ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
639 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
ရေစကြို⚠️

ရေစကြို ခလရ၂၅၆ ၂၅၇ ၂၅၈မှ ထွက်လာသော စခ ပခများသည် ရေစကြိုနယ် ပေကုန်းရွာနှင့်ဇီးကျွန်းရွာများတွင် တပ်ဖြန့်ထားကြောင်း သတင်းရရှိပါသည်။


မိဘပြည်သူ တော်လှန်ရေးညီအကို မောင်နှမများ စစ်ရေးသတိ စစ်ရေးအသိရှိကြပါရန် နိုးဆော်တိုက်တွန်းပါသည်။

#Threestarsmyaing
#MRSN
Jul 3 , 8:22PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍6
ရေစကြိုမြို့နယ်

ပခုက္ကူလေယာဥ်ကွင်းမှထွက်လာသော အကြမ်းဖက်စစ်ခွေးစစ်ကြောင်းသည်ရေစကြိုမြို့နယ် ကြည့်ကန်တောင်ရွာ ဘုန်းတော်ကြီးကြောင်းတွင်ရောက်ရှိ နေကြောင်းသိရ။


📡ရဲရင့်ဌာနေ...🦚မိုးကြိုးအင်အားစု🌿...ပြည်သူ့အကျိုးပြု လေကြောင်းကင်းထောက်/သတင်းမှန်ပြန်ကြားရေးအဖွဲ့ (မြိုင်)...။


#3starmyaing
Jul 4 , 9:35AM
📬သတင်းပို့ရန်@myaing3starbot
👍122🙏1
🔴 ပေါက် 🔴

ပေါက်နယ် အရှေ့ခြမ်းတနေရာသို့ ညောင်ဦးလေဆိပ်တက် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁စီးဖြင့် (1:27) PM ခန့်အချိန်မှ (1:39) PM ခန့်အချိန်အထိပျံဝဲပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Jul 04, 02:23 PM
😢3
🔴 ပေါက် 🔴

ပေါက်နယ် တနေရာသို့ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁စီးဖြင့် (1:55), (1:57), (2:02) PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Jul 04, 02:23 PM
😢4
ချင်းတွင်း ရေပြင်

မုံရွာ၊ အလုံမင်းဒေါင့်ဆိပ်မှ စုန်ဆင်းလာသော စခသင်္ဘော (၂) စီးသည် ရေစကြိုနယ် ပရိမ္မရွာဖြတ်၍အောက်ဘက်သို့ ဆက်လက် စုန်ဆင်းနေကြောင်းသိရ။

#Yaypyin
Jul 5, 8:49AM
သတင်းပို့ရန် @Yaypyin0bot
1👍1
⚠️မြေပြင်

ရေစကြို -မကွေးတိုင်း

ခလရ (၂၅၆)(၂၅၇)(၂၅၈) မှ  စခ အင်အား(၂၀၀)ခန့် ရေစကြိုမြို့ပေါ်ရောက်ရှိ နေကြောင်း  သတင်းရရှိ။

#WES 11:35 am,Jul 5
2👍2
ရေစကြို

ချင်းတွင်းမြစ်ကြောင်းအတိုင်းစုံဆင်းလာတဲ့ စခစ သင်္ဘောများဟာ
ရေစကြိုမြို့နယ် ချင်းယားရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိ ။

#Threestarsmyaing
Jon.5 12:3
📮သတင်းပို့ရန်
@3starmyaing
👍3
ရေစကြို

ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စခစ သင်္ဘောများဟာ
ရေစကြိုမြို့နယ် နန်းဦးရွာ(ကူနီရွာ) သို့ရောက်ရှိနေကြောင်းသတင်းရရှိ ။

#Threestarsmyaing
Jon.5  12:23
📮သတင်းပို့ရန်
@3starmyaing
1
ချင်းတွင်း ရေပြင်

မုံရွာ၊ အလုံမင်းဒေါင့်ဆိပ်မှ စုန်ဆင်းလာသော စခသင်္ဘော (၂) စီးသည် ရေစကြိုနယ် နန်းဦးရွာဖြတ်၍အောက်ဘက်သို့ ဆက်လက် စုန်ဆင်းနေကြောင်းသိရ။

#Yaypyin
Jul 5, 12:29PM
သတင်းပို့ရန် @Yaypyin0bot
👍31
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်ကို စစ်တပ်က ၁၄ ကြိမ်တိုင် လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရှိပြီး နေအိမ်များပျက်စီး

ဇူလိုင်လ ၅ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်ကို အကြမ်းဖက်စစ်တပ်က ၁၄ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ၊ နေအိမ်များ ပျက်စီးခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်အဖွဲ့မှ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်မှစပြီး ညနေ ၅ နာရီ ၂၆ မိနစ်ခန့်အထိကို တံတားဦးလေတပ်မှ တက်လာသော Y-12 စစ်ထောက်ပို့၊ ဗုံးကျဲလေယာဉ် ၁ စီးဖြင့် ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်ကို အကြမ်းဖက်စစ်တပ်က ၁၄ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ထိုသို့အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၅၀ ကျော်အရွယ် အမျိုးသား ၂ ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

"စစ်ရှောင်တွေထိတာပါ။ စစ်ကောင်စီစစ်ကြောင်းက ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ အနီးတဝိုက်မှာ ရှိနေလို့ လေယာဉ်ဖြင့် ဗုံးလာကျဲတာပါ။  နေအိမ် ၅ လုံး ပျက်စီးခဲ့တယ်။ ဗုံးက ၁၄ ကြိမ်လောက် ချတယ်" ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်အဖွဲ့မှ ဆရာထွေးက ပြောဆိုသည်။

အလားတူ ဇွန်လ ၁၃ ရက်နေ့ကလည်း ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် နေပြည်တော်လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပြည်သူများနေထိုင်သော နေအိမ်ကျေးရွာများ ပျက်စီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#KTM
2😢2👍1
⚠️မြေပြင်

ပေါက် - မကွေးတိုင်း

ပေါက် ကပစ၂၄ မှ ပတ်ဝန်းကျင်သို့ လက်နက် ကြီးဖြင့် ပစ်ခတ်ထားကြောင်း သတင်းရရှိ။

#WES 7:32pm,Jul 5
👍31
♦️ပခုက္ကူမြို့နယ်♦️

ပခုက္ကူမြို့နယ် ကျွဲတဲကမ်းနားကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
#7starmyaing
𝐉𝐮𝐥-6, 7:20𝐀𝐌
📩သတင်းများပေးပို့ရန်
@bnue_1234/@Myaing3star
👍51
Forwarded from Magway Scout Network
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ငဖောင်ကန်ရွာသို့ ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းသည်၊ ကန်တော် အနောက်ဘက် တမာတန်းသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#MRSN
#PKK_News
𝐉𝐮𝐥-6,  12:40𝐏𝐌
📨သတင်းများပေးပို့ရန်@MagwayScoutBot
👍61
ရေစကြို⚠️

ရေစကြိုမြို့ ရုံးပေါင်းစုံအတွင်း NLD လက်ထက်က အများပြည်သူတို့၏ လှူဒါန်းငွေဖြင့် စိုက်ထူထားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို ဇူလိုင်လ ၅ ရက်နေ့ ညအချိန်က မအလ ၏ ခွေးများက ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

Jul-6, 2026(Mon)
#Threestarsmyaing
Crd Post
#InfoCommitteeYesagyo
2
@3starmyaing A-3
Photo
ပြည်သူလူထုရဲ့ အလှူငွေတွေ၊ လုပ်အားတွေနဲ့ တန်ဖိုးထားစိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်ထုတွေကို ဖယ်ရှားပစ်လို့ရပေမဲ့၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားရှိခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ရိုးသားဖြောင့်မတ်မှုနဲ့ ကျေးဇူးတရားတွေကိုတော့ ဘယ်သူမှ ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။
​တောင်းဆိုထားတဲ့အတိုင်း တိုင်းပြည်အပေါ် မယုတ်မာခဲ့တဲ့အကြောင်း၊ ပြည်သူ့ဘဏ္ဍာကို မခိုးယူခဲ့တဲ့အကြောင်းနဲ့ ပြည်သူ့ရင်ထဲမှာ ထာဝရကမ္ပည်းတင်ကျန်ရစ်မယ့်အကြောင်းကို ရေးဖွဲ့ထားတဲ့ ကဗျာလေးပါ။
​ရင်ထဲက ဗိုလ်ချုပ်နှင့် မပြိုလဲတဲ့ သမိုင်း
​ပြည်သူ့ချွေးနှဲ၊ စုကာခွဲလို့
ရဲရဲတောက်ဂုဏ်၊ အာဇာနည်ဟုန်ကို
ပုံဖော်သွန်းထု စိုက်ထူခဲ့။
​အာဏာမက်မော၊ ရာထူးဇောနဲ့
ပြည်သူ့အပေါ်မှာ မယုတ်မာခဲ့ဘူး၊
ပြည်သူ့မျက်ရည် မကျစေခဲ့ဘူး၊
သမိုင်းသက်သေ တည်ခဲ့ပေါ့ဗျာ။
​ခိုးအောင်းဝှက်ဖုံး၊ ဘဏ္ဍာတုံးကို
တစ်ပြားတစ်ချပ်မှ မခိုးယူခဲ့၊
ဖြောင့်မတ်တည်ကြည်၊ နိုင်ငံ့ရည်လို့
ကိုယ်ကျိုးစွန့်ကာ အသက်ပေးခဲ့။
​ခေတ်တွေစောင်းလို့၊ အမုန်းတွေလောင်းကာ
ကြေးရုပ်ထုကို ဖြိုချဖယ်ရှား
မျက်ကွယ်ပြုထားချင် ထားကြပါစေ။
​ရုပ်ဝတ္ထုကို ဖျက်ဆီးလို့ရပေမဲ့
ရင်ထဲက သမိုင်းကိုတော့ ဖျောက်လို့မရဘူး။
အသည်းထဲက ကျေးဇူးကိုတော့ မေ့လို့မရဘူး။
​သွန်းထုထားတဲ့ ကြေးရုပ်တွေ ဝေးချင်ဝေးပါစေ
ပြည်သူ့နှလုံးသား ဗိမာန်ထဲမှာတော့
ဗိုလ်ချုပ်အောင်ဆန်းဟာ...
ဘယ်တော့မှ ဖျောက်ဖျက်မရဘဲ ထာဝရ ရှင်သန်နေဆဲ။

7starmyaing
📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
👍7