ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
မြိုင်မြို့နယ်၊ သင်းမကျေးရွာကို တပ်စွဲရန်ရောက်ရှိလာသော စစ်တပ်စစ် ကြောင်းက နေအိမ် ၃၅ လုံး ကို မီးရှို့ဖျက်ဆီးပြီး ပြန်လည် ဆုတ်ခွာသွား၊ မဆုတ်ခွာမီလေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့

ရန်ကုန်၊ ဩဂုတ် ၁

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သင်းမကျေးရွာကို တပ်စွဲရန် ရောက်ရှိလာသော စစ်တပ် စစ်ကြောင်းမှာ ပြည်သူ့နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ပြီး မဆုတ်ခွာမီ လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းနှင့် ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁ ရက် နံနက်ပိုင်းက မြိုင်မြို့နယ်၊ သင်းမကျေးရွာကို ရောက်ရှိနေသော အင်အား ၅၀၀ ကျော်ရှိ စစ်တပ်စစ်ကြောင်းသည် ဘောင့်ဘင်ကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် သင်းမကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နယ်မြေရှင်းလင်း ရေး လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ အလားတူ ဆုတ်ခွာထွက်ပြေးသွားသော စစ်တပ်စစ်ကြောင်းကို လည်း လိုက်လံချေမှုန်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဘောင့်ဘင်ရွာဘက်ကို ပြန်ဆုတ်သွားပြီ။ ရွာထဲကို မိုင်းရှင်းလင်းရေး လုပ်ရအုံးမယ်။ ဒါ့ကြောင်မို့ မိဘပြည်သူတွေ ပြန်ဝင်နိုင်ဖို့ အချိန်ယူရအုံးမှာပါ” ဟု ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း - Myaing Vallages Revolution Front မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် မြိုင်မြို့နယ်၊ သင်းမကျေးရွာအတွင်း ရက်သတ္တ နှစ်ပတ်နီးပါး ကြာ ဝင်ရောက်တပ်စွဲကာ ပြည်သူ့နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း ဖောက်ထွင်းလိုယူဖျက်ဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းမှာ သင်းမကျေးရွာအတွင်း တပ်စွဲရန်အတွက် ဝင်ရောက်ခဲ့သော်လည်း တော် လှန်ရေးတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကို မခံတော့သဖြင့် ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်သည်။

ထိုသို့ မဆုတ်ခွာမီ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းတွင် မြိုင်မြို့နယ် အနောက်ပိုင်းရှိ သင်းမကျေးရွာမှ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာမှ ထွက်ခွာမည့်ဟန်ပြုလုပ်ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် မကွေးလေတပ်မှ ထွက်ခွာလာသည့် Y-20 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စီးက လာရောက်ချထားခဲ့သော ခဲယမ်းနှင့် ရိက္ခာထုပ်များကို ပြန်လည်ကောက်ယူခဲ့ကြောင်း သိရသည်။

ယင်းသို့ ရိက္ခာများကောက်ယူနေစဉ် တံတားဦးလေတပ်မှ တက်လာသော ဂျက်တိုက်လေယာဉ်တစ်စီးက မြိုင်မြို့ အနောက်မြောက်ဘက်ရှိ ရွာသစ်ကြီးကျေးရွာအနီးကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် မကွေးလေတပ်မှ ထွက်ခွာလာသော ဂျက်တိုက်လေယာဉ်တစ်စီးကလည်း မကျည်းကန်ကျေးရွာနှင့် ဖန်းကန်ကျေးရွာတို့ကို ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနေ့ ညနေပိုင်းတွင်လည်း ညောင်ဦးလေဆိပ်မှ ထွက်ခွာလာသော Gyrocopter သုံးစီးဖြင့် မန်ကျည်းကန်ကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးသော်လည်း နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ရိက္ခာထုတ်ယူခဲ့သည့် စစ်ကြောင်းမှာ သင်းမကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ ၁ ရက် နံနက်ပိုင်းတွင် သင်းမကျေးရွာအတွင်းရှိ စစ်ကြောင်းများသည် ဘောင့်ဘင်ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး ကျန်ရှိနေသော စစ်သားအချို့က ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် လက်ရှိတွင် ယာကြီးပြင်လမ်းခွဲဘက်သို့ ဆက်လက်ဦးတည်နေကြောင်း သိရသည်။

"ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေက သင်းမရွာကို ထပ်မံမီးရှို့သွားတယ်။ မနေ့ကတော့ ရွာပတ်ဝန်းကျင်ကို ဗုံးအလုံးရေ အများအပြားနဲ့ ပတ်ကျဲခဲ့တယ်။ နေအိမ်ပျက်စီးမှုတွေ ရှိပေမယ့် ပြည်သူထိခိုက်သေဆုံးမှု ရှိ၊ မရှိတော့ အတည်မပြုနိုင်သေးပါဘူး" ဟု ဒေသခံပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလားတူ ဇူလိုင်လ ၂၂ ရက် မွန်းလွဲပိုင်းတွင်လည်း သင်းမကျေးရွာ၌ ရောက်ရှိနေသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးစစ်ကြောင်းသည် ကျေးရွာအနောက်ဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး သင်းမလမ်းခွဲအနီးသို့ ရောက်ရှိလာချိန်တွင် သင်းမလမ်းခွဲ ကတ္တရာလမ်းနှင့် အနီးပတ်ဝန်းကျင်ကို Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီးက မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ၇ ကြိမ်၊ ညနေ ၅ နာရီဝန်းကျင်တွင် ၈ ကြိမ်၊ စုစုပေါင်း ၁၅ ကြိမ်ခန့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါစစ်ကြောင်းသည် ဇွန်လ ၂၃ ရက်မှစတင်၍ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့အတွင်း စစ်ကြောင်းထိုးစဉ် သာစည်၊ နှမ်းဆီကန်၊ မိတ္ထီလာ၊ ဝက်ပုတ်၊ ကုန်းရွာ၊ ထောက်ရှာပင်၊ ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမ၊ ဝါးရင်းချိုင်၊ ကွန်လပ်၊ ဘောတုံနှင့် သံချောင်းကျေးရွာများတွင် အရပ်သားအများအပြားကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း သင်းမကျေးရွာရှိ
👍32😢1
🥷"Dae" (အငယ်ကောင်)🚩⚔️
မြိုင်မြို့နယ်၊ သင်းမကျေးရွာကို တပ်စွဲရန်ရောက်ရှိလာသော စစ်တပ်စစ် ကြောင်းက နေအိမ် ၃၅ လုံး ကို မီးရှို့ဖျက်ဆီးပြီး ပြန်လည် ဆုတ်ခွာသွား၊ မဆုတ်ခွာမီလေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ ရန်ကုန်၊ ဩဂုတ် ၁ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သင်းမကျေးရွာကို တပ်စွဲရန်…
ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဝက်ဖိုးကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် မည်သည့်ဘက်သို့ ဆက်လက်ဦးတည် စစ်ကြောင်းထိုးမည်ကို မသိရှိရသေးသဖြင့် မြိုင်မြို့နယ် အနောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ ပြည်သူများအနေဖြင့် စစ်ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေး အထူးသတိဖြင့် နေထိုင်ကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
5😢1
1.8.2026🚨 မြိုင်မြို့နယ်🚨 မြိုင်မြို့နယ်သင်းမကျေးရွာ မှာထွက်ခွာလာသော စခစစ်ကြောင်းမှာ မြိုင်မြို့နယ် ဘောင့်ဘင်ကျေးရွာသို့ရောက်ရှိနေကြောင်းသိရပါတယ်.. ပြည်သူများအနေ့ဖြင့်စစ်ကြောင်းသတိပြုနေကျပါရန်။

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰9:00PM

#7starmyaing
📪သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
👍4
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
1.8.2026

ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်အနောက်ပိုင်း
သင်းမရွာကနေ ထွက်လာတဲ့
စစ်ကောင်စီတပ်တွေဟာ
10:30 ဝန်းကျင်မှာ ဘောင့်ဘင်ရွာကို ရောက်ရှိခဲ့ပြီး
ယနေ့ညဦးပိုင်းအချိန်ထိ ဘောင့်ဘင်ရွာမှာ
ရှိနေတယ်လို့ သိရပါတယ်။

7 လပိုင်း 21 ရက်နေ့ ညနေပိုင်းက
သင်းမရွာကို စတင်ဝင်ရောက်ခဲ့တဲ့
စစ်ကောင်စီတပ်တွေဟာ
8 လပိုင်း 1 ရက်နေ့ မနက်ပိုင်းထိ
သင်းမရွာမှာ 12 ရက်ကြာ တပ်စွဲနေထိုင်ခဲ့ပြီး
7 လပိုင်း 22 ရက်နေ့ မနက် 10:30 ဝန်းကျင်က
တစ်ကြိမ်
8 လပိုင်း 1 ရက်နေ့ မနက် 9:00 ဝန်းကျင်က
တစ်ကြိမ်
သင်းမရွာကို နှစ်ကြိမ်တိုင် မီးရှိူ့ဖျက်ဆီးခဲ့ရာ
သင်းမရွာမှ ပြည်သူနေအိမ် 40 ခန့်
မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်တွေဟာ
ယနေ့နေ့လည် 2:45 ဝန်းကျင်ကလည်း
ဘောင့်ဘင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဘောင့်ဘင်ရွာမီးရှို့ ခံရမှု အခြေအနေကိုတော့
မသိရသေးပါဘူး။

နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
မြိုင်မြို့နယ်အနောက်ပိုင်းမှ
မိဘပြည်သူများအားလုံး သတိဝရိယနဲ့
နေထိုင်ကြဖို့ အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း

#7starmyaing
📪သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
👍54
မြိုင်မြို့နယ်💠

၀၂၀၇၃၀အချိန်
မြိုင်မြို့နယ် ကန်နီရွာမှ ခွေးအင်အား ၇၀ခန့်
အရှေ့ရပ်သို့ထွက်နေကြောင်းသိရ။

SBR....🦅
𝐀𝐮𝐠 2, 7:30AM

ThreeStarMyaing

📩သတင်းပေးပို့ရန်>@Myaing3star
3
မြိုင်မြို့နယ်

မြိုင်မြို့နယ် ဘောင့်ဘင်ကျေးရွာသို့ရောက်ရှိနေသော စခစစ်ကြောင်းသည် ဘောင့်ဘင်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များအားမီးရိူ့ ပြီး အနောက်တောင်ဘက် သို့စတင်ထွက်ခွာနေကြောင်သိရ။


🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့

#MRSN
Aug 2 ,10:11AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍4
မြိုင်မြို့နယ်💠

မြိုင်မြို့နယ် ဘောင့်ဘင်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များအားမီးရိူ့ ပြီး အနောက်တောင်ဘက် သို့ထွက်ခွာခဲ့သောစစ်ကြောင်းဟာယာကြီးပြင်ကျေးရွာအတွင်းစတင်ဝင်ရောက်ထားကြောင်းသတင်းရရှိထားပါသည်။


ဒေါင်းငယ်🦚
အညာမြေပြင်.....🦅

𝐀𝐮𝐠 2, 11:11AM

ThreeStarMyaing

7StarMyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
👍6
@3starmyaing A-3
မြိုင်မြို့နယ်💠 မြိုင်မြို့နယ် ဘောင့်ဘင်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များအားမီးရိူ့ ပြီး အနောက်တောင်ဘက် သို့ထွက်ခွာခဲ့သောစစ်ကြောင်းဟာယာကြီးပြင်ကျေးရွာအတွင်းစတင်ဝင်ရောက်ထားကြောင်းသတင်းရရှိထားပါသည်။ ဒေါင်းငယ်🦚 အညာမြေပြင်.....🦅 𝐀𝐮𝐠 2, 11:11AM ThreeStarMyaing…
မြိုင်မြို့နယ်💠

မြိုင်မြို့နယ်"ဘဘ” ရွာသို့ရောက်ရှိ နေသော အကြမ်းဖက်စခများ
ယာကြီးပြင်ရွာကို ဝင်ရောက်နေပြီး၊နေအိမ်များကိုမီးရိူ့
​ နေကြောင်းသိရ။

KT.......🦅

𝐀𝐮𝐠 2, 11:47AM

ThreeStarMyaing

7StarMyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
3👍3
@3starmyaing A-3
မြိုင်မြို့နယ်💠 မြိုင်မြို့နယ်"ဘဘ” ရွာသို့ရောက်ရှိ နေသော အကြမ်းဖက်စခများ ယာကြီးပြင်ရွာကို ဝင်ရောက်နေပြီး၊နေအိမ်များကိုမီးရိူ့ ​ နေကြောင်းသိရ။ KT.......🦅 𝐀𝐮𝐠 2, 11:47AM ThreeStarMyaing 7StarMyaing 📩သတင်းပေးပို့ရန်>@Myaing3star သတင်းချန်နယ်ကြည့်ရှုရန…
မြိုင်မြို့နယ်💠

မြိုင်မြို့နယ် ယာကြီးပြင်ကျေးရွာအတွင်းဝင်ရောက်ထားတဲ့  စစ်ကြောင်းဟာ
ပြည်သူပိုင်နေအိမ်များအားမီးရှို့ဖျတ်ဆီးပြီး ကျေးရွာအတွင်း ခေတ်တ ဝပ်ကျင်းချ၍ ချက်ပြုတ်စားသောက်နေကြောင်းသတင်းရရှိထားပါတယ်။

ဒေါင်းငယ်🦚

အညာမြေပြင်

𝐀𝐮𝐠 2,1:00PM

ThreeStarMyaing

7StarMyaing

📩သတင်းပေးပို့ရန်>@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
👍5
လျှပ်စစ်မီးသတင်း🔌⚠️

ပခုက္ကူ - ညောင်ပင်ကြီး ၁၃၂ KV ဓာတ်အားလိုင်းချို့ယွင်းချက် {အပြစ်} ဖြစ်ပေါ်မှုကြောင့် ပခုက္ကူ၊ ကမ္မနှင့် မြစ်ခြေမြို့တို့တွင် လျှပ်စစ်မီးများ ယာယီပြတ်တောက်လျက် ရှိပါသည်။

#PKK_News
𝐀𝐮-2, 4:18𝐌
#7starmyaing
📩သတင်းပေးပို့ရန်
@Myaing3star
😢3