ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
639 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
(နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီးတွေ့ရစဉ်။ ဓာတ်ပုံ - ၉၀၂ တပ်ရင်း ၊ တပ်ခွဲ - ၃ ၊ တောင်တွင်းကြီးတပ်ခွဲ)
🥷"Dae" (အငယ်ကောင်)🚩⚔️
(နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီးတွေ့ရစဉ်။ ဓာတ်ပုံ - ၉၀၂ တပ်ရင်း ၊ တပ်ခွဲ - ၃ ၊ တောင်တွင်းကြီးတပ်ခွဲ)
နတ်မောက်ရဲစခန်းမှူး ပစ်ခတ်ခံရပြီး သေဆုံး

ဇူလိုင်-၂၈၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မနေ့က(ဇူလိုင် ၂၇ ရက်)ညနေ ၄ နာရီခန့်က နတ်မောက်မြို့သစ်လမ်းပိုင်းကို ရှောင်တခင်စစ်ဆေးခဲ့ရာ ကားတစ်စီးမောင်းနှင်ထွက်ပြေးခဲ့တာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး အဲဒီကားပေါ်က ဖုန်းတစ်လုံး ၊ G3 ကျည် ၇၄ တောင့် ၊ လက်ထိပ်တစ်ခု ၊ ဦးထုတ်နှစ်လုံး ( ကျည်ကာဦးထုတ်တစ်လုံး ) တို့သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

"ကားပေါ်ပါလာတာ ၃ယောက်။ ထိခိုက်ဒဏ်ရာတွေနဲ့ထွက်ပြေးတာ။ဆေးရုံမှာ စခန်းမှူးကသေသွားတယ်"လို့ အထက်ပါတာ၀န်ရှိသူက တိုက်ခိုက်မှုအကြောင်းရှင်းပြပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အပြီး နတ်မောက်-မြို့သစ်လမ်းပိုင်းကို စစ်တပ်က အင်အား ၅၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် ၂၅ ရက်က မကွေးတိုင်းနဲ့နေပြည်တော်အစပ်က ရဲစခန်းနဲ့ စစ်တပ်ဂိတ်စခန်းကို ၀င်ရောက်သိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်မှူးအပါအ၀င် ၉ ဦးသေဆုံးပြီး လက်နက် ၆လက်ရရှိခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက အသိပေးထားပါတယ်။

ဒါ့အပြင် ဇွန်လကလည်း မကွေးတိုင်းနဲ့ ပဲခူးတိုင်း မြို့နယ် ၅ခုက စစ်ဆင်ရေးတွေမှာ စစ်တပ်က ၄၀ ကျော်သေပြီး လက်နက် ၁၈လက် သိမ်းရတယ်လို့ နေပြည်တော် PDF က ထုတ်ပြန်ထားပါတယ်။
4
စစ်ခွေးမိစ္ဆာ ခိုင်းကျွန် နတ်မောက်ရဲစခန်းမှူး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းတွင် နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာသည့် ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း က ဆိုသည်။

ယမန်နေ့ (ဇူလိုင် ၂၇ ရက်)ညနေ ၄ နာရီခန့်က နတ်မောက်မြို့သစ်လမ်းပိုင်းကို ရှောင်တခင်စစ်ဆေးခဲ့ရာ ကားတစ်စီးမောင်းနှင်ထွက်ပြေးခဲ့တာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ကားပေါ်မှ ဖုန်းတစ်လုံး၊ G3 ကျည် ၇၄ တောင့်၊ လက်ထိပ်တစ်ခု၊ ဦးထုတ်နှစ်လုံး (ကျည်ကာဦးထုတ်တစ်လုံး) တို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

၄င်း ကားပေါ်တွင် စစ်ခွေး ၃ ကောင်ပါလာပြီး အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာတွေနဲ့ စစ်​ခွေးများထွက်ပြေးသွားပြီး စခန်းမှူးမှာ ဆေးရုံတွင် သေသွားကြောင်း သိရှိရသည်။

တိုက်ခိုက်မှုဖြစ်စဉ်အပြီး နတ်မောက်-မြို့သစ်လမ်းပိုင်းကို စစ်ခွေးတပ်က စစ်ခွေး အင်အား အကောင် ၅၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးနေကြောင်း သိရှိရသည်။
7
⚠️မြေပြင်

ရေစကြို - မကွေးတိုင်း

ရေစကြိုနယ် သမန္တပို့ရွာဖြတ်၍ စစ်သင်္ဘော (၄)စီး ချင်းတွင်းမြစ်အတိုင်း အထက်သို့ဆန်တက်လျက်ရှိကြောင်း သတင်းရရှိ။

#WES 1:57pm,Jul28
👍2
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «⚠️မြေပြင် ရေစကြို - မကွေးတိုင်း ရေစကြိုနယ် သမန္တပို့ရွာဖြတ်၍ စစ်သင်္ဘော (၄)စီး ချင်းတွင်းမြစ်အတိုင်း အထက်သို့ဆန်တက်လျက်ရှိကြောင်း သတင်းရရှိ။ #WES 1:57pm,Jul28»
◼️ဆောမြို့နယ်မှာ စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်အုပ်စုအထိနာပြီး ဆုတ်ခွာထွက်ပြေး

စစ်သုံ့ပန်း ၉ ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိ

၂၈ ဇူလိုင် | နွေဦးအသံ |

မကွေးဒေသ၊ ‌ဆောမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေကို PDF တပ်ရင်းတပ်ဖွဲ့တွေက ဇူလိုင် ၁၆ ရက်နဲ့ ၂၅ ရက်တို့မှာ တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းများ အထိနာထွက်ပြေးသွားတဲ့အပြင် စစ်သုံ့ပန်း ၉ ဦး၊ လက်နက် ၁၁ လက်နဲ့ ခဲယမ်းပစ္စည်း အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

လောင်းရှည်တိုက်နယ်မှ ဆောမြို့သို့ ဦးတည်ထွက်ခွာလာတဲ့ တပ်မ ၉၉ ဦးစီး အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ခရိုင်စစ်ဌာန တပ်ရင်းများ၊ တပ်ရင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်တပ်စစ်ကြောင်းအထိနာပြီး လောင်းရှည်မြို့သို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

အထိနာသွားတဲ့ စစ်တပ်ကို PDF တပ်ရင်းတပ်ဖွဲ့တွေက လိုက်လံတိုက်ခိုက်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ လက်နက်ခဲယမ်းများ၊ ရိက္ခာတင်ကား ၃ စီး၊ ရိက္ခာတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းများစွာကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လေကြောင်းပစ်ကူယူပြီး ထပ်မံထိုးစစ်ဆင်လာတဲ့ အင်အား ၁၈၀ ခန့် စစ်တပ်စစ်ကြောင်းကိုလည်း ဇူလိုင် ၂၅ ရက်မှာ PDF မကွေးတိုင်းစစ်ဌာန တပ်ရင်းတပ်ဖွဲ့တွေက ထပ်မံတိုက်ခိုက်ခဲ့ရာ အထိနာပြီး ထပ်မံဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

အဲဒီနောက် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စစ်သုံးပစ္စည်း အများအပြား ထပ်မံသိမ်းဆည်းရရှိခဲ့သလို စစ်ဆင်ရေးတွေအတွင်း စစ်သုံ့ပန်း ၉ ဦး ဖမ်းမိခဲ့ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိတယ်လို့ အသိပေးထားပါတယ်။

MA1 ၄ လက်၊ MA3 ၃ လက်၊ ရှော့ဂန်း ၂ လက်၊ RPG ပြောင်း ၂ လက်၊ ၄၀ မမ ၅၁ လုံး၊ ၆၀ မမ ၁၄၄ လုံး၊ ၈၁ မမ ၁၉ လုံး၊ ၁၂၀ မမ ၂၂ လုံး၊ ရှော့ဂန်း ကျည် ၂၅ တောင့်၊ ၅.၅၆ ကျည် ၅၆၁၅ တောင့်၊ ၇.၆၂ ကျည် ၃၇၉ တောင့်၊ MG42 ကျည် ၁၄၁၅ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ အီနာဂါ ၆ ခု၊ RPG ၁၄ ဖူး၊ RPG ပို့ကျည် ၁၅ တောင့်၊

MG 42 ပြောင်းပို၂ ခု၊ MG 42 ကျည်ခါးပတ် ၄ ခု၊ နင်းမိုင်း ၉ လုံး၊ တိုက်မိုင်း ၁ လုံး၊ ရှေ့ထွက်မိုင်း ၁၁ လုံး၊ ဒရုန်းဗုံးသီး၂၂ လုံး၊ equipment ၂ စုံ၊ ကျည်ကာဦးထုပ် ၁၄ လုံး၊ ဓား ၁၀ ချောင်း၊ GBP-128 မိုင်းရှင်းစက်ပုံး ၃ ပုံး၊ ကား ၃ စီး၊ Drone Jammer ၁ ခု၊ Drone Controller ၁ ခု၊ ဒရုန်းပစ္စည်းထည့်ပုံးကြီး ၁ ပုံး၊ ဖုန်းအထိုင်ခွက် ၂ ခု၊

မီးစက်၂ လုံး၊ မီးကြိုးခွေ ၂ ခု၊ Battery Charger ၅ ခု၊ Solor Conductor ၁ ခု၊ RPG ချိန်ဆိုဒ် ၂ ခု၊ ဆေးပစ္စည်း ၂အိတ်၊ ဆန်အိတ် ၅၅ အိတ်၊ ကြက်သွန်ဖြူ ၁၅ အိတ်၊ ရွှေဖီဦးအထုပ်ကြီး ၁၄ အိတ်၊ Starlink-၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ တိုက်ပွဲဝင်လျက်ရှိရာ ပြည်သူတွေအနေနဲ့လည်း တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ ကူညီဖေးမကြဖို့ လေးစားစွာ မေတ္တာရပ်ခံအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Photo | PDF

©The Voice of Spring
7