ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
မြိုင် - မကွေးတိုင်း⚠️
  
11:08pm (28 Jun )

တံတားဦး လေတပ်တက် Jet Fighter (1)စီး မြိုင်နယ်ဖြတ် အနောက်ဘက်သို့ ပျံသန်း။

⚠️ချင်း စစ်ကိုင်း မကွေး  သတိပြု

#WES သတင်းပို့ရန် @SCOUT_WES
Forwarded from EAR, Org.
⚠️တောင်တွင်းကြီး

တောင်တွင်းကြိီးနယ်ဖြတ်၍ နေပြည်တော်လေတပ်တက် Yak-130 Jet Fighter (1)စီး အနောက်မြောက်အရပ်သို့ ပျံသန်း။

23:33, Jun 28
#EAR #SCIN
#မြိုင်မြို့နယ်စစ်ကြောင်းသတင်း
29.6.2026

မြိုင်မြို့နယ်တောင်ပိုင်း တွင်းမပျူစခန်းမှာ
ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက် 8:45 ဝန်းကျင်က
တွင်းမကနေ မြောက်ဘက်ကို အင်အားသုံးရာခန့်
စထွက်နေပြီလို့ သိရပါတယ်။

ဘယ်ကို ဦးတည်မယ် မသိရတာကြောင့်
မြိုင်မြို့နယ်တောင်ပိုင်းမှ မိဘပြည်သူများအားလုံး
စစ်ကြောင်းသတင်းများကို နားစွင့်ကာ
သတိဝရိယနဲ့ နေထိုင်ကြဖို့
အသိပေးအပ်ပါတယ်။

# ပြည်သူတွေဘေးကင်းကြပါစေ
# welovemyaing # ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း

#7starmyaing
📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
👍4
မြိုင်မြို့နယ်စစ်ကြောင်းသတင်း
29.6.2026

မြိုင်မြို့နယ်တောင်ပိုင်း တွင်းမပျူစခန်းမှာ
ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက် 8:45 ဝန်းကျင်က
တွင်းမကနေ မြောက်ဘက်ကို အင်အားသုံးရာခန့်
စထွက်နေပြီလို့ သိရပါတယ်။

ဘယ်ကို ဦးတည်မယ် မသိရတာကြောင့်
မြိုင်မြို့နယ်တောင်ပိုင်းမှ မိဘပြည်သူများအားလုံး
စစ်ကြောင်းသတင်းများကို နားစွင့်ကာ
သတိဝရိယနဲ့ နေထိုင်ကြဖို့
အသိပေးအပ်ပါတယ်။
Threestarsmyaing
#7starmyaing
👍2
မြိုင်မြို့နယ်💠

မြိုင်မြို့နယ်တောင်ခြမ်း သစ်ပုလွှေကုန်းရွာမှ ထွက်ခွာလာသောစစ်ခွေးစစ်ကြောင်းသည်၊ အင်းဘတ်ဆယ်ဘောင်ပေါ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

𝐉𝐮𝐧-29-10:00𝐀𝐌

7starmyaing
📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
မြိုင်မြို့နယ်💠

တွင်းမပျူရွာမှ ထွက်ခွာလာသော စခစစ်ကြောင်းမှ ဒေသအခေါ် မွန်နံကန်တေား သို့ရောက်နေကြောင်းသိရ။

𝐉𝐮𝐧-29-10:20𝐀𝐌

ThreeStarMyaing
7starmyaing
📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
1
မြိုင်မြို့နယ်


မြိုင်မြို့နယ် တွင်းမပျူရွာမှ(ဒုတိယ)ထွက်ခွာလာသော စခစစ်ကြောင်းမှာ ဇော်ဂျီတောင်မှတဆင့် အနောက်မြောက်ဘက်သို့ထွက်ခွာနေကြောင်းသိရ။



🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰


#MRSN
Jan 29, 10:36AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
♦️မြိုင်မြို့နယ်♦️

မြိုင်မြို့နယ်တောင်ခြမ်း သစ်ပုလွေကုန်းရွာရှိ စစ်ခွေးစစ်ကြောင်းနှင့် ဇော်ဂျီတောင်မှ တစ်ဆင့် ထွက်ခွာလာသော စစ်ကြောင်းများသည်၊ ပူးပေါင်းပြီး သံဘိုရွာ၏ အရှေ့ဘက်၊ ကြက်စူကန်အနီးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
#MRSN
Jan 29, 11:30 AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍1
တပ်ရင်းမှူး ပုလဲမောင် ဈာပနကို ခရိုင်ကွပ်ကဲရေးခေါင်းဆောင်ပိုင်းတွေ တက်ရောက်တာမရှိ

■ သေဆုံးမှုအပေါ် သမာသမတ်ကျကျဖြေရှင်းပေးဖို့ ခရိုင်တပ်ရင်းတွေ တောင်းဆို

မြေလတ်အသံ၊ ဇွန် ၂၈၊ ၂၀၂၆။

အစည်းအဝေးပြုလုပ်နေစဥ် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ တပ် ရင်းမှူး ပုလဲမောင်ရဲ့ဈာပနကို လူအနည်းငယ်နဲ့သာပြုလုပ်ခဲ့ရပြီး သတ်ဖြတ်ခံရမှုအပေါ် သမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းပေးဖို့ ယင်းမာပင်ခရိုင်တပ်ရင်းတွေက ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ကိုပုလဲမောင်ရဲ့ ဈာပနကို ဇွန်လ ၂၇ ရက် ယမန်နေ့က သူ့ဇာတိကျေးရွာမှာပဲပြုလုပ်ခဲ့ပြီး စျာပနကို ယင်းမာပင်ခရိုင်ရဲ့တာဝန်ရှိသူတွေ တဦးမှတက်ရောက်တာမတွေ့ရဘူးလို့ မိသားစုဝင်နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ကျနော်သိရသလောက် သူ့ရဲ့ဈာပနကို သူ့အိမ်မှာပဲ သူ့မိသားစုက လုပ်ချင်တယ်ဆိုပြီးတော့ တပ်ရင်းကို ပြောတဲ့အတွက်ကြောင့် သူ့ရဲ့ရွာမှာပဲ လုပ်ဖြစ်ပါတယ်၊ သူ့ရွာက (စစ်တပ်တပ်စွဲထားတဲ့) မင်းတိုင်ပင်ရွာနဲ့ နီးတဲ့အတွက်ကြောင့်—

သတင်းအပြည့်အစုံ - https://myaelattathan.com/news/25135/
4
Forwarded from Wai Hin (ဝေဟင်) (🎀 Emma Rose 🧸)
မြစ်ခြေ ⚠️

မြစ်ခြေနယ်ဖြတ်၍ ဂျိုင်ရိုကော်ပတာ (Gyrocopter) ၃စီး အနောက်မြောက်အရပ်သို့ ပျံသန်း။

#WaiHin
Jun 29, 02:14 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
👍1
ပခုက္ကူမြို့နယ်♦️

ပခုက္ကူမြို့နယ် သံဘိုရွာ၏ အရှေ့ဘက်၊ ကြက်စူကန်အနီးသို့ ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းသည်၊ အနောက်မြောက်အရပ်သို့ စတင်၍ ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။


#MRSN
#PKK_News
𝐉𝐮𝐧-29-2:32𝐏𝐌
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍21
ပခုက္ကူမြို့နယ်♦️

ပခုက္ကူမြို့နယ်၊ သံဘိုရွာ၏ အရှေ့ဘက်ရှိ ကြက်စူကန်အနီးမှ ထွက်ခွာလာသော စစ်ကြောင်းသည်၊ လက်ရှိတွင် ကြက်စူကန်နားသို့ ပြန်လည်ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ 

#PKK_News
#MRSN
𝐉𝐮𝐧-29- 3:10𝐏𝐌
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍2
ပခုက္ကူမြို့နယ်♦️

ပခုက္ကူမြို့နယ် သံဘိုရွာ၏ အရှေ့ဘက်၊ ကြက်စူကန်နားမှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ အင်းဘတ်ဆည်အနောက်တောင်ပိုင်းသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
#MRSN
𝐉𝐮𝐧-29- 4:24𝐏𝐌
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍31
This media is not supported in your browser
VIEW IN TELEGRAM
"ရုစကီး မဘသ Vs. မီယင်မာ မဘသ"

ဓာတ်ဆီ​ဒီဇယ် ပြတ်လပ်အောင် လုပ်တဲ့ ကိယက်ဗ်နဲ့ ဝါရှင်တန်ကို ရုစကီး မဘသတွေက ငပူတင်းရဲ့ အထောက်အပံ့ယူကာ နျူကလီးယားနဲ့ ထုဖို့ ဟန်ရေးပြင် ကြွေးကြော်နေပြီး မီယင်မာ မဘသတွေကတော့ ရခိုင်မကျွန်တွေက လိုက်ဖမ်းလို့ ခွေးပုန်းဝက်ပုန်း ပုန်းနေကြရရှာပါတယ်။

#4C_TruthNews
👍2
Forwarded from Khit Thit Media
ရေဦးမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ဖျက်ဆီးခဲ့သူများအား ထိထိရောက်ရောက် အရေးယူမည်

ရန်ကုန်၊ ဇွန် ၂၉

စစ်ကိုင်းတိုင်း၊ ရေဦးမြို့လယ်ခေါင်ရှိ ပြည်သူလူထု ငွေကြေးဖြင့် တည်ဆောက်ထားသော ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ကို ဖျက်ဆီးခဲ့သူများအား ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ရေဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဇွန်လ ၂၈ ရက်နေ့ နံနက် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက် မြို့မရဲစခန်း အရှေ့ဘက်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို အကြမ်းဖက် စစ်တပ်၊ ထွေအုပ်နှင့် Non CDM စည် ပင်ဝန်ထမ်းများက ဘက်ဟိုးဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပါဝင်ပတ်သက်သူအချို့ကို သိရှိထားကြောင်း၊ ထိုသို့ ဖျက်ဆီးခဲ့သူများကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

“စစ်တပ် ၊ ထွေအုပ်နဲ့ စည်ပင်ပေါင်းပြီး ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။ ပါဝင်ပတ်သတ်သက်သူ အချို့ ကိုတော့ သိရှိထားပါတယ်။ အရေးယူနိုင်တဲ့အခြေအနေမှာ သေသေချာချာစစ်ဆေးပြီး အရေးယူ ဆောင်ရွက်သွားမှာပါ။ ဗိုလ်ချုပ်ကြေးရုပ်ကိုပဲ ဖျက်ဆီးလို့ရမယ်။ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းနဲ့ ပြည် သူလူထုက သူ့အပေါ်ထားတဲ့ တန်ဖိုးထားလေးစားချစ်ခင်မှုကိုတော့ စစ်အုပ်စုအနေနဲ့ ဘယ်လိုမှ ဘယ်တော့မှ ဖျက်ဆီးလို့ရမှာမဟုတ်ပါဘူး” ဟု ရေဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ရေဦးမြို့ပေါ်မှ ပြည်သူလူထု ၏ လှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၈ ရက် ညအချိန်တွင် ဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က “ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်တုများကို တစ်မြို့ပြီးတစ်မြို့ ဖျက်ဆီးနေခြင်းသည် ပြည်သူလူထု၏ သမိုင်းအမွေအနှစ်နှင့် အမျိုးသားဂုဏ် သိက္ခာကို မလေးစားသည့် လုပ်ရပ်ဖြစ်ပြီး ယဉ်ကျေးမှုတန်ဖိုးများကိုပါ ထိခိုက်စေသည့်အတွက် ပြင်း ထန်စွာ ရှုံ့ချအပ်ပါသည်။ သမိုင်းကို ဖျက်ဆီးခြင်းဖြင့် အမှန်တရားကို ဖျောက်ဖျက်နိုင်မည်မဟုတ် ကြောင်းလည်း အလေးအနက် သတိပေးလိုပါသည်။”ဟု ကြေညာချက်ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်က နိုင်ငံတစ်ဝန်းတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများကို ဆက်တိုက် ဖယ်ရှား ဖြိုချမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

အလားတူ ၂၀၂၆ ဇွန်လ ၉ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန် စစ်တပ်နှင့်စည်ပင်တို့က တောင်ငူမြို့ ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကရိန်ကားများဖြင့် လာရောက်ဖျက်ဆီး သယ်ဆောင် ဖယ်ရှားခဲ့ သည်။

အလားတူ ၂၀၂၅ ခုနှစ်ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ကလည်း နေ ပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သံလွင်လမ်းနှင့်ဇော်ဂျီလမ်းအကြား၊ ပုဗ္ဗဈေးအနီးတွင် ထားရှိထားသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စစ်တပ်က ကရိန်ကားများ၊ ဘက်ဖိုးကားများဖြင့် ဖယ်ရှားသွားခဲ့ ပြီး ရုပ်တုထားရှိသော စင်ကိုပါ ဖြိုချဖျက်ဆီးခဲ့သည်။

၂၀၂၅ ခုနှစ်ဩဂုတ်လ ၇ ရက်နေ့ ပဲခူးတိုင်း၊ ပဲခူးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညအချိန် မီးများဖြတ်တောက် အမှောင်ချ၍ ဖယ်ရှားဖျက်ဆီးခဲ့သည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်း ပုသိမ်မြို့၊ ကန်သုံးဆင့် ပြည်ထောင်စုကွင်းတွင် တည်ရှိနေ သော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စစ်တပ်က လုံခြုံရေးတင်းကျပ်စွာချ၍ ဘက်ဖိုး ၂ စီးဖြင့်ဖျက်ဆီး ခဲ့သည်။

ထို့အတူ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ နံနက် ၁ နာရီအချိန်ကလည်း မန္တလေးတိုင်း၊ သာစည် မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူထားသော ဗိုလ်ချုပ်ရင်ပြင်ကို မြေကော်ကားများဖြင့် ဖျက်ဆီးပြီး ရုပ်တုကို စစ်တပ်က ခမရ ၄၁၉ ထဲသို့ သယ်ဆောင်သွားခဲ့သည်။
1