ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
🥷"Dae" (အငယ်ကောင်)🚩⚔️
Photo
မြစ်ခြေရဲစခန်းကို PDF တပ်များက ၁ နာရီအတွင်း တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး တပ်ဖွဲ့ဝင် ၁၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ၊ ရဲစခန်းကို အပြီးတိုင် မီးရှို့ရှင်းလင်း

ဇွန်လ ၁၀ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ယနေ့ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်း အပြီးတိုင် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က သတင်းထုတ်ပြန်လိုက်သည်။

ယနေ့ ဇွန်လ ၁၀ ရက်နေ့ နံနက် ၄ နာရီတွင် အဆိုပါ မြစ်ခြေရဲစခန်းကို မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပခုက္ကူခရိုင်စစ်ဌာန၏ ဦးဆောင်ကွပ်ကဲမှုဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ၊ တိုက်ပွဲဖြစ်ပွားပြီး တစ်နာရီအကြာ နံနက် ၅ နာရီတွင် စခန်းတစ်ခုလုံးကို အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မေလ ၁၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ မြစ်ခြေမြို့ရှိ ပြည်သူလူထုပိုင် နေအိမ်အဆောက်အအုံပေါင်း ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး၊ ဒေသခံပြည်သူ ၂၄ ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်တုံ့ပြန်သည့်အနေဖြင့် ချေမှုန်းခဲ့ခြင်းဖြစ်သည်ဟု PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်သား ၂ ဦး ကျဆုံးခဲ့ပြီး ၁၄ ဦးမှာမူ လက်နက်ချအညံ့ခံခဲ့သဖြင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာစစ်ဥပဒေများနှင့်အညီ ထိန်းသိမ်းထားရှိပြီး၊ ၎င်းတို့အနက် စစ်ရာဇဝတ်မှုကျူးလွန်သူများကို စစ်ဘက်ဆိုင်ရာဥပဒေများနှင့်အညီ စိစစ်ဖော်ထုတ်ကာ စစ်တရားရုံးတင် စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဟု PDF စစ်ရုံးချုပ်က ဆိုသည်။

မြစ်ခြေရဲစခန်းကို သိမ်းပိုက်ပြီးနောက် ရန်သူ့တပ်ထံမှ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး G-3 သေနတ် ၁၈ လက်၊ 79 သေနတ် ၁ လက်၊ ခြောက်လုံးပြူး ၂ လက်၊၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ လက်လုပ်လေသေနတ် ၁ လက်၊ G-3 ကျည်ဘောက် ၂၇ ဘောက်၊ G-3 ကျည် ၁,၉၀၈ တောင့်၊ ကျည်ကာဦးထုပ် ၇ လုံး တို့ပါဝင်ကြောင်း သိရှိရသည်။

#KTM
#7starmyaing
15
မြောင်🚨

တံတားဦးလေတပ်တက် ဒုတိယ Fighter Jet (1)စီး မြောင်နယ်အရှေ့ခြမ်းတွင် ထပ်မံ ပျံသန်းဝဲနေဆဲ။

#NAS
Jun 10, 12:22PM
📡သတင်းပို့ရန် @infonas
4
Forwarded from EAR, Org.
⚠️ကျောက်ပန်းတောင်း

ကျောက်ပန်းတောင်းနယ်ဖြတ်၍ နေပြည်တော်လေတပ်တက် Yak-130 Jet Fighter (1)စီး အနောက်အရပ်သို့ ပျံသန်း။

14:17, Jun 10
#EAR #SCIN
2
Forwarded from EAR, Org.
⚠️ဆိပ်ဖြူ

ဆိပ်ဖြူနယ်ဖြတ်၍ နေပြည်တော်လေတပ်တက် Yak-130 Jet Fighter (1)စီး အနောက်မြောက်အရပ်သို့ ပျံသန်း။

14:18, Jun 10
#EAR #SCIN
2
Forwarded from EAR, Org.
⚠️ပေါက်

ပေါက်နယ်တောင်ခြမ်းဖြတ်၍ နေပြည်တော်လေတပ်တက် Yak-130 Jet Fighter (1)စီး အနောက်အရပ်သို့ ပျံသန်း။

14:19, Jun 10
#EAR #SCIN
3
♦️မြစ်ခြေမြို့နယ်♦️

မြစ်ခြေမြိုနယ် အောင်သာပျူရွာသို့ရောက်ရှိနေသော စစ်ခွေးအင်းအားပါ ကား(၃)စီးသည် အောင်သာပျူရွာမှနောက်သို့ပြန်လည်ဆုပ်ခွာပီး မြိုခင်းသာသို့ ကျော်သွားကြောင်း သတင်းရရှိထားပါသည်။

#Mc_News
#PKK_News
🗓️𝐉𝐮𝐧-10-4:29P𝐌
#7starmyaing
📨သတင်းပေးပို့ရန်
@Myaing3star/@bnue_1234
3
ဧရာဝတီ ရေပြင်

အထက်ဘက်မှစုန်ဆင်းလာသော စခပါဇာတ်သင်္ဘော (၁)စီးသည် ပခုက္ကူမြို့နယ်လေးလံကျွန်းရွာဖြတ်၍အောက်ဘက်သို့စုန်နေကြောင်းသိရ။

#Yaypyin
 Jun 10,5:19PM
📫သတင်းပို့ရန် @Yaypyin0bot
2
Forwarded from တောင်သာ စစ်ကြောင်းသတင်း (🥷"Dae" (အငယ်ကောင်)🚩⚔️)
📬ကြေးနန်းသတင်း📬
🕢ဇွန်(၁၀)ရက်🕢

🔊Hot News🔊

🦸🏽‍♀️ယနေ့၊ပခုက္ကူ၊မြစ်ခြေရဲစခန်းကို PDFများမှ သိမ်း။၂ကောင်အသေ၊၁၄ကောင်အရှင်၊အလက်အများအပြားရ။

📺Update📺

မြစ်ခြေမြို့မှာ ဇွန်(၅)ရက်နေ့က မအလတပ်၏ သတ်ဖြတ်ခံရသူ အမျိုးသမီးအလောင်း၂လောင်း ထပ်တွေ့။၄၀ကျော်လာပြီဖြစ်။
ဖိလစ်ပိုင်ငလျင် သေဆုံးသူ ၃၇ဦးထိရှိလာ။

🐎မြင်းခြံခရိုင်🐎

🔺မြင်းခြံမြို့ပါ်ရပ်ကွက်များ အုပ်ကြီးရွေးပွဲလုပ်ရန် ပြင်နေ။
🔺ဇွန်(၃)ရက်နေ့က တောင်သာနယ်၊စစ်‌ကြောင်းထိုးတဲ့ စကမ တပ်၊ဆည်တောရွာသား(၂)ဦးကို ဖမ်းပြီး ညောင်ကုန်းရွာ အရှေ့ဘက်မှာ that စွန့်ပစ်ခဲ့။

🪾အညာ🪾

🫣(၈)ရက်နေ့၊ညက ရေစကြိုမြို့နယ်၊အမှတ်(၄)ရပ်ကွက်၊စကစခန့်အုပ်ကြီး ငလွင်နှင့် သား ပျူ-ရဲမာန် တို့ကိုဖမ်းဆီးစဉ် ထွက်ပြေး၍ ရှင်းခဲ့တယ်ဟု ရေစကြိုပကဖ မှ ထုတ်ပြန်။
🫣(၇)ရက်နေ့ညက ချောင်းဦးဘက်မှ လက်နက်ပို့ပြန်လာတဲ့ မုံရွာ(နမခ)မှ ကား(၂)စီး တောပုပျူရွာနား PDFပူးပေါင်းအဖွဲ့ တိုက်ခိုက်မှုခံရ။ဗိုလ်(၂)ကောင်အပါ (၆)ကောင် လစ်၊အလက်(၄)လက်ရ။

👹လမဲကြီး မအလ👹

🖕🏽မအလ တောင်ငူ ရောက်ပြီးနောက် မနေ့ည(၁)နာရီခန့်က ဗိုလ်ချု‌ပ်အောင်ဆန်းရုပ်တု ဖြိုချဖျက်ဆီး ခံရ။
🖕🏽မနေ့ည(၉)နာရီခန့်က ရေစကြိုမြို့ပေါ်မှ လက်နက်ကြီးဖြင့် ရမ်းပစ်။သမန္တပိုရွာမှ ပြည်သူ(၂)ဦးသေဆုံး။
🖕🏽နံနက်(၁၁)နာရီခန့်က မြောင်မြို့နယ်၊ပေါက်တောရွာ လေကြောင်းဗုံးကျဲခံရ။ပြည်သူ၁ဦးသေ၊၇ဦး ထိခိုက်။
🖕🏽အုတ်ဖိုမြို့နယ်၊ထန်းပန်ကုန်းရွာ ၉ရက်နေ့က မအလတပ်မှ နေအိမ်များ မီးရှို့။နေအိမ်၇၀ကျော် အရှို့ခံရ။

🏴‍☠️ပေါ်တာ🏴‍☠️

🏂🏽ရွှေဘိုမှာ မအလတပ်က အိမ်စီးကားတွေနဲ့ အမျိုးသမီးပါမချန် ပေါ်တာဆွဲ။
🏂🏽မန္တလေးမှာ ပေါ်တာဆွဲဖမ်းဆီးတာ၊လုယက်တာ များနေ။မြို့လယ်ခေါင်ပါမကျန် ဖြစ်နေ။
🏂🏽သပိတ်ကျင်းနယ်ထဲ အတင်းအကျပ်လွှတ် ခိုင်းထားတဲ့ Non-CDMတွေ အလုအယက် ရွေ့ပြောင်းတင်နေ၊‌ပြောင်းရွေ့ဖို့ လာဘ်ပေးနေကြရ။
🏂🏽ပြည်မြို့မှာ ပေါ်တာတင်းကျပ်စွာ ဆွဲမည် လူငယ်များခရီးမထွက်ရန် အုပ်ကြီးတွေခေါ်မှာ။

🧭သတင်းစုံ🧭

မတ်လ(၅)ရက်နေ့က ညောင်လေးပင်မြို့နယ်၊ရေတွင်းကုန်းကျေးရွာ မအလတပ်မှ အစုလိုက်အပြုံလိုက် (၂၈)ဦးသတ်ဖြတ်တာ စစ်ရာဇဝတ်မှုမြောက်ကြောင်း Fortify Rights ထုတ်ပြန်။
ရွှေကူမြို့၊ဗန်းမော်မြို့တွေမှာ တိုက်ပွဲပြင်းထန်နေပြီး မအလတပ်မှ ရွေ့ပြောင်းအလုပ်သမား၊အရပ်သားဟန်ဆောင် တပ်ကူပို့နေရ။
မြောက်ဒဂုံမှ ဇွန်(၈)ရက်က ပျောက်နေတဲ့ (၁၃)နှစ်အရွယ်ကျောင်းသားရဲ့ အသတ်ခံထားရတဲ့အလောင်း ရေကန်ထဲကတွေ့။

🌏နိုင်ငံတကာ🌏

💥ရုရှနိုင်ငံ ဆာမာရာဒေသရှိ ကူဘီရှက် ရေနံချက်စက်ရုံကို ယူကရိန်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့။
💥အမေရိကန်က Apache တိုက်ခိုက်ရေး ရဟတ်ယာဉ် ပစ်ချခဲ့တဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်၊ကာဒ်ကျွန်း၊ဟော်မုဇ်‌ရေလက်ကြားအနီး(၄)နေရာတို့ကို အမေရိကန်စစ်တပ်က ဗုံးကြဲတိုက်ခိုက်။

# မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
# ကြေးနန်းသတင်း
4🫡3
Forwarded from တောင်သာ စစ်ကြောင်းသတင်း (🥷"Dae" (အငယ်ကောင်)🚩⚔️)
ကျောက်ပန်းတောင်း

10.6.2026
ယမန်နေ့က လယ်ကြီးရွာတွင် ညအိပ်ခဲ့သော စခစစ်ကြောင်းသည် ယနေ့မနက်ပိုင်း ၇ နာရီဝန်းကျင်ခန့်တွင် ပုပ္ပါးဘက်သို့ထွက်ခွါသွားကြောင်းသိရှိရ။ ထို့ပြင် ဆုံကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ညအိပ်ခဲ့သော စခစစ်ကြောင်းသည် ယနေ့ နံနက် ၉ နာခွဲခန့်က ပုပ္ပါးဘက်သို့ ထွက်ခွါသွားပြီဖြစ်ကြောင်း သိရှိရ


10.6.2026
5:35 Pm
ယနေ့ ညနေ ၅ နာရီ ၃၅ မိနစ်တွင် စခကားအင်အား ၆၀၀ ကျော်ပါသော စခကား ၁၆ စီးသည် ကျောက်ပန်းတောင်းမြို့ကို ဖြတ်၍ ညောင်ဦးမြို့ဘက်သို့ ဦးတည်ကာ မောင်းသွားပါသဖြင့် ညောင်ဦး၊ ပခုက္ကူ ၊မြိုင်၊ ပေါက်၊ ရေစကြို၊ ချင်းဒေသနေ ပြည်သူများအစစအရာရာ ဂရုစိုက်ကြပါရန် အသိပေးအပ်ပါသည်

#kpgupdatenews
#MdySN
Jun 10 ,  8:19PM
6
Forwarded from Shwe Moe
ခွေးသားမင်းအောင်လှိုင် တောင်ငူမြို့ကိုသွားပြီးနောက် မြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကရိန်းဖြင့် ဖျက်ဆီး ဖယ်ရှား။

#MaShweMore_Korea_Telegram
😢3
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «ကျောက်ပန်းတောင်း 10.6.2026 ယမန်နေ့က လယ်ကြီးရွာတွင် ညအိပ်ခဲ့သော စခစစ်ကြောင်းသည် ယနေ့မနက်ပိုင်း ၇ နာရီဝန်းကျင်ခန့်တွင် ပုပ္ပါးဘက်သို့ထွက်ခွါသွားကြောင်းသိရှိရ။ ထို့ပြင် ဆုံကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ညအိပ်ခဲ့သော စခစစ်ကြောင်းသည် ယနေ့ နံနက် ၉ နာခွဲခန့်က…»
⚠️မြေပြင်

ဆိပ်ဖြူ-မကွေးတိုင်း

ဆိပ်ဖြူ ဘောလုံးကွင်းမှ စကစစစ်ကား(၄)စီး မြောက်ဘက်သို့ ဦးတည်ထွက်ခွါသွားကြောင်း သတင်းရရှိ။

#WES 7:00am,Jun 11
#7starmyaing
📩သတင်းပေးပို့ရန်
@Myaing3star/@bnue_1234
5
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «⚠️မြေပြင် ဆိပ်ဖြူ-မကွေးတိုင်း ဆိပ်ဖြူ ဘောလုံးကွင်းမှ စကစစစ်ကား(၄)စီး မြောက်ဘက်သို့ ဦးတည်ထွက်ခွါသွားကြောင်း သတင်းရရှိ။ #WES 7:00am,Jun 11 #7starmyaing 📩သတင်းပေးပို့ရန် @Myaing3star/@bnue_1234»
ပခုက္ကူမြို့နယ်

ကျောက်ပန်းတောင်းမှတစ်ဆင့်ညောင်ဦးမြို့နယ်မှ ထွက်ခွာလာသော ကားအစီး (၁၆)စီးနှင့် စခ အင်အား( ၆၀၀)ခန့်သည် ယမန်နေ့ညအချိန်တွင် ပခုက္ကူ တပ်မ ၁၀၁ ခွေးတပ်ထဲသို့ဝင်ရောက်သွားကြောင်းသိရ။

#MRSN
#7starmyaing
𝐉𝐮𝐧-11- 8:46𝐀𝐌
📩သတင်းပေးပို့ရန်
@Henrypku2004
4
Forwarded from EAR, Org.
⚠️မြင်းခြံ

မြင်းခြံနယ်မြောက်ခြမ်းဖြတ်၍ တံတားဦးလေတပ်တက် Jet Fighter (1)စီး အနောက်အရပ်သို့ ပျံသန်း။

12:02, Jun 11
#EAR #SCIN
4
Forwarded from တောင်သာ စစ်ကြောင်းသတင်း (🥷"Dae" (အငယ်ကောင်)🚩⚔️)
(10/06/2026)
ဝမ်းတွင်းမြို့နယ် သခွပ်မြင့်ကျေးရွာ 2D လောင်းကစား ကြောင့် စီးပွါးရေးပျက်စီးတာ အိမ်ထောင်ရေးကွဲပြဲတာတွေ ဆိုးဆိုးဝါးဝါးဖြစ်နေကြောင်း ရွာခံတချို့မှ အောက်ပါအတိုင်းသတင်းပေးပို့ထားပါတယ်” သခွပ်မြင့်ရွာမှာ 2Dကြောင့်နေ့စဉ် ရန်ပွဲတွေပဲဖြစ်နေတာဗျ။ ယောကျ်ားတွေကနေ့ပိုင်း တောတွေထဲအလုပ်ထွက်လုပ်ကြချိန် ကျန်ခဲ့တဲ့မိန်းမတွေက စီးပွါးပျက်ကြတဲ့အထိ ဒီ နှစ်လုံးကိုထိုးနေကြတာဗျ။ ဘေးကလူတွေကမကြည့်ရက်လို့ ဒိုင်တွေကိုတိုင်ချင်ပေမယ့် ဒိုင်တွေက ရခ တွေနဲ့ပေါင်းပြီးလုပ်နေတာဆိုတော့ တိုင်လည်းဘာမှမထူးပါဘူးဗျ။ ဒီရွာမှာ ဒီနှစ်လုံးကိစ္စကြောင့်စီးပွါးတွေပျက်ကြတာ အနဲဆုံးငါးအိမ်လောက်ရှိနေပြီဗျ။ ဒိုင်တွေက သူတို့စီးပွါးဖြစ်ရင်ပြီးရောအကြွေးတွေအတင်းရောင်းတော့ အကြွေးတွေထိုးကြ ထိုးကြ တာကနေ အကြွေးမဆပ်နိုင်တဲ့နောက်ဆုံး ဒိုင်တွေက အိမ်တွေသိမ်းကြ ၊ ဝိုင်းတွေသိမ်းကြနဲ့ဗျာ၊ ကောင်မလေးတယောက်ဆို ဟိုတလောကမှ ဝယ်ထားတဲ့ထွန်စက်ကြီး အခု နှစ်လုံးကြွေးကြောင့်ပြန်ရောင်းလိုက်ရပြန်ပြီ။ တချို့မိန်းမတွေက အကြွေးမဆပ်နိုင်တဲ့နောက်ဆုံး ယောကျ်ားတွေထားခဲ့ပြီးထွက်ပြေးကြတာ။ ကျန်ခဲ့တဲ့ယောကျာ်းကို ဒိုင်တွေကပြန်မဆပ်ရင် စခ တပ်နဲ့ခေါ်ဖမ်းမယ်လုပ်တော့ အဲ့ယောကျာ်းတွေလည်း ဘယ်လိုမှ ပြန်ဆပ်စရာလည်းမရှိ အဖမ်းလည်းမခံနိုင်တော့ သူတို့လည်း ထွက်ပြေးကြရတာ။ ရွာထဲမှာ မြင်နေ ကြားနေ တွေ့နေရတာတွေက တော်တော် ဆိုးနေလို့ သတင်းတင်ပေးပါအုန်းဗျ။ ရွာမှာရှိတဲ့ဒိုင်တွေက
“(၁)ဇင်နွယ်ကြည် သူကဒိုင်ကြီးတယ် လာရိူးတင်တာ
(၂) မင်းဇေယျာ။ မန်းလေး ဒိုင် တင်တာ
(၃)ပုံပုံ သူက လိုင်းပေါ် က ရောင်းတာ
(၄)ဟံသိန်း သူက လည်း ရတဲ ့/ဒိုင်တင်တာ
(၅)ဖိုးပြည့် သူက ကြားခံလူ ဒိုင်က ကျောက်ပန်းတောင်းက ဖက်တီးဒိုင်
(၆) နွေးနွေးသူက ၀မ်းတွင်းက ဒိုင်တင်တာ”
ဆိုပြီး ခေါတ်ပျက်ကြီးထဲမှာ ဒိုင်တွေနဲ့ ရခ ပေါင်းပြီး လောင်းက
စားဆိုးဆိုးဝါးဝါးလုပ်နေကြတာနဲ့ လောဘရဲ့သားကောင်တွေဖြစ်ပြီး မိသားစုဘဝပါပျက်စီးနေကြတာကို ရွာခံ တချို့မှ သတင်းပေးပို့ထားတာကို ပြန်လည်တင်ပြလိုက်ပါတယ်။

ပုံ-သခွပ်မြင့်ရွာ
#VOW
9
ငလျင်သတိပေးချက်

မြန်မာနိုင်ငံ Mei ပြည်, Twantay ဒေသ, ရန်ကုန်တွင် မြန်မာစံတော်ချိန်{12:15:16 }အချိန်၌ ပြင်းအား { 0.4 } / ကိုဩဒိနိတ် { 16.6280, 95.8620 }/ အနက် {10.0 ကီလိုမီတာ }ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း သတင်းရရှိ။

မိဘပြည်သူများအနေဖြင့် သတိပြု၍ ဂရုစိုက်နေထိုင်ကြပါရန်🙏🙏🙏

Jun 11, 12:35PM

ThreeStarMyaing

7Star Myaing

📬သတင်ပေးရန်-@Myaing3star

သတင်းချန်နယ်ကြည့်ရှု့ရန်>https://t.me/https7starmyaing

သတင်
2🙏1
မကွေးအကျဥ်းထောင်မှာရှိတဲ့
နိုင်ငံရေးအကျဥ်သားတွေဟာ
ထောင်မှုး၊ထောင်ပိုင်၊ထောင်ဝန်ထမ်းများရဲ့မတရားသဖြင့်အကြမ်းဖက်ရိုက်နှက်ညှင်းပမ်းနှိပ်စက်ခြင်းများကိုနေ့စဥ်နှင့်အမျှရင်ဆိုင်နေကြရပါသည်
*အချို့သောနိုင်/ကျဥ်းများမှာ
လပေါင်းများတိုက်ပိတ်ခံထားရခြင်း
*မတရားထိုးကြိတ်ရိုက်နှက်ခြင်းကြောင့်ဒဏ်ရာများကိုဆေးကုသခွင့်မပေးခြင်း
*မိသားစုဝင်များနှင့်ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ခံရခြင်းများအစရှိသည့် အကြမ်းဖက်ဖိနှိပ်မှုအမျိုးမျိုးခါးစည်းခံနေကြရပါသည်
ထို့အတွက်ကြောင့်မကွေးတိုင်းအတွင်းရှိတော်လှန်ရေးအဖွဲ့များအနေဖြင့်
မကွေးထောင်အတွင်းမှ
နိုင်ငံရေးအကျဥ်းသားများအား
လူမဆန်စွာအကြမ်းဖက်ညှင်းပမ်း
နှိပ်စက်နေကြသည့်ထောင်တာဝန်ကျသည့် ထောင်မှုး၊ထောင်ပိုင်၊ထောင်ဝန်ထမ်းမိသားစုများအား
တန်ပြန်အရေးယူအပြစ်ပေးမှုများ
ဆောင်ရွက်ပေးပါရန်အသိပေးတင်ပြအပ်ပါသည်။

-နိုင်/ကျဥ်းမိသားစုဝင်တစ်ဦး

ThreeStarMyaing

7Star Myaing

📬သတင်ပေးရန်-@Myaing3star

သတင်းချန်နယ်ကြည့်ရှု့ရန်>https://t.me/https7starmyaing

သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
4🫡2