ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
639 photos
57 videos
505 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
မြိုင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရ

မြိုင်မြို့နယ် မြောက်ပိုင်း
လက်ယက်မကျေးရွာတွင် မုံရွာ
နမခတက် အသေခံ တိုက်ခိုက်ရေး ခွေးရုန်းနှစ်စီးဖြင့်
22.6.26.6:34PM/6:36PM
အချိန့်ခန့်တို့က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မူများ ပြုလုပ့်ခဲ့ကြောင်း သတင်းရရှိထားပါသည်။


Jun 23, 6:53 AM
Threestarsmyaing
7starmyaing
📩သတင်းများပေးပို့ရန်
@bnue_1234/@Myaing3star
👍32
Forwarded from Magway Scout Network
မြိုင်မြို့နယ်

မြိုင်မြို့နယ် တွင်းမပျူရွာမှ စခစစ်ကြောင်းသည်အရှေ့မြောက်ဘက်သို့စတင်ထွက်ခွာနေကြောင်းသိရ။

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့

#MRSN
Jun 23, 7:21AM
📬သတင်းပို့ရန်@MagwayScoutBot
👍42
မြိုင်မြို့နယ်

မြိုင်မြို့နယ်တောင်ပိုင်း ကျောက်ကုန်းဘက်သို့ ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းသည်၊ လက်ရှိအချိန်ထိ ၎င်းနေတွင် ဆက်လက်ရှိနေသေးကြောင်း သတင်းရရှိထားပါသည်။ 

#PKK_News 
🗓️𝐉𝐮𝐧-23-9:56𝐀𝐌
📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
4
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
မြိုင်မြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က စိတ်ဝေဒနာရှင် တစ်ဦးအပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်

ဇွန်လ {၂၄}ရက်၊ {၂၀၂၆} #PKK_News_PKKN

မြိုင်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စိတ်ဝေဒနာရှင် တစ်ဦးအပါအဝင် ဒေသခံပြည်သူ {၅} ဦးကို ဖမ်းဆီးနှိပ်စက်၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

မိတ္ထီလာအခြေစိုက် တပ်မ {၉၉} နှင့် ပခုက္ကူအခြေစိုက် တပ်မ {၁၀၁}တို့ ပူးပေါင်းထားသည့် စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ {၁၅}ရက်နေ့တွင် ကမ္မဒေသဘက်မှ တစ်ဆင့် မြိုင်မြို့နယ်တောင်ပိုင်းသို့ စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် တွင်းမပျူစောထီးရွာကို အခြေပြုကာ အနီးနားရှိ ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးခဲ့ပြီး၊ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင် တွေ့ရှိသည့် ဒေသခံပြည်သူ {၅}ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ဒေသခံပြည်သူ {၅}ဦးမှာ-
၁။ ဦးဝင်းရွှေ အသက် {၆၁} နှစ် - သာစည်ရွာ
၂။ ဦးမြင့်ဦး အသက် {၅၆} နှစ် - နှမ်းဆီကန်ရွာ
၃။ ကိုကျော်လွင် အသက် {၄၀} နှစ်၊ စိတ်ဝေဒနာရှင် - မြေရင့်ရွာ
၄။ ကိုနေဇော် အသက် {၃၂} နှစ် - မိတ္ထီလာရွာ
၅။ ကိုမင်းမင်းဦး အသက် {၃၃} နှစ် - မိတ္ထီလာရွာ တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိဖော်ပြပါ အရေအတွက်မှာ ရုပ်အလောင်းများ ပြန်လည်တွေ့ရှိထားသည့် စာရင်းသာဖြစ်ပြီး၊ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံထားရဆဲဖြစ်သူများနှင့် အလောင်းမတွေ့ရှိသေးသူများ ရှိနေနိုင်သဖြင့် သေဆုံးသူအရေအတွက် ယခုထက် ပိုမိုများပြားလာနိုင်ကြောင်း သိရှိရပါသည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးရာ ဒေသများတွင် ဖမ်းဆီးရမိသည့် ပြည်သူများကို အသက်အရွယ်မရွေး နှိပ်စက်သတ်ဖြတ်လေ့ရှိပြီး၊ မကြာသေးမီကလည်း မြစ်ခြေဒေသတွင် ပြည်သူအမြောက်အမြားကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် မိမိတို့ဒေသအတွင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာပါက ဖမ်းဆီးနှိပ်စက်ခံရခြင်းမှ ကင်းဝေးစေရန် အချိန်မှီ ကြိုတင်တိမ်းရှောင်ကြပါရန်နှင့် အထူးသတိပြု သွားလာကြပါရန် နှိုးဆော်အပ်ပါသည်။

#PKK_News
🗓️𝐉𝐮𝐧-23-8:12𝐀𝐌
📩သတင်းပေးပို့ရန်
@bnue_1234/@Myaing3star
😢43
ဧရာဝတီ ရေပြင်

အောက်ဘက်မှဆန်တက်လာသော စခဖလပ်သင်္ဘော ၄စီး သည် ပခုက္ကူနယ်လေးလံကျွန်းရွာဖြတ်၍ အထက်သို့ ဆက်လက် ဆန်တက်နေကြောင်းသိရ။

#Yaypyin
Jun 23 , 10:58AM
👍5
Forwarded from Magway Scout Network
ပခုက္ကူ⚠️

ပခုက္ကူ မြို့နယ် ၂၅၉ ခွေးတပ်မှထွက်ခွာလာသော စခအင်အားပါကား ၃ စီးသည် ပေါင်လောင်ကန်ကျေးရွာသို့ရောက်ရှိကာ ပြည်သူနေအိမ်များအားမွှေနှောက်နေကြောင်းသိရ။

#MRSN
Jun 23, 12:21PM
📬သတင်းပို့ရန်@MagwayScoutBot
1
♦️မြစ်ခြေမြို့နယ်♦️

မြစ်ခြေမြို့နယ် {BBi}မွေးမြူရေးတပ်မှ ထွက်ခွာလာသော စစ်ခွေးအင်းအားခန်မှန်(၆၀)ခန့်သည်၊ ချောင်းမကျီးလမ်း အရှေဘက်တိုင်း မြောက်အရပ်သို့ ခြေလျင်စတင်ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။

#Mc_News
#PKK_News
#MRSN
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
5
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
Breaking News- မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ Mi 17 ထောက်ပို့ရဟတ်ယာဉ်ကို ပစ်ချ

ဇွန်လ ၂၃ ရက်

မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ Mi 17 ထောက်ပို့ရဟတ်ယာဉ်ကို ယနေ့ ပစ်ချလိုက်ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် Magway - PDF ၏ ထုတ်ပြန်ချက်နှင့် တော်လှန်ရေး သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။

ယနေ့တွင် Mi 17 တစီးကို တော်လှန်ရေး မဟာမိတ်အင်အားစုများ ပူးပေါင်း၍ မကွေးဖက်ဒရယ်ယူနစ် ၊ ပခုက္ကူခရိုင် ၊ မြိုင်နယ် တနေရာမှာ  ပစ်ချနိုင်ခဲ့ကြောင်း၊  အသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် Magway - PDF ကသတင်းထုတ်ပြန်သည်။

"ဒီနေ့ ပစ်ချနိုင်ခဲ့တာပါ။ မြိုင်နယ်တနေရာမှာပါ။ ထိခိုက်သေဆုံးတာတွေကို မြေပြင် စစ်ကြောင်း အခြေအနေရှင်းတာနဲ့ အသေးစိတ်ထုတ်ပြန်မှာပါ" ဟု Magway People's Defense Force - Magway PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မကွေးတိုင်းသို့ စစ်ကူလာပို့သည့် စစ်ရဟတ်ယာဉ်ပျက်ကျသွားကြောင်း အကြမ်းဖက်စစ်တပ်၏ ဆက်သွယ်ရေးကွန်ရက်များတွင် ပြောဆို အတည်ပြု အကြောင်းကြားသော သတင်းအချက်အလက်များ ရရှိထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကလည်း အတည်ပြုသည်။ 

"ကျနော်တို့သိသလောက်တော့  ကိုယ့်ဘက်က ဆော်လိုက်တာ ရဟတ်ယာဉ်လည်း ပျက်ကျတယ်။ ပစ်ချလို့ ပျက်ကျတာတော့သေချာတယ်။ Mi-17 ရဟတ်ယာဉ်ပါ" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

#KTM
#7starmyaing
21👍4💯2
🔴 မြိုင် - မကွေးတိုင်း

6:08pm (23 Jun)

MI-35 တိုက်ခိုက်ရေးရဟတ်ယာဥ်  (1) စီး မြိုင်နယ်ပေါ် ပျံဝဲနေ။(4 ကြိမ်မြောက်)

#WES
#7starmyaing
5
မြိုင်မြို့နယ်

မြိုင်မြို့နယ် တွင်းမပျူရွာမှထွက်ခွာလာသော စခစစ်ကြောင်းမှာ သစ်ပုလေကုန်းရွာသို့ရောက်ရှိနေကြောင်းသိရ။


🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့

#MRSN
Jun 23, 7:50PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့မှ ထွက်ခွာလာသော စခအင်အားအပြည့်ပါ စခကား(၅)စီးမှာ ငဖောင်ကန်ကျေးရွားမှာ တဆင့်အနောက်ဘက်သို့ထွက်ခွာနေကြောင်းသိရ။


🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့

#MRSN
Jun 23, 8:00PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
🙏3
မြိုင်မြို့နယ်တွင် စစ်ခွေးတပ်၏ Mi -17 ရဟတ်ယာဉ်ကို FPV ဒရုန်းဖြင့် တိုက်ခိုက် ဖျက်ဆီး၊ ရဟတ်ယဥ်မီး​လောင်ပျက်စီးပြီး စစ်ခွေးသေဆုံးမှုရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်ခွေးတပ်၏ Mi -17 ရဟတ်ယာဉ်ကို FPV ဒရုန်းဖြင့် တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း ပကဖ အသံက ထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်ခွေးတပ် ၏ Mi-17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များက FPV ဒရုန်းဖြင့် တိုက်ခိုက် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ၊ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းသင်တန်းသားတွေနဲ့  MGY-PDF၊အညာဖိုက်တာLocalတပ်ဖွဲ့၊ စကားပြောက်ကျားတပ်ဖွဲ့တို့က  ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံး ထိခိုက်မှုတွေ ရှိကြောင်း ကနဦး သိရှိရပြီး အသေးစိတ် အခြေအနေကို ထပ်မံ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။
17
@3starmyaing A-3
Video
မကွေးဖက်ဒရယ်ယူနစ်၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ တွင်းမပျူစောထီးရွာအတွင်း ရန်သူ့Mi17‌လေယာဉ်ဆင်းသက်စဉ် တိုက်ခိုက်ခဲ့သည့် မှတ်တမ်း

တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ပေါက် ပကဖ  မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊  ပခုက္ကူခရိုင်ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ KG တပ်ဖွဲ့ ၊  ပခုက္ကူခရိုင် ( ၂/၆/၇/၁၂  /၁၄/၁၅/၁၇/၁၈ ) ၊  တိုင်းပကဖစစ်ကြောင်း ၄ နှင့် ဒေသတွင်းညီအစ်ကိုများက ညီညီညွတ်ညွတ် ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

မြိုင် ပကဖ ။
7