ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
တံတားဦး -မန္တလေးတိုင်း⚠️
  
10:46pm (12 Jun )

တံတားဦး လေတပ်မှ စစ်ထောက်ပို့ တိုက်ခိုက် Y-12 (1)စီး အနောက်ဘက်သို့ ပျံတက်။

⚠️ချင်း စစ်ကိုင်း မန္တလေး မကွေး  သတိပြု

#WES သတင်းပို့ရန် @SCOUT_WES
Forwarded from ပခုက္ကူခရိုင်{သတင်းများ} (🥷ဒေါင်းလေး⚔️🚩)
ကမ္မမြို့နယ်

ကမ္မမြို့နယ် ရဲခွေးခြံမှ ဂျိုကြွနေသော ရဲခွေးများသည်၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
🗓️𝐉𝐮𝐧-12-10:54𝐏𝐌
📨သတင်းများပေးပို့ရန်@daunglayio

# ပခုက္ကူခရိုင် {သတင်းများ}

သတင်းချန်နယ်ကြည့်ရှုရန် https://t.me/autagbii
👍3
♦️မြစ်‌ခြေမြို့နယ်♦️

မြစ်ခြေမြို့နယ် ညောင်လှရွာစက်‌လှေဆိပ်သို့ ရောက်ရှိနေသောစက်လှေ(၃)စီးသည်၊ ညောင်လှရွာစက်လှေဆိပ်မှတဆင့်စက်လှေအခွန်(၃)စီးသည်၊ နောက်သို့ပြန်လည်ဆုပ်ခွာသွားပီး စစ်ခွေးစစ်ကြောင်းသည်၊ {BBI}‌‌မွေးမြူးရေးခြံအတွင်းသို့ လေးဘက်ထောက် စတင်ဝင်နေကြောင်း သတင်းရရှိထားပါသည်။ အသေးစိတ် စစဆ

#Mc_News
#PKK_News
🗓️𝐉𝐮𝐧-12-10:14P𝐌
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
🤬1
ပခုက္ကူမြို့နယ်

​ပခုက္ကူမြို့နယ် ကန်တော်ရွာသို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းသည်၊ ထွက်ခွာရန် ပြင်ဆင်နေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
#7starmyaing
Jun 13 ,  7:30AM
📬 သတင်းပေးပို့ရန် @myaing3starbot
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာစခဂိတ်သို့ရောက်ရှိနေသော အင်အား(၃၅၀)ခန့်ပါ စခစစ်​ကြောင်းမှာ အနောက်ဘက်သို့စတင်ထွက်ခွာနေကြောင်းသိရပါတယ်...

မိဘပြည်သူများအနေဖြင့်( စစ်ကြောင်းနှင့် အဝေးဆုံးမှာနေပေးကြပါရန်)

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
Jun 13 ,  8:24AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ကန်တော်ရွာစခဂိတ်မှာ ထွက်ခွာလာသောအင်အား(၃၅၀)ခန့်ပါ စခစစ်ကြောင်းမှာ (ဒေသအခေါ် စခန်းလမ်းခွဲ)သို့ရောက်ရှိနေကြောင်းသိရပါတယ်..

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
Jun 13 ,  8:58AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာ စစ်ခွေးဂိတ်မှ ထွက်ခွာလာသော စစ်ခွေးအင်အား {၃၅၀}ခန့်ပါစစ်ခွေးစစ်ကြောင်းသည်၊ ဥယျဥ်စုရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

​မိဘပြည်သူများအနေဖြင့် ၎င်းစစ်ကြောင်းနှင့် ဝေးရာတွင် နေထိုင်ပေးကြပါရန် နှိုးဆော်အပ်ပါသည်။ 

#PKK_News
#MRSN
Jun 13 ,  9:14AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
#ပခုက္ကူမြို့နယ်စစ်ကြောင်းသတင်း
13.6.2026

မနေ့ကမနက်က ပခုက္ကူတပ်မ 101 ကနေ
ထွက်လာတဲ့ စစ်ကောင်စီကားတန်းနဲ့
ရိက္ခာ စစ်ကြောင်းဟာ
ငဖောင်ကန်ရွာနဲ့ ကန်တော်ရွာတို့ကနေ တစ်ဆင့်
ယနေ့မနက် 9:25 ဝန်းကျင်မှာ
ရှေ့ပြေးတွေက ညောင်ပင်လှအုပ်စုထဲကို
စတင်ဝင်ရောက်နေပြီလို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

#ပြည်သူတွေဘေးကင်းကြပါစေ
#welovemyaing #ချစ်သောအညာမြေ
#စစ်ကြောင်းသတင်း
#MRSN
Jun 13 ,  9:27AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာ စစ်ခွေးဂိတ်မှ ထွက်ခွာလာသော စစ်ခွေးအင်အား {၃၅၀}ခန့်ပါစစ်ခွေးစစ်ကြောင်းမှ အရှေ့ပြေးများမှာ ညောင်ဂျစ်ပင်ပျူရွာသို့ စတင်ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။ 

​မိဘပြည်သူများအနေဖြင့် ၎င်းစစ်ကြောင်းနှင့် ဝေးရာတွင် နေထိုင်ပေးကြပါရန် နှိုးဆော်အပ်ပါသည်။ 

#PKK New
#MRSN
Jun 13 ,  9:44AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
လောင်းရှည်နှင့် ကျောက်ထုဘက်မှ စစ်ကောင်စီစစ်ကြောင်းများ လှုပ်ရှားလာပြီး စစ်ရေးတင်းမာနေသည့် အခြေအနေကို ပြည်သူများ အချိန်မီသိရှိပြီး သတိပြုရှောင်တိမ်းနိုင်ရန်လိုအပ်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်

ယောဒေသအတွင်း စစ်ကောင်စီ (စကစ) စစ်ကြောင်းများ နေရာအနှံ့ ဖြန့်ကျက်လှုပ်ရှားနေပြီး စစ်ရေးတင်းမာမှုများ ရှိနေသဖြင့် မိဘပြည်သူများအနေဖြင့် စစ်ကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်နှင့် လေကြောင်းအန္တရာယ်များကို အထူးဂရုစိုက်ကြရန် လိုအပ်နေပါသည်။

၁။ လောင်းရှည်မှ ထွက်လာသည့် စစ်ကြောင်း အခြေအနေ
လှုပ်ရှားမှုအချိန် :ဇွန်လ ၁၂ ရက်နေ့ကတည်းက လောင်းရှည်မှ စတင်ထွက်ခွာလာခြင်း ဖြစ်သည်။
အင်အား : စစ်ကောင်စီအင်အား (၃၀၀) ဝန်းကျင်၊ စစ်ကား (၈) စီးနဲ့အတူ ဆိုင်ကယ်များ ပါဝင်သည်။

လက်ရှိအခြေအနေ : လက်ရှိတွင် သီးကုန်းကျေးရွာအနီးသို့ ရောက်ရှိနေရာယူထားပြီး၊ သီးကုန်းကျေးရွာအတွင်းသို့မူ လတ်တလောအချိန်အထိ ဝင်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။

၂။ ကျောက်ထုအခြေစိုက် အမတ (၃၆၈) စစ်ကြောင်း လှုပ်ရှားမှု

လှုပ်ရှားမှုအချိန် :ဇွန်လ ၁၃ ရက် (ယနေ့) နံနက် (၇:၃၀) နာရီဝန်းကျင်။

ထွက်ခွာလာသည့်နေရာ : ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်ဖွဲ့ အမတ (၃၆၈)ထဲမှ ထွက်ခွာလာခြင်း ဖြစ်သည်။

အင်အား : စစ်ကောင်စီအင်အား (၈၀) ဝန်းကျင်၊ စစ်ကား (၂) စီးနှင့် မော်တော်ဆိုင်ကယ် (၁၀) စီးခန့် ပါဝင်သည်။
လက်ရှိအခြေအနေ : လတ်တလောတွင် ပန်းဆန်ကျေးရွာ လမ်းဆုံနှင့် စာသင်ကျောင်းအနီးတစ်ဝိုက်တွင် ရောက်ရှိနေပြီး၊ မည်သည့်ဘက်သို့ ဆက်လက်ဦးတည် ရွေ့လျားမည်ကို ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ဆက်လက်စောင့်ကြည့်လျက် ရှိသည်။

ကျောက်ထု အမတ ၃၆၈ ထဲမှ အင်အား ၂၅ ကောင်ဝန်းကျင်ပါသော စစ်ကြောင်းတစ်ကြောင်းဟာလဲ မင်းကြည့်ကျေးရွာ မှာ ရောက်ရှိနေတယ်လို့ သိရပြီး လေယာဥ်ဆင်းဖို့ ကင်းယူတာလား စစ်ကြောင်းထိုးတာလားဆိုတာကို ဆက်လက်စောင့်ကြည့်နေပါသည်။

ပြည်သူသို့ အသိပေး ပန်ကြားချက်
ယောနယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းများ ဖြန့်ကျက်ပြီး စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လုပ်ဆောင်နေသဖြင့် ဒေသခံမိဘပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် ထိပ်တိုက်တိုးမည့် အန္တရာယ်၊ လက်နက်ကြီး အဝေးပစ်အန္တရာယ်နှင့် လေကြောင်းရန် များကို အထူးပင် သတိပြု နေထိုင်ကြပါရန်နှင့် စစ်ရေးသတင်းများကို မျက်ခြေမပြတ် စောင့်ကြည့်ကြပါရန် တိုက်တွန်းအပ်ပါသည်။

သတင်း / စာတည်း - Aung Gyi
ယောအလင်းတန်း
#MRSN
Jun 13 ,  9:59AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
👍3
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ကန်တော်ပျူရွာမှ ထွက်ခွာလာသာ ခြေလျှင် စစ်ခွေး အင်အား (၃၅၀)ခန့်ပါ ခွေး စစ်ကြောင်း ရေလာလေးရွာသို့ ရောက်ရှိနေ ကြောင်းသိရ။

#MRSN
Jun 13 ,  10:58AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ကန်တော်ရွာစခဂိတ်မှ ထွက်ခွာလာသောအင်အား(၇၀)ခန့်ပါ ရှေးပြေးစခအချို့မှာ (ထန်းစုကျောင်း)မှတဆင့်အနောက်ဘက်သို့ထွက်ခွာနေကြောင်းသိရပါတယ်...

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
Jun 13 ,  11:16AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
⚠️ပခုက္ကူ

ပခုက္ကူမြို့နယ် ထန်းစုကျောင်းမှ ထွက်ခွာလာသောအင်အား(၇၀)ခန့်ပါ ရှေးပြေးစခအချို့မှာ နက်အင်းချောင်ထဲမှ တဆင့်မြောက်ဘက်သို့ထွက်ခွာနေကြောင်းသိရပါတယ်..

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
Jun 13 ,  11:47AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
ပခုက္ကူ - မကွေးတိုင်း⚠️

ပခုက္ကူမြို့မှ ထွက်လာသော စခ စစ်ကြောင်းသည် ပခုက္ကူမြို့နယ်မီးသွေးကန်ကျေးရွာ ဘုန်းကြီးကျောင်းထဲခွေး အင်အား အများအပြားရောက်ရှိနေကြောင်းသတင်းရရှိပါသည်။

Jun-13,12:23PM
Three Stars Myaing
2👍2
ပခုက္ကူ

ပခုက္ကူမြို့နယ် ကန်တော်ပျူရွာမှ ထွက် ထန်းစုကျောင်း ရောက် ခြေလျှင် ခွေး စစ်ကြောင်း ခွေး အင်အား ၈၀ ခန့်ပါ ခွေးကြောင်း ၁ ကြောင်း ပြည့်အိုင်ကျေးရွာ ရောက်ရှိနေ ကြောင်းသိရ။

#MRSN
Jun 13 ,  1:30PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
ကမ္မမြို့ (ပခုက္ကူ) -မကွေးတိုင်း⚠️

ပခုက္ကူမြို့နယ် ကမ္မမြို့အရှေ့ဘက်ခြမ်း ဆားကျင်းကုန်းလမ်းဆုံ စခများ ရောက်ရှိနေကြောင်း သတင်းရရှိပါသည်။

Jun-13, 2:00PM
#Threestarsmyaing
2
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာ စစ်ခွေးဂိတ်မှ ထွက်ခွာလာသော စစ်ခွေးအင်အား {၃၅၀}ခန့်ပါစစ်ခွေးစစ်ကြောင်းသည်၊ ကမ္မမြို့နယ် ရဲစခန်းထဲသို့ စတင်ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။  

​မိဘပြည်သူများအနေဖြင့် ၎င်းစစ်ကြောင်းနှင့် ဝေးရာတွင် နေထိုင်ပေးကြပါရန် နှိုးဆော်အပ်ပါသည်။ 

#PKK_News
#MRSN
Jun 13 ,  2:12PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
2
ကမ္မမြို့ (ပခုက္ကူ) - မကွေးတိုင်း⚠️

ပခုက္ကူနယ် ကန်တော်ရွာမှ ထွက်လာသော စခ စစ်ကြောင်းသည် ကမ္မမြို့ ရဲစခန်း အတွင်းသို့ စခ အင်အား အများအပြားဝင်ရောက်နေကြောင်း သတင်း ရရှိပါသည်။

မှတ်ချက် ။ ။ မိဘ ပြည်သူ ညီအစ်ကို မောင်နှမများ စခ များနှင့် ဝေးရာ နေရာများတွင်  သတိပြု နေထိုင်ကြပါရန် 3 Stars Myaing မှ အသိပေးနိုးဆော်ပါသည်။


Jun-13, 2:34PM
#Threestarsmyaing
👍5
ကျောက်ထုနှင့် လောင်းရှည်ဘက်တွင် စစ်ကောင်စီ စစ်ကြောင်းများ လှုပ်ရှားနေပြီး ကျောက်ထု အမတ (၃၆၈) သို့ Y-8 လေယာဉ်ဖြင့် လူအင်အားနှင့် လက်နက်ကြီးကျည်များ လာရောက်ဖြည့်တင်း

ယောဒေသ၊ ဇွန် ၁၃

ယနေ့တွင် မကွေးတိုင်း၊ ယောဒေသအတွင်းရှိ ကျောက်ထုမြို့နှင့် လောင်းရှည်မြို့နယ်ဘက်၌ စစ်ကောင်စီတပ်များ စစ်ကြောင်းနှစ်ကြောင်းဖြင့် လှုပ်ရှားရွေ့လျားနေသကဲ့သို့ ကျောက်ထုအခြေစိုက်တပ်သို့လည်း လေကြောင်းဖြင့် စစ်ကူနှင့် ခဲယမ်းများ လာရောက်ဖြည့်တင်းသွားကြောင်း မြေပြင်သတင်းအချက်အလက်များအရ သိရသည်။

တပြင်းရွာမှ ကျောက်ထုဘက်သို့ ဦးတည်လာသည့် စစ်ကြောင်း

တပြင်းကျေးရွာတွင် ရောက်ရှိနေသည့် အင်အား ၂၀၀ ဝန်းကျင်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းသည် မော်တော်ကား ၄ စီး၊ ဆိုင်ကယ် အစီး ၂၀ ဝန်းကျင်တို့နှင့်အတူ ကျောက်ထုမြို့ဘက်သို့ ဦးတည်ပြီး ထွက်ခွာလာနေကြောင်း သိရသည်။ အဆိုပါစစ်ကြောင်းသည် တပြင်းကျေးရွာအတွင်း၌ ကျန်ရှိနေခြင်း ရှိ၊ မရှိကိုမူ မြေပြင်အခြေအနေအရ ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။

လောင်းရှည်ဘက်မှ တက်လာသည့် စစ်ကြောင်း မင်းလယ်ရွာသို့ ရောက်ရှိ

အလားတူ လောင်းရှည်မြို့ဘက်မှ ထွက်ခွာလာသည့် ကား ၈ စီးနဲ့အတူ ဆိုင်ကယ် အစီး ၃၀ ဝန်းကျင်ပါ အင်အား ၃၀၀ ဝန်းကျင် စစ်ကောင်စီစစ်ကြောင်း၏ ရှေ့ပွိုင့်ဆိုင်ကယ်များသည် မင်းလယ်ကျေးရွာသို့ စတင်ဖြတ်ကျော်နေပြီဖြစ်ကြောင်း သိရသည်။

ကျောက်ထု အမတ (၃၆၈) သို့ Y-8 လေယာဉ်ဖြင့် အင်အားဖြည့်တင်း

ထို့အပြင် ယနေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်အချိန်တွင် ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်ဖွဲ့ဝင် အမတ (၃၆၈) တပ်တွင်းသို့ မိတ္ထီလာလေတပ်မှ တက်လာသည့် Y-8 သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး လာရောက်ဆင်းသက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်သည် ရှေ့တန်းစစ်မျက်နှာတွင် ပြုန်းတီးနေသည့် စစ်ကောင်စီ၏ စစ်သည်အင်အားကို ပြန်လည်ဖြည့်တင်းရန်အတွက် လူအင်အားများနှင့် လက်နက်ကြီးကျည်များကို လာရောက်ချထားခဲ့ခြင်း ဖြစ်သည်။

၎င်း Y-8 လေယာဉ်သည် အပြန်တွင် ရှေ့တန်း၌ ထိခိုက်ဒဏ်ရာရရှိထားသည့် စစ်ကောင်စီတပ်သားများကို ပြန်လည်တင်ဆောင်၍ ပျံသန်းထွက်ခွာသွားခဲ့ကြောင်း သိရသည်။ အဆိုပါ လေကြောင်းခရီးစဉ်ဖြင့် ချထားခဲ့သည့် အင်အားနှင့် ပြန်လည်ဖြည့်တင်းလိုက်သည့် အင်အားအရေအတွက် အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပြည်သူများအနေဖြင့် စစ်ရေးသတိမပြတ်ထားရှိကြပြီး လေကြောင်းအန္တရာယ် လက်နက်ကြီးအန္တရာယ် တွေကို အထူးဂရုစိုက်ကြဖို့ လိုအပ်ပါသည်။

သတင်း / စာတည်း - Aung Gyi
ယောအလင်းတန်း
#MRSN
Jun 13 ,  2:43PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
5
ယနေ့ နံနက်ပိုင်း 9:00 နာရီဝန်းကျင်အချိန်တွင် ရေစကြိုမြို့ပေါ်နှင့် ကူတုတ်ကျေးရွာကို သွားလာလှုပ်ရှားနေသော မအလ စခ၊ ပခများက ရေစကြိုမြို့အဝင် ဘက်စုံခြံအနီး ကားလမ်းပေါ်တွင် ကျေးရွာများမှ ဈေးဝယ်လာကြသော ကားများကို စစ်ဆေးနေကြောင်း၊ နယ်မှ ဈေးကားတစ်စီးကို အရပ်ခိုင်းပြီး ကားမောင်းသမားကို ရိုက်နှက် ထိုးကြိတ်ကာ ကားပေါ်ပါလာသူများကို တစ်ယောက်လျှင် ငွေကျပ် ၂၀၀၀၀ စီတောင်းယူခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့၏ အောက်တန်းကျပြီး ယုတ်မာသောလူပ်ရပ်ကို အပြင်ပေါက်ကြားခြင်း၊ တိုင်တန်းခြင်းများ ပြုလုပ်လျှင် ကားပေါ် ပါသူအားလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်‌ပြောဆိုခဲ့‌ကြောင်း သိရှိရပါသည်။

ရေစကြို၊ ဇွန် ၁၃

#InfoCommitteeYesagyo
#MRSN
Jun 13 ,  3:28PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3👍2