ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
640 photos
59 videos
506 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
#မြိုင်မြို့နယ်စစ်ကြောင်းသတင်း
20.7.2026
ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်အနောက်ပိုင်း
ဘောဓုံရွာကနေ မြောက်ဘက်ကို ထွက်တဲ့
စစ်ကောင်စီတပ်တွေဟာ
နေ့လည် 1:00 ဝန်းကျင်မှာ ဘောင့်ဘင်ရွာကို
ရောက်ရှိခဲ့ပြီး ရှေ့ပြေးတချို့ဟာ
ဘောင့်ဘင်ရွာအနောက်ဘက် ယာကြီးပြင်လမ်းခွဲကို
ရောက်နေပြီလို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Jul 20 , 1:20PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
မြိုင်မြို့နယ်

မြိုင်မြို့နယ် ဆင်စိန်ရွာသို့ ရောက်ရှိနေသော စစ်ခွေးများသည် မြောက်အရပ့်သို့ 11:30AMအချိန်ခန့်က လက်နက်ကြီးဖြင့် ပြစ်ခက်လိုက်ရာ ဘောင်ဘင်ရွာသို့ ကျရောက်ပေါက်ကွဲသွားပါသဖြင့် နေအိမ်တစ်လုံးပျက်သွားကြောင်းသတင်းရရှိထားပါသည်

မြိုင်မြို့နယ်  ဆင်စိန်ကျေးရွာဘက် ညအိပ်တပ့်စွဲခဲ့သော ခွေးစစ်ကြောင်း သည် ဘောင်ဘင် ကျေးရွာသို့ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

KG....🦅

Jul 20,1:58PM

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
3
မြိုင်မြို့နယ်

မြိုင်မြို့နယ်အနောက်ပိုင်း ဘောဓုံရွာမှ မြောက်ဘက်သို့ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ ဘောင့်ဘင်ရွာ၏ အနောက်ဘက် ယာကြီးပြင်လမ်းခွဲသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။  

𝐉𝐮𝐥-20, 1:20𝐏𝐌

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
5
#မြိုင်မြို့နယ်စစ်ကြောင်းသတင်း
20.7.2026

ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်အနောက်ပိုင်း
ဆင်စိန် ၊ မကျီးစုဘက်က ထွက်တဲ့
စစ်ကောင်စီ ​ရှေ့ပြေးတပ်တွေဟာ
နေ့လည် 2:30 ဝန်းကျင်မှာ မြောင်းမြားရွာကို
ရောက်နေပြီလို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Jul 20 , 3:57PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
မြိုင်မြို့နယ်

မြိုင်မြို့နယ်ဘောင့်ဘင်ရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ခွေးစစ်ကြောင်းသည် ရွာသစ်ကြီးကျေးရွာ၏ အနောက်တောင်ဘက် တောတိုက်အတွင်းသို့ရောက်ရှိနေကြောင်းသိရ။

#MRSN
Jul 20 , 6:51PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
မြိုင်မြို့နယ်

မြိုင်မြို့နယ်အနောက်ပိုင်း ဆင်စိန်၊ မကျည်းစုရွာမှ ထွက်ခွာလာသော ရှေ့ပြေး စစ်ခွေးစစ်ကြောင်းသည်၊ မြောင်းမြားရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်

မြိုင်မြို့နယ် ဘောင့်ဘင်ရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ခွေးစစ်ကြောင်းသည်၊အင်အား{150 }ခန့် ရွာသစ်ကြီးကျေးရွာ၏ အနောက်တောင်ဘက် တောတိုက်အတွင်းသို့ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

ဘောင့်ဘင်ရွာမှာလဲ စခကျန်ရှိသိရ။

𝐉𝐮𝐥-20, 7:30𝐏𝐌


ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
3
မြိုင်မြို့နယ်

မြိုင်မြို့နယ် ဆင်စိမ်ကျေးရွာမှထွက်ခွာလာသော စခစစ်ကြောင်းသည် မှန်ရင်းကျေးရွာထဲသို့ရောက်ရှိနေကြောင်းသိရပြီးအနောက်မြောက်ဘက်သို့ စတင်ထွက်ခွာနေကြောင်းသိရ။


🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့


#MRSN
Jul 20 , 8:36PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍5
#မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
20.7.2026

ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်အနောက်ပိုင်း
ဘောဓုံရွာကနေ ထွက်တဲ့ ကားတန်းနဲ့
စစ်ကောင်စီတပ်တွေဟာ နေ့လည် 1:00 ဝန်းကျင်မှာ
ဘောင့်ဘင်ရွာကို ရောက်ရှိခဲ့ပြီး
​ရှေ့ကင်းတချို့ဟာ
ဘောင့်ဘင်ရွာရဲ့အရှေ့မြောက်ဘက်
ဒေသအခေါ် ဓားသွေးကျောက်ချောင်းအနီးမှာ
ရောက်ရှိထားတယ်လို့ သိရပါတယ်။

ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်အနောက်ပိုင်း
ဆင်စိန် မကျီးစုဘက်ကနေထွက်တဲ့
စစ်ကောင်စီတပ်တွေက နေ့လည်ပိုင်းမှာ
ခွေးမွှေးရွာကို ရောက်ရှိခဲ့ပြီး
လက်ရှိအချိန်ထိ ခွေးမွှေးရွာနဲ့ အနီးတဝိုက်တွေမှာ
ရှိနေတယ်လို့ သိရပါတယ်။

ယနေ့နေ့လည် 2:30 ဝန်းကျင်က
ဆင်စိန်ဘက်ကနေ မြောင်းမြားရွာကို
ရောက်တယ်ဆိုတဲ့ သတင်းက
အတည်ပြုမရဘူးလို့ သိရပါတယ်ခင်ဗျာ။
သတင်းမသေချာဘဲ မှားယွင်းဖော်ပြမိခဲ့တဲ့အတွက်
သတင်းဖတ်သူ မိဘပြည်သူအားလုံးကို
အနူးအညွတ်တောင်းပန်အပ်ပါတယ်။
( ခွေးမွှေးရွာနဲ့ မြောင်းမြားရွာဟာ
ယာနှစ်ကွက်ခန့်က ခြားတာကြောင့်
ရောက်ချင်လည်း ရောက်နေနိုင်ပါတယ် )

ယနေ့ညနေပိုင်းမှာ ယာကြီးပြင် မှန်ရင်းဘက်ကို
ရောက်ရှိပြီး မှန်ရင်းကနေ အနောက်မြောက်ဘက်
ထွက်တယ်ဆိုတာက လုံးဝသတင်းမှားသာ
ဖြစ်ပါတယ်ခင်ဗျာ။

စစ်ကြောင်းတွေဟာ လက်ရှိ ညဦးပိုင်းအချိန်ထိ
ဘောင့်ဘင်ရွာနဲ့ ခွေးမွှေးရွာ အနီးတဝိုက်တွေမှာပဲ
ရှိနေပြီး ကားတန်းတွေက ဘောင့်ဘင်ရွာအနီး
ယာကြီးပြင် လမ်းခွဲ ကုက္ကိပင်အောက်မှာ
ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်များရဲ့ အန္တရာယ်ကြောင့်
မြိုင်မြို့နယ်အနောက်ပိုင်းရှိ
ကျေးရွာပေါင်း နှစ်ဆယ်ခန့်မှ သောင်းနဲ့ချီတဲ့
ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ
စစ်ဘေးရှောင်နေရပါတယ်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Jul 21 , 4:54AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
11
မြိုင်မြို့နယ်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီတပ်က ကွန်လပ်ကျေးရွာ အနီးတွင် အသက် ၅၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီး ခေါင်းတေ့ပစ်သတ်ခဲ့ပြီး ဆိတ်သတ်ကျေးရွာ နေအိမ် နှစ်လုံး ကို မီးရှို့ ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီတပ်က ဘောတုံ၊ မကြီးစု၊ ဆင်စိန် ကျေးရွာများမှ တစ်ဆင့် ဘောင့်ဘင်ကျေးရွာဘက် ဝင်ရောက်လာရာ လမ်းတစ်လျှောက် ဒေသခံများကို ဖမ်းဆီးထားပြီး ဘောတုံ လမ်းဘေးတွင် မီးပုံရှို့ခဲ့သည်။

ယင်းမီးပုံများမှာ မိုင်းမိ၍ သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများကို မီးရှို့ ဖျက်ဆီးခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။

ဇူလိုင်လ ၂၀ ရက် မနက် ၁၁ နာရီ ကျော်ကတည်းက စတင်လှုပ်ရှားလာသော စစ်ကောင်စီ စစ်ကြောင်းသည် လက်ရှိ ဇူလိုင်လ ၂၁ ရက်အထိ ဘောင့်ဘင်ကျေးရွာ နှင့် အနီးတစ်ဝိုက်တွင် ဆက်လက် တပ်စွဲ ထားနေဆဲ ဖြစ်သည်။

မိုးရွာနေချိန်တွင် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

ပုံ - ကွန်လပ်ကျေးရွာအနီး စစ်ကောင်စီတပ်က ရက်ရက်စက်စက် သတ်ဖြတ်သွားသည့် ဒေသခံအမျိုးသားတစ်ဦး၏ ရုပ်အလောင်း

Jul 21 , 11:02AM


ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
3
ဘောင့်ဘင်ရွာ စခ စက. ရွာသစ်ကြီးရွာသို့ဝင်ရောက်နေကြောင်းသိရ။
4
စစ်အုပ်စုက ထီးလင်းနယ်နှင့် ကျောက်ထုနယ်ကြားကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ပြီး လက်နက်ခဲယမ်း၊ရိက္ခာထုပ်များချပေး

ဇူလိုင် ၂၁၊၂၀၂၆၊ ယောအလင်းတန်း

စစ်အုပ်စုက မကွေးတိုင်း၊ယောဒေသ ထီးလင်းမြို့နယ်နှင့် ကျောက်ထုမြို့နယ် ကြားတနေရာကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ပြီး လက်နက်ခဲယမ်း၊ရိက္ခာထုပ်များကို ချပေးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်အရ သိရပါသည်။

ယနေ့ဇုလိုင်လ ၂၁ ရက်နေ့နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က ထီးလင်းမြို့နယ် အောင်းကျေးရွာနှင့် ကျောက်ထုမြို့နယ်ကြီးကျေးရွာကြားတနေရာကို မိတ္ထီလာရှမ်းတဲလေးလေတပ်မှ ပျံသန်းလာခဲ့သည့် Y 12 ဘက်စုံသုံးထောက်ပို့လေယာဥ်တစ်စီးဖြင့် ဗုံးသီး ၁၀ လုံး ထက်မနည်းကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။ထိုသို့ ဗုးကြဲချအပြီး ရိက္ခာနှင့် လက်နက်ခဲယမ်းအထုပ်အချို့ကို လေထီးဖြင့်ချပေးခဲ့တာဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

အလားတူ ယနေ့နံနက် ၈ နာရီခန့်မှာ မိတ္ထီလာရှမ်းတဲလေးလေတပ်မှ ပျံသန်းလာသည့် Y 12 ဘက်စုံသုံးထောက်ပို့လေယာဥ်တစ်စီး နောက်ထပ်ပြန်ရောက်လာပြီး ၄၅ မိနစ်ခန့်ပျံဝဲကာ ကျောက်ထုနယ် ကြီးကျေးရွာနှင့်အနီးနားဝန်းကျင်တွေကို လက်နက်ခဲယမ်းနှင့် ရိက္ခာများပါဝင်သည့် အထုပ်များကိုချပေးခဲ့တာဖြစ်ကြောင်းသိရသည်။အထုပ်များကို လေထီးတစ်ခုလျှင် ၃ ထုပ်၊အချို့က ၄-၅ ထုပ်ပူးတွဲပါရှိပြီး ၁၀ ကြိမ်ချပေးခဲ့ကာ စုစုပေါင်း အထုပ် ၄၀ ခန့်ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောပါသည်။

ယခုဇူလိုင် ၁၇ ရက်နေ့က ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှ ပန်းဆန်-ကြီး-ရွှေအောင်သာ-ထီးလင်း ကားလမ်းမကြီးအတိုင်း မြောက်ဖက်အရပ်ကိုထွက်လာသည့် အင်အား ၂၀၀ ကျော်နှင့် ကား ၁ စီးပါစစ်ကြောင်းသည် ယခုအခါ ကျောက်ထုမြို့နယ် ကြီးကျေးရွာမှာ ဆက်ရှိနေကြပြီး ရွာမြောက်ဖက်နှင့် အနီးနားဝန်းကျင်နေရာတွေမှာ တပ်ဖြန့်ထားကြောင်း သတင်းရင်းမြစ်က ပြောပါသည်။

@မင်းဒဿ
#MRSN
Jul 21 , 11:55AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
မြိုင်မြို့နယ်

မြိုင်မြို့နယ် အနောက်ပိုင်း ဘောင်ဘင်ရွာသို့ ညအိပ်တပ်စွဲခဲ့သော ခွေးစစ်ကြောင်းသည် ဘောင်ဘင်ရွာ၏ အရှေ့မြောက်အရပ့်သို့ ထွက်ခွာလာရာ ရွာသစ်ကြီးရွာသို့ ရောက်ရှိနေပြီး လမ်းတစ်ရှောက်တွင် ‌ပြည်သူပိုင် နေအိမ် အဆောက်အဦးများကို မီးရှို့ဖျက်စီးသွားကြောင်း သတင်းရရှိထားပါသည်။

Jul 21 , 1:42PM


ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
2
#မြိုင်မြို့နယ်စစ်ကြောင်းသတင်း
21.7.2026

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ကြောင်းထိုး
ဝင်ရောက်နေတဲ့
ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ
ဘောင့်ဘင်ရွာကနေတစ်ဆင့်
နေ့လည် 1:00 ဝန်းကျင်မှာ
ရွာသစ်ကြီးရွာကို ရောက်ရှိခဲ့ပြီး
ရွာသစ်ကြီးရွာကနေတစ်ဆင့်
3:00 ကျော်ဝန်းကျင်မှာ သင်းမရွာကို
ရောက်ရှိနေပြီလို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Jul 21 , 3:29PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
😢3
မြိုင်မြို့နယ်

မြိုင်မြို့နယ် ဘောင့်ဘင်ရွာမှ မြောက်အရပ့်သို့ ထွက်ခွာ‌လာသော ခွေးစစ်ကြောင်းသည်၊ သင်းမရွာသို့ ဝင်ရောက်ပြီး မီးရှို့နေကြောင်း သတင်းရရှိထားပါသည်။

#MRSN
#Pkk new
Jul 21 ,4:27PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
5😢1
ရေစကြိုမြို့နယ်🚁🛬🛩️

ရေစကြိုမြို့နယ်မှာရှိတဲ့ ရဲဘော်အပေါင်းနဲ့ တော်လှန်ပြည်သူများ လေကြောင်းအထူးဂရုစိုက်ကြဖို့ အထူးနိုးဆော်အပ်ပါတယ်ဗျ ။

#Threestarsmyaing
Jul,21 4:45pm
@3Starmyaingbot
5
ကျောက်ထုနှင့် ထီးလင်းနယ်ကြားနေရာများကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများကြိမ်ဖန်များစွာပြုလုပ်နေ

ဇူလိုင် ၂၁၊၂၀၂၆၊ယောအလင်းတန်း

မကွေးတိုင်း၊ယောဒေသ ကျောက်ထုမြို့နယ် (ဆောမြို့နယ်)နှင့် ထီးလင်းမြို့နယ် ကြားနေရာတော်တော်များများကို လေကြောင်းတိုက်ခိုက်မှုများ ကြိမ်ဖန်များစွာပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယနေ့နေ့လည် ၁၁ နာရီ ၅၅ မိနစ်ခန့်ကနေ ၁၂ နာရီ ၁၀ မိနစ်အတွင်း ကျောက်ထုနယ်နှင့် ထီးလင်းနယ်ကြားနေရာများကို တံတားဦးလေတပ်မှ ပျံသန်းလာသည့် ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၃၀၀ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်ကပြောသည်။

"အခုလဲ Y 12 တစ်စီးနဲ့ ဗုံးကြဲနေတယ်၊ မနက်စောတုန်းကလဲ Y 12 တခါလာကြဲတယ်၊ ရိက္ခာထုပ်တွေလဲ ချသွာယတယ်၊ နေ့လည်ပိုင်းရောက်တော့ ဂျက်ဖိုက်တာ ၂ စီးရှေ့နောက်ရောက်လာပြီး ဗုံး ၄ လုံးကြဲသွားတယ်" ဟု ဒေသတွင်း သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောပါသည်။

လက်ရှိယခုနေ့လည် ၁ နာရီ ၄၅ မိနစ်မှာလည်း အဆိုပါနေရာများကို တံတားဦးလေတပ်ကပျံသနိးလာသည့် Y 12 ဘက်စုံသုံးထောက်ပို့လေယာဥ်ဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့တစ်ရက်တည်းမှာပင် မနက် ၆ နာရီ ၃၀ မိနစ်ခန့်မှာ ၂ ကြိမ်ဗုံးကြဲချခဲ့ပြီး နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ်နှင့် ယခုနေ့လည် ၁၂ နာရီ ၅၄ မိနစ်ခန့်ကနေ ၁ နာရီ ၅၀ မိနစ်ကျော်အထိ Y 12 လေယာဥ်ဖြင့် ၁၅ ကြိမ်တိုက်ခိုက်ခဲ့ပြီး ဗုံးသီးအလုံးရေ ၆၀ ခန့်ကိုကြဲချခဲ့တာဖြစ်ကြောင်း သိရပါသည်။

အဆိုပါနေရာအနီးအနားဝန်းကျင်နှင့် ဒေသခံပြည်သူများအနေဖြင့် ယခုရက်ပိုင်းတွေမှာ လေကြောင်းရန်ကို အထုးသတိထားဂရုစိုက်နေထိုင်ကြရန်လည်း လိုအပ်ကြောင်း သတင်းရင်းမြစ်မှ တိုက်တွန်းပြောဆိုသွားပါသည်။

@မင်းဒဿ
#MRSN
Jul 21 , 5:09PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3😢2
မြိုင်မြို့နယ်

မြိုင်မြို့နယ် သင်းမကျေးရွာသို့ ရောက်ရှိနေသော ‌စစ်ခွေးများသည် အနောက်အရပ့်သို့ ကင်းထောက် DRONE တစ်စီး လွတ်တင်ထားကြောင်း သတင်းရရှိထားပါသည်။

#MyaingNewsChannel

Jul 21 , 8:00PM

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
8
🛫မကွေးတိုင်း မြိုင်မြို့နယ်🛫

22-7-2026...ရက်နေ့.5:22AMအချိန်တွင်   တံတားဦးလေတပ်မှအနောက်မြောက်အရပ်သို့ ပျံတက်လာသော Y-12 Military Transport Aircraft (၁)စီးသည် မြိုင်မြို့နယ်အနောက်ပိုင်း သင်းမရွာအနီးသို့ ရောက်ရှိနေသော စစ်ခွေး/ပျူခွေးများအနီးတွင် တိုက်ပဲဲဖစ်ပွားခြင်းမရှိဘဲ 5:47AM အချိန်မှ စတင်၍ 6:08AM အချိန်ထိ (8)ကြိမ် ဗုံးသီး (46) လုံးချ လေကြောင်းတိုက်ခိုက်မှု​ ပြုလုပ်ခဲ့ပြီး 6:38AMအချိန်တွင် တံတားဦးလေတပ်သို့ အနောက်မြောက်အရပ်မှ ပြန်လည်ဆင်းသက်သွားခဲ့ပါသည်.. ..။

Jul 22 , 8,56AM

ThreeStarMyaing

7starmyaing

📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star

သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
1
ကျောကပစ ၂၃ ကစစ်ကြောင်း ပုံညာနတ်ထိပ်မှာရောက်နေ၊ ဇင်းစယ်ဂိတ်က တပ်သားအပြောင်းအလဲပြုလုပ်ရန်ဖြစ်ပြီး ရေမျက်နီအထိခရီးဆက်နိုင်

ဇူလိုင် ၂၂၊၂၀၂၆ ၊ယောအလင်းတန်း

ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့နံနက်ပိုင်းက မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့ ကပစ ၂၃ မှထွက်လာသည့် အင်အား ၁၀၀ ကျော်ပါစစ်အုပ်စုစစ်ကြောင်းသည် ယမန်နေ့ညနေပိုင်းက ကျောမြို့အနောက်ဖက်ရှိ ပုံညာနတ်ထိပ်စစ်အုပ်စုကာကင်းစခန်းမှာ ရောက်နေကြပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

အဆိုပါစစ်ကြောင်းသည် ယမန်နေ့နံနက်ပိုင်းက ကျောမြို့ ဒေသအခေါ် ဖွတ်ချေးဂိတ်ကနေ အနောက်အရပ်ကိုထွက်ခွာလာခဲ့ကြတာဖြစ်ပီး ပစ (ပြည်သူ့စစ်မှုထမ်းစစ်သားသစ်)များနှင့် ပျူစောထီးများ ပါဝင်လာကြောင်း သိရသည်။

ပုံညာနတ်ထိပ်မှနေ၍ မကွေးတိုင်း ထီးလင်းမြို့နယ်ဖက်သို့ ဆက်လက်ဆင်းလာနိုင်ပြီး ဇင်းစယ်ကျေးရွာအရှေ့ဖက်နားတွင်ရှိသည့် ဒေသအခေါ် ဇင်းစယ်ဂိတ်မှ စစ်အုပ်စုတပ်သားမျာူ အလဲအပြောင်းပြုလုပ်ရန်ဖြသ်ကြောင်း သတက်းရင်းမြစ်အရ သိရသည်။ထိုမှတဆင့် ရေမျက်နီကျေးရွာရှိ စစ်အုပ်သုကာကင်းစခန်းအထိ သွားရောက်နိုင်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ကျော-ပုံတောင်ပုံညာ-ရေမျက်နီ ကားလမ်းပိုင်းနှင့် အနီးနားဝန်းကျင်ရှိ ခရီးသွားပြည်သူများ၊ဒေသခံများတို့အနေဖြင့် ကြိုတင်သတိထား နေထိုင်သွားလာနိုင်ကြရန် လိုအပ်ကြောင်း သိရှိရပါသည်။


အင်အား ၈၀ ခန့်ပါကျောက်ထုစစ်ကြောင်းတစ်ကြောင်း ကြီးရွာဖက်သို့ ထပ်မံလာနေ

လူနာတက်ထားသည့် စစ်အုပ်စုကားတစ်စီး ကြီးရွာမှ ကျောက်ထုဖက်သို့ထွက်သွား

ဇူလိုင် ၂၂၊၂၀၂၆၊ ကျောက်ထု

မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှ အင်အား ၈၀ ကျော်ပါစစ်ကြောင်းတစ်ကြောင်းသည် ကျောက်ထု- ပန်းဆန်-ကြီး-ရွှေအောင်သာ ကားလမ်းမကြီးအတိုင်း ယနေ့နံနက်ပိုင်းက မြောက်အရပ်သို့ထွက်ခွာလာရာ ယခုအခါ မိအယ်ကျေးရွာကို ကျော်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ကြီးကျေးရွာတွင် ရောက်ရှိနေသည့်စစ်ကြောင်းကို ထပ်မံအင်အားဖြည့်တင်းရန်ဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

အလားတူ ယနေ့နံနက်ပိုင်းက ကြီးကျေးရွာကနေ စစ်အုပ်သုတပ်သား လူနာများတက်ဆောင်ထားသည့် လိုက်ထရပ် (Light Truck)ကားကြီးတစ်စီး ကျောက်ထုမြို့ဖက်သို့ ဦးတည်မောင်းနှင်သွားကြောင်းသိရသည်။

အဆိုပါကားတွင် တိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့ကြသည့် စစ်အုပ်စု ဗိုလ်ကြီးအဆင့်ရှိ လူနာ (၂) ဦးနှင့် ဒဏ်ရာရ အခြာင်းအဆင့်စစ်သည်များကို ဆေးကုသမှုခံယူရန် ကျောက်ထုမြို့သို့ အရေးပေါ်ပို့ဆောင်ပေးတာဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ကျောက်ထုအမြောက်တပ်ကစစ်ကြောင်း ကြီးရွာရှိစစ်အုပ်စုကို ထပ်မံအင်အားဖြည့်ပြီးပါက ရွှေအောင်သာရွာဖက်ကို ဆက်လက်ထွက်ခွာလာမည်ဖြစ်ပြီး ဒေသတွင်းရှိ ပြည်သူများအနေဖြင့် မြေပြင်စစ်ကြောင်းရန်နှင့် ဝေဟင်မှ လေကြောင်းရန်များကိုပါ ကြိုတက်သတိထား နေထိုင်နိုင်ကြရန် အထူးလိုအပ်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။

ယောအလင်းတန်း
@မင်းဒဿ
#MRSN
Jul 22  ,  9:56AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4