ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
2.35K subscribers
634 photos
57 videos
504 links
🦅 7 Star Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Download Telegram
မကွေး

မကွေးလေတပ် ကလခသို့ နတ်မောက်မြို့နယ်အရှေ့ခြမ်းတွင် (5:40PM) အချိန်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော Fighter Jet (1)စီး ဆင်းသက်။

#NAS
Jun 6,    5:57PM
📡သတင်းပို့ရန်
@infonas
👍21
Forwarded from တောင်သာ စစ်ကြောင်းသတင်း (🥷"Dae" (အငယ်ကောင်)🚩⚔️)
👍21
Forwarded from တောင်သာ စစ်ကြောင်းသတင်း (🥷"Dae" (အငယ်ကောင်)🚩⚔️)
■ကဗျာ

"မြို့ပြ မိခင်"

မှောင်ပြပြ တိုက်ခန်းကျဉ်းလေးထဲ
အိပ်နေတဲ့
သားရဲ့ မျက်နှာကို ကြည့်ရင်း
လမ်းထဲက ညဉ့်နက်ခွေးဟောင်သံတွေ ကြားတိုင်း
အမေ့ရင်ခုန်သံဟာ
သေနတ်သံထက်တောင် ကျယ်လောင်နေခဲ့တယ်...

စက္ကန့်တိုင်းမှာ
‘ငါ့သားကို လုယူသွားကြမလား...’ ဆိုတဲ့
ကြောက်ရွံ့မှုတွေနဲ့
မိုးမလင်းနိုင်တဲ့ စိတ္တဇညပေါင်းများစွာကို
အမေ ဖြတ်သန်းခဲ့ရတယ်...

အိမ်ရှေ့ အိမ်နောက်
တိတ်ဆိတ်စွာ ကင်းစောင့်ရင်း
တတ်သမျှ၊ မှတ်သမျှ
ဆုတောင်းတွေနဲ့
သားကို အမေ အကာအကွယ်ပေးနေခဲ့တယ်...

လမ်းမပေါ်က သွေးစက်တွေကြား
တောတောင်ထဲက သေနတ်သံတွေကြား

‘ငါ့သားလေးရဲ့အသွေးအသားနဲ့
အော်သံတွေများ ပါနေမလား...’ ဆိုတဲ့

အိပ်မက်ဆိုးတွေကို
နိုးရက်နဲ့ ခံစားခဲ့ရတာ
လက နှစ်ချီ ကြာလာခဲ့ပြီ...

စစ်မှုထမ်း ဖမ်းခေါ်မတဲ့လား
အာဏာရူးတွေ လက်နက်အဖြစ်သုံးဖို့
နိုင်ငံနဲ့ ပြည်သူကို မီးတိုက်ခိုင်းဖို့
ငါ့သားရဲ့ အသက်နဲ့ ခန္ဓာကို
တောင်းဆိုလာတဲ့
အဓမ္မလှိုင်းထဲမှာ…

သားရဲ့ အသက်နဲ့ အနာဂတ်ကို
အမေ အရာအားလုံးနဲ့
လဲလှယ်ပြီး ကာကွယ်ပေးမယ်...

မစိုးရိမ်နဲ့ ငါ့သား
အားချင်းယှဉ်ရင်
စစ်ဘီလူးနဲ့ မိခင်မေတ္တာ
ဘယ်သူ နိုင်မယ်ထင်သလဲ...

အမေ့မေတ္တာဟာ
သားအတွက် ‘အကြံ့ခိုင်ဆုံးခံတပ်’
ဖြစ်စေရမယ်...

သားရဲ့ “အသက်” ထက်
အရေးကြီးတာ
ဒီလောကမှာ ဘာမှမရှိဘူး သားရယ်...

ပစ္စည်းဥစ္စာတွေထက်
တန်ဖိုးဖြတ်မရတဲ့
ငါ့သားရဲ့ အသက်ရှူသံဟာ
အမေ့ဘဝရဲ့
အကြီးမားဆုံး ပိုင်ဆိုင်မှုပါ...

သွားတော့ ငါ့သား
အမေ့အတွက် ဘာမှ နောက်ဆန်မတင်းနဲ့

ငါ့သားလေး... လွတ်မြောက်ပါစေ
ငါ့သားလေး... ရောက်လေရာမှာ
ဘေးကင်းပါစေ...
ငါ့သားလေး သူတော်ကောင်းတွေနဲ့ တွေ့ပါစေ.....

မေကြီး
11👍3
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ငဖောင်ကန်ကျေးရွာသို့ ရောက်ရှိနေသော စစ်ခွေးစစ်ကြောင်းသည်၊ ပခုက္ကူတပ်မ {၁၀၁} ခွေးခြံထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

#PKK_News
#MRSN
Jun  7 , 7:30AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
မြိုင် -မကွေးတိုင်း⚠️

ယနေ့နံနက် စောပိုင်းတွင် ရေစကြိုမြို့နယ် နီပဆေးတောရွာထဲသို့ဝင်ရောက်ခဲ့သော စခ ပခ စစ်ကြောင်း မြိုင်နယ် လင်းကတော စခခြံတွင်း ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိပါသည်။

#7starsmyaing
Jun-7, 8:17AM
📬သတင်းပေးပို့ရန်
@myaing3starbot
2
မြိုင်

မြိုင်နယ်မြောက်ခြမ်း ကန်နီပျူရွာခွေးခြံပေါ်တွင် Y-8 စစ်ထောက်ပို့လေယာဉ် ၁စီး ပျံဝဲနေပြီးရိက္ခါထုတ်များချနေကြောင်းသိရ။

#7starmyaing
Jun 07, 08:53 AM
သတင်းပို့ရန် @myaing3starbot
1
Forwarded from Wai Hin (ဝေဟင်) (🌊 လၢႆးလွင်းၶမ်း 🌊)
မြိုင် ⚠️

မြိုင်နယ်တစ်နေရာတွင် ဆိပ်ဖြူ ကပစ ၂၂တက် စက်တပ်လေထီး (Paramotor) ၁စီး ပျံဝဲနေ။

#WaiHin
Jun 07, 09:37 AM
📬သတင်းပို့ရန် @WaiHinAirScout_Bot
1
🔴လေကြောင်းအန္တရာယ်အသိပေးချက်🔴
7.6.2026(Sun)

မနေ့ည 11:00 နာရီဝန်းကျင်မှ စပြီး ည၁နာရီဝန်းခန့် အထိလေကြောင်းကနေ (၂)ရီကြာ မြိုင်မြို့နယ် အရှေ့မြောက်ပိုင်း၊
မြောက်ပိုင်း၊ မြိုင်နယ် အနောက်ပိုင်း ၊ အနောက်မြောက်ပိုင်း၊ မြိုင်နယ် အလယ်ကြောနှင့် မြိုင်နယ်တောင်ပိုင်းဒေသများကို အကြမ်းဖက်
စစ်ကောင်စီ လေတပ်မှ ကင်းထောက်လေယာဉ်တစ်စီး
ဖြင့် ပျံဝဲကာ မြေပြင်ကင်းထောက်လှမ်းမှုများပြုလုပ်သွားခဲ့ပါသည်။

ဝေဟင်ကနေ မြေပြင်ကင်းထောက်မှု ပြုလုပ်ပြီးရင် လေကြောင်းတိုက်ခိုက်မှုများ
ပြုလုပ်လာနိုင်သောကြောင့်
ကင်းထောက်လေယာဉ်ပျံဝဲသွားလာခဲ့သော ဒေသများ အပါအဝင် မြိုင်မြို့နယ်အတွင်းရှိ
မိဘပြည်သူများ အားလုံး လေကြောင်းအန္တရာယ်
သတိပြုနေထိုင်ကြပါရန် 3 Star Myaing မှအသိပေးအပ်နိုးဆော်အပ်ပါသည်။

Jun-7, 2026(Sun)
#Threestarmyaing
3
Forwarded from Myaing News Channel
မြိုင်

မြိုင်နယ်ဖြတ် မီတ္ထီလာ‌ လေတပ်မှ Y8 ခွေးထောက်ပို့ ယာဉ်တစ်စီး အရှေ့အရပ့်ကို ပျံသန်း

📢 #MyaingNewsChannel

🔔 ချန်နယ်ကို Join ထားရန်
👉 @MyaingNewsChannel

9:48AM

📰 သတင်းပေးပို့ရန်
👉 @MyaingNews_bot
2
🛫မကွေးတိုင်း မြိုင်မြို့နယ်🛫

7-6-2026  မိတ္ထီလာရှမ်းတဲလေတပ်မှအနောက်မြောက်အရပ်သို့ ပျံတက်လာသော Y-8 Military Transport Aircraft. ခွေးထောက်ပို့ယာဥ်(၁)စီးသည် မြိုင်မြို့၏ အရှေ့မြောက်ဘက် ကန်နီပျူခွေးခြံသို့ 8:53AM အချိန်မှ စတင်၍ 9:43AM အချိန်ထိ ခဲယမ်း/ရိက္ခာ (54)ထုပ် ချပေးခဲ့ပြီး. 10:07AM အချိန်တွင် မိတ္ထီလာရှမ်းတဲလေတပ်သို့ အနောက်မြောက်အရပ်မှ ပြန်လည်ဆင်းသက်သွားခဲ့ပါသည်.. ..။

📡ရဲရင့်ဌာနေ🦅

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star

သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
5
ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅 pinned «🛫မကွေးတိုင်း မြိုင်မြို့နယ်🛫 7-6-2026  မိတ္ထီလာရှမ်းတဲလေတပ်မှအနောက်မြောက်အရပ်သို့ ပျံတက်လာသော Y-8 Military Transport Aircraft. ခွေးထောက်ပို့ယာဥ်(၁)စီးသည် မြိုင်မြို့၏ အရှေ့မြောက်ဘက် ကန်နီပျူခွေးခြံသို့ 8:53AM အချိန်မှ စတင်၍ 9:43AM အချိန်ထိ ခဲယမ်း/ရိက္ခာ (54)ထုပ်…»
"ကျွန်မနာမည် အောင်ဆန်းစုကြည်"

ရွှေပါးစပ်နဲ့
ရေငတ်နေတဲ့ နိုင်ငံတော်။
အဖျက်အဆီးတွေနဲ့
(၁၁)မီးလောင်နေတဲ့ နိုင်ငံတော်။
ရေဘေး-မီးဘေး-စစ်ဘေး-အတ္တာနုဝါဒ
ဘေးဆိုးတွေနဲ့ သွေးတိုးနေတဲ့ နိုင်ငံတော်။
မြေခွေးတစ်သိုက်နဲ့
မြွေပွေးခါးပိုက် ပိုက်ထားရတဲ့ နိုင်ငံတော်။
အဲဒီနိုင်ငံထဲက
(၅၁)သန်းသော ပြည်သူတွေအတွက်
သစ္စာတစ်ခက် မေတ္တာရွက်နဲ့
ကျွန်မ ရှေ့ထွက်ကာကွယ်မယ်။
မစ္ဆရိယတွေ စွန်းပေနေတဲ့
ကမ္ဘာကြီးကို ဆေးကြောပစ်ဖို့
ကျွန်မ သွားမယ်။
ကျွန်မအတွက်တော့
ပြည်သူသည် ပထမ
ပြည်သူသည် ဒုတိယ
ပြည်သူသည် တတိယ
အဲ့ဒါ ကျွန်မဘဝ။
မေတ္တာပေးလို့ မေတ္တာမရတဲ့နိုင်ငံမှာ
ကျွန်မက ပေးဆပ်ဖို့ လူဖြစ်လာတဲ့သူပါ။
အဲ့ဒီအတွက်
ကျွန်မဘယ်တော့မှ နောင်တမရပါဘူး။
ကျွန်မနာမည် "အောင်ဆန်းစုကြည်"
ကျွန်မရဲ့ ထွက်သက်ဝင်သက်တိုင်းဟာ
မြန်မာပြည်။ ။
✍🏽ကိုလှိုင် (မြန်မာစာ)

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star

သတင်းချန်နယ်ကြည့်ရှုရန်https://t.me/https7starmyaing
14
လောင်းရှည်မြို့မှ စကစ ယာဉ်တန်း ဆောမြို့သို့ဦးတည်ထွက်ခွာလာနေတယ်လို့သိရ။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်

လောင်းရှည်မြို့ပေါ်မှာရောက်ရှိနေတဲ့ စကစ အင်အား (၃၀၀)ခန့်ဟာ လောင်ရှည်မြို့ထဲ ဖောကားတွေကိုချောဆွဲခေါ်ယူကာ ဖောကား (၄)စီး၊ ကားသေး (၄)စီး ပေါင်း (၈)စီးခန့်ဖြင့် လောင်းရှည်မြို့ကနေ ဆောမြို့ဘက်သို့ ဦးတည်ကာ စတင်ထွက်ခွာလာနေကြတယ်လို့သိရပါတယ်။ စကစ ယာဉ်တန်းနဲ့အတူ ရှေ့ပွိုင့် စခအင်အား (၁၀၀)၀န်းကျင်ခန့်ဟာ ဆိုင်ကယ်၊ဘေးတွဲ၊ခြေလျင်စစ်ကြောင်းတို့ဖြင့် ထွက်ခွာလာနေကြတယ်လို့သိရပါတယ်။ တောင်ဘို့ကြီးကျေးရွာ၊သီးကုန်းကျေးရွာနှင့် အနီးအနားကျေးရွာမိဘပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းများနားစွင့်ကာ အစစအရာ ရာ အထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်။ ဆောမြို့တွင်းစစ်ရေးအခြေအနေ ရှုပ်ထွေးလာနိုင်တာမို့ မြို့ပေါ်နေပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာတွေမှာသာရှောင်တိမ်းနေထိုင်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

Aung Gyi
ယောအလင်းတန်း

Photo - ပုံဟောင်း
#MRSN
Jun-8 , 9:14AM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
3
Forwarded from တောင်သာ စစ်ကြောင်းသတင်း (Joe Gyi 🕯️⚖️ 🗽🇹🇼)
June 8

ယမန်နေ့က ကန်နီ-ကျတ္တီးဘက် တပ်စွဲထားသော စစ်ကြောင်းနှင့် အေးရွာစ်ကြောင်းတို့သည် ပူးပေါင်း၍ ကျောက်ပန်းတောင်းလမ်းဘက်သို့ ဦးတည်ထွက်သွား၊

ပြည်သူများဂရုစိုက်ကြပါ

# လူထုလှုပ်ရှားမှုကော်မတီ၊ တောင်သာ
3
Media is too big
VIEW IN TELEGRAM
ရေပြာစခန်းကို ဘယ်လို တိုက်ခိုက်သိမ်းပိုက်ခဲ့လဲ

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ရေးအချက်အချာကျသည့် ရေပြာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်တိုက်ပွဲရုပ်သံမှတ်တမ်းကို 7 Stars Myaing PDFတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့မှာ ပေါက်၊ မြိုင်တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က အကြမ်းဖက်စစ်ခွေးအုပ်စုဝင်တွေနဲ့ ပျူစောထီးတွေ တပ်စွဲထားသည့် ရေပြာရဲစခန်းကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဒီစခန်းသိမ်းတိုက်ပွဲအတွင်း သင်္ကန်းအရေခြုံ ပျူခွေးခေါင်းဆောင်း ပေါက်ကတုံး ကိုယ်တိုင် ဖုန်းဆက်ဆက်နေသည့် ရေပြာရဲစခန်း စခန်းမှူးဆိုသူကိုပါ ခြေက်လုံးပြူးနဲ့အတူ အရှင်ဖမ်းမိခဲ့သည်။
11
မြစ်ခြေမြို့နယ်

မြစ်ခြေမြို့ပေါ်ရှိ {BPI}ရဲခွေးခြံမှ လက်နက်ကြီးဖြင့် {၃}ကြိမ်မြောက် {၆၀}မမလက်နက်ကြီးဖြင် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
🗓️𝐉𝐮𝐧-8-9:24𝐏𝐌
#7starmyaing
📨သတင်းပေးပို့ရန်
@myaing3starbot
1
ပခုက္ကူမြို့နယ်⚠️

ပခုက္ကူမြို့နယ် အေးကျွန်းနှင့်ရွှေချောင်းအဝိုင်းကွေ့အနီးတွင် အကြမ်းဖက် စခကားများသည် ပေါ်တာဆွဲရန်လှည့်ပတ်နေကြောင်းသိရ။

#MRSN
Jun-8,7:55PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
1
​​​မြစ်ခြေမြို့နယ်

မြစ်ခြေမြို့ပေါ်ရှိ {BPI}ရဲခွေးခြံမှ လက်နက်ကြီးဖြင့် {၃}ကြိမ်မြောက် {၁၂၀} လက်နက်ကြီးဖြင် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။

#PKK_News
#MRSN
Jun-8, 8:24PM
#Threestarsmyaing
#7starmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
4
မြစ်ခြေမြို့နယ်⚠️

ပခုက္ကူ တပ်မ ၁၀၁ မှထွက်ခွာလာသော စခအင်အားပါ ကား ၂စီးသည် မြစ်ခြေမြို့နယ် အောင်သာပျူရွာသို့ရောက်ရှိပြီး ခွေးများချခဲ့ကာ ကား ၂စီး ပခုက္ကူမြို့ဘက်သို့ပြန်လည်မောင်းနှင်သွားကြောင်းသိရ။

#MRSN
#7starmyaing
Jun-9 ,10:43AM
📬 သတင်းပေးပို့ရန် @myaing3starbot
4
Forwarded from Magway Scout Network
မြစ်ခြေမြို့နယ်⚠️

မြစ်ခြေမြို့နယ် အောင်သာပျူရွာသို့ရောက်ရှိနေသော အကြမ်းဖက်ခွေးစစ်​ကြောင်းသည် ရှင်မကန်ပျူရွာသို့ရောက်ရှိနေကြောင်းသိရ။

#MRSN
Jun-9 ,12:08PM
📬 သတင်းပေးပို့ရန် @MagwayScoutBot
4