ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ပခုက္ကူမြို့နယ် ⚠️

ရေစကြိုမြို့နယ် ကျောက်လှေခါး ရွာနှင့် GTC စက်ရုံသို့ရောက်ရှိထားသော စစ်ခွေး ကားများမှာ ပခုက္ကူလေယာဥ်ကွင်းသို့ရောက်ရှိသွားကြောင်း သိရပါသည်။

#3SM
Aug- 16 , 12:34PM
📬 သတင်းပေးပို့ရန် @myaing3starbot
⚠️ပေါက်မြို့နယ်⚠️

16.8.2025ရက် ပေါက်မြို့နယ် တောင်ပိုင်း ဒီးတုတ်ကွင်းပျူရွာမှ ပျူခွေးများ မြောက်အရပ်သို့ ဆိုင်ကယ် များ  ကားများ စတင်ထွက်ခွာမောင်းနေကြောင်းသိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-16,12:38PM
📬 သတင်းပေးပို့ရန် @myaing3starbot
ဧရာဝတီ ရေပြင်

အောက်ဘက်မှဆန်တက်လာသော စခ သံခွန်(၁)စီးသည်ရွှေတန့်တစ်နားသို့ရောက်ရှိကာအထက်သို့ဆန်တက်နေကြောင်းသိရ။


#Yaypyin
Aug 16, 12:54PM
📫သတင်းပို့ရန် @Yaypyin0bot
🥰1
Royal Peacock Defence Force (ပေါက် ပကဖ) ထံ လာရောက်တည်းခိုသည့် တော်လှန်ရေးရဲဘော် တစ်ဦး လက်နက်ခဲယမ်းများ ခိုးယူထွက်ပြေးသွား...

ဩဂုတ် ၁၆ ၊ ၂၀၂၅

မကွေးတိုင်း၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဖြစ်တဲ့ Royal Peacock Defence Force တပ်ဖွဲ့ဆီ လာရောက်တည်းခိုနေထိုင်တဲ့ တော်လှန်ရေးရဲဘော် ၁ ယောက်က လက်နက်ခဲယမ်းတွေ ခိုးယူထွက်ပြေးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်က Royal Peacock Defence Force တပ်ဖွဲ့နဲ့ စစ်ကော်မရှင်တပ်တို့ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ Royal Peacock Defence Forceတပ်ဖွဲ့က ရဲဘော် ၁ ယောက်  ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံကို သွားရောက် ပို့ဆောင်နေချိန်မှာ ရွှေရောင်ထွန်း(ခ)မိုင်းနက်/ဖက်တီးဟာ စခန်းထဲက လက်နက်တွေ ယူပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ် ။

" ကျတော်တို့အဖွဲ့ဆီလာပြီး နေထိုင်တည်းခိုခွင့်တောင်းလို့ တည်းခိုခွင့်ပေးတာပါ ၊ လာတည်းတာက ၃ လလောက်ရှိပီဗျ ၊ ၃ ရက်နေ့က တပ်မ ၁၀၁ ကစစ်ကြောင်းနဲ့ထိတွေ့ ဖြစ်တာ၊ ၁၀ နာရီလောက်ကျ ရဲဘော်ထိတော့ ဆေးရုံပို့ဖို့ ရှေ့တန်းထိ ဒဏ်ရာရတဲ့ရဲဘော်ကို သွားခေါ်ပြီး ဆေးရုံပို့တဲ့အချိန်မှာ ခိုးပြေးသွားတာပါ " လို့ Royal Peacock Defence Force တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ် ။

ရဲဘော်ရွှေရောင်ထွန်း(ခ)မိုင်းနက်/ဖက်တီးဟာ စခန်းထဲကနေ Type 81 သေနတ်တစ်လက် ၊ ကျည်ဘောက်သုံးဘောက် ၊ ကျည် 100 ၊ အိုင်ကွန် တစ်လုံးကို ခိုးယူပြီး ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

လက်နက်ခိုးယူထွက်ပြေးသွားသူဟာ အရင်က မကွေးခရိုင် PDF တပ်ရင်း ၂  မှာ တာ၀န်ထမ်းဆောင်ခဲ့ပြီး အဲ့ကနေတစ်ဆင့် ပေါက်တောင်ပိုင်းပကဖ အဖွဲ့ကို ပြန်လည်ဝင်ရောက်ခဲ့ရာ အဆိုပါတပ်ဖွဲ့မှာ ပြဿနာဖြစ်ပြီးနောက် အဖွဲ့ကနေ ထွက်လာခဲ့တယ်လို့ သိရပါတယ် ။

"ပြဿနာဖြစ်လာတော့ တစ်နယ်သား ရဲဘော် နေစရာမရှိဘူးဆိုပြီး တည်းခိုခွင့်ပေးထားတာ ၊ တော်လှန်ရေးရဲဘော်အချင်းချင်း ကူညီပေးခဲ့တာပါ ၊ သူက မန္တလေး စက်မှု ၂  ဇာတိပါ" လို့ အထက်ပါ တာဝန်ရှ်ိသူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ရဲဘော် ရွှေရောင်ထွန်း(ခ)မိုင်းနက်/ဖက်တီး ကို စုံစမ်းရှာဖွေမှုတွေ ပြုလုပ်နေပြီး နယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့တွေဆီကိုလည်း အချက်အလက်တွေပေးပို့ထားတယ်လို့ သိရပါတယ်။

ပုံစာ - Royal Peacock Defence Force တပ်ဖွဲ့ကနေ လက်နက်ကျည်များခိုးယူသွားတဲ့ ရွှေရောင်ထွန်း(ခ)မိုင်းနက်/ဖက်တီး
⚠️ပေါက်မြို့နယ်⚠️

၁၆.၈.၂၀၂၅ရက် ပေါက်မြို့နယ်အရှေ့ပိုင်း ဘုရားတောင်ရွင် နှင့် ဖိုးဖြူလုံးကန်သို့ ရောက်ရှိနေသော ရိပ်က္ခာကားတန်း နှင့် ရှေ့ပြေးများသည် ပေခုနစ်ပင်ရွာသို့ ဝင်ရောက်နေကြောင်းသိရပြီး၊ ဒီးတုတ်ကွင်းပျူရွာရှိ ပခ စခ များအတွက် ခိုးယူနိုင်ပါတယ်။

မိဘပြည်သူများ အထူးအလေးအနက်ထားကြပါရန် အသိပေးအပ်ပါသည်။

#ရောင်နီဌာနေ
#3SM
Aug-16,2:29PM
📬 သတင်းပေးပို့ရန် @myaing3starbot
1
⚠️ပေါက်မြို့နယ်⚠️

၁၆.၈.၂၀၂၅ရက် ပေါက်မြို့နယ် အရှေ့ပိုင်း Denkoဆီဆိုင်နဲ့ရောင်နီထွန်းဆီဆိုင်တစ်ဝိုက် ရပ်နားထားသော ရိပ်က္ခာကားတန်းတစ်ချိုသည် အနောက်အရပ်သို့ စတင်ထွက်ခွာလာနေကြောင်းသိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-16,5:30PM
📬 သတင်းပေးပို့ရန် @myaing3starbot
1
မြိုင်မြို့နယ် 🔴

မြိုင်မြို့နယ် ဆားထုံးကြွယ် ရွာ တစ်နေရာတွင် ပခုက္ကူမြို့တပ်မ ၁၀၁ မှတပ်လာသော စက်တပ်လေထီး(paramotor) 2 စီးဖြင့် (Aug-15 ,7:13AM 7:41AM)  အချိန်တို့က လေကြောင်းတိုက်ခိုက်သွားကြောင်းသိရပါသည်။


မြိုင်မြို့နယ် ညောင်ကုန်းရွာ တစ်နေရာတွင် ပခုက္ကူမြို့ တပ်မ ၁၀၁ တပ် စက်တပ်လေထီး (paramotor)  2 စီးဖြင့် ( Aug-15, 3:07PM 3:09PM 3:13PM) အချိန်တို့က လေကြောင်းတိုက်ခိုက်သွားကြောင်း သိရပါသည်။

လေကြောင်းရန် ကာကွယ်ခြင်းအရသတင်းပိုင်းအားအချိန်တစ်ခုစောင့်ပြီးမှတင်ပြပေးရခြင်းဖြစ်သည်။

#3SM
Aug-16 , 9:21PM
📬 သတင်းပေးပို့ရန် @myaing3starbot
🙏1
ရေစကြိုမြို့နယ် ⚠️

ရေစကြိုမြို့ ဖူလုံခလရ ၂၅၆ ၂၅၇ ၂၅၈ တပ်ရင်းများမှ  ဟောင်ဝှေ့ဇာ လက်ကြီး ၂ လုံး ဖြင့် အရှေ့တောင်အရပ်သို့ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

#3SM
Aug-17 , 4:24PM
📬 သတင်းပေးပို့ရန် @myaing3starbot
⚠️ပေါက်မြို့နယ်⚠️

၁၇.၀၈.၂၀၂၅ရက် ၁၇၀၄၀၉ အချိန်
တွင် ပခုက္ကူခရိုင်  ပေါက်မြို့နယ်
အုန်းတောဘက်မှ ‌ေခွးကား၂စီး
လူအပြည့်၊  ကုန်ကား ၁စီး ကုန်အပြည့်နဲ့အရှေ့အရပ်သို့ဖျက်မောင်းသွားကြောင်းသိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-17.8.2025
သတင်းပေးပို့ရန် @myaing3starbot
⚠️ပေါက်မြို့နယ်⚠️

၁၇.၈.၂၀၂၅ရက် ၁၇၁၈၁၆အချိန်တွင် ပေါက်မြို့နယ် အရှေ့ခြမ်းသို့ တံတားဦးလေတပ်တက် Y-12 စစ်ထောက်ပို့ဗုံးကျဲလေယဉ်တစ်စီးဖြင့်

6:16PM =3လုံး
6:22 PM=5လုံး
6:25 PM=4လုံး
6:28PM =4လုံး
6:30 PM=4လုံး
6:32PM =2လုံး
6:36 PM=2လုံး
6:41 PM=9လုံး
6:45PM =7လုံး
6:48PM =3လုံး
6:54PM =2လုံး
6:55PM =2လုံး
6:57PM =2လုံး

စုစုပေါင်း(13)ကြိမ် (49)လုံး တို့ဖြင့် လေကြောင်းတိုက်ခိုက်သွားကြောင်းသိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-17,7:12PM
📬 သတင်းပေးပို့ရန် @myaing3starbot
⚠️ပေါက်မြို့နယ်⚠️

၁၈.၈.၂၀၂၅ရက် ပခုဣူခရိုင် ပေါက်မြို့နယ် ယမှန်နေ့က ပေါက်မြို့နယ် တောင်ပိုင်းတစ်နေရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှခွေး (4)ကောင် မိုင်းထိပြီး သေဆုံးသွားကြောင်းသိရ။

၁၈.၈.၂၀၂၅ရက် ပေါက်မြို့နယ် အရှေ့တောပိုင်း ဒီးတုတ်ပျူရွာမှ ပခ စခများသည် ပေခုနစ်ပင်ရွာမှ ပြည်သူပိုင်ပစ္စည်းများကို လှည်းနွားများ၊ဆိုင်ကယ်များဖြင့် ယနေ့မနက် ၂ခေါက်ရှိ သယ်ယူနေကြောင်းသိရပါသည်။

၁၈.၈.၂၀၂၅ရက် ပေါက်မြို့နယ် အရှေ့ပိုင်း ဘုရားတောင်ရွာသို့ ရောက်ရှိနေသော စစ်ခွေးရိပ်က္ခာကားတန်းသည် အနောက်အရပ်စတင်ထွက်ခွာရန် ကားများစက်နိုးနေကြောင်းသိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-18,8:26AM
📬 သတင်းပေးပို့ရန် @myaing3starbot
1
⚠️ပေါက်မြို့နယ်⚠️

18.8.2025ရက် ပခုဣူ တပ်မ ၁၀၁မှ ထွက်ခွာလာသော ရိပ်က္ခာယဉ်တန်း ၁၀၀ကျော်သည် ပေါက်မြို့နယ် ယာကြီးပြင်ပျူရွာသို့ စတင်ဝင်ရောက်နေကြောင်း သိရပါသည်။

#ရောင်နီဌာနေ
#3SM
Aug-18,5:17PM
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင်မြို့နယ် ⚠️

မြိုင်မြို့နယ် တောင်ခြမ်းဖြတ်၍
ပခုက္ကူ မြို့ တပ်မ ၁၀၁ တပ် Paramotor ၂စီး မြောက်အရပ်သို့ပျံသန်း ။

#3SM
Aun -18 , 6:41PM
📬 သတင်းပေးပို့ရန် @myaing3starbot
ရေစကြို⚠️

ရေစကြိုနယ်  ဖြတ်၍ တံတားဦးလေတပ်တက်  Y12 စစ်ထောက်ပို့ဗုံးကြဲလေယာဥ် ၁စီး အနောက် အရပ်သို့ပျံသန်း။

#WaiHin
Aug 18, 6:42 PM
📫သတင်းပို့ရန် @WaiHinScout_Bot
မြိုင်⚠️

မြိုင်နယ် တစ်နေရာတွင် ပခုက္ကူ တပ်မ ၁၀၁ တက် စက်တပ်လေထီး (Paramotor) ၁စီး ဝဲပျံနေ။

#WaiHin
Aug 18, 6:58  PM
📫သတင်းပို့ရန် @WaiHinScout_Bot
ပေါက်⚠️

ပေါက်နယ် တစ်နေရာတွင်   တံတားဦးလေတပ်တက်  Y12 စစ်ထောက်ပို့ဗုံးကြဲလေယာဥ် ၁စီး ဝဲပျံနေ။

#WaiHin
Aug 18, 6:56 PM
📫သတင်းပို့ရန် @WaiHinScout_Bot
🔴 မြိုင် 🔴

မြိုင်နယ် တနေရာသို့ ပခုက္ကူ တပ်မ ၁၀၁ မှတက်သော စက်တပ်လေထီး Paramotor- ၂ စီး ဖြင့် (6:56 ) (7:08 ) (7:15 ) PM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။


#WaiHin #AS
Aug 18, 8:23 PM
📫သတင်းပို့ရန် @WaiHinScout_Bot
⚠️ပေါက်မြို့နယ်⚠️

၁၈.၈.၂၀၂၅ရက် ၁၈၀၆၅၆ အချိန်တွင် ပေါက်မြို့နယ် အရှေ့‌ေမြာက်ခြမ်း၊‌ေပါက်မြို့နယ် တောင်ခြမ်း၊ပေါက်မြို့နယ် အလယ်ကျောသို့ တံတားဦးလေတပ်တက် Y-12 Military Transport Aircraft (1)စီးဖြင့်

6:56 =9
7:00 =9
7:03 =9
7:10 =2
7:14 =3
7:19 =3
7:21 =5

စုစုပေါင်း (7)ကြိမ် (40)လုံး တို့ဖြင့် လေကြောင်းတိုက်ခိုက်သွားကြောင်း သိရပါသည်။

ထိခိုက်မူရှိ စီဆစ်ဆဲ

#ရောင်နီဌာနေ
#3SM
Aug-18,8:02PM
📬 သတင်းပေးပို့ရန် @myaing3starbot
ဧရာဝတီ ရေပြင်

အောက်ဘက်မှဆန်တက်လာသော ခွေးသင်္ဘော ၁စီးသည်
ရွှေတန့်တစ်ရေလယ်ခုံသို့ရောက်ရှိကာအထက်သို့ ဆက်လက် ဆန်တက်နေကြောင်းသိရ။

#Yaypyin
Aug 19, 12:38PM
📫သတင်းပို့ရန် @Yaypyin0bot
Forwarded from Magway Scout Network
⚠️ပခုက္ကူ

ပခုက္ကူ လေယာဉ်ကွင်းထဲသို့ စခ သံပြားကာကား၃စီး နှင့် ဂျန်ပါကား၂စီး ( အအ များပါ ) ဝင်ထားကြောင်း သိရ။

#MRSN
Aug 19, 9:03 PM
📬 သတင်းပေးပို့ရန် @MagwayScoutBot