲနိုင်ခြေများတဲ့ အမတ်လောင်းရဲ့သားဆိုတာသိသွားတော့ ငွေမက်ပြီး အဘွားကိုနားချပြီး အမှုပိတ်အဝေးကိုထွက်သွားဖို့ပြောပါတော့တယ် ။

ဘယ်အားကိုးရာမှမရှိတဲ့တောင်ပေါ်ကရိုးသားတဲ့မြေးအဘွား ဒီလိုပဲခံလိုက်ရတော့မှာလားတရားကိုနတ်စောင့်ပါ့မလားဆိုတာ ရှုစားကြည့်ပါဦး။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/youthfavouritemovies/159
Please open Telegram to view this post
VIEW IN TELEGRAM
❤3🔥2👍1😢1
ပါစပ်ထဲက ထူးထူးဆန်းဆန်း အကောင်တွေနဲ့  သည်းထိတ်ရင်ဖို ခြောက်ခြားဖွယ် Tt မှာ နာမည်ကြီးနေတဲ့ကားလေး။

Urban Myths [2022]

Review 🗒

ဒီဟော်ရာဇာတ်လမ်းက စိတ်ဝင်စားဖိုကောင်းသလိုပါတဲ့သရုပ်ဆောင်တွေကလည်း နာမည်ကြီး Idol တွေဖြစ်ကြပါတယ်...ပြီးတော့ မတူညီတဲ့ ဟော်ရာဇာတ်လမ်းတိုတွေနဲ့ဖွဲစည်းထားတာမို တစ်ခုချင်းမှာ တစ်မျိုးထိတ်လန့်စရာကောင်းတယ်...အပျော်ဂိမ်းကစားကြရင်းသရဲဝင်ပူးတာတွေ...အိမ်နီချင်းမှာ သရဲဖြစ်နေတာတွေ..လူသတ်ပြီး အလောင်းဖျောက်ရင်းမလွတ်မကျွတ်တဲ့သရဲက ပြန်ပြီးသတ်တဲ့အဖြစ်မျိုးတွေမို...horror ဇာတ်လမ်းကြိုက်သူတို အတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်....

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/160
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍2🔥2
အကောင်းဆုံးစစ်ကားတွေထဲက တစ်ကား

Fury [2014]

IMDb Rating -7.6/10

Review 🗒

၁၉၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။

အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လို့ခေါ်တဲ့ တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။

ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် (Bible) ၊ လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဝါရင့်စစ်သားတွေပဲဖြစ်ပါတယ်။

အလန်းစား တင့် တိုက်ပွဲတွေ တွေ့ရမြင်ရမှာ ဖြစ်သလို၊ ရဲဘော်ရဲဘက်စိတ်၊စစ်အတွင်း လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်သဘောထားတွေကိုအကောင်းဆုံးရိုက်ပြနိုင်တဲ့ကားဖြစ်ပါတယ်…

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/161
Please open Telegram to view this post
VIEW IN TELEGRAM
❤9👍2🔥2
မတရားစွပ်စွဲခံရပီး ထောင်ကျသွားတဲ့ တိုက်ကွမ်ဒိုလက်ရွေးစင်…

Fabricated City [2017]

Review 🗒

ဒီဇာတ်ကားလေးက K2 မင်းသားလေးရဲ့ ၂၀၁၇ ထွက် Action ဇာတ်ကားလေးပါ၊ဇာတ်လမ်းမှာ Ji Chang Wook က နိုင်ငံံလက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမားဟောင်းတစ်ဦး ရန်ငြိုးရန်စ မရှိတဲ့ အင်တာနက်ဂိမ်းကို အစွဲအလန်းကြီးတဲ့လူငယ်လေးတစ်ဦးပါ ဂိမ်းထဲမှာတော့ သူက ကွန်မိုဒိုခေါင်းဆောင် ကပ္ပတိန်တစ်ယောက်ပါ။တစ်နေ့တော့ ဂိမ်းဆိုင်မှာ ကျန်ခဲ့တဲ့ လက်ကိုင်ဖုန်းလေး သွားပြန်ပေးခဲ့တယ်။သူဖုန်းသွားပြန်ပေးခဲ့တဲ့ ကောင်မလေးက မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့အမှုမှာ သူ တရားခံဖြစ်သွားတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/162
Please open Telegram to view this post
VIEW IN TELEGRAM
❤8👍2🔥2
Pet Sematary [2019]

Review 🗒

အဖေတစ်ယောက်က သူ့သမီးလေးချစ်တဲ့စိတ်နဲ့ အလုပ်သင့်တာတွေကို လုပ်သေပြီးသားသူ့သမီးလေးကိုအသက်ပြန်သွင်းတဲ့ကားလေးပါ

ဇာတ်လမ်းရေးတဲ့သူတောင် ဖတ်ရင်းပြန်ကြောက်မိတယ်ဆိုတဲ့ horrorကားလေးပါ

ကဲအခု တင်ဆက်မဲ့ ဇတ်ကားလေးကတော့ Pet Sematary ဇတ်ကားလေးပါ 2019 ရုံတင် ဇာတ်လမ်းလေးလဲဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းလေးကတော့နယ်မြို့လေးတမြို့ ကိုမိသားစု ၄ယောက် နဲ့ကြောင်တစ်ကောင်နဲ့ ပြောင်းလာခဲ့ပါတယ်သူတို့ပြောင်းလာခဲ့တဲ့နေရာက တိရိစ္ဆာန်သင်္ချိုင်း နဲ့ နီးနေတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ

တိရိစ္ဆာန်သင်္ချိုင်းနဲ့ အနောက်နားလေးမှာ သေတဲ့အရာကိုပြန်ရှင်အောင်လုပ်နိုင်တယ်ဆိုတဲ့ အရာကရော တကယ်ရှိတာလား ???

သူတို့ မိသားစု ဒီကို ဘာ့ကြောင့်ပြောင်းလာခဲ့တာလဲ သူတို့မိသားစု နောက်ဆုံး ဘယ်လို တွေ ဆက်ဖြစ်ကကြမလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရူရမဲ့ ဇတ်လမ်းလေးပေါ့နော်

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
📥📥

https://t.me/youthfavouritemovies/163
Please open Telegram to view this post
VIEW IN TELEGRAM
❤5🔥3👍2
2025ဇာတ်ကားသစ်ကြီး။

The Lost Princess [2025]

Review 🗒

ပိုင်ဆိုင်မှုတွေ၊ အောင်မြင်မှုတွေ ပြည့်စုံနေတဲ့ အမေရိကန်ဘီလျံနာတစ်ဦးဖြစ်တဲ့အာလတ်ဟာ ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေရင်း သူ့ရဲ့ ခရီးစတင်ခဲ့ပါတယ်။ တခြားသူတွေနဲ့ မတူဘဲ သူက "Ayahuasca"လို့ခေါ်တဲ့ စိတ်အာရုံကို လှုံ့ဆော်ပေးတဲ့ သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတစ်ခုကနေတစ်ဆင့် အဖြေကို ရှာဖွေခဲ့ပါတယ်။ ဒီအတွေ့အကြုံကြောင့် သူ့ရဲ့စိတ်အာရုံထဲမှာ ကြီးကျယ်ခမ်းနားပြီး တစ်ချိန်တည်းမှာပဲ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပြည့်နေတဲ့ မော်ရိုကိုနိုင်ငံက ရှေးဟောင်းနန်းတော်ကြီးတစ်ခု ပေါ်လာခဲ့တယ်။ ထူးဆန်းတဲ့ အတိတ်နိမိတ်တွေရဲ့ လမ်းညွှန်မှုနဲ့အတူ သူဟာ အဲဒီနန်းတော်ကြီးဆီ ခရီးထွက်ခဲ့ပါတယ်...... ဒီဇာတ်ကားဟာ အချစ်၊ စွန့်စားခန်းနဲ့ သမိုင်းကြောင်းဆိုင်ရာ စူးစမ်းရှာဖွေမှုတွေနဲ့ ထူးဆန်းတဲ့ စိတ်ကူးယဉ်ဆန်မှုတွေကို ပေါင်းစပ်ထားတဲ့ဇာတ်ကားဖြစ်တာမို့လို့ ပရိတ်သက်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်.....

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/167
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍3🔥3
How to Train Your Dragon [2025]

IMDb Rating (8.1) / Rotten Tomatoes (77%)

Review 🗒

2010 တုန်းက အရမ်းအောင်မြင်ခဲ့တဲ့ ကာတွန်းရုပ်ရှင်ကို လူတွေနဲ့ ပြန်ရိုက်ကူးထားတာပါ။ HDrip အဆင့်ကြည်ပြီမို့ တင်ပေးထားလိုက်ပါတယ်။ စာတန်းထိုးမထွက်သေးတော့ ဘာသာပြန်ကတော့ နားထောင်ရသလောက်ပါပဲ။ CM ကတင်တာဆိုတော့ လိုင်းပေါ်က ကြုံရာခိုးရိုက်တွေထက်တော့ ပိုကြည်ပြီး ဘာသာပြန်မှန်ပါတယ်။
ကာတွန်းကနေ လူကို ကူးပြောင်းတဲ့နေရာမှာ စနိုးဝှိုက်လို ခွက်ခွက်လန်တာမျိုးတွေရှိသလို ဒီရုပ်ရှင်လိုပဲ မူရင်းအတိုင်း ကောင်းနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ DreamWorks Animation ရဲ့ ပထမဆုံး Live Action ဖြစ်ပြီး ထုံးစံအတိုင်း ဒစ္စနေးကို ဖြတ်ရိုက်လိုက်သလိုပါပဲ။
မူလဒါရိုက်တာ Dean DeBlois ကပဲ ရိုက်ကူးထားတာပါ။ မင်းသားကြီး Gerard Butler က မူလကာတွန်းမှာ သရုပ်ဆောင်ခဲ့တဲ့အတိုင်း ဒီကားမှာလည်း စတိုးရစ်နေရာကနေ ပြန်ပါဝင်ထားပါတယ်။ The Black Phone မင်းသား Mason Thames ကတော့ ဟစ်ကပ် နေရာကို ပီပီပြင်ပြင် သရုပ်ဆောင်ထားပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/168
Please open Telegram to view this post
VIEW IN TELEGRAM
❤12👍4🔥4
SNOW WHITE [2025]

Review 🗒

"ရုပ်လှတာထက် စိတ်လှတာကိုရိုက်ပြထားတဲ့ စနှိုးဝိုက်ဇာတ်ကား"

ဒစ္စနေးရဲ့ ကမ္ဘာကျော် ကာတွန်း စနိုးဝှိုက်ကို လူနဲ့ရိုက် လူနဲ့တီးထားတဲ့ ဗားရှင်း ထွက်ပါပြီ။ IMDb rating (4×5)-12 / 5 တောင်ပေးထားပါတယ်။ ဒီ‌တော့ လက်လွတ်မခံဘဲ ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်းGal Godot က ကမ္ဘာပေါ်မှာ အလှဆုံးဖြစ်ချင်တဲ့ စုန်းမ မိဖုရားကြီးပါ ဒါပေမဲ့ သူ့ရဲ့မှော်မှန်ကြီးက စနိုးဝှိုက်သာ အလှဆုံးပါလို့ ဆက်တိုက်ပြောနေလို့ စနိုးဝှိုက်ကို လုပ်ကြံပါတယ်။(မိဖုရားက ပိုလှတယ်ဆိုပြီးဖင်ယားမဲ့သူတွေကို ဒစ္စနေးကကြောက်လို့ ဇာတ်လမ်းထဲမှာ စိတ်အလှပါလို့ ပြန်ရှင်းထားပါတယ်) အဲဒီမှာ စနိုးဝှိုက်တစ်ယောက် တောထဲကို ရောက်သွားပြီး လူပုလေး ၇ဖော်နဲ့ တွေ့ပါတယ်။နောက်တော့ ပန်းသီးစား၊ မင်းသားတွေ့၊ ပြန်ချ ဘာညာပါ။ ဒါပါပဲ။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/170
Please open Telegram to view this post
VIEW IN TELEGRAM
❤7👍3🔥2
The Secret Garden [1993]

Drama, Family, Fantasy

Review 🗒

ဒီတစ်ခေါက်မှာတော့ လျှို့ဝှက်ဥယျာဥ်တစ်ခုဆီအလည်သွားရ​အောင်။ စာရေးဆရာ Frances Hodgson Burnett ရဲ့ဝတ္ထုကိုပြန်ရိုက်ထားတဲ့ Fantasy Movie “The Secret Garden” ​ကို​ နွေရာသီနဲ့လိုက်ဖက်စွာတင်ဆက်ပေးလိုက်ရပါတယ်။အိန္ဒိယမှာ ဗြိတိသျှမိသားစုနဲ့အတူနေထိုင်တဲ့ မေရီလန်းနက်ခ်ဆိုတဲ့ ၁၀ နှစ်အရွယ်ကောင်မလေး။ မိဘတွေဆီက အာရုံစိုက်မှု ချစ်ခင်ကြင်နာမှုနည်းနည်းလေးတောင်မရတဲ့မေရီဟာ ခံစားချက်မဲ့ပြီး ရင့်သီးတဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။ သူငယ်ချင်းရယ်လို့လည်းမရှိခဲ့ဘူး။ တစ်နေ့မှာ မေရီ့မိဘနှစ်ပါးလုံး ငလျင်တစ်ခုကြောင့် သေဆုံးသွားခဲ့တယ်။ မိဘမဲ့ဖြစ်သွားတဲ့မေရီကို အင်္ဂလန်ကဦးလေး ကရေဗင်ကခေါ်ယူမွေးစားခဲ့တယ်။ယော့ခ်ရှိူင်းယားပြည်နယ်ကမြက်ခင်းလွင်ပြင်မှာ ခြောက်ကပ်စွာတည်ရှိနေတဲ့ မစ်ဇယ်ဝိတ်ရဲတိုက်ကြီး။ ရဲတိုက်ရဲ့သခင် ကရေဗင်က လူတွေနဲ့အဆက်အသွယ်မလုပ်တော့လို့ ရဲတိုက်ကြီးလည်းတိတ်ဆိတ်ခြောက်ကပ်လာခဲ့တာ ၁၀ နှစ်ကျော်ကြာခဲ့​ပြီ။ အိပ်မက်ထဲကဝိညာဥ်တစ်ခုက မေရီ့ကို လျှို့ဝှက်ဥယျာဥ်တစ်ခုဆီခေါ်နေခဲ့တယ်။ ရဲတိုက်အပြင်ကို တစ်ယောက်တည်း ခိုးထွက်ခဲ့တဲ့အခါ ရဲတိုက်ကြီးရဲ့အလွန် တောစပ်တစ်နေရာမှာ လျှို့ဝှက်ဥယျာဥ်တစ်ခု တကယ်ရှိနေတာကိုတွေ့လိုက်ရပါတော့တယ်။ မှော်ဆန်တဲ့ လျှို့ဝှက်ဥယျာဥ်ထဲကို အလည်သွားရင်း မထုံတတ်တေးလေးမေရီက ရဲတိုက်ကြီးအတွက် ဘယ်လို အပြောင်းအလဲတွေယူဆောင်လာခဲ့လဲဆိုတာကိုလည်းကြည့်ရှုခံစားလိုက်ကြပါဦး…

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/171
Please open Telegram to view this post
VIEW IN TELEGRAM
❤6👍2🔥2
A*li*en I*nv*asi*on Ri*se of the P*ho*en*ix [2025]

Review 📑

ပြန်တောင်းဆိုထားတဲ့သူတွေအတွက်ရပြီအဲလစ်နဲ့ဇွန်တို့ရဲ့အဖေ သိပ္ပံပညာရှင်ကြီးဟာဂြိုလ်သားကျူးကျော်မှုနဲ့ပက်သက်ပြီး တေသနတွေကိုတစိုက်မတ်မတ်ခဲ့ပေမယ့် လူအများကသူရဲ့သီအိုရီတွေ မှတ်တမ်းတွေကိုသိပ်မယုံကြဘူး။
အဲဒါကြောင့်ပဲ စိတ်ဓာတ်ကျကာကိုယ်ကိုယ်ကိုအဆုံးစီရင်သွားခဲ့တယ်။
အဲလစ်နဲ့ဇွန်တို့ကလည်းဖခင်ရဲ့ ရာကိုလိုက်နင်းပြီး အာကာသလေ့လာရေးကိုပဲအာရုံစိုက်ခဲ့တယ်။
ဇွန်ကတော့ PAX အာကာသယာဉ်မှာတာဝန်ထမ်းဆောင်နေပြီး လစ်ကတော့ မြေပြင်ထိန်းချုပ်ရေးစခန်းမှာလုပ်ကိုင်နေတယ်။
သူတို့အဖွဲ့ရဲ့အဓိကပရောဂျက်ဖြစ်တဲ့ ပစ္စည်းတွေသက်ရှိတွေကိုတစ်နေရာကနေတစ်နေရာကို Teleportation လုပ်ဖို့ပဲ။
နှစ်ပေါင်းများစွာအကြာလုပ်ကိုင်ပြီး ပထမဆုံးအကြိမ် တ္ထုပစ္စည်းလေးကို ကမ္ဘာမြေပြင်ကနေ PAX အာကာသယာဉ်ပေါ်ကိုလွှဲပြောင်းပေးမယ့်စမ်းသပ်ကိုလုပ်ဖို့အတွက် န္တာရကြီးထွက်လာကြခဲ့ကြတယ်။
လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပြီးလွှဲပြောင်းပေးလိုက်တဲ့အခါကထွက်ပေါ်လာစွမ်းအင်တွေကြောင့် မထင်ထားမိတဲ့အတိတ်ကသတ္တဝါဆိုးကြီးလှုပ်နိုးမိလိုက်တဲ့အခါမှာတော့……

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/youthfavouritemovies/174
Please open Telegram to view this post
VIEW IN TELEGRAM
❤11👍4🔥2
သေသွားတဲ့ အမျိုးသမီးကို စက်ရုပ်အသွင်ပြောင်းလိုက်သောအခါ..

Review 📑

Sci-fi Drama ဆန်ဆန် ဇာတ်ကားတစ်ကား ဖြစ်ပြီးတော့
အနာဂတ်မှာ တိုးတက်လာတဲ့ AI နည်းပညာနဲ့ Robots တွေရဲ့
လူတွေနဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်မှုတွေကို
ရသပေါင်းစုံရအောင် ရိုက်ကူးထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Toby Stephens, Arrowverse Series တွေမှာ
White Canary အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Caity Lotz တို့က
အဓိကဇာတ်ဆောင်နေရာတွေကနေ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ အနာဂတ်ကမ္ဘာမှာ
စက်ရုပ်တွေနဲ့ AI တွေဟာ အရမ်းအဆင့်မြင့်လာပါတယ်။
Vincent ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဟာ လူတွေထက် ပိုအသိဉာဏ်မြင့်တဲ့
စက်ရုပ်တစ်ရုပ်ကို တီထွင်နိုင်သွားပါတယ်။
အဲဒီစက်ရုပ်ကို အစိုးရက လက်နက်အဖြစ် အသုံးပြုချင်ပေမယ့်
Vincent မှာ တခြားရည်ရွယ်ချက်တစ်ခု ရှိနေတာကြောင့် ဒီစက်ရုပ်ကို တီထွင်ခဲ့တာဖြစ်ပါတယ်။အဲဒီစက်ရုပ်ဟာ နောက်ဆုံးမှာ ကိုယ်ပိုင်အသိဉာဏ်ရှိသွားပြီးတော့ လူတွေကို လွန်ဆန်လာပါတယ်။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/176
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍3
တိရစ္ဆာရုံမှာ အကောင်တွေ မရှိတော့လို့ လူတွေကဘဲ ဟန်ဆောင်ပြီး နေရတယ့်အခါ...

Secret Zoo [ 2020 ]

Review 🗒

ရှေ့နေတစ်ယောက်ဖြစ်သူ ဂန်းထယ်ဆူကို အကြွေးနဲ့သိမ်းခံရတော့မယ့် နိုင်ငံခြားက ဝယ်ယူထားတဲ့တိရိစ္ဆာန်ရုံတစ်ခုကို ဦးစီးပေးဖို့ကုမ္ပဏီကခိုင်းစေလာပါတယ်။လွယ်တယ်ထင်ရပေမယ့် ထူးခြားတာက အဲ့တိရိစ္ဆာန်ရုံမှာ ပြစားလို့ရတဲ့ တိရိစ္ဆာန် တစ်ကောင်မှမရှိတာပါပဲ။ကျန်တဲ့ အသေးအမွှားတိရိစ္ဆာန်လေးတွေပဲ ကျန်ခဲ့ပြီး တခြား တန်ဖိုးကြီးတိရိစ္ဆာန်တွေကအကြွေးကြောင့် ရောင်းစားခံလိုက်ရတဲ့ အခြေအနေပါ။အဲ့ဒီလို ပြစားစရာတိရိစ္ဆာန်တောင်မရှိတဲ့ တိရိစ္ဆာန်ရုံကြီးကို ဂန်းထယ်ဆူကို ၃လအတွင်းဦးစီးပြီး အကြွေး သိန်းတစ်သောင်းကို JH ကဆပ်ခိုင်းထားပါတယ်။ဂန်းထယ်ဆူတစ်ယောက် တိရိစ္ဆာန်တွေမရှိတဲ့ တိရိစ္ဆာန်ရုံကိုဦးစီးပြီး အကြွေးဆပ်ဖို့ရှိသမျှအကြံထုတ်ရပါတော့ပါတယ်။ဂန်းထယ်ဆူတစ်ယောက် တိရိစ္ဆာန်ရုံကြီးကို ဘယ်လိုလည်ပတ်အောင်လုပ်မလဲ...? ဒီကားလေးနဲ့ ရယ်မောပြီးအနားယူခံစားကြည့်စေချင်ပါတယ်ဗျာ။

><><><><><><><><><><><><><

ဇာတ်ကားကြည့်ရန်Link
⬇️⬇️

https://t.me/youthfavouritemovies/177
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍2🔥2
ဟယ်ရီပေါ်တာပရိသတ်တွေရဲ့အချစ်တော် Draco Malfoyမင်းသား Tom Felton ရဲ့ အသစ်ထွက်ရှိလာတဲ့၂၀၂၅ဇာတ်ကားသစ်ပါ။

Altered [2025]

Review 🗒

ဒီဇာတ်ကားလေးကတော့ ဟယ်ရီပေါ်တာပရိသတ်တွေရဲ့ အချစ်တော် Draco Malfoy မင်းသား Tom Felton ရဲ့ အသစ်ထွက်ရှိထားတဲ့ Sci-fi Action အမျိုးအစား ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ Tom Felton နဲ့ Elizaveta Bugulova တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာ Timo Vuorensola ရိုက်ကူးထားပါတယ်။IMDb rating အနေနဲ့လည်း 6.1 လောက်ထိရရှိထားပါတယ်။ ကမ္ဘာကြီးဟာ နျူစစ်ပွဲကြောင့် ပျက်စီးလုနီးပါးဖြစ်သွားခဲ့ပြီးတဲ့နောက်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လူသားတွေအနေနဲ့ ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။ ထိုလူသားတွေပြန်လည်တည်ဆောက်ထားတဲ့ကမ္ဘာကြီးမှာတော့ မျိုးရိုးဗီဇဆိုင်ရာ မွမ်းမံမှုတွေပြုလုပ်လို့ရတဲ့ အဆင့်အတန်းမြင့် မျိုးရိုးဗီဇမြင့်(Genetics) တွေနဲ့ မပြုလုပ်နိုင်တဲ့ အပယ်ခံ ထူးခြားသူ(Specials) တွေဆိုပြီး ခွဲခြားထားပါတယ်။ လီယွန်နဲ့ ကလိုဝီတို့ကတော့ ထို ထူးခြားသူတွေထဲကဖြစ်ပြီးတော့ ထူးခြားသူတွေရဲ့ နယ်မြေမှာ နေထိုင်ပြီး စက်ပစ္စည်းများပြုပြင်ရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေပါ။ တစ်နေ့မှာတော့ သူတို့ကို မျိုးရိုးဗီဇမြင့်တွေနေထိုင်တဲ့ မျိုးရိုးဗီဇမြင့်နယ်မြေထဲကို ခက်ခဲစွာဝင်ရောက်ပြီး အဆင့်မြင့်ဝတ်စုံတစ်ခုကို ပြင်ပေးဖို့အတွက် ကမ်းလှမ်းခံရပါတော့တယ်။ ထိုကမ်းလှမ်းချက်ကို လီယွန်တစ်ယောက်လက်ခံလိုက်ကာ နယ်မြေထဲကို ဝင်ရောက်ပြီး ပြင်ပေးရင်းနဲ့ သူတို့မထင်မှတ်ထားတာတွေနဲ့ ကြုံတွေ့ရတဲ့အခါ…. ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုသွားရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်.

ဇာတ်ကားကြည့်ရန်Link
⤵️⤵️

https://t.me/youthfavouritemovies/178
Please open Telegram to view this post
VIEW IN TELEGRAM
❤7👍2🔥2