ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
638 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
လောင်းရှည်စစ်ကြောင်း ၂ ကြောင်းခွဲကာ သီးကုန်းရွာကို စတင်ဝင်ရောက်၊ လာရာလမ်းမှာ စစ်ရှောင်ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွား

ဇူလိုင် ၂၄၊ ၂၀၂၆၊ဆော

ယမန်နေ့ညက လေကြောင်းပစ်ကူဖြင့် အင်အား ၄၀၀ ခန့်ကို စစ်ကြောင်း ၂ ကြောင်းခွဲကာ လှုပ်ရှားရွေ့လျားလာသည့် လောင်းရှည်စစ်ကြောင်း သည် ယခုနေ့လည် ၁၂ နာရီ ၅၀ မိနစ်ခန့်မှာ သီးကုန်းရွာကို စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလောင်းရှည်စစ်ကြောင်းသည် သီးကုန်းရွာအနောက်ဖက် ကျလောင်းချောင်းဖျားဖက်မှ တစ်ကြောင်းနှင့် သံပုရာတောင်ခြေရင်း ချောက် ၃ မွာဖက်မှတစ်ကြောင်း စသဖြင့် ၂ ကြောင်းခွဲကာ လေကြောင်းပစ်ကူများ ရယူလျက် သီးကုန်းရွာအတွင်းကို ဝင်ရောက်လာခဲ့ကြတာဖြစ်ကြောင်း သိရသည်။

စစ်ကြောင်းများသည် တောတိုက်များအတိုင်းစစ်ကြောင်းထိုးဝင်ရောက်လာကြတာဖြစ်ပြီး တောတောင်များအတွင်း စစ်ရှောင်နေကြရသည့် ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်းနှင့် အရေအတွက်ကို မသိရသေးကြောင်း သတင်းရင်းမြစ်က ပြောသည်။

၂ ကြောင်းခွဲလာခဲ့ကြသည့် စစ်အုပ်စုစစ်ကြောင်းသည် သီးကုန်းရွာတွင် ပြန်လည်စုစည်း ယာယီရပ်နားနိုင်ပြီး ဆောမြို့သို့ ဆက်လက်ထွက်ခွာနိုင်ကြောင်း သိရသည်။

အလားတူ ကျောက်ထုမြို့နယ် ကြီးရွာတွင်ရောက်ရှိနေသည့် အမြောက်တပ်စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းက ရွာမြောက်ဖက်သို့ စစ်ကြောင်းထွက်လာခဲ့ပြီး ယခုအခါ ရွာ၏မြောက်ဖက်အရပ်တွင်ရောက်ရှိနေပြီး တောင်ယာအတွင်း စစ်ဘေးရှောင်နေကြသည့် ကြီးရွာက အမျိုးသားကြီး ၂ ဦးကို ဖမ်းဆီးထားကြောင်းသိရသည်။

ဒေသအခေါ် တောင်ယော ဆောမြို့နယ်နှင့် ကျောက်ထုမြို့နယ် နေရာအများအပြားတွင် စစ်အုပ်စုက လေကြောင်းပစ်ကူ အမြောက်အများပေးပြီး စစ်ရေးလှုပ်ရှားနေပါသဖြင့် ဒေသခံပြည်သူများအနေဖြင့် မြေပြင်စစ်ကြောင်ူရန်နှင့် ဝေဟင်က လေကြောင်းရန်များကို ကြိုတင်သတိထားသွားလာ နေထိုင်နိုင်ကြရန် အထူးလိုအပ်နေကြောင်း ဒေသတွင်း စစ်သတင်းရင်းမြစ်က အသိပေးပြောကြားပါသည်။

ပုံ- ယမန့်နေ့ညက ဆောနယ်ကိုလေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးအချို့မီးလောင်နေသည့် အဝေးမြင်ကွင်း

ယောအလင်းတန်း
#MRSN
Jul 24 ,  1:59PM
📬သတင်းပို့ရန်@MagwayScoutBot
1
မြိုင်မြို့နယ်စစ်ကြောင်းနဲ့လေကြောင်းသတင်း
24.7.2026

ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်အနောက်ပိုင်း
သင်းမရွာကထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ
နေ့လည် 2:00 ကျော်ခန့်မှာ
ဂျုတ်ကုန်းရွာကို ရှေ့ပြေးများ ရောက်နေပြီလို့
သိရပါတယ်။
ကားတန်း ပါ မပါကိုတော့ မသိရသေးပါ။

စစ်ကြောင်းရွေ့လျားရာ သင်းမရွာနဲ့
ဂျုတ်ကုန်းရွာအနီးတဝိုက်ကို
ယနေ့နေ့လည် 11:15 ဝန်းကျင်က
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (3) ကြိမ်
ယနေ့နေ့လည် 11:25 ဝန်းကျင်က
ညောင်ဦးလေဆိပ်မှ Mi 35 တိုက်ခိုက်ရေး
ရဟတ်ယာဉ်တစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (6) ကြိမ်ခန့်
ယနေ့နေလည် 1:45 ဝန်းကျင်က
ညောင်ဦးလေဆိပ်မှ ဂျိုင်ရိုကော်ပတာသုံးစီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (4) ကြိမ်ခန့်
စုစုပေါင်း (13) ကြိမ်ခန့်
လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့
သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Jul 24 ,  4:15PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
7
ရေစကြို - မကွေးတိုင်း⚠️
  
8:37pm (24Jul)

ရေစကြိုအလယ်ခြမ်းနယ်ပေါ် စကစ Drone (3) စီး ပျံဝဲနေ။

#WES သတင်းပို့ရန် @SCOUT_WES
1
မြိုင်မြို့နယ်

မြိုင်မြို့နယ် ဂျုတ်ကုန်းရွာသို့ရောက်ရှိနေ‌သော စစ်ခွေးများ၏ ကင်းပုန်းများသည် စိတ်ချေးရွာ၏အရှေ့ဘက် ချောင်းရိုးနားအထိ ရောက်နိုင်ပါသဖြင့် ‌စစ်ခွေးများရှိ‌နိုင်သောကြောင့် သတိပြုနေကျပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

#MyaingNewsChannel

Jul 24 ,  8:15PM

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
1
ရေစကြို - မကွေးတိုင်း⚠️
  
9:42pm (24Jul)

ရေစကြိုအလယ်ခြမ်းနယ်ပေါ် စကစ Drone (3) စီး ထပ်မံပျံဝဲနေ။

#WES သတင်းပို့ရန် @SCOUT_WES
1
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
ချောက်

ချောက်မြို့နယ် တနေရာတွင် ဒရုန်း ၁စီး ပျံ၀ဲနေ။

#WaiHin
Jul 24, 10:05 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
1
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
ချောက်

ချောက်မြို့နယ် တောင်ခြမ်း တနေရာတွင် ကင်းထောက် ဒရုန်း ၁စီး ပျံ၀ဲနေ။

#WaiHin
Jul 24,  10:45 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
1
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
24.7.2026

ယနေ့မနက်ပိုင်း မြိုင်မြို့နယ်အနောက်ပိုင်း
သင်းမရွာကနေ ထွက်လာတဲ့
စစ်ကောင်စီရှေ့ပြေးတပ်တွေဟာ
နေ့လည် 2:00 ကျော်ခန့်မှာ
ဂျုတ်ကုန်းရွာကို ရောက်ရှိကာ
ယနေ့ညဦးပိုင်းအချိန်ထိ ဂျုတ်ကုန်းရွာ
ဘုန်းကြီးကျောင်းထဲမှာ ရှိနေတယ်လို့ သိရပြီး
သင်းမရွာမှာလည်း ကားတန်းနဲ့
စစ်ကောင်စီတပ်တွေ ကျန်နေသေးတယ်လို့
သိရပါတယ်။

ဂျုတ်ကုန်းရွာမှာ ရောက်နေတဲ့
စစ်ကောင်စီတပ်တွေဟာ ယနေ့ညနေပိုင်းက
ဂျုတ်ကုန်းရွာမှ ပြည်သူနေအိမ်တွေကို
မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပြီး
သင်းမရွာမှာရောက်နေတဲ့
စစ်ကောင်စီတပ်တွေကလည်း
ယနေ့ညဦးပိုင်းအချိန်က သင်းမရွာကနေ
အနီးပတ်ဝန်းကျင်ရွာများကို 120 မမ
လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ
ညောင်ကုန်းရွာထဲကို (2) လုံး ကျရောက်ခဲ့တယ်လို့
သိရပါတယ်။

စစ်ကြောင်းရွေ့လျားရာ သင်းမရွာနဲ့
ဂျုတ်ကုန်းရွာအနီးတဝိုက်ကို
ယနေ့နေ့လည် 11:15 ဝန်းကျင်က
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (3) ကြိမ်
ယနေ့နေ့လည် 11:25 ဝန်းကျင်က
ညောင်ဦးလေဆိပ်မှ Mi 35 တိုက်ခိုက်ရေး
ရဟတ်ယာဉ်တစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (6) ကြိမ်ခန့်
ယနေ့နေလည် 1:45 ဝန်းကျင်က
ညောင်ဦးလေဆိပ်မှ ဂျိုင်ရိုကော်ပတာသုံးစီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (4) ကြိမ်ခန့်
စုစုပေါင်း (13) ကြိမ်ခန့်
လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့
သိရပြီး

ယနေ့ညနေ 4:45 ဝန်းကျင်နဲ့ 5:00 ဝန်းကျင်မှာ
မြိုင်မြို့နယ် အနောက်မြောက်ဘက်ပိုင်း
နှမ်းစားကျင်းရွာကို
ညောင်ဦးလေဆိပ်မှ ဂျိုင်ရိုကော်ပတာသုံးစီး
ညောင်ဦးလေဆိပ်မှ Mi 35 တိုက်ခိုက်ရေး
ရဟတ်ယာဉ်တစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု (8) ကြိမ်ခန့်
ပြုလုပ်ခဲ့ရာ ပြည်သူတစ်ဦး
ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Jul 25 ,  6:18AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4🙏1
Forwarded from YayPyin (ရေပြင်) (Ngai gaw Singkaw n Tu ai U ri)
ချင်းတွင်း ရေပြင်

အောက်ဘက်မှဆန်တက်လာသော ခွေးသင်္ဘောအုပ်စုသည် ပခန်းငယ်ရွာသို့ ရောက်ရှိကာ အထက်သို့ ဆက်လက် ဆန်တက်နေကြောင်းသိရ။

#Yaypyin
Jul 25 , 7:17AM
သတင်းပို့ရန် @Yaypyin0bot
2
Forwarded from Magway Scout Network
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ ပခန်းငယ်ကျေးရွာကို စစ်တပ် မီးရှို့ ဖျက်ဆီးနေ

ဇူလိုင်-၂၅၊၂၀၂၆။ဖိုးသား/People's Spring

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီ‌ကနေ့(ဇူလိုင် ၂၅ ရက်)မနက် ၈ နာရီ ၁၉ မိနစ်ကစပြီး စစ်တပ်က ဧရာ၀တီမြစ်ကမ်းဘေးမှာရှိတဲ့ ပခန်းငယ်‌ကျေးရွာကို နေရာ‌ ၄နေရာခွဲကာ မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

"အိမ်ခြေက ၂၀၀ ကျော် လူဦးရေ ၁၀၀၀ ကျော်ရှိတယ်။ဒေသခံတွေရဲ့ အခြေအနေကို မသိရသေးဘူး"လို့ ပခန်းငယ်ရွာရဲ့ နောက်ဆုံးအခြေအနေကို မကွေးပကဖ တာ၀န်ရှိသူက ပြောပါတယ်။

ပခန်းငယ် (ခ) ပုဂံငယ်ကျေးရွာဟာ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုအရ ပထမနိုင်ငံတော်လို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ရှေးဟောင်းမြို့တော် ပုဂံမြို့နဲ့ ခေတ်ပြိုင် ယဉ်‌ကျေးမှုတွေ ထွန်းကားခဲ့တာဖြစ်ပါတယ်။

ခေတ်ပြိုင်ယဉ်ကျေးမှုတွေ ထွန်းကားခဲ့တာကြောင့် လက်ရှ်ိ ကျေးရွာအတွင်း ထိန်းသိမ်းထားတဲ့ ဘုရားစေတီနဲ့ ရှေးဟောင်းအဆောက်အဦပေါင်း (၈၁)ခု ရှိတယ်လို့ သိရပါတယ်။

အဲဒီ စေတီပုထိုး၊အဆောက်အဦတွေရဲ့ အတွင်းပိုင်းလက်ရာတွေဟာ ပုဂံခေတ်ယဉ်‌ကျေးမှု လက်ရာတွေ တွေ့မြင်ရပြီး အပြင်ဘက်ပိုင်းမှာ ညောင်ရမ်းခေတ်၊ အင်း၀ခေတ်၊ ကုန်းဘောင်ခေတ် လက်ရာတွေ တွေ့မြင်ရနိုင်တယ်လို့ မကွေးတိုင်း ပကဖက ထုတ်ပြန်ထားပါတယ်။

(ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာမှာ ရှိတဲ့ ရှေးဟောင်းအဆောက်အဦးတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - ပကဖ၊ မကွေးတိုင်း၊ NUG)


#MRSN
Jul 25 ,  10:27AM
📬သတင်းပို့ရန်@MagwayScoutBot
1
ကျောက်ထုစစ်ကြောင်း ကြီးကျေးရွာမှာ ဆက်ရှိနေ၊ ပိတ်မိနေငည့် ရွာသားများကို စစ်အုပ်စုက ပစ်သတ်ထား

ဇူလိုင် ၂၅၊၂၀၂၆၊ ကျောက်ထု

ယခုဇူလိုင်လ ၁၈ ရက်နေ့ညနေ ၅ နာရီခန့်က ကျောက်ထုမြို့နယ် ကြီးကျေးရွာကိုဝင်ရောက်ခဲ့သည့် ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှ စစ်ကြောင်းသည် ယခုချိန်အထိ ကျေးရွာတွင်းမှာ ဆက်ရှိနေသေးကြောင်း သိရသည်။

စစ်အုပ်စုတပ်သားများသည် စစ်ကြောင်းဝင်ရောက်လာစဥ် မတိမ်းရှောင်နိုင်ဘဲ ကျေးရွာတံင်းပိတ်မိနေသည့် ပြည်သူအချို့ကို ဖမ်းဆီးနှိပ်စက်ကာ သေနတ်ဖြင့် ပစ်သတ်တာတွေကို ပြုလုပ်ထားကြောင်း သတင်းရင်းမြစ်က ပြောသည်။

"ရွာထဲက စိတ်ကျန်းမာရေးမကောင်းတဲ့တစ်ယောက်ကိုလဲ ပစ်သတ်တယ်၊ ရွာနားနီးမှာ ရှောင်နေတဲ့ အမျိုးသားတယောက်ကိုလဲ ဖမ်းဆီးပြီးသတ်တယ်၊နောက်ပြီး ရွာလည်က ဘုရားဝန်းထဲမှာလဲ ဘယ်ကမှန်းမသိရတဲ့ အလောင်း ၂ လောင်းရှိတယ် " ဟု သတင်းရင်းမြစ်မှ ယောအလင်းတန်းကို ပြောသည်။

ကြီးရွာအတွင်းရှိ ဘုရားဝန်းအတွင်းမှာ အတည်ပြုမရသေးသည့် ရုပ်အလောင်း ၂ လောင်းရှိကြောင်း၊ ယမန်နေ့ နေ့လည်ပိုင်းက ကြီးရွာနေ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၄၀ နှစ်အရွယ် ဦးခင်မောင်လွင် ကို စစ်အုပ်စုက ကျေးရွာတွင်းမှာပင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။ထို့အပြင် စစ်အုပ်စုတပ်သားများ ရွာအပြင်ကင်းပတ်စဥ် ရွာအနီးနား၌ စစ်ဘေးရှောင်နေသည့် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးနှိပ်စက်ကာ ပစ်သတ်ခဲ့ကြောင်း၊ ယမန်နေ့ဇူလိုင်လ ၂၄ ရက်နေ့နံနက်ပိုင်း ရွာမြောက်ဖက်သို့ စစ်ကြောင်းထွက်စဥ် တောင်ယာတဲအတွင်း စစ်ဘေးရှောင်နေကြသည့် အသက် ၆၀ ကျော်အရွယ်အမျိုးသားကြီး ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်လာစဥ် ၁ ဦးမှာ လမ်းခရီးမှာ သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသားကြီး ၁ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရင်းမြစ်အရ သိရသည်။

ထိုနောက် ယမန်နေ့ နံနက်ပိုင်းတွင်လည်း ကျေးရွာတွင်းပိတ်မိနေသည့် သက်ကြီးရွယ်အို အမျိုးသမီးကြီးများအပါဝင် ပြည်သူ ၁၈ ဦးကို စစ်အုပ်စုက ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ပြီး ယမန်နေ့ညပိုင်းရောက်မှ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ကျောက်ထုစစ်ကြောင်းသည် ထပ်မံဖြည့်စွက်ထားသည့်တပ်သားများအပါ လက်ရှိအင်အား ၂၀၀ ကျော်ဖြင့် ကြီးရွာအတွင်းနှင်ရွာမြောက်ဖက် ရွှေအောင်သာရွာသို့ သွားလမ်း ဘေးဝဲယာနေရာများမှာ ရှိနေသေးပြီး စစ်ကြောင်းထွက်နိုင်ရန် ကြိုးစားနေကြကြောင်း သိရသည်။

@မင်းဒဿ
ယောအလင်းတန်း

#MRSN
Jul 25 ,  11:33AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
💯2
မြိုင်မြို့နယ်စစ်ကြောင်းသတင်း
25.7.2026

မြိုင်မြို့နယ် အနောက်ပိုင်း
သင်းမရွာနဲ့ ဂျုတ်ကုန်းရွာမှာ ရောက်နေတဲ့
စစ်ကောင်စီတပ်တွေဟာ
ယနေ့နေ့လည် 1:00 ဝန်းကျင်ထိ
သင်းမရွာနဲ့ ဂျုတ်ကုန်းရွာမှာပဲ ရှိနေတယ်လို့
သိရပါတယ်။

ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ
မသိရတာကြောင့်
စစ်ကြောင်းရောက်ရှိနေတာ ကျေးရွာများနဲ့
အနီးတဝိုက်ကျေးရွာများမှ
မိဘပြည်သူများအားလုံး
လက်နက်ကြီးအန္တရာယ်
လေကြောင်းအန္တရာယ်
မြေပြင်စစ်ကြောင်းအန္တရာယ်
အထူးဂရုစိုက်ကြဖို့ အသိပေးအပ်ပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Jul 25 ,  1:39PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1🤬1
ဒေသတွင်းတိုက်ပွဲများမှ ဒဏ်ရာရ စစ်အုပ်စုတပ်သားအမြောက်အများကို စစ်ထောက်ပို့ရဟတ်ယာဥ် ၂ စီးဖြင့်သယ်ယူ

ဇူလိုင် ၂၅၊၂၀၂၆ ၊ကျောက်ထု

ပြည့်သူ့တော်လှန်ရေးတပ်များနှင့် စစ်အုပ်စုတပ် ဒေသတွင်း ၂ ဖက်တိုက်ပွဲများမှ ထိခိုက်ဒဏ်ရာရ စစ်အုပ်စုတပ်သားများကို ဆေးကုသမှုပေးရန်ဟုဆိုကာ စစ်ထောက်ပို့ရဟတ်ယာဥ် ၂ စီးဖြင့် ယနေ့နေ့လည်ပိုင်းမှာ မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုမြို့အမြောက်တပ်မှနေ၍ သယ်ယူသွားကြောင်းသိရှိရသည်။

ယနေ့နေ့လည် ၂ နာရီ ၃၀ မိနစ်ခန့်ကကျောက်ထုမြို့ ၃၆၈ အမြောက်တပ်သို့ ညောင်ဦးလေဆိပ်မှ ပျံသန်းလာသည့် Mi 17 စစ်ထောက်ပို့ရဟတ်ယာဥ် ၂ စီးဆင်းသက်ခဲ့ပြီး ဒေသတွင်းတိုက်ပွဲများမှ ထိခိုက်ဒဏ်ရာရ စစ်အုပ်စုတပ်သားများကို တင်ဆောင်ကာ ၂ နာရီ ၃၅ မိနှစ်မှာ ညောင်ဦးမြို့သို့ ပြန်လည်ပျံသန်းသွားခဲ့ကြောင်း သိရသည်။

ထိုရဟတ်ယာဥ်များ ၄ မိနစ်ခန့်မျှ ဆင်းသက်နေစဥ်အတွင်း ကျောက်ထုမြို့နှင့် ၃၅၈ အမြောက်တပ် ဘေးပတ်လည်နေရာများကို Mi 35. P တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီးဖြင့် ကာဗာပေးပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

ဆင်းသက်ခဲ့စဥ်အတွင်း ကျောက်ထုမြို့ အမြောက်တပ်အတွက် အင်အားဖြည့်ပေးခဲ့ခြင်းရှိ / မရှိ နှင့် တင်ဆောင်သွားသည့် လူနာအရေအတွက်ကို ယောအလင်းတန်းက အတည်ပြုဆဲဖြစ်ပါသည်။

ယောအလင်းတန်း
#MRSN
Jul 25 ,  3:45PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
ချောက်မြို့နယ်

ချောက်မြို့နယ် စွယ်ပေါက်ကံရွာမှအနောက်သို့ကား ၃စီးဖြင့်စစ်ခွေးစစ်ကြောင်းဝင်ရောက်နေကြောင်းသိရ။

#MRSN
Jul 25 ,  6:15PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
Forwarded from Magway Scout Network
မြစ်ခြေမြို့နယ်

ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော စစ်ခွေးကား (၂)စီးသည်၊ မြစ်ခြေမြို့နယ် အောင်သာပျူရွာသို့ ရောက်ရှိနေကြောင်း သိရ။


#MRSN
#PKK_News
𝐉𝐮𝐥-25, 7:38𝐏𝐌
📬သတင်းပို့ရန်@MagwayScoutBot
1
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
မြိုင်⚠️

မြိုင်နယ်အလယ်ကြောတနေရာတွင် ဒရုန်း ၁စီး ပျံ၀ဲနေ။

#WaiHin
Jul 25, 7:45 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
ရေစကြို⚠️

ရေစကြိုနယ် အနောက်ခြမ်း တနေရာတွင် Scout Drone ၁စီး ဝဲပျံနေ။

#SAS
Jul 25, 07:52 PM
📬သတင်းပို့ရန် @SpringAeroScout_Bot
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
မြိုင်⚠️

မြိုင်နယ်အလယ်ကြောတနေရာတွင် ၂စီး မြောက် ဒရုန်း ၁စီး ပျံ၀ဲနေ။

#WaiHin
Jul 25, 7:52 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
ရေစကြို⚠️

ရေစကြိုနယ် အနောက်ခြမ်း တနေရာတွင် ဒရုန်း ၁စီး ပျံဝဲ။

#WaiHin
Jul 25, 7:52  PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
မြိုင်

မြိုင်နယ်ဖြတ်၍ ဒရုန်း ၁စီး
အနောက် မြောက် အရပ်သို့ ပျံသန်း။

#WaiHin
Jul 25, 7:58 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot